Chapter 23
Viewers 2k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 23


မျှော်လင့်ထားသည့်အတိုင်း အန်းသန့်စ်သည် လူနာနှင့်အတူ မြို့စားကြီးရိုဒရီယန်စံအိမ်သို့လိုက်လာခဲ့သည်။

လူနာသည် သူဘာလို့ လိုက်လာလဲဆိုတာကို မမေးခဲ့ပေ။ တစ်ယောက်တည်းသွားရတာထက်စာရင် အတူတူသွားရတာ ပိုစိတ်ချရသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ရန်သူနယ်မြေထဲသို့ သွားမည်ဖြစ်သောကြောင့် လူနာသည် အန်းသန့်စ်အား မျက်နှာဖုံးတပ်ရန် တောင်းဆိုခဲ့သည်။ ကပွဲများ သီချင်းဆိုရာများတွင်အသုံးပြုသော မျက်နှာဖုံးမဟုတ်ပေ။ ဦးခေါင်း၊ နှာခေါင်း၊ ပါးစပ်တို့အားလုံးကို ဖုံးအုပ်နိုင်သည့် မျက်နှာဖုံးတစ်ခုသာဖြစ်သည်။

ထိုသို့မျက်နှာဖုံးများဝတ်သည့် ကြေးစားစစ်သားများ အနည်းငယ်ရှိသောကြောင့် အထူးအဆန်းမဟုတ်ပေ။

"ကျွန်မ အဖေနဲ့ ညစာစားဖို့လာတာ။ အရမ်းနောက်ကျနေပြီလား" လူနာက အပြုံးလေးနှင့် မေးလိုက်သည်။

တံခါးကိုစောင့်ကြပ်သော အဆင့်နိမ့် အစောင့်က သူမ နောက်မကျသေးပါဘူးဟု ပြောပြီး တံခါးဖွင့်ပေးလိုက်သည်။

‌အစောင့်သည် စိတ်ရှုပ်ထွေးနေပုံရပြီး လူနာအား အဘယ်ကြောင့် ဤမျှအံ့အားသင့်ဖွယ်ကောင်းအောင်လှ‌ပသော ရထားဖြင့်လာခဲ့နိုင်တာလဲဟု မေးချင်နေဟန်ရှိနေသည်။အပြင်၌ ရွှေတွင်းနှင့်ပတ်သက်သော ကောလာဟလများ မပြန့်ပွားသေးသောကြောင့် သူတို့ဘာမှမသိကြသေးပေ။

"သခင်မလေး ရထားကို ငှားခဲ့တာလား"

"မဟုတ်ဘူး၊ ငါဝယ်ခဲ့တာလေ"

"သ... သခင်မလေးက အဲဒီ့ရထားကို ဝယ်ခဲ့တာလား" 

အစောင့်သည် သူတို့၏အခြေအနေနှင့် ဒီလိုဇိမ်ခံပစ္စည်းမျိုးကို ဘယ်လိုတတ်နိုင်မှာလဲဟူသောပုံစံမျိုးဖြင့် အံ့အားတကြီးမေးလာခဲ့သည်။

ထိုအချိန်တွင် လူနာ၏ဘေးနားရှိ စကားဝိုင်းကို တိတ်တဆိတ် နားထောင်နေသော အန်းသန့်စ်က အေးစက်သော အကြည့်တစ်ခုဖြင့် ထိုအစောင့်ကိုတုံ့ပြန်လာခဲ့သည်။

"ဒါက မင်း ကိစ္စမဟုတ်ဘူး။ငါတို့မပြောချင်တာကို မင်း ပိုက်ဆံပေးပြီး ပြောပြခိုင်းမှာတော့မဟုတ်ဘူးမလား"

အစောင့်၏ မျက်နှာသည် ကွဲကြေနေသော မှန်တစ်ချပ်ကဲ့သို့ဖြစ်သွားပြီး မမျှော်လင့်ထားသော ပြောဆိုမှုကြောင့် အံ့ဩသွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ အန်းသန့်စ်တွင် စိတ်ခံစားချက်ကို ဖျက်စီးနိုင်သော အရည်အချင်းတစ်ခုရှိတာတော့ဝန်ခံရမည်။ သို့သော်လည်း လူနာကတော့ စိတ်အနှောက်အယှက်မဖြစ်ပေ။အဘယ်ကြောင့်ဆိုသော် အန်းသန့်စ်သည် အချိန်ကောင်းတွင်ဝင်ပါလာသောကြောင့်ပင်။ သူဒီလိုမတုံ့ပြန်ရင်တောင်မှ သူမဘာသာ တစ်ခုခုပြောမိလိမ့်မည်ဖြစ်သည်။

