Chapter 25
Viewers 1k

🌌 Chapter 25

NSFW warning in the middle of chapter 



လင်းက မျက်လုံးကို အနည်းငယ်ဖွင့်လိုက်ပြီး သူ့ခန္ဓာကိုယ်က တောင့်တင်းသွားသည်။


အမျိုးသားက မီးဖိုငယ်တစ်ခုသဖွယ် ပူပြင်းနေသည်။ အပူရှိန်ပြင်းပြင်းက သူ့ကို အားပြတ်စွာဖြင့် လင်း၏လက်ထဲတွင် လဲလျောင်းနေစေပြီး သူ့မျက်နှာမှာ ချွေးစေးများထွက်နေသည်။ ၎င်းက သူ့ကို အဆင်မပြေလောက်အောင် ညည်းတွားစေပြီး အထိန်းအကွပ်မရှိ ရုန်းကန်နေရ၏။


သူ့ဦးခေါင်းက ရှေ့နောက်ခါရမ်းနေပြီးနောက် အမျိုးသား၏ နှာခေါင်းဖျားက လင်း၏ရင်ဘတ်ကို မတော်တဆ ထိမိသွားသည်။


"အင်း…"


အမျိုးသားက လင်း၏ ရင်ဘတ်ဆီသို့ ပူပြင်းသောပါးပြင်များကို အားပျော့စွာ ဖိထားပြီး ကျဉ်းမြောင်းသောနေရာ၌ သူ့အသက်ရှုသံနှင့် နူးညံ့သောနှုတ်ခမ်းများက လင်း၏ ချယ်ရီသီးလေးများကို ပွတ်တိုက်မိသွားသည်။


လင်းက ပွင့်လင်းမြင်သာသောဥခွံဖြင့် ပိုင်းခြားထားသော အပြင်ဘက်ကမ္ဘာတွင် ဒူးထောက်လျက် မတ်မတ်ထိုင်နေ၏။ သူ၏ ရင်းနှီးသောလက်အောက်ငယ်သားများက မလှမ်းမကမ်းတွင် စက်ဝိုင်း ပုံသဏ္ဍာန်ရှိပြီး စိုးရိမ်မှုအပြည့်ရှိသော မျက်လုံးများဖြင့် သူတို့ကို စေ့စေ့ကြည့်နေသည်။


ဘာပဲဖြစ်ဖြစ် ဒါကလည်း...


အခြားသူများ၏ အမြင်တွင် မည်သည့်အဖြစ်အပျက်များ ဖြစ်သည်ဖြစ်စေ အမြဲတမ်း စိတ်ခံစားချက်မပြဘဲ ဘာမှသက်ရောက်မှုမရှိသလို တည်ငြိမ်အေးဆေးနေတတ်သည့် ဗှိုလ်မှူးက ယခုအချိန်မှာ ရှက်ရွံ့နေပုံရ၏။


မယုံနိုင်စရာပင်။ ထိုစကားလုံးက သူ့နှင့် ဘယ်တော့မှ မသက်ဆိုင်ဟု ထင်ရသော်လည်း ယခုအချိန်တွင် ရုတ်တရက် ပေါ်လာ၏။  


လင်းက  အမျိုးသား၏ ကော်လံကိုဆွဲ၍ သူ့နှင့် အဝေးသို့ တွန်းလိုက်၏။ အမျိုးသားက မျက်လုံးဖွင့်လိုက်ပြီး မှိန်းမောနေသောအကြည့်တွင် သနားစရာကောင်းသော အဓိပ္ပါယ်ရှိနေသည်။

"လင်း..."


လင်းက သူ့ကို ဗလာဖြစ်စွာ ကြည့်လိုက်သည်။


အမျိုးသား၏ ပါးစပ်ထောင့်က ကွေးညွှတ်သွားသည်။

"ငါ...အဆင်မပြေဘူး..."


လင်း၏မျက်လုံးများက အနည်းငယ် တုန်လှုပ်သွားသည်။


အမျိုးသား၏ ဦးခေါင်းက အလွန်အိပ်ငိုက်နေသကဲ့သို့ တဖြည်းဖြည်း ယိမ်းနေပြီး သူ့အသံမှာလည်း ယောင်ဝါးဝါးဖြစ်နေသည်။

"ငါနှလုံးခုန်တာ အရမ်းမြန်နေတယ်..." 


"မင်းကို တွေ့ရင် ငါ့နှလုံးခုန်နှုန်းက အရမ်းမြန်တယ်..."


အမျိုးသားက ဆတ်ခနဲ ခေါင်းထောင်လိုက်ပြီး သူ့ပါးပြင်ပူပူများကို နောက်မှ ထိန်းထားပေးသော လင်း၏ လက်အေးအေးထဲသို့ ပွတ်လိုက်၏။

 "ငါနေမကောင်းဘူးလား..."


