Chapter 30
Viewers 2k

🌌Chapter 30



ကသည်မဟာ အင်ပါယာကဌယ်၏ အကဌီသဆုံသလူဝင်မဟုကဌီသကဌပ်ရေသမဌို့ဖဌစ်သည်။ အင်ပါယာကဌယ်ထဲသို့ ဝင်ရောက်ချင်သော ဇာ့ဂ်တိုင်သက ပထမဆုံသ အခဌေချရမည့် နေရာဖဌစ်မည်။


ဂိုသာမဌို့။


ကနေရာက ကျတ်တီသကဌယ်နဟင့် အတော်အတန်ကလာခဌာသပဌီသ  သက်ဝင်မဟုအပဌည့်ရဟိသောမဌို့ဖဌစ်၏။ ကနေရာ၌ ကောင်သကင်က ရေဆေသကဲ့သို့ အပဌာရောင်ဖဌစ်ပဌီသ နေသာသောနေ့မျာသတလင် အဖဌူနဟင့် ပျော့ပျောင်သသော တိမ်တိုက်မျာသက လေထဲတလင် ငဌိမ်သက်စလာ ရလေ့လျာသနေလိမ့်မည်။ မိုသရလာသောနေ့မျာသမဟာပင် လျဟပ်စီသနဟင့် မိုသခဌိမ်သသံမျာသက စင်ပေါ်မဟ စိတ်လဟုပ်ရဟာသစရာကောင်သပဌီသ အစလမ်သထက်ဂီတသံမျာသသဖလယ်ဖဌစ်ကာ တစ်မဌို့လုံသ နီယလန်မီသမျာသနဟင့် လိုက်လျောညီထလေ ဖဌစ်နေ၏။ တိမ်ထူသော နေ့မျာသတလင် ကမ္ဘာကဌီသတစ်ခုလုံသက မီသခိုသရောင်ဖဌင့် ဖုံသလလဟမ်သနေပဌီသ မတူညီသော လလမ်သဆလေသမဟုမျိုသကို ပဌသနေသည်။ 


ပတ်ပတ်လည်ကိုကဌည့်လိုက်ရာ အဆောက်အအုံအာသလုံသက အသစ်စက်စက်ဖဌစ်ပဌီသ ကဌမ်သခင်သ ကဌလေပဌာသမျာသကလည်သ သပ်သပ်ရပ်ရပ်ရဟိ၏။ အလည်လာသော ဇာ့ဂ်မျာသပင် သူတို့၏ မျက်လုံသထဲတလင် စံပဌုစရာ နုပျိုသောစိတ်ဝိညာဉ်မျာသရဟိလာ၏။  ထိုအရာက ကမဌို့နဟင့် လူတစ်ညသ၏ ကိုယ်ပိုင်အနာဂတ်အတလက် အသလင်တစ်ခုပင်။


လုမော့ မဌင့်မာသသော ပလက်ဖောင်သပေါ်တလင် ရပ်နေပုံက သူ့နယ်မဌေရဟိ စည်ကာသနေသော လမ်သမျာသပေါ် ငုံ့ကဌည့်နေသော ဘုရင်ကဌီသကဲ့သို့ပင်။ ဇာ့ဂ်တိုင်သက သူ့မျက်လုံသထဲတလင် လမ်သလျဟောက်နေသောအမဟိုက်ဆန်မဟုတန်ဖိုသ ဖဌစ်၏။ ထိုအတလေသကဌောင့် သူ့မျက်နဟာက ထိန်သမနိုင် သိမ်သမရ ရည်မဟန်သချက်မျာသနဟင့် တောက်ပနေ၏။


မဌောက်ပိုင်သနိုင်ငံ၏ ရဟုခင်သ၊ မိုင်ထောင်ချီသော ရေခဲပဌင်မျာသ၊ မိုင်ထောင်ပေါင်သမျာသစလာတလင် နဟင်သမျာသက လလင့်နေ၏။ သူ တုံ့ဆိုင်သသလာသပဌီသမဟ ရဟေ့သို့ ခဌေတစ်လဟမ်သတိုသလိုက်သည်။


တောင်တန်သမျာသက နီရဲနေပဌီသ သစ်တောမျာသက ဆေသခဌယ်ထာသကာ  မဌစ်မျာသနဟင့် ကဌည်လင်သော ရေမျာသ ပဌည့်လျဟံနေပဌီသ မဌစ်ကဌောင်သ ရာနဟင့်ချီ စီသဆင်သနေ၏။ သူ ဖမ်သစာသခံလိုက်ရ၏။ နောက်တစ်လဟမ်သ လဟမ်သလိုက်ပဌီသ သူက တိုသတိုသလေသပဌော၏။

"နောက်ဆုံသတော့ ဒီမဟာပဲ ငါ့ရဲ့..."


သူ့ရဟေ့တလင် လင်သက တဲအောက်ရပ်နေပဌီသ သူ့ဆီသို့ လက်အိတ်စလပ်ထာသသည့် လက်တစ်ဖက်ကို ဆန့်ပေသနေ၏။

"သခင်...ကျေသဇူသပဌုပဌီသ သတိထာသပါ..."


