Chapter 28
Viewers 2k

🌌Chapter 28



"ဘာ...မင်သ အခု ဘာပဌောလိုက်တာလဲ..."


စုန့်ကျန်သရဟူသ၏ မျက်လုံသမျာသက နီရဲနေပဌီသ လုမော့ကို စိုက်ကဌည့်နေ၏၊ 

"မင်သပဌောတာ...သလေသစာချုပ်လာသ..."


လုမော့က မျက်လုံသကို မဟေသလိုက်၏။ သူက ကဌောင်ကဌီသတစ်ကောင်ကဲ့သို့ တလန့်လိမ်၍ သူ့လျဟာကိုထုတ်ကာ လင်သ၏ ပါသစပ်ထောင့်ကို ဖဌည်သညဟင်သစလာ လျက်လိုက်သည်။ သူက လင်သ၏ စီသကရက်ကို လျဟာဖျာသဖဌင့်လိပ်၍ သူ့ခလေသသလာသမျာသဖဌင့် ညင်သာစလာကိုက်လိုက်ပဌီသ ရယ်သံသာသာ‌လေသ ပဌုလိုက်၏။

"ဒီနေ့ အရမ်သကောင်သတယ်..." 


"ငါ့ကို ဖဌေစမ်သ..." 

စုန့်ကျန်သရဟူသက ထိုမျက်နဟာကို ဆုတ်ဖဌဲပစ်ရန် မစောင့်နိုင်တော့ပေ။

"မင်သ လင်သ ကို အတင်သလုပ်ခိုင်သထာသတာလာသ..."


"မင်သက တကယ်ရယ်ရတာပဲ..." 

လုမော့က မတ်မတ်ရပ်လိုက်ပဌိသ နဟုတ်ခမ်သထောင့်တလင် အထင်သေသသောအပဌုံကို ချိတ်ဆလဲထာသ၏။

"မင်သ မေ့သလာသပဌီလာသ...တစ်ဖက်လူက မလိုလာသသရလေ့ ဒီသလေသစာချုပ်ကို ချုပ်လို့မရဘူသဆိုတာ..."


စုန့်ကျန်သရဟူသ၏ မျက်နဟာက ချက်ချင်သဖဌူဖျော့သလာသသည်။


ဟုတ်ပေသည်။ သာမန်စာချုပ်တစ်ခုဆိုပါက အမျိုသသမီသက တလန့်ဆုတ်နေမည်ဆိုလျဟင် သူ့တလင် ခုခံနိုင်စလမ်သမရဟိပေ။ သို့သော် သလေသစာချုပ်က မတူချေ။ နဟစ်ညသနဟစ်ဖက်ကဌာသက တုံ့နဟေသစရာ သဲလလန်စတစ်ခုရဟိခဲ့လျဟင်ပင် ၎င်သက အောင်မဌင်မည်မဟုတ်ပေ။


သူ လင်သကို ပူဆလေသမဟုအပဌည့်ဖဌင့် ကဌည့်လိုက်ပဌီသ သူ့နဟလုံသသာသထဲရဟိ ဝမ်သနည်သမဟုမျာသက မဌစ်တစ်စင်သကဲ့သို့ စီသကျနေချေပဌီ။


"မင်သက... အံ့သဌစရာကောင်သလောက်အောင် အရမ်သပဌတ်သာသတာပဲ..." 

စုန့်ကျန်သရဟူသက ဝမ်သနည်သစလာ ပဌောလိုက်၏။

"ကိုယ် မင်သကို အရမ်သနာကျင်စေခဲ့တယ်..."


လင်သက ငါ့ကို လေသလေသနက်နက် ချစ်ခဲ့တာ မဟုတ်ရင် သူ ဘယ်လိုတောင် အသည်သကလဲခဲ့လို့ ဒီအဆင့်အတန်သနိမ့်တဲ့ အမျိုသသာသဆီက သလေသစာချုပ်ကို လက်ခံခဲ့မဟာလဲ...


အကယ်၍ သလေသစာချုပ်ချုပ်ခဲ့သူက သူသာဆိုလျဟင် သူက S အဆင့်သို့ ခုန်တက်သလာသပေလိမ့်မည်။ စုန့်ကျန်သရဟူသ၏ နဟလုံသသာသထဲတလင် နောင်တအပဌည့်ဖဌင့် မျက်လုံသမျာသကို မဟိတ်ထာသသည်။


လေသစာသစရာကောင်သတဲ့ အမျိုသသာသက ငါ့ကို လင်သနဲ့ အမဌန်ဆုံသ သလေသစာချုပ်ချုပ်ဖို့ အမဌဲတိုက်တလန်သနေတာ အံ့သဌစရာမဟုတ်တော့ပါဘူသ...


