> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 22
"ဘယ်ရွန်မြို့စား!"
ကံကောင်းထောက်မစွာ ဘယ်ရွန်မြို့စာသည် စာရွက်စာတန်းများနှင့် အလုပ်ရှုပ်နေသေးကာ သူချက်ချင်းနှုတ်မထွက်သေးပေ။
"အာ! သခင်လေးဖယ်ဆန် မနေ့ညကအတွက် တောင်းပန်ပါတယ်။ငါတို့ ဒီလိုမျိုး နှုတ်ဆက်ရမယ်လို့ မထင်ထားဘူး…"
ဘယ်ရွန်မြို့စားသည် သူတို့၏ မနှစ်မြို့ဖွယ်နှုတ်ဆက်ရမှုကြောင့် သိသိသာသာ စိတ်မသက်မသာဖြစ်ကာ သူ့မျက်လုံးများကို ရှောင်လိုက်သည်။ သို့ပေမယ့် ဖယ်ဆန်သည် သူ့စကားများဖြတ်လာပြီး သူပြောချင်သည်များကိုပြောလာခဲ့သည်။
"ရွှေတွင်းအကြောင်းက တကယ်အမှန်ကြီးလား။အဲ့တာဆို ဒါကြောင့် အန်းသန့်ရဲ့ အဖွဲ့နဲ့ အဆက်အဆံလုပ်ရတာပေါ့ ဟုတ်လား"
"အဲ့ဒါမှန်တယ်။ငါ လူနာကိုမေးတော့ သူတို့ အဆက်အသွယ်မရှိကြဘူးလို့ ပြော…"
"ဒါဆို ရွှေတွင်းကို ကျွန်တော်တို့ အဖွဲ့အစည်းကို ပေးလိုက်ရင်ရော ဘယ်လိုလဲ။ ကျွန်တော်တို့မှာလည်း တစ်ခုရှိတယ်ဆိုတာ သိတယ်မလား။ အဖေမသိအောင် စျေးကောင်းကောင်းနဲ့ ညှိနှိုင်းပေးပါ့မယ်"
ဖယ်ဆန်သည် သူလိုချင်တာကို ပြောဖို့အတွက် ဘယ်ရွန်မြို့စား၏စကားကို ဖြတ်လိုက်ပြန်သည်။ ဒါက ထူးဆန်းသော အဖြစ်အပျက်မဟုတ်သော်လည်း မနက်ခင်း၌ မြို့စားကြီးဆီမှ စကားဖြတ်ခံရပြီး နေ့လည်ပိုင်းတွင် သူ့သားထံမှ ထပ်စကားဖြတ်ခံရသည်မှာ စိတ်အနှောင့်အယှက်ဖြစ်ရပေသည်။
"မင်းရဲ့ကမ်းလှမ်းမှုကို ငါတန်ဖိုးထားပါတယ်။ဒါပေမယ့် စာချုပ်ကို ဘယ်လိုလုပ်လွယ်လွယ်နဲ့ ဖျက်လို့ရမှာမလဲ။ နောက်ပြီး ရွှေတွင်းက ငါ့ဟာမဟုတ်ဘူး လူနာဟာပဲ"
"ဒါတော့ အရမ်းလွန်လွန်းတယ်! ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိနေတာ ဘယ်လောက်တာင်ကြာပြီလဲ။ ခင်ဗျား အရမ်းအေးစက်တာပဲ"
"အေးစက်တာလား။ အဲ့ကိစ္စမဟုတ်ဘူးမလား။ ဒီလိုမျိုးတွေ မပြောပါနဲ့။ ငါတို့ ရင်းနှီးနေတာ ဒီလောက်ကြာပြီကို။ ဒီလိုကိစ္စလေးအတွက် စိတ်မကောင်းဖြစ်ခံမလို့လား"
