Chapter 17
Viewers 14k

🌌Chapter 17



လုမော့က အခန်းထဲသို့ ပြေးဝင်လိုက်ပြီး နူးညံ့သောမွေ့ယာထဲသို့ ခေါင်းနှစ်လိုက်၏။


စနစ်က သူ့ကို အသက်မပါစွာ နှစ်သိမ့်၏။

[မင်းရဲ့ အရှိန်က မလုံလောက်ပေမယ့်... အနည်းဆုံးတော့ ပြောရမယ့်စကားကို ပြောခဲ့တယ်လေ...]


သူက မာနကြီးသူဟုထင်ရသော်လည်း ဤသည်က လှည့်ပတ်ပြေးနေခြင်းထက် ပိုကောင်းသည်။


လုမော့က အသံအုပ်အုပ်ဖြင့် မေးလိုက်၏။

[လင်းက ဒီနေ့ ငါ့ကို ပိုမုန်းနေသလား... ]


စနစ်က ပြန်ပြောရန် အောင့်မနိုင်တော့ချေ။

[နည်းနည်းတော့ ဖြစ်နိုင်ပါတယ်...]


"ငါ နားမလည်ဘူး..."


လုမော့က ကုတင်ကို လက်သီးဖြင့် ထုပြီး ထထိုင်ကာ ဒေါသတကြီး ပြောလိုက်၏။

"ငါက သူ့အတွက် လုံလောက်အောင်မဆိုးဘူး မဟုတ်လား..."


"ငါ သူ့ကိုအတင်းဆွဲခေါ်သွားခဲ့တယ်လေ...ငါ သူ့ရဲ့ လရောင်ဖြူလေးကို ရိုက်ခဲ့တယ်...ငါ သူ့ကို ခြိမ်းခြောက်ခဲ့တယ်...သူ့ကို အသုံးချခဲ့တာ....ငါက အဝတ်မပါတဲ့ လူယုတ်မာတစ်ယောက်လိုပဲ...”


"ဒါနဲ့ မလုံလောက်ဘူး...ငါက သူ့ကို ဥချစက်တစ်ခုလိုတောင် တွေးခဲ့သေးတာ...အခါတစ်ရာ၊ အခါတစ်ရာတောင်...မင်းရော အဲ့ဒါကို ယုံလား..." 

လုမော့က လေအေးများရှုရှိုက်ပြီး တွေးရင်း ရင်မောသွားသည်။ 

"ကောင်းလိုက်တဲ့ကောင်းကင်ဘုံကြီး...အဲဒီတုန်းက ကိုယ့်ကိုယ်ကို အထင်ကြီးမိတယ်..ဒီစကားလုံးတွေက ပညာရှိရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ..."


စနစ်က ထပ်ခါတလဲလဲ သဘောတူညီခဲ့၏။

[ဒါက မှန်တာပေါ့...မှန်တာပေါ့...]


လုမော့က အမူအရာကင်းမဲ့သော မျက်နှာဖြင့် မေးလိုက်၏။

"ဒါဆို ပြဿနာက ဘယ်မှာရှိလဲ မင်း ငါ့ကို ပြောပြပါဦး..."


[...ဖြစ်နိုင်တာက...သူက အခွင့်အရေးကို စောင့်နေတုန်းပဲ... ]

စနစ်က သေသေချာချာ ခွဲခြမ်းစိတ်ဖြာ၍ ပြောလိုက်သည်။

[သူက စစ်တပ်ကဗိုလ်မှူးပဲ... သာမန်လူတွေ သည်းမခံနိုင်တာကို သူက ခံနိုင်လိမ့်မယ်...]


လုမော့က မျက်ခုံးပင့်လိုက်၏။

"သူ့ကို စုန့်ကျန်းရှူးနဲ့ ဘယ်တော့မှ မနေခိုင်းရင်တောင်လား..."


စနစ် [ဟုတ်တယ်...]