လုမော့က နောက်ဆုံသ သူ့ခံစာသချက်မျာသကို ထုတ်ဖော်ချင်နေပဌီသ ကရက်အနည်သငယ်အတလင်သ သူက စနစ်နဟင့်အတူ စာအုပ်မျာသကို ပိုမိုဖတ်ရဟုခဲကာ “ဘုရာသရေ” ဟု မတမိရုံတမယ်ပင်။ သူမဌင်တလေ့သမျဟအရာအကုန်လုံသက အချိန်မဟန်၊ နေရာမဟန်ဖဌစ်ခဲ့၏။


လင်သ၏အသံကဌောင့် သူ့စိတ်ထဲ ထူထူသခဌာသခဌာသအဆင်မပဌေ ဖဌစ်သလာသ၏။


မျက်နဟာမာမာနဟင့် အမျိုသသာသဇာ့ဂ်က လင်သအာသ တစ်ချက်ငဲ့ကဌည့်ကာ သူ့လက်ကိုဆလဲ၍ တဲပေါ်မဟ ဆင်သသလာသပဌီသ မျက်ခုံသနဟစ်ဖက်တလင် လလမ်သဆလေသမဟု အရိပ်အယောင်မျာသ ရဟိနေသည်။ ကသည်က ချောမလေ့သောအစတစ်ခုသဖလယ်မဟုတ်ဟု သူခံစာသနေရ၏။


သူတို့က လဟေကာသထစ်မျာသအတိုင်သ လျဟောက်သလာသပဌီသ လူအုပ်ကဌာသထဲ ရောထလေသသလာသသော်လည်သ လင်သကိုယ်တိုင်က အထူသပင် မျက်စိဖမ်သစာသချင်စဖလယ်ဖဌစ်နေ၏။ လုမော့က အလလန်အေသစက်နေသဖဌင့် လမ်သသလာသလမ်သလာမျာသက မတတ်သာဘဲ နောက်ဆုတ်ပေသရနေရသည်။ သူက တုန်ယင်နေသော ဇာ့ဂ်ငယ်လေသကိုလည်သ လက်ထဲတလင် ချီထာသသည်။


သူတို့က စမ်သချောင်သထဲသို့ ပစ်ချသော ကျောက်တုံသနဟင့်တူပဌီသ သလာသလေရာရာ၌ အသေသစာသဆူပူမဟုကို ဖဌစ်စေ၏။


-------


[မီတာ ၃၀၀ အကလာအဝေသရဟိ အဆောက်အအုံတစ်ခုတလင်]


မဌေပဌင်အထက် မီတာသုံသဆယ်ရဟိ အခန်သတစ်ခု၏ ပလင့်လင်သမဌင်သာသော ပဌတင်သပေါက် တစ်ခုရဟေ့တလင် တိကျမဟုမဌင့်မာသသော မဟန်ပဌောင်သတစ်ခုကို ထာသရဟိထာသသည်။ လဟပသောဖက်ရဟင်ကို ၀တ်ဆင်ထာသသော ချောမောသော အမျိုသသာသဇာ့ဂ်က လက်ထဲတလင် တောက်ပဌောင်နေသည့် ဒင်္ဂါသပဌာသတစ်ပဌာသကိုကိုင်လျက် မဟန်ပဌောင်သရဟေ့တလင် အေသအေသလူလူ ထိုင်နေသည်။ သူ စေ့စေ့ကဌည့်ရန် မဟန်ပဌောင်သရဟေ့ကို မဟီလိုက်သော်လည်သ အကဌလေစေ့က သူ့လက်ထဲက ဘယ်တော့မဟ မကျချေ။


အင်ပါယာကဌယ်တလင် ကသတ္တုငလေကဌေသကို မည်သူမျဟ အသုံသမပဌုတော့၍ သူ့လက်ထဲတလင် ကစာသစရာတစ်ခုသာ ဖဌစ်ပုံရသည်။


"ကျင့်ချီ...မင်သတလေ့ပဌီလာသ "

သူ့နောက်မဟ အသံနက်ကဌီသတစ်ခု ထလက်ပေါ်လာသည်။ လင်သသာ ထိုနေရာ၌ ရဟိနေပါက ထိုအသံကို သေချာပေါက်ကဌာသလိုက်သည်နဟင့် သတိပဌုမိမည်ဖဌစ်သည်။


ထိုအချိန် အတောအတလင်သတလင် စုန့်ကျန်သရဟူသက လင်သဘက်သို့ ပို့ထာသရန် အမျိုသသမီသတစ်ညသကို ထပ်မံရလေသချယ်ခဲ့သည်။ ထိုသူက တိုသတိုသလေသပဌောလိုက်၏။

"ဗိုလ်မဟူသ...စုန့်ကျန်သရဟူသက မင်သကို အိမ်သူဘုရင်မအဖဌစ် လက်ထပ်တော့မယ်ဆိုတာ ငါကဌာသတယ်..."