ဘယ်ရွန်မြို့စားသည် မြို့စားကြီးစံအိမ်တွင်အလုပ်လုပ်နေစဉ် ဖယ်ဆန်လောက် သူ့ကိုမည်သူမျှဂရုမစိုက်သောကြောင့်အလွန်ဒုက္ခရောက်ခဲ့ရသည်။
ဘယ်ရွန်မြို့စားက စည်းတားလိုက်သောကြောင့် ဖယ်ဆန်သည် သူ့၏ စိတ်ပျက်မှုကို မဖုံးကွယ်ထားနိုင်တော့ပေ။ ဘာကြောင့်မှန်းမသိသော်လည်း လူနာထံမှအဆက်သွယ်ဖြတ်ခံရစ သူသည် အသည်းကွဲနေသလိုခံစားခဲ့ရပြီး အခုတွင်လည်း ဘယ်ရွန်မြို့စားက ဒီလိုပုံစံဖြစ်နေသောကြောင့် သူအရမ်းစိတ်ပျက်သွားသည်။
"ဒီတော့ နောက်ဆုံးတော့ ကျွန်တော်က လူနာ၊ ရွှေတွင်းနဲ့ ခင်ဗျားကို စွန့်လွှတ်ဖို့ ပြောခံရတာပေါ့"
သူ့ပခုံးများ အောက်စိုက်ကျသွားသော ဖယ်ဆန်သည် စိတ်ပျက်လက်ပျက်ဖြစ်ကာ သူ့မျက်နှာကို လက်ဖဝါးဖြင့် ပွတ်သပ်လိုက်သည်။
ဖယ်ဆန်၏ ကောက်ချက်ချမှုကို သူ နားမလည်သော်လည်း ဖယ်ဆန်၏ မျက်နှာကို မြင်လိုက်ရသောကြောင့် ဘယ်ရွန်မြို့စားသည် သူ့ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။
"ဘာလို့ ဒီလို ပြောရတာလဲ။ ဘယ်ဟုတ်မလဲ! ရွှေတွင်းကတော့…သဘောတူပြီးသားမို့ထားလိုက်တော့... ဒါပေမယ့် ငါကတော့ မင်းသူငယ်ချင်းပဲ မဟုတ်ဘူးလား"
"ဒါက သူငယ်ချင်းတွေကို ဆက်ဆံတဲ့နည်းလား"
"ငါ မင်းကို ဘယ်တုန်းက ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့လို့လဲ။ ဒီပြဿနာက နည်းနည်း ကွာခြားသွားလို့ပါ။ တခြား လိုချင်တာရှိရင် ငါ့ကို လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ တတ်နိုင်ရင် လုပ်ပေးမှာပေါ့"
ဘယ်ရွန်မြို့စားသည် ဤစကားကိုပြောပြီးနောက်တွင် နောင်တရသွားခဲ့သော်လည်း သူပြောခဲ့သည့်စကားကို ပြန်ပြင်မရနိုင်တော့ပေ။
"တကယ်လား"
"ကောင်းပြီ...ငါလုပ်နိုင်တာဆိုရင်ပေါ့"
ဘယ်ရွန်မြို့စားသည် မသေချာမရေရာ ပြန်ဖြေလိုက်သော်လည်း သူက ခိုင်မာသော တုံ့ပြန်မှုကို ပေးခဲ့သည်။ ဖယ်ဆန်သည် ကျေနပ်စွာဖြင့် သူ၏ပခုံးပေါ်ရှိ ဘယ်ရွန်မြို့စား၏လက်ကို ကိုင်ထားလိုက်သည်။
"ဒါဆို ကျေးဇူးပြုပြီး ရွှေတွေကို ဖြန့်ဖြူးခွင့် ပေးပါ"
"ရွှေကို...ဖြန့်ဖြူးတာလား"