"ကောင်းပြီ ဒါဆိုသွားတော့မယ်"

အစောင့်၏ ရှုံ့မဲ့နေသောမျက်နှာကို မြင်လိုက်ရသောကြောင့် လူနာသည် ကျေနပ်စွာ ပြောလိုက်သည်။ ထို့နောက်အချက်ပြမှုကို စောင့်နေသော ဟင်နရီသည် ရထားကို ရွှေ့လိုက်သည်။

"အခုချိန်ကစပြီး မလိုအပ်တာ မပြောနဲ့"

"ဘာလို့လဲ"

"ရှင်စကားပြောမိရင် ရန်ဖြစ်မိပြီး ပြဿနာတွေဖြစ်လိမ့်မယ်"

ဤနေရာသည် အန်းသန့်စ်အား ချောက်ထဲသို့ဆွဲချနိုင်သော ရန်သူ့နယ်မြေဖြစ်သည်။သူတို့အတူရှိနေချိန်တွင် မလိုအပ်ဘဲ ရုန်းရင်းဆန်ခတ်ဖြစ်အောင် သတိထားသင့်သည်။

"ကိုယ့်ကို စိတ်ပူနေတာလား"

"အင်း..စိတ်ပူတယ်"

ရှင့်ကိုတော့မဟုတ်ဘူး ကျွန်မနဲ့ ကျွန်မအဖေကိုပဲ!

"လေဒီက ကိုယ့်အတွက် စိတ်ပူနေတာဆိုတော့ ကိုယ် သတိပိုထားရတော့မှာပဲ"

သူမစကား၏ ရည်ရွယ်ချက်ကို သိသော်လည်း အန်းသန့်စ်သည် ပျော်ရွှင်စွာ ပြုံးပြခဲ့ပြီးပြောလာခဲ့သည်။

ဒီစကားသည် သူတို့အရင်က ရှိခဲ့ဖူးသောအလားတူစကားဝိုင်းကို ပြန်သတိရစေသော်လည်း လူနာသည် ရထားပေါ်မှဆင်းပြီးထဲစ အနုတ်လက္ခဏာဖြစ်နိုင်ချေတွေကို ထုတ်ပစ်နိုင်ရန် သူမကိုယ်သူတွန်းအားပေးခဲ့သည်။

"ငါ့အဖေ ဘယ်မှာလဲ"

"သူ့ရုံးခန်းမှာရှိမယ်ထင်တယ်"

လူနာသည် သူမကို ဦးညွှတ်လာသော အစေခံတစ်ယောက်ကို မေးလိုက်သည့်အခါတွင် ထိုလူကစိတ်ရှုပ်စရာမေးခွန်းတစ်ခုကို လက်ခံရရှိလိုက်သလိုမျိုးတိုတိုတုတ်တုတ်ပဲအဖြေပေးလာပြီး လျှင်မြန်စွာပျောက်ကွယ်ခဲ့သည်။

'အမြဲတမ်းအဲ့လိုပဲ...'

အမြဲတမ်း အေးစက်စက်သာဆက်ဆံခံခဲ့ရသည်။

ဟုတ်ပါသည် သူမမိသားစုမှာ အာဏာလည်းမရှိသလို ချမ်းသာကြွယ်ဝမှုလည်း မရှိသော်လည်း ကြင်ကြင်နာနာ ဆက်ဆံခြင်းဖြင့်ဘာကိုမှ ဆုံးရှုံးမှာမဟု‌တ်ပေ။သို့သော်လည်း အစေခံများသည် အေးစက်စက်ပြန်ဖြေကြပြီး ရိုင်းစိုင်းစွာထွက်သွားကြမြဲဖြစ်သည်။

"ဒီမှာက အမြဲတမ်းအဲ့လိုပဲ အဆင်မပြေဘူး"

ထင်ရှားသည်မှာ အန်းသန့်စ်သည်လည်း မြို့စားကြီး၏စံအိမ်ကိုမကြိုက်ပုံပေါ်သည်။ သူက လူနာနောက်မှ နီးကပ်စွာလိုက်လာခဲ့သည်။လူနာသည် သူမ၏ခံစားချက်တွေကို ပြောလိုက်သည်။

