>ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 21
"ရှင့်မှာ အကျိုးအမြတ်ရစရာရှိလို့လား"
"ဒါပေါ့"
အန်းသန့်စ်သည် စပျစ်ဝိုင်ကို တစ်လုပ် သောက်လိုက်သည်။သူ့မျက်နှာတွင် ကစားလိုသည့် အရိပ်အမြွက်များရှိမနေပေ။
ဒါက တကယ်ပဲလား။
လူနာသည် သံသယဖြစ်မိသွားပြီး အန်းသန့်စ်၏ စစ်မှန်သော ရည်ရွယ်ချက်များကို ထိုးဖောက်သိနိုင်ရန် ကြိုးပမ်းခဲ့လိုက်သည်။ သို့ပေမယ့် အချည်းအနှီးသာဖြစ်ခဲ့သည်။ သူမ ဘာမှမမြင်နိုင်ပေ။
"ရှင် ဘာတွေရမှာမို့လို့လဲ။ ရှင် အရင်တစ်ခေါက်ကလိုမျိုး 'ပျော်ရွှင်စရာအချိန်တွေ' လို့တော့ ထပ်ပြောမှာမဟုတ်ဘူးမလား"
အဲ့လိုဆိုရင်တော့ သတိထားနေပေတော့။ နင့်ရဲ့ ချောမောတဲ့ နှာခေါင်းကို ငါထိုးပစ်မိလိမ့်မယ်!
သူမ၏ စိတ်ထဲတွင် ဤသန္နိဋ္ဌာန်ကိုချလိုက်ပြီး ဝိုင်ဖန်ခွက်အလွတ်တစ်ကို စားပွဲအလယ်သို့ တွန်းကာ မတ်တပ်ရပ်လိုက်သော အန်းသန့်စ်သို့မေးခွန်းထုတ်လိုက်သည်။
"ကိုယ်တို့ချိန်းတွေ့ရင် ပြောမယ်"
"ကျွန်မ ရှင့်ကို ချိန်းတွေ့စေချင်ရင် ဒီအဖြေကိုသိမှရမယ်"
"ဒါက မလိုအပ်ဘူး"
လူနာသည် သူမကိုပြောပြသင့်သည်ဟု အခိုင်အမာပြော၍ ထိုင်ခုံမှထလိုက်ပြီး အန်းသန့်စ်သည်လည်း တင်းမာသောမျက်နှာဖြင့် ပြန်ပြောလာခဲ့သည်။
"ကိုယ် ပြောရင်တောင်မှ မင်းကချိန်းတွေ့ဖို့ လက်ခံမှာမဟုတ်ဘူး။ ကိုယ်ဘာရမှာလဲဆိုတာလျစ်လျူရှုပြီး မင်း ခံစားချက်အပေါ် မူတည်ပြီး ရွေးချယ်မှာပဲမလား"
"အာ ဒါ…"
"ဒါကြောင့် ကိုယ်ရနိုင်မှာကို မင်းကိုပြောပြရင်တောင်မှ ဒါကမင်းရဲ့သိချင်စိတ်ကိုပဲ ကျေနပ်စေနိုင်မှာ"
"အဲဒါက…"
လူနာသည် ပါးစပ်ပိတ်လိုက်ပြီး သူမကို အဘယ်ကြောင့် ဒီလောက် သိနေတာလဲဟု မေးသလိုမျိုး အန်းသန့်စ်ကိုကြည့်လိုက်သည်။
"ဘာလို့ အိပ်ရာမဝင်သေးတာလဲ။ မင်း စောနာဝိုင်တွေ အများကြီး သောက်ခဲ့တယ်မလား"
မင်းလဲကျနိုင်တယ်....
