Chapter - 8
Viewers 401

Undead Chapter 8


ညနေ ရှစ်နာရီ။


ညသည် အစပြုနေရုံရှိ‌ ‌ သေးပြီး နေ့၏ အလင်းရောင်သည် လုံးလုံးလျားလျား မပျောက်ကွယ်သွားသေး‌ ပေ။ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်လျှင် တော့ အဝေးပြေးလမ်းမသည် စွန့်ပစ်ထားတဲ့ ကားပါကင်ကြီးတစ်ခုလိုပင်။ တောရိုင်းထဲက ဖုတ်ကောင်တွေရဲ့ အော်ဟစ်ဟိန်းဟောက်သံကို ကြားရနိုင်၏။


ကျုံးရုန် စတီယာရင်ဘီး‌ပေါ်တွင် လက်ကိုတင်ကာ သူ့မျက်လုံးများက ရဲရဲနီ နေခဲ့ပြီး စကားတစ်ခွန်းမျှ မပြောဘဲ နေန နေခဲ့သည်။


စီနန်က ကားနောက်ခန်းမှနေ ရှေ့ထိုင်ခုံသို့ ဝင်လာခဲ့ပြီး သူ့နှာခေါင်းထဲသို့ လှိုင်လှိုင်ထနေတဲ့ နီကိုတင်း မီးခိုးငွေ့များဖြင့် ချက်ချင်းပင် နှုတ်ဆက်ခြင်းခံလိုက်ရသည်။ သူ မနေနိုင်ဘဲ ချောင်း အနည်းငယ်ဆိုးလိုက်ရင်း ပြောလိုက်၏။

"ကျွန်တော်နဲ့ နေရာလဲမလား"


ကျုံးရုန် ခေါင်းယမ်းလိုက်ခဲ့သည်။


"ခင်ဗျား ကားမောင်းနေတာ အရမ်းကြာ‌ နေပြီ"


ကျုံးရုန် စကားပြန်မပြောသေး‌ ပေ။


စီနန်က ခဏလောက် ငြိမ်သက်သွားလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "အစ်ကို ရုန် ဒီလိုကြီး မလုပ်ပါနဲ့၊ ဒီကားနှစ်စီးလုံးက လူတစ်ဒါဇင်‌ကျော်က အစ်ကို့ကို အားကိုး‌ေနရတာ။ အစ်ကိုလဲကျသွားရင် သူတို့ ဘယ်သူ့ကို အားကိုးကြရမှာလဲ၊ ကျွန်တော်တို့နောက်က ကားဆို ယာဉ်မောင်း‌နေရာကို ယန်ဟောင်နဲ့ ချန်‌ချောင်ကြားမှာ နှစ်ခါတောင် ပြောင်းသွားပြီးပြီ"


"...... ဇီဝဒီဇယ်တင့်ကားကို မောင်းရတာ မလွယ်ဘူး။" နောက်ဆုံးတော့ ကျုံးရုန်က သူ့ပါးစပ်ကိုဖွင့်ဟလိုက်ပြီး အက်ကွဲ‌ နေတဲ့အသံနဲ့ပြောလိုက်သည် "ဒီ‌နေရာက လမ်းက မောင်းရခက်တယ်၊ ငါတို့ အမြန်သွားဖို့လိုတယ်။ ငါတို့ T မြို့နဲ့ ဝေးလေလေ ပိုကောင်းလေပဲ"


စီနန် စကားပြောမလို့လုပ်လိုက်စဉ်မှာတော့ စကားပြောစက်မှ ရုတ်တရက် အသံမြည်လာလိုက်ခဲ့သည်၊

"ရှေ့ကားကိုခေါ်‌ နေပါတယ်၊ ရှေ့ကားကိုခေါ်‌ နေပါတယ်၊ ခေါင်းဆောင်၊ ငါတို့ ရေဒီယိုလှိုင်းက ဒီဘက်ခြမ်းမှာ အသံတိတ်နေတယ်၊ မင်းတို့ဘက်ကရော ဘယ်လိုလဲ"


ကျုံးရုန်ရဲ့မျက်နှာအမူအရာ ပြောင်းလဲသွားလိုက်ကာ ကားရဲ့ရေဒီယိုလှိုင်းကို အမြန်ဖွင့်လိုက်ခဲ့‌ တော့သည်။


