Chapter 1
Viewers 197

Chapter- 1

(ရေတပ်ဗိုလ်ချုပ်ကြီး သေတော့မယ်)

ကမ္ဘာမြေ အဖွဲ့ချုပ်၏ ကြယ်ကွန်ရက် ပေါက်ကွဲလေပြီ။

ကမ္ဘာမြေတွင်နေထိုင်သော ပြည်သူအားလုံးလည်း ဗုံးကြဲခံရလေသည်။

လွန်ခဲ့သော လေးနှစ်ခန့်က....

ကမ္ဘာမြေအဖွဲ့ချုပ်၏ စစ်နတ်ဘုရား ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်သည် အဖွဲ့ချုပ်၏ နယ်မြေကိုချဲ့ထွင်ရန် ရည်ရွယ်ချက်ဖြင့် ရေခဲမြစ်အင်ပါယာအား စစ်ကြေညာခဲ့သည်။

ရေခဲမြစ်အင်ပါယာ၏ နောက်ထပ်စစ်စစ်နတ်ဘုရားတစ်ပါးဖြစ်သော ကျောင်းမြန်သည် ကြေညာချက်ကိုလက်ခံကာ စီဆဲလ်နှင့် သုံးနှစ်နှင့်ဆယ်လကြာတိုက်ပွဲဝင်ခဲ့သည်။

သို့သော် လွန်ခဲ့သောရက်အနည်းငယ်ကပင်....ထို အင်အားကြီးအင်ပါယာသည် လေးနှစ်ကြာ လွန်ဆွဲပွဲ၌ နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရသည်။ 

ကျောင်းမြန်သည် သူ၏စစ်တပ်နှင့်အတူ လက်နက်ချခဲ့ရသည်။ 

ထိုအချိန်မှစ၍ နဂါးငွေ့တန်းနယ်မြေသည် ပြောင်းလဲသွားခဲ့သည်။

ဤသည်မှာ ကမ္ဘာမြေအဖွဲ့ချုပ်၏ ကြီးကျယ်ခမ်းနားသော အောင်ပွဲကြီးတစ်ခုဖြစ်ပြီး လူတိုင်းသည် သူတို့၏ ရဲရင့်သောဗိုလ်ချုပ်ကြီးအား မြို့တော်သို့ပြန်လာရာတွင် ကြိုဆိုရန် အဆင့်သင့်ဖြစ်နေကြပြီဖြစ်သည်။

သို့သော် မမျှော်လင့်ထားသည့်ကိစ္စမှာ ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်သည် အဆိပ်မိ၍နေမကောင်းဖြစ်နေခဲ့သည်။

"အက်ကြောင်း" တစ်ခုဖြစ်သောအချိုးအကွေ့ကို မည်သူမျှမတုန့်ပြန်နိုင်ပေ။

အားလုံး မျှော်လင့်နေသောပျော်ရွှင်ဖွယ်အဖြစ်အပျက်ကြီးသည် ကြေကွဲစရာအဖြစ်အပျက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရှင်းဝမ် နှင့်ပတ်သက်သည့် လူအများ၏ထင်မြင်ယူဆချက်များထွက်ပေါ်လာခဲ့သဖြင့် အထိတ်တလန့်ဖြစ်ခဲ့ရသည်။

"ဘုရားရေ!! ဗိုလ်ချုပ်ကြီးရေ ဘာတွေဖြစ်ကုန်တာလဲ?? ဒါ ရန်သူ့ဘက်က ညစ်ပတ်တဲ့လှည့်ကွက်တစ်ခုမဖြစ်နိုင်ဘူးလား??"

" ဒါ အဓိပ္ပါယ်မရှိဘူး! သူတို့နိုင်ငံက ရှုံးသွားပြီလေ ..ဒီချိန်မှာ ဗိုလ်ချုပ်ကြီးကိုပစ်မှတ်ထားတယ်ဆိုတော့ ရေခဲမြစ်ဘက်က ဘာကိုလိုချင်သေးတာလဲ??"