"ဒါပေမယ့် ပြန်ယူဆရရင် သဘာဝပဲလေ။ ပြဿနာတစ်ခုခုရှိလာရင် တစ်ခုခုတော့ ပြောင်းလဲသွားမှာပါ"

အစေခံများ၏ ရိုင်းစိုင်းသောအပြုအမူအပေါ် လူနာ၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကြောင့် အန်းသန့်စ်သည် တိတ်ဆဆိတ်အံ့ဩသွားခဲ့သည်။

"မင်းက ကိုယ်တွေ့ဖူးသမျှထဲမှာ အကောင်းမြင်တတ်ဆုံးလူပဲ"

"လူတိုင်းက ကျွန်မကို ဝေဖန်နေကြလေ။အဲ့တော့ ကျွန်မက အကောင်းမြင်တတ်အောင်နေပြီးရှင်သန်ဖို့လိုတယ်မဟုတ်လား"

"ဒါက ကောင်းတဲ့ စိတ်ဓာတ်ပဲ။ကိုယ်လည်း မင်းဆီကနေ သင်ယူသင့်တယ်"

တကယ်တော့ သင်ယူစရာ ဘာမှ မရှိပေ။ ဤကမ္ဘာကြီးနှင့် အခြားကမ္ဘာများရှိလူများကပင် သူမကိုမုန်းနေပါစေ၊ သူမသည် ပြဿနာတစ်စုံတစ်ရာမရှိဘဲ သာယာစွာနေထိုင်နိုင်ပေသည်။တခြားကမ္ဘာက တစ်ယောက်ဖြစ်သည့် လူနာသည် သူမ၏ ခံစားချက်များကို ဖုံးကွယ်ပြီး ပေါ့ပေါ့ပါးပါး အပြုံးလေးကို တုံ့ပြန်ခဲ့သည်။

ဒီလို အဓိပ္ပာယ်မဲ့ စကားများဟိုဒီပြောနေကြရင်း သူတို့ကိုယ်သူတို့ ဘယ်ရွန်မြို့စား၏ ရုံးခန်းရှေ့သို့ ရောက်နေပြီဖြစ်ကြောင်းသိလိုက်ရသည်။

မြို့စားကြီး၏စံအိမ်သည် ကြီးမားသော်လည်း ဘယ်ရွန်မြို့စား၏ရုံးခန်းမှာမူ လူအများအပြားသွားလိုက်လာလိုက်လုပ်သည့် ဆူညံသောဝင်ပေါက်အနီးတွင် တည်ရှိနေသည်။လူနာသည် ဤနေရာကို အကြိမ်ပေါင်းများစွာ လာရောက်ဖူးသော်လည်း အခေါက်တိုင်းတွင် ခွဲခြားဆက်ဆံခံရသည့် ခံစားချက်ကို ခံစားရပြီး နှလုံးသားကို နာကျင်စေခဲ့သည်။

ရုံးခန်းတံခါးကို ခေါက်ခါနီးတွင် လူနာသည် သူမသာ စံအိမ်ကြီးတစ်လုံးဝယ်ခဲ့ပါက ဝင်ပေါက်နားတွင် ဧည့်ကြိုခန်းတစ်ခု အထူးသဖြင့် ခွဲခြားဆက်ဆံခဲ့သူများကိုကြိုဆိုမည့် အခန်းတစ်ခု ဖန်တီးမည်ဟု တွေးလိုက်သည်။

"ငါ နေ့လည်စာတောင် သွားမစားရဘူးလား"

ရုတ်တရက် အခန်းအတွင်းမှ ကျယ်လောင်သော အသံကို အံ့ဩစရာကောင်းစွာ သူမကြားလိုက်ရသည် ။

"အစေခံတွေကို စားစရာ ယူလာခိုင်းလိုက်မယ်လေ"

"ငါ အသက်ရှုကြပ်နေပြီ စားသောက်ဆိုင်မှာတစ်ခုခုမှာ မြန်မြန်သွားစားမှရမယ်"

"အသက်ရှုကြပ်ရင် လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်ကိုဖွင့်လိုက်လေ"

"ဒါက.. လုံးဝမတူဘူးလေ"