မရေမတွက်နိုင်သော ဆူညံသံများ ပြည့်လျှံလို့လာခဲ့သည်။


မည်သည့် လှိုင်းတိုအချက်ပြမှုမှ ရှိမနေခဲ့‌ ချေ။


နောက်ခုံတွင်ရှိတဲ့ အထူးစစ်သား သုံးယောက်က တစ်ခုခုမှားနေပြီဆိုတာ သိလိုက်သလိုမျိုး ရုတ်တရက် နိုးလာကြသည်။ သူတို့‌တွေ ထလိုက်ကြပြီး ရှေ့ကိုတိုး‌ဝေ့ကြည့်လိုက်တော့ ကျုံးရုန်၏ ပျက်ယွင်းနေသော မျက်နှာအမူအရာကို မြင်လိုက်ရကာ ချက်ချင်းပင် ထိတ်လန့်သွားကြတော့သည်။ ကျုံးရုန်က သူ့လက်ကို မြှောက်ထားပြီး ကားရေဒီယိုလှိုင်းကနေ သူတို့ရဲ့ အခြေစိုက်စခန်းကို ခေါ်ဆိုနေပေမယ့် သမုဒ္ဒရာထဲရှိ ငါးတွေ ပျောက်ကွယ်သွားသလိုမျိုး ပြန်ဖြေသူတစ်ယောက်မှ ရှိမနေခဲ့ပေ။ ရေဒီယိုသည် ထိုဆူညံသံများမှလွဲ၍ လုံးလုံးတိတ်ဆိတ်နေခဲ့‌သည်။


ရုတ်တရက် ကျုံးရုန် ဘရိတ်ကို နင်းချလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်လိုက်ခဲ့သည်။ သူ ကားတံခါးကိုဖွင့်ပြီး အပြင်ထွက်လာခဲ့လိုက်သည်။


သူတို့နောက်က မီနီဘတ်စ်ကားကလည်း ရပ်သွားခဲ့လိုက်သည်။ မောပန်းနွမ်းနယ်နေသော အသက်ရှင်ကျန်ရစ်သူများသည် အိပ်ရာမှ နိုးလာကြပြီး အချင်းချင်း စကားစမြည် ပြောလာကြသည်။


ယန်ဟောင်နှင့် ချန်ချောင်တို့က ကားပေါ်မှ ခုန်ဆင်းလာကြကာ သူတို့မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော လက္ခဏာများကို ရှင်းရှင်းလင်းလင်း ပြသထားခဲ့သည်။ ကျုံးရုန် ရှည်ရှည်ဝေးဝေးပြောချင် စိတ်မရှိသဖြင့် သူတို့အား တည့်တိုးသာပြောလိုက်တော့၏။ "ငါတို့တွေ အခြေစိုက်စခန်းကို ချိတ်ဆက်လို့ မရတော့ဘူး။"


ကျန်အဖွဲ့သားများလည်း သူတို့အနီးသို့ ချဉ်းကပ်လာပြီး ချန်‌ချောင် ဘေးတွင် လာရပ်‌‌ နေကြကာ သူတို့အချင်းချင်း ကြောက်လန့်တကြား အကြည့်တွေနဲ့ ကြည့်နေကြသည်။


" ...... နျူကလီယားဗုံးတွေ ကျဲတဲ့ အရိပ်အယောင်လည်း မရှိဘူး ၊ ရှစ်နာရီမှာ ကျဲချမယ်လို့ ငါ ထင်ခဲ့တာ " တစ်ယောက်က ဝင်ပြောလိုက်သည်။ "အခုပဲ ရှစ်နာရီထိုးနေပြီ"


"အစီအစဥ် အပြောင်းအလဲရှိလို့များ ဖြစ်နိုင်မလား..."


"အကယ်၍ အစီအစဥ်ပြောင်းတယ်ဆိုရင် စခန်းက ငါတို့ကို အကြောင်းကြားရမှာပဲ‌ လေ။" ယန်ဟောင်က ချန်‌ချောင် တာကို ဖြတ်ပြောလိုက်ပြီး ရှင်းပြလိုက်ခဲ့သည်၊ 

"တကယ်လို့ ဗုံးကျဲတာကို ကိုးနာရီမှာ ပြောင်းလိုက်ရင် လူတွေကို ကယ်တင်ဖို့ အခြေစိုက်စခန်းက ငါတို့ကို အမိန့်ပေးလိမ့်မှာပဲ၊ ပြီးတော့ တခြား ရဟတ်ယာဉ်တွေကို ဒီကို ပို့လိုက်မှာပဲလေ။ ဒါ့အပြင် နျူကလီးယား ပစ်လွှတ်မှုကို နှောင့်နှေးစေတာက မြို့လယ်ခေါင်က ဖုတ်ကောင်တွေကိုပတ်၀န်းကျင်ကို ပိုဖြန့်ကျက်စေနိုင်တယ်။ ဗုံးကျဲတာက မြန်လေလေ၊ ပိုကောင်းလေပဲမလား။"


စီနန်က သူတို့နောက်ကနေ လျှောက်လိုက်လာခဲ့ပြီး နှစ်လှမ်း သုံးလှမ်းလောက် အကွာတွင် ရပ်လိုက်ကာ သူတို့ကို လက်ပိုက်လျက် ကြည့်လိုက်ခဲ့သည်။


