Chapter 9
Viewers 1k

🌌 Chapter 9




ကြယ်နက်ဝေါ့ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုမှု၏ ပူပြင်းနေမှုက ကောင်းကင်ကို တောက်လောင်တော့မည့် မီးရှုးမီးပန်းများအလားပင်။  သို့သော် ဤကဲ့သို့ ခေတ်နောက်ကျနေသည့် ကျက်တီးကြယ်တွင်ပင် တစ်ယူသန်သော အမျိုးသမီးဇာ့ဂ်များစွာက ပျက်စီးယိုယွင်းနေသော လမ်းမထက်တွင် ပြည့်ကျပ်နေသေးသည်။ သူတို့နှလုံးသားထဲမှ ချစ်ခင် မြတ်နိုးရသည့် အမျိုးသားဇာ့ဂ်က ဆေးရုံထဲမှ တိတ်တိတ်လေး ထွက်လာခဲ့သည်ကို မသိကြပေ။


"ဒါက မင်းတို့ရဲ့ A အဆင့်အမျိုးသားကို ဆက်ဆံတဲ့ပုံစံလား..."


မျက်နှာဖြူဖျော့နေသည့် အမျိုးသမီးဇာ့ဂ်က ကြီးမားလှသည့် ဒဏ်ရာများနှင့် ခန္ဓာကိုယ်အနှံ့တွင် အမာရွတ်များ ရှိနေသေးသော်လည်း သူ့နာကျင်မှုကို ဂရုမစိုက်အားဘဲ ထပ်ပြောလိုက်သည်။ 

"ကျန်းရှူးက ဒဏ်ရာရနေသေးတယ်...ဒါပေမဲ့မင်းတို့က သူ့ကိုကောင်းကောင်း ဂရုမစိုက်ပေးခဲ့ဘူး သူသာတစ်ခုခုဖြစ်သွားခဲ့ရင်..."


သူနှင့် မျက်နှာချင်းဆိုင်တွင်မူ အသားဖြူဖြူနှင့်အနည်းငယ်ဝသော ဌာနမှူးရှိပေသည်။


ဌာနမှူးတွင် ကြင်နာတတ်သည့် မျက်နှာထားရှိပေသည်။ သူက အကောင်းဆုံးအရွယ်တွင် ရှိနေ၍ မျက်နှာက ကျန်းမာရေးကောင်းမွန်စွာ သွေးရောင်ပင်သန်းနေသေးသည်။ သူ့သွင်ပြင်က ရယ်ရွှင်ဖွယ်ကောင်းသည့် လာဘ်ကောင်လေးနှင့်ပင် အလားသဏ္ဍာန်တူနေသည်။


သို့သော် ထိုအခိုက်တွင် သူ၏သွေးရောင်သန်းနေသည့်မျက်နှာက ဖြူဆုတ်နေကာ ကြောက်ရွံ့မှုများနှင့်တင်းကြပ်နေပေသည်။


"တောင်းပန်ပါတယ် တောင်းပန်ပါတယ်..."

သူက အထပ်ထပ်အခါခါ တောင်းပန်လိုက်ကာ သူ့လက်က လက်ကိုင်ပဝါကို မြှောက်၍ သူ့မျက်နှာတွင်စီးကျနေသော ချွေးအေးများကို တုန်တုန်ယင်ယင်နှင့်သုတ်လိုက်သည်။

"ဒါက ကျွန်တော်တို့ဆေးရုံရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာပါ...ကျွန်တော်တို့တာဝန်ခံပါ့မယ်...စုန့်လူကြီးမင်းကို စောင့်ရှောက်ရတဲ့ အမျိုးသမီးက လူသစ်လေးမို့လို့ ဒီကစည်းကမ်းတွေကို သေချာနားမလည်သေးတာပါ..."


ဝမ်ကော၏ အေးစက်ပြီး ခက်ထန်နေသည့် အကြည့်က နေရာတွင်ရှိသော အမျိုးသမီးများကို ဝေ့ကြည့်လိုက်သည်။


သူကစစ်မြေပြင်တွင် အချိန်အတော်ကြာ ကုန်ဆုံးခဲ့ပြီး သူ၏စစ်တပ်ကျွမ်းကျင်မှုများဖြင့် သူ့လမ်းသူဖောက်ကာ အထက်သို့တက်ခဲ့ပေသည်။ သူသာ တမင်တကာ သူ့ခွန်အားများကို မထိန်းချုပ်ခဲ့လျှင် သာမာန်အမျိုးသမီးဇာ့ဂ်များပင် မသက်မသာခံစားရလိမ့်မည် ဖြစ်သည်။