အန်းသန့်စ်၏ စကားမဆုံးခင်မှာပင် လူနာသည် အရက်မူးတာကို မထိန်းနိုင်တော့ဘဲ ယိမ်းထိုးသွားတော့သည်။
အန်းသန့်စ်သည် လူနာသောက်သုံးခဲ့သော အရက်ပမာဏကြောင့် ရပ်တည်နိုင်မည်မဟုတ်ကြောင်း သိထားသကဲ့သို့ လူနာ၏ခါးကိုအမိအရထိန်းကိုင်လိုက်သည်။ သူ့လက်ကို လူနာ၏ခါးပေါ်တွင် ရစ်ပတ်ထားရင်း ညင်သာစွာ မေးလိုက်သည်။
"မင်းအကူအညီလိုသေးလား"
သူမငြင်းပါက သူထွက်သွားမှာပဲဆိုတာသိတာကြောင့် လူနာသည် သူမခါး၌ရသ်ပတ်ထားသောအန်းသန့်စ်၏လက်မောင်းဆွဲကိုင်လိုက်သည်။
သူ သူမကို ထားသွားခဲ့ပါက အမ်မာ သို့မဟုတ် လော်ရာကို ခေါ်လို့ရနိုင်သော်လည်း အရက်မူးသည်ကို မထိန်းနိုင်သောကြောင့် သူမကို အစခံရမှာ သေချာပေသည်။
"… ကျွန်မကို သေချာထိန်းထားပေးနော်။ ကျွန်မပြုတ်ကျပြီး ပွန်းပဲ့သွားရင် ရှင့်ကိုသေအောင်ဒေါသထွက်ပစ်မယ်"
"ဒါပေါ့။ ကိုယ်အကောင်းဆုံးလုပ်ပါ့မယ်"
သူ့တုံ့ပြန်မှုက ပျော့ပျောင်းသော်လည်း မရိုးသားမှုအနည်းငယ်ပါနေလေသည်။
လူနာသည် အန်းသန့်စ်ကို စိုက်ကြည့်နေကာအန်းသန့်စ်၏ထိန်းပေးထားမှုအပေါ် သူ့မကိုယ်သူမ စွန့်စားလိုက်သည်။
* * *
နံနက်ခင်းတွင် ဘယ်ရွန်ပဲလ်သည် သူ့အားရှာနေကြောင်း သတင်းစကားရောက်လာသောကြောင့် မြို့စားကြီးရိုဒရီယန်စိတ်ရှုပ်သလိုလက္ခဏာပြလိုက်ပြီးခဏအကြာတွင် သူ့အစေခံအားခေါင်းညိတ်ပြကာ ဘယ်ရွယ်ပဲလ်ကိုဝင်ခွင့်ပြုလိုက်သည်။
"မြို့စားကြီးကို မနက်အစောကြီးထဲစ စိတ်အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်။ဒါပေမယ့် ကျွန်တော်ပြောစရာလေးရှိလို့ မြို့စားကြီးကိုတွေ့ဖို့လာခဲ့တာပါ"
မြို့စားကြီး၏စာဖတ်ခန်းထဲသို့ဝင်ရောက်လာခဲ့သော ဘယ်ရွန်မြို့စားသည် ယဉ်ကျေးစွာနှုတ်ဆက်စကားဆိုလိုက်သော်လည်း မြို့စားကြီးကမူ သူ့စာအုပ်ကိုမချဘဲ ခေါင်းတစ်ချက်ညိတ်ပြကာ တုန့်ပြန်ခဲ့သည်။
"ကျွန်တော် မနေ့ကလည်း တွေ့ဖို့လာခဲ့ပေမယ့် မြို့စားကြီးကအပြင်ရောက်နေတယ်ဆိုလို့ ဒီနေ့တော့ စောစောလာလိုက်တာ"
"စကားဦးသန်းမနေဘဲ ဘာပြောချင်တာလဲတည့်တည့်ပြောပါ"
"အာ ဟုတ်ကဲ့"
မြို့စားကြီးက အေးစက်စွာ ပြန်ဖြေလာသော်လည်း အသစ်အဆန်းမဟုတ်သောကြောင့် ဘယ်ရွန်မြို့စားသည် ခေါင်းညိတ်ပြကာ သူ၏အဓိကအချက်ကို အမြန်တင်ပြခဲ့လိုက်သည်။
"တကယ်တော့ ကျွန်တော် အငြိမ်းစားယူချင်ပါတယ်"
"အငြိမ်းစားလား"
"ဟုတ်ကဲ့"
'အငြိမ်းစား' ဟူသော စကားလုံးကြောင့် မြို့စားကြီးသည် မျက်ခုံးပင့်လိုက်သည်။ ဘယ်ရွန်မြို့စားသည် ဆယ်စုနှစ်များစွာ ညည်းညူခြင်းမရှိ အလုပ်လုပ်ခဲ့သော်လည်း ယခု ရုတ်တရက်ကြီး အနားယူချင်လာခဲ့သည်။
မြို့စားကြီးက သူ့စာအုပ်ကိုချပြီး ဘယ်ရွန်မြို့စားကို မေးလိုက်သည်။
"အငြိမ်းစားယူဖို့အတွက် မင်းမှာ ငွေအလုံအလောက်ရှိနေပြီမို့လို့လား"
"မဟုတ်ဘူး၊တကယ်တော့ ပိုက်ဆံနဲ့မပတ်သက်ပါဘူး ဒါပေမယ့်ကျွန်တော့်သမီးလူနာက..."
