Chapter - 7
Viewers 566

Undead Chapter 7


ယန်ဟောင်က သံရန်းလက်တန်းတွေကို ဆုပ်ကိုင်လိုက်ပြီး အော်ဟစ်လိုက်ခဲ့၏။ "ပြေးတော့!"


သို့သော်လည်း စီနန်က ရွေ့လျားဖို့ ငြင်းဆန်နေခဲ့ကာ ယန်ဟောင့်လက်ကို ကိုင်ဆွဲထားနေဆဲဖြစ်သည်။ သူ့အလေးချိန်က ယန်ဟောင် ကိုယ်ထက် 20 ကီလိုဂရမ်လောက် ပိုပေါ့တာမို့ ဒီလိုလုပ်လိုက်တာနဲ့ သူ့အရိုးတွေရဲ့ ကွဲအက်သံတွေက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တဂျွတ်ဂျွတ်မြည်လာသည်နဲ့အမျှ သူ့တံတောင်ဆစ်တွေ အဆစ်လွဲသွားသ ယောင် ခံစားလိုက်ရသည်။


"စီနန် ပြေးတော့၊ ဖုတ်ကောင်တွေ လာနေပြီ!"


စီနန်က အမောတကော ပြောလိုက်ခဲ့သည်။ "အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့"


ယန်ဟောင်က တွဲလွဲဆွဲနေတဲ့သူ့ခြေထောက်တွေကို နံရံပေါ်ဆွဲခိုတင်ဖို့ ကြိုးစားပေမယ့် အကြိမ်ကြိမ် ချော်ထွက်သွားခဲ့သည်။ မီးစွဲ‌ လောင်နေသော ဖုတ်ကောင်အချို့က စီနန်ဆီသို့ ဦးတည်လာနေလိုက်သည်ကို သူ့ မျက်လုံး‌တွေ ပြူးကျယ်စွာ ကြည့်ရှုလိုက်ရင်း စူးရှစွာ‌ အော်လိုက်ခဲ့သည်။ "ငါ့စကားကို နားထောင်လိုက်! ငါ့ကို ဒီမှာပဲ ထားခဲ့၊ ပြေးလိုက်ပါတော့!"


"ဘယ်လိုလုပ်ပြီးတော့...ဘာပဲဖြစ်ဖြစ် မင်းကို......."


"ဖုတ်ကောင်တွေက မင်းနောက်မှာ ရောက်နေပြီ!!"


ရုတ်တရက် စီနန် သူ့ကျောပေါ် မှ လေးလံသော အရာတစ်ခုကို ခံစားလိုက်ရသည်။ ဖုတ်ကောင်တွေထဲက တစ်‌ကောင်က သူ့နားနားနှင့် ကပ်ကာ အသက်ရှူရှိုက်နေခဲ့သည်။ တစ်ချိန်တည်းမှာပဲ ယန်ဟောင် ရဲ့ခြေထောက်တွေက နံရံပေါ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လိုက်သည်။ သူက စီနန်ကို အမြန်လှမ်းဆွဲယူပြီး သူ့ရဲ့အကူအညီနဲ့ ခုန်တက်လိုက်ခဲ့သည်။


စီနန် က ယန်ဟောင် ရဲ့ခါးကိုဆွဲယူလိုက်ပြီး ခေါင်မိုးပေါ်ပြန်လှဲချလိုက်ရင်း နှစ်ယောက်သား အမိုးကြမ်းပြင်ကို ထိရိုက်မိပြီး မီတာအနည်းငယ် လှိမ့်ထွက်သွားလိုက်ခဲ့သည် ။


"မင်းအဆင်ပြေရဲ့လား!"


စီနန်သည် ဖုတ်ကောင်ရဲ့သွားနဲ့ စက္ကန့်ပိုင်း‌ လေး လွဲချော်သွားခဲ့သော်လည်း သူ့ကို ယန်ဟောင်၏ ပုတ်ရိုက်လိုက်‌ခြင်းခံရပြီးနောက် စက္ကန့်အနည်းငယ် ကြာပြီးမှပဲ သူ အသက်ရှူချောင်သွားလိုက်ရသည်။

"ငါ .... ငါ အဆင်ပြေတယ်"


ယန်ဟောင်ရဲ့ကိုယ်က စီနန်ကိုယ်‌ ပေါ်သို့ ဖိမိလိုက်ခဲ့သည်။ သူ့ဘယ်ဘက်တံတောင်ဆစ်ကို မြေပြင်ပေါ်တွင် ထောက်ထားပြီး          စီနန့်၏မျက်နှာကို ကိုင်ကာ ညာလက်ကို အသုံးပြုကာ ကြည့်ရှုလိုက်သည်။ လူငယ်လေး၏လည်ပင်းမှာ ဒဏ်ရာရသွားသော်လည်း သွေးထွက်ခြင်းမရှိခဲ့ ပေ။ ပြုတ်ကျတဲ့အချိန်မှာ ကွန်ကရစ်ကြမ်းပြင်နဲ့ ခြစ်မိတာ ကြောင့် ဖြစ်နိုင်သည်။ ဒါကိုမြင်ပြီးနောက်မှ ယန်ဟောင် စိတ်သက်သာရာ ရသွား‌ တော့သည်။