" အပေါ်ထပ်ကအရမ်းရိုးလွန်းတာပဲ..ဗီလိန်တစ်ယောက်ရဲ့လက်စားချေချင်တဲ့စိတ်ကိုခန့်မှန်းလို့မရဘူး..ပြီးတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က လက်နက်ချခြင်းစာချုပ်မှာ လက်မှတ်ထိုးခဲ့သေးတယ်လေ...အဲ့အချိန်အတွင်းမှာစိတ်ကြိုက်လှုပ်ရှားလို့ရတယ်လေ"

"ရန်သူ့နိုင်ငံရဲ့ လက်ရေး၊ ပူးပေါင်းကြံစည်မှုတွေကိုကြည့်ရင် အဖွဲ့ချုပ်အတွက် စိတ်ကောင်းရှိနေမယ်ထင်နေကြတာလား....မင်းတို့ဘာကိုမျှော်လင့်နေကြတာလဲ?"

"ဘာပဲဖြစ်ဖြစ်ပါ..ဒီ့ထက်ပိုကောင်းလာဖို့ပဲအတူတူ ဆုတောင်းကြရအောင်"

"မှန်တယ်!! ငါတို့ရေတပ်က ဒီ့ထက်ပိုကောင်းလာမှာ"

" ငါ ဆုတောင်းတယ်..ရေတပ်က ပိုကောင်းလာမှာလို့.."

ရှင်းဝမ်ရှိလူများသည် အထိတ်တလန့်ဖြစ်နေကြပြီး မှန်းဆရုံသာတတ်နိုင်ကြသည်။

နေပြန်ကောင်းဖို့က ခက်လွန်းတယ်.......

ကျောင်းမြန်သည် အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးရုံး၏ လျှောက်လမ်းတွင် လမ်းလျှောက်ရင်း အဖွဲ့ချုပ်၏ လက်ရှိအခြေအနေကိုတွေးနေလေသည်။

လွန်ခဲ့သောရက်အနည်းငယ်က ရေခဲမြစ်စနစ်၏ ဗိုလ်ချုပ်အဖြစ် သူသည် ကမ္ဘာမြေအဖွဲ့ချုပ်နှင့် လက်နက်ချခြင်းစာချုပ်တွင် လက်မှတ်ထိုးခဲ့သည်။

ထိုအချိန်ခဏလေးတွင်းမှာ သူသည် စီဆဲလ်နှင့် အနီးကပ် ထိတွေ့ခွင့်ရခဲ့ပြီး ဒီ့ထက်ပိုပြီး မထောက်ပံ့နိုင်ကြောင်းတွေ့ခဲ့သည်။

အခြားမည်သူမျှ မမြင်နိုင်သော်လည်း သူတို့နှစ်ဦးသည် မျက်နှာချင်းဆိုင်ထိုင်ကာ ကျောင်းမြန်သည် လက်မှတ်ထိုးရန် မြှောက်လိုက်သည့် စီဆဲလ်၏ လက်ကောက်ဝတ်ကို စိုက်ကြည့်နေခဲ့သည်။

ခွန်အားအပြည့်ရှိသောလက်ကောက်ဝတ်တွင် ပြင်းထန်သောအနက်ရောင်အရာတစ်ခုရှိနေကာ ၄င်းသည် အပင်တစ်ပင်၏အဆိပ်မိသွားပုံရပြီး မကြာခင်တွင် ဖျားနာနိုင်ခြေရှိသည်။

ကျောင်းမြန်သည် ခေါင်းကိုယမ်းလိုက်ကာ ကောင်တာပေါ်ရှိ သူ၏IDကတ်ကိုထုတ်၍စက်ဖြင့် စကင်ဖတ်လိုက်သည်။

ယခုတွင် သူသည် မျက်နှာဖုံးစွပ်ထားပြီး ID ကတ်အတုကို အသုံးပြုနေသောကြောင့် လတ်တလောအခြေအနေတွင် ၄င်းကိုဖုံးကွယ်ထားရန် မဖြစ်နိုင်ပါ။ 

