Chapter 20
Viewers 2k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 20


အန်းသန့်စ်၏ ခြိမ်းခြောက်မှု၊ လူနာ၏ ပြုံးရွှင်ကာ စစ်ဆေးမေးမြန်းမှုတို့ဖြင့် သူတို့သည် ပိုင်ရှင်ပြောခဲ့သော မူရင်းစျေးထက် ထက်ဝက်တိတိဖြစ်သည့် တကယ့်ကုန်ကျစရိတ်ဖြစ်သော ရွှေ 100 ဖြင့်ဝယ်ယူနိုင်ခဲ့သည်။

ရထားအရောင်းဆိုင်ပိုင်ရှင်သည် ကမ္ဘာပျက်သွားသလို အမူအရာဖြင့် ချက်လက်မှတ်များကိုလက်ခံလိုက်သည်။ထို့‌နော သူ ရောင်းရတာရှုံးပါသည်ဟု အဓိပ္ပာယ်မရှိသောစကားများ မနားတမ်းပြောနေပြီးသူ့အခြေအနေ ပိုဆိုးအောင်လုပ်လာသည်။ 

"…ဒီလောက်စျေးသက်သက်သာသာနဲ့ ရခဲ့ကြောင်းကို ဘယ်တော့မှ တစ်ယောက်ယောက်ကိုမှ မပြောသင့်ဘူး!"

"မင်းမှာ ဒီလိုပြောဖို့ သတ္တိရှိသေးတာလား"

အန်းသန့်စ်က မျက်လုံးများကို ကျဉ်းမြောင်းပြီးပြောလာသောကြောက့် တစ်ချိန်တည်းမှာပင် ရထားဆိုင်ပိုင်ရှင်သည် ပုံပျက်ကာလဲကျသွားတော့သည်။ လိမ်လည်လှည့်ဖျားနေတာတောင်မှ သူကဘာလို့ဒီလောက်ဝါကြွားနေရတာလဲ။

လှည်းရထားကို ဆိုင်မှ ဘယ်ရွန်စံအိမ်သို့ ပို့ဆောင်ပေးရန် စီစဉ်ခဲ့သည်။ လန်းဆန်းစွာဖြင့် ရထားဆိုင်မှထွက်လာသော လူနာသည် ဘယ်ရွန်စံအိမ်သို့ပြန်ကာ နေ့လည်စာစားရန်ကြံ‌နေသော အန်းသန့်စ်အား အကြံပြုလာခဲ့သည်။

"မသွားခင်နေ့လည်စာစားကြရအောင်။ ဒါနဲ့ ရှင်မနက်စာလည်းမစားခဲ့ရဘူးမလား။ အရသာရှိတဲ့ စားသောက်ဆိုင်ကို သွားကြရအောင်။ကျွန်မ ‌ဧည့်ခံမယ်"

သူမသည် သူ့ထံမှများစွာသောအကူအညီကိုရခဲ့သောကြောင့် ဒီတိုင်းတော့မထားနိုင်ပေ။

ထုံးစံအတိုင်း လူနာသည် အန်းသန့်စ်ကျေနပ်လိမ့်မည်ဟုထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ အန်းသန့်စ်သည် ထူးဆန်းသောအမူအရာဖြင့် ငြင်းဆန်လာခဲ့သည်။

"မင်း...အပြင်မှာစားချင်လို့လား"

"ဘာလို့လဲ။ရှင် မကြိုက်ဘူးလား"

"ကိုယ် တကယ်အပြင်ထွက်စားချင်တဲ့စိတ်မရှိနေဘူး"

ဘာလို့လဲ။ဝိတ်ချနေတာလား။ ဗီလိန်တွေလည်း ဝိတ်ချတတ်တာလား!

လူနာသည် အံ့သြမှုကြောင့် မျက်လုံးများပြူးကျယ်သွားချိန်မှာပင် အန်းသန့်စ်သည် လှည်းရထားတံခါးကိုဖွင့်ကာ ပြန်ဖြေလာခဲ့သည်။

"အပြင်မှာထက် ဘယ်ရွန်စံအိမ်မှာစားတာပိုကောင်းမယ်ထင်တယ်"

"မြို့တော်က အကျော်ကြားဆုံး စားသောက်ဆိုင်နဲ့ယှဉ်ရင်တောင်မှလား"

