အပိုင်း ၂၄၄
Viewers 29k

Chapter 244


"ရှင်တို့က ရှောင်ရွှယ်နဲ့လည်း မခွဲချင်သလို ကျွန်မကိုလည်း သူ့ကိုမစွန့်ပစ်စေချင်ဘူး... ဒါဆိုပြောပါဦး.. ကျွန်မ ဘာများလုပ်ပေးရဦးမှာလဲ..."


ကျူးတချင်းနှင့် သူ၏မိန်းမက ဆွံအသွားခဲ့သည်။


သူတို့ကိုယ်တိုင်လဲ ဘာလုပ်သင့်လဲပင် မသိတော့ချေ။


နည်းလမ်းကျကျတွေးရလျှင် ရှအန်းက သူတို့၏သမီးလေးကို သူမ၏သမီးအဖြစ် အသိအမှတ်မပြုလိုလျှင် သူမက သူတို့ဆီမှခွဲမသွားရတော့၍ ကောင်းသည့်အရာဖြစ်သည်။


သို့သော် သူတို့ထိုအကြောင်းကိုတွေးလေလေ သူတို့၏သမီးလေးက ကောင်းလွန်းလှသော်လည်း သူမ၏ မွေးအမေအရင်းက သူမကိုအသိအမှတ်မပြုသည်က မကောင်းဟုတွေးမိလာသည်။


အကယ်၍ ရှောင်ရွှယ်သာ အနာဂတ်တွင် ထိုအကြောင်းကိုသိပါက သူမကို အတော်လေးစိတ်ထိခိုက်သွားစေလိမ့်မည်ဖြစ်သည်။


ထို့ကြောင့် သူတို့ ရှအန်းကို ဘယ်လိုဖြေရမလဲပင် မသိတော့၍ တောင့်တင်းသွားကြသည်။


"ကျွန်မ ရှင်တို့ကို အခွင့်အရေးပေးမယ်... ရှောင်ရွှယ် ကျွန်မနဲ့ လိုက်ရ မလိုက်ရဆိုတာက ရှင်တို့အပေါ်ပဲ မူတည်တယ်..."

သူတို့၏မျက်နှာပေါ်ရှိ တုန့်ဆိုင်းနေသော အမူအယာကို မြင်လိုက်၍ ရှအန်းက နူးနူးညံ့ညံ့ပြောလိုက်သည်။


ရှအန်း၏စကားကို ကြားသည်နှင့် စုံတွဲနှစ်ယောက်မှာ ချက်ချင်း ရပ်တန့်သွားသည်။


သူတို့ ရှအန်း၏စကားကြောင့် ထိတ်လန့်သွားလေသည်။


"ကျွန်မတို့/ ကျွန်တော်တို့က ရွေးရမယ်..."


ကျူးမောင်နှံမှာ ရှအန်းကို မယုံနိုင်စွာ ကြည့်နေကြသည်။ သူတို့ ကိုယ့်နားကိုယ်ပင် မယုံနိုင်ကြပေ။


"ဟုတ်တယ်... ရှင်တို့ ရွေးရမှာ..."


ရှအန်းက ခပ်ဆတ်ဆတ်လေး ခေါင်းငြိမ့်လိုက်သည်။ သူမက သူတို့ကို အခွင့်အရေးပေးနေသလို စမ်းသပ်နေခြင်းလည်းဖြစ်သည်။


"အဲ့တာက... အဲ့တာက..."


ဝမ်လန့်ကျီက ရှောင်ရွှယ်က သူမတို့၏သမီးလေးဖြစ်နေဆဲဖြစ်ကြောင်း ပြောချင်နေသည်။


သို့သော် သူမစကားပင် မစသေးမီ ကျူးတချင်းက ဖြတ်ပြောလေသည်။

"ကျွန်တော်တို့ အိမ်ပြန်ပြီး ဆွေးနွေးပါဦးမယ်... မနက်ဖြန်ကြမှ ပြန်ဖြေလို့ရမလားဗျ...."