လူတိုင်း၏ နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ပေါက်ဖွားလာသော်လည်း မည်သူမျှ စကား မစဝံ့‌သလို လှုပ်လဲမလှုပ်ရှားရဲကြပေ၊ သူတို့စိတ်ထဲက ဖြစ်လာနိုင်ခြေရှိတဲ့ ထိတ်လန့်မှုတွေက အသံမထွက်ရင် မဖြစ်လာနိုင်‌ တော့သလို မျှော်လင့်ထားသလိုမျိုးပင်။


ဆောင်းဦးည နှောင်းပိုင်း၌ ရာသီဥတုက အလွန်အေးမြနေပြီး အမှောင်ထုက တောရိုင်းမြေတစ်ခုလုံးတွင် တဖြည်းဖြည်း ပြည့်သွား‌ စေလိုက်သည်။ အဝေးရှိ မီးရထားလမ်းရဲ့ လမ်းဘေးမီးတိုင်က အဝါရောင်မီးအလင်းရောင်က တဖျပ်ဖျပ်ဖျပ်ဖျပ်ခတ်နေခဲ့လိုက်သည်။


"ခင်ဗျားတို့အခြေစိုက်စခန်း" လို့ သူတို့နောက်ကနေ တိုးတိတ်တဲ့ အသံက ပြောလိုက်သည်၊ "အဲဒီမှာ တစ်ခုခုဖြစ်နေတာ ဖြစ်နိုင်တယ်"


အထူးစစ်သား နှစ်ယောက် သုံးယောက်က ပြိုင်တူ အော်‌ပြောလိုက်ကြ၏။

"မဖြစ်နိုင်ဘူး!"


"B စစ်ဆင်ရေးခရိုင်မှာ ထောက်ပံ့ပစ္စည်းတွေ အပြည့်အစုံရှိပြီးတော့ မထိုး‌ဖောက်နိုင်ဘူး။ ဗိုင်းရပ်ဖြစ်ပွားနေတဲ့ကာလအတွင်း လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်အများကြီးက အဲဒီနေရာကို စောင့်ကြပ်နေကြတာ၊ ယင်ကောင်တစ်‌ ကောင်ကတောင် အထဲကို ပျံမဝင်နိုင်ဘူး။ ပြည်သူ့အစိုးရ၊ တပ်မှူးတွေ၊ မြောက်ပိုင်းဒေသတစ်ခုလုံးက အသက်ရှင်ကျန်ရစ်သူ‌ တွေအားလုံး၊ သူတို့အားလုံးက အဲဒီနေရာမှာပဲ...!"


မည်သူကမှ မနှောင့်ယှက်ပါဘဲနဲ့ ချန်‌ချောင်ရဲ့ ထက်ရှသော အသံသည် တဖြည်းဖြည်း တိမ်ဝင်လာခဲ့သည်။


စီနန် က သူမကို ကြည့်ပြီး "အသန်မာဆုံး ခံတပ်တောင်မှ အတွင်းပိုင်း တိုက်ခိုက်မှုကို မကာကွယ်နိုင်ဘူး၊ အတွင်းပိုင်းကနေ ဗိုင်းရပ်စ် ပျံ့လာလိုက်တာနဲ့ ချက်ချင်း ပျံ့နှံ့သွားမှာပဲ အဲဒါကို မင်းသိပါတယ်"


ရဟတ်ယာဉ်လေးစင်းဖြင့် ယနေ့မွန်းလွဲပိုင်းတွင် မတော်တဆမှုဖြစ်ခဲ့သည်ကို ပြန်မှတ်မိလိုက်ကြပြီး သူတို့အားလုံးတုန်လှုပ်ခြောက်ခြားသွားကြ‌ တော့သည်။်


"ရင်ကျယ်" ကျုံးရုန် က အသံခပ်နိမ့်နိမ့်ဖြင့် ခေါ်လိုက်ခဲ့သည်။ "တည်နေရာကို သတင်းပို့။"


ကျန်းရင်ကျယ် အမည်ရှိ အထူးတပ်ဖွဲ့ဝင်က စစ်ဘက်ဆိုင်ရာ ထုတ်ကုန်ဖြစ်နိုင်တဲ့ ဘာအမှတ်တံဆိပ်မှန်းမသိရတဲ့ ကွန်ပျူတာ တက်ဘလက်တစ်လုံးကို ကိုင်ဆောင်ထားခဲ့သည် - "ကျွန်တော်တို့ ဒီလမ်းကို ဖြတ်ကျော်ပြီးတာနဲ့ B မြို့ပြင်ကနေ 57 ကီလိုမီတာ အကွာမှာ ရှိ‌ နေလိမ့်မယ်။ ရှေ့က အဝေးပြေးလမ်းမက လူတွေ ပြွတ်သိပ်နေလိမ့်မယ်။ ကျွန်‌ တော်တို့ရှိနေတဲ့နေရာနဲ့ ရှစ်ကီလိုမီတာအကွာမှာရှိတဲ့ စက်မှုဇုန်ကိုသွားတဲ့ မြို့ရှောင်လမ်း ကနေသွားဖို့ အကြံပြုချင်တယ်..." 