ထို့ပြင် အမျိုးသမီးဇာ့ဂ်များနှင့်ယှဥ်ပါက ဤနေရာတွင် ပို၍အားနည်းသော အဆင့်နိမ့်အမျိုးသမီးများ၏ အရေအတွက်ကပိုများပေသည်။


စစ်တပ်မှ အမျိုးသမီးဇာ့ဂ်၏ဖိအားက အခန်းတွင်းတွင်ရှိသော အဆင့်နိမ့်အမျိုးသမီးအားလုံး၏ ခေါင်းများကို ငုံ့သွားစေသည်။ သူ့အားမော့ကြည့်ရန်ပင် မတတ်နိုင်ပေ။


အဆင့်နိမ့်အမျိုးသမီးများထဲမှ ထူးထူးခြားခြား မျက်နှာဖြူဖျော့နေကာ ထောင့်တွင်ရပ်နေသည့် အဆင့်နိမ့်အမျိုးသမီးတစ်ယောက်က ကြောက်ရွံ့မှုများ ပေါက်ထွက်လာတော့သည်။

"ကျ ကျွန်မလည်း ဘာလို့မှန်းမသိဘူး...ရုတ်တရက်ကြီး အရမ်းအိပ်ချင်လာတာ...နိုး… နိုးလာတော့ လူကြီမင်းစုန့်က ပျောက်သွားပြီ..."


၎င်းက အတိအကျပင် စုန့်ကျန်းရှူး၏ စွမ်းရည်ဖြစ်သည်။


သူ၏စိတ်စွမ်းအားဖြင့် အခြားသူများအား စိတ်ညှို့ကာ အိပ်မောကျစေနိုင်ပေသည်။ ရုပ်ပိုင်းဆိုင်ရာခွန်အားသာမက စိတ်ပိုင်းဆိုင်ရာပါ အလွန်အမင်း နူးညံ့ထိခိုက်လွယ်သည့် အဆင့်နိမ့်အမျိုးသမီးများဆိုလျှင်ပို၍ပင် မခုခံနိုင်ကြပေ။


ဝမ်ကောက အဆင့်နိမ့်အမျိုးသမီးအား အေးစက်စက်ကြည့်လိုက်သည်။

"ကျန်းရှူးမှာသာ တစ်ခုခုဖြစ်သွားခဲ့ရင် မင်းမှာ အသက် ဆယ်သက်ရှိနေရင်တောင် ပြန်ပေးဆပ်ဖို့ မလုံလောက်ဘူး..."


ထိုသို့ပြောပြီးနောကိ အခန်းထဲရှိ အချင်းချင်းကြည့်နေကြသော အမျိုးသမီးများကို ချန်ထားရစ်လျက် လှည့်ထွက်ကာ ခြေလှမ်းကျဲကျဲဖြင့် အဝေးကို လျှောက်သွားသည်။


ဝမ်ကောက မကြာသေမီးကမှ ကိုမာမှ နိုးထလာရုံဖြစ်ကာ ဖြူဖျော့နေသည်။ သူ့ခန္ဓာကိုယ်တွင်းတွင် ဒဏ်ရာများက စုတ်ပြတ်နေပြီး နားယူရန်လိုအပ်နေသေးသည်။


သို့သော် မည်သူမှ သူ့လမ်းအား မပိတ်ရဲကြပေ။


ဝမ်ကော မြေအောက်ကားပါကင်ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။


စုန့်ကျန်းရှူးနှင့် စာချုပ်ချုပ်ပြီးနောက် သူ့စိတ်စွမ်းအားများက စုန့်ကျန်းရှုး၏ စိတ်စွမ်းအားနှင့် ချိတ်ဆက်သွားပေသည်။ ၎င်းက အမျိုးသားနှင့် သူ့အိမ်သူဘုရင်မ၏ သွေးစာချုပ်ကဲ့သို့ အလွန်ရင်းနှီးမှုမရှိသော်ငြား စုန့်ကျန်းရှူး၏ တည်နေရာအား သိရှိိိနိုင်ရန် လုံလောက်နေသေးသည်။


သူ့အာရုံခံစားမှုက စုန့်ကျန်းရှူး အလွန် ဘေးကင်းလုံခြုံနေသည်ဟု ပြောပြနေသည်။


သို့သော်ငြား သူအလွန် ကြောက်ရွံ့နေသေးသည်။ 

ငါသာအချိန်မီ နိုးမလာခဲ့ရင် ဘယ်လိုဖြစ်သွာမှာလဲ...စုန့်ကျန်းရှူး အန္တာရယ်ထဲ ရောက်နေရင် ဘယ်လိုလုပ်မလဲ…


သူ့ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး ကားပါကင်ထဲဝင်လာသောအခါ မနီးမဝေးမှ အလွန်ရင်းနှီးနေသည့်အသံအား ကြားလိုက်ရသည်။


"စုန့်ကျန်းရှူး မင်းက စကားပြောကောင်းတာပဲ...ဝမ်ကောကိုလက်ထပ်ပြီးတော့ မင်းဘာတွေလုပ်ခဲ့လဲ..."