"ဟုတ်တယ်။ အန်းသန့်ရဲ့အဖွဲ့အစည်းက ကျွန်တော်တို့ရဲ့အဖွဲ့ကိုတစ်ဆင့် ဖြတ်ပြီးတော့မှရွှေကိုရောင်းချဖို့ ဖြစ်နိုင်တယ်မလား"
မမျှော်လင့်ထားသေည တောင်းဆိုချက်ကြောင့် ဘယ်ရွန်မြို့စား၏မျက်ခုံးများတွန့်ချိုးသွားခဲ့သည်။
"ဒါဆို ကော်မရှင်ခကို သူ့ဆီတိုးပေးရုံပဲ မဟုတ်ဘူးလား။ သခင်လေး ဗင်းဆင့်က ရွှေတွေကို သူ့ဘာသာသူ ရောင်းချနိုင်တယ်လေ ဘာလို့ သူက မြို့စားကြီးရဲ့ အဖွဲ့အစည်းကို ဖြတ်သန်းရမှာလဲ"
"ကျေးဇူးပြုပြီး ကူညီပေးပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖေနဲ့ ပြဿနာတက်နေရလို့"
“…”
ဖယ်ဆန်သည် ဘယ်ရွန်မြို့စား၏လက်မောင်းကိုဆွဲကိုင်ပြီး တောင်းဆိုခဲ့သော်လည်း ဘယ်ရွန်မြို့စားသည် ရွှေတွင်းနှင့်ပတ်သက်သည့် လိုက်လျောမှုတစ်စုံတစ်ရာပြုလုပ်ရန် ရည်ရွယ်ချက်မရှိပေ။
နောက်ဆုံးတွင် ရွှေတွင်းသည် လူနာ၏ နာမည်အောက်တွင် စာချုပ်ချုပ်ထားတာကြောင့် သူ့တွင် ဒီလို လုပ်ပိုင်ခွင့် မရှိနေပေ။
"ဟင်း…"
ဖယ်ဆန်သည် ဆက်တိုက်တောင်းဆိုမေသော်လည်း ဘယ်ရွန်မြို့စားသည် ငြင်းဆိုမှု၏ ထင်ရှားသော လက္ခဏာဖြစ်သည့် သူ့အကြည့်များကို ရှောင်ရှားခြင်းပြုလုပ်လာခဲ့သည်။ ဒါကိုမြင်ရသည်နှင့် ဖယ်ဆန်သည် နောက်ထပ် မတူညီသော နည်းလမ်းတချို့ကို အကြံပြုခဲ့သော်လည်းအားလုံး မအောင်မြင်ခဲ့ပေ။ နောက်ဆုံးမှာတော့ အရှုံးပေးမှုကို ထင်ရှားစွာပြကာ သက်ပြင်းချခဲ့သည်။
"နားလည်ပြီ။ ခင်ဗျားမှာ ဘာလုပ်ပိုင်ခွင့်မရှိဘူးလို့ ပြောနေတာမလား"
"အဲ့ဒါအမှန်ပဲ။ဒါတွေအားလုံးက လူနာရဲ့စီမံခန့်ခွဲမှုအောက်မှာပဲရှိနေတာ။ မြို့စားငယ် သိတဲ့အတိုင်းပဲ ငါကိုယ်ရေးကိုယ်တာအရ လုပ်ဆောင်တဲ့ လုပ်ငန်းတွေအားလုံး မအောင်မြင်ခဲ့ဘူးေလ။ ငါက ငါပြောတာထက်တောင် ပိုကူညီတတ်တဲ့သူပါ"
"သိပြီ"
ဖယ်ဆန်သည်လည်း ဘယ်ရွန်မြို့စား၏ 'ကံဆိုးခြင်း' ကို သတိပြုမိခဲ့သည်။ ထို့ကြောင့် သူနားလည်သလို ခေါင်းညိတ်ပြလိုက်သည်။