သူ သူ့ဘာသာ တွေးတောလိုက်၏၊ 'အဲဒီမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိရင်ရှိနိုင်တယ်။'


ကျုံးရုန်က ဖြည်းဖြည်းချင်း ပြောလိုက်တယ် "B မြို့က တကယ်ပဲ ကျသွားခဲ့တယ်ဆိုရင် နောက်အကျဆုံး နှစ်ရက်အတွင်း နူကလီးယားဗုံးနဲ့ ရှင်းလင်းခံရလိမ့်မယ်။ ငါတို့ ရှေ့ကို ဆက်သွားလို့မရဘူး"


ဘတ်စ်ကားပေါ်ရှိလူများသည် ထိန်းမနိုင်သိမ်းမရဖြစ်‌ နေကာ တုံ့ဆိုင်းနေသောမျက်လုံးများဖြင့် အပြင်သို့ ချောင်းကြည့်‌ နေကြသည်။


အချိန်အတော်ကြာ တွေးတောချိန်ဆလိုက်ပြီးနောက် ကျုံးရုန် က နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ခဲ့တော့၏၊ "ငါတို့ ဒီမှာပဲ စခန်းချကြမယ်။ ပစ္စည်းတွေ စာရင်းစစ်ပြီး လူတိုင်းအတွက် နေရာထိုင်ခင်း စီစဉ်ပေးမယ်။"


"ယန်ဟောင်" သူ အမိန့်ပေးခဲ့လိုက်သည်။ "အသက်ရှင်ကျန်ရစ်သူ‌ တွေရဲ့နာမည်တွေ စာရင်းကောက်ထား၊ ညဘက်ကျ အလည့်ကျကင်းစောင့်ဖို့ကိုပါပြင်ဆင်ထားလိုက်" 


လေ‌ပြေ တိုးဝေ့တိုက်ခတ်သံသည် အရပ်ရပ်သို့ ရွေ့လျားနေပြီး၊ သန်းပေါင်းများစွာသော ဝိညာဉ်‌တွေ ကောင်းကင်ယံတွင် ငိုကြွေးနေသကဲ့သို့ ဖြစ်နေခဲ့သည်။


သူတို့ရဲ့အ‌စောပိုင်း လွတ်မြောက်ခြင်းအစီအစဉ်တုန်းက ကျုံးရုန် ရဲ့ စည်းစနစ်ကျတဲ့စီမံမှုက ချက်ချင်းဆိုသလို ရလဒ်ကိုပြသခဲ့တယ်။ မီနီဘတ်စ်တွင် ဆန်မှုန့်၊ခေါက်ဆွဲ‌ေခြာက်၊ ငါးဆားနယ်ဆီစိမ်၊ စည်သွပ်ဘူးများ၊ အနွေးထည်များ အားလုံးကို ယမန်နေ့ညက ဂိုဒေါင်အတွင်းရှိ ထောက်ပံ့ရေး‌ေသတ္တာတစ်ခုမှ သူကိုယ်တိုင် ယူဆောင်လာလိုက်ခဲ့သည်။ ထို့အပြင် အထူးတပ်‌ဖွဲ့‌ တွေ၏ ဇီဝဒီဇယ်တင့်ကားထဲတွင် သူသိမ်းဆည်းထားသည့် ဓားများ၊ ဆေးဝါးများနှင့် မီးစက် အနည်းငယ်ကိုလည်း စုဆောင်းထားရှိသည်။


အသက်ရှင် ကျန်ရစ်သူတို့က သုံးယောက်တစ်ဖွဲ့ နှင့် ငါးယောက် တစ်ဖွဲ့စီဖြင့် ဝိုင်းဖွဲ့ထိုင်နေကြကာ စည်သွပ်ဘူးများ အချင်းချင်းဝေမျှ နေကြသည်။ ရံဖန်ရံခါ ငိုရှိုက်သံများနှင့် ညည်းတွားသံများကို ကြားနေရသည်။ စီနန်က 

ဇီဝဒီဇယ်တင့်ကား အမိုးပေါ်တွင် အထိုင်ချနေကာ အဝါရောင် မက်မွန်သီးအချိုရည်ပုလင်းကို ကိုင်ထားလျက်ရှိသည်။ ကျုံးရုန် ရောက်ချလာပြီး သူ့ပါးစပ်ထဲကို ပိုးသတ်ဆေးနှစ်ပြားအား ထည့်ထိုးလိုက်ခဲ့သည်။


ကျုံးရုန်၏လက်က မီးခိုးအရသာကို စွဲနေတာမို့ သူ့လက်ချောင်းထိပ်မှာ အနည်းငယ်‌ လေးငန်ပြပြီး ကြမ်းတမ်းနေပြီဖြစ်သည်။