သူ အမှန်တကယ်ကို စိတ်ရှုပ်နေသည်ဟု လင်းက တွေးလိုက်၏။ သာမန်အခြေအနေဆိုလျှင် လုမော့က ထိုသို့အပြုအမူမျိုး ပြုမူမည်မဟုတ်ချေ။ လုမော့က သူ့ကို စိုက်ကြည့်ရင်း ဤသို့ပြောလိမ့်မည်။

"မင်းက တဏှာရူး...ယုတ်မာတဲ့ မိန်းမပဲ...မင်း ငါနဲ့ ရင်းနှီးဖို့ အခွင့်အရေးယူခဲ့တယ်ဆိုပေမယ့်... ငါက ကြင်နာပြီး ရက်ရောတဲ့ အမျိုးသားတစ်ယောက်...ဒါကြောင့် ငါက ဒီတစ်ကြိမ်ကလွဲရင် မင်းရဲ့ ကိစ္စတွေကို ဂရုမစိုက်ဘူး...”


သို့သော် လင်းက လိုက်နာသောအပြုအမူနှင့် ထွက်သွားသည့်အခါ လုမော့က သူ့လက်ကို ပိုပြီး ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်ပြီး ပို၍ စိတ်တိုစွာ ပြောလိမ့်မည်။

"မင်းငါ့ကို ရင်းနှီးချင်တာကြောင့် မင်းရဲ့ တောင်းဆိုမှုကို ငါ ကရုဏာသက်စွာနဲ့ ခွင့်ပြုပေးမယ်... ငါနဲ့ တူတဲ့ အမျိုးသားက တကယ့်ကို ရှားပါးတယ်နော်...မင်း ကျေးဇူးတင်သင့်တယ်..."


လင်းက လိမ္မာရေးခြားရှိပြီး အလွန်ကပ်ချွဲတတ်သော လုမော့ကို ပထမဆုံးအကြိမ်တွေ့ဖူးခဲ့ခြင်း ဖြစ်သည်။


သူက လုမော့၏ ကော်လံကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အခြားဘယ်ဘက်လက်ကို သူနှာခေါင်းဆီ ဆန့်ထုတ်လိုက်ပြီး မျက်လုံးမှေး၍ လုမော့ကို စစ်ကြည့်လိုက်သည်။


သေးငယ်သောနေရာလေးတွင် စိုစွတ်သောမိုးရနံ့က သွေးနံ့နှင့် သံချေးနံ့ကြား ရောထွေးနေသည်။ လုမော့က ခေါင်းယမ်းကာ လင်းကို ဂရုတစိုက်ကြည့်ပြီး လေသံဖြင့် ပြောလိုက်၏။

 "ငါ..."


လင်းက မျက်တောင်ခတ်လိုက်၏။

"ဘာလဲ..."


စကားအနည်းငယ်က လုမော့ပါးစပ်မှ အမြန်ထွက်လာသည်။

"ငါ့ထင်တာ ငါ့အမြီး ရှည်လာတဲ့ပုံပဲ..."


လင်း၏ ပါးစပ်က ထိတ်လန့်စွာ ပွင့်သွားပြီး သူနားလည်ရန် အချိန်အတော်ကြာယူလိုက်၏။ ရုတ်တရက် အပူရှိန်တစ်ခု သူ့မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ သူ လွတ်မြောက်ရန် အားမပြုမီ အသက်ပြင်းပြင်း ရှူလိုက်မိသည်။

ငရဲလိုပဲ...ငါတကယ် ထွက်ပြေးချင်နေသလို ခံစားရတယ်...


"အဲ့ဒါက မင်းရဲ့ အမြီးမဟုတ်ဘူး..." 

လင်းက ခက်ခက်ခဲခဲရှင်းပြ၏။

"မင်းမှာ... အမြီးချိတ်တစ်ခုဖြစ်လာတာ..."

( E translatorပြောတာတော့ ဒီနေရာမှာ ကင်းမြီးကောက်အမြီးလို အမြီးပုံစံမျိုးကို မြင်ယောင်ကြည့်လိုက်ပါတဲ့ )


သူက ထိုစကားစုကို လုမော့အား ချောမွေ့စွာ မပြောနိုင်ဟု ခံစားလိုက်ရပြီး စိတ်ပျက်သွား၏။ အတိတ်တွင် သူက ထိုအမျိုးသားများ၏ အမြီးချိတ်ကို တွေ့ခဲ့ဖူးသော်လည်း သူ့တွင် ထိုကဲ့သို့သော နေ့တစ်နေ့ရှိမည်လာဟု မထင်ခဲ့ပေ။


လုမော့က သူ့ကို မေး၏။

"အမြီးချိတ်...အဲဒါက ဘာလဲ..."