အသံတစ်ခုမှာအလွယ်တကူ မှတ်မိနိုင်သော ဘယ်ရွန်မြို့စား၏အသံဖြစ်ပြီး နောက်တစ်သံမှာ ဖယ်ဆန်၏ စိတ်အနှောက်အယှက်ဖြစ်စရာ အသံဖြစ်သည်။

စကားလုံးအနည်းငယ်ကို နားထောင်ပြီးနောက် အန်းသန့်စ်သည် မျက်မှောင်ကြုတ်ကာ အခြေအနေကို ခန့်မှန်းလိုက်သည်။ လူနာ၏လက်သည် တံခါးကိုခေါက်တော့မည်ဖြစ်သော်လည်း အနည်းငယ်တုန်ခါသွားသည်။

"ဘယ်ရွန်မြို့စားက စားသောက်ဆိုင်မှာ အရမ်းသွားစားချင်နေရင် လူနာကို ဘာလို့ တစ်ခါတည်းမခေါ်လိုက်လဲ"

"ငါ မင်းကို ဘယ်နှစ်ခါပြောရမှာလဲ။လူနာကို လုံးဝမခေါ်နိုင်ဘူးလို့"

"ဒါဆို ကျွန်တော်လည်း ဒီကနေထွက်သွားမှာမဟုတ်ဘူး။ အစေခံတွေကိုခေါ်လိုက်မယ်။ ဒီမှာအတူတူထမင်းစားကြတာပေါ့"

"သခင်းလေးဖယ်ဆန်!တကယ်စိတ်ပျက်ဖို့ကောင်းတာပဲ"

"ဒါဆို ဘာလို့ လူနာကို မခေါ်လိုက်လဲ။ ဒါမှမဟုတ်ရင် ကျွန်တော့်ကို ရွှေတွင်းလုပ်ပိုင်ခွင့် ပေးလေ"

"ငါ့မှာ အဲ့တာအတွက်အခွင့်အာဏာမရှိဘူးလို့ ဘယ်နှစ်ခါပြောရမှာလဲ!"

"ဒါဆို လူနာကိုခေါ်လိုက်လေ။ ရွှေတွင်းကိစ္စတင်မကဘူး။သူမနဲ့ ဆွေးနွေးစရာတွေ အများကြီးရှိတယ်"

"မခေါ်ဘူး။ ငါပြောပြီးသားမခေါ်ဘူး!"

"ဒါဆို ကျွန်တော်လည်း မတတ်နိုင်ဘူး"

"…အိုး ဘုရားသခင်!"

ဘယ်ရွန်မြို့စားသည် သေချင်နေသလိုမျိုးညည်းတွားလိုက်သည်။

ဖယ်ဆန်၏ အဓိပ္ပါယ်မဲ့သော ဇွဲလုံ့လနှင့်စကားများကို ဆက်နားမထောင်ချင်တော့ပေ။ မဟုတ်ဘူး သူမဆက်နားထောင်ပါက ခေါင်းတစ်ခုလုံးပွက်ပွက်ဆူပြီး ပေါက်ကွဲသွားတော့မည်ဖြစ်သည်။

"အဖေ!"

သူမသည် တံခါးပင်မခေါက်တော့ဘဲ ရုံးတံခါးကိုဖွင့်လိုက်ကာ တစ်ညထဲနဲ့ အသက်ဆယ်နှစ်ပိုအိုသွားပုံရသည့် သူ့အဖေကို တွေ့လိုက်ရသည်။

သူ့နောက်တွင် ဖယ်ဆန်သည် ဆိုဖာပေါ်၌လှဲနေခဲ့သည်။လူနာကိုမြင်လိုက်ရသည်နှင့်သည်နှင့် သူ့မျက်နှာသည်ကြည်လင်လာပြီး ချက်ချင်းထထိုင်လိုက်သည်။

"လူနာ! မင်းဒီရောက်နေတာလား။ ငါ မင်းကို တွေ့ချင်နေ...."

သူ၏အရှက်မဲ့သော စကားများမပြီးခင်မှာပဲ လူနာသည် ဖယ်ဆန်၏ပါးကို ရိုက်လိုက်သည်။

ဖြောင်း!

"လူနာ...!"