"ခေါင်းဆောင်" ယန်ဟောင်က အဝေးက‌နေ ရုတ်တရက် အော်‌ ခေါ်လိုက်၏။


ကျုံးရုန် က သူ့ခေါင်းကိုငုံ့ပြီး စီနန်ကို တစ်ခုခုပြောဖို့ လုပ်နေပေမယ့် ယန်ဟောင့် အသံကြားတော့ လှည့်ကြည့်လိုက်ခဲ့သည်။ သူက စီနန်ကို ဝှေ့ယမ်းပြလိုက်ပြီး သူ့လက်အောက်ငယ်သားဆီ လျှောက်သွားလိုက်ခဲ့သည်။


"ဇီဝဒီဇယ်တင့်ကားထဲမှာ လောင်စာဆီ သိပ်မကျန်တော့ဘူး၊ ငါတို့ သာမန်ဒီဇယ်ကို အစားထိုးသုံးလို့‌ တော့ရတယ်။ ငါတို့တွေ လမ်းမပေါ်မှာ စွန့်ပစ်ထားတဲ့ ကားတွေရဲ့ လောင်စာဆီကန်တွေကို စီးနင်းဖို့ အဝေးပြေးလမ်းကို သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ စက်မှု ဇုံဧရိယာကို မနက်ပိုင်း အရောက်သွားနိုင်ရင် ငါတို့ စစ်အခြေစိုက်စခန်းကို အချက်ပြဖို့ ကြိုးစားနိုင်လိမ့်မယ်။ B မြို့ လုံးလုံး ကျမသွား သေးဘူးဆိုရင် တစ်ယောက်‌ ယောက်ကတော့ ငါတို့ကို လာခေါ်မှာ သေချာတယ်"


လူနှစ်ယောက် ပုခုံးချင်းယှဉ်ဖက်လျက် လျှောက်လာကြရင်း ကျုံးရုန် က အသံတိုးတိုးနဲ့ မေးလိုက်ခဲ့သည်။ "လူဘယ်နှစ်ယောက်လောက်ရှိလဲ"


"စုစုပေါင်း အသက်ရှင်ကျန်ရစ်သူ ၃၆‌ ယောက်။ အမျိုးသားစုစုပေါင်း ၃၀၊ အသက် ၅၀ အထက်က ခြောက်‌ ယောက်၊ အသက်ဆယ့်ငါးနှစ်အောက်က နှစ်ယောက်၊ အမျိုးသမီးက ခြောက်ဦး၊

စုစု‌ ပေါင်းမှာ အသက်နှစ်ဆယ်က နှစ်ယောက်၊ အသက် ၄၀ အထက်က လေး ယောက်။ အားလုံးက ဘီတာ‌ တွေကြီးပဲ။"


ယန်ဟောင်က ခေါင်းငုံ့ကာ မတ်တပ်ရပ် နေဆဲဖြစ်သည်။


"အထူးတပ်ဖွဲ့ဝင် ခြောက်ယောက်ကျန်တယ်။ မင်း၊ ငါရယ်၊ ချန်ချောင်၊ ကျန်းရင်ကျယ်၊ ထင်းရှီနဲ့ ‌ကောင်းဝေရှန်း ကျန်တဲ့လူတွေအားလုံး ကတော့....... မရှိတော့ဘူး"


ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး ညလေပြေလေညင်းများက အဝေးမှ လူအုပ်ဆီမှ ညည်းတွားသံများကို သယ်ဆောင်လာလိုက်ခဲ့သည်။


ကျုံးရုန်က သူ့သွားတွေကို တင်းတင်းကျပ်ကျပ် ကိုက်ထားလိုက်ပြီး ကျိတ်ချေလိုက်ခဲ့သည်။ 

ဘန်း!

သူ သူ့နံဘေးက သစ်ပင်ကို ထိုးချပစ်လိုက်ခဲ့၏။


သစ်ပင်က အက်ကွဲသွားပြီး အန္တရာယ်ရှိတဲ့ အသံတစ်ခုထွက်ရှိလာခဲ့လိုက်သည်။ ယန်ဟောင် မသိစိတ်ကနေ ‌ ခြေလှမ်း တစ်ဝက်လောက် နောက်ပြန်ဆုတ်လိုက်မိသည်။


"အစ်ကို ဘာလုပ်နေတာလဲ!" ယန်ဟောင်က စိတ်ဆိုးလိုက်သည့်အသံဖြင့် ပြောလိုက်၏၊ "ဒီနေရာကို ဖုတ်ကောင်တွေ ဆွဲသွင်း‌ချင်လို့လား"


ကျုံးရုန်၏လက်ချောင်းများမှ အနီရောင်အရည်များ တဖြည်းဖြည်းနဲ့ တတောက် တောက် ကျဆင်းလာခဲ့သည်။ သွေး၏ အနံ့မှ အလွန်ပြင်းထန်ပြီး အယ်ဖာဖယ်ရိုမုန်း၏ ကြွယ်ဝသောရနံ့သည် တားဆေးအာနိသင်မှ ချက်ချင်း ပေါက်ကွဲထွက်လာလိုက်သည်။ သားရဲ၏ဟောက်ဟိန်းသံတစ်သံလို နေရာအရပ်ရပ်သို့ ပြန့်ကျဲသွား တော့သည်။


