ဂုဏ်မြင့်သူရယ်
အပိုင်း ၂၂
နောက်သုံးရက်အတွင်း ယဲ့အန်းသည် သီချင်းလေ့ကျင့်ခြင်းတွင် အာရုံစိုက်ခဲ့သည်။
အစမ်းလေ့ကျင့်မှုအတွင်း ယဲ့အန်းသည် ရှဲ့ရှောကို ပရိသတ်အဖြစ် အမြဲတမ်းရှိစေခဲ့ပြီး ၎င်း၏ ထင်မြင်ချက်များကို တောင်းဆိုခဲ့သည်။ သို့သော် ရှဲ့ရှောသည် အေးစက်သော မျက်နှာထားအတိုင်း ဆက်ရှိနေပြီး သူမကို လျစ်လျူရှုခဲ့သည်။
သူမကို လျစ်လျူရှုလေလေ၊ ယဲ့အန်းက သူ့ကို ကျီစားချင်လေလေဖြစ်သည်။
သုံးရက်အကြာတွင် ယဲ့အန်းသည် ယခင်စီစဉ်ထားသည့်အတိုင်း “တောင်တစ္ဆေ”သီချင်းကို အသံသွင်းရန် အသံသွင်းစတူဒီယိုသို့ သွားခဲ့သည်။
အသံသွင်းခြင်းလုပ်ငန်းစဉ်သည် အလွန်ချောမွေ့သွားသည်။ နာမည်ဆိုးနှင့် ကျော်ကြားသော လုချွမ်သည်နည်းနည်းမျှ အမှားမရှာခဲ့ချေ။ အသံသွင်းပြီးနောက်တွင် သူသည် ၎င်း၏ လုပ်ငန်းကတ်ပြားကို သူမအား ပေးခဲ့ပြီး ၎င်းတို့၏ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယဲ့အန်းသည် ၎င်းကို ယဉ်ကျေးမှုအရ ယူလာခဲ့ပြီး ယင်းအတွက် ဘာကိုမျှ မမျှော်လင့်ခဲ့ပေ။ သူသည် ပရိုမိုးရှင်း Weibo ပို့စ်တစ်ခု ပေးပို့ပြီး စာချုပ်ကိုအဆုံးသတ် လက်မှတ်ရေးထိုးရန် ရှန်းချွမ်ကို ရှာဖွေခဲ့သည်။
မကြာခင်မှာပဲ ရှန်းချွမ်က စတူဒီယိုနာမည်ကို ရှီးယင် Studios အဖြစ်ပြောင်းလဲလိုက်ပြီး စာချုပ်ကို အပြီးသတ်ခဲ့သည်။ ယဲ့အန်း၏ အကူအညီဖြင့် Brilliant Dreams Culture နှင့် ရေရှည်လက်တွဲလုပ်ဆောင်နိုင်ခဲ့သည်။
အရာအားလုံးကို ကိုင်တွယ်ပြီးနောက် ယဲ့အန်းသည် လုပ်ငန်းဆောင်တာအားလုံးကို ရှန်းချွမ်ဆီ ပေးအပ်ပြီး ချမ်းသာသော သခင်မတစ်ဦးအဖြစ် နေထိုင်ရန် နေအိမ်သို့ ပြန်လာခဲ့သည်။
ရှဲ့ရှောသည် သူ၏ရောဂါမှ ပြန်လည်သက်သာလာခဲ့ပြီး ယဲ့အန်းသည် သက်ပြင်းချနိုင်ခဲ့သည်။ သို့သော်လည်း ရက်အနည်းငယ် ငြိမ်းချမ်းနေပြီးနောက်တွင် အခြားအရာတစ်ခု ဖြစ်ခဲ့သည်-
ရှဲ့ပိုင်ယန် ဖျားသွားခဲ့သည်။
ပြီးခဲ့သောနှစ်ပိုင်းတွင် ရှဲ့ပိုင်ယန်သည် မလွယ်ကူခဲ့ပေ။ မူလက အငြိမ်းစားယူပြီး အေးချမ်းသောဘဝနှင့် နေထိုင်ခဲ့သော်လည်း သူ၏ဇနီးနှင့် သား နှစ်ဦးစလုံးတွင် မတော်တဆမှုတစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်များက သူကိုဥက္ကဌရာထူးသို့ ပြန်သွားရန် တွန်းအားပေးခဲ့ပြီး တစ်ချိန်တည်းတွင် ပြိုင်ဖက်ရန်သူများကလည်း အခွင့်အရေးတိုင်းကိုချောင်းမြောင်းနေကြသည်။
စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တင်းမာနေရသောကြောင့် ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။
ရှယ်ယာရှင်အစည်းအဝေးတစ်ခုတွင် သူရုတ်တရက်လဲကျသွားသောကြောင့် အခြေအနေမှာ အလွန်ဖရိုဖရဲဖြစ်ခဲ့ရသည်။
ရှဲ့ယွိရန်က သူတို့ကို အကြောင်းကြားရန် ဖုန်းခေါ်သောအခါ ယဲ့အန်းက ရှဲ့ရှောနှင့်အတူ ဧည့်ခန်းရှိဆိုဖာပေါ်တွင် သူမနှင့်အတူ spa သွားရန် ကြိုးစား၍ ဆွဲဆောင်နေသည်။
ဖုန်းထဲမှ ရှဲ့ယွိရန်၏ အသံကိုကြားကာ ရှဲ့ရှောက ပိုပို၍ တင်းမာလာပြီး ယဲ့အန်း စိတ်မသက်မသာဖြစ်သွားသည်။
အကယ်၍ ရှဲ့ပိုင်ယန်သည် ဤအတောအတွင်း အပြည့်အဝ ပြန်မကောင်းမွန်နိုင်ခဲ့ပါက ရှဲ့ မိသားစုသည် ဝရုန်းသုန်းကား အခြေအနေသို့ ကျရောက်သွားလိမ့်မည်မှာ သေချာသည်။