အသစ်အဆန်းများကိုကြိုးစားရန် အမြဲအားပေးနေတတ်သော ဖယ်ဆန်တောင်မှ ဘယ်ရွန်မြို့စားသည် စီးပွားရေးလုပ်ငန်း မလုပ်ဘဲ ရပ်တည်ဖို့က ပိုကောင်းသည်ဟု ထင်ခဲ့သည်။
ဖယ်ဆန် လက်လျှော့လိုက်ပုံရသည်ကို မြင်လိုက်ရသဖြင့် ဘယ်ရွန်မြို့စားသည် တောက်ပသောအမူအရာကို ပြန်ရောက်သွားခဲ့သည်။
"ဒါဆို အခုထွက်သွားလို့ရမလား။ငါ တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီနေ့ အလုပ်နည်းနည်းရှုပ်နေလို့ပါ။ ဝန်ကြီးချုပ်မရောက်လာခင် အရေးကြီးကိစ္စတွေကို ရှင်းပေးရမှာမို့လို့"
သို့တိုင်အောင် ဒါက သူတို့၏စကားဝိုင်းပြီးသွားသည်ဟု မဆိုလိုပေ။ ဖယ်ဆန်သည် ရွှေတွင်းပြဿနာကို ဘယ်ရွန်မြို့စားင့် ဆွေးနွေးရာတွင် မအောင်မြင်ခဲ့သော်လည်း ရွှေတွင်းကို လက်မလွှတ်နိုင်သေးပေ။
"ဒါဆို ကျွန်တော် လူနာ နဲ့ စကားပြောပါရစေ"
"…ဘာကြီး"
" လူနာက ကျွန်တော့်ကို အကြောင်းပြချက်မရှိဘဲ ရှောင်နေတာမသိဘူးလား။ လူနာနဲ့ တိုက်ရိုက်စကားပြောနိုင်မယ့် တွေ့ဆုံမှုတစ်ခုကို စီစဉ်ပေးပါ။ ရွှေတွင်းအကြောင်းတင်မကဘူး သူမဘာလို့ ရှောင်နေတာလဲ ဆိုတာပါ ဆွေးနွေးဖို့ လိုမယ်ထင်တယ်။ သူမက အန်းသန့်စ်ဆီကနေ လှည့်စားခံနေရတာ အရှင်းကြီးပဲ။ ဒါကြောင့် ကျွန်တော်တို့ စကားပြောဖို့ လိုတယ်"
အာ သူကဘာလို့ ဒီလိုမဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေ လုပ်နေရတာလဲ။ ဘာလို့ လူနာနဲ့တွေ့ပြီး ရွှေတွင်းအကြောင်း တိုက်ရိုက်ဆွေးနွေးချင်နေရတာလဲ
ဘယ်ရွန်မြို့စားသည် မတုံ့ပြန်လာဘဲ မျက်လုံးများကို လှိမ့်လိုက်သောကြောင့် ဖယ်ဆန်သည် သူ၏ စိတ်ပျက်မှုကို မဖုံးကွယ်နိုင်တော့ပေ။
"ဘယ်ရွန်မြို့စား။ ဒီတစ်ခါရော မဖြစ်နိုင်ပြန်ဘူးလား"
"ဘာကြောင့်လဲဆိုတာတော့ အတိအကျမသိပေမယ့် မင်းကို ရှောင်နေတယ်ဆိုတာ မင်းကို မကြိုက်လို့ဘဲမဟုတ်ဘူးလား အတင်းအကြပ် ဘယ်လိုခေါ်လာရမှာလဲ"
"ခင်ဗျားက လူနာ အဖေမဟုတ်ဘူးလား"
"အဖေတစ်ယောက်ဖြစ်တာနဲ့ သူမကို အရာရာကို တွန်းအားပေးခိုင်းစေနိုင်တယ်လို့ မဆိုလိုဘူးလေ"
"ဒါပေမယ့် လိုအပ်ရင် တွန်းအားပေးသင့်ပေးရမယ်လေ!"
