Chapter 19
Viewers 2k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး >Ch 19


"အခုက သိပ်နောက်မကျသေးပါဘူး။ပြန် သွားပြီးတော့ သူမပါးကိုရိုက်ရင်ရောဘယ်လိုလဲ"


မြင်းနှင့် လှည်းချိတ်ဆက်ထားသော ပြတင်းပေါက်ငယ်လေးမှ အန်းသန့်စ်၏အသံ ထွက်လာခဲ့သည်။


ဒါက ဆိုးရွားသော အကြံပေးချက်မဟုတ်သော်လည်း အကြောင်းတစ်ချို့ကြောင့် လူနာသည် ဒီလိုလုပ်ရန် မလိုလားပေ။


"အဆင်ပြေပါတယ်။ကျွန်မတော့ သူမကောင်းကောင်းနားလည်လောက်ပြီလို့ထင်တယ်"


လူနာသည် ထိုစကားပြင်ဆင်ရန်အရမ်းကြိုးစားခဲ့သော်လည်း ဆိုင်ယာကမူ ထိုအကြောင်းထက် တစ်ခြားတစ်ခုခုကိုနားလည်သွားပုံပေါ်နေခဲ့သည်။ 


မည်သို့ပင်ဆိုစေကာမူ ဤကိစ္စအတွက် သူမမှာ တာဝန်မရှိတော့ကြောင်းကို ဆိုင်ယာသေချာသိလောက်ပြီဖြစ်သည်။


လူနာ၏ တုံ့ပြန်မှုအား မကျေနပ်သလိုဖြင့် အန်းသန့်စ်သည် လျှာကိုတစ်ချက်ကျစ်ခနဲလုပ်လိုက်သည်။


"မင်းက အရမ်းနူးညံ့လွန်းတယ် လေဒီ လူနာ။ မင်းက ဒေါသကို ဖြေဖျောက်မယ်လို့ပြောခဲ့တဲ့အချိန်တုန်းက အနည်းဆုံး လူသုံးယောက်တော့ သတ်ပစ်ဖို့ကို ကိုယ်ပြင်ဆင်ထားတာ"


"…"


အန်းသန့်စ်က တစ်ယောက်ယောက်ကို သတ်ဖို့ပြင်ဆင်ထားသည်ဟုပြောလာသောကြောင့် လူနာသည်အနည်းငယ် ကြောက်ရွံ့သလို ခံစားရပြီး စကားများပျောက်ဆုံးသွားခဲ့သည်။


မှန်ပေသည်။သူမသည် အစပိုင်းမှာတော့ ဒေါသကိုဖြေဖျောက်ဖို့ အမှန်တကယ်ပြင်ဆင်ခဲ့သည်။ လူနာသည် ချက်လက်မှတ်များကို ဆိုင်ယာမျက်နှာပေါ်ပစ်ပေါက်လိုက်ပြီး ဒေါသကို ထုတ်ပြခဲ့သည့်အချိန်တွင် ဆိုင်ယာအား ဘယ်ရွန်စံအိမ်၌လုပ်ခဲ့ဖူးသည့်အတိုင်း ပြင်းပြင်းထန်ထန် ပြန်လည်ငြင်းခုံလာရန် မျှော်လင့်ထားခဲ့သည်။


သို့သော် ဆိုင်ယာသည် ချက်လက်မှတ်ဖြင့် ပစ်ပေါက်ခံပြီးရတာတောင်မှတုံ့ပြန်စကားတစ်ခွန်းမျှ မပြောဘဲ မျက်ရည်ပဲကျလာခဲ့သည်။


လူနာသာ ဒေါသကို ဆက်ထုတ်ပြပြီး သူမ၏ပါးကို ရိုက်လိုက်ပါက လူနာသည် ဆိုးသွမ်းသော အဆိုးသွမ်းဆုံး ဗီလိန်အဖြစ် နာမည်ရလာမှာ အသေအချာ‌ပင်ဖြစ်သည်။


ဖယ်ဆန်ကို စွဲလန်းလွန်း၍ ရူးသွပ်သွားကာ သူ့ရည်းစားကိုပါးရိုက်လိုက်သည်ဆိုသော ကောလဟာလများတောင် ရှိလာနိုင်သည်။


ထို့အပြင် သူမသည် အမှန်တကယ်တိုက်ပွဲကို စချင်ပါက ကြီးကျယ်ခမ်းနားသော ပြိုင်ဘက်တစ်ဦး လိုအပ်ကြောင်း သိရှိထားပေသည်။ ပြိုင်ဘက်သည် အားနည်းလွန်းနေပါက သူမအပေါ် အလွယ်တကူပဲ အနိုင်ယူသွားပေလိမ့်မည်။