အမှန်တွင် အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးရုံးသည် ထူထောင်ပြီးခါစဖြစ်သောကြောင့် စနစ်သည် မပြည့်စုံသေးပေ။

ကျောင်းမြန်လက်ရှိတည်ရှိရာ ကမ္ဘာမြေပြင်နှင့် ရေခဲမြစ်စနစ်တို့သည် အမြဲသဟဇာတမဖြစ်နေဘဲ ၄င်းတို့ကြားတွင်ဥက္ကာခဲများရှိနေသောကြောင့်သာမန်လူသားများ လုံးဝမဖြတ်သန်းနိုင်ပါ။

သို့သော် စီဆဲလ်သည် ရူးသွပ်နေသူတစ်ဦးဖြစ်သောကြောင့် အင်ပါယာနှစ်ခုကိုဆက်သွယ်ရန်အတွက် တံတားတစ်စင်းကို ၈နှစ်ကြာအောင် သုတေသနပြုကာတည်ဆောက်ခဲ့သည်။ 

တံတားပြီးဆုံးသွားချိန်တွင် သူသည် သူ၏စစ်တပ်နှင့်အတူ ရေခဲမြစ်စနစ်ထံသို့ လာရောက် အနိုင်ယူခဲ့သည်။ နောက်ဆုံးတွင် သူအနိုင်ရပြီး တံတားအစွန်းနှစ်ဖက်တွင် အကောက်ခွန်ရုံးများကို လျင်မြန်စွာတည်ဆောက်ခဲ့သည်။

ယခုအချိန်တွင်လည်း ကျောင်းမြန်သည်လည်း ရူးသွပ်စွာ အလုပ်လုပ်နေရသည်။

ဤကဲ့သို့ အဆိုးရွားဆုံးအခြေအနေတွင် သူသည် ရေခဲမြစ်စနစ်မှထွက်ခွာ၍ သူ၏အထောက်အထားကို ဖုံးကွယ်ကာ ကမ္ဘာမြေအဖွဲ့ချုပ်၏မြို့တော်သို့ တစ်ယောက်တည်းထွက်သွားခဲ့သည်။

သူ စီဆဲလ်ကို သွားရှာလေသည်။

ကျောင်းမြန်သည် လေယာဥ်ဖြင့်တံတားကိုဖြတ်၍ အကောက်ခွန်ရုံးနှစ်ခုကိုလည်း ဖြတ်သန်းမောင်းနှင်ကာ နောက်ဆုံးတွင် မြို့တော်ရှိ ဗိုလ်ချုပ်၏အိမ်တော်သို့ရောက်သွားခဲ့သည်။

" မင်းက.....?" 

ထိုအချိန်တွင်..ကျောင်းမြန်ဒန်(E-trans ထဲမှာဒီတိုင်းပဲမို့လို့ပါ) သည် ဗိုလ်ချုပ်အိမ်ဧည့်ခန်းရှိဆိုဖာပေါ်တွင်ထိုင်နေပြီး စီဆဲလ်၏လက်ထောက်သည် သူ၏ဆန့်ကျင့်ဘက်တွင်ထိုင်ကာ လက်ထဲတွင်ကိုင်ထားသော စာတစ်စောင်ကို သံသယစိတ်ဖြင့်ဆွဲကိုင်လိုက်ပြီး 
"မင်းက တကယ်ပဲ ရေခဲပြင်ကလူလား"

"ဟုတ်တယ်"

"ကျောင်းမြန်က မင်းကိုလွှတ်လိုက်တာလား? မင်းတို့ရေခဲမြစ်ထဲကလူတွေက ငါတို့ဗိုလ်ချုပ်ကြီးကို ဘာလို့ကယ်ချင်နေရတာလဲ?" 