"မကိုက်မိလိုက်ဘူး။" ယန်ဟောင် က စီနန်ရဲ့လည်ပင်းမှာ သူ့ခေါင်းကို မြှုပ်နှံလိုက်ပြီးဝမ်းသာအားရ ပြောလိုက်ခဲ့သည်။ "တော်သေးတယ် မင်းအကိုက်မခံရဘူး"


ထိုနေရာတွင် ဂလင်းများရှိနေသောကြောင့်၊ လည်ပင်းသည် အိုမီဂါတစ်ဦးရဲ့ခန္ဓာကိုယ်က အထိခိုက်မခံနိုင်ဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ထိုနေရာတွင် ဒဏ်ရာတစ်ခုရှိတာ သေစေနိုင်‌ လောက်လေသည်။


ယန်ဟောင်သာ အယ်လ်ဖာ

တစ်‌ ယောက်ဖြစ်ပါက၊ ယခု သူလုပ်နေသမျှကို စံနှုန်းတစ်ခုအနေနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတစ်ခုအဖြစ် ခေါ်ဆိုရမည်ဖြစ်ပြီး စီနန်ရဲ့ပထမဆုံး ဗီဇက သူ့ကို ကိုင်ပေါက်ချပြီး ကန်ကျောက်ခြင်းသာ ဖြစ်လိမ့်မည်။


"မင်း..."


သူ တစ်ခုခုပြောခါနီးမှာ ယန်ဟောင် က ရုတ်တရက် ခေါင်းမော့ပြီး သူ့ဆီ လေးလေးနက်နက် ကြည့်လိုက်ပေမယ့် စီနန်က သူ့အကြည့်နောက်ကွယ်က ခံစားချက်ကို ပိုင်းခြားမသိလိုက်ခင် ယန်ဟောင် က ဓားကို ထုတ်လိုက်ပြီး ဘေးကို လှိမ့်လိုက်ကာ ဖုတ်ကောင်တစ်ကောင်အား ဓားနဲ့ပစ် ပေါက်လိုက်ခဲ့သည်။ ဓားသည် ဖုတ်ကောင်၏ ဦးခေါင်းကို ထိမှန်လိုက်ပြီး အလောင်းကိုယ်ခန္တာသည် မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ လဲကျသွားလိုက်သည်။


"ပြေး!" ယန်ဟောင်က စီနန်ကို ဆွဲထူလိုက်ပြီး "အထဲကို ၀င်ရအောင်၊ မြေအောက်ဂိုဒေါင်ကို အမြန်ပြန်သွားကြမယ်!"


ခေါင်မိုးထပ်သည် အသွေးအသားနှင့် ပြည့်နှက် နေသော ကွင်းပြင်ကျယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလိုက်သည်။ နေရာတိုင်းတွင် မီးတောက်များ၊ လူများစွာက အော်ဟစ်နေကြကာ ဖုတ်ကောင်များကို အပြင်းအထန်တိုက်ခိုက်နေခဲ့ကြသည်။ သွေးနဲ့ရေချိုးထားလိုက်ကြတဲ့ အသက်ရှင်ကျန်ရစ်သူတွေက အော်ဟစ်၍ လုံခြုံသော စင်္ကြံလမ်းဆီသို့ ဦးတည်ကာ တံခါးဆီသို့ အပြေးအလွှားသွား‌ နေကြသည်။ သို့သော်လည်း လူတော်တော်များများက လဲကျသွားပြီး ပရမ်းပတာအ‌ တောအတွင်း တက်နင်းမိကာ သေဆုံးသွားကြရသည်။


"ကျုံးရုန်!" စီနန်က ကျယ်လောင်စွာ အော်လိုက်ခဲ့သည်။


ကျုံးရုန်က မီးသတ်ပုဆိန်ဖြင့် တံခါးရှေ့တွင် ဖုတ်ကောင်များကို သုတ်သင်နေခဲ့သည်။ သို့သော် သူ ဖုတ်ကောင်တစ်ကောင်ကိုသတ်လိုက်တိုင်း လူအုပ်ကြားထဲမှ ကူးစက်ခံရသူ နှစ်ဦး သို့မဟုတ် သုံးဦးသည် ဗီဇပြောင်းလဲသွားပြီး တံခါးဆီသို့ အပြေးအလွှား ရောက်လာကြသည်။ စီနန်က သွေးစွန်းနေတဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်၊ "သွားရအောင်၊ အပင်ပန်းမခံ‌ တော့နဲ့၊ ခင်ဗျား မထိန်းထားနိုင်တော့ဘူး!"