မိသားစုဝင်တစ်ဦးအနေဖြင့် သူမအား မလွဲမသွေ ထိခိုက်မည်မှာ သေချာသည်။
သူတို့နှစ်ယောက် ဖုန်းခေါ်ဆိုမှုအပြီးတွင် သူမသည် ရှဲ့ရှောကို အမြန်ဆွဲထူပြီး ဆေးရုံသို့သွားရန် ပြင်ဆင်ခဲ့သည်။
သို့သော် ရှဲ့ရှောက မလှုပ်ပေ။ သူသည် သုန်မှုန်သောအမူအရာဖြင့် ဆိုဖာပေါ်တွင် ဆက်ထိုင်နေသည်။
ယဲ့အန်းက သူ့ကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။ ရှဲ့ပိုင်ယန် နေမကောင်းဘူးလေ၊ ဒါတောင် သူက အပြင်ထွက်ဖို့ စိတ်မပါသေးဘူးလား။
"ကျွန်မတို့ သူ့ကို သွားကြည့်ဖို့ ဆေးရုံသွားကြမလား။"
ရှဲ့ရှောသည် နောက်ဆုံးယ ထမရပ်သေးခင် ခဏမျှဆက်ထိုင်နေသည်။
ယဲ့အန်းသည် သက်ပြင်းတစ်ချက်ချကာ သူ့ကိုထူရန် ထသော်လည်း သူမ၏လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
"အဝတ်အစားအရင်သွားလဲ။"
ယဲ့အန်း - ??? ဒီအချိန်မှာ? အဝတ်လဲရမယ်?
ရှဲ့ရှောသည် မျက်မှောင်ကြုတ်ကာ မေးခွန်းပြန်မထုတ်စေချင်သော သဘောရှိသည်။
ယဲ့အန်းသည် သူ၏ တွေးခေါ်မှုပုံစံကို ပုံဖော်နိုင်ခြင်း မရှိသော်လည်း သူနှင့်အတူအိပ်ခန်းထဲသို့ လိုက်သွားခဲ့သည်။ သူ့တောင်းဆိုချက်အရ အနက်ရောင်ဝတ်စုံကို ကမ်းပေးလိုက်သည်။
သူအဝတ်အစားလဲနေတုန်း ယဲ့အန်းလည်း အလားတူပင်ဖြစ်သည်။ ပေါ့ပါးပြီး လိုက်ဖက်စေရန် မက်မွန်ရောင် စကတ်ကို ရွေးဝတ်ခဲ့သည်။
သူမအဝတ်လဲပြီးသည်နှင့် ရှဲ့ရှော သည် လည်စီးကိုကိုင်လျက် အဝတ်လဲခန်းထဲမှ ထွက်လာခဲ့သည်။ “လည်စီးကို ဘယ်လိုစီးရလဲသိလား” လို့ သူမကို မေးလိုက်သည်။
သူမ၏အကူအညီကို စတောင်းခံခြင်းသည် ဒီတစ်ကြိမ်မှာပထမဆုံးအကြိမ် ဖြစ်သည်။ ယဲ့အန်းသည် တစ်စက္ကန့်မျှ ထိတ်လန့်စွာ မတ်တပ်ရပ်နေပြီး “ဟုတ်ကဲ့” ဟု ပြန်ဖြေသည်။
သူမသည် သူ့နားသို့ ချဉ်းကပ်ကာ လည်စီးကိုကိုင်ကာ လည်ပင်းလည်ကုပ်ကို ပတ်ထားရန် သူမသည် ခြေဖျားထောက်လိုက်သည်။
သူတို့အတွဲသည် ဒီအနေအထားတွင် အလွန်နီးကပ်နေခဲ့သည်။ ယဲ့အန်းသည် သူမ၏ အရေပြားပေါ်တွင် သူ၏ နွေးထွေးသော ထွက်သက်ကို ခံစားနိုင်ပြီး သူ၏ လည်ပင်းနှင့် မေးရိုး၏ အသွင်အပြင်သည် သူမ၏ မြင်ကွင်းထဲတွင် ရှိနေသည်။
ရိုးရိုးသားသားပြောရလျှင် သူမတွင် လည်စီးချည်ခြင်း အတွေ့အကြုံ နည်းပါးသောကြောင့် သူမ၏လှုပ်ရှားမှုများသည် အဆင်မပြေဖြစ်ခဲ့ရသည်။
သူမ အနီးနားကပ်လိုက်သည်နှင့် သူမ၏လက်သည်းများက သူ၏လည်မျိုကို မတော်တဆ ခြစ်မိသွားသည်။ သူမ၏ နှလုံးသားသည် တဆတ်ဆတ်တုန်ခါကာ သူ့တုံ့ပြန်မှုကို ကြည့်နေမိသည်။
ရှဲ့ရှော မျက်မှောင်ကြုတ်သွားသော်လည်း သူ့တွင် အခြားတုံ့ပြန်မှု မရှိပေ။
ယဲ့အန်းသည် အောက်ကိုငုံ့ကြည့်ကာ သူမ၏ရှေ့တွင် လည်စည်းကြိုးချည်ရန် အာရုံအားလုံးကို သေသေချာချာ စူးစိုက်ရန် ကြိုးစားသည်။ သို့သော်လည်း သူမ၏ နှလုံးခုန်သံသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။
သူမ၏ နားရွက်ထိပ်များ ပူလာပြီး အပူသည် သူမ၏ မျက်နှာဆီသို့ တဖြည်းဖြည်း ပျံ့နှံ့သွားကာ သူမ၏ လှပသော လက်ချောင်းထိပ်များ နီရဲလာခဲ့သည်။