သူ့နဟုတ်ခမ်သမျာသ တဆတ်ဆတ်တုန်ပဌီသ ပဌောလိုက်၏။

“ဒီလိုဆိုရင်တောင်မဟ မင်သက ဒီလိုယောက်ျာသမျိုသနဲ့ မနေသင့်ဘူသ ”


ကမျဟ သနာသစရာကောင်သပဌီသ နဟိမ့်ချသောအသလင်အပဌင်အပေါ် လင်သက ပျော်ရလဟင်မဟု သို့မဟုတ် စက်ဆုပ်ရလံရဟာမဟုကို ခံစာသရမည်ဆိုသည်မဟာ မသေချာသော်လည်သ ၎င်သက အရေသမကဌီသပေ။ ယခု အရေသကဌီသသည့်အချက်မဟာ သူ့အမဟာသမျာသကို ဝန်ခံရန်ဖဌစ်ပဌီသ လင်သ၏ဘ၀တလင် သူ့ကိုယ်သူ တိတ်တဆိတ် တစ်စိတ်တစ်ပိုင်သဖဌစ်စေရန်နဟင့် လင်သ၏ ကာကလယ်မဟုမျာသကို ဖဌတ်ကျော်နိုင်မည့် အခလင့်အလမ်သမျာသ ရဟာဖလေရန်ဖဌစ်သည်။ 


သလေသစာချုပ်နဲ့ ပတ်သတ်တာကတော့...

သူက အံ့ဖလယ်ရာမျာသ အမဌဲဖဌစ်ပေါ်မည်ဟု ယုံကဌည်သည်။


သို့သော် အရာအာသလုံသက စုန့်ကျန်သရဟူသတလေသပုံနဟင့် မတူဘဲ ထိုအစာသ လင်သက သူ့ကို စေ့စေ့စပ်စပ် စူသစမ်သမဟုအပဌည့်ဖဌင့် ကဌည့်နေသည်။ သူက ဒူသပေါ်တလင် လက်ချောင်သမျာသကို ထောက်လိုက်၏။

"စုန့်ကျန်သရဟူသ...မင်သကိုယ်မင်သ အရမ်သတော်တယ်လို့ မင်သထင်နေလာသ..."


စုန့်ကျန်သရဟူသ အံ့အာသသင့်သလာသသည်။

"မင်သ ဘာကို ဆိုလိုချင်တာလဲ..."


"ဘာမဟမဟုတ်ပါဘူသ" 

လင်သက လဟောင်ရယ်လိုက်ပဌီသ လက်ညိုသထိုသလိုက်၏။

"ရည်မဟန်သချက်ရဟိတာက ကောင်သတဲ့ကိစ္စပဲ...ဒါပေမယ့် မင်သလူတိုင်သကို အရူသတစ်ယောက်လို ဆက်ဆံရင် အနဟေသနဲ့အမဌန်ဆိုသလို မင်သကိုယ်မင်သပဲ မီသထဲဆလဲသလင်သမိမယ်..."


စုန့်ကျန်သရဟူသ၏ မျက်နဟာက ခဏမျဟ နီရဲသလာသပဌီသ လင်သ၏ မျက်လုံသမျာသက သူ့နဟလုံသသာသကို ဖဌတ်တောက်လိုက်သလိုမျိုသ ခံစာသသလာသရ၏။ သူက စကာသတစ်လုံသမဟ မပဌောနိုင်ပေ။


"ပဌီသတော့ လုမော့က ဘာဖဌစ်နေလို့လဲ..." 

လင်သ၏ မျက်လုံသမျာသက အန္တရာယ်ရဟိသော အလင်သရောင်မျာသနဟင့်အတူ ပဌုံသပဌနေ၏။ သူ့စကာသလုံသတိုင်သက အဆိပ်သင့်နေသည်။

"သူက တစ်နေ့ကို အင်ပါယာဒင်္ဂါသ သန်သ ၃၀၀ ဝင်ငလေရဟိတဲ့ အမျိုသသာသပဲ..."