ကျုံးရုန်၏ မျက်လုံးများမှာ နီရဲနေပြီး သွေးယိုစီးကျမတတ် ဖြစ်နေခဲ့သည်။


"သွားကြစို့ အစ်ကိုရုန်၊ သူတို့အားလုံး ကူးစက်ကုန်ကြပြီ။" လူအုပ်ကြီးဆီမှ ဆန့်ကျင် ပြေးထွက်လာနေသော ချန်‌ ချောင်က စူးရှကျယ်လောင်သော အသံဖြင့် အော်ပြောလိုက်ခဲ့၏။ "လာတော့ ဂိုဒေါင်ကို ပြန်သွားကြမယ်!"


ကောင်းကင်သို့ မီးလုံးကြီးတစ်ခုထိုးတက်သွားခဲ့ကာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်က နှစ်ကြိမ်တိတိ ပေါက်ကွဲသွားခဲ့လိုက်သည်။


နောက်ထပ် ဖုတ်ကောင်များနှင့် အသက်ရှင်ကျန်ရစ်သူများသည် ခေါင်မိုးထပ်ပေါ်မှ လွင့်စင်သွားပြီး အောက်ဘက်ရှိ လမ်းမပေါ်တွင် ပြုတ်ကျသွားခဲ့ပြီး အပိုင်းပိုင်းအစစဖြစ်သွားခဲ့သည်။ ကျုံးရုန် အသက်ပြင်းပြင်းရှူသွင်းရင်း ပတ်ပတ်လည်တွင် သွေးစွန်းနေသောအဖွဲ့သားများကို ကြည့်ကာ ရုတ်တရက် အော်ပြောလိုက်၏။


"ကျန်တဲ့သူတွေ၊ ငါ့စကား နားထောင်ကြ!"


"ငါတို့ တောင်ဘက်မှာရှိတဲ့ မြေအောက်ကားဂိုဒေါင် A ကို သွားကြမယ်၊ ငါတို့နဲ့ အတူ ပြေး!!"


"တောင်ဘက်မှာရှိတဲ့ မြေအောက်ကားဂိုဒေါင် A-!!"


ကျုံးရုန်က ဦးဆောင်ပြီး ဘေးကင်းသော    စင်္ကြံလမ်းသို့ ပြေးသွားခဲ့သည်။


စင်္ကြံလမ်းရှိအခြေအနေသည် ရုတ်ခြည်းပင်ကူးစက်ခံရသူများစွာဖြင့်  တစ်ဝက်တစ်ပျက်ပြောင်းလဲနေတဲ့ ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျဉ်းမြောင်းသော နေရာများတွင် အကိုက်ခံရသူ အရေအတွက်သည် လျင်မြန်စွာ တိုးပွားလာခဲ့သည်။ မီးသီးက ကွဲ‌ကြေမွသဖြင့် အမှောင်ထဲတွင် ဝါးမျိုခံရသည့် လူများ၏ အော်ဟစ်ငိုယိုသံကိုသာ ချန်ရစ်ထားခဲ့သည်။


ကျုံးရုန် သူ့လက်ထဲတွင် မီးသတ်ပုဆိန်ကို ကိုင်ဆောင်ကာ ဆက်လက် ဦးဆောင်နေလေသည်။ စီနန် သူ့နောက်မှ အမှီလိုက်‌ပါ နေကာ ချောမွတ်နေသော လှေကားထစ်ကို အပြေးဆင်းလာခဲ့သည်။ ဒီလိုရုန်ရင်းဆန်ခတ်မှုအတောအတွင်း အလောင်းဘယ်နှစ်လောင်းပေါ် တက်နင်းပြီး ဆင်းလာမိမှန်းတောင် သူ မသိ‌ တော့ချေ။


အဆုံးမရှိတဲ့ ခရီးတစ်ခုလို ခံစားခဲ့ရပြီးနောက် နောက်ဆုံးမှာတော့ သူတို့ လိုရာခရီးကို ရောက်ရှိသွားလိုက်သည်။ ကျုံးရုန် မီးသတ်ပုဆိန်ကိုအသုံးပြုကာ လှေကား‌ရှိ တံခါး ပေါက်ကိုဖွင့်ပြီး မြေအောက်ကားဂိုဒေါင်ထဲသို့ ဦးစွာဝင်သွားလိုက်ခဲ့သည်။


"မြန်မြန် မြန်မြန် ဒီကိုလာခဲ့!"


အသက်ရှင်ကျန်ရစ်သူလူအုပ်စုက တွန်းတိုက်ဝင်လာကြပြီးနောက် ကျုံးရုန်က တံခါးကို နောက်တစ်ကြိမ်ပြန်ပိတ်ကာ သူ့နောက်မှ ဖုတ်ကောင်များကို ပိတ်ဆို့လိုက်ပြန်သည်။ ကျန်လူများကို လှည့်ပတ်ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ဇီဝဒီဇယ်တင့်ကားကို ငါမောင်းမယ်၊ ယန်ဟောင် က မီနီဘတ်စ်ကို မောင်းလိုက်၊ သွားကြတော့"


