Chapter 2
Viewers 196

Chapter-2

(အိမ်ထောင်ရေး) 

အကျဥ်းထောင်သည် အပေါ်ဘက်ရှိအပေါက်ငယ်များမှလွဲ၍ အဖြူရောင်နံရံနှင့် အဖြူရောင်ကြမ်းပြင်များဖြင့်သာပြည့်နှက်သည်။ 

ကျောင်းမြန်သည် နံရံနှင့်ကပ်လျက် မာကြောသောခုတင်ပေါ်တွင်ထိုင်ကာ အသံကြားရာဘက်သို့ ခေါင်းကိုအနည်းငယ်လှည့်လိုက်သည်။

သူ၏အမကျောင်းရင်းသည် ပွနေသောစကပ်ကို ဝတ်ထားကာ ကျောင်းမြန်သည် သူမ၏ဗိုက်သို့သတိမထားမိဘဲ စိုက်ကြည့်မိပြီးနောက် ပြုံးလိုက်ကာ 
"အစ်မ ဒီမှာ.." 

ကျောင်းရင်းသည် ဘာအပိုနှုတ်ဆက်စကားမှ မပြောဘဲ သံတိုင်ရှေ့တွင်ရပ်၍ အေးစက်စွာမေးလိုက်သည်။ 
"စီဆဲလ် ကိုတကယ်ကုပေးမှာလား?" 

ကျောင်းမြန်သည် ထပ်ပြီးခေါင်းညိတ်ပြသည်။

"နင် ရူးနေပြီလား?" 
ကျောင်းရင်းသည် သံတိုင်ကိုဆွဲလိုက်ပြီး
"ဘာလို့လဲ" 

ကျောင်းမြန်သည် သူ၏တစ်ဦးတည်းသောသွေးသားရင်းချာအား မည်သည့်အရာကိုမျှဖုံးကွယ်မထားချင်သော်လည်း နေရာအနှံ့တပ်ထားသော လျှို့ဝှက်ကင်မရာများကို ကြည့်လိုက်ပြီး ကျောင်းမြန်သည် ခဏရပ်ကာ စကားလမ်းကြောင်းပြောင်းလိုက်ပြီး 
"အစ်မ အဖေလည်းမရှိတော့ဘူး ကျွန်တော်လည်းအကျဥ်းသားဖြစ်နေပြီ ကျောင်းမိသားစုက ပျက်စီးသွားပြီ အစ်မဒီမှာဆက်နေတာ အရမ်းအန္တရာယ်များတယ် အစ်မရဲ့ယောက္ခမကိုရှာဖို့ ကလေးနဲ့အတူ Frontierကြယ်စီရင်စုကို သွားလိုက်ပါ။ ကျွန်တော့်လက်ထောက်ကို လမ်းမှာ အစ်မကိုစောင့်ရှောက်ပေးဖို့ စီစဥ်ပေးထားတယ် သူက အစ်မကို တစ်လမ်းလုံး အန္တရာယ်ကင်းအောင် စောင့်ရှောက်လိမ့်မယ်" 

ကျောင်းရင်းက "သွားရမယ်? အဖေ!! နင် အဖေ့ကိုမှတ်မိသေးရဲ့လား? ဒါကို နင်ဘာလို့ သစ္စာဖောက်တာလဲ .စီဆဲလ်က ငါတို့ရန်သူပဲ သူသာသေရင် အဖွဲ့ချုပ်က ပရမ်းပတာဖြစ်သွားမှာလေ ..ငါတို့ဘက်က ပြန်ပြီးအနိုင်ရနိုင်ချေရှိသေးတယ်!!" 

"နင်ခိုင်လုံတဲ့ အကြောင်းပြချက်မပေးရင် ငါထွက်သွားမှာမဟုတ်ဘူး "

ကျောင်းမြန်သည် ခဏမျှစဥ်းစားကာ 
"ကျွန်တော်က စီဆဲလ်ကို ကြိုက်နေထင်လို့ ...ဒီကိစ္စကိုလွှတ်ထားလိုက်ပါတော့" ဟု ဝမ်းနည်းစွာပြောလိုက်သည်။

ယခုအချိန်တွင် ပထမဦးစားပေးသည် ကျောင်းရင်းကို ဒီနေရာကနေအမြန်ဆုံးထွက်သွားခိုင်းဖို့ဖြစ်ပြီး မဟုတ်လျှင် ထိုလူများက စတင်ဖို့စောင့်နိုင်မည်မဟုတ်သည်ကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။ 