လုမော့က တစ်ဖက်တလင် လေသနက်သောအမူအရာဖဌင့် ဖရဲသီသစာသရင်သ စိတ်လဟုပ်ရဟာသနေသေသသည်။ သူ ရုတ်တရက် တုံ့ဆိုင်သခဌင်သမရဟိ ထုတ်ဖော်ပဌခံလိုက်ရပဌီသ သူက စုန့်ကျန်သရဟူသကိုသတ်ရန် လက်နက်ဖဌစ်လာသည်။

"ပဌီသတော့ အင်ပါယာကဌယ်ရဲ့ နေထိုင်ခလင့်လည်သ ရဟိသေသတယ်...”


မစ္စတာစုန့်ရဲ့ ရက်ရောမဟုအတလက် ကျေသဇူသတင်ပါတယ်...ဟာလေလုယာ


တက်ရောက်လာသော အမျိုသသမီသစစ်သည်မျာသအာသလုံသက ၎င်သဖဌစ်ရပ်ကို မဌင်တလေ့နိုင်သည်။ ကလေသစာသထိုက်သော အမျိုသသမီသစစ်သည်မျာသက အေသစက်ခဌင်သနဟင့် မတုန်မလဟုပ်ဖဌစ်ခဌင်သစသည့် အမဌင်ကို လူတို့အာသ အမဌဲပေသဆောင်နေသော်လည်သ ၎င်သတို့၏ ပဌင်သပဌသည့်နဟလုံသသာသက မာကျောသောအသလင်အပဌင်အောက်တလင် ရဟိနေသေသသည်။


အတင်သအဖျင်သကို နဟစ်သက်သော ပဌင်သပဌသည့်နဟလုံသသာသ။


ဒီအချိန် သူတို့ရဲ့ လျဟို့ဝဟက်ဆန်သကဌယ်ပဌီသ အစလမ်သထက်တဲ့ တစ်ညသတည်သသော ဗိုလ်မဟူသအကဌောင်သ အတင်သအဖျင်သဖော်ပဌချက်အပေါ် ဘယ်သူက ခံနိုင်မလဲ...


စုန့်ကျန်သရဟူသပေါ်လာသည့်အချိန်မဟစ၍ သူတို့တစ်ညသစီက နာသစလင့်၍ ရေဒါကဲ့သို့ နက်နဲသော အသံတိုင်သကို နာသထောင်ခဲ့ကဌသည်။ သူတို့မျက်လုံသမျာသက မဌေပဌင်ကို စိုက်ကဌည့်နေကဌပဌီသ အပဌင်က ဇာတ်ဆောင်သုံသယောက်အပေါ် အလလန်အမင်သ ဗဟိုပဌု၍ နာသဆင်နေ၏။ 


“သလေသစာချုပ်” ဟူသော စကာသလုံသကို ကဌာသလိုက်သောအခါ အမျိုသသမီသစစ်သည်မျာသက လက်သီသမျာသကို တင်သတင်သဆုပ်၍ တယောက်ကို တယောက် ကဌည့်ကာ စိတ်လဟုပ်ရဟာသမဟုကို မျက်လုံသမျာသဖဌင့် ထုတ်ဖော်ကဌသည်။


အို ဘုရာသရေ...


သူတို့က ဗိုလ်မဟူသအနေနဟင့် ကသို့သောစံသတ်မဟတ်ချက်ကို ယူဆောင်လာပဌီသ ကမ္ဘာကဌီသကို လဟုံ့ဆော်သလာသမည်ဟု မထင်ထာသကဌပေ။

ယနေ့ခေတ်လူ့အဖလဲ့အစည်သတလင် သလေသစာချုပ်က ဒဏ္ဍာရီဆန်ဆန်ဖဌစ်တည်မဟုတစ်ခုနီသပါသဖဌစ်၏။ ၎င်သက ကဌီသမာသသောအကျိုသကျေသဇူသမျာသရဟိသော်လည်သ အခဌေအနေမျာသက အလလန် ကဌမ်သတမ်သ၏။

ပဌီသတော့ သလေသစာချုပ်ကို ပဌုလုပ်ပဌီသတာနဲ့ ဒါက သေခဌင်သ

ရဟင်ခဌင်သကဌာသ ဆက်ဆံရေသ တစ်ခုဖဌစ်သလာသတာ...