မနေ့ညက ချန်‌ ချောင်က ကျုံးရုန်နှင့် စကားပြောရန် ရောက်ရှိလာတုန်းက သူတို့နှစ်ဦးသည် ပြန်လည်ဆုတ်ခွာမည့် မှန်ကန်သဘ့်လမ်းကြောင်း‌တစ်ခုကို ဆွေးနွေးထားခဲ့ကြတာဖြစ်သည်၊ - အကယ်၍ ရဟတ်ယာဉ်သည် ခေါင်မိုးပေါ်သို့ မဆင်းသက်နိုင်ခဲ့ပါက လမ်းပေါ်မှ ပြန်ယူလာတဲ့ မီနီဘတ်စ်ကို အသုံးပြုပြီး အသက်ရှင်ကျန်ရစ်သူများကို လေယာဉ်ဆင်းသက်ရာအရပ်သို့ ပို့ဆောင်မှာပဲဖြစ်သည်။


ယန်ဟောင် သော့ကိုလက်ခံယူလိုက်ပြီး မီနီဘတ်စ်ဆီသို့ လျှောက်သွားလိုက်ခဲ့သည်။ သူ ကားရှေ့တွင် ရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူရှိုက်လိုက်၍ အပူလုံးကြီးနေတဲ့ လူအုပ်ကို မော့ကြည့်လိုက်ခဲ့သည်။


"လာကြ၊ ကားပေါ်တက်ကြ!"


"ငါတို့ကို မထားခဲ့နဲ့!"


"သူတို့ လာနေပြီ၊ သူတို့ လာနေပြီ..."


များသောအားဖြင့် ဗလာသက်သက်ဖြစ်နေသော ကားဂိုဒေါင်ထဲတွင် ထိတ်လန့်တကြား အော်ဟစ်ငိုယိုသံများ ကျယ်လောင်လာခဲ့၏။


ယန်ဟောင် သူ့ပါးစပ်ကို အကြိမ်ကြိမ်ဖွင့်လိုက် ပိတ်လိုက်ဖြစ်လိုက်သော်လည်း အသံမထွက်လာခဲ့ပေ။ ထိုအချိန်တွင် ကျုံးရုန်က ရှေ့သို့ လှမ်း၍ သူ့ပခုံးပေါ် ဖွဖွပုတ်လိုက်ကာ သူ့အား နောက်သို့ပြန်တွန်းလိုက်ခဲ့သည်။


သူ့ဦးခေါင်းကို မြင့်မြင့်မတ်ထားပြီး ခန္ဓာကိုယ် အရပ်မြင့်မြင့်နဲ့အတူ သူ့အကြည့်အား လူအုပ်ကြားကို ဖြည်းညှင်းစွာ ထွင်းဖောက်လိုက်ခဲ့သည်။ စူးစူးဝါးဝါး စိုက်ကြည့်နေတဲ့ သူ့မျက်နှာထားအောက်တွင် အားလုံး၏အော်ဟစ်ငိုကြွေးသံ‌ တွေအား တဖြည်းဖြည်း လျော့ပါးသွားစေလိုက်ပြီး တစ်ချိန်တည်းမှာပဲ ထိတ်လန့်တုန်လှုပ်သွားလိုက်ကြသည်။ ကျုံးရုန် နောက်ဆုံးတွင် စတင်ပြောဆိုလိုက်ခဲ့ပြီး သူ၏အသံမှာ ကြည်လင်ပြတ်သားစွာဖြင့် "အကိုက်ခံရတဲ့သူ‌ တွေ ချန်‌ နေခဲ့ကြ"


လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွား‌ တော့သည်။


"ငါ အကိုက်မခံရဘူး!" "ကျုပ် အကိုက်မခံရဘူး!" "ကားပေါ်တက်ရအောင်!" " တက်ခွင့်‌ ပေးပါ....."


"ပါးစပ်ပိတ်ထားကြ!" ချန်‌ ချောင်က အော်ဟစ်လိုက်၏။ အားလုံးစုပြုံပြီး မပြောကြပါနဲ့!"


ငြိမ်သက်နေသော လူအုပ်ကြားတွင် အထူးတပ်ဖွဲ့ဝင်တစ်ဦး တိတ်ဆိတ်စွာနဲ့ရှေ့သို့ တိုးလာလိုက်ခဲ့သည်။ သူက လက်သီးဆုပ်ကာ မြှောက်လိုက်ပြီး ရယ်‌မောလိုက်ခဲ့တယ်       "ကျွန်တော် အကိုက်ခံထားရတယ်   အစ်ကိုရုန်။ ကျည်ဆံကျန်သေးလား။ ကျွန်တော့်ကိုသုံးပေးပါ"


ကျုံးရုန် စကားတစ်ခွန်းမှ မပြောဘဲ စတင် ပုပ်ပွနေသော ထိုလူ၏ လက်ကောက်ဝတ်ကို စိုက်ကြည့်နေ လေသည်။


ယန်ဟောင် သူ့ပါးစပ်ကို ပိတ်ထားရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် သူ့ပါးစပ်မှ ဝမ်းနည်းနေတဲ့ ရှိုက်ငိုသံကို မထိန်းချုပ်နိုင်ဘဲ ဒူး‌ထောက်လျက် ပုံလဲကျသွားခဲ့သည်။