ဘယ်ရွန်မြို့စားက ရှင်းပြရန် ကြိုးစားလိုက်သော်လည်း မြို့စားကြီးသည် နားမထောင်ဘဲ ဖြတ်ပြောလာခဲ့သည်။
"ဒါဆို မင်းအငြိမ်းစားယူပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ။ မင်းက အဲ့လောက်လည်းထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေ ရှိနေတာလည်းမဟုတ်ဘူး"
"ကောင်းပြီ။ဟုတ်ပါတယ် ဒါပေမယ့် ကျွန်တော့်သမီးက…"
"ပြီးတော့မင်းရဲ့နယ်မြေကလည်း သိပ်သုံးစားမရဘူး ဟုတ်တယ်မလား။ မင်းအသက်အရွယ်နဲ့ဆို တခြားနေရာမှာ အလုပ်ရှာဖို့လည်း ခက်လိမ့်မယ်"
"…"
နောက်ဆုံးတွင် မြို့စားကြီးသည် သူပြောချင်သမျှကို ပြောပြီးသွားသကဲ့သို့ သူ့ပါးစပ်ကို ပိတ်လိုက်သည်။ ထိုအခါမှ ဘယ်ရွန်မြို့စားသည် အငြိမ်းစားယူရသောအကြောင်းစုံကိုပြောလိုက်တော့သည်။
သူသည် တော်တော်လေးစိတ်မကျေမနပ်ဖြစ်မိသော်လည်း ဘယ်ရွန်မြို့စားသည် နောက်မဆုတ်ဘဲ မြို့စားကြီး၏ စိတ်ခံစားချက်ကို တိုင်းတာဟန်ဖြင့် ကြိုးစားပြုံးကာ တုံ့ပြန်ခဲ့လိုက်သည်။
"ဟာဟား၊ မြို့စားကြီးပြောသလိုပါပဲ ကျွန်တော်က အစက လူနာလက်မထပ်မချင်း အနည်းဆုံး အလုပ်ဆက်လုပ်မလို့ပါ။ဒါပေမယ့် ကျွန်တော်တို့နယ်မြေမှာ ရွှေတွင်းတစ်ခုကို ရှာတွေ့သွားလို့ အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ"
"...ရွှေတွင်းလား"
"ဟုတ်ပါတယ်။ မြို့စားကြီးသိတဲ့အတိုင်း ကျွန်တော်တို့မိသားစုမှာ အဲဒါကို စီမံခန့်ခွဲနိုင်တဲ့သူမရှိဘူး။ အဲ့ဒါကြောင့် အငြိမ်းစားယူပြီး ရွှေတွင်းကို စီမံခန့်ခွဲမလို့ပါ"
"အဲဒီဘာမှသုံးစားမရတဲ့မြေကွက်လပ်မှာ ရွှေတွင်းရှိတာလား"
"ဟားဟား ဟုတ်တယ်၊ အံ့သြစရာပဲ မကောင်းဘူးလား။ကျွန်တော်လည်း အစကအံ့သြသွားခဲ့တယ်"
ဘယ်ရွန်မြို့စားသည် ဟက်ဟက်ပက်ပက် ရယ်မောလာခဲ့သော်လည်း မြို့စားကြီးသည်တိတ်ဆိတ်နေကာ အတွေးထဲလမ်းပျောက်နေခဲ့သည်။
ရွှေတွင်းလား...