ခဏအကြာတွင် သူမသည် လည်စီး၏ ခေါက်တွန့်ကို တွန်းတင်လိုက်ပြီး သူ့မေးရိုးကို မော့ကြည့်လိုက်သည်။ သူမသည် တည်ငြိမ်ဟန် ဆောင်ကာ “ပြီးပြီ” ဟုပြောရင်း သူ့ကော်လာကို သပ်တင်လိုက်သည်။
ရှဲ့ရှောက သူ့လက်ကို ခေါက်တင်လိုက်ပြီး ပြောခဲ့သည်။ "ငါ့ကို နာရီရွေးပေးပါလား"
ဗီရိုထဲတွင် သူ့နာရီအတွက် အထူးပြုလုပ်ထားသည့် မှန်ပေါင်းချောင်တစ်ခုရှိသည်။ လက်ပတ်နာရီများစွာရှိ၍ တစ်လုံးချင်းစီသည် တန်ဖိုးကြီးလှသည်။
ယဲ့အန်းက ၎င်းတို့ကို ကြည့်ပြီး “ဘယ်တစ်ခုလဲ” ဟု မမေးမီ လှည့်ကြည့်လိုက်သည်။
ရှဲ့ရှော၏ အဖြေမှာ စကားလုံးနှစ်လုံးဖြစ်သည်။ "မင်းရွေး။"
“……”
သူမ၏အာသီသကို သူယုံကြည်သည်ကိုမြင်ရ၍ ယဲ့အန်းသည် နောက်ပြန်ငုံ့ကြည့်ကာ သူမ ကြိုက်သည့်တစ်ခုကို ရွေးလိုက်သည်။ သူမက ရှဲ့ရှောဆီ ယူလာပြီး သူ့အတွက် မဝတ်ပေးမီ သူ့လက်ကောက်ဝတ်ကို ဆွဲယူလိုက်သည်။
ထိုလူ၏ လက်ချောင်းများသည် ရှည်လျားသွယ်လျသည်။ ယဲ့အန်းသည် သူမလှုပ်ရှားလိုက်တိုင်း ၎င်းတို့ကို မလွှဲမရှောင်သာ ထိတွေ့လိုက်မိသည်။ သူတို့နှစ်ယောက်သည် ပုံမှန်အားဖြင့် ပိုရင်းနှီးသော အခိုက်အတန့်များ ရှိခဲ့သော်လည်း အားလုံးသည် သူမက အစပြုခဲ့ရခြင်းဖြစ်သည်။ ဒီတိတ်ဆိတ်နေသော အခိုက်အတန့်တွင် သူမသည် သူနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှန်သမျှကို အထူးသတိထားနေမိသည်။
သူ့ ဝင်သက်ထွက်သက်များသည် သူ့ငယ်ထိပ်ပေါ်ကျရောက်သွားသည်။ သူမသည် ခေါင်းမမော့ရဲဘဲ အောက်ကိုငုံ့ကြည့်နေမိသည်။
လက်ပတ်နာရီကို ဝတ်ပေးပြီးနောက် သူမ လက်ခေါက်ကိုလည်း ပြင်ဆင်ပေးရင်း သူ့လက်ကောက်ဝတ်ပေါ်ရှိ ခေါက်တွန့်ရာများထဲမှ တစ်ခုကို ဆန့်ပေးလိုက်သည်။
သူ၏အဝတ်အစားများ သပ်ရပ်စွာဖြင့် ရှဲ့ရှောသည် သူ့လက်ကို တည်ငြိမ်စွာ ဆန့်ထုတ်လိုက်ပြီး အပြင်သို့ လမ်းလျှောက်ထွက်ခဲ့သည်။
လက်ချုပ်ဝတ်စုံသည် အမျိုးသား၏ ရှည်လျားသောအချိုးအစားများကို ပေါ်လွင်စေပြီး လိုက်ဖက်မှုရှိသည်။ ဘောင်းဘီသည် ဖြောင့်စင်းနေပြီး သူ့ခါးပတ်က ကျဉ်းမြောင်းသောခါးနှင့် ကွက်တိကျနေသည်။ ဝတ်စုံသည် သူ၏ အေးစက်သော အယောင်အဝါကို မြင့်တင်ပေးသောအငွေ့အသက်ကို ပေါင်းထည့်ပေးသည်။
ယဲ့အန်းသည် ရှဲ့ရှောကို တွေ့လိုက်ရသောအခါ သူမျက်စိမကွယ်မီက အမှတ်ရစရာတစ်ခုကို ရုတ်တရက် သတိရသွားသည်။ သူသည် မီဒီယာများ၏ မီးမောင်းထိုးပြမှုအောက်တွင် ဝတ်စုံကို ၀တ်ဆင်ထားပြီး အမှန်တကယ်ပင် ဂုဏ်ယူစရာကောင်းသော ကောင်းကင်၏ သားတော် ကဲ့သို့ ဖော်ဆောင်နေသည်။
သူ့အကြည့်များကို မခွာနိုင်ဖြစ်နေသည်။
ရှဲ့ရှောသည် သူ့နောက်သို့မလိုက်ကြောင်း သတိမပြုမီ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူက ခေါင်းကိုစောင်းပြီး မေးသည်။"ဘာဖြစ်တာလဲ"
“ဘာမှမဟုတ်ပါဘူး။”
ယဲ့အန်းသည် သူ့အား အမြန် မီလိုက်သည်။ သူမသည် သူ့ကိုလှမ်းကြည့်လိုက်ပြီး သူမ လက်ချောင်းများကို သူ့လက်မောင်းတွင် ရစ်ပတ်ထားလိုက်သည်။
သူမ၏ခန္ဓာကိုယ်ထဲတွင် သမင်တစ်ကောင်ခုန်ပေါက်နေသဥဲ့သို့ သူမရဲ့ နှလုံးခုန်သံများ မြန်ဆန်နေသည်။
လှေကားမှဆင်းပြီးနောက်၊ ယဲ့အန်းသည် ရှဲ့ရှောကို တွေ့ရန် အမြန်ပြေးလာခဲ့သော ကျုံးဖူကို ဥယျာဉ်ထဲတွင် တွေ့လိုက်ရသည်။ ထိုလူသည် အလျင်အမြန် လမ်းလျှောက်လာရင်း စာရွက်စာတမ်းများကို ကိုင်ဆောင်ထားဆဲဖြစ်သည်။