ထိုစိတ်ပျက်လက်ပျက် ခံစားချက်က အထွတ်အထိပ်ကို ရောက်သွားသည်။


"ကောင်းပြီ မင်းကို သင်ပေးမယ်..." 

လင်းက သူ့ဘယ်ဘက်လက်ကို အောက်ချလိုက်ပြီး ခြောက်သွေ့နေသော လည်ချောင်းကို ရှင်းလိုက်၏။

" အိမ်သူဘုရင်မ စည်းမျဉ်းမှာ အဲ့အကြောင်းကို ဖော်ပြထားတာ မရှိဘူး..."


သို့သော် သူ့နီနီရဲရဲ ပါးပြင်များက တစ်စုံတစ်ရာကို ထုတ်ဖော်ပြသခဲ့ပြီး သူတကယ် ၎င်းကို ငြင်းဆန်လိုပုံမပေါ်ပေ။


သို့သော် လုမော့က လင်း၏ လက်ရှိအခြေအနေအကြောင်း ဘာမှမသိခဲ့ပေ။ သူက ပူပြင်းသော နွေရာသီတွင် ရေခဲမုန့်ကဲ့သို့ ခံစားရပြီး ကြည့်လိုက်သည်နှင့် အရည်ပျော်သွားတော့မလို ဖြစ်နေသည်။


လင်း လွှတ်လိုက်သည်နှင့် သူက ရှေ့တည့်တည့်သို့ လဲကျသွားပြီး သူ့မျက်နှာကို သူ့အိမ်သူဘုရင်မ၏ ရင်ခွင်ထဲတွင် မြှုပ်ထားသည်။


သွေးနှင့် သံချေးနံ့များ ပိုမိုပြင်းထန်လာသော်လည်း ယခုတစ်ကြိမ်တွင် ပူနွေးသောအပူချိန်နှင့် ရောနှောကာ သူ့ကို ဖုံးအုပ်ထားသည်။


ထူထဲသော ၀တ်စုံဖြင့်ပင် အမျိုးသမီးဘုရင်မ၏ အသက်ရှုသံက တဖြည်းဖြည်း နက်ရှိုင်းလာ သည်ကို သူခံစားနိုင်သည်။ ဤသည်ကို သတိပြုမိပြီး လုမော့၏ လက်ရှိ ဖရိုဖရဲဦးနှောက်က ဘာဖြစ်နေကြောင်းကို မသိသော်လည်း သူ့လက်သီးများဆုပ်မိပြီး နှလုံးခုန်မြန်လာ၏။


သူခေါင်းငုံ့လိုက်ရာ လက်အိတ်ဖြူဖြူနှင့် အိမ်သူဘုရင်မ၏ လက်များကို တွေ့လိုက်ရပြီး သူမ လက်ကောက်ဝတ်တွင် ဆွဲကြိုးပါးပါးလေး တောက်ပနေသည်ကို တွေ့လိုက်ရသည်။


ဤလက်များက အလွန်သေးသွယ်ပြီး ယခုအခါ သူက လုမော့အကြည့်အောက်တွင် အနည်းငယ်လှုပ်ယမ်း၍ ရှုပ်ထွေးနေသောကြယ်သီးများကို ဖြုတ်လိုက်ကြသည်။


ဝတ်ရုံအတွင်းပိုင်းက သန့်ရှင်းသောရှပ်အင်္ကျီဖြစ်၏။ ပါးလွှာသောအဝတ်စက အမျိုးသမီး၏ သွယ်လျပြီး လှပတောင့်တင်းသောခါးကို ပုံဖော်ထားသည်။ လုမော့က အမှန်တကယ်ပင် ခွန်အားမရှိတော့ဘဲ သူ့ကိုယ်ဟန်အနေအထားကို ချိန်ညှိ၍ အိမ်သူဘုရင်မ၏ ပေါင်ပေါ်တွင် လှဲလိုက်သည်။


လင်း၏ သွယ်လျသောလက်များက သူ့အင်္ကျီကြယ်သီးပေါ်တွင် တုံ့ဆိုင်းနေပြီး မျက်လုံးများက အဓိကအချက်ရှာမရသလို တဖျပ်ဖျပ်လှုပ်နေပြီး နားရွက်များက နီရဲနေသည်။


လုမော့က မကျေမနပ်ဖြစ်ပြီး လက်များကို ဆန့်ထုတ်၍ လင်း၏ ပါးပြင်ကိုကိုင်ကာ အောက်သို့ဆွဲချလိုက်သည်။


လင်းက အတင်းခေါင်းငုံ့ရန် စေခိုင်းခံလိုက်သည်။ ပထမအကြိမ်တုန်းကကဲ့သို့ပင် လုမော့က သူ လွတ်မြောက်လိုသည်ကို ပြန်မြင်လိုက်ရသလိုဖြစ်နေ၏။ သူလွတ်မြောက်လိုသော်လည်း အချိန်မရွေး ထရပ်တော့မည့်အမူအရာဖြင့် အတင်းအကြပ်နေရာတွင် ရပ်နေရသည်။ 


လုမော့၏နှလုံးက ယားယံနေပြီး သွားများမှာလည်း ယားယံနေသည်။ သူ ရှင်းရှင်းလင်း လင်းပြောရန် ကြိုးစားခဲ့၏။

 "အများကြီး... လူအများကြီး... ငါတို့ကို စောင့်ကြည့်နေတယ်လေ..." 