ဘယ်ရွန်သည် 'ဒါဆိုရင်တောင် အခုကအချိန်မှန်ဟုတ်မနေဘူး' ဟုပြန်ဖြေတော့မည့်အချိန်တွင် ဖယ်ဆန်၏ စိတ်အနှောင့်အယှက်ဖြစ်နေသောမျက်နှာကြောင့် သူ့စကားများကို ပြန်မျိုချလိုက်သည်။
'ငါတို့ ဒီလိုမျိုးစကားဝိုင်းကို အဆုံးမသတ်နိုင်ဘူးပဲ'
အများအားဖြင့် သူတို့သည်အဆင်မပြေသည်များကိုကျော်သွားမည်ဖြစ်ကာ ကောင်းသောစကားများအဆုံးသတ်လိမ့်မည်ဖြစ်သော်လည်း ယနေ့တွင် မျှော်လင့်ချက်မဲ့နေပုံရသည်။
သူ့နှင့် ပေါင်းသင်းဆက်ဆံရသည်ကို နှစ်သက်သော ဖယ်ဆန်သည် အလွန်အဆိပ်ဖြသ်စေသောကြောင့် သူ့ကို ရူးသွပ်လုနီးပါးဖြစ်စေခဲ့သည်။ သို့သော် မြို့စားကြီး မိသားစုကို ဆက်ခံရမည့်သူအား ဒေါသထွက်လို့ မရနိုင်ပေ။
"မင်းသိတဲ့အတိုင်းပဲ သခင်လေး... လူနာကိုသေချာလုပ်ဖို့ ဖိအားပေးစရာ မလိုဘူး။ ဒီကိစ္စကို ဒီတိုင်းထားလိုက်ပါ။ ဒါက ဆိုးရွားတာပဲဖြစ်ဖြစ် ကံကောင်းတာပဲဖြစ်ဖြစ်ကိစ္စမရှိဘူး"
"ဘယ်ရွန်မြို့စား! အစက ပြောတော့ တောင်းဆိုသမျှကို လုပ်ပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ အခုမှ ဘာလို့ ကွဲပြားနေရတာလဲ"
"အဲဒါက 'ငါလုပ်နိုင်တဲ့အရာတစ်ခုဆိုရင်' လို့ပြောခဲ့တယ်မလား။ အခု မြို့စားငယ်ပြောနေတဲ့အရာတွေအားလုံးကို ငါမလုပ်နိုင်ဘူးလေ"
"ကျွန်တော့်မျက်လုံးထဲမှာတော့ ဒါက နားထောင်ပြီး ဖြေရှင်းနိုင်တဲ့ ရိုးရှင်းတဲ့ ပြဿနာလို့ပဲ ထင်တယ်"
သူတို့စကားများစွာပြောပြီးသည်နှင့် ဘယ်ရွန်မြို့စား သည် လူနာအဘယ်ကြောင့် ဖယ်ဆန်ကိုဒီလောက်စိတ်တိုပြီး အဆက်အသွယ်ဖြတ်ရန်တောင်းဆိုခဲ့သည်ကို သဘောပေါက်သွားရသည်။
"ရိုးရိုးလေးသာဆိုရင် ငါနားထောင်ပြီးဖြေရှင်းပေးမှာပဲလေ။ ဒါပေမယ့် ဒီပြဿနာက လူနာကို ထည့်သွင်းဖို့မဆိုင်ဘူးမလား"
"ဒါဆိုရင် လူနာနဲ့တိုက်ရိုက် စကားပြောခွင့်ပေးလေ။ ဒါဆို မလုံလောက်ဘူးလား။ ကျွန်တော့်ဘာသာ တိုက်ရိုက်စကားပြောပြီးဖြေရှင်းမှာမို့လို့ လူနာကိုခေါ်ပေးပါ"
"…"
ဘယ်ရွန်မြို့စားသည် တုံ့ပြန်လိုသည့်စိတ်ပင် ကုန်ဆုံးသွားပြီး ဖယ်ဆန်ကို ဗလာမျက်နှာဖြင့် စိုက်ကြည့်လိုရ်သည်။ တစ်ချိန်တည်းမှာပင် ဖယ်ဆန်သည် ရုံးခန်းထောင့်ရှိ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။
"တောင်းဆိုတဲ့အတိုင်း လုပ်မယ်လို့ မပြောမချင်းဒီမှာပဲနေမယ်"
"သခင်လေး ဖယ်ဆန်!?"