လက်ထောက်သည် မယုံကြည်နိုင်အောင်ဖြစ်နေရသည်။ သူသည် လျှို့ဝှက်စေ့စပ်ညှိနှိုင်းရေးကိုတောင်းဆိုသည့် စာတစ်စောင်ကိုလက်ခံရရှိခဲ့ပြီး ပင်းဟဲဌာနသည် ရူးသွပ်နေသည်ဟုပင် ထင်နေလေသည်။

ဒါမှမဟုတ် ဒါကထောင်ချောက်များဖြစ်နေမလား။ သူတို့ကအဆိပ်ခတ်ပြီး ဗိုလ်ချုပ်ကြီးကို ပိုပြီး ဒဏ်ရာပြင်းထန်အောင်လုပ်ချင်တာများလား။ 

ဒီလိုသာဆိုရင်တော့ သိပ်ကိုပြောင်မြောက်တဲ့ ကလေးဆန်တဲ့လှည့်ကွက်ဖြစ်နေမှာပင်။

"ကျွန်တော့်ကို ကျောင်းမြန်လွှတ်လိုက်တာမဟုတ်ပါဘူး.."
ကျောင်းမြန်သည် ပြောလက်စကိုရပ်၍ ဘေးကိုလှည့်ကြည့်လိုက်သည်။

ဤနေရာတွင် အစောင့်အကြပ်များအပြင် အခြားအပြင်လူမရှိပေ။

ထို့ကြောင့် ကျောင်းမြန်သည် သူ၏မျက်နှာဖုံးကိုတစ်ခါတည်း ဆွဲချွတ်လိုက်ကာ 
"ကျွန်တော် ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းလာခဲ့တာ"

"မင်း...."
လက်ထောက်သည် ထိတ်လန့်သွားလေသည်။

ကျောင်းမြန်ကဆက်ပြောကာ 
"ကျွန်တော် စီဆဲလ်ကို ဘာလို့ကယ်ချင်တာလဲဆိုတာကို ခင်ဗျားဂရုစိုက်စရာမလိုဘူး အခုခင်ဗျားသိထားဖို့က ကျွန်တော်တစ်ယောကတည်းဘဲ စီဆဲလ်ကိုကယ်လို့ရမယ် သူ့အဆိပ်ကိုဖြေရှင်းနိုင်မယ့် နည်းလမ်း ကျွန်တော့်မှာရှိတယ်.."

လက်ထောက်သည် ထူးဆန်းသောအခြေအနေကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်တော့်ကို ခင်ဗျားမယုံဘူးဆိုတာကို သိတယ် ဒါပေမယ့် ခင်ဗျားမှာရွေးချယ်ပိုင်ခွင့်မရှိဘူး အဲ့နေ့ကတည်းက စီဆဲလ်ရဲ့လက်မှာ အနက်ရောင်အရာကိုတွေ့ခဲ့တာ သူနဲ့တစ်ချိန်လုံးအတူရှိနေတဲ့ ခင်ဗျားက ဘာလုပ်ပေးနိုင်ခဲ့လို့လဲ..ဆိုတော့ ဒီကိစ္စကို ဘာလို့ကျွန်တော့်ကို ကြိုးစားခွင့်မပေးနိုင်ရမှာလဲ"

လက်ထောက်အရာရှိသည် "အထက်ကစီစဥ်တာပိုကောင်းလိမ့်မယ် "ဟု မှတ်ချက်ပြုစရာမရှိပါ။

လက်ထောက်အရာရှိသည် ထိုသိုပြောလိုက်သော်လည်း စီဆဲလ်တွင်ဖြစ်နေသောဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရန်သူ့ဘက်က ဗိုလ်ချုပ်တွေကို ကယ်ဖို့အခွင့်အရေးပေးလိုက်လို့ရပါ့မလား ? သူတို့တိုင်းပြည်ကပဲရူးနေတာလား.?