ဤအခိုက်အတန့်တွင် လင်း၏ မျက်ဆံများက အပ်တစ်ချောင်းအရွယ်သို့ ပြောင်းလဲသွား၏။ သူ၏ အကြည့်အားလုံးက လုမော့ကိုသာ စူးစူးစိုက်စိုက်ကြည့်နေပြီး သူ့လည်စေ့က အပေါ်အောက် လှိမ့်နေသည်။ 


လုမော့က မှင်တက်စွာ ပြုံးလိုက်၏။

"ငါတို့ ဒီမှာ ဘာလုပ်နေတာလဲ..."


လင်းက သူ့လှုပ်ရှားမှုများကို ခက်ခက်ခဲခဲ ဖြည်းညင်းစွာ ပြီးမြောက်ခဲ့သော်လည်း လင်းက သူ့လက်အိတ်များကို ချွတ်လိုက်သောအခါ လုမော့က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်၏။

"မင်း အဲ့ဒါတွေကို ဝတ်ထားလိုက်...”


လုမော့က လင်းကို ကြော့ရှင်းသော မျိုးရိုးမြင့်တစ်ဦးနှင့် ပိုတူသည်ဟု အမြဲလိုလို ခံစားခဲ့ရသည်။ သူ့လက်များက လက်နက်များကိုင်ဆောင်မည့်အစား လက်အိတ်ဝတ်ရန် သင့်တော်သည်။


လင်းက သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။


လုမော့: "ဘာဖြစ်နေတာလဲ..."


လင်းက သက်ပြင်းချလိုက်၏။

"သဘာဝအတိုင်း... ဆိုးတယ်၊ ကြင်နာတယ်..." 


သူနောက်ဆုံးစကားနှစ်ခွန်းပြောပြီးသောအခါ လုမော့၏ မျက်လုံးများကိုဖုံးရန် လက်ကို ဆန့်လိုက်သည်။


ပိုးသားထည်က အလင်းရောင်ကို ပိတ်ဆို့ထားသော်လည်း အခြားအာရုံများကို ပိုမိုထင်ရှားစေသည်။ 


အဝတ်စများ ပွတ်တိုက်သံကြားပြီးနောက် လုမော့က မည်သည့်လှုပ်ရှားမှုကိုမျှ မကြားရပေ။ သူမနေနိုင်ဘဲ မေးလိုက်၏။

"လင်း..." 


"သခင်..."


လင်း၏ နားထဲတွင် ပြင်းထန်သော စိတ်ခံစားမှုများ ပြည့်နှက်နေသည်။

"ကျေးဇူးပြုပြီး..."


နောက်အခိုက်အတန့်တွင် လင်းက ထိုင်ချလိုက်သည်။


......


လုမော့၏ ခြေထောက်တစ်ဖက်က ကောင်းကင်ဘုံ၌ရှိပြီး နောက်တစ်ဖက်မှာ ငရဲ၌ရှိသည်။


သူ့ခန္ဓာကိုယ်ထဲတွင် မီးတောက်လောင်နေသော်လည်း ထွက်ခွာရာ လမ်းရှာမတွ့ဘဲ လင်းနှင့် ထိစပ်နေသည့် နေရာကမူ အလွန်နေ၍ကောင်းနေ၏။


သူ့အိမ်သူဘုရင်မ၏ အသံက ထိန်းမနိုင်သိမ်းမရဖြင့် အက်ကွဲနေပြီး သူ့မျက်လုံးများကို အုပ်ထားသည့် လက်က အနည်းငယ် တုန်ခါသွားသော်လည်း လွှတ်ပေးရန် ငြင်းဆန်နေသည်။


ဤဆန့်ကျင်ဘက် ခံစားချက်များနှစ်ခု ဆက်လက် ဆုံစည်းနေပြီး လုမော့က သူ့အား နှစ်ပိုင်းခွဲခံ ထားသည်ဟုသာ ခံစားခဲ့ရပြီး ၎င်းကို စဉ်းစားရန် ခဲယဉ်းလှသည်။ သူသိသည့်အရာတစ်ခုက သူရူးသွားတော့မည်ဆိုသည်ကိုပင်။