"နာမည်ကြီးတယ်ဆိုတိုင်း ကိုယ့်အရသာနဲ့ ကိုက်ညီမယ်လို့ မဆိုလိုဘူးလေ။ ပြီးတော့ မနေ့ညက ကိုယ်တို့စားခဲ့တဲ့ ညစာကိုလည်း ကိုယ်အရမ်းသဘောကျတယ်။ ဒါကြောင့် ကိုယ့်ကိုဧည့်ခံချင်ရင် အဲဒီနေရာမှာ ဧည့်ခံတာက ပိုကောင်းတယ်"

"အမ်မာရဲ့ အစားအစာတွေက ရှင့်အရသာနဲ့ ဒီလောက်တောင် ကိုက်ညီနေတာလား"

"ဟုတ်တယ်။ဒါဆို ကိုယ်တို့စံအိမ်ကိုပြန်ကြတော့မလား။ ကိုယ်တို့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ် အချိန်ကိုမဖြုန်းတီးသင့်ဘူး"

ဒါလည်း မှန်ပေမယ့်... ဒါပေမယ့် သူမရဲ့ ရှားရှားပါးပါး ကြင်နာတဲ့ဧည့်ခံမှုလေးက ဒီလိုပဲ ရုတ်တရတ် ငြင်းဆန်ခံခဲ့ရတာလား.....

သို့တိုင်အောင် အပြင်မှာထမင်းမစားချင်သောသူကို အတင်းမတိုက်တွန်းနိုင်ပေ။ထို့အပြင် သူ့တွင်အခြားအကြောင်းပြချက်လည်းရှိမည်ဟု ထင်ပေသည်။

လူနာသည် သူမ၏ပါးစပ်ကိုထပ်မဟသောကြောင့် အန်းသန့်စ်သည်လည်း နောက်ထပ်ရှင်းပြခြင်းမပြုတော့ဘဲ ရထားထိန်းထိုင်ခုံပေါ်တွင်ထိုင်ကာ ရထားကို ဖြည်းညှင်းစွာရွေ့လျားစေလိုက်တော့သည်။

* * *

ဘယ်ရွန်စံအိမ်နှင့် မြို့သည်အတန်ငယ်ဝေးသဖြင့် ရထားနှင့်သွားလျှင်ပင် အချိန်အတော်ကြာယူရသောကြောင့် သူတို့ ဘယ်ရွန်စံအိမ်သို့ရောက်ချိန်၌ နေ့လည်စာစားချိန်လွန်သွားခဲ့ပြီဖြစ်သည်။

ရလဒ်အနေဖြင့် လူနာ နှင့် အန်းသန့်စ် သည် နေ့လယ်စာ မစားရသေးကြောင်း အမ်မာသိရချိန်တွင် အလန့်တကြားအော်ဟစ်လာခဲ့လေသည်။

"ဘယ်လို! အိမ်မှာပဲ နေ့လည်စာစားချင်ကြတာလား!"

'ကျွန်မတို့ ဘာမှ မပြင်ဆင်ရသေးရင် ဘယ်လိုလုပ်ကြမလဲ!' ဆိုသော စကားစုကို ကြားလိုက်သောကြောင့် အန်းသန့်စ်သည် ညင်သာစွာ ပြုံးပြီး ပြောလာခဲ့သည်။

"ကျွန်တော်က ဒီတိုင်းရိုးရှင်းတဲ့ဟာတစ်ခုခု ဆိုရင်တောင်ရပါတယ်။ ပေါင်မုန့် ဒါမှမဟုတ် စွပ်ပြုတ်လိုမျိုး"

"ဒါက တကယ်ပဲ လုံလောက်မှာမို့လို့လား။ အဲဒါအစား ကျွန်မတို့ ခဏစောင့်ပြီးမှ နေ့လယ်စာစားရင်ရောဘယ်လိုလဲ။လောလောဆယ် သစ်သီး ဒါမှမဟုတ် တစ်ခုခု ယူလာခိုင်းလိုက်မယ်လေ"

လူနာသည် ကိုယ်တိုင်မပြင်ရသော်လည်း လေးနက်သောအမူအရာဖြင့်ဝင်ပြောလာခဲ့သည်။ မနက်ခင်း၌ ဖြစ်ခဲ့သော အဖြစ်အပျက်များကို ပြန်ဆပ်ဖို့ရာ နည်းလမ်းတစ်ခု ဖြစ်တာကြောင့် သူမသည် ပေါင်မုန့်နှင့် စွပ်ပြုတ်ကိုပဲဧည့်မခံချင်ပေ။

"မဟုတ်ဘူး၊ နေ့လည်စာက ရိုးရိုးရှင်းရှင်းဆိုရင်ရပါတယ်။ အဲဒီအစား ညစာစားတဲ့အခါမှ ကောင်းကောင်းဧည့်ခံပေးလို့ရတယ်"

"…ဟမ်?"