လူနာသည် သူမထက် အားနည်းသောသူအပေါ် မရက်စက်နိုင်ပေ။


"ကောင်းပြီ ကိုယ်စိတ်ပျက်နေတာမဟုတ်ပါဘူး။ဒါက လေဒီနဲ့ လိုက်ဖက်တဲ့ ဆုံးဖြတ်ချက်ပဲ။ပြီးတော့ ကိုယ့်က မင်းဘေးမှာရှိနေဖို့လိုအပ်တယ်ဆိုတာ ကိုယ်တကယ်သဘောပေါက်သွားမိတယ် လေဒီလူနာ"


"...ဘာလို့ဒီလိုကောက်ချက်ချရတာလဲ"


"ဘာလို့လဲဆိုတော့ အရေးကြီးတဲ့အခိုက်အတန့်တွေမှာ မင်းတုံ့ဆိုင်းနေမယ့်ကိစ္စတွေကို လက်စသတ်ပေးဖို့ ကိုယ်က မင်းအနားမှာရှိဖို့လို့အပ်တယ်"


သူ၏ တုံ့ပြန်လာမှုနှင့်အတူ သူ့မျက်လုံးများထဲတွင် နူးညံ့မှုတစ်ခု ရှိနေခဲ့သည်။ အတားအဆီးမှန်သမျှကို ကာကွယ်ပေးမည်ဆိုသော အဓိပ္ပာယ်များ ထင်ဟပ်နေပေသည်။


အန်းသန့်စ်၏ သူမအပေါ်ကောင်းပေးမှုတို့ကြောင့် သူမခဏမျှမေ့သွားခဲ့သော်လည်း သူသည်ဒီဝတ္ထုတွင် သံသယဖြစ်စရာပင်မလိုအောင် အကောင်းဆုံး ဗီလိန်ဖြစ်ပေသည်။


သူသည် ဒေါသကို မထိန်းချုပ်နိုင်သော ဆိုက်ကိုလည်းဖြစ်ပေသည်။ သူ အခု ရယ်ချင်ရယ်နေနိုင်ပေမယ့် နောက်တစ်စက္ကန့်တွင် သူ ရူးသွပ်သွားမလားဆိုတာ ဘယ်သူမှမသိနိုင်ပေ။


အန်းသန့်စ်က ထိုသို့သောလူစားမျိုးပင်။ မူလဇာတ်ကြောင်းတွင် ဖယ်ဆန်နှင့်စကားစမြည်ပြောနေစဉ် သူရုတ်တရက် ဒေါသမထိန်းနိုင်ဖြစ်သွားကာ အရာဝတ္ထုများချိုးဖဲ့ဖျက်စီးခဲ့ပြီး ဖယ်ဆန်ကိုပင် ထိသွားစေခဲ့သည်။


ထို့ကြောင့် လူနာသည် သူ့အားကြောက်ရွံ့နေသင့်သော်လည်း အကြောင်းတစ်ချို့ကြောင့်မကြောက်နေပေ။ အန်းသန့်စ်က သူမအတွက် စိုးရိမ်နေပုံရသော လေသံကြောင့် လူနာ၏ နှုတ်ခမ်းမှရယ်မောသံလေးထွက်လာခဲ့သည်။ ဒီတစ်ကြိမ်တော့ သူ၏ စကားများသည်သူမကို ကူညီနိုင်ပေသည်။


"ရှင့်ရဲ့စကားတစ်ခွန်းတည်းနဲ့တင် ကျေးဇူးတင်ဖို့ လုံလောက်နေပါပြီ" 


လူနာက ပြန်ပြောလိုက်ပြီး အန်းသန့်စ်သည် ရှေ့သို့ ပြန်မလှည့်မီ ခေါင်းညိတ်ပြလာခဲ့သည်။


သူက သူမ၏စိတ်ခံစားချက်များ ဖြေလျှော့နိုင်ရန်အတွက် သေးငယ်သော နောက်ပြောင်မှုတစ်ခု ပြောလာပေးတာပင်ဖြစ်သည်။


ဆိုင်ယာ၏အိမ်မှထွက်ခွာပြီးနောက် လူနာသည် မနက်တုန်းက ခဏရပ်ခဲ့သော လှည်းရထားအငှားရုံသို့သွားခဲ့သည်။ ရထားအငှားရုံတွင် ရထားများကိုလည်း ရောင်းချပေးသောကြောင့် ရထားဝယ်ရန် ထိုနေရာသို့ သွားခဲ့သည်။ 


'ကောင်းကောင်းနေချင်ရင် အကောင်းဆုံးကို ဝယ်ရမယ်!'