သူ ရယ်ချင်သော်လည်း မရယ်နိုင်ပေ။


သူက ထွက်ပေါက်ရှာသကဲ့သို့ ရုန်းကန်နေရသော်လည်း သူမည်သည့်နေရာကိုထိမိကြောင်း မသိသည့်အပြင် အပင်ပန်းခံ၍ ချုပ်ထိန်းနေသော လင်း၏အသံက ရှည်လျားစွာ ထွက်ပေါ်နေလေသည်။


လုမော့က ခဏမျှ အေးခဲသွားပြီး လင်းလည်း နေရခက်စွာ အလွန်တိတ်ဆိတ်သွားသည်။


ထိုအချိန်တွင် အမျိုးသားများ၏ သွေးတွင် အမြစ်တွယ်နေသော ဆိုးရွားသည့် စိတ်အချို့က မျှော်လင့်ချက်မဲ့စွာ ထွက်ပေါ်လာသည်။


လုမော့က သူ့မှတ်ဉာဏ်ထဲမှ အနေအထားကိုလိုက်၍ လင်းကို ပေါ့ပေါ့တန်တန် ထိတွေ့ လိုက်သည်။


"အင်း...မလုပ်နဲ့..."

လင်း၏ အသံက အလွန်အမင်း ကွဲအက်နေသော်လည်း အမျိုးသားက သူ့ကို လွတ်မြောက်ခွင့်မပေးချေ။  သူ့တစ်ကိုယ်လုံး တုန်လှုပ်နေပြီး ခုနစ်ရက်ကြာ စစ်မြေပြင်တွင် တခါမှ မလဲကျခဲ့သော ခန္ဓာကိုယ်က ယခုအခါ ပျော့ခွေနေပြီဖြစ်သည်။


"လု...လုမော့..."


လုမော့က ရက်စက်စွာ အရှိန်နှင့် ဆောင့်ချလိုက်ရာ လင်း၏အသံက ရုတ်ခြည်းရပ်တန့်သွား သည်။ ထို့နောက် လှုပ်ရှားမှုမရှိတော့ပေ။


ဘာမှားသွားလို့လဲ...


သူ အနည်းငယ် ကြောက်ရွံ့သွားသည်။ လင်း၏ လက်ကို ဆွဲယူလိုက်ပြီး ညင်သာစွာ ပွတ်ဆွဲလိုက်သည်။ လက်က လျှောကျသွားသည်။ သူ့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့တစ်ကိုယ်လုံး အေးခဲသွားသည်။


လင်း၏ ငွေရောင်ဆံပင်များက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး လှပသော အနီရောင်မျက်လုံးများက သူ့ကို ဗလာဖြစ်စွာ ငေးကြည့်နေပြီး နှင်းဖြူရောင်အသားအရေက နီမြန်းနေသည်။ 


သူ့ကိုကြည်ရတာက...


ကျိုးကြေပြီး ဖျက်ဆီးခံရသလိုပင်။


ဤအခိုက်အတန့်တွင် လွတ်မြောက်ရာလမ်းကို မတွေ့နိုင်သောမီးက နောက်ဆုံးတွင် ၎င်းလမ်းကို တွေ့ရှိသွားပြီး အစွမ်းရှိသမျှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။


စူးစူးရှရှ အသံနှင့်အတူ ပြင်းထန်သော အဖြူရောင်အရိုးပေါ်ရှိ အမြီးချိတ်က အမျိုးသမီး၏ ညှပ်ရိုးအတွင်းသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။


အမြီးချိတ်တွင် သွေးများ တလိမ့်လိမ့် စီးကျလာပြီး အမြီးက နီရဲလာ၏။


ကနဦးလှုံ့ဆော်မှုများက နှလုံးသား နှစ်ခုလုံးကို တစ်ချိန်တည်းတွင် ပဲ့တင်ထပ်သွားသည်။


[မင်းဟာ ငါ့ရဲ့ အနှောင်အဖွဲ့ပဲ...]


[ငါကလည်း မင်းရဲ့လှောင်အိမ်ပါ...]


[အသွေးတော်ဖြင့် သစ္စာဆိုခြင်းက သေသည်တိုင် ပျက်သုန်းခြင်းမရှိဘဲ ဘယ်သောအခါမှ မပြိုကွဲတဲ့ စာချုပ်ဖြစ်တယ်...]


အမှောင်ထဲတွင် သူတို့နှစ်ဦးကြား၌ မမြင်နိုင်သော ဆက်သွယ်မှုတစ်ခုရှိသည်။


ထိုအချိန်မှစ၍ သူတို့က စည်းစိမ်ဥစ္စာ၊ အာဏာနှင့် အသက်ကိုပင် ခွဲဝေကြလိမ့်မည်။


ဤသည်က သွေးစာချုပ်တစ်ခုပင်။


--------


[ခြံဝင်းထဲတွင်...]