ဖယ်ဆန်သည် လူနာ၏ သူနှင့်ဘယ်တော့မှထပ်မဆုံချင်ဘူးလို့ပြထားသော မျက်လုံးများနှင့်ဆုံလိုက်ရင်း ရိုက်ခံလိုက်ရသောပါးကိုအုပ်ကိုင်၍ မယုံကြည်နိုင်စွာ မျက်တောင်ခတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် သူဘာအမှားလုပ်မိသည်ကို နားမလည်နိုင်ကြောင်း ပြသနေသည်။

လူနာသည် ဒေါသမျက်ရည်ကျလာတော့မလိုခံစားလိုက်ရပြီး သူမ၏ရင်ဘတ်ထဲသို့ စုပြုံတိုးလာသည့် မကျေနပ်မှုများဖြင့် ပြောလိုက်သည်။

"နင် ငါ့အဖေ့ကိုဘယ်လိုလုပ်ဒီလိုလုပ်နိုင်ရတာလဲ...!"

"မင်း တစ်ခုခုကို နားလည်မှုလွဲနေပုံပဲ။ အဲဒါမဟုတ်ဘူး!ငါ.."

ခါတိုင်းလိုပဲ ဆင်ခြေများစလာပြန်သည်။ အခြားသူများပြောသည်ကို နားမထောင်ဘဲ တစ်ဖက်သတ် အကြောင်းပြချက်များပေးနေလေသည်။

သူနှင့် စကားမပြောချင်နေသည့် လူနာသည် သူ့ပါးတစ်ဖက်ကို ထပ်ရိုက်လိုက်သည်။

ဖြောင်း! 

သူမသည် သူ့ကိုပြင်းထန်စွာရိုက်လိုက်သောကြောင့် သူမလက်ဖဝါးပင်နီရဲတက်လာသော်လည်း နာကျင်မှုကိုမခံစားနိုင်သည့်အထိ ဒေါသဖြစ်လွန်းနေသည်။ လူနာသည် ထိုနေရာတွင် ဆက်မနေချင်တော့သဖြင့် ပြတင်းပေါက်နား၌ အံကြိတ်ကာမတ်တပ်ရပ်နေသော သူမဖခင်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ဒီနေ့ကစပြီး ရပ်လိုက်တော့။ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ တောင်းဆိုမှုတွေနဲ့ လူတွေကို ချုပ်နှောင်ထားရအောင် နင်ကဘာမို့လို့လဲ"

"လူနာ! သမီး ခဏလောက်စိတ်အေးအေးထားပါအုံး! နှုတ်ထွက်ဖို့က အဲ့လောက်မလွယ်ဘူး"

"ဒီလို အချုပ်အနှောင်ခံရပြီးတာတောင် အဖေ့နေရာအစားဝင်ဖို့လူအတွက် စိုးရိမ်နေသေးတာလား" 

လူနာ၏ မျက်လုံးများသည် ထိန်းမနိုင်သိမ်းမရ ဒေါသများဖြင့် စူးရှနေလေ၏။

"အဲဒါတော့ နည်းနည်းရှိပေမယ့် အဖေစိုးရိမ်နေတာက အဲဒါမဟုတ်ဘူး..."

ဘယ်ရွန်မြို့စား၏ မျက်လုံးများသည် ထိတ်လန့်တကြားဖြစ်နေကာ သူတို့ဘက်သို့ဗလာဖြစ်စွာစိုက်ကြည့်နေသော ဖယ်ဆန်ဆီသို့လှည့်လိုက်သည်။ထိုအချိန်တွင် သူမအဖေသည် ၎င်း၏ဂုဏ်သိက္ခာထက် လက်တုံ့ပြန်လာမည်ကို ပို၍ကြောက်ရွံ့ကြောင်း လူနာ သဘောပေါက်သွားသည်။လူနာသည် နှုတ်ခမ်းကို ရှုပ်ထွေးသောခံစားချက်များဖြင့် ကိုက်လိုက်ကာ အခိုင်အမာတုံ့ပြန်လိုက်သည်။

"အဖေ ဘာမှ စိတ်ပူနေစရာ မလိုဘူး။ဒါက အဖေ့ကိုချုပ်နှောင်ထားတဲ့အတွက် ပေးရတဲ့လျော်ကြေး။ဒီဘက်က ညှိနှိုင်းဖို့ ရှေ့နေပို့ပေးလိုက်မယ်။ စောင့်ကြည့်နေလိုက်!"