လုမော့က ခဏတာ ငြိမ်သက်စွာ တွေးတောပြီး မေးစေ့ကို ညှစ်လိုက်သည်။


အစပိုင်းတွင် လေးလေးနက်နက် မစဉ်းစားထားခဲ့သော အသေးစိတ်အချက်အနည်းငယ်က သူ့စိတ်ထဲတွင် ပေါ်လာသည်။


ဇာ့ဂ်ကမ္ဘာက လူသားများနှင့် ကွဲပြားသည်။ မန်ဒရင်းဘဲကို တုတ်နှင့် အတင်းရိုက်နေသရွေ့ လင်းက သူ့ကို သတ်ချင်စိတ်ရှိနေမည်မှာ သံသဖြစ်စရာပင်မလိုဟု သူအမြဲတမ်းခံယူထား၏။


သို့သော်လည်း ဤသည်က မမှန်ပေ။


သူက လူသားစိတ်ကို စွန့်လွှတ်ပြီး ကမ္ဘာကြီးကို ကြည့်ရန် ဇာ့ဂ်စိတ်ကို အသုံးပြုရမည်ဖြစ်သည်။


ထိုသို့ တွေးပြီးနောက် ရုတ်တရက် သူ့ဝိညာဉ်ကို ကောင်းချီးပေးခံလိုက်ရသလိုခံစားရကာ သူ့ပေါင်ကို အပြင်းအထန် ရိုက်လိုက်၏။

"ငါ နားလည်ပြီး..."


စနစ်က အမှတ်တမဲ့ဖြစ်သွား၏။

[ဟမ်... ]


"ငါက ငါ့ရဲ့ လမ်းကြောင်းမှာ အမှားလုပ်မိခဲ့တာ...မိန်းမတွေက ယောင်္ကျားတွေကို လေးစားတယ်လို့ မင်းတွေးကြည့်လိုက်...ငါက လင်းရဲ့သခင် အစောကြီး ဖြစ်လာတာ...ဒါကြောင့် သူသစ္စာရှိစေချင်တဲ့ အရာက ငါပဲ..."


"ဒီကိစ္စမှာ...စုန့်ကျန်းရှူးနဲ့ ငါလုပ်ခဲ့တာက အသုံးဝင်သေးသလား...အဲဒါက လုံးဝ အသုံးမဝင်ဘူး လေ..."


စနစ်- [… ]


ဤသည်က တစ်ခုခုမှားနေသလို ခံစားရသော်လည်း ပြဿနာကို ရှာမတွေ့ချေ။


စနစ်က လိုက်သည်။

 [ဒါဆို မင်းဘယ်လိုဖြေရှင်းမလဲ...]


"ရိုးရှင်းပါတယ်..."


လုမော့က ပျော့ပျောင်းသောကုတင်ကြီးပေါ်တွင် ပြန်လှဲလျောင်းနေလိုက်၏။

"စုန့်ကျန်းရှူးကို အခုဘယ်သွားရှာရမလဲ မသိသေးဘူး...ငါလုပ်နိုင်တာတစ်ခုပဲရှိတယ်..."


"သူ့ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို သတိရစေမယ်...ဒါကြောင့် သူ့သဘာဝကို သစ္စာဖောက်ပြီး ငါ့ဆီမှာ ဒေါသတကြီး ဆုံးရှုံးစေမယ်လေ..."


စနစ်: "...."


-------


နောက်တစ်နေ့တွင် လုမော့၏ ဆိုလိုရင်းကို စနစ်က နားလည်သွားသည်။


သူ အိပ်ယာထချိန်မှစပြီး လုမော့က နတ်ဆိုးတစ်ကောင်ဖြစ်စပြုလာ၏။


စုန့်ကျန်းရှူးက စာနာတတ်တယ် မလား...