စုန့်ကျန်းရှူး သူ့ခေါင်းကိုမော့ကာ နွေးထွေးပြီး ခိုင်မာသည့်အလင်းက သူ၏သန့်စင်နေသော အနက်ရောင်မျက်လုံးများထဲတွင် တောက်ပနေခဲ့သည်။

"သူ့ရဲ့ စစ်တပ်ထဲက အလုပ်ကို ငါမပိတ်ပင်ခဲ့ဘူးလေ... သူက စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ အမြဲအိပ်မက်မက်ခဲ့တာ သူ့အိပ်မက်ကို ငါကဘယ်လိုလုပ်တားဆီးနိုင်ပါ့မလဲ...တကယ်လို့ ငါ..."


"တကယ်လို့ အဲ့လိုလုပ်လို့ ငါ့ဂုဏ်သိက္ခာတွေထိခိုက်မယ်ဆိုရင်တောင် ငါတွန့်ဆုတ်နေမှာ မဟုတ်ဘူး..."


ကင်မရာက ထိုမြင်ကွင်းကို အတိအကျ ဖမ်းယူလိုက်ပြီး သူ့အားအနီးကပ် ရိုက်ပြလိုက်သည်။


စုန့်ကျန်းရှူးက ကြင်နာပြီး ရိုးသားဖြောင့်မတ်ပုံ ပေါ်နေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ပရိသတ်များက ရင်ထဲနက်နက်ရှိုင်းရှိုင်းမခံစားရဘဲ မနေနိုင်တော့ပေ။


"အိုးမိုင်ဂေါ့...ကမ္ဘာပေါ်မှာ အဲ့လိုလူမျိုး တကယ်ရှိနိုင်ပါ့မလား...သူက နတ်သားလေးများလား..."


"အဟင့် ရွှတ် ငါတကယ်ကြီး ငိုလိုက်ချင်တယ် ငါ့သခင်သာ ဒီလိုမျိုးဆိုရင်..."


စုန့်ကျန်းရှူးက နွေးထွေးပြီး ကရုဏာတရားကြီးမားသည့်ပုံကို ထိန်းထားပြီး လင်းထံ သူ့လက်အား ဆန့်ထုတ်လိုက်သည်။

"လင်း ကိုယ်တောင်းပန်ပါတယ်...ကိုယ်မင်းကို မရှင်းပြခဲ့မိဘူး...ကျေးဇူးပြုပြီး ကိုယ့်ရဲ့ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါလား...တကယ်လို့ မင်း ကိုယ့်အပြုအမူတွေအတွက် အပြစ်တင်ချင်တယ်ဆိုလည်း ကိုယ်တို့လက်ထပ်ပြီးတဲ့အခါကျရင် ကိုယ်မငြင်းပါဘူးကွာ..."


စုန့်ကျန်းရှူးက မချင့်မရဲ စိတ်ပျက်အားငယ်ပြီး အလွန်အမင်း စိတ်ထိခိုက်နေသည့် အမူအရာဖြင့် သူ့ခေါင်းအား ငုံ့ထားလိုက်သည်။


ထိုကဲ့သို့ အမူအရာလုပ်သည့်အချိန်တိုင်း လင်းက သူ ခက်ခဲနေလျှင်ပင် အကြောင်းပြချက်မရှိဘဲ သူ့အား ခွင့်လွှတ်ပေးလိမ့်မည်ပင်။


ထိုကဲ့သို့ စုန့်ကျန်းရူးအား အမျိုးသမီးအားလုံးက မငြင်းပယ်နိုင်ဟုပင် ပြောသင့်ပေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင်မူ ကွန့်မန့်များက စခရင်တစ်ခုလုံး ဖုံးမတတ် စုပြုံလာတော့သည်။


"မြန်မြန်လေး မြန်မြန်လေး…သူ့ကို ဖက်ထားပေးလိုက်...သူ့ကို မြန်မြန်ဖက်ထားဖို့ ငါမင်းကို အမိန့်ပေးတယ်..."


"ဗိုလ်မှူးကြီး...မင်းရက်စက်လို့မဖြစ်ဘူး..."


-------


လင်းက စုန့်ကျန်းရှူးအား ခံစားချက်မရှိစွာ စိုက်ကြည့်လိုက်သည်။ အခြားတစ်ဖက်က သူ့ခေါင်းကို စိတ်ပျက်စွာငုံ့ထားပြီး သူ၏နူးညံ့ပြီး တောက်ပသော အနက်ရောင်ဆံပင်များက မှေးမှိန်နေပုံပေါ်သည်။


ပျင်းစရာကောင်းလိုက်တာ...