"ဥက္ကဌ ရှဲ့"
သူက ရှဲ့ရှောကို နှုတ်ဆက်ပြီးနောက် ယဲ့အန်း ဘက်သို့ လှည့်လိုက်သည်။ "သခင်မလေး။"
ယဲ့အန်းက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
ကျုံးဖူက ကားတံခါးကိုဖွင့်လိုက်သည်။ ယဲ့အန်းက သူတို့စီးပွားရေးကိစ္စများကို ဆွေးနွေးရန် နောက်ထိုင်ခုံတွင် အတူထိုင်ချင်မည် ထင်သည့်အတွက် သူမက ရှဲ့ရှောကို လွှတ်လိုက်ပြီး ရှေ့ဖက်မှခရီးသည်ဖက်ခြမ်း ထိုင်ခုံဆီ ဦးတည်သွားခဲ့သည်။
သို့သော်လည်း သူမ မထိုင်သေးမီ ကျုံးဖူက သူမဆီသို့ ချဉ်းကပ်လာပြီး ပြောသည်။"သခင်မလေး၊ ဥက္ကဌ ရှဲ့က သခင်မလေးကို နောက်မှာ သူနဲ့အတူထိုင်စေချင်တယ်"
ယဲ့အန်းသည် ခဏမျှ အေးခဲသွားပြီး ရှေ့ခရီးသည် ထိုင်ခုံမှ ဆင်းကာ နောက်ဘက်သို့ ရွှေ့လိုက်သည်။
ရှဲ့ရှောသည် သူမ ထိုင်ရန် ပြင်နေစဉ် သူမ၏ ရင်းနှီးသောရနံ့ကို ရလိုက်ပြီး စာရွက်များကို သူမထံသို့ ဖြန့်ပေးလိုက်သည်။ “ဒါကိုဖတ်ပြပါ။”
“……”
နောက်ဆုံးတွင် ယဲ့အန်းသည် သူဘာကြောင့် သူမကို သူနှင့်နောက်တွင် အတူထိုင်စေချင်တာသလဲ နားလည်သွားသည်။ သူမသည် စာရွက်များကိုယူကာ လူသားစကင်နာတစ်ခု၏ အခန်းကဏ္ဍကို လျင်မြန်စွာ လက်ခံကျင့်သုံးခဲ့သည်။
ကျုံးဖူသည် privacy screen ကို မြှင့်တင်လိုက်ရာ နောက်ထိုင်ခုံတွင် နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ကံမကောင်းစွာပဲ၊ ကြည်နူးစရာကောင်းသော ခံစားချက်အနည်းငယ်မျှမရှိခဲ့ပေ။
—-
ဆေးရုံသို့ရောက်သောအခါ ယဲ့အန်းသည် အစီရင်ခံစာတစ်ခုလုံးကို ဖတ်ပြီးလုနီးပါးဖြစ်သည်။ သူမ၏ အာခံတွင်းသည် ခြောက်ကပ်နေပြီး လည်ချောင်းလည်းနာနေသည်။
ရှဲ့ရှောသည် တချိန်လုံး တိတ်ဆိတ်နေပြီး မျက်မှောင်ကြုတ်နေ၏။
ယဲ့အန်းသည် ရှဲ့ပိုင်ယန်နေထိုင်သည့် သီးသန့်နေရာသို့ လမ်းပြခေါ်သွားခဲ့သည်။ စိုးရိမ်ရသော အခြေအနေမဟုတ်တော့သော်လည်း သတိမရသေးပေ။
စောင့်ဆိုင်းနေသည့် နေရာတွင် လူလတ်ပိုင်း လူအများအပြားက တိုးတိုးတိတ်တိတ် အသံဖြင့် ပြောနေကြသည်။ သူတို့သည် ရှဲ့ မျိုးနွယ်၏ လူကြီးများ ဖြစ်ပုံရသည်။
ရှဲ့ယွိရန်မှာလည်း စိုးရိမ်သောအမူအရာဖြင့် ရှိနေသည်။
“ကိုကြီး” ရှဲ့ရှော ကိုမြင်ပြီးနောက် သူသည် ခပ်သွက်သွက် ရှေ့တိုးလာသည်။
အခြားသူများ အံ့သြသွားပုံရသည်။ မနှစ်တုန်းက ကားမတော်တဆမှု ဖြစ်ကတည်းက ရှဲ့ရှောသည် လူရှေ့သူရှေ့တွင် ပေါ်လာသည်မှာ ရှားပါးလွန်းလှသည်။
သူတို့သည် ရှဲ့ရှော၏ မျက်လုံးများကိုကြည့်ကာ သူအမှန်တကယ် မျက်စိကွယ်နေသည်ကို တွေ့လိုက်ရပြီး ထူးဆန်းသော အမူအရာများသည် သူတို့၏မျက်နှာများပေါ်တွင် ပေါ်လွင်သွားသည်။
" ရှဲ့ရှော ခုရက်ပိုင်း မင်းရဲ့ ကျန်းမာရေး ပိုကောင်းလာပြီလား" ခဏအကြာတွင် နူးညံ့သိမ်မွေ့သော အဘိုးအိုတစ်ဦး စကားကို အစပြုလာသည်။
ရှဲ့ရှော သည် သူ့အသံကို မှတ်မိပြီး ညင်သာစွာ တုံ့ပြန်သည်။ "ဦးလေး ကျန်း"
အခြားသူများကလည်း လိုက်၍ တယောက်ပြီး တယောက် နှုတ်ဆက်ကြသည်။