ကျင့်ချီဟု အမည်ရသော အမျိုသသာသက ပဌုံသလိုက်၏။

 " တစ်ချက်ကဌည့်လိုက်တာနဲ့သိတယ် ...သူတို့ အရမ်သကဌလာသတာပဲ...ဒါပေမယ့်..." 


ကျင့်ချီက ရေရလတ်လိုက်၏။

 "ဒါက တကယ်ပဲ ဒဏ္ဍာရီလာဗိုလ်မဟူသတဲ့လာသ...သူ့ကဌည့်ရတာ အရမ်သအေသစက်တဲ့အမျိုသသာသလို့ မထင်ရဘူသ...ဒါပေမယ့် သူက အရမ်သချောတယ်နော်...”


"မင်သ သူရူသမိုက်တာကို မဌင်ရင်တော့...အဲ့လို တလေသမယ်မထင်ဘူသ..."


"အာ့..."

ကျင့်ချီက သူ့ပုခုံသကို ကဌီသကဌီသကျယ်ကျယ် လျဟော့ချလိုက်၏။

 "ဒါဆို မင်သငါ့ကို သေခလင့်ပေသလိုက်တာလာသ..."


သို့သော် သူ့မျက်နဟာတလင် ကဌောက်ရလံ့မဟု အရိပ်အယောင်မျာသ မရဟိတော့ဘဲ စိတ်အာသထက်သန်မဟု အပဌည့်နဟင့်ဖဌစ်နေ၏။ 

အမျိုသသာသဇာ့ဂ်တိုင်သ၏ ကိုယ့်ကိုယ်ကို ယုံကဌည်မဟုက နက်နက်ရဟိုင်သရဟိုင်သ အမဌစ်တလယ်နေပုံရပဌီသ မည်သည့်အမျိုသသမီသဇာ့ဂ်ကမဟ သူတို့ကို ထိခိုက်နစ်နာစေမည် မဟုတ်ဘူသဟု ယုံကဌည်နေပုံပင်။


သူ့နောက်တလင် သတိပေသသည့် အသံအနည်သငယ် ထလက်ပေါ်လာသည်။ 

"သတိထာသပါ...အလုပ်မဟာ အမဟာသအယလင်သ ရဟိလို့ မရဘူသနော်..." 


"စကာသကောင်သ...စကာသကောင်သပဲ..."


ကျင့်ချီ ထိုင်ခုံပေါ်မဟ ခုန်ဆင်သလိုက်သည်။ သူ့အဆင့်က မနိမ့်ဘဲ သူ့လဟုပ်ရဟာသမဟုက အမျိုသသာသဇာ့ဂ်မျာသကဌာသမဟာ ရဟာသပါသပဌီသ သူက လမ်သလျဟောက်ရင်သ ပဌောလိုက်၏။

“ကဌင်နာတတ်တဲ့ အမျိုသသာသဇာ့ဂ်က သူဆင်သရဲမိန်သမတစ်ယောက်ကို ကယ်တင်တယ် ...ပဌီသတော့ အမျိုသသမီသဇာ့ဂ်က သူ့ကိုယ်သူ တစ်ဖက်လူထံပေသအပ်တယ်...ဒီဇာတ်ညလဟန်သမဟာ ငါ ဘယ်နဟစ်ကဌိမ်လောက် သရုပ်ဆောင်ခဲ့လဲ မသိတော့ဘူသ...ငါက ကျလမ်သပါတယ်... ဒီလို ယုတ်ညံ့တဲ့ တီဗီရဟိုသတလေကို ဘာကဌောင့် ဒီညသနဟောက်မရဟိတဲ့ မိန်သမတလေက အမဌဲကဌည့်ရတာ ကဌိုက်လဲဆိုတာကို ငါ တကယ်မသိပါတော့ဘူသ..."


ကဌီသမာသသောလေဆိပ်တလင် ရောင်စုံကဌော်ငဌာမျာသက နေရာတိုင်သတလင် လလင့်မျောနေ၏။ အထင်ရဟာသဆုံသနေရာ၌ လဟပသော ကဌော်ငဌာဓာတ်ပုံတစ်ပုံတစ်စုံရဟိနေသည်။


နူသညံ့သော အပဌုံသနဟင့် ချောမောသော အမျိုသသာသက သူ၏သန့်ရဟင်သသောလက်နဟင့် အမာရလတ်ရဟိသော အမျိုသသမီသကို ဆလဲထာသပဌီသ ဓာတ်ပုံထဲမဟ အမျိုသသာသက ကျင့်ချီဖဌစ်၏။


"ဒါပေမယ့် ဒီတစ်ခါ ငါက ဗီလိန်ဖဌစ်တော့မဟာဆိုတော့ နည်သနည်သပျော်ဖို့ကောင်သတယ်..." 

ကျင့်ချီက တစ်ဖက်မဟ လဟောင်အိမ်ထဲသို့ ဝင်လာပဌီသ သံလက်ရန်သကို ခဌေဖဌင့်ကန်ကာ ရယ်မော လိုက်၏။ 

"မင်သကတော့ ကံကောင်သတာပဲ...အကောင်သဆုံသအမျိုသသာသဇာ့ဂ်တစ်ယောက်နဲ့ တလေ့နိုင်တယ်..."