အသက်ရှုကြပ်‌ လောက်တဲ့ ငိုကြွေးသံကို စတင်ကြားလာရတဲ့အချိန် ကျုံးရုန်သည် သူ့မျက်လုံးများကိုမှိတ်ထားလိုက်ပြီး သူ့ခေါင်းကို မော့လိုက်ခဲ့သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် သူ မျက်ရည်များကို ထိန်းကာ သူ့လည်ပင်းတွင် ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ထားသည့် ကျည်ဆန်တစ်‌ တောင့်ကို ထုတ်ယူလိုက်ခဲ့သည်။


"ဒါက..." လို့ တိုးတိုးလေးပြောပြီး "အချိန်ရောက်လာရင် ငါ့ကိုယ်ငါသုံးဖို့ စီစဉ်ထားတဲ့ နောက်ဆုံးတစ်‌ တောင့်ပဲ"


ကျုံးရုန်က ကျည်ဆန်ကို သူ့ရိုင်ဖယ်သေနတ်မှာ ထည့်လိုက်ခဲ့သည်။ ထို့နောက် သူသည် ရဲရင့်သော စစ်သားကို ပွေ့ဖက်ရန် ခြေလှမ်းလိုက်ခဲ့သည်။


သူတို့အဖွဲ့သားတိုင်းက သူ့အား မျက်ရည်စက်လက်ဖြင့် နှုတ်ဆက်စကား‌ ပြောလိုက်ကြသည်။ ချန်ချောင် ပြင်းပြင်းထန်ထန် လှုပ်ရမ်းလို့‌ နေခဲ့သည်။ အထူးတပ်ဖွဲ့စစ်သားက သူမ နောက်ကျောကို ပုတ်လိုက်ပြီး နဖူး‌ ပေါ်တွင် ညီအကိုမောင်နှမလို နမ်းလိုက်ခဲ့သည်။ ထို့နောက် နောက်ဆုံးတွင် သူ သူမအား တွန်းထုတ်လိုက်ပြီး မျက်လုံးတွင် မျက်ရည်များဝဲနေတဲ့ကျုံးရုန်နဲ့ မျက်နှာချင်းဆိုင်သွားအောင် လှည့်ကြည့်လိုက်သည်။


"ပြီးခဲ့တဲ့နှစ်တွေအတွက် ကျေးဇူးတင်ပါတယ် အစ်ကိုရုန်" သူက ပြုံးပြီး မျက်လုံးက မျက်ရည်စတွေကို သုတ်လိုက်ပြီး ဆက်ပြောလိုက်ခဲ့သည်။ "ကျွန်တော့်ရဲ့ နောက်ဆုံးခရီးကို ပို့ပေးပါတော့"


ကျုံးရုန် သူ့မျက်လုံးများကိုမှိတ်ထားပြီး တုန်ရီနေသောလက်များကို မြှောက်ကာ သေနတ်‌ ပြောင်းထိပ်ကို စစ်သားရဲ့ခေါင်းပေါ် တင်လိုက်ခဲ့သည်။


" ...... နှုတ်ဆက်ပါတယ် " သူ  လေသံတိုးတိုးဖြင့် ပြောလိုက်သည်။


ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားကာ နောက်ဆုံးတွင် ကားဂိုဒေါင်ထဲတွင် သေနတ်ပစ်ခတ်သံ ထွက်ပေါ်လာလိုက်သည်။


ထိုခဏ၌ လူအုပ်ကြီး၏ မငြိမ်မသက်မှုများမှာ မပေါက်ကွဲသေးဘဲ မြေကြီးအတွင်းသို့ ပြန်ကျသွားသည့် ချော်ရည်ပူများကဲ့သို့ လျော့ကျသွားလိုက်သည်။ ထိတ်လန့်တုန်လှုပ်နေသော အသက်ရှင်ကျန်ရစ်သူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် တခြားအမျိုးသမီးတစ်‌ယောက်က မဝံ့မရဲနဲ့ ရှေ့ကို တိုးလာခဲ့သည်၊ သူမရဲ့ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်နှက်နေပြီး ပြောလိုက်ခဲ့တယ်။

"ကျွန်မ... ကျွန်မ နည်းနည်း‌ တော့ကြောက်တယ်".