ခဏလေး ဘာလို့ ရုတ်တရက် ညစာစားတာပါလာတာလဲ။

လူနာသည် အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်ပြီး သူဘာလို့ဒီလိုပြောလာလဲဟု တွေးကာခဏမျှကြောင်အနေခဲ့သည်။

"အာ...စာရွက်စာတမ်းတွေကို သေသေချာချာ ပြန်သုံးသပ်ဖို့ လိုတယ်မလား...အဲ့တာက အချိန်ကြာနိုင်တယ်လေ ဒါကြောင့် ကိုယ် ပြန်မသွားခင် ညစာစားသင့်တယ်မလား"

"ဒါပေမယ့် မားကွစ်စံအိမ်က သိပ်မဝေးဘူးမလား... ရှင်အဲဒီမှာ စားလို့ရတယ် မလား"

"ကိုယ်တော့ စာရွက်စာတန်းတွေ လုပ်ရလို့ပင်ပန်းနေမယ်လို့ ထင်တယ်။ ကိုယ် မားကွစ်စံအိမ်ကို လျှောက်ဖို့တောင်မှ အားရှိပါ့မလား မသေချာဘူး"

ဒါက မမှန်နိုင်ပေ။သူသည် ရထားပေါ်တွင်စီးသွားမည့်သူဖြစ်သောကြောင့် သွားလာရန် ခွန်အားမရှိသည်မှာ မဖြစ်နိုင်ပေ။ထို့အပြင် သူသည် သန်မာသောသူတစ်ယောက်ဖြစ်လေသည်။

ဒါက သိသာစွာပင် အကြောင်းပြချက်သက်သက်ပင်ဖြစ်သည်။

ဘယ်ရွန်စံအိမ်မှာ ဘာတွေဆွဲဆောင်မှုရှိနေလို့ ဆက်ပြီးကပ်ချင်နေရတာလဲ။

လူနာ၏မျက်လုံးများ၌ မယုံကြည်မှုများဖြင့် ပြည့်နှက်နေပြီး တစ်ချိန်တည်းမှာပင် အမ်မာ သည် သူမ၏ပါးပြင်ကို လက်ဖဝါးဖြင့်အုပ်ကာ အန်းသန့်စ်၏ စကားကို ထောက်ခံလာခဲ့သည်။

"အိုး ဟုတ်တယ်! သခင်လေးရဲ့ ခေါင်းကို တစ်နေ့လုံးသုံးရမှာဆိုတော့ ပင်ပန်းနေမှာပဲ။ ဒါဆို ကျွန်မ ညစာအကြီးကြီး ပြင်ဆင်ထားလိုက်မှာမို့ မသွားခင် ကျေးဇူးပြုပြီးစားသွားပါနော်!"

"အမ်မာ!"

"စိတ်မပူပါနဲ့ သခင်မလေး။ အခုလောလောဆယ် ကျွန်မ စွပ်ပြုတ်ပူပူလေးနဲ့ နူးညံ့တဲ့ပေါင်မုန့်တွေ ပြင်ဆင်လိုက်ပါမယ်!"

လူနာသည် စိတ်ညစ်သွားပြီး အမ်မာ အဘယ်ကြောင့်ဤမျှလောက် စိတ်လှုပ်တရှားစကားအများကြီးပြောနေသည်ကိုမေးလိုက်ချင်သော်လည်း အမ်မာသည် မျက်လုံးတစ်ချက်မှပင်မခတ်ဘဲ မီးဖိုချောင်ထဲဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

တစ်ဖက်တွင် လော်ရာသည် ဘယ်ရွန်စံအိမ်တွင် အန်းသန့်စ် ညစာစားမည်ဆိုသောကြောင့် သဘာဝအတိုင်း ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။

'အိုးဘုရားရေ .. ငါ့ဘက်တော်သားတွေ ဘယ်ရောက်သွားတာလဲ'

ဂရန်းဒါစံအိမ်တွင် သူမ ခံစားခဲ့ရသော ဖယ်ကြဉ်ခြင်းခံစားချက်သည် သူမမွေးဖွားကြီးပြင်းခဲ့သည့် ဘယ်ရွန်စံအိမ်အထိပင်လိုက်လာခဲ့ပုံရသည်။