ယခင်က စုန့်ကျန်းရှူး စိတ်ဓါတ်ကျနေသည့်အချိန်တိုင်းတွင် လင်းက သူ့နှလုံးသား၏ အနူးညံ့ဆုံးအပိုင်းအား ဓားဖြင့် အထပ်ထပ် ထိုးခံနေရသကဲ့သို့ ခံစားရသည်။


ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို သည်းခံနိုင်လေ့ရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကိုကား မည်ကဲ့သို့ ခုခံရမည်ကိုမူ တစ်ခါမှပင် မလေ့လာဖူးပေ။


ထိုအချိန်တွင် သူမည်မျှအလုပ်ရှုပ်နေပါစေ သူ့လက်ထဲမှ အလုပ်များကို ပစ်ချထားခဲ့ပြီး စုန့်ကျန်းရှူး နောက်တစ်ဖန် ပျော်ရွှင်လာစေရန် ကိုးရိုးကားရားနှင့်ပင် ကြိုးစားခဲ့ပေသည်။


ဥပမာအားဖြင့် ထိုနေ့နံနက်က စုန့်ကျန်းရှူးပြောခဲ့သော အိမ်မွေးတိရစ္ဆာန်အားဝယ်နိုင်ရန်အတွက် ကြယ်သင်္ဘောကို မောင်းနှင်ကာ နဂါးငွေ့တန်းသုံးခုကို ခုန်ပေါက်ကျော်ဖြတ်ခဲ့သည်။


သို့သော် ယခုမူ ထိုကဲ့သို့သော စုန့်ကျန်းရှူးကို ကြည့်ပြီး သူ့နှလုံးသားက တည်ငြိမ်အေးဆေးနေသည်ကို သိလိုက်ရ၍ အနည်းငယ် အံ့သြသွားခဲ့သည်။


မဟုတ်ပေ။ ၎င်းအား တည်ငြိမ်အေးဆေးနေသည်ဟုသတ်မှတ်၍ မရပေ။ တည်ငြိမ်မှုထဲမှ တဖြည်ဖြည်းမြင့်တက်လာသည့် ငြီးငွေ့မှု အရိပ်အငွေ့ဖျော့ဖျော့လေးပါ ခံစားလိုက်ရသည်။ သူ အနှစ်သက်ဆုံးဖြစ်ခဲ့သည့် အနက်ရောင်ဆံပင်နှင့် အမျိုးသားက ယခု သူမကြိုက်သည့် တစ်စုံတစ်ရာ ဖြစ်လာခဲ့ပေသည်။


ထို့နောက် သူ့ကုတ်အင်္ကျီထောင့်စွန်းအား အနည်းငယ် ဆောင့်ဆွဲခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ 


ငုံကြည့်လိုက်ရာ အနက်ရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးများနှင့် အမျိုးသားက သူ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက ခြိမ်းခြောက်စွာ ပြောလိုက်သည်။

"မင်းက ငါ့မိန်းမဖြစ်နေပြီးသား..."


လင်း၏မျက်လုံးများက တစ်ဖက်မှ အနက်ရောင်ဆံပင် ကောက်ကောက်များထံ ရွေ့သွားသည်။


နံနက်ခင်း မထွက်ခွာလာမီက အမျိုးသားက မှန်ရှေ့တွင် ဆံပင်ဂျယ်ဘူးတစ်ဘူးဖြင့် မတ်တတ်ရပ်နေပြီး တစ်နာရီကျော်ကြာအောင် သူ့ဆံပင်များနှင့် ဒေါသတကြီး တိုက်ခိုက်နေခဲ့သည်ကို လင်း သတိရသွားသည်။


အဟွတ်...


အဲ့ဆံပင်လေးတွေကို တကယ်ကြီး ထိကြည့်ချင်လိုက်တာ...


"ငါမင်းကို ပြောနေတယ်လေ မင်းမကြားဘူးလား..."


"ကျွန်တော် နားလည်ပါပြီ သခင်..."

 

သူ့နှုတ်ခမ်းမှ အပြုံးကိုဖုံးကွယ်ရန် လင်းက လက်သီးဆုပ်ကာ ပါးစပ်နားသို့ထား၍ နူးညံ့စွာချောင်းဆိုးလိုက်သည်။


ကောင်းပြီ...ကြည့်ရတာ ငါ အနက်ရောင်ဆံပင်တွေကို မမုန်းဘူးပဲ...