ဥခွံတည်ရှိနေသည်က နေ့ခင်းတစ်ပိုင်းလောက်ရှိပြီဖြစ်သည်။  အမျိုးသားဇာ့ဂ်ကာကွယ်ရေးအဖွဲ့အစည်း နှင့် ဆရာဝန် ရောက်လာသော်လည်း ဤသို့ထူးဆန်းသော အခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ သူတို့က အချိန်ခဏလောက် လှုပ်လှုပ်ရှားရှား မလုပ်ရဲကြဘဲ ဥခွံကိုသာ ဝိုင်းထားနိုင်ကြ၏။


သေချာသည့်အရာတစ်ခုမှာ ဤဥခွံက ထင်ရှားစွာ ဖြစ်တည်နေသောအရာတစ်ခုမဟုတ်ပေ။ ၎င်းက ဘိုးဘွားစဉ်ဆက်ဖြစ်စဉ်တစ်ခုနှင့်တူသော်လည်း အမှန်တကယ်တွင် စိတ်စွမ်းအားဖြင့် တည်ဆောက်ထားသော အတားအဆီးတစ်ခုဖြစ်သည်။


တကယ်ဖြစ်နိုင်ပါ့မလား...


လွန်ခဲ့သည့်နှစ်အနည်းငယ်က လုမော့၏ စမ်းသပ်မှုများတွင် သူက D အဆင့် ဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့သည်။ နောက်ဆုံးစမ်းသပ်မှုမှာ ပြီးခဲ့သောလတွင်ဖြစ်ပြီး မည်သည့်အရာမှ ထူးထူး ခြားခြားမရှိပေ။


အနည်းဆုံး အလယ်အလတ်နှင့် B အဆင့် အထက်သို့ ရောက်ရှိနေသော စိတ်စွမ်းအားကို သက်သေပြနိုင်သူများက အချက်အလက်များတွင် မဖော်ပြသော်လည်း သူတို့၏ဥခွံမှာ အလွန်ကြီးမားပြီး အစွမ်းသတ္တိလည်း မြင့်မားမည်ဖြစ်သည်။ ပုံမှန်အခြေအနေအရ A အဆင့် အမျိုးသားများကပင် ထိုသို့သော အတားအဆီးတစ်ခုကို တည်ဆောက်ရန် စိတ်စွမ်းအင်များစွယ သုံးစွဲရမည်ဖြစ်သည်။


အသွင်ကူးပြောင်းရေးကာလက အမျိုးသားရဲ့ အလားအလာကို ကျော်လွန်သွားတာကြောင့် ဖြစ်နိုင်လား...


ဤနိဂုံးချုပ်ချက်တွင် ဆေးဘက်ဆိုင်ရာဇာ့ဂ်များက မှားယွင်းသောထွက်ဆိုချက်များကို မပြု လုပ်ဝံ့ကြဘဲ ယောင်ဝါးဝါးဖြင့်သာ ပြောနိုင်သည်။

"ဒါက ထူးဆန်းတဲ့အတွက် လေ့လာဖို့ လိုအပ်တယ်..." 


သို့သော်လည်း ထိုရှက်စရာကောင်းသည့်ပုံစံက ပရိသတ်များ၏ အမြင်ကို အလုံးစုံဖုံးကွယ်သည့် ကြိုးစားမှုတစ်ခုပင်။


[တကယ်တော့ ဒါက မျိုးရိုးလက္ခဏာပေါ်လာတာမျိုး မဟုတ်ဘူးလား...]


[သူတို့တွေ အဆင့်စမ်းသပ်ကိရိယာကိုတောင် ယူခဲ့တာ မမြင်ဘူးလား...ရလဒ်မထွက်ခင် ဘာမှမပြောနဲ့ဦး...သူက D အဆင့်နဲ့ မဟုတ်သေးရင် ဘယ်လိုလုပ်မလဲ...သတိထားတာ အကောင်းဆုံးပဲ...]


[သူတကယ် D အဆင့်ကို မတက်ခဲ့ရင် ဘယ်လိုလုပ်မလဲ...]


[ဒါဆို သူ့စွန့်ပစ်ဗီဇက ပျက်စီးသွားပြီး ဗိုလ်မှူးက သူ့ကို ကွာရှင်းရမှာ...]


ဤဆိုးရွားသောအချက်က ဇာ့ဂ်အားလုံး၏ နှလုံးသားထဲတွင် ရှိနေသည်။ 

သူ့က ဘိုးဘေးအသွင်ပြောင်းတာ ခံရတဲ့ အမှိုက်အမျိုးသားလား… ဒါမှမဟုတ် အသွင်ပြောင်းကာလအတွင်း အလွန်အကျွံ စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ D အဆင့် အမျိုးသားလား...