ရှဲ့ရှောသည် အခန်းထဲသို့မဝင်မီ နှုတ်ခွန်းဆက်စကားတစ်ခုစီကို တုံ့ပြန်ခဲ့သည်။ သူသည် မမြင်နိုင်သောကြောင့် ရှဲ့ယွိရန် ပြောပြသောအခြေအနေကို နားထောင်ခဲ့သည်။ "လောလောဆယ်မှာ ဆိုးဆိုးရွားရွား အဆင်မပြေတာ မရှိပါဘူးလို့ ဆရာဝန်က ပြောတယ်၊ ဒါပေမယ့် သူပြန်ကောင်းလာဖို့ လိုအပ်ပြီး စောင့်ကြည့်ဖို့ ဆေးရုံမှာ ဆက်ရှိနေရင် အကောင်းဆုံးဖြစ်မှာပါ။"
ငြင်းခုံနေသကဲ့သို့ အပြင်မှ အသံများစွာကို ကြားနေရသည်။
ရှဲ့ရှောက မျက်မှောင်ကြုတ်ပြီး ရှဲ့ယွိရန်ကို ပြောလိုက်သည်။ “မင်းဒီမှာနေပြီးတော့ သူ့ကို ဂရုစိုက်ပါ။ ငါ သူတို့နဲ့ ကုမ္မဏီကိုပြန်လိုက်မယ်"
၎င်းကိုကြား၍ ရှဲ့ယွိရန်၏ မျက်နှာတွင် အံ့အားသင့်သောအရိပ်အမြွက်ပြသွားသည်။ ထိတ်လန့်သွားသော်လည်း “ကောင်းပါပြီ” ဟု ပြန်ဖြေသည်။
ရှဲ့ရှောသည် အခန်းထဲမှ ထွက်လာပြီး ရှဲ့ မျိုးနွယ်စု အကြီးအကဲများသည် ၎င်းတို့၏ ငြင်းခုံမှုကို ချက်ချင်းရပ်လိုက်သည်။
လေထုသည် ရုတ်တရတ် တင်းမာလာသည်။
ရှဲ့ရှောသည် လူမြင်ကွင်းတွင် အချိန်အတော်ကြာ ပေါ်မလာခဲ့သော်လည်း သူ၏ လွှမ်းမိုးမှုမှာ ရှိနေသေးသည်။ ယဲ့အန်းသည် သူ့ဘေး၌ ရပ်နေချိန်တွင် လူတိုင်း၏ ကြောက်ရွံ့မှုကို ခံစားနိုင်သည်။
ထိုအဖွဲ့သည် ဆေးရုံမှ ထွက်ကာ ကျွင်းမင် Group ၏ ဌာနချုပ်သို့ ပြန်သွားကြသည်။
ကားပေါ်တက်ပြီးနောက် ရှဲ့ရှောသည် သူ့လက်ချောင်းများကို ချိတ်ပြီး သားရေထိုင်ခုံကို မှီကာ မျက်လုံးများကိုမှိတ်ထားသည်။ သူအနားယူနေပုံရပြီး တစ်ခုခုကို တွေးတောနေသေးပုံရသည်။
ဤသည်မှာ ယဲ့အန်းသည် မိသားစုအရေးအရာကို ပထမဆုံးအကြိမ် လူကိုယ်တိုင် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ သူမသည် အနည်းငယ် စိတ်လှုပ်ရှားနေပြီး သူမ၏ နဂိုက ကျယ်လောင်သော ပင်ကိုယ်စရိုက်မှာ ငြိမ်သက်သွားသည်။ ခြေထောက်များကို ယှက်ကာ လက်ချောင်းများကိုချိတ်လျက်ဖြင့် ကျကျနန ထိုင်နေသည်။
ရှဲ့ရှောသည် သူမအား ရှဲ့ပိုင်ယန်ကို ပြုစုစောင့်ရှောက်ရန် ဆေးရုံတွင် နေခိုင်းမည်ဟု မူလက သူမထင်ခဲ့သော်လည်း ကျန်ခဲ့ရန် ရှဲ့ယွိရန်ကို မထင်မှတ်ပဲ ရွေးချယ်ခဲ့ပြီး သူမကို ကုမ္ပဏီသို့ ခေါ်သွားခဲ့သည်။
သူမသည် ဘာကိုမှ နားမလည်နိုင်လို့လား? ငြိမ်ငြိမ်လေးထိုင်နေပြီး လှလှလေးနေပေးရမည်လား။
သို့သော် သူမ ဘယ်လိုပုံစံလဲဆိုတာကို သူ မမြင်နိုင်ပါချေ။
ကားသည် တိတ်ဆိတ်နေပြီး လေထုက လေးလံနေသည်။ သူ့လက်က မတော်တဆချော်သွားပြီး သူ့ပေါင်ကို ထိသွားသည်။
ထိုလူသည် မျက်လုံးများကိုဖွင့်ကာ သူ့မျက်လုံးနက်နက်များနှင့် ထူထဲသောမျက်တောင်များဖြင့် ဘေးကိုကြည့်နေသည်။
ယဲ့အန်း - “…”
ယဲ့အန်း၏ သနားစရာကောင်းသော နှလုံးသားလေးသည် တုန်လှုပ်နေပြီး သူမ၏လက်ကို အမြန်ပြန်ရုတ်ကာ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ရန် ကြိုးပမ်းသည်။
အိမ်ထောင်ကျသည်မှာ ကြာပြီဖြစ်သော်လည်း သူ့ရှေ့တွင် တစ်ခါမျှ အားနည်းသည်ဟု မခံစားခဲ့ဖူးချေ။ သူမသည် ကောင်းကင်နတ်ဘုရားမမှ တုန်လှုပ်နေသော ယုန်ဖြူလေးအဖြစ်သို့ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
ရှဲ့ရှောသည် ခဏမျှစောင့်ခဲ့ပြီး သူမစကားမဆုံးခင်တွင် သူကမေးလိုက်သည်။"ဘာကိစ္စရှိလို့လဲ?"