သူက ယခု စုန့်ကျန်းရှုးကို မကြိုက်တော့ရုံသာဖြစ်သည်။


လင်း တစ်ဖက်လှည့်ကာ သူ့မျက်လုံးများက စုန့်ကျန်းရှူးထံရောက်သွားသည့်နှင့် သူ့မျက်နှာပေါ်မှ အပြုံးကပျောက်ကွယ်ကာ အေးစက်သွားသည်။


"စုန့်ကျန်းရှူး ဟန်ဆောင်မနေနဲ့တော့..."


သူ စိတ်ရှည်မှုများ ကုန်ဆုံးသွားပြီး စုန့်ကျန်းရှူးနှင့် ရန်ဖြစ်ရှုပ်ထွေး မနေချင်တော့ပေ။

"မင်းလုပ်တာနဲ့ လုမော့ကြားက ဘာကွာခြားတာတွေ ရှိနေလို့လဲ..."


စုန့်ကျန်းရှူး မျက်လုံးများ ပြူးကျယ်သွားသည်။

"မင်းအခု ကိုယ့်ကို သူနဲ့နှိုင်းလိုက်တာလား..."


အဲ့လို နိမ့်ကျတဲ့ အမျိုးသားနဲ့ ငါ့ကို ဘာလို့ နှိုင်းယဥ်ရဲတာလဲ...


သူကAအဆင့် အမျိုးသားဇာ့ဂ်တစ်ယောက်ဖြစ်သည်။


"ဘာက မင်းကို အဲ့လိုတွေးအောင် လုပ်လိုက်တာလဲ...မင်းက လုမော့နဲ့ ယှဥ်ဖို့တောင်မတန်ဘူး..."

လင်းက လှောင်လိုက်သည်။


"မင်းမေ့သွားပြီလား...ဝမ်ကောက ငါ့တပ်မှူး...မင်းက သူ့အလုပ်ကို မတားဘူးလို့ဘဲ အမြဲပြောနေတာ သူ့အတွက် မင်းလုပ်ပေးခဲ့ဖူးတာ ဘာရှိလို့လဲ..."


စုန့်ကျန်းရှူး သူ့ပါးစပ်အား ဖွင့်လိုက်သည်။

"ကိုယ်..."


"မင်း..."

လင်းသူ့အား ကြားဖြတ်ပြောလိုက်သည်။

"မင်းသူနဲ့သွေးစာချုပ် မချုပ်ခဲ့ဘဲ သူ့ကို A အဆင့်မှာဘဲ ထားထားတာလေ..."


စုန့်ကျန်းရှူး သူ့အား ငြင်းဆိုလိုက်သည်။

"ဒါပေမဲ့ သူ နဂိုက Aအဆင့်တောင် မရောက်နိုင်ခဲ့ဘူးလေ..."


လင်း သူ့မျက်ခုံးကိုပင့်ကာ ပြောလိုက်သည်။

"ဆိုတော့ သူက မင်းကို ကျေးဇူးတင်သင့်တာပေါ...သူနဲ့စာချုပ်ချုပ်ပေးခဲ့တဲ့ B အဆင့် အမျိုးသားကိုကျေးဇူးတင်ပါတယ်...နောက်ဆုံး သူ့ရဲ့အဖိုးတန်လှတဲ့ အရွယ်ရောက်ပြီးမှသာ အဆင့်တိုးဖို့ခွင့်ပြုခဲ့တဲ့ အမျိုးသားကိုပေါ့ ...သူ့အဆင့်က ကြီးကြီးမားမားတိုးလာသင့်တာ ဒါပေမဲ့မင်းကြောင့် နည်းနည်းပဲတိုးဖို့ ဆုံးဖြတ်ခဲ့တာ..."


စုန့်ကျန်းရှူး လျှာပင် ခလုတ်တိုက်သွားခဲ့သည်။

"မဟုတ်ဘူး အဲ့လိုမဟုတ်..."


"တော်လောက်ပြီ... ကိုယ် မင်းနဲ့ ဒီအကြောင်းမပြောချင်တော့ဘူး.. တစ်ယောက်က တိုက်ခိုက်ချင်နေတယ် နောက်တစ်ယောက်ကလည်း လိုလိုလားလား ခံစားဖို့ဆန္ဒတွေရှိနေတယ်...အဲ့ကိစ္စက ကိုယ်နဲ့ဘာဆိုင်လို့လဲ...:"


လင်းက စုန့်ကျန်းရှူးအား အပြုံးလေးတစ်ခုနှင့် ကြည့်လိုက်သော်လည်း သူ၏တောက်ပနေသော အနီရောင်မျက်ဝန်းများတွင်မူ ပြုံးနေသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။ သူ့အသံက နူးညံ့နေလျက်ပင်။

"စစ်တပ်ဌာနက ပေးထားတဲ့ ဝမ်ကောရဲ့လစာတိုင်း မင်းရဲ့အကောင့်ထဲ ရောက်သွားတယ်ဆိုတာ ငါဘာလို့ မှတ်မိနေပါလိမ့်..."