နှစ်ခုလုံးက ရလဒ်မကောင်းသော်လည်း ယခင်နှင့် ယှဉ်ပါက နောက်ပိုင်းကို ပိုလက်ခံ၏။ သူက အလားအလာကို ကျော်လွန်ပြီး D အဆင့်ကို ထိန်းထားနိုင်လျှင်ပင် သူ့ကို အမှိုက်တစ်စ မဟုတ်ဘဲ အမျိုးသားအဖြစ် သတ်မှတ်နိုင်သေးသည်။


လူတိုင်းက ကိုယ့်အစီအစဉ်နှင့်ကိုယ် ကြည့်ရှုနေကြ၏။


ရွှေရောင်ဆံပင်နှင့်လက်ထောက်က စုန့်ကျန်းရှူးအနီးတွင် ထိုင်နေပုံရသည်မှာ ပေါ့ပေါ့ပါးပါးရှိ သော်လည်း အမှန်တကယ်တွင် သတိနှင့်ပြည့်နေသည်။ စုန့်ကျန်းရှူးက လှုပ်ရှားမှုသေးသေးလေး ပြုလိုက်လျှင်ပင် သူချက်ချင်းတုံ့ပြန်နိုင်သည်။


အနက်ရောင်ဝတ်ရုံဝတ် ကလေးတစ်ယောက်က လက်ထောက်ဘေးတွင် ထိုင်နေသည်။ သူ့လက်ထဲတွင် တစ်စုံတစ်ခု ကိုင်ထားပြီး ၎င်းကို ခပ်မှန်မှန်လေး ကိုက်နေ၏။


ကလေးက ကုလားထိုင်တွင် ထိုင်နေပြီး သူ့ခြေထောက်များက မြေပြင်ထိမရောက်ဘဲ လက်ထောက်၏ ကျန်းမာကြံ့ခိုင်သော လှုပ်ရှားမှုနောက်ကို လိုက်ကြည့်နေသည်။  


သူ စကားပြောချင်သော်လည်း တုံ့ဆိုင်းသွားခဲ့၏။ နောက်ဆုံးတွင် သူက တိတ်တိတ်ဆိတ်ဆိတ်နှင့် ဘီစကစ်တစ်ပိုင်းကိုဖဲ့ပြီး လက်ထောက်ကို ပေးလိုက်၏။

"ဆရာရေ...ခြေထောက်တွေကို လှုပ်နေတာ ဆက်မလုပ်လို့ရမလား..."


လက်ထောက်က သူ့နှာခေါင်းအောက်ရှိ ကွတ်ကီးကို ကြည့်ပြီး ခေါင်းငုံ့ကိုက်လိုက်ကာ မရှင်းမလင်းပြောလိုက်၏။

"တောင်းပန်ပါတယ်...ငါ နည်းနည်း စိတ်လှုပ်ရှားနေလို့...ငါ ထပ်မလှုပ်တော့ဘူးနော်" 


ကလေးက စိတ်ထက်သန်စွာ ပြောလိုက်၏။

“ ဆက်လှုပ်သင့်တယ်ထင်တယ်...” 


လက်ထောက်က နားမလည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။

"ဘာကြောင့်လဲ..."


ကလေးက ပြောသည်။

"ဆရာ့ရဲ့ ညာဘက်ခြေထောက်က ဘယ်ခြေထောက်ထက် သုံးဆယ့်နှစ်ဆ ပိုလှုပ်နေတယ်... သူတို့ကို တူတူလှုပ်သင့်တယ်...."


လက်ထောက်က သူ့ခြေထောက်များကို ကူရာမဲ့စွာ လှုပ်လိုက်၏။


လက်ထောက်၏ ဘယ်ညာခြေထောက်များ လှုပ်ရှားသည်က အကြိမ်သုံးထောင်ပြည့်သောအခါတွင် ပရိသတ်၏ အာရုံစူးစိုက်မှုအောက်တွင်ရှိနေသည့် ဥခွံက နောက်ဆုံးတွင် ဖြည်းဖြည်းနှင့် နှေးကွေးစွာ လှုပ်ယမ်းသွားသည်။


လက်ထောက်က ထခုန်လုနီးပါးဖြစ်သွား၏။ မူလနို့နှစ်ရောင်ဥခွံက တဖြည်းဖြည်း ပွင့်လင်းလာပြီး အရိပ်အယောင်တစ်ခုကို သူမြင်လိုက်ရ၏။။


ပရိသတ်အားလုံးက အသက်ရှုအောင့်လိုက်ကြပြီး တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ မှတ်ချက်များကပင် ယခုအခိုက်အတန့်တွင် ရှင်းလင်းသွားခဲ့သည်။