ကျူးတချင်းက ဝမ်လန့်ကျီ၏လက်ကို တင်းတင်းဆွဲ၍ ရှအန်းကို လေးနက်စွာပြောလိုက်သည်။


ရှအန်းက ခေါင်းခါလိုက်သည်။


"အချင်းချင်း ဆွေးနွေးတာက ဆွေးနွေးပါ... ဒါပေမဲ့ အဖြေကိုတော့ ဒီညပဲပေးရမယ်.."


သူမက ညကြအိမ်ပြန်လာမည်ဟု ရှောင်ရှင်းကို ပြောခဲ့သည်။ သူမ၏စကားကို စောင့်ထိန်းရမည်ဖြစ်သည်။ ရှောင်ရှင်းက sensitive ဖြစ်တတ်သော ကလေးဖြစ်၍ သူ့ကို နည်းနည်းလေးမှ မနာကျင်စေချင်ပေ။


ထို့ကြောင့်ရှအန်းက ကျိုးတချင်း၏စကားကို ချက်ချင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။


"ကောင်းပြီလေ... ဒီနေ့ည အဖြေပြန်ပေးပါ့မယ်..."


ရှအန်းက ရှုထျန်းထျန်းကို သူမ၏ ဆက်သွယ်ရမည့် အချက်အလက်များကို ထိုစုံတွဲအားပေးလိုက်ရန် အချက်ပြလိုက်သည်။ အချက်အလက်များကို ယူပြီးနောက်တွင် ထိုစုံတွဲက နောက်ပင်လှည့်မကြည့်ပဲ ထွက်သွားလေသည်။


ရှုထျန်းထျန်းက ရှအန်းကို အံ့အားတကြီး ကြည့်လိုက်သည်။

"ရှအန်းကျဲ.. ဘာလို့ ကျူးတချင်းနဲ့ ဝမ်လန့်ကျီတို့ကို သူတို့ဘာသာ ဆုံးဖြတ်ချက်ချခိုင်းလိုက်တာလဲဟင်...."


သူမက နတ်ဘုရားမကို သူမ၏သမီးကို ပြန်ခေါ်စေချင်သော်လည်း ထိုမိဘနှစ်ပါးက အကောင်းဆုံးယှဉ်ပြိုင်ဘက်များဟု ခံစားနေရသည်။


သူမက လျှောက်မတွေးနေတော့ပဲ နောက်ဆုံး ရလဒ်ကိုသာ စောင့်နေလိုက်တော့သည်။


"ညကြရင်သိပါလိမ့်မယ်...."


ရှအန်းက ပြုံးလိုက်ကာ လက်ကိုမြှောက်ပြီး ကျောကိုဆန့်လိုက်သည်။


"ဝှား...."


စားသောက်ပြီးနောက်တွင် သူမ အမှန်တကယ် အိပ်ချင်နေလေပြီ။


"ထျန်းထျန်း တို့ နည်းနည်းအိပ်ချင်နေတယ်... ဟိုတယ်လေး ဘိုကင်တင်ပေးပါဦးနော်... အိပ်ချင်လာလို့..."


ကျူးတချင်းတို့ အဖြေမပြောခင် နာရီအတော်ကြာ လိုသေးသလို သူမကိုယ်တိုင်လည်း လုပ်စရာမရှိ၍ အိပ်နေလိုက်သည်က ပိုကောင်းပေသည်။


.....


"တချင်း.... ရှင်ဘာလို့ ကျွန်မကို နှောင့်ယှက်လိုက်တာလဲ... ဘာလို့များ အဲ့မိန်းမကို ကျွန်မတို့ ရှောင်ရွှယ်ကို ကျွန်မတို့ပဲ ပျိုးထောင်မယ်လို့ တိုက်ရိုက်မပြောလိုက်ရတာလဲ..."


ဝမ်လန့်ကျီက စားသောက်ဆိုင်အပြင်ဘက်ရောက်သည်နှင့် အပြစ်တင်လေတော့သည်။


သူမ၏ မျက်လုံးထဲတွင် ရှအန်းက သူတို့၏သမီးလေးကို လုံးဝဂရုမစိုက်ပေ။


သူမက သူမတို့၏သမီးလေးကို ထိုကဲ့သို့မိန်းမမျိုးက ပျိုးထောင်မည်ကို သဘောမကျပေ။


"ကိစ္စတွေက အဲ့လောက် မရိုးရှင်းဘူး... အဲ့မိန်းမက ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ပဲ... ငါတို့တွေက ရှောင်ရွှယ်လေးကို သူပေးတာတွေ မပေးနိုင်ဘူး...."