သူမသည် အမှန်တိုင်းပြောရရင် ဖယ်ဆန်ကိုနင်းပြီး မြို့စားကြီးစံအိမ်ကိုပါ မီးရှို့ပစ်ချင်ခဲ့သည်။

"သမီး ဘယ်လိုခံစားရမလဲ အဖေသိပါတယ် ဒါပေမယ့် ကြီးကြီးမားမားတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...!"

ရွှေတွင်းသည် ကြီးမားသော စည်းစိမ်ဥစ္စာကို ယူဆောင်လာနိုင်ပေးသောလည်း စည်းစိမ်ပဲသာဖြစ်သည်။ ဘယ်ရွန်မိသားစုကဲ့သို့ နောက်ခံမရှိသောမိသားစုသည် အလွယ်တကူ ပျက်စီးသွားနိုင်ပေသည်။

ဒါကို လူနာကောင်းကောင်းသိပေသည်။ သူမသည် ဒီဝတ္ထုထဲလူဝင်စားလာသည့်အချိန်မှစ၍ အမျိုးသားဇာတ်ဆောင် ဖယ်ဆန်နှင့် ရင်းနှီးသောဆက်ဆံရေးမှလွဲပြီး ဘာမှမရှိနေပေ။

ဝတ္ထုအဆုံးရှိ သူမ၏သံသယဖြစ်ဖွယ်သေဆုံးမှုပြီးနောက်တွင်ပင် တိကျသေချာသော စုံစမ်းစစ်ဆေးမှုများမပြုလုပ်ခဲ့ပေ။ ဖယ်ဆန်သည် ၎င်းကို မတော်တဆမှုတစ်ခုအဖြစ်သာတွေးပြီး ဝမ်းနည်းခဲ့သည်။

ဒါပေမယ့်လည်း…

"ဒါပေမယ့်လည်း သမီးတို့ ဒီလိုနေလို့မရဘူးလေ"

"လူနာ…."

'ယုတ္တိမတန်တဲ့အရာတွေ လာတောင်းဆိုပြီး လူကိုတောင် အကျဉ်းချထားသမျိုးအပြင်မသွားခိုင်းတဲ့သူကို ဦးညွှတ်ချင်နေတာလား။ ဒါက လူ့ဘဝလား!'

"စိတ်မပူပါနဲ့ ဘယ်ရွန်မြို့စား လူတိုင်းက မြို့စားကြီးရဲ့ မိသားစုကိုပဲ နာခံနေကြတာမဟုတ်ပါဘူး"

လူနာ ငိုချင်အံ့ဆဲဆဲမှာပဲ ဘေးနားရှိတစ်ချိန်လုံးတိတ်ဆိတ်နေသော အန်းသန့်စ်ကစကားစလာခဲ့သည်။

"သခင်လေး အန်းသန့်စ်လား။ ဘာလို့ ဒီလို မျက်နှာဖုံး…"

"ပြီးတော့ သူတို့က ဘယ်ရွန်မိသားစုနဲ့ အကြောင်းပြချက်မရှိဘဲ ရှုပ်နေရင် သူတို့ပဲ သိက္ခာမဲ့မှာ။လူနာ... မင်းပြောသလိုပဲ ရှေ့နေလွှတ်လိုက်ပါ။ဒီဟာကို တရားစွဲပြီး လူသိရှင်ကြား ရင်ဆိုင်လိုက်"

မထင်မှတ်ထားသောအကြံဉာဏ်ကြောင့် အံ့အားသင့်သွားပြီး ဘယ်ရွန်မြို့စားသည် မျက်တောက်ခတ်လိုက်သည်။

"ပြီးတော့ ကျွန်တော်လည်းဒီမှာရှိတာပဲမလား"

"မဟုတ်ဘူး၊ သခင်လေး အန်းသန့်စ်ပါ ဒုက္ခရောက်သွားရင် ဘယ်လိုလုပ်မလဲ..."