သူမစိတ်ထဲတိတ်တဆိတ်ပြောလိုက်သည် သူမသည် အရင်က ဟောင်းနွမ်းစုတ်ပြတ်နေသော လှည်းရထားကိုသာ အသုံးပြုခဲ့ရပြီကာ ဈေးကြီး၍ကြည့်လို့ကောင်းသောရထားကိုစီးကြည့်ပြီးနောက်တွင် သက်တောင့်သက်သာနှင့် ထိုင်လို့ကောင်းသလိုခံစားရသည်။


လူနာသည် မြို့စားကြီး၏နေအိမ်တွင်သူမမြင်ဖူးခဲ့သော ဖြူရောင်ရထားလုံးကိုထိပြီးစစ်ဆေးကြည့်မိချိန်တွင် အန်းသန့်ကသ လေးနက်သောအမူအရာဖြင့်မေးလာသည်။


"မင်း ဒါကိုကြိုက်တာလား။အမ်းး… ရထားရဲ့ အပြင်ပိုင်းကနည်းနည်း ဈေးပေါသလိုခံစားရတယ်"


"ဒါက ဈေးပေါတယ်လို့ ယူဆလို့ရလို့လား။ ကြည့်ရတာ အရမ်းလှတာကို...."


"ဒီလိုပုံပေါ်အောင် ဆေးခြယ်ထားလို့ လှနေတာလေ။ ဒီမှာကြည့် ဒီထောင့်တွေကို အဆုံးသတ်ထားတဲ့ပုံက ဆိုးဝါးလွန်းတယ်"


လူနာသည် အန်းသန့်စ်၏လက်ချောင်းများနောက်လိုက်ကြည့်လိုက်ကာ ထောင့်အစွန်းများကို ပေါ့တိပေါ့ပျက်ဆေးချယ်ထားသည်ကို သူမ သတိပြုမိလိုက်သည်။


အိုး!တော်သေးတာပေါ့။ သူမ သတိမထားမိဘဲ ဒီတိုင်းဖြတ်သွားမိရင် ဒုက္ခအကြီးကြီးရောက်တော့မလို့။


မိုးရွာသည့်အချိန်တွင် ဆေးများ ကျွတ်သွားမည့်ပုံအားတွေးမိလိုက်ရင်း လူနာ၏ မျက်လုံးများ ပြူးကျယ်သွားမိသည်။


"ဒါဆို ဒါရော ဘယ်လိုလဲ"


"အဲ့ဒါကို ခေါက်ကြည့်လိုက်။အသံအရမ်းကျယ်ကျယ်ထွက်လာမယ်ဆိုရင် ကြာရှည်ခံမှာမဟုတ်လောက်ဘူး"


အန်းသန့်စ် အကြံပြုထားသည့်အတိုင်း လူနာသည် ရထားအပြင်ပိုင်းကို ပေါ့ပေါ့ပါးပါး ခေါက်ကြည့်လိုက်သောအခါတွင် ကျယ်လောင်သော အသံထွက်လာသည်ကိုကြားလိုက်ရသည်။


'အိုး၊ ဒါက အရမ်းစျေးပေါတာပဲ... ကြည့်လို့ကောင်းတယ်လို့ ငါထင်ခဲ့တာ'


သူသည် မားကွစ်မြို့စား၏အကြီးဆုံးသားဖြစ်ပြီး မားချက်အဖွဲ့အစည်း၏ခေါင်းဆောင်လည်းဖြစ်နိုင်သောကြောင့် သူ၏မျက်လုံးများသည် တခြားသူများထက် ပိုင်းခြားသိမြင်နိုင်ပေသည်။


အန်းသန့်စ်၏စကားအပေါ် စစ်မှန်သောယုံကြည်မှုဖြင့် လူနာသည် သူမသတိထားမိခဲ့သော ရထားများအားလုံးကို လိုက်ခေါက်ကြည့်ကာ အန်းသန့်စ်ကိုလှည့်ကြည့်လိုက်သည်။


"အိုး ကိစ္စလေးနည်းနည်းရှိလို့ ခဏထွက်သွားမိတာ တောင်းပန်ပါတယ်။ဒီကလူကြီးမင်းတို့က ဘယ်လို ရထားမျိုးကို ရှာနေကြတာလဲမသိဘူး။ ကျွန်တော်တို့မှာ စျေးနှုန်းချိုသာပြီးကောင်းမွန်ရထားတွဲများ အများအပြားရှိပါတယ်။အဲ့တာကြောင့် ဘာအမျိုးအစားလိုချင်လဲဆိုတာ ကျွန်တော့်ကိုပြောလို့ရတယ်"