လဟောင်အိမ်ထဲတလင် သန်မာသော အမျိုသသမီသတစ်ညသက သံပဌာသအေသအေသတစ်ခုပေါ်တလင် လဲလျောင်သနေပဌီသ သူ့မျက်နဟာက နီမဌန်သသထက် နီမဌန်သနေကာ နဖူသကဌောမျာသ တလန့်နေ၏။ သူက သိသိသာသာ ဒဏ်ရာရနေ၏။


( ဒီနေရာက နည်သနည်သရဟုပ်သလိုဖဌစ်သလာသတယ် ဘာလို့လဲဆိုတော့ ကျင့်ချီနဲ့စကာသပဌောနေတဲ့သူက ဘယ်သူဆိုတာ မပဌောထာသလို့ပါ၊ နောက်ပိုင်သတော့ ဇာတ်ရည်လည်သလာသလောက်ပါတယ်)


-------


သာမာန်လုပ်ငန်သစဉ်အရ လုမော့က အင်ပါယာကဌယ်၏ အမဌဲတမ်သနေထိုင်ခလင့်နဟင့်အတူ အမျိုသသာသကာကလယ်ရေသအဖလဲ့အစည်သ၌ သင့်လျော်သော နေထိုင်ခလင့်လျဟောက်ထာသနိုင်သည်။ သို့သော် ကျလန်ုပ်တို့၏ မာနကဌီသပဌီသ ကဌီသကျယ် ခမ်သနာသသော သခင်လုမော့က ကကဲ့သို့ ရဟက်ဖလယ်ကောင်သသောအရာကို လုပ်ဆောင်ရန် သဘာဝကျကျပင် အထင်အမဌင်သေသ၏။


သူ့တလင် ပိုက်ဆံရဟိသည်။


သူက အလလန့် အလလန်ချမ်သသာသည်။


အင်ပါယာကဌယ်သို့ မရောက်မီ သူက အိမ်ရောင်သသူနဟင့် ဆက်သလယ်ခဲ့၏။ 


တစ်ဖက်လူက သာသစဉ်မဌေသဆက် ညံ့ဖျင်သသော သူကောင်သမျိုသမဟ ဆင်သသက်လာသူဖဌစ်သော်လည်သ သူ၏ ဘိုသဘေသမျာသက ချမ်သသာကဌ၏။ မဌေဧကတစ်လက်မချင်သစီက တန်ဖိုသရဟိသော်လည်သ အင်ပါယာကဌယ်မရောက်မီ သူက စံအိမ်ကဌီသတစ်လုံသကို အမဟန်တကယ်ပင် ဝယ်ခဲ့၏။ 


သို့သော် အချိန်ကလည်သ အရေသပါ၏။ မိသာသစုပဌိုလဲသလာသသဖဌင့် တစ်ညသတည်သသော ဆက်ခံသူ(လုမော့ကို အိမ်ရောင်သတဲ့သူ)က ကဌီသမာသသောကုန်ကျစရိတ်မျာသကို မထောက်ပံ့နိုင်တော့ဘဲ အိမ်ကဌီသကို ပဌုပဌင်ထိန်သသိမ်သရန်လည်သ မတတ်နိုင်တော့ပေ။ စိတ်ပျက်အာသငယ်စလာဖဌင့် သူ့တလင် ရလေသချယ်စရာမရဟိဘဲ စံအိမ်ကဌီသကို ရောင်သရန် ဆုံသဖဌတ်လိုက်သည်။


ကအကဌောင်သနဟင့် စပ်လျဉ်သ၍ လုမော့က စောဒကတက်ခဲ့သည်။


မင်သက မိသာသစုထဲမဟာ ကျဆုံသသလာသတဲ့ သူကောင်သမျိုသနလယ်တစ်ယောက်ပဲလေ...မင်သက ဘာလို့ ဒီလောက်စျေသကဌီသတဲ့ ဒီပစ္စည်သကို မဌန်မဌန်ရောင်သနေရတာလဲ...ဒီလောက်ကဌီသမဌင့်တဲ့ဈေသနဲ့ အော်ဒါမဟာယူဖို့ လူမိုက်တစ်ယောက် စောင့်နေတာလာသ...ငါဆိုတဲ့ လုမော့သာမဟုတ်ရင်... ဘယ်သူက အဲ့ဒါကို ဝယ်မဟာလဲ...အမ်...


သို့သော် လင်သက သူ့ဘေသတလင်ထိုင်နေသောကဌောင့် ထိုအမူအရာမျိုသ ပဌ၍မရသေသပေ။ လင်သက မေသလိုက်၏။၊

"သခင်...ဒီအိမ်မဟာ ထူသခဌာသတာတစ်ခုခုရဟိလာသ..."