နောက်ပိုင်းတွင် သူ (လုမော့) က မင်းသမီးရောဂါ (ကိုယ့်ကိုကိုယ် အချစ်လွန်ခြင်း) ထလာ၏။


မူလက ရှစ်နာရီတွင် သူတို့ ၀တ်စုံရွေးရန် စီစဉ်ထားသော်လည်း လုမော့က ငါးနာရီတွင် ထ၏။


သူက လင်း၏အခန်းထဲသို့ တည့်တည့်ဝင်သွားပြီး လင်း၏ အိပ်နေသော မျက်နှာကို အေးစက်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။


လင်းကဲ့သို့ နိုးကြားမှု မြင့်မားသော ဇာ့ဂ်တစ်ကောင်က လုမော့၏ သေလုနီးပါးအကြည့်အောက်တွင် စိတ်အေးလက်အေး အိပ်ပျော်နေသည်က ထူးဆန်း၏။


ဆယ်မိနစ်ခန့်စောင့်ပြီးမှ လုမော့၏ မျက်လုံးများ ဂနာမငြိမ် ဖြစ်သွားသည်။


သူက လင်း၏ပါးပြင်ကို ညှစ်လိုက်၏။

"မင်း ဘယ်လိုအိပ်နိုင်သေးတာတုန်း..."


လင်းက မျက်လုံးများကို မှင်သက်စွာ ယဖွင့်ပြီး လုမော့ကို တစ်ချက်ကြည့်၍ အိပ်ပျော်သွားပြန်သည်။


လုမော့:  "...."


သူက ဒေါသတကြီးဖြစ်သွား၏။

"မင်း စျေးပေါတဲ့ဇာ့ဂ်ကောင်...မင်းကို မင်းသခင်ရဲ့ ရှေ့မှာ ဒီလောက်ရဲတင်းအောင် လုပ်ရဲတဲ့ သတ္တိကို ဘယ်သူက ပေးခဲ့တာလဲ..."


နောက်တစ်စက္ကန့်တွင် သူ့အား နွေးထွေးသော ပွေ့ဖက်မှုဆီသို့ ဆွဲကပ်ခံလိုက်ရ၏။ လင်းက မေးစေ့ကို သူ့ပုခုံးနှင့် ဖိ၍ မပြတ်မသားရေရွတ်ပြောဆိုလိုက်၏။

"မင်း အလျင်လိုနေတာ ကျွန်တော်သိပါတယ်... ဒါပေမယ့် စောနေသေးတယ်လေ..."


လုမော့: "..."


သူက ဒေါသတကြီး စောင်ကို ရုတ်သိမ်းလိုက်၏။

"ထပြီး ငါ့အတွက် ထမင်းချက်ပေး..."


စင်စစ်တွင် အိမ်မှာ စားဖိုမှူးတစ်ယောက်ရှိပြိး သူတို့က ဤကျတ်တီးကမ္ဘာမြေတွင် အကောင်းဆုံး စားဖိုမှူးဖြစ်နေတဆဲဖြစ်သော်လည်း ကြက်များပင် မနိုးသေးသော မနက်ငါးနာရီထိုးခါနီးတွင် သူက လင်းကို ထစေချင်နေဆဲပင်ဖြစ်၏။


လင်းက လုမော့၏လည်ပင်းကို နှာခေါင်းနှင့် ပွတ်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

"ကောင်းပြီ...ဒါပေမယ့် ကျွန်တော်ချက်တာက အရသာမရှိဘူးနော်..." 


၎င်းက သူ လိုချင်သော အရာပင်။


လုမော့၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွား၏။ ထိုနည်းဖြင့် သူက ယုတ္တိမတန်စွာ ပြဿနာရှာပြီး လင်းကို ထပ်ခါထပ်ခါ လုပ်ခွင့်ပေးလိုက်သည်။


သူ ထရပ်လိုက်၏။

"ရှင်းရှင်းပြောရမယ်ဆိုရင် ငါက အရမ်းဇီဇာကြောင်တယ်နော်..."


လင်းက သူ့ပါးစပ်ထောင့်များကို ကူကယ်ရာမဲ့ လှုပ်လိုက်၏။

"ကောင်းပြီလေ..."


သူက တကယ့်ကို ကြမ်းကြုတ်ပြီး ကြမ်းကြုတ်တဲ့ ယောင်္ကျားလေး ဖြစ်ပေမယ့် တခြားဘာတွေ လုပ်နိုင်သေးလဲ...


ဤနည်းဖြင့် လုမိသားစုအိမ်တော်တွင် ခြောက်နာရီမထိုးမီ အစားအသောက်၏ ရနံ့များ လွင့်ပျံ့သွားလေသည်။


လင်းက မီးဖိုချောင်းမှ ပန်းကန်ပြားကို ယူလာပြီး စားပွဲပေါ်တင်လိုက်၏။

"သခင်...မြည်းကြည့်လို့ ရပါပြီ..."