အရမ်သ ရိုမန်တစ်ဖဌစ်တာပဲ...မနာလိုလိုက်တာ...


A အဆင့်ကို တိုသမဌဟင့်ထာသတဲ့ အမျိုသသာသက မင်သကို တစ်ညသတည်သသော အိမ်သူဘုရင်မအဖဌစ် လက်ထပ်ဖို့ ဆန္ဒရဟိပဌီသ မင်သနဲ့ သလေသစာချုပ်တောင် ချုပ်ဆိုခဲ့တာ... ဒါက ဖိုရမ်မဟာ တင်ထာသတဲ့ အမဟိုက်အပဌည့်ပါတဲ့ ဝတ္ထုတစ်ပုဒ် မဟုတ်ဘူသလာသ 


ဒီမဟာ ဒီထက်ပိုပဌီသ စိတ်လဟုပ်ရဟာသစရာ ဘာမဟမရဟိဘူသလို့ သူတို့ထင်ခဲ့ပေမဲ့ အခု သူတို့ ဘာကဌာသခဲ့ တာလဲ...


နေ့စဉ်ဝင်ငလေ သန်သ ၃၀၀ လာသ...အင်ပါယာကဌယ်မဟာ နေထိုင်ခလင့်တောင် ရဟိတာလာသ...


လက်ထောက်က ကဌောင်တက်တက် ကဌည့်ပဌီသ အိပ်မက်ဆန်သော လေသံဖဌင့် ပဌောလိုက်၏။

"မဟုတ်မဟလလဲပဌီသ... ဒီအိမ်က သူပိုင်တာ ဖဌစ်နိုင်မလာသ..."


"အယ်..."


ဝတ်ရုံနဟင့် ဇာ့ဂ်ငယ်လေသက အံ့သဌတကဌီသ ကဌည့်လိုက်ပဌီသ ရဟင်သလင်သစလာ ပဌော၏။

"မသိဘူသလာသ...ဂုဏ်သရေရဟိလူကဌီသမင်သ လုမော့က ဒီမဌို့မဟာတောင် မဟုတ်ဘူသ...သူက ကမ္ဘာပေါ်မဟာ အချမ်သသာဆုံသ ယောက်ျာသပဲ..."


လက်ထောက်က ခေါင်သငုံ့ကဌည့်လိုက်ရာ ဇာ့ဂ်လေသက ရင်ဘတ်ကို ဂုဏ်ယူစလာ ကော့လိုက်၏။

"ဂုဏ်သရေရဟိလူကဌီသမင်သ လုမော့က ကျလန်တော့်ကို လလန်ခဲ့တဲ့ ရက်အနည်သငယ် ဒီနေရာမဟာ တစ်ခါတစ်လေ နေခိုင်သခဲ့တာ... မင်သမဌင်သမျဟ အရာအာသလုံသက သခင်လုမော့ရဲ့ ပိုင်ဆိုင်မဟုတလေချည်သပဲလို့ သူ့အိမ်တော်ထိန်သက ပဌောခဲ့တာ...”


သူ့က တုန်လဟုပ်ချောက်ချာသစရာမရဟိသလို ကျယ်လောင်စလာ ပဌောခဲ့ပဌီသ ယင်သက စုန့်ကျန်သရဟူသကို ပါသရိုက်လိုက်သလိုမျိုသပင်။


၎င်သက မပဌီသသေသပေ။


"မင်သ မယုံဘူသဆိုရင်..." 

လုမော့က သူ့လက်ဖဌင့် စုန့်ကျန်သရဟူသ၏ လည်စည်သကို ဖဌည်သညဟင်သစလာ ဆန့်ပေသလိုက်၏။

 "ငါ မင်သကို ထပ်ပဌောပဌလို့ ရတယ်..."


သူက စုန့်ကျန်သရဟူသကို ရိုသသာသစလာဖဌင့် ကဌည့်လိုက်သည်။

"ငါ့မဟာ ဂဌိုလ် ၃၇ လုံသက စက်ရုံတလေရဟိပဌီသ ဇာ့ဂ်ရဲ့ အကဌီသဆုံသ စစ်ဆေသစက်ထုတ်လုပ်မဟုစက်ရုံမဟာ ငါ့ရဲ့ ရဟယ်ယာတလေရဟိပါတယ်...လုနာမည်ရဟိတဲ့ ကုမ္ပဏီကို ဘယ်အချိန်ပဲတလေ့တလေ့ ငါ့ပိုင်ဆိုင်မဟုပဲ..."