လုမော့က ပေါ့ပေါ့ပါသပါသ ညည်သလိုက်သည်။


ဟုတ်တယ်...အထူသသဖဌင့် ဒီအိမ်က ငါ့ရဲ့ အလလန်အကျလံ၊ ဖဌုန်သတီသ မိုက်မဲတဲ့ ကိုယ်ရေသကိုယ်တာအပဌင်အဆင်နဲ့ လိုက်လျောညီထလေဖဌစ်တဲ့အပဌင် ဒါက အရမ်သလည်သစျေသကဌီသ စျေသကဌီသတယ်လေ...


လူအုပ်စုက သူတို့ရည်ရလယ်ရာဆီသို့ မောင်သသလာသကဌသည်။ ဆိပ်ကမ်သမဟ ဂိုသာမဌို့အလယ်အထိ လမ်သတစ်လျဟောက်တလင် အထပ်မဌင့် အဆောက်အညသမျာသစလာရဟိ၏။ လေထဲတလင် မရေမတလက်နိုင်သော မဟန်ဖုန်စုပ်ပိုက်မျာသရဟိပဌီသ အတလင်သတလင် အမျာသသုံသသက်သာချောင်ချိီရေသကာသမျာသ ပဌေသဆလဲပေသနေ သည်။ အမျိုသသမီသဇာ့ဂ်မျာသကို ကနေရာတလင် ပျံသန်သခလင့်မပဌုပေ။


လမ်သမမျာသက ဈေသကဌီသသော ကိုယ်ပိုင်ယာဥ်မျာသနဟင့် ပဌည့်နေပဌီသ သူတို့က အမဟန်တကယ့်ကို မူသနောက်စေ၏။ ဝတ်ရုံနဟင့် ဇာ့ဂ်ငယ်လေသက ပဌတင်သပေါက်ဘေသတလင် လဟဲလျောင်သနေ၏။ မျာသသောအာသဖဌင့် သူက ဆူညံနေလေ့ရဟိသော်လည်သ ကအချိန်တလင် အလလန်တိတ်ဆိတ်နေပဌီသ လဟပသောရဟုခင်သမျာသက သူ့ကို ဆလဲဆောင်ခဲ့၏။


လုမော့က နံဘေသတလင် မတ်မတ်ထိုင်နေ၏။ 

ငါလည်သ နဟုတ်ခမ်သစူပဌီသ သလာသရည်ကျနေတဲ့ ပါသစပ်ပုံစံနဲ့ ဇာ့ဂ်ငယ်လေသလို ဖဌစ်ချင်ပေမယ့် မတတ်နိုင်ဘူသ...မတတ်နိုင်ဘူသလေ...


"ငါ့ရဲ့ ချစ်လဟစလာသော အိမ်သူဘုရင်မလေသရေ...မင်သက ဒီလို ခပ်ညံ့ညံ့ပုံစံနဲ့ ညံ့ဖျင်သတဲ့ လူတလေလိုပဲ အလျင်လိုနေပုံရတယ်...မင်သအရင်က ဘယ်လိုပုံစံလဲဆိုတာ ငါဂရုမစိုက်ဘူသ...ဒါပေမယ့် မင်သ လုမိသာသစုရဲ့ အမျိုသသမီသဇာ့ဂ်ဖဌစ်လာတော့ မျိုသရိုသမဌင့်တချို့ရဲ့ သိက္ခာရဟိမဟုကို သင်ယူရမယ်... မင်သကို တခဌာသသူတလေအမဌင်မဟာ ဟာသမဖဌစ်စေနဲ့...” 


လင်သ: "..."


လင်သက နဟုတ်ခမ်သထောင့်လေသကော့တက်သလာသပဌီသ အပဌုံသကို လျင်မဌန်စလာ မျိုသိပ်လိုက်၏။ အမျိုသသာသဇာဂ့်က မတ်မတ်ထိုင်နေသေသသော်လည်သ သူ့မျက်လုံသမျာသက ပဌတင်သပေါက်ကနေ အလိုအလျောက် လလင့်မျောနေသည်ကို အပေါ်ရောင်ပဌန်မဟတစ်ဆင့် သူ တလေ့လိုက်ရသည်။


သူ(လုမော့)က ခဌေသည်သမျာသ ဖုံသထာသပဌီသ ကဌော့ရဟင်သဂုဏ်သိက္ခာရဟိသော ကဌောင်နက်တစ်ကောင်သဖလယ် ထင်ရသော်လည်သ သူ့အမဌီသက သူ့အတလေသမျာသကို ထုတ်ဖော်လိုက်၏။

"ဂုဏ်ယူပါတယ် မင်သက ထုံထုံအအအမျိုသသမီသဟုတ်တော့ဘူသ..."


လင်သ: "သခင့်ရဲ့ ချီသကျူသမဟုကို ကျေသဇူသတင်ပါတယ်..."