ကျောင်းမြန်သည် ခေါင်းကိုယမ်းလိုက်ကာ
"ဒါပေါ့"

ကျောင်းမြန်သည် ပိုင်ဟဲအင်ပါယာ၏ ဗိုလ်ချုပ်ဖြစ်ခဲ့သော်လည်း မျက်နှာသွင်ပြင်မှာ အံ့သြစရာကောင်းလောက်အောင်နူးညံ့နေသည်။ သူတို့သည်နူးညံ့ပြီးကြည့်ကောင်းကြသော်လည်း ကျန်းမာသောခန္ဓါကိုယ်ကိုပိုင်ဆိုင်ကြပြီး တော်ရုံ မဖျားနာကြပေ။ 

ကျောင်းမြန်သည်ထလိုက်ကာ ပုလင်းတစ်ခုအား လက်ထောက်ကိုပေးလိုက်ပြီး
"ဒါ ဗိုလ်ချုပ်အတွက်ဆေးပဲ ၊ ကျွန်တော်ကိုယ်တိုင် ကုပေးရင်တော့ ပိုကောင်းပါလိမ့်မယ်"

ကျောင်းမြန်သည် ပုလင်းအားပေးကာ 
"ကျွန်တော် ဟိုတယ်မှာ တစ်ရက်နေဦးမှာဆိုတော့ ခင်ဗျားမှာစဥ်းစားချိန်ရပါတယ်" 
ပြောပြီးသည်နှင့် ထွက်သွားတော့သည်။

လက်ထောက်သည် ဆေးပုလင်းအားကိုင်လျက် ကြောင်အနေလေသည်။

ခဏကြာပြီးနောက် လက်ထောက်သည် ယနေ့ဖြစ်ပျက်ခဲ့သမျှကို စီဆဲလ်ကိုပြောပြလေသည်။

အခန်းထဲတွင် အရပ်ရှည်ပြီး အစွမ်းသတ္တိအပြည့်ရှိကာ နတ်ဘုရားတို့၏ကောင်းချီးအပြည့်ရရှိထားသောစီဆဲလ်သည် ဖြူဖျော့နေသောအသားအရည်ဖြင် ကုတင်ပေါ်တွင်လဲလျောင်းနေသည်။ ထိုကဲသို့ ဖြူဖျော့နေသောအသွင်အပြင်သည် ဤအမျိုးသား၏ ရက်စက်ခက်ထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသောပုံစံကို ကောင်းစွာဖုံးကွယ်ထားနိုင်သည်။

စီဆဲလ်သည် ဆေးသောက်ပြီး မျက်ခုံးကိုပင့်တင်လိုက်သည်။ 
"ကျောင်းမြန်က ရူးသွားတာလား? သူ့စာအရဆိုရင် သူက ရေခဲမြစ်အင်ပါယာကနေ ခိုးထွက်လာတာဆိုတော့ ဒါက ဘာပဲဖြစ်ဖြစ် သူ့အကြံဖြစ်နိုင်တဲ့ အင်ပါယာအတွက်လှည့်စားမှုတစ်ခုပဲ" 

လက်ထောက်သည် ကုတင်ဘေးတင်မတ်တပ်ရပ်နေသည်။
"သူ့အတွက်စိတ်မကောင်းဘူး" 

စီဆဲလ်က တိုးတိုးလေးပြောလိုက်ကာ 
"သူက ငါတို့နဲ့ပူးပေါင်းချင်နေတာ"

လက်ထောက်က အံသြသွားသည်။
"မှန်တယ်"

စီဆဲလ် သေဆုံးသွားခဲ့လျှင်ပင် ရေခဲမြစ်စနစ်သည် ကမ္ဘာမြေအဖွဲ့ချုပ်သို့ စစ်ရှုံးသွားခဲ့ပြီဖြစ်သောကြောင့် အဖွဲ့ချုပ်တွင် တခြားလူများရှိနေပါသေးသည်။ ထိုအချိန်တွင် စစ်ရှုံးခဲ့သောနိုင်ငံနှင့် အဲ့ဒီ့နိုင်ငံ၏ ဗိုလ်ချုပ် ကျောင်းမြန်တို့အနေဖြင့် ဘာဆက်လုပ်ရမှန်းမသိသည့်အခြေအနေတွင်ရှိနေသည်။ 