"မင်း.....!" 
ကျောင်းရင်းသည် သူမ၏အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး ကျောင်းမြန်ကိုစိုက်ကြည့်နေသည်။

သူမ၏မောင်လေးသည် ငယ်စဥ်ကတည်းက ဘာကိုမှဂရုမစိုက်ဘဲ နူးညံ့သိမ်မွေ့သည့်ပုံစံဖြစ်နေသော်လည်း လူတိုင်းအားအထီးကျန်ဆန်စေသည့်ခံစားချက်မျိုးပေးနိုင်သူဖြစ်သည်။

ကျောင်းမြန်သည် သူ့အဖေမဆုံးခင်က စကားများကိုပြန်တွေးရင်း သူ့လက်ဖဝါးသူ ငုံ့ကြည့်ကာ တိတ်ဆိတ်နေလေသည်။

"တောင်းပန်ပါတယ် ...တမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး နင့်ကိုမသိစေချင်တာ အဖေ့ဆန္ဒပါ နင့်ကိုစိတ်မပူစေချင်လို့.." 

ကျောင်းမြန်လည်း အံ့သြသွားကာ မာရှယ်အိမ်တော်သို့ မြန်နိုင်သမျှမြန်မြန်ပြန်သွားခဲ့ရာ ပြည်နယ်အရပ်ရပ်တွင် လေးစားအားကျခံခဲ့ရဖူးသော သူ့အဖေကိုတွေ့လိုက်ရသည်။

ဆရာဝန်သည် အသက်မမှီတော့ကြောင်းပြောလေသည်။ 
"လာလေ" 

သို့သော် ထိုသူက သူ့ကို အများကြီးစိတ်မပူစေဘဲ သူ၏လက်ကိုဆုပ်ကိုင်ကာ "ဦးလေးပြောတာနားထောင်" ဟုပြောလိုက်သည်။ 

"သူတို့လုပ်တာလား?" 

ကျောင်းမြန်သည် မည်သည့်ပူးပေါင်းဆောင်ရွက်မှုကိုမှ နားမထောင်နိုင်ခဲ့ပေ။

ထိုအချိန်တွင် ဖခင်ဖြစ်သူမှာ ကားအက်စီးဒင့်ဖြစ်ပွားခဲ့ပြီး သေဆုံးသွားခဲ့လေသည်။

ဘာလို့ဒီလိုတွေဖြစ်ရတာလဲ?

"ကိစ္စမရှိပါဘူး..ကျောင်းမိသားစုက အခုအန္တရာယ်များတဲ့အခြေအနေမှာရောက်နေတာ...တော်ဝင်မိသားစုက ငါတို့ကိုအလွတ်ပေးမှာမဟုတ်ဘူး..ဒီလိုပြသနာတွေနဲ့ထားခဲ့ရလို့တောင်းပန်ပါတယ်.."
ကျောင်းမြန်သည် ထိုလူကိုစိုက်ကြည့်နေခဲ့သည်။

သူ့အဖေက တော်ဝင်မိသားစုရဲ့အရှုပ်တော်ပုံတွေကိုသိလိုက်ရလို့ သူတို့သစ္စာခံခဲ့တဲ့ သူတွေက အဖေ့ကိုအဆိပ်ခတ်လိုက်တာတဲ့လား..?

မဟုတ်ဘူး....ဒါက အရှုပ်တော်ပုံမဟုတ်ဘူး......တစ်ကိုယ်ကောင်းဆန်တဲ့ဆန္ဒတွေကနေ ဖန်တီးထားတဲ့ရူးနှမ်းတဲ့ကိစ္စတစ်ခုပဲ...