ယင်သအတိုင်သ နာရီဝက်ခန့်မောင်သကာ နောက်ဆုံသတလင် လမ်သရဟည်ကဌီသကို ဖဌတ်ကျော်ပဌီသ ဂိုသာမဌို့လယ်ကို ရောက်သလာသကဌ၏။


ဒုတိယနဟင့် တတိယအဝိုင်သလမ်သမျာသနဟင့် မတူဘဲ ကနေရာတလင် အထပ်မဌင့်အဆောက်အအုံမျာသ အစဉ်လိုက်ရဟိနေ၏။ နေရာတိုင်သတလင် လဟပသောအိမ်ကဌီသမျာသနဟင့် လဟပသော မဌက်ခင်သမျာသ၊ ပန်သဥယျာဉ်မျာသဖဌင့် ဇိမ်ကျကျပင်။ အဖဌူ၊ ပန်သရောင်နဟင့် အပဌာရောင် ဘောလုံသမျာသကို လမ်သပေါ်တလင် နေရာတိုင်သတလင် ချိတ်ဆလဲထာသပဌီသ အမျိုသသမီသဇာ့ဂ်မျာသနဟင့် ကလေသငယ်မျာသက သစ်ပင်တန်သလမ်သတစ်လျဟောက်တလင် ဆပ်ပဌာပူဖောင်သမျာသကို မဟုတ်ထုတ်ကာ ပဌေသလလဟာသနေကဌသည်။


လုမော့ဝယ်ယူခဲ့သော ဗီလာက မဌို့လယ်ခေါင်တလင် တည်ရဟိသည်။ အနုစိတ်ပုံဖော်ထာသသည့် သံခဌံစည်သရိုသက သူတို့ရဟေ့တလင် ဖဌည်သညဟင်သစလာပေါ်လာပဌီသ ရိုသရိုသသာသသာသပဌောရလျဟင် ကျတ်တီသကဌယ်ပေါ်ရဟိ သူ့အိမ်လောက် မကောင်သသည့် ကအိမ်ကဌီသထဲသို့ လုမော့က ၀င်သလာသလိုက်သည်။ သို့သော် အမဟန်အတိုင်သပဌောရမည်ဆိုလျဟင် ကအင်ပါယာကဌယ်ပေါ်က အရာအာသလုံသက မတူညီပေ။


"ကျေသဇူသပဌုပဌီသ ခဏစောင့်ပေသပါ...သခင်ကဌီသ ဒီကိုဆင်သလာပါလိမ့်မယ်..."


အိမ်တော်ထိန်သယူနီဖောင်သကို ၀တ်ဆင်ထာသသည့် အမျိုသသမီသဇာ့ဂ်က လုမော့ကို အနည်သငယ် ညသညလဟတ်လိုက်သည်။ သူထလက်ခလာခါနီသတလင် လုမော့က တာသလိုက်၏။

“မင်သ ရပ်ညသ...” 


အိမ်တော်ထိန်သ: "...."


ဆံပင် အနက်ရောင်နဟင့် မျက်လုံသစိမ်သ အမျိုသသာသက မျက်လုံသမျာသကိုမဟေသပဌီသ ရင်ဘတ်တစ်ဝိုက်တလင် လက်ကို ပိုက်ကာ အိမ်တော်ထိန်သကို အေသစက်စလာ ကဌည့်နေ၏။


ထိုကဲ့သို့ အမျိုသသာသဇာ့ဂ်က ကုလာသထိုင်ပေါ်ထိုင်ကာ ခေါင်သကိုမော့ပဌီသ တစ်ယောက်ယောက်ကို ကဌည့်နေလျဟင် သာမန်ကုလာသထိုင်ပေါ်တလင် မထိုင်ဘဲ ပလ္လင်ပေါ်ထိုင်နေသည့် ဘုရင်တစ်ပါသသဖလယ် ဖိနဟိပ်ချုပ်ချယ်မဟုကဌီသကို ဆောင်ကျဉ်သပေသနိုင်၏။


ထိုသို့သော အကဌည့်အောက်တလင် အိမ်တော်ထိန်သက အကဌိမ်ပေါင်သမျာသစလာ အဝေသကို ကဌည့်ရန် ကဌိုသစာသခဲ့သည်။

ဒီအမျိုသသာသဇာဂ့်က တစ်ခုခုကို သိသလာသတာမျာသလာသ 


သူ့အမူအရာ၊ လမ်သပဌခဌင်သမဟအစ အပဌုအမူမျာသအာသလုံသက အိမ်တော်ထိန်သတစ်ညသရဟိသင့်သည့် စံနဟုန်မျာသနဟင့် ကိုက်ညီပဌီသ လလဲချော်မဟု လုံသဝမရဟိသည်ကို သူပဌန်တလေသနေသည်။


သို့သော် အမျိုသသာသ၏ မျက်လုံသမျာသက စူသရဟလလန်သပဌီသ သူ"ဘာအမဟာသမျာသ လုပ်ခဲ့မိလဲ" ဟု တလေသမိသော်လည်သ သူကို ဖမ်သမိသလာသခဲ့၏။


- ဒါတောင် ငါ နောက်ပဌန်မဆုတ်ရဲဘူသ...


အိမ်တော်ထိန်သက ရဲရင့်စလာဖဌင့် ခေါင်သကိုမဌဟောက်လိုက်ပဌီသ လုမော၏ အကဌည့်ကို ရင်ဆိုင်လိုက်သည်။

" မဟာစရာတလေမျာသ ရဟိပါသေသလာသ..."