သို့သော် သူတို့နှစ်ဦးသည် ခြောက်နှစ်ကြာ စစ်မြေပြင်တွင် တိုက်ခိုက်ခဲ့ကြသောကြောင့် တစ်ယောက်အကြောင်းတစ်ယောက် နားလည်နေပြီးဖြစ်ရာ ကျောင်းမြန်သည် သေရမှာကိုမကြောက်ဘဲ ဘဝအတွက် တိုက်ပွဲဝင်နေမည့်သူဖြစ်သည်ကို စီဆဲလ်သိနေသည်။ 

"ဒါမှမဟုတ် ပိုပြီးလေးနက်တဲ့ အကြောင်းပြချက်ရှိနေလို့လား?"

ဒါသည် ယူဆချက်သပ်သပ်သာဖြစ်သည်။

စီဆဲလ်သည် " ငါ သူနဲ့တွေ့ကြည့်လိုက်ပါဦးမယ် " ဟု ပြုံးကာ ပြောလိုက်သည်။

လက်ထောက်က လှမ်းကြည့်လိုက်သည်။

စီဆဲလ်သည် သူ၏လက်ကိုဖြန့်လိုက်ကာ 
"ကြည့်လေ " ဟုပြောလိုက်သည်။ 

ဒီလိုနှင့် ကျောင်းမြန်သည် ညမိုးချုပ်သည့်အချိန်တွင် ရေတပ်ဗိုလ်ချုပ်ကြီး၏ စံအိမ်သို့ ထပ်ရောက်လာရပြန်သည်။

စီဆဲလ်သည် ကုတင်ဘေးတွင်ရပ်နေသော ထူးခြားသည့်သွင်ပြင်မရှိဘဲ အဖြူနှင့်အပြာရောင်ရောစပ်နေသည့်ဆံပင်နှင့် ကြည်လင်သောအသားအရည်တို့ဖြင့် သဘာဝအတိုင်းလှပနေသည့်သူအား မျက်လုံးများကိုပင့်ကာ ကြည့်လိုက်သည်။ 

ကျောင်းမြန်သည် အသာအယာခေါင်းညိတ်ပြကာ 
"ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်"

စီဆဲလ်သည် သူ၏နှုတ်ခမ်းထောင့်ကိုပင့်ကာ ဆေးရုံကုတင်ပေါ်မှ အားနည်းသောခန္ဓာကိုယ်၏အငွေ့အသက်ကို ဖယ်ထုတ်လိုက်သည်။

ကျောင်းမြန်သည် စီဆဲလ်၏လက်ကောက်ဝတ်ကို မကာ ကိုင်လိုက်ပြီး သူ၏မျက်ဝန်းများအနီးသို ဖြေးညင်းစွာတိုးကပ်သွားသည်။ 

အစောင့်တပ်သားများနှင့် စီဆဲလ်တို့၏ အမြင်တွင် ကျောင်းမြန်သည် မလှုပ်မယှက်ထိုင်ကာအိပ်ပျော်နေသည်ဟုထင်ရသည်။ သို့သော် ကျန်းမြောင် ထိုအချိန်တွင် အမှန်တကယ် မြင်လိုက်ရသည်။ 

ကျောင်းမြန်သည် မူလကမဲမှောင်နေသောကမ္ဘာတွင် အလင်းစလေးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်ကိုမြင်လိုက်ရသည်။ 

သူသည် သူ၏စိတ်စွမ်းအင်ကိုထိန်းချုပ်ကာ သူ၏အသိစိတ်ကို အလင်းစဆီသို့ ဖြေးညင်းစွာတွန်းပို့လိုက်သည်။ 

တဖြည်းဖြည်းနှင့် သူ၏ရှေ့တွင် အနက်ရောင်အရာဝတ္ထုတစ်ခုရုပ်လုံးပေါ်လာခဲ့သည်။ ထိုအရာအား မည်သို့ကိုင်တွယ်ရမည်ကို သူကောင်းစွာသိလေသည်။ 