"ဒါဆို အားလုံးသဘောတူတယ်ဆိုတော့ ကိုယ်ညစာစားပြီးမှ သွားလို့ရတယ်ဟုတ်။ မနေ့ညက သောက်ခဲ့တဲ့ ဝိုင်အရသာကိုတောင် ကိုယ်မှတ်မိသေးတယ်"

အဖြေကို သတ်မှတ်ထားပြီးဖြစ်သော်လည်း အန်းသန့်စ်သည် မသိဟန်ဆောင်ကာ မတတ်သာသောအမူအရာဖြင့် လူနာကိုမေးလိုက်သည်။

သာမာန်အားဖြင့် လူနာသည် သူ၏လှပသောမျက်နှာကြောင့် ဆွဲဆောင်ခံရနိုင်သော်လည်း ယခု သူမလုပ်ချင်သောအရာမှာ သူ့ကို ပါးရိုက်လိုက်ခြင်းပင်ဖြစ်သည်။လူနာသည် အန်းသန့်စ်ကို ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်ပြီးနောက်တွင် တုံ့ပြန်ခြင်းမပြုဘဲပန်းချီခန်းသို့ သွားခဲ့လိုက်သည်။

* * *

အန်းသန့်စ်သည် သူမပိုင်သောရွှေ‌များကိုဆိုးဆိုးဝါးဝါးလိုချင်နေပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူမတောင်းထားသမျှ အရာအားလုံးကို သူယူလာသည့် စာရွက်စာတမ်းများ၌ ထည့်သွင်းထားသောကြောင့်ပင်ဖြစ်သည်။

အထူးသဖြင့် စျေးကွက်ပေါက်ဈေးကို အမြဲတမ်းအမြင့်ဆုံးသတ်မှတ်ထားပြီး စာချုပ်ကို လွတ်လပ်စွာ ရပ်စဲနိုင်ကြောင်း ဖော်ပြထားသည့်အပိုဒ်ပင်ပါသောကြောင့် အန်းသန့်စ်သည် သူမ၏ရွှေများကို သူရရှိနိုင်သရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်မှာ ထင်ရှားလှသည်။

"ဒါဆို အလုပ်စကြမလား။ ဘယ်ရွန်မြို့စားက ရွှေတွင်းကို စီမံခန့်ခွဲဖို့ တာဝန်ယူမှာ မလား"

"ဟုတ်တယ်။ သူအလုပ်ထွက်ပြီးတာနဲ့ ပဲလ်နယ်မြေကိုဆင်းဖို့စီစဉ်ထားတယ်"

"ကောင်းသားပဲ။အဲ့အချိန်အထိ ကိုယ်တို့ဘက်ကနေ မင်းဆီအလုပ်နှင့်ပတ်သက်တဲ့အစီရင်ခံစာတွေကို ပို့ပေးလိုက်မယ်။ ဒီလိုဆို မင်း သက်တောင့်သက်သာနဲ့နေလို့ရတယ်"

အစအဆုံးထိ သူဘာလို့ ဒီလောက် ပြီးပြည့်စုံအောင်လုပ်နိုင်ရတာလဲ။

အန်းသန့်စ်အပေါ်ထားသည့် လူနာ၏ နှစ်သက်မှုသည် အဆင့်နှစ်ဆင့် တိုးလာခဲ့သည်။ သူမ အရင်က ငြီးတွားပြီး မျက်လုံးပြူးကာ သူဘာလို့ ဒီမှာ ညစာစားမှာလဲဆိုသောမေးခွန်းပင် ပျောက်ကွယ်သွားတော့သည်။

ပြီးပြည့်စုံသည့် စာချုပ်ကို ကြည့်ပြီးနောက် လူနာသည် ကျေနပ်သွားကာ ရှေ့နေ့ကိုနှုတ်ဆက်လိုက်သည်။ မသင်္ကာစရာတစ်စုံတစ်ရာတွေ့ရှိပါက သူမသည် အန်းသန့်စ်ကိုရှေ့နေဖြင့်စစ်ဆေးရန်စီစဉ်ထားသော်လည်းမလိုအပ်တော့ပေ။ စာချုပ်ပါ အကြောင်းအရာများသည် ကြည်လင်ပြတ်သားပြီး ရှေ့နေသည် အသိအမှတ်ပြုခြင်းမှလွဲကာ အခြားအခန်းကဏ္ဍများတွင် ပါ၀င်ခြင်းမရှိပေ။