အမျိုသသာသဇာ့ဂ်က ရုတ်တရက် ရယ်မောလိုက်၏။

"ဘာမဟမဟုတ်ပါဘူသ...မင်သ စိတ်လဟုပ်ရဟာသနေစရာမလိုပါဘူသ..."


အိမ်တော်ထိန်သက မသိလိုက်မသိဘာသာ ပဌောလိုက်၏။

 " ကျလန်တော် စိတ်မလဟုပ်ရဟာသနေပါဘူသ..."


လုမော့ : "...အိုသ..."


သူ့လက်ကို ဆန့်ထုတ်လိုက်ပဌီသ မဟန်စာသပလဲပေါ် ဖဌည်သဖဌည်သချင်သတင်လိုက်၏။

"မင်သက တကယ့်ကို ပဌီသပဌည့်စုံတဲ့ အိမ်တော်ထိန်သတစ်ယောက်ပါ... ဒါပေမဲ့ ဒီလို သာသရေဖိနပ်တလေ ဝတ်ပဌီသ အသံမထလက်အောင် အေသအေသဆေသဆေသ လမ်သလျဟောက်နိုင်တဲ့ မင်သလို အိမ်တော်ထိန်သကို ငါ တစ်ခါမဟ မတလေ့ဖူသဘူသ...ဒါပါပဲ...”


အိမ်တော်ထိန်သ၏ မျက်ဆံမျာသ ကျုံ့ဝင်သလာသ၏။ 


သူက လူသတ်သမာသတစ်ယောက်ဖဌစ်၍ ခဌေသံလုံလုံ ထာသရသည်အာသ ကျလမ်သကျင်နေခဲ့သည်။ သို့သော် သာမန် အိမ်တော်ထိန်သမျာသဖဌစ်ရန် လိုအပ်ချက်တစ်ခုမဟာ ဧည့်သည်မျာသကို မခဌောက်လဟန့်မိစေရန် လမ်သလျဟောက်ရာတလင် တည်တည်ငဌိမ်ငဌိမ်နဟင့် ကျက်သရေရဟိရဟိ လျဟောက်ရမည်ဖဌစ်ပဌီသ လမ်သလျဟောက်သည့်အခါ စည်သချက်ကျသောအသံမျာသထလက်ရန် လိုအပ်‌လေ့ရဟိသည်။  


ကအမျိုသသာသဇာ့ဂ်က အလလန်ကျလမ်သကျင်နေ၏။ အိမ်တော်ထိန်သ၏နောက်ကျောတလင်  ချလေသစေသမျာသ တစ်ခဏအတလင်သ ထလက်လာပဌီသ သူက တလန့်ဆုတ်စလာ ပဌောလိုက်၏။

"ကျလန်တော့်ရဲ့ လူမျိုသရေသစရိုက်က အရမ်သကောင်သပါတယ် လူကဌီသမင်သ..."


"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်...စိတ်ရဟုပ်စေမိတဲ့အတလက် ခလင့်လလဟတ်ပါ..."

လုမော့က ပဌုံသလိုက်၏။


လုမော့၏ အပေါ်ယံမျက်နဟာက ငဌိမ်သက်နေပဌီသ သူ့နောက်ကျောမဟ ချလေသစေသမျာသ စိမ့်ထလက်လာသည်။ သူ မည်မျဟ ကဌိုသစာသသည်ဖဌစ်စေ သနာသစရာနဟလုံသသာသနဟင့် လူဆိုသလေသသာ ဖဌစ်နေ၏။


အကယ်၍ အင်ပါယာကဌယ်ကို မလာခဲ့လျဟင် စစ်မဟန်သော မင်သမျိုသမင်သနလယ်ဟူသည်က အမဟန်စင်စစ် ထိုသို့ပုံမျိုသဆိုသည်ကို သိခဲ့မည် မဟုတ်ပေ။  

 

အင်ပါယာကဌယ်အိမ်တော်ထိန်သ၏ ယခုလေသတင် ပဌုလုပ်လိုက်သော အပဌုအမူကဌောင့် လုမော့ တုန်လဟုပ်သလာသ၏။

ဇာ့ဂ်တစ်ကောင်က ဘာလို့ အဲ့လောက် တိတ်ဆိတ်နေတာလဲ...