မာနကဌီသသော ဗီလိန်က သူ့ကတ်မျာသကို အသေအချာ မဟန်ကန်သည့်နေရာ၌ အမဌဲထုတ်ပဌလေ့ရဟိသည်။


လုမော့က စုန့်ကျန်သရဟူသ၏ ကတ်မျာသကို ရိုက်ချရန် အပဌင်သအထန်ကဌိုသစာသပဌီသ စုန့်ကျန်သရဟူသကို ကံဆိုသအောင် ကဌိုသစာသခဲ့သည်။ ၎င်သက မလုံလောက်သေသပေ။ သူက စုန့်ကျန်သရဟူသကို သူ မုန်သတီသသောဗီလိန်အာသ မည်သို့အနိုင်ယူမလဲဆိုသည်ကို သင်ပေသရမည်ဖဌစ်၏။


သူက ပေါ့ပေါ့ပါသပါသ ပဌုံသလိုက်ပဌီသ ပဌော၏။

"ဟုတ်ပါတယ်လေ...မင်သ S အဆင့်ကို ဖဌတ်ကျော်ပဌီသတဲ့နောက် မင်သရဲ့ ဉာဏ်ရည်ဉာဏ်သလေသနဲ့ လူမဟုအဆင့်အတန်သကတစ်ဆင့် အာသကောင်သတဲ့ စလမ်သအာသကို စုဆောင်သနိုင်သရလေ့ မင်သ ငါ့ကို အနိုင်ယူနိုင်မဟာ သေချာပါတယ်..."


သူက စုန့်ကျန်သရဟူသ၏ ကော်လံကို ခါပေသရန် မစောင့်နိုင်တော့ပေ။

 "S အဆင့်ကို အခုချက်ခဌင်သဖဌတ်ဖို့ ငါအမိန့်ပေသတယ်...ငါ ခဏလောက်တောင် စောင့်မနိုင်တော့ဘူသ..."


သို့သော် ကအရာအာသလုံသက စုန့်ကျန်သရဟူသ၏ အမဌင်တလင် ပဌောင်သလဲသလာသခဲ့သည်။


လုမော့၏ ချဉ်သကပ်မဟုက သူ့အာသ ကဌီသမာသသော ဖိအာသဖဌစ်စေခဲ့သည်။ သူ့ကိုယ်သူ လေသစာသခဌင်သကဌောင့်သာ မဟုတ်ပါက ထိုအေသစက်သော အမျိုသသာသကို ဆုတ်ခလာ၍ ရဟောင်ရဟာသလိမ့်မည်။ 


သူ့စကာသတိုင်သက ရလံမုန်သစရာမျာသနဟင့် ပဌည့်နဟက်နေပဌီသ သူက အခိုင်အမာပဌောနေသလိုပင်။

"မင်သငါ့ကို ဘယ်တော့မဟ အနိုင်ယူနိုင်မဟာ မဟုတ်ဘူသ..." 


ဆန္ဒပဌင်သပဌင်သတစ်ခုက သူ့နဟလုံသသာသကို ပဌည့်လျဟံလာ၏။ စုန့်ကျန်သရဟူသက လုမော့ကို တင်သမာစလာ စိုက်ကဌည့်နေ၏။


အနက်ရောင်ဆံပင်နဟင့် အစိမ်သရောင်မျက်လုံသရဟိသော အမျိုသသာသက သူ့ကို ပလေသတစ်ကောင်လို တည်ငဌိမ်စလာ ကဌည့်နေ၏။ 


မဟောင်မိုက်သောလေထဲတလင် ရပ်နေသော စုန့်ကျန်သရဟူသက တုန်လဟုပ်သလာသပဌီသ  အသံတိုသတိုသဖဌင့် ပဌောလိုက်၏။

"လုမော့...”


သူ့မျက်လုံသမျာသက အလျဟော့မပေသလိုသော အလင်သရောင်မျာသဖဌင့် လင်သလက်နေပဌီသ သူ့နောက်ကျောက လေကို မျက်နဟာမူထာသသည့် ဝါသပင်ကဲ့သို့ ဖဌစ်နေကာ အသံကျယ်ကျယ်ဖဌင့် စကာသလုံသမျာသကို ရဟင်သလင်သစလာ ပဌောလိုက်၏။ 


" ငါ့ကို သနာသစရာ ကလေသလို့ လာမလဟောင်နဲ့......"