"ဘယ်ရွန်မြို့စားနဲ့ တစ်ညလုံးမအိပ်ဘဲစကားပြောရရင်လည်းမဆိုးပါဘူး။ဒီကြားထဲမှာ ဒီကိစ္စက ပြေလည်သွားနိုင်တယ်"
"မဟုတ်သေးပါဘူး တကယ်ကြီးလား!"
ဘယ်ရွန်မြို့စားသည် သူ့အသံကို ပထမဆုံးမြှင့်ကာပြောလိုက်သော်လည်း ဖယ်ဆန်သည် မတုန်လှုပ်သွားပေ။ ဒီအခြေနေထဲတွင် စမ်းတဝါးဝါးဖြင့် သူအနိုင်ယူနိုင်သည်ကိုမြင်ပေသည်။
ငါရူးတော့မှာပဲ!
ဘယ်ရွန်မြို့စားသည် သက်ပြင်းပဲချနိုင်တော့သည်။
* * *
နောက်နေ့မနက် လူနာနိုးလာချိန်တွင် ကောင်းကင်မှာနေမြင့်နေပြီဖြစ်သည်။သဘာဝအတိုင်းပင် သူမသည် မနေ့ညက သူမအဖေကိုစောင့်နေသောကြောင့် မနက်စောစောလောက်မှ အိပ်ပျော်သွားခဲ့၍ဖြစ်သည်။
'အဖေ ပြန်လာပြီလားသိချင်မိတယ်'
သူမအဖေသည် မနက်မိုးလင်းမှပြန်မလာဖူးပေ။ သူမသည် စိတ်ပူစွာဖြင့် အောက်ထပ်သို့အမြန်ဆင်းလိုက်သည် ။
ထို့နောက် အန်းသန့်စ်သည် လှေကားလက်ရန်းကို မှီနေသည်ကိုတွေ့လိုက်ရသည်။သူသည် လူနာကိုမြင်သည်နှင့် လန်းဆန်းသောအပြုံးဖြင့် နှုတ်ဆက်လာခဲ့သည်။
"မင်္ဂလာနေ့လည်ခင်းပါ"
"နေ့လည်တောင်ရောက်ပြီလား.... ဘယ်နှစ်နာရီရှိပြီလဲ"
"ဆယ့်တစ်နာရီ...လောက်"
ဆယ့်တစ်နာရီလား!
လူနာသည် ကျောက်ရုပ်တစ်ခုကဲ့သို့ တုန်လှုပ်အေးခဲသွားခဲ့ပြီး အန်းသန့်စ်သည် သူကိုင်ထားသည့် ခွက်ကို ပေးလာခဲ့သည်။ အနံ့ပြင်းသော လက်ဖက်ရည်ကြမ်းဖြစ်သည်။
သူမသည် တစ်ငုံသောက်လိုက်ကာ ဒါကအပြည့်အဝနိုးစေမည်ဟုသူမတွေးလိုက်သည်။ လန်းဆန်းသောအရသာသည် သူမစိတ်ကို အနည်းငယ်ရှင်းလင်းပေးခဲ့သည်။ သူမသည် နောက်တစ်လုပ်သောက်တော့မည်ဖြစ်သော်လည်း အန်းသန့်စ်က အနည်းငယ် အံ့အားသင့်သောအကြည့်ဖြင့် မေးလာခဲ့သည်။
"အာ...ဒါက ကိုယ့်ဟာဆိုတော့ ဒီလောက်သောက်လို့ အဆင်ပြေပါ့မလား"
"…!?"
ဘာ...သူဘာပြောလိုက်တာလဲ...
လူနာသည် သူမပါးစပ်ထဲမှ လက်ဖက်ရည်များကို ထွေးထုတ်လုနီးပါးဖြစ်သွားသောကြောင့် ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။
လက်ဖက်ရည်က နည်းနည်းအေးနေသည်မှာ မဆန်းပေ။ သူမသည် ပါးစပ်ပိတ်ထားစဉ် အန်းသန့်စ်ကို စိုက်ကြည့်လိုက်တာကြောင့် အန်းသန့်စ်သည်ရယ်မောကာ ထပ်ပြောလာခဲ့သည်။
"ကိုယ်တောင် မသောက်လိုက်ရသေးဘူး"
"ရှင်!"