ယဲ့အန်းက သူမ၏ခေါင်းကို တရကြမ်း ခါယမ်းလိုက်သော်လည်း ချက်ချင်းပင် သူမကို မမြင်နိုင်မှန်း တွေးလိုက်မိသည်။
သူမသည် စိတ်တည်ငြိမ်အောင်ကြိုးစားပြီး မေးလိုက်သည်။ “ရှင် အစည်းအဝေးလုပ်ဖို့ ကုမ္ပဏီကို ပြန်နေတာလား”
ရှဲ့ရှောက ခပ်ပေါ့ပေါ့သာ “ အင်း ”ဟု ပြန်ဖြေသည်။
ယဲ့အန်းသည် မူလက “ဒါဆို ကျွန်မ စောစောပြန်သင့်လား” လို့ ပြောလိုက်ချင်သော်လည်း ၎င်းကို တွေးကြည့်လိုက်ပြီး မလိုအပ်ဘူးလို့ ခံစားလိုက်ရသည်။ သူမကို ပြန်စေချင်လျှင် သူမကို ပြောလိမ့်မည်။ သူမလုပ်ရမည်မှာ သူပြောသလို လိုက်လုပ်ရန်သာလိုသည်။
ယဲ့အန်းက ကျန်ခရီးစဉ်တစ်လျောက်တွင် ဘာမျှထပ်၍ မပြောတော့ချေ။
နွေရာသီအစောပိုင်း အပူလှိုင်းသည် တစ်ဖက်တစ်ချက်စီတွင် မိုးမျှော်တိုက်များဖြင့် လူစည်ကားသောလမ်းများတစ်လျှောက် ဖြတ်ကျော်သွားသည်။
နေရောင်ခြည်သည် ထောင့်ဖြတ်ကျဆင်းပြီး ကား၏အရောင်သည် အလင်းရောင်ကို အရောင်ပြန်စေသည်။ နောက်ဆုံးတွင် ကျွင်းမင် Group ၏ဥက္ကဌအတွက် ကိုယ်ပိုင်ကားဂိုဒေါင်တွင် ရပ်တန့်သွားခဲ့သည်။
ကျုံးဖူ တံခါးဖွင့်လိုက်သည်။ သူမ၏ ဒေါက်မြင့်ဖိနပ်များသည် မြေပြင်ပေါ်သို့ သက်ဆင်းလာပြီး ယဲ့အန်းသည် ရှဲ့ရှောကို ကူညီရန် ကားထဲမှ ထွက်လာခဲ့သည်။
ထိုလူသည် ကားပေါ်မှ ဆင်းလာကာ သူ၏ပုံပန်းသဏ္ဌာန်သည် အရပ်မြင့်မြင့်ဖြင့် ဖြောင့်စင်းစွာ ထင်ပေါ်နေသည်။ ပထမအကြည့်တစ်ချက်တွင်၊ တစ်စုံတစ်ယောက်သည် သူ၏အရိုးများအတွင်း နက်ရှိုင်းစွာ မြှုပ်နှံထားသည့် စွမ်းအားကြီးမားသော ကိုယ်ရောင်ကိုယ်ဝါကို ချက်ချင်းတွေ့ရှိနိုင်သည်။
ယဲ့အန်းသည် သူ့လက်မောင်းကို ကိုင်ကာ အထဲသို့ လမ်းညွှန်ခေါ်ဆောင်သွားသည်။
အတွင်းတွင် ယုန်တစ်ကောင်ကဲ့သို့ ကြောက်ရွံ့နေသော်လည်း သူမ၏အသွင်အပြင်မှာ ကံကောင်းထောက်မစွာဖြင့် တောက်ပပြီး ဂုဏ်သိက္ခာရှိနေသည်။ မွန်မြတ်သော ကိုယ်ဟန်အနေအထားနှင့် သူမ၏ ခါးတည့်တည့်ဖြင့် သူမ၏စိတ်ကို ထိန်းထားနိုင်ခဲ့သည်။
ရုံးအဆောက် အအုံမှ အလုပ်သမားများသည် သူတို့ရောက်ရှိလာသည်ကို အကြောင်းကြားမှု ရရှိခဲ့သဖြင့် အလုပ်ခွင်မှာ ကမောက်ကမ ဖြစ်ကုန်သည်။
"ဒင်း"ဟုမြည်သံဖြင့် အမှုဆောင်များ၏ ဓာတ်လှေကားတံခါးမှာ ပွင့်လာသည်။
လူတစ်စုသည် ခမ်းနားသောပုံစံဖြင့် အစည်းအဝေးခန်းထဲသို့ ဝင်သွားကြသည်။
အစည်းအဝေးခန်းတွင် ကြီးမားသော screenကို ဖွင့်ထားသည်။ ကြမ်းပြင်မှ မျက်နှာကြက်အထိ ပြတင်းပေါက်များသည် သဘာဝနေရောင်ကို ဝင်စေပြီး အောက်ဖက်ရှိ ကျန်သောမြို့ကို မြင်နိုင်သည်။
အလယ်တွင် ကွန်ဖရင့်စားပွဲရှည်ကြီးတစ်ခုရှိပြီး လက်ထောက်အများအပြားက ကုလားထိုင်များကို ဆွဲထုတ်ရန် ရှေ့တိုးလာကြသည်။
ယဲ့အန်းသည် စားပွဲရှေ့တွင် ထိုင်ရန် ရှဲ့ရှောကို တွဲကူပေးလိုက်သည်။ ထိုမှသာ အခြားသူများ အသီးသီး နေရာယူကြသည်။
စားပွဲရှေ့တွင် ကုလားထိုင်တစ်လုံးသာရှိသည်။ ယဲ့အန်းသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ရောက်ရှိနေမှုသည် မလိုအပ်ဟု ခံစားမိသောကြောင့် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူမ မထွက်သွားမီတွင် ကျုံးဖူက သူမအတွက် နောက်ထပ်ကုလားထိုင်တစ်ခုကို ဆွဲထုတ်ပေးလိုက်သည်။