ရွှေက အမြဲတမ်း ဝယ်လိုအားမြင့်ပေသည်။ ထို့ကြောင့် ရွှေတွင်းပိုင်ဆိုင်သူများသည် မျိုးဆက်တစ်ခုပြီးတစ်ခု ကြွယ်ဝချမ်းသာလာတတ်ကြသည်။
ပဲလ်နယ်မြေမှာ ရွှေတွင်းတစ်ခု ရှိနေပေသည်။
သူသည် ချမ်းသာသော မြို့စားဖြစ်နေပြီဖြစ်သော်လည်း သူ၏အလိုလောဘကို မငြင်းနိုင်ပေ။ အကြာကြီးစဉ်းစားပြီးနောက် မြို့စားကြီးသည် ဘယ်ရွန်မြို့စားထံ အဆိုပြုခဲ့လိုက်သည်။
"ဂုဏ်ယူပါတယ်။ ရွှေတွင်းတစ်ခုပဲမလား ပိုကောင်းတာတစ်ခုခုရှိနေတယ်မှတ်နေတာ။ ဒါပေမယ့် မင်းတစ်ယောက်တည်း စီမံခန့်ခွဲရတာက အရမ်းမများလွန်းဘူးလား ငါမင်းကို လူတချို့ချေးပေးမယ်လေ"
"အာ... စဉ်းစားပေးလို့ ကျေးဇူးတင်ပါတယ် မြို့စားကြီး ဒါပေမယ့် ဒါကအဆင်ပြေပါတယ်။ ကျွန်တော်တို့ကမားချက်စ်အဖွဲ့အသည်းနဲ့ စီမံခန့်ခွဲဖို့ ဆွေးနွေးပြီးသွားပါပြီ။သူတို့က အားလုံးကိုစီမံပေးမှာပါ"
"မားချက်စ်အဖွဲ့က စီမံခန့်ခွဲတာလား"
မြို့စားကြီးသည် ဘယ်ရွန်မြို့စားအား မယုံနိုင်တာ ကြားလိုက်ရသလိုပင် မေးလာခဲ့သည်။
"တကယ်တော့ အဲဒါကို ရှာတွေ့ခဲ့တာ ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော့် သမီး လူနာပါ။ သူမက တကယ်ကိုထူးခြားထက်မြက်တဲ့ကလေးလေ။ စီမံခန့်ခွဲမှုရှာဖွေတာရော စာချုပ်ချုပ်ဆိုတာတွေရော အကုန်လုံးကို သူမဘာသာ စီမံခဲ့တာ။ ဒီတော့ ကျွန်တော်က သူမရဲ့ကြိုးစားအားထုတ်မှု အကျိုးကျေးဇူးတွေကို ခံစားနေရတာပေါ့ဗျာ"
သူကြားလိုက်ရသော ရှင်းပြချက်အပေါ် မကျေမနပ်ဖြစ်သည့်ဟန်ဖြင့် မြို့စားကြီးသည် မကျေနပ်မချမ်းမျက်နှာဖြင့် အမိန့်ပေးသလိုပြောလာခဲ့သည်။
"စာချုပ်က ပြစ်ဒဏ်တစ်ခုခုရှိတယ်ဆိုရင်တောင်မှ ကျည်ဆန်ကိုက်ပြီး စာချုပ်ဖျက်သိမ်းလိုက်ပါ။ငါတို့က ပိုကောင်းတဲ့ဈေး မပေးနိုင်ဘူးလို့ထင်နေတာလား။ မင်း ငါ့ကိုဘာလို့အရင်မပြောခဲ့တာလဲ။ အလုပ်ကို သေချာလုပ်စမ်းပါ။ငါတို့လည်း စီမံခန့်ခွဲမှုကို ဂရုစိုက်လိုက်မယ်။ ဒါဆိုရင် မင်းလည်း အလုပ်ကနေ နုတ်ထွက်စရာမလိုတော့ဘူးလေ။ ရွှေတွင်းကို စီမံခန့်ခွဲတာထက် ဒီစံအိမ်မှာ အလုပ်လုပ်တာ ပိုသင့်တော်တယ် မဟုတ်ဘူးလား"
မြို့စားကြီးက သူ့အပေါ် ဒီလိုတန်ဖိုးဖြတ်လာတာမျိုး မမျှော်လင့်ထားသော ဘယ်ရွန်သည် သဘောမတူကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။
"တောင်းပန်ပါတယ်။ မြို့စားကြီးရဲ့ကြင်နာတဲ့စကားတွေကို ကျွန်တော်တန်ဖိုးထားပေမယ့် ကျွန်တော့်နေရာကိုအစားထိုးလုပ်ဆောင်တဲ့သူကိုတွေ့တာနဲ့ အလုပ်ထွက်ဖို့စီစဉ်ထားပြီးသားပါ"