သူမ မနက်ခင်းကိုဒီလိုမျိုးစလိုက်ရတာလား။ တကယ့်ကို အံ့သြစရာပဲ။ မနက်စောစောစီးစီး ဘာလို့ လူတွေကို လိုက်အရူးလုပ်နေရတာလဲ။
သူက မူလတန်းကျောင်းသားလည်းမဟုတ်ပဲနဲ့ကို တော်တော်ကစားတတ်တာပဲ မဟုတ်ဘူးလား!
ခဏတာ စိတ်ဆိုးသွားပြီးနောက် လူနာသည် ငြိမ်သက်သွားကာ မေးလိုက်သည်။
"ကျွန်မအဖေ ဘယ်မှာလဲ။ သူ့ကိုတွေ့မိသေးလား။ ကျွန်မအိပ်ပျော်နေတုန်း သူအလုပ်သွားပြန်ပြီလား"
"မဟုတ်ဘူး၊ သူ အခုထိပြန်မလာသေးဘူး"
အန်းသန့်စ်သည် သူ့၏ကစားတတ်သော အမူအရာများကို ဖယ်ရှားပစ်လိုက်ပြီးလေးလေးနက်နက် ပြန်ဖြေလာခဲ့သည်။
"...ခဏလေးတောင် ပြန်မလာဘူးလား"
"ဟုတ်တယ်။ ခဏလေးတောင် ပြန်မလာဘူး"
အိုး ဘုရားသခင်!သူမ အဖေ ဘာတွေဖြစ်နေတာလဲ။
သူမအဖေသည် အရင်အချိန်များတွင် မူးနေ သည့်တိုင်အောင် ညတိုင်း အိမ်ပြန်လာတတ်ကာ မနက်စာစားပြီးမှ ထွက်သွားတတ်သည်။ သူမ အမေကို ဆုံးရှုံးခဲ့ရသော လူနာအား တစ်ယောက်တည်း မနက်စာမစားချင်စေသောကြောင့် ဒီလိုလုပ်ခဲ့တာဖြစ်သည်။
ဒါပေမယ့် သူ မနေ့ကအိမ်ကိုပြန်မလာခဲ့ပေ။ သူ့မှာ မတော်တဆမှုတစ်ခုခုများ ရှိခဲ့တာလား။
လူနာ စကားဆက်မပြောနိုင်တော့သောကြောင့် အန်းသန့်စ်သည် သူမလက်ထဲမှ ခွက်ကိုယူ၍ စိတ်အေးအောင် နှစ်သိမ့်ပေးလာခဲ့သည်။
"ကံကောင်းထောက်မစွာနဲ့ သူမတော်တဆမှုတွေ ဘာတွေမကြုံခဲ့ရဘူး။ သူက ဒီတိုင်းမြို့စားကြီးစံအိမ်မှာ တစ်ညတာနေခဲ့ရပုံပဲ"
"ဒါကို ရှင်ဘယ်လိုသိတာလဲ"
"တည်ငြိမ်တဲ့ကောင်လေးက မနက်အစောကြီးပြန်ရောက်လာခဲ့တယ်လေ။သူ့နာမည်က ဟင်နရီ ထင်တယ်။သူက မင်းအဖေဆီကနေ အသေးအမွှားကိစ္စလေးတစ်ခုရှိနေလို့ စိတ်ပူစရာတော့မလိုဘူးလို့ ပြောထားတဲ့စာကို လက်ခံရရှိခဲ့တယ်လေ"
"ကိစ္စလား။ ဘာကိစ္စလဲ"
"ဒါတော့ ကိုယ်လည်းသေချာမသိဘူး။ ဒါပေမယ့် မင်းအဖေက ခြစ်ရာတောင်မထင်ဘဲ အဆင်ပြေနေတယ်လို့တော့ သူပြောတယ်"
ဟင်နရီက ဒီလိုပြောသောကြောင့် အနည်းဆုံးတော့ သူဘေးကင်းနေလောက်ပေသည်။