သူမ မေးလိုက်တယ်။ "နောက်ထပ် ကျည်ဆန်ရှိသေးလား" 


သူမကိုကြည့်ရသည်မှာ အလွန်ငယ်ရွယ်‌ သေးပြီး မိတ်ကပ်လိမ်းချယ်ထားပြီး ဆံပင်များပွ‌ ယောင်းနေခဲ့သည်။ သူမကိုကြည့်ရတာ ဝန်ထမ်းအသစ်တစ်ယောက်ဖြစ်သည့် ပုံပင်။


ကျုံးရုန်က သူ့မျက်နှာကို လက်ဖဝါးထဲတွင် မြှုပ်နှံလိုက်ခဲ့သည်။ ထိုခဏတာအခိုက်အတန့်တွင် အမြဲတမ်းတောင့်တင်းခိုင်မာသော သူ့ပခုံးသည် အချိန်မရွေးပြိုလဲသွားပုံရလိုက်၏။


ချန်ချောင် အနည်းငယ် တုံ့ဆိုင်းသွားပြီး သူမ၏ ခါးနောက်သို့ ဖြည်းညှင်းစွာ လက် ရောက်ရှိသွားသည်။ သို့သော် သူမ၏သေနတ်ကို ထုတ်ယူရန် အခွင့်အရေး မရ‌ သေးမီမှာပဲ ရုတ်တရက် သူမဘေးမှ တစ်စုံတစ်ယောက်က မိန်းက‌ လေးငယ်ထံ ချဉ်းကပ်သွားလိုက်သည်။


...... စီနန်လား သူမ အံ့သြစွာ တွေးလိုက်မိသည်။


စီနန် ကောင်မလေးရှေ့တွင် ရပ်လိုက်ပြီး အသံ နှိမ့်ချကာ မေးလိုက်သည်။ "သူတို့မှာ ကျည်ဆံမရှိတော့ဘူး၊ ငါ မင်းကို ကူညီ‌ ပေးရမလား၊ မြန်မြန်လုပ်‌ ပေးမယ်လို့ ငါ ကတိပေးတယ်။"


ကောင်မလေးက အနည်းငယ်ထိတ်လန့်သွားလိုက်ပြီး စိတ်ရှုပ်သွားတယ် "ဒါပေမယ့် ငါ..."


"မနာကျင်စေရပါဘူး" စီနန်က ပြောလိုက်သည်။


ထိုနေရာရှိ လူအားလုံး၏ မျက်လုံးအောက်တွင် စီနန်က ကောင်မလေးရဲ့ မျက်နှာပေါ်ရှိ ဖုန်မှုန့်များကို သန့်စင်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး မျက်ရည်ကြောင့် မှုန်ဝါးနေသော မျက်‌ တောင်များကို သုတ်‌ ဖယ်ပေးလိုက်ခဲ့သည်။ ထို့နောက် ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးပေးလိုက်ပြီး သူမရဲ့အင်္ကျီကော်လံကို ဖိသပ်ပေးလိုက်ကာ သူမရဲ့အဝတ်အစားမှ ဖုန်‌ တွေကို 

ခါထုတ်‌ ပေးလိုက်သည်။ သူ့ အပြုအမူသည် မင်းသမီးလေးအား ခစားနေသော လူကြီးလူ‌ ကောင်းတစ်‌ ယောက်ကဲ့သို့ နူးညံ့သိမ်မွေ့ နေခဲ့သည်။


ငိုသံတွေကို ထိန်းဖို့ ကြိုးစားရင်း ကောင်မလေးရဲ့ခန္ဓာကိုယ်က တုန်ရီသွားခဲ့သည်။ စီနန်က သူ့လက်နှစ်ဖက်ကို ဖွင့်ကာ ပွေ့ဖက်လိုက်ပြီး မေးလိုက်တယ်။ "မင်း နာမည်ဘယ်လိုခေါ်လဲ"


"...... ကျောင်း ... ကျောင်းမြောင်မြောင် ..။


"မြောင်မြောင်" စီနန် သူမ နား နားကပ်ခါ တိုးတိုးလေးပြောလိုက်သည်၊

"မကြောက်ပါနဲ့၊ မင်းက အရမ်းလှတာပဲ"


ကောင်မလေးက သူမရဲ့ချဉ်ငံသောမျက်ရည်များကို မျိုချလိုက်ကာ အတင်းပြုံးပြီး ပြောလိုက်ခဲ့သည်။ "အင်း!" .


နောက်တစက္ကန့်အကြာတွင် သူမလည်ပင်းနောက်ကျောကို တစ်စုံတစ်ခု ရိုက်မိသွားသည်ကို ခံစားလိုက်ရပြီး... ဘာမှမဖြစ်သွား‌ တော့ပေ။ မကြာခင်မှာပင် သူမရဲ့ခန္ဓာကိုယ်က ချက်ချင်းပင် ပျော့ခွေကျသွားခဲ့သည်။


စီနန် သူမရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို ပွေ့ကိုင်ကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လှဲချ‌ ပေးလိုက်သည်။ သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့ လှုပ်ရှားမှုက မိန်းကလေးအား အဆုံးမသတ်နိုင်သည့် နွေးထွေးသော အိပ်စက်မှုတွင် နစ်မြုပ်နေပုံ ရစေလိုက်သည်။


."..... နောက်ထပ်လူတွေ ရှိလား" ကျုံးရုန်က လူအုပ်ကို ကြည့်လိုက်ပြီး " နောက်ထပ်လူတွေ ရှိ‌ သေးလား၊ ကိုယ်ဘာကိုပဲ ရှေ့ကို တိုးလာလိုက်ပါ။"


ဘယ်သူကမှ စကားမပြောကြ‌ တော့ပဲ၊ ဘယ်သူမှ မလှုပ်မယှက်ကြပဲ တိတ်ဆိတ်တဲ့အ‌တွေးတစ်ခုက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ အတန်ကြာပြီးနောက် ကျုံးရုန်က ယန်ဟောင်ကို ခေါင်းညိတ်ပြလိုက်သည်။ ယန်ဟောင် ကားသော့ကို ထုတ်ယူလိုက်ပြီး မီနီဘတ်စ်ထဲ ဝင်သွားမလို့လုပ်လိုက်စဉ်မှာ‌ စီနန်က ရုတ်တရက် ပြောလိုက်သည်၊

"ရပ်လိုက်!"