လုမော့က အနည်းငယ် နှာချေလိုက်ပြီး လင်း ယူဆောင်လာသော အစားအစာကို လေ့လာလိုက်၏။


၎င်းက ဝါးရန်မပါသည့် စေးကပ်သော အဝါရောင်ဖျော့ဖျော့ပန်ကန်းပြားတစ်ချပ်ဖြစ်သည်။ သူက သရော်လိုက်၏။

"မင်း ကလေး နို့ဖျော်နေလာတာလား..."


လင်းက အဓိပ္ပါယ်ရှိရှိ ပြောလိုက်၏။

"သားပေါက်လေးတွေ တော်တော်များများက အဲဒါကို အရမ်းကြိုက်တယ်..."


လုမော့က ၎င်းကို ထပ်မံ အနံ့ခံလိုက်သော်လည်း အသီးအရွက်၏ မွှေးကြိုင်သောရနံ့မှလွဲ၍ ဘာမှ အနံ့မရချေ။


သူက ဇွန်းတစ်ချောင်းဖြင့် ထိုမနှစ်မြို့ဖွယ်ထဲသို့ မွှေလိုက်ပြီး နောက်ဆုံးတွင် အလုတ်သေးသေးလေး ကိုက်လိုက်သည်။


လင်း၏ ပါးစပ်ထောင့်မှ အပြုံးက တဖြည်းဖြည်း ကျယ်လာ၏။

"သခင် ဘယ်လိုထင်လဲ..."


လုမော့က ဤကမ္ဘာသို့ရောက်သည့်အချိန်မှစ၍ သူစားခဲ့သော အကောင်းဆုံးအစားအစာ ဖြစ်ကြောင်း ဝန်ခံခဲ့သည်။


ထိုသည်က ကိစ္စတစ်ခုပေ။ လင်း ကို အပြစ်မပြောမီ သူက တစ်ဇွန်းစားလိုက်၏။


နောက်ထပ်တစ်ဇွန်း…


နောက်ဆုံးတစ်ဇွန်းပဲ...


ထို့နောက် သူနောက်ဆုံးအလုတ်ကို မျိုချလိုက်၏။ လုမော့က သူ့ပါးစပ်ကို လက်သုတ်ပဝါဖြင့် ဖြည်းညှင်းစွာ သုတ်လိုက်၏။

"ဒါက ဆိုးလွန်းတယ်..."


စနစ် -  [… ]


သူ တကယ်ကို ပြောနိုင်၏။


လင်းက ရိုသေစွာ ပြောခဲ့သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြင်ဆင်ဖို့ အခွင့်အရေးပေးပါဦး...သခင် ထပ်ကြိုးစားခွင့်ပေးပါ...”


လုမော့မှာ ၎င်းက အဆင်ပြေသည်ဟု ထင်သောကြောင့် ခွင့်ပြုလိုက်၏။ ဤတစ်ကြိမ်တွင် သူက လင်း၏ ခန္ဓာကိုယ်ပေါ်ကို ပန်းကန်ပြားဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချိုးနိုင်မှာသေချာ၏။


ဆယ်မိနစ်အကြာ။


"သခင်...ကျေးဇူးပြုပြီး ကျွန်တော့်ကို ထပ်ကြိုးစားခွင့်ပေးပါ..."


"ဆက်လုပ်..."


"သခင် ကျွန်တော် ထပ်လုပ်လို့ရမလား..."


" ရတယ်..."


"သခင်…"


လုမော့က သူ့ဗိုက်ကို ပွေ့ဖက်လိုက်ပြီး ကြို့ထိုးလိုက်၏။

"ထားလိုက်ပါတော့...ငါ အော့အန်မိတော့မယ်..."


လင်းက မျက်ခုံးပင့်တင်၍ အားနည်းစွာပြောလိုက်၏။

"ကောင်းပါပြီ...နောက်တစ်ခါ ကျွန်တော့်လက်ရာအတွက် အကြံဉာဏ်တချို့ ပေးပါဦး..."