ကျုံးရုန်က သူ့ကိုယ်သူ အသက်ပြင်းပြင်းရှူခိုင်းပြီး တုန်ရီနေတဲ့ သူ့လက်သီးဆုပ်ကို ပြန်ဖြည်လိုက်ခဲ့သည်။


ယန်ဟောင်က ရေတစ်ပုလင်းကို ထုတ်ယူလိုက်ကာ သစ်ပင်ကို အမြန်ဆေးကြောလိုက်ခဲ့သည်။ ကျုံးရုန်၏ လက်ထဲသို့လည်း ရေအနည်းငယ်လောင်းရန် လှုပ်ရှားခဲ့သော်လည်း စကားတစ်ခွန်းမှ မပြောဘဲ ပိတ်ဆို့ခံလိုက်ခဲ့ရသည်။ ထို့နောက် အခြားလူက သူ့ဒဏ်ရာများကို လျှာဖြင့် သပ်လိုက်ရာ သူ့မျက်လုံးများက အမှောင်ထဲတွင် တောက်ပလျက်ရှိနေသည်။ သူ့ပုံပန်းသဏ္ဍာန်သည် ကုစားမရနိုင်သော ဒဏ်ရာများဖြင့် စိတ်ပျက်အားငယ်နေသော ဝံပုလွေတစ်ကောင်နှင့် ဆင်တူ‌နေတော့သည်။


"...... အဖွဲ့တစ်ဖွဲ့စီမှာ လူသုံးယောက်နဲ့ ညဆိုင်းတွေ စီစဉ်ပေးလိုက်။ ငါတို့တွေ မနက်ဖြန် မနက် ခြောက်နာရီမှာ စက်မှုဇုန်ကို သွားမယ်။" ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ကျုံးရုန် ဆက်ပြောလိုက်တယ်။ "ဒီနှစ်ရက်အတွင်းမှာ B မြို့က သတင်းမရသေးဘူးဆိုရင် အခြေအနေကြည့်ဖို့ ငါကိုယ်တိုင် လိုက်သွားမယ်။"


ယန်ဟောင်က ကန့်ကွက်လိုက်ချင်ပေမယ့် ကျုံးရုန်က ခေါင်းငိုက်စိုက်ပြီး လှည့်ထွက်သွားလိုက်ပြီဖြစ်သည်။ ယန်ဟောင် သူ့နောက်ကို ချက်ချင်း ပြေးလိုက်သွားလိုက်ရသည်။


စီနန် သူ့ရဲ့အဝါရောင် မက်မွန်သီးအချိုရည်ပုလင်းတစ်ဝက်ကို သောက်လိုက်ပြီးနောက် ကျန်တစ်ဝက်ကို မီနီဘတ်စ်ပေါ်ရှိ အမျိုးသားတစ်ဦးထံမှ စီးကရက်ဗူးတစ်ဝက်နှင့် လဲလှယ်ခဲ့သည်။ ထိုလူက မက်မွန်သီး‌ ဖျော်ရည်ကို သူ့မိန်းမကိုပေးခဲ့ပြီး စီနန်က ကျုံးရုန်ကိုရှာဖို့ ထွက်သွားလိုက်ခဲ့သည်။ တောအုပ်အစွန်းနားသို့ ရောက်သောအခါ သူ ခတ္တခဏ ရပ်လိုက်ခဲ့၏။


ည၏လေထုသည် သူ့အား စိတ်မသက်မသာဖြစ်စေသော တစ်စုံတစ်ရာများဖြင့် ညစ်ညမ်းနေ လေသည်။


ထူးဆန်းတဲ့ အနံ့က လေထဲတွင် ပျံ့နှံ့လာလိုက်ကာ သန်မာအား‌ ကောင်းသော၊ အရွယ်ရောက်နေသော၊ အားမာန်ပါ သောရနံ့ဖြစ်နေခဲ့‌သည်၊ ထိုနေရာတွင် ရပ်ပြီး အရင်းအမြစ်ရှိရာ နေရာကို သူ့မသိစိတ်မှ ရှာဖွေသော်လည်း သူ့အာရုံကြောများက ဝရုန်းသုန်းကား လည်ပတ်သွားလိုက်ကာ ရုတ်တရက် အထိုးခံလိုက်ရသလို သူ မူးဝေသွား‌ တော့သည်။


......ထိုအရာက အယ်ဖာတစ်ယောက် ရဲ့ ဖယ်ရိုမုန်းရနံ့ပင်။


ဒါပေမယ့် ဒီတောထဲမှာ အယ်လ်ဖာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ တောထဲမှာ သေသွားတဲ့ အယ်လ်ဖာအ‌ လောင်းတစ်‌ လောင်း ရှိ‌ နေတာလား။