သူလှည့်ကြည့်လိုက်တော့ လူလတ်ပိုင်းအရွယ်လူတစ်ယောက် တုန်တုန်ယင်ယင်ဖြင့် ကားဆီသို့ လျှောက်သွား နေခဲ့သည်။ စီနန်က ရှေ့ကို လှမ်းပြီး သူ့ကို လူအုပ်ထဲက ဆွဲထုတ်လာလိုက်ကာ အေးစက်စွာ ပြောလိုက်သည်။ "ခင်ဗျားလည်း အကိုက်ခံထားရတယ်"


"ငါ အကိုက်မခံထားရဘူး! ငါ.. ငါ..."


စီနန်က သူ့နောက်ကျောမှာ ဝှက်ထားတဲ့ အမျိုးသားရဲ့လက်ကို ဖမ်းဆုပ်လိုက်ပြီး အင်္ကျီလက်အနားတွေကို ခေါက်တင်လိုက်သည်။ သူ့လက်မောင်းမှာ ဒဏ်ရာက ပြည်စတည်နေပြီး အနံ့သက်ဆိုး‌ တွေ ထွက်ရှိနေခဲ့ပြီဖြစ်သည်။


"ဒါက ရောဂါပိုး မဟုတ်ဘူး၊ ငါ အကိုက်မ ခံထားရဘူး၊ ဒါက ဖန်ကွဲစနဲ့ ရှမိလိုက်တာ၊ အဲဒါကြောင့် သွေးထွက်နေတာ။"


စီနန် က ထိုလူကို အဝေးဆုံးထောင့်ကို တွန်းလွှတ်လိုက်ပြီး ယန်ဟောင်ကို ပြောလိုက်သည်။ "ကားတံခါးကို သွား‌ တော့။"


ထိုလူက ဒေါသတကြီး ပြေးထွက်သွားပြီး အော်ဟစ်ပြောဆိုလိုက်သည်။ "မင်း ဒီကိစ္စအတွက် ဒဏ်ခတ်ခံရလိမ့်မယ်! ခွေးမသား။ မင်း လွယ်လွယ်နဲ့ မသေ‌ စေရဘူး"


စီနန်က ဒေါသတကြီး ဆဲဆိုကျိန်းဝါးမှုများအားလုံးကို လျစ်လျူရှုခဲ့ပြီး အသက်ရှင်ကျန်ရစ်သူအားလုံး ဇီဝဒီဇယ်တင့်ကားနှင့် မီနီဘတ်စ်များထဲသို့ ဝင်သွားသည်အထိ စောင့်ကြည့်ခဲ့သည်။ အဲဒီနောက် သူက ထိုလူကို လှည့်ပြီး မေးလိုက်ခဲ့သည်။ "မင်းကိုယ်တိုင် လုပ်ချင်တာလား ဒါမှမဟုတ် ငါ မင်းကို ကူညီ‌ ပေးရမလား"


ထိုလူက စီနန်စီ လက်သီးတစ် လုံးနဲ့ ပစ်ဝင်လာခဲ့‌ ပေမယ့် စီနန်က အလွယ်တကူ ရှောင်ထွက်သွားလိုက်သည်။ သို့သော်လည်း ထိုလူက ထိုအခွင့်အရေးကိုယူကာ စီနန်၏ ချုပ်နှောင်မှုမှ လွတ်မြောက် အောင်လုပ်လိုက်ပြီး လှည့်ကာ ထွက်ပြေးသွားခဲ့သည်။ လှေကားတံခါးဆီသို့ ဦးတည်သွားနေသည့် ထိုသူ့ကိုမြင်သောအခါ စီနန်က ချက်ချင်းတုံ့ပြန်လိုက်ပြီး အော်‌ ပြောလိုက်ခဲ့သည်။

"ရပ်လိုက်-" 


ကျုံးရုန်က သူ့ကားတံခါးကို ဆောင့်ဖွင့်လိုက်ပြီး အံ့အားသင့်စွာ‌ပြောလိုက်၏။ "စီနန်! ကားပေါ်တက်!"