သို့သော် စစ်ဗိုလ်ဟောင်းသည် အဲ့ဒီ့ညမှာဘဲ သေဆုံးသွားခဲ့လေသည်။

ကျောင်းမြန်သည် စစ်ဗိုလ်ဟောင်း၏စျာပနသို့မသွားခဲ့ပါ။ သူ၏စိတ်ခံစားချက်များကိုထိန်းချုပ်၍ သူ၏တပ်သားအား ကျောင်းရင်း ဖက်ဒရယ်မြို့တော်သို့သွားနေစဥ်တွင် လိုက်ပါစောင့်ရှောက်ရန် အမိန့်ပေးလိုက်သည်။ 

ထို့ကြောင့် သူသည် မြို့တော်သို့သွားသောခရီးစဥ်တွင် ချစ်ပ်ပြားကိုဖွက်ထားနိုင်ရုံသာမက စီဆဲလ်ကိုလည်း ကယ်တင်လိုက်နိုင်လေသည်။

အခု ပထမခြေလှမ်းသည် ကျောင်းရင်းကို အရင်လွှတ်လိုက်ဖို့ဖြစ်ပြီး ဒုတိယခြေလှမ်းသည် သူသည် တော်ဝင်မိသားစုကိုလာစေချင်သည်။ သေဒဏ်ကျမည်မှာ ကျိန်းသေသော်လည်း ယခုအခါရေခဲမြစ်စနစ်က ရှုံးနိမ့်သွားသောကြောင့် အဆင့်မြင့်အရာရှိများကို ကွပ်မျက်ရန် အဖွဲ့ချုပ်ထံမှခွင့်ပြုချက် သက်သေယူရမည်ဖြစ်ပြီး အလောင်းများကို အဖွဲ့ချုပ်ထံသို့ပြန်လည်ပို့ဆောင်ရမည်ဖြစ်သည်။

ထိုသို့မဖြစ်ခဲ့လျှင်လည်း ကျောင်းမြန်သေဆုံးသွားခဲ့သည်ရှိသော် သူ၏အလောင်းကိုအသုံးပြု၍ ချစ်ပ်ပြားထဲမှသက်သေကိုရရန် သူ၏လက်ဗွေကိုယူနိုင်သည်။

နောက်ဆုံးတွင် သူ သေဖို့ရာအဆင်သင့်ဖြစ်နေလေပြီ။

အကျဥ်းထောင်အတွင်းရှိအပူချိန်သည် အမြဲတမ်း နိမ့်ကျလျက်ရှိသည်။ သို့မဟုတ် အကျဥ်းသားများ၏ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ရန်အတွက် အလွန်အမင်းနိမ့်ကျနေတတ်သည်။

ကျောင်းမြန်သည် သူ၏ဂျက်ကပ်ကိုဆွဲလိုက်ပြီးလက်မောင်းများကိုပိုက်ထားကာ အိပ်စက်ရန် မျက်လုံးများကိုပိတ်ထားလိုက်သည်။

......

ရေခဲမြစ်စနစ်မှ စစ်ဗိုလ်ချုပ်များသည် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည်။ အကြောင်းရင်း ရေရေရာရာ မသိသော်လည်း လူအများကြားတွင် အထိတ်တလန့်ဖြစ်ခဲ့ရသည်။ လူအချို့က စိတ်ပျက်အားငယ်နေကြသည်၊ လူအချို့က စိတ်ကိုဘောင်ခတ်ထားကြသည်၊ လူအချို့က အကြောင်းပြချက်များစွာဖြင့် ထင်မြင်ချက်မျိုးစုံပေးနေကြသည်။

သို့သော် ဆန့်ကျင်ဘက်အရပ်ဖြစ်သော ဖက်ဒရယ်အဖွဲ့ချုပ်တွင် ပွဲတော်တစ်ခုဖြစ်ခဲ့သည်။နှစ်ရက်အကြာတွင် သူတို့၏သူရဲကောင်း ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်သည် အမှန်တကယ် နေပြန်ကောင်းလာလေသည်။

အပြည့်အဝပြန်လည်ကောင်းမွန်လာရုံသာမက အရင်ကထက်ပင် အားအင်ပြည့်ဝစွာ ပြန်ကောင်းလာခဲ့သည်။

စီဆဲလ်သည် ရေခဲမြစ်စနစ်၏လက်နက်ချအညံ့ခံမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စစ်ရေးဆိုင်ရာ အစည်းအဝေးကိုကျင်းပနိုင်ရန် လမ်းပေါ်သို့ရောက်နေခဲ့လေပြီ။

ဖက်ဒရယ်အဖွဲ့ချုပ်မှလည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုကြသည်။ ထိုအချိန်တွင် စီဆဲလ်သည် အဆောက်အအုံထိပ်ရှိရုံးခန်းထဲတွင်အစည်းအဝေးလုပ်နေသည်။သူ၏ရှေ့တွင်ထိုင်နေသော နန်းတွင်းသားနှစ်ယောက်မှာ မည်သည့်လှုပ်ရှားမှုမှမပြုလုပ်ရဲပေ။ 