စုန့်ကျန်းရှူး မနေနိုင်စွာဖြင့် နောက်တစ်လှမ်း ဆုတ်လိုက်သည်။


လင်း၏မျက်နှာတွင် ပြုံးနေကျ အပြုံးလေးရှိနေသော်လည်း အချို့သော အကြောင်းပြချက်များကြောင့် သူ့နောက်ကျောမှ ကြက်သီးမွှေးညင်းများ ထသွားသည်။ မထူးခြားနား အမြဲနေခဲ့သည့် ငွေရောင်ဆံပင်နှင့် အမျိုးသမီးဇာ့ဂ်က အမှန်တကယ် ထိုမျှ အရပ်ရှည်ပြီး သန်မာလှသည်ကို ပထမဆုံးအကြိမ် ရှာတွေ့လိုက်ရသည်။


သူ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"အဲ့ဒါတွေက ဝမ်ကောက မရမကပြောထားလို့..."


လင်း သူ့ခေါင်းအားစောင်းလိုက်သည်။

"အိုး...ဆန္ဒအလျောက်ပေါ့..."


သူ့ကိုယ်သူ အကြောင်းပြချက် ရှာတွေ့သွားသည့်အလား စုန့်ကျန်းရှူး နောက်ဆုံးတွင် ယုံကြည်ချက်အချို့ရှိလာခဲ့သည်။ သူ လင်း၏မျက်နှာအား ကြည့်လိုက်ကာ အရူးအမူး မစွဲလမ်းဘဲ မနေနိုင်ပေ။


လင်းက ကြည့်ကောင်းသည်ကို သူ သိသော်လည်း အမှန်တကယ် ထိုမျှအထိ ကြည့်ကောင်းနေမည်ဟု တစ်ခါမျှပင် သဘောမပေါက်ခဲ့ပေ။


သူက အရိုင်းဆန်ပြီး ထိန်းချုပ်၍ မရနိုင်သည့် အန္တရယ်များလှသည့် ကျားသစ်တစ်ကောင်လိုပင်။ သူဆန္ဒရှိနေသည့် ကာလတစ်လျောက်လုံး ထိုကျားသစ်က သူ့ရှေ့တွင် နာနာခဲခံ လှဲလျောင်းကာ တုံ့ဆိုင်းမှုမရှိ သူ၏နူးညံ့အားနည်းလှသော ဝမ်းဗိုက်လေးအား ဖွင့်ဟ ဖော်ပြထားလိမ့်မည် ဖြစ်သည်။


ထိုအကြောင်း တွေးရုံလေးနှင့်ပင် သူ့တစ်ကိုယ်လုံးစိတ်လှုပ်ရှားမှုများဖြင့် တုန်ယင်လာခဲ့ပေသည်။


စုန့်ကျန်းရှူး မနေနိုင်ဘဲ ရှေ့တစ်လှမ်းတိုးကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။

"ဟုတ်တယ် သူဆန္ဒရှိရှိပေးခဲ့တာ...မင်းကိုယ့်ကို ပေးခဲ့တဲ့ ကားလိုပဲလေ...မင်းလည်း ဆန္ဒရှိခဲ့တာမဟုတ်ဘူးလား..."


"....."


လင်း သူ့အနီရောင်မျက်လုံးများကို မှေးကျဥ်းလိုက်သည်။ ကြီးမားလှသည့် မုန်တိုင်းတစ်ခုက ထိုမျက်ဝန်းများထဲတွင် တိုက်ခတ်နေလေပြီ။


သူ့မျက်ဝန်းများက နူးညံ့သထက် နူးညံ့လာပေသည်။ သူစကား တစ်ခွန်းပြောလိုက်တိုင်းတွင် ချစ်သူ၏ နားထဲသို့ တီးတိုးပြောနေသည့်အလား အသံတွင် ချစ်ခြင်းများပျော်ဝင်နေသည်။

"သေချာတာပေါ့..."


စုန့်ကျန်းရှူးက သူ့အား ရူးမိုက်စွာ ကြည့်နေခဲ့သည်။

"အင်း..."