ရာထူးမှ နုတ်ထွက်လိုသောရည်ရွယ်ချက်နှင့် ပတ်သက်၍ စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ပြောလာသောကြောင့် မြို့စားကြီးသည် သူ့ကို ဆက်ထိန်းထားနိုင်တော့မည် မဟုတ်ကြောင်းသိလိုက်ရသည်။ မြို့စားကြီးသည် ဒေါသအလွန်ထွက်သွားပြီး သူ့လက်ကို ဝှေ့ယမ်းကာ ထွက်သွားဖို့ ညွှန်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ။ဒါဆိုကျွန်တော့်နေရာအစားထိုးမယ့်သူရှာဖို့စာပို့လိုက်ပါမယ်"
ဘယ်ရွန်မြို့စားသည် မြို့စားကြီး၏အမိန့်ကို လေးစားစွာ အသိအမှတ်ပြုပြီး နေရာမှ ထွက်ခွာလာခဲ့သည်။
သူ့ကို အမြဲတမ်းလှောင်ပြောင်တတ်သော မြို့စားကြီးနှင့် စကားပြောရသည်မှာ သက်တောင့်သက်သာမရှိလှပေ။ ဒါပေမယ့် ဒါကသိပ်တော့မကြာတော့ပေ။မြို့စားကြီးထံမှ အလုပ်ထွက်ပြီးသည်နှင့်နောက်တဖန်ထပ်တွေ့စရာမလိုတော့ပေ။
ထိုသည်ကို တွေးမိလိုက်ပြီး ပေါ့ပါးသလိုခံစားလိုက်ရသည်။
ဘယ်ရွန်မြို့စားသည် မြို့စားကြီးနှင့် စကားစမြည်ပြောဆိုရာမှ ဖြစ်လာသည့်မသက်မသာဖြစ်မှုများကို ပြေပျောက်စေရန် သူ့ရုံးခန်းသို့သွားခဲ့လိုက်သည်။ ထုံးစံအတိုင်း စာရွက်စာတမ်းများတင်ပြီး အခန်းထဲမှ ထွက်သွားတော့မည့် အစေခံကိုတွေ့သောကြောင့် လှမ်းခေါ်လိုက်သည်။
"ကျွန်တော်ဘာလုပ်ပေးရမလဲ"
"ငါ့နေရာကို အစားထိုးမယ့်သူကို အမြန်ဆုံးရှာဖို့လိုမယ်ထင်တယ်။ တတ်နိုင်သမျှအမြန်ဆုံး"
"အာ အစားထိုးမယ့်သူလား... Sir အလုပ်ကထွက်တော့မလို့လား"
အစေခံသည် မြို့စားကြီး၏ မျက်နှာနှင့် ဆင်တူသော'ဒီအလုပ်ကထွက်ရင် ဘာလုပ်စားမှာလဲ' ဟုသောမျက်နှာဖြင့်ကြည့်လာခဲ့သည်။မြို့စားကြီးနှင့် စကားစမြည်ပြောဆိုခြင်းမှ မနဲရုန်းထွက်လာခဲ့ရသော ဘယ်ရွန်မြို့စားသည် ရှင်းလင်းရန်ပင်ပန်းနေပြီဖြစ်သောကြောင့် ရိုးရိုးရှင်းရှင်းသာခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် အဲ့ဒါကြောင့် အမြန်ဆုံးရှာလိုက်ပါ"
"ဒီအကြောင်းကို မြို့စားကြီးကို အကြောင်းကြားပြီးပြီလား"
"ဒါပေါ့။အခု အားလုံးပြီးသွားပြီ။ စိတ်မပူပါနဲ့ ငါ့နေရာမှာအစားထိုးမယ့်သူကိုသာ ရှာလိုက်ပါ"
"သိပါပြီ… နားလည်ပါပြီ"
အစေခံ ထွက်သွားသည်နှင့် နောက်ဆုံးတွင် ဘယ်ရွန်မြို့စားသည် သူ၏အတွေးများကြားထဲ ပျောက်ဆုံးနေရင်း စာရွက်စာတမ်းအပုံကြီးကို ဖြေရှင်းလိုက်သည်။ သူ၏ချစ်ဇနီး ဆုံးပါးသွားချိန်တုန်းကတောင် ခွင့်ယူလို့ မရခဲ့သော ဒီအလုပ်ကနေ နောက်ဆုံးတော့နှုတ်ထွက်လိုက်နိုင်ပြီဟု တွေးမိလိုက်သည်။