ကျူးတချင်းက သက်ပြင်းလေးလေးချလိုက်ပြီး ဆက်ပြောလိုက်သည်။

"ရှောင်ရွှယ်သာ သူမနောက်လိုက်ရင် ခက်ခဲပင်ပန်းတော့မှာမဟုတ်ဘူးလေ..."


ဝမ်လန့်ကျီက သဘောမတူပေ။


"ဒါပေမဲ့ အဲ့လိုဖြစ်သင့်တယ်လို့ တထစ်ချမသတ်မှတ်သင့်ဘူးလေ... အဲ့မိန်းမက ရှောင်ရွှယ့်ကို ဂရုတောင်မစိုက်တာကြီးကို... သူ့စကားတွေ နားထောင်ပြီး သူက ရှောင်ရွှယ်လေးကို လိုချင်တယ် ထင်လို့လား... သူဘယ်လောက်ချမ်းသာ ချမ်းသာ ရှောင်ရွှယ်လေးကို ချစ်မပေးနိုင်ရင် ရှောင်ရွှယ်လေးက ပျော်ရမှာမဟုတ်ဘူး...."


ထိုစကားလုံး ထက်ထက်များနှင့် ကြုံလိုက်ရ၍ ကျူးတချင်း တိတ်ဆိတ်သွားရသည်။


အဘယ်ကြောင့်ဆိုသော် သူ၏မိန်းမပြောသည်က မှန်ကန်ကြောင်း သိနေ၍ဖြစ်သည်။


၎င်းက အရေးကြီးသောအရာပင်။


ရှအန်းက သူတို့၏သမီးလေးကို ဂရုပင်မစိုက်ချေ။


"ဒါဆို ရှင်က ဘာကိစ္စများ ကျွန်မတို့တွေ ဆွေးနွေးစရာရှိတယ်လို့ ပြောလိုက်ရတာလဲ..."


အမြဲတစေနူးညံ့ညင်သာသော ဝမ်လန့်ကျီက ကြမ်းတမ်းစွာ အပြစ်တင်လေသည်။


ကျူးတချင်းလည်း ပြန်လည်ချေပရသည်။

"မိန်းမ... မစ္စရှက ကိုယ်တို့ကို ဆုံးဖြတ်ချက်ချခိုင်းတယ်လေ...ဒါပေမဲ့ ကိုယ်တို့က တကယ်ဆုံးဖြတ်ချက် ချလို့ရရဲ့လား... ဘာပဲဖြစ်ဖြစ် မစ္စရှက ရှောင်ရွှယ်လေးရဲ့ အမေလေ... အရင်ကတော့ ကိုယ်တို့ မသိခဲ့ကြပေမဲ့ အခုတော့..."


သူမ၏သမီးလေးက ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် သူမက မွေးစားခံစားရကြောင်း သိသွားမည်ဟု တစ်ခါမှမတွေးမိခဲ့ဖူးပေ။


မူလက သူမလေး တက္ကသိုလ်မှ ဘွဲ့ရသည်နှင့် ထိုအကြောင်းကို ဖွင့်ပြောကာ သူတို့နှင့်အတူနေမည်လား မိဘအရင်းများကိုရှာမည်လားကို ရွေးခိုင်းမည်ဟု ဆုံဖြတ်ထားကြသည်။


ဝမ်လန့်ကျီက ထိုကိစ္စကို လုံးဝအသင့်မပြင်ရသေးပေ။


"တချင်း... ရှင် ရှောင်ရွှယ်လေးကို တကယ်ပြောပြမလို့လား... ဒါပေမဲ့... ဒါပေမဲ့ ကျွန်မကတော့ ရှောင်ရွှယ်လေးကို မသိစေချင်ဘူး... သူမလေးက ဒီကိစ္စတွေကို နားလည်ဖို့ ငယ်လွန်းနေသေးတယ်လေ... သူမလေး နာကျင်သွားလိမ့်မယ်... ပြီးတော့... ပြီးတော့..."