လုမော့က ခေါင်းညိတ်ပြီး အားပျော့စွာ ပြောလာသည်။

"ငါ့ကို ထဖို့ ကူညီပါဦး..."


လင်း၏ မျက်နှာက နောက်ဆုံးတွင် အပြစ်ရှိသည့်ပုံပေါ် ခသည်။

"ဒါတွေအားလုံးက ကျွန်တော့်ရဲ့ညံ့ဖျင်းတဲ့လက်ရာကြောင့်ပါပဲ...သခင်က အကြိမ်ပေါင်းများစွာ ထောက်ပြခဲ့တာပါ..."


လုမော့က လင်းကို စိုက်ကြည့်ရင်း မှန်ရှေ့မှာ ရပ်ပြီး သူ့အဝတ်အစားများကို ဂရုတစိုက် ပြင်လိုက်၏။


ရှပ်အင်္ကျီကို တန်ဖိုးကြီးဇာများဖြင့် အလှဆင်ထားပြီး သူ၏ နှင်းကဲ့သို့ အဖြူရောင် လက်ပတ်များတွင် အပြစ်အနာအဆာမရှိသော ကောင်းကင်ပြာ ကျောက်မျက်ရတနာများကို ကြယ်သီးများအဖြစ် တပ်ဆင်ထားသည်။


ထို့နောက် ထူထဲပြီး ကောင်းစွာ ချုပ်လုပ်ထားသော အင်္ကျီတစ်ထည်ကို အိမ်တော်ထိန်းက ဂရုတစိုက်ပြုလုပ်ထား၏။ ၎င်းကို ဝတ်ပြီးနောက် အရေးအကြောင်းများ အနည်းငယ်မျှပင် ပေါ်မလာစေရန်အတွက်ဖြစ်၏။


နောက်ဆုံးက ပြောင်လက်တောက်ပနေသော သမင်သားရေဖိနပ်ဖြစ်၏။ ဇစ်ပုံစံ လည်စည်းနှင့် မတူသော လည်စည်းလေးကို ဝတ်ဆင်ရန် မမေ့ရမည့်အပြင် ၎င်းက အဖျားအနည်းငယ် ကောက်နေသင့်၏။


လုမော့က သူ့ကိုယ်သူ ကြည့်ပြီး အလွန်ကျေနပ်နေသည်။

[ရေပေါ်ဆီလူပဲ...]


စနစ်က သဘောတူလိုက်၏။

[အဝတ်ဝတ်ထားတဲ့ သားရဲ... ]


ဤကဲ့သို့သော စိတ်ထားမျိုးက အထူးသဖြင့် ယနေ့ သူတို့လုပ်မည့်အရာများနှင့် ကိုက်ညီ၏။


လင်းက အခန်းထဲသို့ ပြန်ဝင်ကာ အဝတ်အစားလဲပြီးနောက် သူ့ဆံပင်စည်းကို စည်း၍ ပြန်ထွက်လာပြီး လမ်းလျှောက်ရင်း ငွေရောင်ဆံပင်ရှည်ကို သေသပ်အောင် ချည်နှောင် လိုက်သည်။


သူ့လှုပ်ရှားမှုများက လုမော့ထက် များစွာ ပိုကျွမ်းကျင်သည်။ တစ်ချက်ကြည့်ရုံမျှဖြင့် သူက ဤကျင့်ဝတ်များကို နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးသလိုထင်ရ၏။ 


လုမော့ကို မြင်ပြီးနောက် လင်း၏ မျက်လုံးများ တောက်ပလာ၏။

"ဒီနေ့ဝတ်တာက သခင်နဲ့လိုက်ဖက်တယ်..."