ရှေ့နေလိုက်ပါလာသော ရထားက ထွက်ခွာသွားပြီးနောက်တွင် အပြင်၌ အမှောင်ကျသွားပြီဖြစ်သောကြောင့် လူနာသည် အချိန်ကို စစ်ဆေးခဲ့လိုက်သည်။

"ရှစ်နာရီတောင်ထိုးနေပြီလား။ အဖေ လာရမယ့် အချိန်တောင် လွန်သွားပြီ"

ဘယ်ရွန်မြို့စားသည် မြို့စားကြီး၏အိမ်ခြံမြေတွင်အချိန်အတော်ကြာအလုပ်လုပ်ခဲ့သောကြောင့်သူသည် သူ၏တာဝန်များကိုကျွမ်းကျင်နေကာ အချိန်ပိုလုပ်ဆောင်ရန်တစ်ခါမှမလိုအပ်ခဲ့ပေ။သူသည် အမြဲတမ်း ခုနစ်နာရီမထိုးခင် အိမ်ပြန်ရောက်လာတတ်သည်။

ထို့ကြောင့် ခုနစ်နာရီခွဲတွင် ညစာစားကြပြီး ဥယျာဉ်တွင်ခဏထိုင်ကာ ညကောင်းကင်ကို သဘောတကျကြည့်၍ ရေချိုးပြီး အိပ်ယာထဲတွင် စာအုပ်ခဏဖတ်ပြီးနောက် အိပ်ယာဝင်တတ်ပေသည်။

ဒါပေမယ့် ဒီနေ့ကျမှဘာလို့နောက်ကျနေတာလဲ...ပိုက်ဆံမရှိတာမို့ သွားစရာနေရာလည်း မရှိတာကို

အမ်မာသည် လူနာ၏စိုးရိမ်ပူပန်မှုကို သက်သာစေရန် နှစ်သိမ့်လာခဲ့သည်။

"သူက ညစာစားပြီးတော့ မပြန်လာခင် နည်းနည်းသောက်နေတာမဖြစ်နိုင်ဘူးလား။ သခင်မလေး သိတဲ့အတိုင်း တစ်ခါတလေ သူဒီလိုလုပ်တတ်တယ်လေ။ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံနေတာဖြစ်နိုင်တယ်။ မကြာခင် သူပြန်လာလောက်မှာပါ။ အရမ်းကြီးစိတ်မပူပါနဲ့ ညစာစားအရင်စားလိုက်ပါလား"

ယနေ့တွင် အမ်မာ သည် အန်းသန့်စ် အတွက် အရသာရှိသော စွပ်ပြုတ်ကို ပြင်ဆင်ထားပြီးဖြစ်သောကြောင့် လူနာသည် သူမ၏ စိုးရိမ်သောက အတွေးများကို ဖုံးကွယ်ကာ ထမင်းစားခန်းဆီသို့ တုံ့ဆိုင်းစွာသွားခဲ့လိုက်သည်။

"အရသာစမ်းကြည့်လိုက်ပါအုံး!ကျွန်မ အဲဒါရအောင်လို့ အစွမ်းကုန် ကြိုးစားထားတာ"

အမ်မာ၏ယုံကြည်မှုပြည့်နေသော စကားကြောင့် လူနာသည် တစ်လုပ်သောက်လိုက်သည်။ပါးစပ်ထဲထည့်လိုက်သည်နှင့် အဖိုးတန်ဟင်းခတ်အမွှေးအကြိုင်များဖြင့် ချက်ထားသော စွပ်ပြုတ်သည် ပါးစပ်ထဲတွင် အရည်ပျော်ဝင်သွားခဲ့သည်။

လူနာသည်မျက်လုံးပြူးသွားမိသည်။ အမ်မာ သည် ဤမျှ အရသာရှိသော အစားအစာကို ဖန်တီးနိုင်သည်ကို သူမမသိခဲ့ပေ။ ပါဝင်ပစ္စည်းများမရှိခြင်းသည် သူမ၏အရည်အချင်းများကို တစ်ချိန်လုံး ဟန့်တားစေခဲ့သည်ဟု ထင်လိုက်ပြီး စိတ်မကောင်းဖြစ်မိသွားသည်။

"အရသာရှိအရမ်းရှိတယ်! ဘယ်ရွန်စံအိမ်မှာ စားဖို့ ဆုံးဖြတ်ခဲ့တာ ကောင်းသားပဲ"