"စိတ်မပူပါနဲ့ ကျွန်တော့်အတွက် ဒီလောက်ကပြဿနာမဟုတ်ဘူး"

သူ၏မျက်လုံးများကို လှပစွာ ကျဉ်းမြောင်းထားသော အန်းသန့်စ်သည် သူ၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလာခဲ့သည်။ သူ၏အာမခံချက်သည် ဘယ်ရွန်မြို့စား၏စိုးရိမ်မှုကို သက်သာစေခဲ့သည်။

မြွေနှင့်တူသော သဘောထားရှိသည့်လူပင် သူမတို့ကို နှစ်သိမ့်ပေးလာနိုင်ခဲ့သည်။လူနာသည် လက်သီးကို ဆုပ်ထားပြီး အန်းသန့်စ်ကို သေချာပြန်လည်အကဲဖြတ်လိုက်သည်။

"ဘယ်ရွန်မြို့စား ဘာတွေပြောနေတာလဲ။ အန်းသန့်စ်လား။ ဒီမျက်နှာဖုံးစွပ်ထားတဲ့လူကလေ! လူနာ မင်း ဒီကောင်နဲ့ တွဲနေသေးတယ်လို့တော့ ငါ့ကို မပြောနဲ့!"

အန်းသန့်စ်ဟူသောအမည်ကြောင့် ဖယ်ဆန် သည် သူ့စိတ်ထဲတွင် သစ္စာဖောက်ခံရသလိုခံစားရပြီး လူနာအား ထိတ်လန့်တုန်လှုပ်သောမျက်နှာဖြင့် မေးခွန်းထုတ်လာခဲ့သည်။

အန်းသန့်စ်သည် လူနာ၏ရှေ့တွင်ဝင်ကာ သူ့အမြင်ကိုပိတ်ဆို့လိုက်သော ဖယ်ဆန်၏ဒေါသသည် ကောင်းကင်ယံသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

"ဘာလို့အဲ့ကောင်နဲ့လဲ...! လူနာ မင်း လှည့်စားခံနေရတာ! ဒီကောင်က ဘယ်လောက်ဆိုးလဲ သိရဲ့လား။သူက ငါတို့ ငယ်ငယ်ကတည်းက ငါ့ရဲ့ ရာထူးကို မျက်စိကျနေပြီးတော့ ငါ့ကို အမြဲတမ်း လှည့်စားနေတာ။သူက မင်းရဲ့ ရွှေတွင်းကြောင့် မင်းကို ချဉ်းကပ်နေတာ သေချာတယ်။ မဟုတ်ဘူး၊ မင်းက ငါ့အတွက် အဖိုးတန်မှန်းသိလို့ မင်းကို ချဉ်းကပ်နေတယ်။ သူငါ့ကို စိတ်တိုအောင်ကြိုးစားနေတာ!"

သူ၏ဒေါသများအားစက်သေနတ်လို အဆက်မပြတ်ထုတ်လာခဲ့ပြီး အရူးတစ်ယောက်လို ဖြစ်နေခဲ့သည်။ အန်းသန့်စ်သည် လူနာကို ကာထားသောကြောင့် သူ့ကို ပို၍ပင် ဒေါသဖြစ်စေခဲ့သည်။

"အိုး ဘုရားသခင်! သခင်လေးဗင်းဆင့် ဒီကိုရောက်လာပြန်တာလား…"

"မြန်မြန် အရင်ဆုံးကိုယ်ရံတော်တွေကိုခေါ်လိုက်"

"ငါတို့ အစောင့်တွေကိုလည်း ခေါ်သင့်တယ်!"

အဆက်မပြတ် ဆူပူအုံကြွမှုက အခန်းရှေ့ဖြတ်သွားသော အစေခံများကို ဆွဲဆောင်စေခဲ့သည်။

သူတို့သည် အခြေအနေကို နားမလည်သော်လည် ခါတိုင်းလိုပဲ အန်းသန့်စ်ကိုသာ ဝိုင်းအပြစ်တင်လာကြသည်။ဒါက အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ဖူးသော အခြေအနေတစ်ခုပင်ဖြစ်သည်။

ဖယ်ဆန်နှင့် ပတ်သက်နေသူများ၏ ကံကြမ္မာဟု ခေါ်နိုင်သည့် အခြေအနေဖြစ်သည်။ ဖယ်ဆန်ကသာ အပြစ်ရှိသူဆိုတာထင်ရှားသော်လည်း အပြစ်မဲ့သူများက ရုတ်တရက်ဗီလိန်ဖြစ်လာရသည်။ အကြောင်းပြချက်အမှန်များကို မည်သူကမှ နားမထောင်ကြချေ။ သေ‌သည်အထိ ထပ်ခါထပ်ခါ ဖြစ်နေမည့် စိတ်အနှောက်အယှက်ဖြစ်စရာ အခြေအနေပင်ဖြစ်သည်။