စုန့်ကျန်းရှူးအား ကြည့်နေသည့် လင်း၏အကြည့်များက လူသေတစ်ယောက်အား ကြည့်နေသည့် အကြည့်နှင့် မကွာခြားပေ။


-------


ထိုမြင်ကွင်းအား ခြုံမြင်နေရသည့် ဝမ်ကောက စိုးရိမ်သောကရောက်နေပြီး ဖြစ်သည်။


သူက ဗိုလ်မှူးနှင့် အတူတူတိုက်ပွဲဝင်ဖူးပြီး လင်း၏ မျက်လုံးများထဲမှ ထိုအကြည့်အား အလွန်ပင်ရင်းနှီးနေပေသည်။


သူ ပထမဆုံးအကြိမ် မြင်သည့်အချိန်က လင်းက အခြားဂြိုလ်မှ သားရဲတိရစ္ဆာန် 3,000 အား သူတစ်ဦးတည်းနှင့် အပြတ်အသတ်အနိုင်ယူကာ သတ်ဖြတ်ခဲ့စဥ်က ဖြစ်သည်။

 

ဒုတိယအကြိမ်က လွန်ခဲ့သည့် ငါးနှစ်ကဖြစ်သည်။ လင်းက ဝမ်ကောအား ဖြတ်ကာ လမ်းလျောက်စွားစဥ်က ညအချိန်တွင်ပင် သူ့ခန္ဓာကိုယ်မှ သွေးရောင် အရောင်အဝါများ ပြင်းထန်နေခဲ့သည်။


နောက်တစ်နေ့တွင် စစ်တပ်မှ ခေါင်းဆောင်သုံးဦး လုပ်ကြံသတ်ဖြတ်ခံရသည်ဟု သတင်းထုတ်လွှင့်ခဲ့ပေသည်။


ပြီးလျှင် ယခုက တတိယအကြိမ်ပင် ဖြစ်သည်။


ထိုအခိုက် လင်းက သူ့ခါးမှ ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်ကို ဝမ်ကော ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ 


"မလုပ်နဲ့…"


သူ ထိုမျှအထိ လျင်မြန်စွာ လှုပ်ရှားနိုင်မည်ဟု ဝမ်ကော တခါမျှ မတွေးဖူးခဲ့ပေ။ အလင်းတစ်ချက်လက်သွားပြီး သူ့ကိုယ်ပိုင်ဓားအား ဆွဲထုတ်ကာ လင်းထံပစ်လိုက်သည်။


သို့သော် ထိုကဲ့သို့ လုပ်လိုက်လျှင်ပင် အလွန်နောက်ကျလွန်းသွားပြီး ဖြစ်သည်။


သူ့ဓားက လင်းအား ပွတ်ကာသီကာ ဖြတ်သွားပြီး ကားကိုယ်ထည်ထဲသို့ ခိုင်ခိုင်မာမာ စိုက်ဝင်သွားသည်အား ဝမ်ကောက မျှော်လင့်ချက်ပျက်သုဥ်းကာ စိတ်ပျက်အားငယ်စွာ ကြည့်နေခဲ့သည်။ 


စုန့်ကျန်းရှူး သေတော့မယ်...


ကွဲထွက်သွားသော ဝါးပင်ကဲ့သို့ ချွန်ထက်ပြီး ရှည်လျားသည့် ဓားက လေထဲတွင် အဖြူရောင်မျဥ်းတစ်ကြောင်းချန်ထားခဲ့ပြီး သတ်ဖြတ်ရန် ရည်ရွယ်ချက်များဖြင့် အရှေ့သို့ ထိုးဖောက်သွားခဲ့သည်။ ထိုးဖောက်လိုက်သည့်အသံက ကျယ်လောင်ပြတ်သားပြီး နားစည်များအား စူးရှသွားစေသည်။ သေခြင်း၏ နိမိတ်လိုပင်...


ဒန်…


ရှည်လျားလှသည့် ဓားက စုန့်ကျန်းရှူး၏ အင်္ကျီကော်လံရှိ ကျောက်မျက်အရိုင်းတုံးများကို ခွဲလိုက်ပြီး ဖုန်မှုန့်များအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားစေသည်။ သို့သော် စုန့်ကျန်းရှုး၏ လည်ပင်းတွင် ကွက်တိရပ်တန့်နေပြီး သွေးတစ်စက်လေးမျှပင် ထွက်လာခဲ့ပေ။


ဝမ်ကော မတ်တတ်ရပ်ရန်ပင် အားမရှိတော့ဘဲ ဒူးများ ညွှတ်ခွေကျသွားသည်။


လင်းက စုန့်ကျန်းရှူးအား သတ်တော့မည်ဟု သူသေချာလုနီးပါးပင်။ နောက်ဆုံးအခိုက်အတန့်တွင်မှ တစ်စုံတစ်ခုက သူ့စိတ်အား ပြောင်းလဲသွားစေပုံရသည်။


၎င်းက မဖြစ်နိုင်လုနီးပါးပင်။ စုန့်ကျန်းရှူးပင် ဗိုလ်မှူး၏ စရိုက်သဘာဝအား မပြောင်းလဲနိုင်ပေ။


သူ အကြောက်တရားများဖြင့် ပင့်သက်ရှိူက်လိုက်ကာ ငွေရောင်ဆံပင်နင့် အမျိုးသမီးဇာ့ဂ်အား ငေးကြည့်နေမိသည်။


အဲ့ဒီ အခိုက်အတန့်မှာ မင်း ဘာတွေများ တွေးနေခဲ့တာလဲ...