အန်းသန့်စ်ကလည်း စွပ်ပြုတ်ကိုသဘောကျသလိုမျိုး အမ်မာကိုချီးကျူးလာခဲ့သည်။ အမ်မာသည် ရှက်သွားကာ မနက်ဖြန်၏ မနက်စာအကြောင်းကိုပါ ပြောလာခဲ့သည် ။

"ဒါဆို မနက်ဖြန်မနက်စာကိုလည်း မျှော်ပေးကြပါအုံး။ကျွန်မ အရသာရှိတဲ့ ဟင်းတွေကို အကောင်းဆုံးပြင်ဆင်ပေးပါ့မယ်"

"အမ်မာ! မနက်ဖြန် မနက်စာအကြောင်း အန်းသန့်စ်ကို ဘာလို့ပြောနေတာလဲ"

"ဟင်? သူကဒီနေ့ ဒီမှာ ညထပ်အိပ်မှာမဟုတ်ဘူးလား"

"ဘာကြီး။အဲ့လိုမဟုတ်ပါဘူး။ ညစာစားပြီးတာနဲ့ သူပြန်လိမ့်မယ်။ အခု ကိစ္စတွေအားလုံးပြီးသွားပြီ"

လူနာသည် မယုံနိုင်စွာပြောလာခဲ့ပြီး အန်းသန့်စ်သည် စိတ်ပျက်သွားဟန်ဖြင့် ဇွန်းကိုချလိုက်သည်။

"ကောင်းကင်ကြီးက ဒီလောက်တောင်အရမ်းမှောင်နေတာကို မင်းဘာလို့ ကိုယ့်ကိုအတင်းပြန်သွားခိုင်းနေရတာလဲ။ကိုယ်က ဝိုင်သောက်ဖို့ စီစဉ်နေတာလေ။ အရက်သောက်ထားတဲ့ လူပျိုချောလေးတစ်ယောက်ကို အမှောင်ထဲ အန္တရာယ်ရှိအောင်ရည်ရွယ်ချက်ရှိရှိ တွန်းလွှတ်ရက်တယ်ပေါ့လေ...."

အမလေး!သူ့ကိုကြည့်စမ်းပါအုံး။သူကဒီကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးကို။အခု ဘယ်သူက ဘယ်သူ့ကိုကြောက်နေတာလဲ!

လူနာသည် ဆွံ့အသွားဟန်ဖြင့် ခေါင်းကို မြှောက်လိုက်မိပြီး လော်ရာသည် အန်းသန့်စ်ကို ထောက်ခံလာခဲ့သည်။

"ဟုတ်သားပဲ။သခင်မလေးကလည်း သူတစ်ညလောက်မနေရင်တောင်မှ မသွားခင် ဘယ်ရွန်မြို့စားကို နှုတ်ဆက်သင့်တယ်လေ"

"ဒါပေမယ့် ဖေဖေ ဘယ်အချိန်ရောက်လာမလဲ မသိဘူးလေ"

"ဟုတ်တယ်လေ အဲ့ဒါကြောင့် သူဒီနေ့လည်း ဒီမှာအိပ်သင့်တယ်လေ"

"ဟုတ်တယ်။ နှုတ်မဆက်ဘဲ ထွက်သွားဖို့က အရမ်းရိုင်းလွန်းတယ်"

"သခင်မလေးကို ဒီလောက် မကြင်နာတတ်အောင် ပြုစုပျိုးထောင်ခဲ့မှန်း မမှတ်မိဘူး။ သခင်မလေး ဘာလို့ဒီလောက်ရက်စက်ရတာလဲ"

အမ်မာနှင့် လော်ရာတို့က အန်းသန့်စ်ဘက်မှလိုက်ကာ ပြောလာခဲ့ကြသည်။

အိုး! နင်တို့က ဘယ်သူ့ဘက်ကလဲ။ ဘာလို့ ဒီလောက်တောင် အန်းသန့်စ်ကို အရမ်းကြိုက်နေရတာလဲ။

အကယ်၍ လူနာသာ အန်းသန့်စ်အားပြန်သွားရန် နောက်ထပ်ပြောခဲ့ပါက အမ်မာနှင့် လော်ရာသည် မျက်ရည်ကျအောင်ငိုလာတော့မည်ဖြစ်သည်။ အဆုံးမှာတော့ လူနာသည် သက်ပြင်းသာချလိုက်ပြီး ထမင်းပြန်စားလိုက်တော့သည်။