ဝမ်လန့်ကျီ ငိုလေတော့သည်။


သူမ ထိုစကားလုံးများကို သူမ၏သမီးလေးကို မပြောနိုင်ပေ။


ငယ်ရွယ်နေသေးဆဲဖြစ်သော ရှောင်ရွှယ်လေးက သူမတို့ကို စွန့်ပစ်ပြီး မိခင်အရင်းထံ ပြန်သွားမည်ကို ကြောက်နေမိသည်။


သူ၏ မိန်းမငိုကြွေးနေသည်ကို မြင်သည်နှင့် ကျူးတချင်းက သူမကို ဖက်တွယ်လိုက်ကာ အဝေးကို ခါးသီးနေသော အကြည့်တို့ဖြင့် ကြည့်နေလိုကိသည်။


"မိန်းမ... မငိုပါနဲ့ကွာ... မင်းမျက်လုံးတွေ ဖောင်းလာလိမ့်မယ်ကွ... ကိုယ်တို့ရဲ့ ရှောင်ရွှယ်လေးကို ထပ်ပြီး ကြောက်လန့်သွားစေလိမ့်မယ်လေ..."


ဝမ်လန့်ကျီက တရှုပ်ရှုပ်ငိုနေပြီး ခပ်တိုးတိုးလေး တောင်းဆိုလိုက်သည်။

"တချင်း.. ကျွန်မတို့တွေ သူ့ကို အမှန်အတိုင်းမပြောပဲ အရင်ဆုံး ရွေးခိုင်းကြမယ်လေနော်... ကလေးက ကျွန်မတို့ကို ရွေးရင် မစ္စရှဆီ ပြန်မပေးတော့ဘူး... ဒါပေမဲ့ ရှောင်ရွှယ်က သူ့ရဲ့အမေအရင်းကို ရွေးရင်တော့လည်း... "


ဝမ်လန့်ကျီက နာကျင်လွန်းလှ၍ နောက်ထပ်စကားများကို ဆက်မပြောနိုင်တော့ပေ။


သူ့မိန်းမပြောသည်ကိုနားထောင်ပြီး ကျူးတချင်း သက်ပြင်းချလိုက်သည်။


"ကောင်းပြီလေ... မင်းပြောသလိုပေါ့... အခုပဲဆွေးနွေးလိုက်ရအောင်..."


ရိုးသားလှသော ကျူးမောင်နှံက ယခုတစ်ကြိမ်တော့ တစ်ကိုယ်ကောင်းဆန်ချင်လာကြသည်။


သို့သော် မလိမ်တတ်သော စုံတွဲအတွက် သူတို့၏သမီးလေးကို လိမ်လည်ရမည်ထက် ကိုယ့် ဆံပင်ကိုယ်သာ နာနာဆွဲချင်နေတော့သည်။


ကံကောင်းစွာဖြင့် သူတို့၏သမီးလေးက သူတို့နှစ်ယောက် အသေအချာပြင်ဆင်ပြီးမှ ရောက်လာလေသည်။


"ဖေဖေ... မေမေ... ဒီနေ့ ဘာလို့ အိမ်ကို အစောကြီး ပြန်ရောက်နေရတာလဲဟင်..."


ကျူးပိုင်ရွှယ်က သူမအိမ်ပြန်ရောက်သည်နှင့် ကျူးတချင်းနှင့် ဝမ်လန့်ကျီတို့ကို မြင်ရမည်ဟုမထင်ခဲ့ပေ။


မည်သို့ပင်ဆိုစေ သူမတို့မိဘများက နေ့တိုင်း အချိန်ပိုဆင်းကြပြီး အိမ်ပြန်ရောက်ချိန်တွင် ညဆယ်နာရီပင်ရှိနေလေသည်။


သို့သော် ယနေ့တွင် ခြောက်နာရီသာရှိသေးသော်လည်း သူမ၏မိဘများက အိမ်ပြန်ရောက်နေလေသည်။


"အိုး.... ဒီနေ့ အချန်ပိုဆင်းစရာမလိုဘူးဆိုလို့ ဖေဖေတို့ စောစောပြန်လာခဲ့တာလေ..."


စုံတွဲနှစ်ယောက်၏အမူအယာမှာ သဘာဝမကျပေ။