"ငါ့ရဲ့ထိန်းချုပ်နိုင်စွမ်းက ပိုကောင်းလာတာကို မင်းကျေးဇူးတင်သင့်တယ်..."


လင်း သူ့ဓါးအား ဓါးအိမ်ထဲပြန်ထည့်လိုက်သည်။

"ငါ အရင်ကလောက် စိတ်လိုက်မာန်ပါ မလုပ်တော့ဘူး..."


ထိုအချိန်မှသာ စုန့်ကျန်းရှူး သူသေလုနီးပါး ဖြစ်သွားသည်ကို သဘောပေါက်လိုက်သည်။


 á€žá€°á€ˇá€á€”á€šá€“á€Źá€€á€­á€Żá€šá€şá€á€…á€şá€á€Żá€œá€Żá€śá€¸ တသိမ့်သိမ့် တုန်ယင်လာလျက် နံရံအား မှီကာ လျှောကျသွားသည်။


လင်း သူ့အား ငုံ့ကြည့်လိုက်ကာ နူးနူးညံ့ညံ့အသံဖြင့်

"ဒါပေမဲ့ အနာဂတ်ကျရင် ငါ့ကို ရန်မစဖို့ မင်းကိုအကြံပေးချင်တယ်...ငါ အချိန်တိုင်း မထိန်းချုပ်နိုင်ဘူးလေ..."


-------------------------


သူ့ရှေ့တွင် မည်သည့်အရာများဖြစ်ပျက်သွားသည်ကို လုမော့ကြက်သေသေကာ စိုက်ကြည့်နေမိသည်။


အချိန်ခဏလေးအတွင်း အများကြီး ဖြစ်ပျက်သွားသည်ကြောင့် တုံ့ပြန်နိုင်ရန် ခက်ခဲနေသည်။


သူ့အသားအရေအရောင်က အလွန်မကောင်းပုံပေါ်သည်။ လင်းက သူ့ဘက်လှည့်လာသည့်အခါ စိတ်ရှုပ်ထွေးမှုက သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားခဲ့သည်။

"သခင်..."


"မကြောက်ပါနဲ့ ဒါက ဒီတိုင်း မတော်တဆလေး..."


"ကျွန်တော် သခင့်ကို ခြောက်မိသွားတာလား..."


သူ့မျက်လုံးများထဲတွင် နက်မှောင်ပြီး မှုန်မှိုင်းနေသည့် အလင်းတစ်ခု ရှိနေခဲ့သည်။


သူသိခဲ့ပါက ပို၍ ဂရုတစိုက် ပြုမူပေလိမ့်မည်။ သိသာထင်ရှားစွာပင် စုန့်ကျန်းရှူးအား အစပင်ရှာမရစေရန် လုပ်နိုင်သည့် ပို၍ လိမ္မာပါးနပ်သည့်နည်းလမ်းများ များစွာရှိပေသည်။


"သခင် ကျွန်တော်..."


"ငါ့ကား…"


လုမော့ ဆက်မထိန်းနိုင်တော့ပေ။ သူ၏ သူငယ်ချင်းဟောင်းကြီးအား ဖက်လျက် နှလုံးသားထဲသို့ ဓါးနှင့်မွှေနေသည့်အလား နာကျင်မှုများဖြင့် အော်ဟစ်လိုက်သည်။


"ငါ့ကားလေး အားးးးး…"


ဓားက သူဝင်နိုင်သမျှ နက်နက်ထိ ကားကိုယ်ထည်သို့ ခိုင်မာစွာ စိုက်ဝင်နေသည်။ ကွဲအက်လျက် ပင့်ကူအိမ်များကဲ့သို့ အက်ကြောင်းရာများက ကား၏ထိခိုက်ပျက်စီးမှု အတိုင်းအတာကို ပြသနေသည်။


လင်း : "...."


ဝမ်ကော : "...."


စုန့်ကျန်းရှူး : "...."


လုမော့ ကျယ်လောင်စွာ အော်ငိုချင်သွားသည်။


မြို့တံခါးက မီးတောက်များဖြင့် လောင်ကျွမ်းလျက် ရေကန်ထဲကငါးများကိုလည်း သတ်ဖြတ်ပစ်လိုက်သည်။


( T/N -နောက်ဆုံးအကြောင်းက စကားပုံလိုမျိုး တင်စားပြောတာ ထင်ပါတယ်)



🌌🌌🌌