ယဲ့အန်းသည် ထိုင်သင့် မထိုင်သင့် ဝေခွဲမရဖြစ်နေသည်။ သူမကို စူးစူးစိုက်စိုက်ကြည့်နေသော အကြည့်များစွာကို မြင်လိုက်ရပြီး ဖိအားက ဆယ်ဆတိုးလာသည်။
အတိတ်တွင် ရှဲ့ရှော ဘက်မှ နောက်ခံဇာတ်ကောင်အဖြစ် တိတ်တိတ်ဆိတ်ဆိတ်သာ ရပ်တည်ခဲ့ပြီး သူမကို ဒီလောက်အထိ အာရုံစိုက်ခြင်း မခံခဲ့ရချေ။
သို့သော်လည်း ယခုအခါ သူမသည် အလင်းရောင်ထဲတွင် ရပ်နေခဲ့သည်။ လူတိုင်း၏ အကြည့်များက သူမအပေါ်တွင် အာရုံစိုက်နေပြီး မှန်းဆနေကြသည်။
ရှဲ့ရှော၏ အိမ်ထောင်ရေးအား လူသိရှင်ကြားမထုတ်ဖော်ခဲ့သဖြင့် လက်ရှိလူများက သူမသည် အိမ်ရှင်မတစ်ဦးအဖြစ်သာ အခန်းကဏ္ဍရှိနေသည်ဟု ထင်မြင်ကြသည်။
သူမ ဘာကြောင့် ဒီလောက်အရေးကြီးသော အစည်းအဝေးတွင် ရောက်နေရတာလဲ။
ယဲ့အန်း၏ စိုးရိမ်ပူပန်မှုသည် တစ်ချိန်လုံး မြင့်မားနေခဲ့သည်။ လူသားများသည် အရှုံးမပေးမီ စက္ကန့်အနည်းငယ်မျှသာ ကောင်းကင်ကို တိုက်ခိုက်နိုင်သည်။
သူမက ရှဲ့ရှော၏ နားကိုကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။ "ကျွန်မ ရှင့်ကို အပြင်မှာစောင့်ရမလား?"
သူမ၏ နွေးထွေးသော အသက်ရှုသံများက သူ့နားထဲသို့ ဝင်ရောက်လာမှသာ ရှဲ့ရှောသည် သူမ ရောက်ရှိနေခြင်းကို မှတ်မိပုံရသည်။ ခေတ္တမျှ တိတ်တဆိတ်ရပ်လိုက်ပြီး ကျုံးဖူကို တိတ်တဆိတ် ပြောလိုက်သည်။ " Madam ကို ဧည့်ခန်းထဲ ခေါ်သွားပါ "
ကျုံးဖူ က ခေါင်းညိတ်ပြီး ဧည့်ခန်းသို့ ခေါ်ဆောင်သွားသည်။ သူမ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အတွင်းရေးမှူးတစ်ယောက်ကို စီစဉ်ပေးပြီး အစည်းအဝေးခန်းသို့ ပြန်သွားသည်။
ယဲ့အန်းသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ သူမ၏ တစ်ကိုယ်လုံး ပြေလျော့သွားသည်ကို ခံစားလိုက်ရသည်။
ခဲတံစကတ်ကို ၀တ်ထားသည့် အတွင်းရေးမှူးက လတ်လတ်ဆတ်ဆတ် ဖျော်ထားသော လက်ဖက်ခွက်ကို သူမရှေ့တွင် ချပေးလိုက်ပြီး သူမကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
အမျိုးသမီးများနှင့် အဆက်အဆံ မပြုသည့်အတွက် နာမည်ကြီးသော ဥက္ကဌ ရှဲ့သည် ရုတ်တရက် လက်ထပ်သွားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ချေ။
ဤသည်မှာ ကုမ္ပဏီတွင် နံပါတ်တစ် အတင်းအဖျင်းစကားဖြစ်သည်။
ယဲ့အန်းသည် သူမအား လူများစောင့်ကြည့်နေခြင်းကိုအသားမကျသည့်အတွက် သူမသည် ရှဲ့ရှော၏ ဂရုမစိုက်သောစကားပြောပုံကို အတုယူကာ “အလုပ်သွားပြန်လုပ်။ ကျွန်မဘာသာ ခဏထိုင်နေဦးမယ်။"
"သခင်မလေး တစ်ခုခုလိုအပ်ရင် ဖုန်းဆက်လိုက်ပါ" အတွင်းရေးမှုးသည် သူမ၏ စူးစမ်းလိုစိတ်ကို နှိမ့်ချကာ ထွက်ခွာမသွားမီ ယဉ်ကျေးစွာ ပြုံးပြသည်။
ယဲ့အန်းသည် နောက်ဆုံးတွင် အပြည့်အဝ အနားယူနိုင်ခဲ့သည်။ ဖုန်းကို မထုတ်ခင် သူ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာသည်။
တစ်ချိန်တည်းမှာပင် အထပ်တိုင်း၌ အခန်းတိုင်းတွင် ဝက်ဝက်ကွဲနေ သည်။
"ဟေး ၊ ဥက္ကဌ ရှဲ့ ပြန်လာတာကို မင်းမြင်လိုက်လား!"