လူနာ နှင့် အန်းသန့်စ်တို့ ရထားတွဲများအကြောင်း ဆွေးနွေးနေကြစဉ် ယခင်က မလာခဲ့သော ပိုင်ရှင်သည် ပေါ်လာခဲ့ပြီး ဖော်ရွေသော မျက်နှာဖြင့် နှုတ်ဆက်လာခဲ့သည်။


ထို့နောက် လူနာ နှင့် အန်းသန့်စ် လက်ရှိကြည့်နေသော ရထားကို ညွှန်ပြပြီး ပိုင်ရှင်သည် ၎င်း၏ အားသာချက်များကို စိတ်ပါလက်ပါ စာရင်းပြုရှင်းပြလာခဲ့သည်။


"အိုး လေဒီ့မှာကောင်းကောင်းသိမြင်နိုင်တဲ့မျက်လုံးရှိတာပဲ။ ဒီရထားက ဒီနေ့နံနက် အစောပိုင်းကတင် ဝယ်သူတစ်ယောက်‌က မြင်ပြီး သဘောကျခဲ့တဲ့ လှည်းနဲ့ အတူတူပဲ။ ဒါက တကယ်ကောင်းတဲ့ ကြာရှည်ခံမှုရှိတဲ့အပြင်ကို သင့်လျော်သောစျေးနှုန်းလည်းရှိတယ်။ဒီထက်ကောင်းတဲ့ရထားမရှိတော့ဘူး!"


"အိုး တကယ်လား။အဲ့တာဆို မနက်တုန်းကလူကို သွားရောင်းလေ"


အန်းသန့်စ်က အေးစက်စွာ တုံ့ပြန်လာခဲ့သည်။


အန်းသန့်စ်၏ယခင်ရှင်းပြချက်များကြောင့် ပိုင်ရှင်အပေါ် ယုံကြည်မှုပျောက်ဆုံးသွားသော လူနာသည် ပိုင်ရှင်အား သူမ၏ယုံကြည်မှုများကို ဖြိုခွဲခဲ့သည်ဟူသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


"အိုး ကျွန်တော်နားလည်ပြီ။ လူကြီးမင်းတို့က ဒါမကြိုက်ဘူးပဲ... ဒါဆိုရင် ဒီရထားဆိုရင်ရော ဘယ်လိုလဲ။ဒါက အရည်အသွေးမြင့် ဆိုးဆေးနဲ့ ခြယ်ထားတာလေ။ဒီရထားက အရမ်းလှပြီးတော့ ဘယ်တော့မှ အရောင်ကျွတ်ခြင်း ဒါမှမဟုတ် ပျက်စီးသွားခြင်းရှိမှာမဟုတ်ဘူး"


ပိုင်ရှင်သည် လူနာ ပထမဆုံးမြင်ခဲ့သည့် ဖြစ်သလိုဈေးပေါသောဆေးများဖြင့်ချယ်ထားသော ရထားတွဲကိုပြလာခဲ့သည်။


အန်းသန့်စ်သည် လက်နှစ်ဖက်ကို ပိုက်ကာ စိတ်မရှည်တော့ကြောင်း ပြသလာသည်။ လူနာသည် ရထား၏အစွန်းများကို တိတ်တဆိတ် လက်ညှိုးဖြင့် ညွှန်ပြလိုက်ပြီး သူမ မကြိုက်ကြောင်း ဖော်ပြလိုက်သည်။


နောက်ဆုံးတွင် ဝယ်သူသည် ရထားအကြောင်းဘာမှမသိသော နလပိန်းတုံးလူမဟုတ်မှန်း သိသွားပုံရကာ ပိုင်ရှင်သည် ရှက်ရွံ့ပုံပင်မပြဘဲ လူနာအားရထားကောင်းတစ်စင်း ပြသမည်ဟု ရယ်မောပြောလာခဲ့သည်။


"စောစောကပြောခဲ့မယ်ဆိုရင် ကျွန်တော် စောစောပြမှာပေါ့။ ဟားဟား! လေဒီမှာ ပိုင်းခြားသိမြင်နိုင်တဲ့မျက်လုံးရှိတယ်!"


လူလိမ်တစ်ယောက်ပဲဟု လူနာတွေးလိုက်မိသည်။


ပိုင်ရှင်၏ ပုံပန်းသဏ္ဍာန်သည် ယုံကြည်နိုင်စရာကောင်းသော်လည်း မြင့်မြတ်သောမြို့စားအနွယ်ဝင်များက ရထားများကို ကိုယ်တိုင်လာဝယ်ကြမှာမဟုတ်သည်ကိုသိထားသောကြောင့် သူဌေးသူကြွယ်များမကောင်းသောရထားများကို ရောင်းချရန် အစီအစဥ်ချထားပုံရပေသည်။