အရပ်ရှည်သော အသွင်အပြင်က လူတိုင်းရှေ့မှာ ပေါ်လာသည်။


သူက တတိယစစ်တပ်၏ ဗိုလ်မှူးယူနီဖောင်းဖြစ်သည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လင်းက ၎င်းကို ဝတ်လိုက်သည့်အခါ ကျားနက်တစ်ကောင်လို ခုန်အုပ်ရန် အဆင်သင့်ဖြစ်နေပြီ သူ၏ အရှိန်အဟုန်တစ်ခုတည်းက အခြားစစ်တပ်အမျိုးသမီးများကို လွှမ်းမိုးသွားနိုင်၏။


သို့သော် ၎င်းကို သူဝတ်ထားလိုက်ချိန်တွင် ထိုစစ်ဝတ်စုံက သူ၏ မာနကြီးပြီး နှိမ့်ချတတ်သော အလေ့အကျင့်ကို မီးမှောင်းထိုးပြသည့် စံနမူနာကောင်းတစ်ခုဖြစ်၏။


ဝတ်စုံက သူ့အပေါ်မှ အနည်းငယ် လျှောကျနေသော်လည်း ၎င်းက ဤအချိန်ခဏတွင် သူ၏ သိက္ခာရှိမှုကို မဖျက်ဆီးခဲ့ချေ။


စစ်ဦးထုပ်က အနက်ရောင်ဆံပင်ကောက်ကောက်ပေါ်တွင် ဖိထား၏။ ဆံချည်မျှင်များက ရှည်လျားကျဉ်းမြောင်းသော အစိမ်းရောင်မျက်ဝန်းတစ်စုံကို ဖုံးကွယ်ထားပြီး  မျက်လုံးက ပုံမှန်ထက်မှေးနေသည်။ သူ့မျက်နှာအသွင်အပြင်က ယခင်ကလေးဆန်သော အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း ဖယ်ရှားပစ်လိုက်ပြီး နောက်ဆုံးတွင် ကြည်လင်ပြတ်သားသော ကောက်ကြောင်းများနှင့် အေးစက်သော စိတ်ထားတို့သာ ကျန်နေ၏။ သူ့ပုံက လက်ရာမြောက်သော ရေခဲပန်းပုရုပ်တစ်ခုလို ဖြစ်နေသည်။


ထိုလူက သူတို့ကို တစ်ချက်စိုက်ကြည့်လိုက်သောအခါ အမျိုးသမီးတိုင်းက သူ့ကို အကြည့်လွှဲသွားပြီးမှ တိတ်တဆိတ် ပြန်မကြည့်ဘဲ မနေနိုင်ချေ။


လက်ထောက်က သူ့ပါးစပ်ကို အနည်းငယ်ဖွင့်လိုက်ရာ ကွတ်ကီးက သူ့ခြေထောက်ပေါ် ပြုတ်ကျသွားသည်။


ဒါက တကယ်ပဲ ကြီးစိုးပြီး မာနကြီးတဲ့ အမျိုးသားတစ်ယောက်လို ပြုမူရတာကိုကြိုက်တဲ့ သူလား...


သူက စုန့်ကျန်းရှူးကို တိတ်တိတ်ဆိတ်ဆိတ်ပင် တစ်ချက်ကြည့်လိုက်ရာ လုမော့နှင့် စုန့်ကျန်းရှူးတို့က ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်၌ လုံးလုံးလျားလျားနီးပါး ရှိနေသည်ကို တွေ့ရ၏။ စုန့်ကျန်းရှူးက အသွင်ကူးပြောင်းမှုတစ်ခုပြီးနောက်  ပို၍နူးညံ့သိမ်မွေ့လာပြီး သူ့အသွင်အပြင်က ပို၍လှပလာသည်။ အကယ်၍ သူက အုံ့မှိုင်းသောမျက်နှာဖြင့် ဤနေရာ၌ ရပ်နေခြင်းသာ မဟုတ် ပါက စုန့်ကျန်းရှူးနှင့် စကားစမြည်ပြောရန် ရှေ့သို့ရောက်လာသော အမျိုးသမီးအရေအတွက်များစွာ ရှိနေပေမည်။



🌌🌌🌌


နောက်ဆုံးစာပိုဒ်က e tranမှာကိုက ရှုပ်နေအောင် ရေးထားလို့ပါ၊ လက်ထောက်ပြောချင်တာက‌ စုန့်ကျန်းရှူး အသွင်ပြောင်းတုန်းကကျတော့ သူ့မျက်နှာက ပိုနူးညံ့ပြီးလှတဲ့ဘက်ရောက်သွားပေမယ့်၊ လုမော့ကကျတော့ သူနဲ့ဆန့်ကျင်ဘက် ခံ့ညားတဲ့ပုံစံမျိုး ဖြစ်သွားတယ်လို့ ဆိုလိုချင်တာနေမယ်