"ငါ သူ့ကို မြင်ပြီး ငါ သွေးလေခြောက်ခြားနေတယ် ထင်တယ်!"
“ရှင်းရှင်းလင်းလင်းပြော။ ဘယ် ဥက္ကဌ ရှဲ့ လဲ?"
"အရင်က ဥက္ကဌ ရှဲ့ ၊ ဥက္ကဌ ရှဲ့ အငယ်မဟုတ်ဘူး။"
"မင်းနောက်နေတာလား? အဲဒီလူက ကားမှောက်ပြီးဒုက္ခိတ ဖြစ်သွားတာ မဟုတ်လား”
"ဒီကောလဟာလကို ဘယ်မှာကြားတာလဲ။ အဲ့ဒါမမှန်ဘူး။ သူ ဒီလောက်ကြာကြာ ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းက မျက်စိကွယ်သွားပြီး ပြန်လည်ကောင်းမွန်လာတာကြောင့်လို့ ငါ ကြားတယ်။”
"သူက ကုမ္ပဏီကို မျက်စိမမြင်ပဲ လည်ပတ်နိုင်မှာလား"
"သူ သက်သာသွားပြီလား! အရမ်းဝေးနေတော့ သေချာမပြောနိုင်ဘူး။”
“ဥက္ကဌ ရှဲ့ အနားမှာ အမျိုးသမီးတစ်ဦးကို တွေ့ခဲ့တယ်။ သူက ငါတို့ရဲ့ အမျိုးသမီး ဥက္ကဌလား။"
"မဖြစ်နိုင်ဘူး မလား? ဥက္ကဌ ရှဲ့ လက်ထပ်တာ တခါမှ မကြားဖူးဘူး။”
" ဥက္ကဌ ရှဲ့ က တစ်စုံတစ်ယောက်ကို လက်ထပ်ရင် မင်းကို အကြောင်းကြားရမှာလား။ မတုံးစမ်းနဲ့!"
“ဘာပဲဖြစ်ဖြစ် သူတို့မှာ ရိုးရိုးရှင်းရှင်း ဆက်ဆံရေးရှိတယ်လို့ ကျွန်တော် မထင်ဘူး။ ဥက္ကဌ ရှဲ့ ကုမ္ပဏီကို အမျိုးသမီးတစ်ဦး ခေါ်လာတာ မြင်ဖူးလား။ သူတို့က လက်ဆွဲထားပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံကြတယ်”
"ဒါဆို အခြေအနေက ဘယ်လိုလဲ။ ဘယ်သူက လိုက်ရှာမှာလဲ။”
—-
ဧည့်ခန်းထဲတွင် ဘာအသံမျှ မကြားရချေ။
ယဲ့အန်းသည် ဖုန်းကို လက်ထဲတွင် ကိုင်ထားသော်လည်း ၎င်းကို ဆော့ကစားရန် စိတ်မ၀င်စားနိုင်။ ရှဲ့ပိုင်ယန်၏ အခြေအနေကြောင့် သူမ စိတ်ပူနေပြီဖြစ်သော်လည်း ရှဲ့ရှော၏ အစည်းအဝေးသည် မည်သို့ဖြစ်မည်ကို သူမပို၍ပင် စိုးရိမ်နေမိသည်။
သူ မမြင်နိုင်တော့ပြီဖြစ်၍ ထိုအစည်းအဝေးတွင် စိတ်ကူးယဉ်စေ့ဆော်မှုရှိသူတိုင်းကို သူမည်သို့မြင်နိုင်မည်နည်း။
ရှဲ့ပိုင်ယန်လည်း ဖျားနေပြီ။ သူသာဆိုရင်…
သူ့ဖုန်းက ရုတ်တရက် အသံမြည်လာသဖြင့် သူမ၏ လွင့်မျောနေသော အတွေးများကို အနှောင့်အယှက်ဖြစ်သွားသည်။
သူမ အမြန်ကြည့်လိုက်ပြီးနောက် အေးခဲသွားသည်။
စခရင်ပေါ်တွင် ရှားပါးအမည်တစ်ခု ပေါ်လာခဲ့သည်။
အမေ။