လူနာသည် ထိုလူ၏လျှာရိုးမရှိပြောတတ်သော ပါးစပ်အား ထိုးပစ်ရန်ဆန္ဒရှိသော်လည်း ဒီဆိုင်သည် မြို့တော်ရှိ အကြီးဆုံး ရထားဆိုင်ဖြစ်နေခဲ့သည်။ သူမတွင် ရထားတွဲကို တင်သွင်းခြင်း၊သီးခြားအမှာတင်ထားခြင်းမရှိသောကြောင့် လှည်းကောင်းကောင်းတစ်စီး ချက်ချင်းဝယ်လိုပါက သည်းခံရုံမှအပ အခြားရွေးချယ်စရာမရှိပေ။


"ဒီတစ်ခါ မင်းငါတို့ကို အမှိုက်တစ်ခုထပ်ပြလာရင် ငါဒီတိုင်းငြိမ်နေတော့မှာမဟုတ်ဘူးနော်"


"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"


အန်းသန့်စ်၏ အေးခဲနေသောအကြည့်များကြောင့် ပိုင်ရှင်သည် မချိပြုံး ပြုံးလိုက်ပြီး အရည်အသွေးမြင့် ရထားများ ပြသရန် ပြောင်းလဲထားသော ဂိုဒေါင်ဆီသို့ လမ်းညွှန်ခဲ့လိုက်သည်။


"ဒီဟာဆိုရင်ရော ဘယ်လိုလဲ။ ဒါက ×× ဒေသကန တင်သွင်းတဲ့ ပရီမီယံသစ်သားနဲ့ လုပ်ထားသော လှည်းလေ။ဒါက လူကြီးမင်းတို့ မျှော်မှန်းထားတာနဲ့ ကိုက်ညီမယ်လို့ ကျွန်တော်ယုံကြည်တယ်"


ပိုင်ရှင်က အမိုက်စား အဖြူရောင် ရထားတွဲတစ်ခုကို အပြုံးတစ်ခုဖြင့် မိတ်ဆက်ပြလာခဲ့သည်။


ဤတစ်ကြိမ်တွင် အန်းသန့်စ်သည် ရထား၏အပြင်ဘက်ကို ထိပုတ်ကာ ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်သည်။


"လက်ခံနိုင်ရုံလောက်ပါပဲ မဆိုးပါဘူး"


"အမ် လက်ခံနိုင်ရုံလား…"


ပိုင်ရှင်က အနည်းငယ် ထိတ်လန့်သွားကာ ကို့ရို့ကားယားရယ်မောလာခဲ့သည်။ လူနာသည် အန်းသန့်စ်၏ ပုံစံအတိုင်းရထား၏ အပြင်ပိုင်းကို ခေါက်ရန် ကြိုးစားလိုက်သော်လည်း သူမ ဘာမှမခံစားခဲ့ရပေ။


"အဟမ်း ရထားအတွင်းခန်းကလည်း ထိပ်တန်းပါပဲ။ ကျေးဇူးပြုပြီး ထိုင်ပြီးစမ်းကြည့်ပါ"


ပိုင်ရှင်သည် ရထားတံခါးကိုဖွင့်ကာ လူနာ၏ အမူအရာမရှိသော မျက်နှာကို လက်ညှိုးထိုးပြလာပြီး အတွင်းဘက်သို့ လက်ပြလိုက်သည်။ကြည့်ရတာ အန်းသန့်စ်၏စကားက သူ့မာနကို ထိုးနှက်သွားမိပုံရသည်။


လူနာသည် သူပြောသည့်အတိုင်း ဝင်ကာ ရထားပေါ်မှာ ထိုင်ကြည့်လိုက်သည်။


"…ဟင်"


ထို့နောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး သားမွှေးဖြင့် ဖုံးအုပ်ခံလိုက်သလို ခံစားချက်မျိုးရလာခဲ့ပြီး ယခင်က သူမထိုင်ခဲ့သော ရထားနှင့် လုံးဝမတူနေပေ။ အရမ်းနူးညံ့လွန်းတာကြောင့် သူမ အိပ်ပျော်တော့မလိုတောင် ခံစားလိုက်ရသည်။


"ကျွန်မ ဒီတစ်ခုယူမယ်..."