ဒီလိုရှုပ်ထွေးနေသောအခြေအနေတွင် လူနာသည် ဒေါသတကြီးဖြင့် အန်းသန့်စ် ဘယ်လောက်ဆိုးကြောင်း အော်ဟစ်နေသော ဖယ်ဆန်ကို ပါးစပ်ပိတ်ထားဖို့ပြောလိုက်သည်။

"ပါးစပ်ပိတ်ထား! ငါဘယ်သူနဲ့တွေ့မယ်ဆိုတာ ငါဆုံးဖြတ်နိုင်တယ်။ အနည်းဆုံး သူက နင့်ထက် အဆသန်းပေါင်းများစွာ ပိုကောင်းတယ်။ နင့်ကိုယ်နင်သာ ဂရုစိုက်စမ်းပါ။ ငါတို့နှစ်ယောက်က ချိုမြိန်နေအောင် ချိန်းတွေ့ကြအုံးမှာ။နောက်အနှစ်တစ်ထောင်၊ တစ်သောင်းလောက်အထိချိန်းတွေ့ပြီးတော့ လက်ထပ်ကြမှာ!"

"…!?"

"ဘယ်လို…"

ဆိုးရွားသောလေထုထဲ၌ ဘယ်ရွန်မြို့စားသည် သူ့သမီးထံမှ ရုတ်တရက် တွဲနေကြောင်းကို ဝန်ခံလာသောကြောင့် ဖြူဖျော့သွားခဲ့သည်။

မြို့စားကြီးစံအိမ်မှ အစေခံများသည် ကောလဟာလများထဲမှ ဇာတ်လိုက်ဖြစ်သူ၏ ချိန်းတွေ့သည့်သတင်းကို ကျယ်ကျယ်လောင်လောင်ကြားလိုက်ရသောကြောင့် မျက်လုံးများပြူးကျယ်သွားတော့သည်။

"...မင်း ဘာပြောလိုက်တာလဲ"

ဖယ်ဆန်သည် အဖြစ်မှန်ကို ငြင်းဆိုကာ သူ့နှုတ်ခမ်းများကို သပ်လိုက်ပြီး မကြာမီတွင် မယုံနိုင်သလို ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ့တုံ့ပြန်မှုသည် ကမ္ဘာကြီးတစ်ခုလုံးပြိုလဲသွားသလိုပင်ဖြစ်နေသည်။

ပါးရိုက်ခံရပြီး ဆူပူကြိမ်းမောင်းခံရချိန်တုန်းကဘာမှမဖြစ်ခဲ့သော ဖယ်ဆန်သည် နောက်ဆုံးတော့ ပါးစပ်ပိတ်သွားခဲ့သည်။ လူနာသည် သူမလျှာချော်ပြီး ပြောမိသွားခြင်းဖြစ်သည်ကို ရှင်းလင်းရန် လိုအပ်သည့်အချက်ကိုပင် မေ့သွားခဲ့သည်။

"ငါဘယ်သူနဲ့ချိန်းတွေ့တွေ့ လာဂရုမစိုက်နဲ့! နင့်ကိစ္စကိုသာနင် ဂရုစိုက်!"

ထိုအတောအတွင်းတွင် အာရုံများကို ပြန်လည်စုဆောင်းနေခဲ့သော အန်းသန့်စ်သည် ဝမ်းသာအားရ ရယ်မောလာခဲ့သည်။ သူ့မျက်လုံးထဲတွင် တစ်ခါမှမမြင်ဖူးသော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ရှိနေခဲ့သည်။

အန်းသန့်စ်သည် ဖယ်ဆန်အား စိုက်ကြည့်လိုက်ပြီး လူနာ၏ ပခုံးပေါ်တွင် လက်တင်ထားလိုက်သည်။ သူသည် လူနာအားနောက်ဆုတ်လို့မရကြောင်း သေချာစေခဲ့သည်။

"မင်းသဘောပေါက်သွားပြီဆိုရင် အခုချိန်ကစပြီး လူနာရဲ့အနားမှာ မနေနဲ့တော့"

ထိုစာကြောင်းကြောင့် ဖယ်ဆန်သည် ခြေထောက်များ ကြံ့ခိုင်မှုမရှိတော့ဘဲ ကြမ်းပြင်ပေါ် လျှောကျသွားတော့သည်။

TK Team