စီနန်တစ်ယောက် သူ၏သားကောင်ကိုကြည့်နေတဲ့ ဒေါသကြီးနေတဲ့ ကျားသစ်တစ်ကောင်ကဲ့သို့ပင် ထိုလူနောက်သို့ လိုက်သွားလိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျုံးရုန် လီဗာပေါ်ကို ခြေနင်းချလိုက်ပြီး စီနန်ရှေ့တွင် ဘရိတ်မအုပ်မီ မိုးကြိုးပစ်ခတ်လိုက်သလို မြေအောက်ကားပါကင်၌ ပြင်းထန်သော ပွတ်တိုက်မှုတစ်ခု ဖြစ်ပေါ်‌ စေခဲ့သည်။


ကျုံးရုန်သည် သူ့ကိုယ်လုံးကိုဆန့်ထုတ်လိုက်ပြီး စီနန်၏ခါးကို ဆွဲယူရန် သံပလာယာနှင့်တူသော သူ့ရဲ့သန်မာတဲ့လက်များကို သုံးလိုက်ပြီး သူ့အား ယာဉ်မောင်းထိုင်ခုံသို့ တိုက်ရိုက် ပွေ့ဆောင်သွားသည်။


"သူ့ကိုလွှတ်ပေးလိုက်!" ကျုံးရုန် အော်ပြောလိုက်၏။ "ငါနဲ့လိုက်ခဲ့!"


တင့်ကားသည် သပ်ရပ်စွာ ပျံ့လွင့်သွားလိုက်ကာ အရှိန်ပြင်းပြင်းဖြင့် ကားဂိုဒေါင်တံခါးကို ကျိုးကျသွား‌ စေလိုက်ခဲ့သည်။


သူတို့အားလုံး ဆုံသွားတဲ့အချိန်မှ စီနန်သည် သူ့မျက်လုံးထောင့်မှ နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် လှေကားထိပ်ရှိတံခါး‌ ပေါက်ကို သွားဖွင့်လိုက်ပြီး ယခင်က ပိတ်ဆို့ခံထားရသော ဖုတ်ကောင်များသည် မီနီဘတ်စ်ဆီသို့ ပြေးထွက်လာလိုက်သည်ကို သူ မြင်လိုက်ရသည်။


ဒါပေမယ့် သူတို့ အလွန်နောက်ကျသွားခဲ့‌ လေပြီ။ ယန်ဟောင်က ကားတံခါးကိုပိတ်ပြီး မောင်းထွက်သွားလိုက်ပြီဖြစ်သည်။ နောက်ဆုံးတွင် တင့်ကားက လမ်းပေါ်သို့ မတက်လိုက်မီ ကားအောက်ခြေကို တိုးဝင်လာတဲ့ ဖုတ်ကောင်အချို့အား ဝင်တိုက်ပစ်ကာ ကျိတ်ချေပစ်လိုက်ခဲ့သည်။


ကားနောက်ကြည့်မှန်ထဲမှာ သူ နောက်ဆုံးမြင်ခဲ့ရတဲ့ မြင်ကွင်းကတော့ အလောင်းကောင်တွေကြားထဲမှာ နစ်မြုတ်သေဆုံးသွားတဲ့ ထိုလူ၏ မြင်ကွင်းပင်ဖြစ်‌ တော့သည်။ စီနန် သူ့မျက်လုံးများကို မှိတ်ချထားလိုက်ရင်း လည်ချောင်းတွင် ပူ လောင်ပြီး အက်ဆစ်ဖြင့် ပိတ်ဆို့နေသကဲ့သို့ ခံစားရကာ စကားပင် မပြောနိုင်‌‌ တော့ချေ။


ရုတ်တရက် လက်တစ်ဖက်က သူ့ခေါင်းဆီကို ဆန့်ထုတ်လာလိုက်ပြီး ကျုံးရုန်ရဲ့ရင်ခွင်ထဲသို့ သူ့အား အတင်းဆွဲသွင်းခံရလိုက်သည်။ "အဲဒီအကြောင်း မ‌ တွေးနဲ့တော့၊ ဟုတ်ပြီလား"


ကျုံးရုန်၏ တောင့်တင်းသန်မာသော ပခုံးနွေးနွေးတွင် သူ့ခေါင်းကို မြှုပ်နှံထားမှုနှင့်အတူ စီနန် ခဏတာ တိတ်ဆိတ်သွားလိုက်ပြီးနောက် သူ ခေါင်းညိတ်လိုက်ခဲ့သည်။


"ငါတို့ မြောက်ပိုင်းက မြို့ကို အရှိန်နဲ့မောင်းပြီး ဒီနေရာကနေ မမှောင်ခင် မောင်းထွက်နိုင်မှရမယ် " ကျုံးရုန်က စတီယာရင်ဘီးကို လက်တစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ထုလိုက်

ပြီး အားနဲ့မာန်နဲ့ ပြောလိုက်ခဲ့၏။   "သုံးနာရီကြာပြီးရင် B- စစ်ဆင်ရေးခရိုင်က T မြို့ကို သန့်ရှင်းဖို့ နျူကလီယားဗုံးတစ်လုံး ပစ်လွှတ်‌ တော့မှာ၊ ငါတို့မှာ အချိန်သိပ်မရှိဘူး"


The End.....


#edited