ကျောင်းမြန်သည် စီဆဲလ်၏လက်ကို အားနှင့်ဆုပ်ကိုင်ကာ ကြည့်လိုက်ပြီးနောက်တွင် စီဆဲလ်သည် ရုတ်တရက်လဲကျသွားသည်ကိုမြင်လိုက်ရသဖြင့် ထိတ်လန့်သွားခဲ့ရသည်။ 

လက်ထောက်သည် သူ၏သေနတ်ကို ထုတ်လိုက်ချင်သော်လည်း စီဆဲလ်၏ သေးငယ်သောအချက်ပြမှုကိုလက်ခံရရှိလိုက်သည်။

ထိုသိုဖြင့် စီဆဲလ်သည် ခဏမျှတုန်လှုပ်ကာ သတိမေ့သွားသော်လည်း သိပ်မကြာသောအချိန်တွင် မျက်လုံးပြန်ပွင့်ကာ သတိပြန်လည်လာခဲ့သည်။

စီဆဲလ်သည် သူ၏နဖူးတွင်ချွေးစေးများတစ်ထပ်ရှိနေပြီး ခေါင်းကိုမော့ကာ 
"ငါ့အဆိပ်ကိုထုတ်ဖို့ မင်းရဲ့စိတ်စွမ်းအားကိုအသုံးပြုခဲ့တာလား?" 

ဒါက မယုံနိုင်စရာကောင်းလွန်းသည်။ 

ဤကဲ့သို့ မိမိ၏စိတ်စွမ်းအားသည်အလွန်ကောင်းမွန်နေပြီး တစ်ပါးသူ၏ခန္ဓါကိုယ်ထဲသို့ စိတ်စွမ်းအားကိုတွန်းပို့ပြီးအဆိပ်ဖြေပေးနိုင်သည့်လူများသည် ကမ္ဘာမြေအဖွဲ့ချုပ်တွင်ပင်အလွန်နည်းပါးသည်။ 

စီဆဲလ်၏ အသိစိတ်ထဲတွင် ဒါဟာမဖြစ်နိုင်ပေ။ သူသည် အမှန်ပင်ဝိညာဥ်စွမ်းအား၏ လမ်းညွှန်မှုကိုခံစားခဲ့ရသည်ဖြစ်သော်လည်း လူအများပြောသည့် ဝိညာဥ်စွမ်းအားဖြစ်သည်ကို သူလက်မခံနိုင်ပေ။ 

"လျှို့ဝှက်ချက်" ဟု ကျောင်းမြန်က ပြောကာ " နောက်သုံးရက်လောက်ထိ ရေတပ်ဗိုလ်ချုပ်က ကျွန်တော်ပေးတဲ့ဆေးကိုသောက်မယ်ဆိုရင် တဖြည်းဖြည်းနေပြန်ကောင်းလာပါလိမ့်မယ်" 

ကျောင်းမြန်သည် သူ၏တာဝန်ပြီးသည်နှင့် လှည့်ထွက်လာခဲ့သည်။ 

"မင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ?" စီဆဲလ်သည် ကျောင်းမြန်ကိုရပ်တန့်စေပြီး "မင်းဘာကိုလိုချင်လို့လဲ" ဟုမေးလိုက်သည်။

"ကျွန်တော့် ရည်ရွယ်ချက်က ဗိုလ်ချုပ်နေပြန်ကောင်းအောင်လုပ်ဖို့ပါပဲ"

ကျောင်းမြန်ကပြုံး၍ 
"ဗိုလ်ချုပ်သာ ဒီကိစ္စကိုလျှို့ဝှက်ထားဖို့ ကူညီနေသ၍.."