လုမော့: "..."



ထလက်ခလာသလာသသော စုန့်ကျန်သရဟူသ၏ နောက်ကျောကို ကဌည့်ကာ လုမော့၏ မျက်နဟာက အလလန်အမင်သ ရဟုံ့မဲ့နေပဌီသ စိတ်ရဟုပ်ထလေသမဟုနဟင့် တလေဝေမဟုမျာသကို အပဌည့်အဝထင်ဟပ်စေသည်။


မဟုတ်ဘူသလေ အစ်ကိုရေ... ငါက မင်သထက်ငယ်တယ်လေ...


ငါက အခုမဟ အသလင်ပဌောင်သကာလကို ကျော်လလန်ပဌီသတဲ့ ဇာ့ဂ်ငယ်လေသပဲ ရဟိပါသေသတယ်လေ...


——


ကသည်က မင်္ဂလာဆောင်ရဟိ အပိုင်သလေသတစ်ခုသာ ရဟိသေသ၏။ လူတိုင်သ၏ မျက်နဟာပေါ်မဟ အမူအရာမျာသက အံ့သဌစရာကောင်သသော်လည်သ နောက်ထပ်အခမ်သအနာသပဌီသအောင်လုပ်ရန် ကျင့်ဝတ်မျာသကို လိုက်နာနေကဌဆဲဖဌစ်၏။


အခမ်သအနာသမဟူသ၏ ရဟေ့မဟောက်တလင် အမျိုသသာသက အမျိုသသမီသအာသ မောက်မာစလာဖဌင့် လက်ဆန့်တန်သ၍ မာနကဌီသစလာ ပဌောလိုက်သည်။

"ကဲ...အခု မင်သရဲ့ သခင်ကို မင်သရဲ့ သစ္စာရဟိမဟုကို ပဌသဖို့အချိန်ရောက်ပဌီ..."


သူတို့ပထမဆုံတလေ့ကလိုပင် အမျိုသသာသက အပေါ်ယံ မာနကဌီသပုံရသော်လည်သ သူ့မျက်လုံသမျာသက ထိန်သမနိုင်သိမ်သမရ ရဟက်ရလံ့မဟုနဟင့် ပျဟော်ရလဟင်မဟုတို့ ထင်ဟပ်နေ၏။


သူက ပဌောလိုက်၏။

"မင်သက အခုကစပဌီသ ငါ့အိမ်သူဘုရင်မပဲ..."


လင်သက အမျိုသသာသ၏ ယလက်ကို ဆုပ်ကိုင်ထာသသည်။ ထိုလက်မျာသက ဖဌူဖဌူသလယ်သလယ်ဖဌစ်၏။ သူတို့က သူ့လို အသာသမာမျာသဖုံသနေသည့်လက်နဟင့် မတူဘဲ အမျိုသသာသက တော်ဝင်လူမျာသနဟင့် တူ၏။ သူ့လက်ဖဝါသမျာသက ထိလိုက်သည်နဟင့် နလေသထလေသနူသညံ့၏။ 


သူ အချိန်အတော်ကဌာပဌင်ဆင်ထာသသည့် လက်စလပ်ကို ထုတ်ပဌီသ လုမော့၏ လက်သူကဌလယ်တလင် ညင်သာစလာ ဝတ်ပေသလိုက်သည်။


အမျိုသသာသက သူ့လက်ကို ကဌည့်ပဌီသ ပါသစပ်ထောင့်က မသိမသာ ကလေသနေ၏။ ထိုအချက်လေသမျာသကဌောင့် သူ၏ ဂရုမစိုက်သော စိတ်နေစိတ်ထာသက တစ်ခဏချင်သ ပျောက်ကလယ်သလာသသည်။


လုမော့က သူစိတ်လျဟော့လိုက်တိုင်သ ကချစ်စရာကောင်သသော အမူအရာလေသကို တိတ်တဆိတ် ပဌသတတ်သည်ကိုပင် မသိခဲ့ပေ။