* * *

"ဒီဝိုင်ကို ဒီလောက်ကြိုက်ရင် ပုလင်းနည်းနည်းဝယ်လိုက်ရင်ရော ဘယ်လိုလဲ။ ဒီဟာတွေက ရောင်းတာတွေအများကြီးရှိတယ်"

ထမင်းစားပြီးနောက် လူနာ သည် သုံးခွက်မြောက်ဝိုင်အားသောက်နေပြီဖြစ်သော အန်းသန့်စ်ကို အမှုမဲ့အမှတ်မဲ့လှမ်းပြောခဲ့လိုက်သည်။

သူ၏ ဝိုင်ဖန်ခွက်ကို ဗလာကျင်းသွားစဉ်တွင် သူမသည်လည်း အတူတူသောက်နေရာ ခပ်ထွေထွေ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ဘယ်ရွန်မြို့စားကိုစောင့်နေစဉ်တွင် သူမသည် အနည်းငယ်သောက်ရန် ရည်ရွယ်ခဲ့သော်လည်း ၎င်းသည် မထင်မှတ်ပဲ ညသန်းခေါင်ကျော်အထိ အရက်သောက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဒါက အဲလောက်လည်း မကောင်းပါဘူး"

အန်းသန့်စ်သည် ဝိုင်၏တန်ဖိုးကို ရိုးရိုးသားသား အကဲဖြတ်လာခဲ့သည်။ ထို့ကြောင့်၊ နောက်ဆုံးတွင် သူသည် ဝိုင်ကို ဤမျှလောက် နှစ်သက်ပုံမပေါ်နေပေ။

"ဒါဆို ရှင်ဘာလို့ သောက်တာလဲ"

"ဘာလို့လဲ ဆိုတော့ မင်းက အတင်းနှင်လွှတ်နေလို့လေ"

"ဒါက မှန်တယ်လေ"

သူ့မှာ ဘာမှလုပ်စရာမှမရှိတာတောင် ဘယ်ရွန်မှာဘာလို့ဆက်နေချင်သေးတာလဲ။ ဒါက မွန်းကြပ်စရာကြီးကို။ 

သို့သော်လည်း အိမ်ရှိလူတိုင်းသည် သူ့ကို ဝမ်းသာအားရ လက်ဖွင့်ကြိုဆိုကြသဖြင့် လူနာတွင် အနိုင်ရရန် နည်းလမ်းမရှိနေပေ။

လူနာသည် ဒေါသတကြီးဖြင့် ဝိုင်ကိုတစ်ကျိုက်တည်း မော့ပစ်လိုက်သည်။ ဝိုင်သည် အဘယ်ကြောင့် ဤမျှ ခါးနေသည်ကို သူမ နားမလည်နိုင်ဖြစ်နေကာ အရသာက သူမကို မကျေမနပ်ဖြစ်စေခဲ့သည်။

ထိုအချိန်တွင် ရုတ်တရက် လူနာ၏စိတ်ထဲ တွင် အန်းသန့်စ်က နေ့လည်စာစားပြီးသည့်မှအခြချိန်ထိ ထူးဆန်းသောအကြောင်းပြချက်တစ်ခုကြောင့် ဘယ်ရွန်စံအိမ်၌နေရန်စီစဉ်ထားလေသလားဟုအတွေးဝင်လာခဲ့သည်။

"ကျွန်မ ရှင့်ကို အဖြေမပေးမချင်း ရှင်ဒီမှာနေဖို့တော့ မရည်ရွယ်ထားဘူးမလား"

"အဖြေလား..."

လူနာသည် လေးနက်သောအမူအရာဖြင့် မေးလိုက်ပြီး သူမ၏ပါးပြင်များသည် နီမြန်းလာခဲ့သည်။ အန်းသန့်စ်သည် သူမပြောနေတာတွေကို နားလည်နိုင်သော်လည်း မယုံနိုင်စရာကောင်းစွာပင် စကားလုံးတစ်လုံးကိုမျှ နားမလည်သလို တုံ့ပြန်လာခဲ့သည်။

သူမသည် သူ့ကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်လိုက်ပြီး သူမ၏ စကားလုံးများကို အားစိုက်ထုတ်ကာ ရှင်းပြလိုက်သည်။

"ကျွန်မတို့ ချိန်းတွေ့ဖို့ မေးတာကိုပြောတာလေ။ ကျွန်မ ရှင့်ကို အဖြေမပေးမချင်း ရှင်ဒီမှာနေဖို့ စိတ်ကူးမရှိဘူးမလား"