ပဲလ်နယ်မြေက ရွှေတွင်းအကြောင်း စောစောက သိခဲ့ပါက ပိုကောင်းပေလိမ့်မည်။ ထိုသို့ဆိုပါက သူ့နှင့်လူနာ၏ဘဝသည် အနည်းငယ် ကွာခြားသွားနိုင်သည်။
လျစ်လျူရှုခဲ့ပြီး သူ့နယ်မြေကို ဂရုမစိုက်မိခဲ့တာကို နောင်တရမိသည်။
သို့ပေမယ့် အခုတော့ အဲဒါများကိုတွေးတာက အသုံးမဝင်တော့ပေ။ အချိန်တွေကို နောက်ပြန်မဆုတ်နိုင်သကဲ့သို့ နောင်တများကို ဖြုန်းတီးဖို့ကလည်း အဖိုးတန်လွန်းပေသည်။
ယခုအချိန်မှစ၍ သူနှင့် လူနာတို့သည် မည်သည့်မျက်နှာမှ ကြည့်နေစရာမလိုဘဲ ကောင်းကောင်းနေနိုင်တော့မည်ဖြစ်သည်။
ဒါကိုတွေးလိုက်ရင်း ဘယ်ရွန်သည် စာရွက်စာတမ်းများကို အစုံအလင်ကို စပြီးဖြေရှင်းလိုက်တော့သည်။
* * *
ဘယ်ရွန်စံအိမ်မှနှင်ထုတ်ခံရပြီးနောက် ဖယ်ဆန်သည် တစ်ညလုံးအရက်သောက်ခဲ့၍ နောက်တစ်နေ့မနက်တွင် သူ့ဖခင်၏ငြူစူသောစကားများကြောင့်နိုးလာခဲ့ရသည်။
"မင်းလိုကောင်ကို ငါ့ရာထူးပေးမယ်ဆိုတဲ့အတွေးကို ငါလုံးဝသည်းမခံနိုင်ဘူး!"
"အာ အဖေ..."
"မင်း တစ်ချိန်လုံးအရက်သောက်နေပြီးတော့ ထမင်းစားခန်းကိုတောင် လာမတွေ့ဘူးပေါ့။ မင်းကိုမင်း မြို့စားကြီးရဲ့ အမွေဆက်ခံသူလို့ ဂုဏ်ယူ ပြောနိုင်သေးရဲ့လား"
ဖယ်ဆန်သည် မြို့စားကြီး၏ ဆုံးမစကားများကြောင့် ဖြူဖျော့သောမျက်နှာဖြင့် ခေါင်းငုံ့ထားသော်လည်း မတားရဲခဲ့ပေ။
"ပြီးတော့ မင်း! တစ်ချိန်လုံး ဘာသောက်ကျိုးနည်းတွေလုပ်နေလို့ ဘယ်ရွန်ပဲလ်ရဲ့သမီး ရွှေတွင်းတစ်ခုရှာတွေ့ပြီး အဖွဲ့ တစ်ခုနဲ့ စာချုပ်ချုပ်လိုက်တာကို မသိရတာလဲ"
"…အာ?"
ရွှေတွင်းလား...
ဖယ်ဆန်သည် အရက်နာကျကာ အိပ်ချင်မူးတူးဖြစ်နေသော မျက်နှာဖြင့် သူ့အဖေကို မေးလိုက်သည်။ မြို့စားကြီးသည် သူ့မျက်နှာကြောင့် ဒေါသထွက်သွားပုံရပြီး အံတင်းတင်းကြိတ်ကာ ဒေါသတကြီး ထွက်သွားတော့သည်။
"ဒီစာချုပ်ကို ငါတို့ဘက် ပြန်ယူဖို့ မင်းမှာ တာဝန်ရှိတယ်။ ပဲလ်နယ်မြေကို ဆင်းပြီး ရွှေတွင်းက ဘယ်လောက်ကြီးလဲဆိုတာ သွားကြည့်စမ်း"
မြို့စားကြီးသည် စကားပြောပြီးသည်နှင့် ဖယ်ဆန်ကိုနောက်တွင်ချန်ထားခဲ့ကာအခန်းမှထွက်သွားတော့သည်။
အရက်နာကျတာ အပြည့်အဝ မသက်သာသေးသော ဖယ်ဆန်သည် နာကျင်နေသော ခေါင်းကို နှိပ်နယ်လိုက်ပြီး သူ့အစေခံကို မေးလိုက်သည်။
"ဒီကမ္ဘာမှာ ဘာတွေဖြစ်နေတာလဲ"
"ကျွန်တော်...အသေးစိတ်အချက်အလက်အတိအကျမသိပေမယ့် မြို့စားကြီးရဲ့စကားတွေကို အကျဉ်းချုပ်ကြည့်လိုက်မယ်ဆိုရင်တော့ သခင်မလေးလူနာပဲလ်က ရွှေတွင်းတစ်ခုကို တွေ့ပြီးတော့ အဖွဲ့တစ်ခုနဲ့ စာချုပ်ချုပ်ထားတဲ့ပုံပဲ"
"ဘာ…!"