စီဆဲလ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ လူများထွက်သွားသည်ကိုကြည့်နေလေသည်။ 

စီဆဲလ်သည်ဒီကိစ္စကိုဆက်မတွေးတော့ဘဲ သူက အရင်ကတည်းက လူမမာဖြစ်သည်။ ထို့ကြောင့်ကျောင်းမြန်ကို သူ၏လက်ကျန်အသိစိတ်ဖြင့်ဆက်ဆံခဲ့သည်။ ကျောင်းမြန်ထွက်သွားသည်နှင့် သူသည် သတိလစ်သွားခဲ့သည်။ 

ကျောင်းမြန်သည် ဗိုလ်ချုပ်အိမ်မှထွက်သွားပြီးနောက်စိတ်သက်သာရာရခဲ့သည်။ ကံကောင်းစွာဖြင့် ကိစ္စများအဆင်ပြေပြီး စီဆဲလ်ကိုအောင်မြင်စွာကုသနိုင်ခဲ့သည်။ 

စီဆဲလ်သည် အလွန်နေမကောင်းဖြစ်နေပြီး နောက်ပိုင်းတွင် ပြန်ဖြစ်နိုင်ချေလည်းရှိသည်။ 

ကျောင်းမြန်သည် သူ့ကိုကုသဖို့ခွင့်ရမလား မသိပေမယ့် အခုချိန်တွင် သူ့ကိုသတ်ဖို့အခွင့်အရေးမရသေးသော်လည်း သူ့ကိုထောက်ပံ့ပေးနိုင်ပါလိမ့်မည်။ နောက်တွင် အဖွဲ့ချုပ်၌ အခွင့်အရေးရှာနိုင်ပါ့မလား? 

ကျောင်းမြန်သည် မျက်နှာဖုံးကိုပြန်ဝတ်ကာ ရေခဲမြစ်သို့ပြန်ရင် လေယာဥ်ကိုစက်နှိုးလိုက်လေသည်။ရေခဲမြစ်အကောက်ခွန်ရုံး၏ ရင်ပြင်ဘက်သို့ လှမ်းကြည့်လိုက်စဥ် သူ၏အနောက်ဘက်တွင် ရေခဲမြစ်၏တော်ဝင်စစ်တပ်များက ဝိုင်းရံထားကြတာကို တွေ့လိုက်ရပြီး သေနတ်ပြောင်းတွေက သူ့ဘက်ကိုလှည့်ချိန်ထားကြသည်။ 

သူ၏နောက်ဘက်မှတံခါးကိုလည်းပိတ်ထားပြီး နှစ်ဖက်စလုံးမှဝိုင်းထားကြသည်။ လွတ်မြောက်ရာလမ်းမရှိပေ။ "ဗိုလ်ချုပ် ကျောင်းမြန် ၊ ဗိုလ်ချုပ်ဟာ တိုင်းပြည်ကနေခိုးထွက်ပြီး ရန်သူတွေနဲ့ ပူးပေါင်းဖို့ ကမ္ဘာမြေအဖွဲ့ချုပ် မြို့တော်ကို သွားခဲ့တယ် .. ဒါဟာ နိုင်ငံတော်ကိုပုန်ကန်မှုဖြစ်ပါတယ် " 

ကျောင်းမြန်သည် ခံစားချက်မဲ့သောအမူအယာဖြင့် သူ၏လုပ်ရပ်များသည်ထင်ရှားနေလေသည်။ ဒီလိုဖြစ်နိုင်ခြေများမှန်းသိသော်လည်း ထိုက်တန်ပါသည်။ ကိစ္စမရှိပါ။ 

ကျောင်းမြန်သည် သက်ပြင်းချလိုက်ပြီး တော်ဝင်စစ်တပ်က သူ၏လက်များကိုဖမ်းချုပ်လိုက်သည်။ ခြေဖဝါးကို သံများဖြင့်နှိပ်စက်လိုက်ပြီး သူ၏တိုက်ပွဲစွမ်းရည်ကိုကြောက်ရွံ့သဖြင့် သံကြိုးများကိုသုံး၍ ချုပ်နှောင်ကာ အကျဥ်းသားများကိုထိန်းသိမ်းသည့် ထရပ်ကားထံသို့ခေါ်ဆောင်သွားလေသည်။ 
 
" အင်ပါယာ အကျဥ်းသားကို ခေါ်သွားလိုက်တော့။"