စီနန် ပတ်ပတ်လည်ကို လှမ်းကြည့်ရှုလိုက်ရာ ကားမီးရောင်များက ပတ်ပတ်လည်တွင် လစ်ဟနေသောကွက်လပ်နေရာကို ပေါ်လွင်နေ‌ လေသည်။ အသက်ရှင်ကျန်ရစ်သူတွေကတော့ တစ်ညတာ အနားယူဖို့ ပြင်ဆင်နေကြပြီဖြစ်သည်။ တောတောင်၏ တစ်ဖက်ခြမ်းသည် အမှောင်ထုထဲတွင် နှစ်မြှုပ်နေပြီး အဝေးမှ မီးရောင်များက မှိန်ဖျော့ဖျော့ဖြစ်နေပြီး မကောင်းတဲ့အရိပ်လက္ခဏာတစ်ခုပုံနှယ် ထင်ရလိုက်သည်။


"နင် အဆင်ပြေရဲ့လား" သူ့နောက်မှ အမျိုးသမီးတစ်ဦး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။


စီနန် လှည့်ကြည့်လိုက်တော့ ချန်ချောင်က သူ့ကို စပ်စုချင်စိတ်ဖြင့် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။


"...... မင်း အနံ့တစ်ခုခု ရလိုက်လား။"


"အယ် မရပါဘူး" ချန်ချောင်က သူ့ မျက်လုံးများကိုမှိတ်ကာ လေကို နက်နက် ရှိုင်းရှိုင်း ရှူသွင်းလိုက်ခဲ့သည်။


စီနန်: " ဘာပါလိမ့်"


နောက်တစ်စက္ကန့်တွင် ချန်‌ ချောင်တစ်ယောက် စီနန်၏မျက်နှာပေါ်သို့ ပြင်းထန်သော နှာချေမှုတစ်ခု ထုတ်လွှင့်ကာ ဖျန်းပက်လိုက်ခဲ့သည်။


"အလောင်း‌ကောင် အပုပ်နံ့ပဲ ဖြစ်မယ်!" ချန်ချောင် သူမနှာခေါင်းကိုပွတ်ကာ စီနန်၏ ကျောပြင်ကို တွန်းလိုက်ပြီး နားရွက်များနီရဲလာလိုက်သည် "အိပ်ရာထဲပြန်သွား၊ ဘာမှစိတ်မပူနဲ့၊ သွားလိုက်!"‌


စိတ်ရှုပ်နေသော စီနန်က ဇီဝဒီဇယ်တင့်ကားဆီသို့ အတင်းတွန်းပို့လိုက်ခြင်း ခံလိုက်ရသည်။


ထိုညတွင် အထူးတပ်ဖွဲ့ဝင်များကို အုပ်စုသုံးစုခွဲခဲ့သည်။ ချန်ချောင်နှင့် ထင်ရှီးတို့အဆိုင်းသည် ညဆယ့်နှစ်နာရီအထိဖြစ်ပြီး၊ ထို့နောက် ယန်ဟောင် နှင့် ကောင်းဝေရှန်းတို့က သူတို့နေရာတွင် အစားဝင်ကြကာ ၃ နာရီထိုးအထိဖြစ်ကြပြီး နောက်ဆုံးအုပ်စုမှာ နံနက်အထိ နိုးနေရမည့် ကျုံးရုန် နှင့် ကျန်းရင်ကျယ်တို့ပဲဖြစ်သည်။


ကျုံးရုန် ဆင်းဆင်းရဲရဲ အိပ်ခဲ့ရပြီး သူ့အဆိုင်းအတွက် ထဖို့လိုခဲ့သည်။


နောက်ခန်းရှိ ထိုင်ခုံများကို မတင်ကာ ဘေးကပ်ထားလိုက်ပြီး အထူးတပ်ဖွဲ့ဝင်များကလွတ်လပ်သွားသည့် ထိုနေရာတွင် အလျားလိုက် လဲလျောင်းနေခဲ့သည်။ ကျုံးရုန် သူ့နံဘေးတွင် အလွန်နီးကပ်စွာ လဲလျောင်းနေသူတစ်ယောက်ကို ခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်တော့ စီနန်ဖြစ်‌လို့နေ‌ လေသည်။


သူအိပ်ပျော်နေချိန်တွင် စီနန် သူ့မသိစိတ်မှ သူနဲ့အနီးဆုံးအပူအရင်းအမြစ်ဖြစ် နေရာကို ရှာဖွေလိုက်ခဲ့ရာ ကျုံးရုန်ခန္ဓာကိုယ် ဖြစ်လို့‌နေ လေသည်။ လူငယ်လေးက ကျုံးရုန်ရဲ့လက်‌မောင်းကို ကိုင်ဆွဲထားပြီး အခြားလူ၏ပခုံးဆီသို့ ရှည်လျား‌ပြီး တည်ငြိမ်စွာနဲ့ အသက်ရှူထုတ်နေခဲ့သည်။