ဒါဆိုရင် လူနာပြောတဲ့ ရွှေတွင်းအကြောင်းက တကယ်ကြီးလား!အဲ့တော့ အန်းသန့်စ်မားချက်စ်လည်း အတူတူပဲပေါ့။
ဖယ်ဆန်သည် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရသောကြောင့် အရက်နာကျတာကိုသက်သာစေရန် ပျားရည်သောက်ခဲ့လိုက်သည်။
အသက်ရှုတောင်မရှုဘဲ ပျားရည်ကိုအသဲအသန်သောက်နေချိန်မှာပဲ အစေခံက သတင်းအသစ်ကို ထပ်ဆင့်ပြောလာခဲ့သည်။
"ရွှေတွင်းကြောင့်လား ဘာလားဆိုတာ မသေချာပေမယ့် ဘယ်ရွန်မြို့စားက အငြိမ်းစားယူမယ်ဆိုပြီး နှုတ်ထွက်လာခဲ့ပါတယ်။သူ့နေရာကိုအစားထိုးမယ့်သူကို အမြန်ဆုံး ရှာဖို့တောင်းဆိုခဲ့တယ်တဲ့။ အဲ့ဒါကြောင့် သူ့နေရာကို အစားထိုးမယ့်သူ ရှာမယ့်ကြေငြာချက်ထုတ်ဖို့ ပြင်ဆင်နေတယ်လို့ပြောပါတယ်"
"…သေစမ်း!"
ဘယ်ရွန်မြို့စားကပါ အလုပ်ထွက်ချင်ကြောင်း ပြောခဲ့သောကြောင့် ဒါက အမှန်ဖြစ်နိုင်ခြေ မြင့်မားပေသည်။ ဒီလို အဓိပ္ပါယ်မဲ့ပြီး တင်းမာနေသောအခြေအနေတွင် ဖယ်ဆန်သည်ပျားရည်ကို အပြီးသတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
လူနာ နှင့် အန်းသန့်စ်တို့ကို အတူတွဲမြင်ခဲ့တာကြောင့် ဒေါသထွက်ခဲ့ပြီး အခြေအနေကို ကောင်းစွာအကဲဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ နောက်ဆုံးတော့ ဒီရလဒ်ရခဲ့သည်။
'အန်းသန့်စ် က လူနာကို စာချုပ်ချုပ်ဖို့ လှည့်စားခဲ့တာများလား'
လူနာ၏ နုံအမှု ကြောင့် ၎င်းသည် အဖြစ်နိုင်ဆုံးတစ်ခုဖြစ်သည်။
'အန်းသန့်စ်က လူနာရွှေတွင်းကိုတွေ့တော့ သူနဲ့ စာချုပ်ချုပ်ဖို့ချိုသာတဲ့ စကားတွေနဲ့လှည့်စားခဲ့တာဖြစ်ရမယ်။ဒါကြောင့်မို့လို့ သူတို့တစ်ညလုံး အတူတူနေခဲ့ကြတာပဲ!'
ဒီအတွေးကြောင့် သူ့သွေးများ ဆူပွက်လာကာ ငြိမ်မနေနိုင်တော့ပေ။ သူ ဒီအတိုင်းတော့ မလွှတ်ထားနိုင်ဘူး!
သူသည် အန်းသန့်စ်ထံမှ ရွှေတွင်းရော လူနာနှစ်ခုလုံးကို လုယူချင်သည်။ဒါပေမယ့် သူသည် လူနာဆီကို ချက်ချင်း အလျင်စလို မသွားနိုင်သေးသည့်အတွက်သူနှင့်ဆက်ဆံရေးကောင်းရှိသော ဘယ်ရွန်မြို့စား၏ ရုံးခန်းကို ပြေးသွားခဲ့သည်။
TK Team