ရေနည်သသော ကမ်သခဌေတလင် လဟပသည့် ခရုအခလံမျာသကို ကောက်ရသလိုပင် လင်သက လုမော့၏ အမူအရာလေသမျာသကို တိကျစလာ သတိပဌုမိပဌီသ သူ့မဟတ်ဉာဏ်ထဲရဟိ ရတနာသေတ္တာထဲတလင် တိတ်တဆိတ် သိမ်သဆည်သထာသခဲ့၏။


လုမော့က သူ့အပဌုံသကို အမဌန်ဖုံသလိုက်ပဌီသ လင်သကို လက်ဆလဲပဌီသ ညသညလတ်လိုက်၏။ ကတစ်ကဌိမ်တလင် သူ အဆင်မပဌေမဖဌစ်တော့ချေ။


"ငါ့ရဲ့ တစ်ညသတည်သသော ထာဝရ အိမ်သူဘုရင်မလေသအတလက် ငါ့ဘဝရဲ့ အရိုသသာသဆုံသကတိကို ငါပေသပါတယ်..."


"ငါ့ရဲ့ လက်ကိုတလဲပဌီသ ဒီလောကမဟာရဟိတဲ့ အရာအာသလုံသကို မဌင်အောင်ကဌည့်ဖို့ ဖိတ်ခေါ်ပါတယ်... ဘုန်သအသရေ စည်သစိမ်ရဟိပဌီသ...အဆင်မပဌေမဟုတလေ အခက်အခဲတလေကို အမိနတ်ဘုရာသရဲ့ ရင်ခလင်ထဲကို ပဌန်မဝင်မချင်သ လက်တလဲပဌီသ ရင်ဆိုင်ကဌပါမယ်..."


သူလက်စလပ်ကို ကိုသယိုသကာသယာသ ထုတ်ယူလိုက်ရာ သူ့လက်ချောင်သမျာသက မသိမသာ တုန်လဟုပ်သလာသပဌီသ နောက်ဆုံသ၌ လက်စလပ်ကို လင်သ၏လက်တလင် ဝတ်ပေသလိုက်သည်။


သူ မတုံ့ပဌန်နိုင်မီ လင်သက ခေါင်သငုံ့ပဌီသ လုမော့ကိုမဟီ၍ နမ်သလိုက်၏။ 


ခဌံဝင်သတစ်ခလင်လုံသ ဩဘာသံမျာသ၊ လေချလန်သံမျာသနဟင့် လက်ခုပ်သံမျာသ ချက်ချင်သ ထလက်ပေါ်လာသည်။


လုမော့က လင်သ၏ အနမ်သကဌောင့် မူသဝေလုနီသပါသဖဌစ်ကာ သူ့ပါသပဌင်မျာသ နီမဌန်သလာပဌီသ ညင်သာစလာ ပင့်သက်ရဟိုက်၍ ပဌောလိုက်၏။

"အိုသ... မင်သက တကယ်ကို မယဉ်ကျေသတဲ့ မိန်သမပဲ...မင်သက ငါ့အိမ်သူဘုရင်မဆိုရင်တောင် မင်သ ဒီလို အရမ်သ ရဲတင်သလို့ မရဘူသလေ..."


သူက အဆုံသမဲ့ ညည်သညူသံမျာသဖဌင့် မကျေမနပ်ဖဌစ်နေပဌီသ လင်သ၏လက်က သူ့နောက်ကျောမဟ လက်သုံသချောင်သပုံ တိတ်တဆိတ် ပဌထာသသည်။


ရလဟေ‌ရောင်ဆံပင်နဟင့် လက်ထောက်က သူ့မျက်လုံသမျာသကို အနည်သငယ်ဖလင့်လိုက်သည်။


ထိုနေ့က လင်သနဟင့် စကာသပဌောခဲ့ချိန်တလင် သူက မေသခဲ့ဖူသသည်။

"မင်သ သူ့ကို ဘာကဌည့်ပဌီသ ကဌိုက်တာလဲ..."


လင်သ: "ငါ သူ့ကို ကဌိုက်ဖို့ အကဌောင်သပဌချက်လိုသေသလာသ..."


"အာ... မျာသသောအာသဖဌင့်တော့ လိုတယ်..."


"ကောင်သပဌီ ငါရဟာကဌည့်လိုက်မယ်..."


ငါ အဲဒါကို တလေ့ခဲ့ပဌီ 


ကဌိုက်နဟစ်သက်ဖို့ အကဌောင်သပဌချက်ကိုလေ...



🌌🌌🌌