လင်းက အဝတ်အကွဲကို ကောင်းစွာ ကြယ်သီးမတပ်ထား၍ နူးညံ့သိမ်မွေ့သော ညှပ်ရိုးကို ပေါ်လွင်စေပြီး ခိုင်မာသော ကြွက်သားများကို မှုန်ဝါးဝါး မြင်နိုင်သည်။


လုမော့က ယခုအချိန်တွင် နူးညံ့သိမ်မွေ့သော ကောင်လေးတစ်ယောက်အနေဖြင့် လှပနေသည် ဆိုပါက လင်း၏တစ်ကိုယ်လုံးက အရွယ်ရောက်ပြီးသူ၏ ထူးခြားသော ကျက်သရေကို ပေါ်လွင် စေသည်။


သူ၏ ပခုံးများ ကျယ်ဝန်းပြီး ခါးက ကျဉ်းသည့်အပြင် မျက်လုံးများက စူးရှ၍ မျက်ခုံးများက ဖြောင့်တန်းနေသည်။ သို့သော် ၎င်းက သူ၏ သဘာဝအတိုင်း ထူထဲသော မျက်တောင်များ သို့မဟုတ် နှုတ်ခမ်းသားများကို ဖြစ်စေ သူနှင့် ပတ်သက်သည့် အရာအားလုံးက ရာဂစိတ်ကို နိုးထစေပြီး ဆွဲဆောင်မှုများကို ထင်ရှားစေသည်။


လုမော့က သူ့မျက်လုံးများကို သဘာဝမဆန်စွာ ရှောင်ရှားလိုက်ပြီး သူ့ပါးပြင်များက နီရဲလာ၏။

" ဒါက ဘယ်လိုပုံစံကြီးလဲ..."


လင်း၏ လှုပ်ရှားမှုများ အနည်းငယ် ရပ်တန့်သွားပြီး သူ၏ လှပသော အနီရောင်မျက်လုံးများက လုမော့၏ မျက်နှာကို ခဏတာ စိုက်ကြည့်လိုက်၏။ အပြုံးတစ်ခုက သူပါးစပ်ထောင့်မှ ဖျတ်ခနဲ ပေါ်လာ၏။


မာနကြီးသော အမျိုးသားက ဒေါသဖြစ်ခါနီးအချိန်တွင် သူ့ခေါင်းစဉ်ကို ပြောင်းလိုက်၏။

“သခင့်ရဲ့ ကားကို ပြင်ဖို့ ပို့ပြီးပြီ...အခုထိ ပြန်မပို့လာသေးဘူး...” 


အိမ်တော်ထိန်းက အချိန်မီပြောလိုက်သည်။

"အပိုကားကို အပြင်မှာ ရပ်ထားပြီးပါပြီ..."


လုမော့က အထင်အမြင်သေးစွာ ပြောလိုက်၏။

"ငါ့ကို ခန့်မှန်းဖို့ ဆင်းရဲသားတွေရဲ့ အတွေးကို မသုံးနဲ့..."


သူက မာနကြီးပြီး လှပသော ဒေါင်းလေးတစ်ကောင်လို သူ့ခေါင်းကို မြှောက်လိုက်၏။ လင်းက သူ့ပါးစပ်ထောင့်ရှိ အပြုံးကို မျိုသိပ်ပြီး ခပ်တိုးတိုးရယ်မောလိုက်သည်။ ရယ်သံက နူးညံ့သိမ်မွေ့ သော ဂီတတူရိယာတစ်မျိုး၏ အသံနှင့်တူသည်။


လုမော့က မကျေနပ်သေးဘဲ ထပ်ပြော၏။

"ဂုဏ်သရေရှိလူကြီးမင်း‌... ငါ့စကားမှာ တစ်ခုခုမှားနေတယ်လို့ မင်းထင်နေတာလား..."


လင်းက နောက်ဆုံးတွင် ထပ်မံ၍ ထိန်းမထားနိုင်တော့ပေ။ သူ့ဗိုက်ကိုဖိပြီး ပခုံးများ  တုန်ခါသွားသည်အထိ ရယ်ရင်း တုန်တုန်ယင်ယင်ပြောလိုက်၏။ 

“မဟုတ်ပါဘူး... ဘာမှမဟုတ်ပါဘူး... ကျွန်တော်က ဒီအတိုင်း…”


သူက လုမော့ကို မျက်တောင်ခတ်၍ ကြည့်လိုက်၏။

"ကျွန်တော့်က သခင့်ရဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို လေးစားမိလို့ပါ..."