ထိုအချိန်တွင် ကျုံးရုန်တစ်ယောက် မှင်တက် သွားမိလိုက်သည်။


အတိတ်က အမှတ်ရစရာတွေက သူ့စိတ်ထဲမှာ ပေါ်လာခဲ့လိုက်သည်။ အလင်းရောင်မှိန်ဖျော့ဖျော့‌ အောက်မှာပင် ထိုသိမ်‌မွေ့လှပတဲ့ မျက်နှာလေးနှင့် မှိတ်စင်းထားတဲ့ ထိုမျက်တောင်လေးတွေက သူ့အတွေးထဲမှ ပျောက်ကွယ်သွားခဲ့သော ပုံရိပ်များနှင့်အတူ တိတ်ဆိတ်ငြိမ်သက်စွာ တစ်ထပ်တည်းကျနေခဲ့သည်။


ကျုံးရုန် မသိစိတ်က သူ့လက်တွေကို မြှောက်လိုက်ပြီး စီနန်ရဲ့ ဆံပင်တွေကို နားရွက်နောက်မှာ သပ်တင် ပေးလိုက်ခဲ့သည်။


ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ခြေသံများကြားရပြီး မကြာမီ တံခါးက ညင်သာစွာ ပွင့်ဟလာသည်။


ကျုံးရုန် ချက်ချင်းပင် သူ့မျက်လုံးမှိတ်ကာ အိပ်ပျော် နေဟန် ဟန်ဆောင်လိုက်

ခဲ့‌ သော်လည်း အ‌ခြေအနေက ဘယ်လိုလုပ်ရမှန်း မသိတော့ချေ။ စက္ကန့်အနည်းငယ်အကြာတွင် တစ်စုံတစ်ယောက်က ကားထဲသို့ဝင်လာလိုက်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော စစ်သားများကို ဖြတ်လျှောက်သွားကာ သူတို့ရှေ့တွင် ရပ်လိုက်သည်ကို သူ ခံစားလိုက်ရသည်။


ထို့နောက် ချက်ချင်းပင် ထိုလူက ငုံ့ကာ စီနန်၏လက် လေးကို လှမ်းယူလိုက်ခဲ့သည်။ လှုပ်ရှားမှုက နူးညံ့သိမ်မွေ့ပြီး ဂရုတစိုက်ဖြင့်ပင်။


မနေ့ညက ပိုးသတ်ဆေးသောက်ခဲ့တဲ့ စီနန်ဟာ မနိုးသွားခဲ့ဘဲ အိပ်ပျော်ရာကနေ ဗလုံးဗထွေးသာ ပြောလိုက်ခဲ့သည်။


ကျုံးရုန် နေရာတွင်ပင် မလှုပ်မယှက် ဆက်လက်အိပ်နေခဲ့သည်။ ခဏအကြာတွင် ထိုတစ်စုံတစ်ယောက်က သူ့ပါးစပ်ကိုဖွင့်ကာ ညင်သာစွာပြောလိုက်တာကို သူကြားလိုက်ရသည်။ 

"ငါ့အသက်ကို ကယ်‌‌ ပေးခဲ့တဲ့အတွက် ကျေးဇူးပါ"


'ယန်ဟောင် ပါလား'


ကျုံးရုန် သူ့ရင်ထဲတွင် အံ့သြစိတ်ဖြင့် မျက်လုံးကို အနည်းငယ်‌ မှေးစင်း

ဖွင့်ကြည့်လိုက်သည်။


ကားမီး‌ရောင် မှိန်မှိန်ပြတွင် ယန်ဟောင်က သူ့ခေါင်းကိုငုံ့ကာ ပေါ့ပါးတဲ့ပုံမှန်အသက်ရှူနှုန်းတစ်ခုနှင့်အတူ စီနန်ရဲ့နားထင်စပ်ကို နမ်း ရှုံ့လိုက်ခဲ့သည်။


ထိုအနမ်းက ထိတွေ့ရုံမျှသာ၊ စိတ်လှုပ်ရှားနေသည့် အရိုးခံ အနမ်းတစ်ခုဖြစ်သည်။


ကျုံးရုန်၏မျက်လုံးများပေါ်ရှိ ခံစားချက်များသည် ဖော်ပြရန်ခက်ခဲသွားခဲ့၏။


သကြားလုံး ခိုးယူသွားတဲ့ ကောင်လေးတစ်ယောက်လိုပဲ ယန်ဟောင်က ကမန်းကတန်း ထလိုက်ပြီး ကားထဲ

နေ ခြေသံဖွကာ ထွက်သွားလိုက်ခဲ့သည်။


ကားတံခါးပိတ်လိုက်သည်နှင့် အမှောင်ထုက ကားထဲကို ပြန်ဝင်လာခဲ့ပြီး 

ကျုံးရုန် သူ့မျက်လုံးတွေကို တိတ်တိတ်လေးပြန်မှိတ်လိုက်‌ တော့သည်။


The End......


#edited