"မရှိပါဘူး"

သို့သော် သူမ၏မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အန်းသန့်စ်သည် ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း ပေါ့ပေါ့ပါးပါး ပြန်ပြောခဲ့သည်။ လူနာသည် စိတ်သက်သာရာရမှုနှင့်အတူ စိတ်ပျက်မှုတို့ကိုပါ ရောနှောခံစားလိုက်ရသည်။

သူမပဲ အရမ်းတွေးမိနေတာလား။ 

သူမသည် အနည်းငယ်သာ သောက်ထားသော် မူးဝေသလိုခံစားလိုက်ရပြီး သူမပါးပြင်ကို လက်ဖဝါးဖြင့်ဖိလိုက်ချိန်တွင် အန်း
သန့်စ်က စကားပြောလာခဲ့သည်။

"အဖြေတစ်ခု မဟုတ်ဘူး... မင်း ကိုယ့်ချိန်းတွေ့ဖို့ လက်ခံတယ်လို့ မပြောမချင်းအထိ"

"ရှင် ဘာအကြောင်းပြောနေတာလဲ!"

ငါ သိနေတယ်! သူ ဘာလို့ဒီလိုလုပ်နေတာလဲဆိုတာ တကယ်ကိုနားမလည်နိုင်ဘူး။

နှစ်သက်ခြင်း သို့မဟုတ် စိတ်ဝင်စားမှု အရိပ်အမြွက် ရှိခဲ့ပါက သူမ၏ နှလုံးသားသည် တုန်လှုပ်နိုင်ကာ လေထု တစ်မျိုးမျိုး ရှိလာမည်ဖြစ်သည်။ သို့သော် အန်းသန့်စ်သည် ထိုသို့ဟုတ်ဟန်မပေါ်ဘဲ သူမကို စိတ်တိုစေခဲ့သည်။

လူနာသည် သူမသောက်ခဲ့သော ဝိုင်၏ခါးသက်သက်အရသာကိုခံစားလိုက်ရင်း မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။

"ရှင် ကျွန်မအပေါ် ဘာလို့ဒီလိုလုပ်တာလဲ"

"ဘာကိုဆိုလိုတာလဲ"

"ကျွန်မ အရင်ကလည်းမေးဖူးပါတယ်။ ရှင် ကျွန်မကိုမကြိုက်ဘဲနဲ့ ဘာလို့ချိန်းတွေ့ချင်ရတာလဲ။ ရှင့်အတွက် ဘာတစ်ခုမှ အကျိုးမရှိဘူးထင်တယ်"

သူပထမဆုံးချိန်းတွေ့ဖို့ အကြံပြုလာကတည်းက လူနာသည် အန်းသန့်စ်၏ ရည်ရွယ်ချက်များကို နားမလည်နိုင်ခဲ့ပေ။

မဟုတ်ဘူး၊ သူမကို မကြိုက်တဲ့ သူက ဘာလို့ ချိန်းတွေ့ဖို့ အဆက်မပြတ် တောင်းဆိုနေတာလဲဆိုနာ လုံးဝနားမလည်ဘူး။

သူပြောခဲ့သည့်အတိုင်း အန်းသန့်စ်ကိုအသုံးပြုခြင်းဖြင့် ကြောက်မက်ဖွယ်ကောင်းသောကောလာဟလများမှ လွတ်မြောက်နိုင်သော်လည်း အကျိုးအမြတ်ရရှိမည့်သူမှာ အန်းသန့်စ်မဟုတ်ဘဲ လူနာသာ ဖြစ်လိမ့်မည်။

သို့သော် အံသြစရာကောင်းသည်မှာ လက်ရှိအခြေအနေသည် ဆန့်ကျင်ဘက်ဖြစ်နေပြီး လူနာည် သူ၏စိတ်အားထက်သန်မှုကို သံသယမ၀င်ဘဲမနေနိုင်ပေ။

ဒီတစ်ခါတွင်တော့ လူနာသည် သူမမျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အဖြေကိုကြားဖို့ ဆုံးဖြတ်လိုက်သည်။

"ဘာလို့ ကိုယ့်မှာ အမြတ်အစွန်း မရှိဘူးထင်ရတာလဲ"

လူနာကို ခဏလောက် စောင့်ကြည့်နေသည့် အန်းသန့်စ်သည် အတော်လေး လေးနက်သော အမူအရာတစ်ခုဖြင့် တုံ့ပြန်လာခဲ့သည်။

TK Team