ထပ်ကြည့်စရာ ဘာမှမလိုတော့ပေ။ အပြင်ပိုင်းကို အန်းသန့်စ်က အာမခံထားပြီး အတွင်းခန်းသည်လည်း သူမအရသာနှင့် ကိုက်ညီပေသည်။


အန်းသန့်စ် သို့မဟုတ် ဖယ်ဆန်စီးနင်းသော ရထားများကဲ့သို့ စျေးကြီးမည်မဟုတ်သော်လည်း ၎င်းသည် ဘယ်ရွန်အတွက် သင့်လျော်သောရထားဖြစ်နေဆဲဖြစ်သည်။


လူနာသည် ချက်ချင်းဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီး ရထားပေါ်က ဆင်းလိုက်သည်။အန်းသန့်စ်သည် အတွင်းခန်းကို စစ်ဆေးနေဟန်ဖြင့် အထဲကိုသေချာကြည့်နေလေသည်။


လူနာနှင့်မတူစွာ အန်းသန့်စ်သည် ထိုင်ခုံများ၊ ကြမ်းပြင်၊ မျက်နှာကျက်၊ ပြတင်းပေါက်များနှင့် အခြားအရာများအထိ စေ့စေ့စပ်စပ်စစ်ဆေးပြီး ရထား၏ အားသာချက်များနှင့် ဈေးနှုန်းကို ဆွေးနွေးလာခဲ့သည်။


"ရွှေ ၅၀ လောက်ဆိုလုံလောက်ပြီ"


"…ဘာပြောလိုက်တယ်!"


ပိုင်ရှင်သည် အန်းသန့်စ်၏ပြောဆိုချက်ကို သေဒဏ်ပေးခံရသလို မျက်နှာအမူအရာဖြင့် ကန့်ကွက်လာခဲ့သည်။


"ဒီရထားရဲ့အခြေခံကုန်ကျစရိတ်ကတောင် ရွှေ ၂၀၀ ကျော်ကုန်ကျခဲ့တာ။ အဓိပ္ပာယ်မရှိတဲ့စကားမပြောနဲ့!"


"ရွှေ ၂၀၀? မဟုတ်တာတွေပြောမနေနဲ့။ ဒီစျေးနှုန်းက ဝယ်သူစိတ်ကြိုက်အော်ဒါတွေအတွက်ပဲရှိတာ"


"အိုး ကျေးဇူးပြုပြီး ဒီလိုမပြောပါနဲ့။ ဒီကသခင်လေးက ငယ်ရွယ်ပြီး သေချာမသိတဲ့ပုံပဲ။ ဒီရထားတစ်စင်းတည်းရဲ့ အခြေခံကုန်ကျစရိတ်ကတင် ရွှေ 200 ကျော်လောက်ကျတဲ့အပြင် လုပ်အားခ၊ သိုလှောင်မှုစရိတ်၊ သယ်ယူပို့ဆောင်ခနဲ့ အခြားဟာတွေ ပေါင်းထည့်လိုက်ရင် အနည်းဆုံး ရွှေ 300 လောက်ရှိတယ်"


"အဲ့လိုလား။ မင်းအမှန်တိုင်းပြောနေတာလား မဟုတ်ဘူးလားဆိုတာ သိနိုင်ဖို့ အသေးစိတ်အချက်အလက်တိုင်းကို ငါတို့စစ်ဆေးကြမလား"


အန်းသန့်စ်သည် ဒေါသများအရှိန်အဟုန်ဖြင့် ထုတ်လာတော့မည့်အချိန်တွင် လူနာသည် သူတို့နှစ်ယောက်ကြားဝင်ခဲ့လိုက်သည်။


"မလိမ်ပါနဲ့"


လူနာသည် နှစ်ယောက်ကြားဝင်လိုက်ခြင်းမှာ ပိုင်ရှင်ဘက်အားလိုက်ချင်တာကြောင့်ပေ။ သူမသည် အန်းသန့်စ်က တစ်ယောက်ယောက်ကို တိုက်ခိုက်ခြင်းမှ တားဆီးရန်သာ ကိုယ်စား စကားပြောချင်တာဖြစ်သည်။


"မဟုတ်သေးပါဘူး။လှပတဲ့လေဒီကပါ ဘာလို့မယုံရတာလဲ"


"ဒီမှာ ရှင့်ရဲ့ မြှောက်ပင့်စကားတွေကို ကျွန်မ မကြားချင်ဘူး။ ဒါကြောင့် ဒီလိုစကားမျိုး မပြောနဲ့။ ပြီးတော့ မလိမ်ပါနဲ့"


"ကျွန်တော့ ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ! အိုး ဘုရားသခင်!"