[အကျင့်စာရိတ္တနှင့် လိုက်လျောညီထွေမှု မရှိခြင်း၏ ချော့မော့မှုကို ရရှိပြီး လူ့အမှိုက်တစ်ဦး၏ တန်ဖိုးကို ပေါင်းထည့်ခြင်းပေ။]


လုမော့: "..."


သူတို့က မြို့၏ အချမ်းသာဆုံးနေရာသို့ မောင်းသွားကြသည်။


သို့သော်လည်း သူတို့က တန်ဖိုးကြီး ၀တ်စုံဆိုင်များအားလုံးကို ဖြတ်သွားပြီး နောက်ဆုံးမှာတော့ ခမ်းနားစွာ အလှဆင်ထားသော ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်လိုက်ကြ၏။


အသိဥာဏ်နည်းနည်းရှိသည့် ဇာ့ဂ်သည်ပင် ဤနေရာ၌ ဘာရောင်းသည်ကို သိ၏။


ဤနေရာတွင် အမျိုးသမီးများအတွက် စည်းကမ်းတင်းကြပ်ပေးသည့် ကိရိယာများရှိ၏။ 


စုန့်ကျန်းရှူးက နူးညံ့သိမ်မွေ့ပြီး စာနာထောက်ထားတတ်သူဖြစ်၍ ဤကဲ့သို့သောပစ္စည်းများကို သူ့အိမ်တွင် တစ်ကြိမ်မှ မတွေ့ဖူးမည်မှာ သေချာသည်။


တံခါးဝတွင် ရပ်လိုက်ရုံနှင့် လုမော့က အတွင်းထဲရှိ ထူးဆန်း၍ ကြောက်စရာကောင်းသော အံသြဖွယ်ရာ အခင်းအကျင်းများကို မြင်လိုက်ရပြီး သူ အလွန်ကျေနပ်သွား၏။


လင်းက ထိုအရာများကို မိန်းမောစွာ စိုက်ကြည့်ရင်း သူ့မျက်နှာက တဖြည်းဖြည်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။


လုမော့က အလွန်စိတ်လှုပ်ရှားနေသည်။

"ကြည့်လိုက်... အလုပ်ဖြစ်တယ်ဟ..."


စနစ်ကလည်း အလွန်အထင်ကြီးသွား၏။

[ငါ မင်းကို လျှော့တွက်မိခဲ့ပုံပဲ... ]


လင်းက ယခုအချိန်တွင် ဘာမှ မကြားနိုင်တော့ဘဲ သူ့ခေါင်းထဲတွင် ရှုပ်ပွနေလေသည်။


သခင် ဒါက ဘာကို ဆိုလိုတာလဲ...


သူမှတ်မိ၏။


လုမော့က သူ့ကို အလုပ်ထွက်လုပ်ရန် တစ်ချိန်က ပြောခဲ့သော်လည်း သူက စစ်တပ်၏ ဗ်ိုလ်မှူးအဖြစ် သူ့ရာထူးက အင်ပါယာကြယ်ထဲတွင် ရှိနေခဲ့၏။


လုမော့ရဲ့ အိမ်က ကျတ်တီးကြယ်မှာ ရှိတာ...ငါက အင်ပါယာကြယ်ကို ဘယ်လိုသွားရမလဲ...

ထို့ကြောင့် သူက အဝေးမှ လင်းကို ထိန်းချုပ်နိုင်စေရန် ဤပစ္စည်းများကို ဝယ်သင့်၏။


"ဝင်လာခဲ့..."

အမျိုးသား၏ အေးစက်သောအသံကို သူကြားလိုက်ရသည်။


လင်းက ခေါင်းငုံ့ထားသော်လည်း နီရဲတောက်နေသော မျက်လုံးများတွင် အုံ့မှိုင်းနေသော မီးက တဖြည်းဖြည်း လောင်ကျွမ်းသွားသည်။


မင်းက ငါ မင်းကို ဘယ်တော့မှ မထားခဲ့ပါနဲ့လို့ ပြောခဲ့တယ်လေ...


လုမော့ မင်း ငါ့ကို ဘယ်တော့မှ မထားခဲ့ဘူးမလား...



🌌🌌🌌