ထိုမှသာ လူနာသည်အနည်းငယ် စိတ်သက်သာရာရသွားပြီး တင်းကြပ်နေသောရင်ကို ဖြေလျှော့လိုက်သည်။
သို့ပေမယ့် ဒါပသူမ လုံးဝ သက်တောင့်သက်သာဖြစ်သွားတယ်လို့ မဆိုလိုပေ။ ရုတ်တရက် ပြဿနာတစ်ခု ပေါ်လာသည်မှာ ထူးဆန်းပေသည်။
လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ပြဿနာအနည်းငယ်မျှမရှိခဲ့သော်လည်း ရုတ်တရက် အနားယူခါမှ ပြဿနာတစ်ခု ရှိလာသည်က အလွန်ထူးဆန်းပေသည်။
လူနာသည် အဝေးကြီး လျှောက်တွေးလိုက်မိသောကြောင့် စိုးရိမ်စိတ်များ ပြည့်လာပြန်တော့သည်။
ကံကောင်းထောက်မစွာဖြင့် အစီရင်ခံစာနှင့်အန်းသန့်စ်၏လက်ဖက်ရည်ကြောင့် လူနာ သည်သူမ၏အတွေးများကိုစုသည်းနိုင်ခဲ့ပြီးအိမ်ရှေ့တံခါးဆီသို့သွားခဲ့လိုက်သည်။
"အဖေ့ကိုတွေ့မှရမယ်။ သူ့မှာ ပြဿနာတစ်ခုခုရှိနေတယ်ဆိုတာ သံသယရှိစရာမလိုဘူး"
"အင်း...ကိုယ်တော့ မင်း အများကြီး အထောက်အကူဖြစ်နိုင်မယ် မထင်ဘူး"
စိတ်ဓာတ်ကျစရာကောင်းသောမှတ်ချက်ကြောင့် လူနာသည် ဒေါသတကြီး အလျင်အမြန် ပြန်လှည့်လာခဲ့သောကြာင့် အန်းသန့်စ်သည် သူမ၏အဝတ်အစားများကို ပူပန်နေသောအမူအရာဖြင့် မြန်မြန်ဆန်ဆန်ထောက်ပြလာခဲ့သည်။
"သူ့သမီးက ညအိပ်ဝတ်စုံနဲ့အပြင်ထွက်လာတာတွေ့ရင် မင်းအဖေအရင်စိုးရိမ်မှာစိုးလို့"
"…!"
အို မဟုတ်ဘူး! သူမသည် ခါတိုင်းကဲ့သို့ထင်ကာ တွေးမနေဘဲ အောက်ဆင်းလာခဲ့မိသည်။
"ကျွန်မက ရာသီဥတုကို စစ်ဆေးနေတာပါ ဟုတ်ပြီလား။ ဒါမှ ကျွန်မဘာဝတ်ရမလဲ ရွေးလို့ရအောင်လို့လေ။နောက်ပြီး ကျွန်မကအိမ်ထဲမှာဆို ညအိတ်အင်္ကျီပဲဝတ်လေ့ရှိတာ!"
"အော...ကိုယ်သိပါပြီ"
ပြတင်းပေါက်မှ အပြင်ဘက်ရှိ သာယာသောရာသီဥတုကို ရှင်းရှင်းလင်းလင်းမြင်နေရသော်လည်း လူနာသည် အိမ်ရှေ့တံခါးကို မသိမသာဖွင့်ကာ ပြန်ပိတ်လိုက်သည်။
"…"
အန်းသန့်စ်၏ အကြည့်များက သူမနောက် လိုက်လာခဲ့သည်။ လူနာက အန်းသန့်စ်သည် သူမနောက်၌ ပါးစပ်ကို လက်နဲ့အုပ်ကာ ရယ်နေသည်ဟုထင်သောကြောင့် အလျင်အမြန်ပင် သူမအခန်းထဲကိုသွားလိုက်တော့သည်။
TK Team