ပိုင်ရှင်သည် ဒေါသပေါက်ကွဲသွားသလိုမျိုး သူ့ရင်ဘတ်သူ လက်သီးဖြင့်ထုလိုက်သည်။


သူက တကယ်ကိုအရှက်ကင်းမဲ့သောသူပင်။ သူကိုယ်တိုင် လှည့်စားခဲ့ဖူးသည့် လူကိုတောင် သတိမထားမိနေပေ။


"ရှင် ကျွန်မကို မမှတ်မိဘူးလား"


"အမ်"


လူနာက သူမကိုယ်သူမ လက်ညှိုးထိုးပြပြီး မေးလိုက်ချိန်၌ ပိုင်ရှင်သည် ပါးစပ်အဟောင်းသားဖြင့် သူမကို ဘာအဓိပ္ပာယ်မရှိတာတွေမေးနေတာလဲဟူသောအကြည့်ဖြင့်ကြည့်လာခဲ့သည်။


"သိပ်မကြာခင်တုန်းက ကျွန်မ ဒီရုံကနေ ရထားတစ်စီးငှားပြီး ဗင်းဆင့်နယ်မြေကို သွားခဲ့တယ်လေ။ မှတ်မိလား"


"…?"


"အဲဒီတုန်းက ကျွန်မက အဖွဲ့တစ်ခုရနိုင်မလားလို့တောင် မေးသေးတယ်။စျေးနှစ်ဆပေးပြီးတော့ မြန်မြန်လုပ်ခိုင်းခဲ့တယ်လေ"


လူနာရှင်းပြပြီး နောက်ဆုံးတွင် ပိုင်ရှင်က သူမဘယ်သူလဲဆိုတာ မှတ်မိသွားပုံရကာ ပြူးကျယ်သော မျက်လုံးများဖြင့် အပေါ်အောက်ကြည့်လာခဲ့သည်။


"အာ! ဟိုတစ်ခေါက်က အဲဒီ ဘယ်ရွန်လေဒီလား။ လေဒီရဲ့အသွင်အပြင်က ကျွန်တော်မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတာပဲ။ကြည့်ရတာ ဗင်းဆင့်နယ်မြေမှာ အချိန်ကောင်းရှိခဲ့တဲ့ပုံပဲ။ ဟားဟား၊ ဒီလိုမျိုးပြန်တွေ့ရတာ အရမ်းဝမ်းသာပါတယ်"


ပိုင်ရှင်က ပျော်ပျော်ရွှင်ရွှင်ဖြင့်လက်ဆွဲနှုတ်ဆက်ရန် ကြိုးစားလာခဲ့သော်လည်း အန်းသန့်စ်က သူ့လက်ကို ရိုက်ချပစ်လိုက်သည်။


အသာလေးသာရိုက်လိုက်သော်လည်း အန်းသန့်စ်၏ ကြောက်မက်ဖွယ်အင်အားကြောင့် ပိုင်ရှင်သည် သူ၏ နီရဲသွားသောလက်ကို အမြန်ဆွဲယူပြီး မျက်လုံးပြူးသွားခဲ့သည်။


"ရှင်က ကျွန်မနဲ့ ကျွန်မမိသားစုကို အရမ်း အထင်သေးနေတဲ့ပုံပဲ။ ရှင်ပြောခဲ့တဲ့နေရာကို ကျွန်မရောက်သွားတော့ အဲ့ဒီကသူတွေက ကျွန်မနဲ့လိုက်မယ့်သူတွေမဟုတ်ဖူးဆိုတာသိလိုက်ရတယ်"


"ဒါ..ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!ဒီကမ္ဘာပေါ်မှာ လေဒီနဲ့အတူလိုက်ဖို့ အဆင့်အတန်းနိမ့်တဲ့ လူတွေဘယ်မှာတွေ့နိုင်မှာမို့လို့လဲ။ လေဒီက သူတို့ကို မြန်မြန်ရှာခိုင်းတော့ ကျွန်တော့်မှာရှာဖို့ တော်တော် ဒုက္ခရောက်ခဲ့သေးတယ်။ အခုမှ ဘာလို့ရုတ်တရက်ထပြောနေရတာလဲ!"


သူက ဘယ်မှာလဲသက်သေဆိုပြီး တောင်းလာသကဲ့သို့ စွပ်စွဲခံရပုံဖြင့် ပြောလာခဲ့သည်။ သူ၏စိတ်ဓာတ်မှာ ဒီပုံစံပဲဖြစ်နေပုံရသည်။


တုံ့ပြန်မှုအနေဖြင့် အန်းသန့်စ်သည် သူမှီထားသော ရထားကိုထောက်ပံ့ပေးထားသောပစ္စည်းကို ရုတ်တရတ် ချိုးလိုက်ပြီး ပြန်ပြောလာသည်။


"မင်းသက်သေ လိုချင်နေတာမလား။ဒီမှာလေ သက်သေက။ငါက မားချက်စ်အဖွဲ့အစည်းက အန်းသန့်စ်ပဲ။ ငါတို့ အဖွဲ့က တခြားသူတွေနဲ့ ခရီးအတူမသွားတတ်ဘူး။အဲ့တော့ သူမဘာလို့ရောက်လာရတာလဲလို့ ငါသိချင်ခဲ့တာ။ အခြေအနေတစ်ချို့ရှိတဲ့ပုံပေါက်လို့ သူမကို မားချက်စ်အဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ ငါကိုယ်တိုင်လက်ခံခဲ့တယ်"