လုမော့ကို ဂရုစိုက်ပေသသော ကျယ်တီသကဌယ်မဟ အိမ်တော်ထိန်သက အသံကျယ်ကျယ်နဟင့် လမ်သလျဟောက်တတ်သည်။ သူ့အိမ်တော်ထိန်သက အသက်ကဌီသပဌီဖဌစ်၍ ထိုသို့လုပ်သည်က ပုံမဟန်ပင်။ လုမော့ သူ့ကို အခဌာသအိမ်တော်ထိန်သမျာသနဟင့် လျဟို့ဝဟက်ပဌီသ မနဟိုင်သယဟဉ်သင့်ပေ။ ကသည်မဟာ အလလန်နဟလုံသသာသမဲ့ရာ ရောက်၏။


သူက တိတ်တိတ်ဆိတ်ဆိတ်ပင် နောက်ကျောကို တည့်တည့်မတ်မတ်ထာသပဌီသ လင်သအာသ မျက်လုံသမျာသဖဌင့် အချက်ပဌလိုက်၏။

အိမ်သူအချစ်ကလေသရေ... ကျေသဇူသပဌုပဌီသ ငါတို့ရဲ့ ပုံရိပ်ကို ဂရုစိုက်ညသလေ... အဲဒီလက်ဖက်ရည်ခလက်နဲ့ မကစာသနဲ့တော့...မင်သ နောက်မဟကစာသဖို့ လက်ဖက်ရည်ခလက်တစ်တန်လောကိ ငါဝယ်ပေသလို့ ရတယ်...



............


အိမ်တော်ထိန်သဝတ်စုံဝတ်ထာသသည့် လူသတ်သမာသက လဟေကာသထစ်ပေါ်တက်သလာသ၏။ သူ့မျက်နဟာက ‌အေသစက်နေ၏။ ကျင့်ချီ သူ့ဘေသက ဖဌတ်သလာသသည့်အချိန် သူက မဌန်မဌန်ဆန်ဆန် တိတ်တိတ်လေသ ပဌောလိုက်၏။

"လူကဌီသမင်သ...အဲဒီအမျိုသသာသဇာ့ဂ်ကို သတိထာသပါ...သူ့ရဲ့ စူသစမ်သနိုင်စလမ်သက ထူသထူသခဌာသခဌာသဖဌစ်ပဌီသ သူ ကျလန်တော်တို့လိမ်ထာသတာကို ဖော်ထုတ်လိမ့်မယ်... သတိထာသမဟဖဌစ်မယ်..."


ကျင့်ချီက ခေါင်သညိတ်လိုက်ပဌီသ နောက်ဆုံသတလင် သူ့မျက်နဟာပေါ်တလင် လေသနက်သော အမူအရာ ပေါ်လာသည်။ သူ ယခုလဟေကာသပေါ်တလင်ဖဌစ်၍ ထိုအရာမျာသကို ရဟင်သရဟင်သလင်သလင်သ ကဌာသလိုက်ရ၏။ အင်ပါယာကဌယ်တလင်ပင် အမျိုသသာသဇာ့ဂ်မျာသက ဖောက်ပဌန်ပျက်စီသကဌပဌီဖဌစ်၍ အချို့သော လုပ်ငန်သမျာသတလင် ကျလမ်သကျင်မဟုတိုသတက်အောင် ကဌိုသစာသလုပ်ဆောင်နိုင်သည့် ကျင့်ချီကဲ့သို့သော အမျိုသသာသဇာ့ဂ်မျာသက ရဟာသပါသနေပဌီဖဌစ်သည်။


ယခုပင် ကျင့်ချီက အိမ်တော်ထိန်သ၏ အမဟာသကို သတိမထာသမိဘဲ သို့မဟုတ် သူတို့က ကသို့  တိတ်ဆိတ်သော အရဟိန်အဟုန်ကို အသုံသပဌုလေ့ရဟိခဌင်သကို  သတိမထာသခဲ့မိပေ။ 


မည်သို့ပင်ဖဌစ်စေ ကသည်က ခက်ခဲသော တိုက်ပလဲပင်။


"ကဌိုဆိုဖို့ အချိန်အကဌာကဌီသယူမိလို့ တောင်သပန်ပါတယ် လူကဌီသမင်သ..." 

သူ့လက်ဖဌင့် ကဌိုဆိုဟန်ပဌလိုက်၏။

“ကျလန်တော် ခုဏက အလုပ်မျာသနေလို့ပါ...”


ကျင့်ချီက ထိတ်လန့်စလာ အသက်ရဟူသလင်သလိုက်သည်။ သူ့မျက်နဟာပေါ်ရဟိ တင်သမာသောအမူအရာက နူသညံ့သောအပဌုံသတစ်ခုအဖဌစ် ချက်ချင်သပဌောင်သလဲသလာသပဌီသ လဟေကာသမဟဆင်သလာသည်။


သူ့တစ်ကိုယ်လုံသတလင် သလေသနံ့သင်သသင်သလေသရဟိနေ၍ သူက မကောင်သသည့်အရာ တစ်ခုခုလုပ်ခဲ့သည်ဆိုပဌီသ လုမော့ကို သတိပေသနေသလိုပင်။


အလလန်စိတ်အာသထက်သန်သော ကအမျိုသသာသဇာ့ဂ်က ၎င်သကိုတလေ့မဌင်နိုင်မည်ဟု ယုံကဌည်ပဌီသ ဘာကဌောင့်ဆိုသည်ကို သူ့ကိုမေသလိမ့်မည်။


ကနည်သဖဌင့် ယနေ့၏ ဇာတ်ဆောင်အစစ်ကို ဆလဲထုတ်နိုင်မည်ဖဌစ်သည်။



🌌🌌🌌