အန်းသန့်စ်၏ ကြောက်စရာကောင်းသော စွမ်းအားဖြင့် လွှမ်းမိုးခံရသော ပိုင်ရှင်သည် တစ်ခုခုစဉ်းစားနေပုံရသည်။ အန်းသန့်စ်က ဒါကိုမကျေနပ်သောကြောင့် နောက်ထပ်ရထားပံ့ပိုးမှုဘောင်တစ်ခုကိုပါ ထပ်ချိုးလိုက်သည်။


"ရိုးရိုးသားသား ပြောရရင် ငါ တော်တော်များများကို သိချင်မိတယ်။ အဲဒီ့အချိန်က ငါတို့ ထွက်မယ်ဆိုတာ မင်းက ဘယ်လိုသိတာလဲ။ ပြီးတော့ မင်းမားချက်စ်အဖွဲ့ကဘယ်သူမှလက်မခံတာကိုသိသိရက်နဲ့ဘယ်လိုတောင် သူမရဲ့ပိုက်ဆံကိုလက်ခံရဲပြီး ငါတို့ဆီပို့ရဲရတာလဲ"


"အဲ့…အဲဒါက မတော်တဆအမှားတစ်ခုပါ…"


"မင်း ငါတို့ကို လှည့်စားဖို့ တစ်ယောက်ယောက်ကိုရည်ရွယ်ချက်ရှိရှိ ခဲ့တာမဟုတ်ဘူးလား။ အန်းသန့်စ်မားချက်စ်အဖွဲ့ကို အသုံးပြုတဲ့အထိ ဘယ်လိုတောင် သတ္တိရှိတာလဲ"


"မဟုတ်...မဟုတ်ပါဘူး…အဲလိုမဟုတ်ပါဘူး…"


"အာ ငါက ချက်ချင်း အဖြေကိုမတောင်းဘူး။ မင်း ငါတို့အပေါ်လုပ်ရဲတဲ့ဟာအတွက် တိကျတဲ့အဖြေကိုမေးမှရမယ်။အရင်ဆုံး ဒါနဲ့ စကြမလား"


အန်းသန့်စ်၏ ခြိမ်းခြောက်စကားများကြောင့် လွန်ခဲ့သောအခိုက်အတန့်ကအထိ ဖီဆန်ခဲ့သော ပိုင်ရှင်သည် သူ့ပါးစပ်ကို ပိတ်ထားတော့သည်။


သူသည် မားချက်စ်အဖွဲ့ကိုလူများပို့ခဲ့ကာ ထိုအဖွဲ့သည် လူများအားအလိုမရှိတဲ့အတွက်ထည့်သွင်းမစဉ်းစားဘဲ ထိုလူများကိုဖယ်ထုတ်မည်ဟု သူထင်ခဲ့ပြီး လှည့်ဖြားပြောဆိုမှုများ ပြုလုပ်ရန် သတ္တိရှိခဲ့သည်။ သို့သော် သူတို့က ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျလာပြီး သူ့ကိုရှာဖွေလာမည်ကိုတော့မထင်ထားပေ။


ပိုင်ရှင်၏မျက်နှာသည် စာရွက်အလွတ်တစ်ရွက်ကဲ့သို့ ဖြူဖျော့သွားခဲ့သည်။


"ဒါဆို အခုအားလုံး အသေးစိတ်စစ်ဆေးပြီး ရထားဈေးကို အကဲဖြတ်သင့်လား"


လူနာသည် အန်းသန့်စ်သာဆက်ပြီးခြိမ်းခြောက်နေပါက ကိစ္စများက ဒီထက်ပိုပြီး ကြီးထွားလာနိုင်တယ်ဟာ တွေးပြီး ပြုံးကာပြောသည်။


ထိုသည်ကိုကြားသည်နှင့် ပိုင်ရှင်သည် ခေါင်းတဆတ်ဆတ်ညိတ်ပြလညပြီး ကျိုးနေသော အရုပ်ကဲ့သို့ သူ့ကိုဧည့်သည်ခန်းဆီ ခေါ်သွားခဲ့သည်။


ထိုလူက တကယ့်လှည့်ဖြားခဲ့သောလူလိမ်ဖြစ်သော်လည်း အန်းသန့်စ်၏ခြိမ်းခြောက်မှုများ၊ လူနာ၏ရယ်မောသံများဖြင့် သူတို့ကိုယ်သူတို့ လှည့်စားသူစုံတွဲတစ်တွဲကဲ့သို့ ခံစားလိုက်ရသည်။


TK Team