"..နယ်စပ်က ခုခံဖို့ကြိုးစားနေတဲ့သူတွေကို အစီအစဥ်တစ်ခုဆွဲပြီး နှစ်ရက်အတွင်း လက်နက်ချဖို့ သဘောတူစာချုပ်ကိုလက်မှတ်ထိုးခိုင်းလိုက်ပါ." စီဆဲလ်သည် စာရွက်များကိုလွှင့်ပစ်လိုက်သည်။

ဆံပင်တွေဖြူနေတဲ့ နန်းတွင်းသားတွေထဲမှတစ်ယောက်က ထပြီး "ရေခဲမြစ်စနစ်က အရင်ကဗိုလ်ချုပ်တွေသိမ်းပိုက်ထားတဲ့ နိုင်ငံတွေနဲ့မတူဘူး။ သူတို့မှာ ကိုယ်ပိုင်အုပ်ချုပ်တဲ့ စနစ်နဲ့ဖွဲ့စည်းထားပြီး ဂြိုလ်တွေအများကြီးလည်း ပိုင်ဆိုင်ထားပြီး အားကောင်းတယ် ..ဒီအချိန်မှာ ကျွန်တော်တို့က သူတို့နဲ့ မဟာမိတ်ဖွဲ့ပြီးဆက်ဆံရေးကိုတည်ငြိမ်အောင်လုပ်တာက အကောင်းဆုံးနည်းလမ်းပါဘဲ...."

စီဆဲလ်သည် တစ်နှစ်ပတ်လုံးမျက်ရည်ကျမတတ် အိမ်ထောင်ပြုရန်ဆွဲဆောင်နေသည့် အဘိုးအိုအား တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။

ဖက်ဒရယ်အဖွဲ့ချုပ်တွင် 'အိမ်ထောင်ရေး' သည်အမြဲတမ်း အတွက်ရန်သူ မှ မဟာမိတ် အဖြစ်သို့ တိုက်ရိုက်ကူးပြောင်းစေနိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်ခဲ့သည်။

စီဆဲလ်၏စကားသည် ကြယ်ခေတ်လူသားအားလုံးရှေ့တွင် အတင်းအကျပ်နေထိုင်ရန်ဖိအားပေးခံရကြောင်းနှင်း ရှေးခေတ်ကမ္ဘာမြေသိုပြန်သွားတော့မည်ဖြစ်ကြောင်းပြောနေသည့် အဖိုးအိုအားရပ်တန့်စေခဲ့သည်။ သူသည်ရေတပ်ဗိုလ်ချုပ်ကြီးဖြစ်ပြီး သူ၏ညီဖြစ်သူမှာလည်း အိမ်ထောင်ပြုနိုင်သည့်အရွယ်ဖြစ်သည်။

"ရေခဲမြစ်စနစ်ရဲ့မင်းသမီးလေးက အရမ်းတော်တယ်ကြားမိတယ် ၊ လှလည်းလှတယ် အသက်ကလည်းရွယ်တူလောက်ဘဲ...."

"မလိုပါဘူး..."

စီဆဲလ်က ဆက်ပြောလိုက်သည် "တကယ်ထိုက်တန်တဲ့သူက ရေခဲမြစ်ရဲ့ ဗိုလ်ချုပ် ကျောင်းမြန်ပဲ"

.....

ဟမ်....အသိစိတ်လွတ်....အသိစိတ်လွတ်...အသိစိတ်လွတ်....

"မဟုတ်သေးဘူး...ရေခဲမြစ်ရဲ့ဗိုလ်ချုပ်က အခုအကျဥ်းချခံထားရတာလေ ...နောက်၄ရက်ကြာရင် သူတို့သေဒဏ်ကျတော့မယ်လို့ မှတ်မိနေသေးတယ်.." ဟု ဝန်ကြီးတစ်ယောက်ကမျက်မှောင်ကြုတ်ကာပြောလေသည်။

ဗိုလ်ချုပ်ကြီးနဲ့အပြစ်သားကို သဘောတူလိုက်လို့မရဘူးမလား??

"ငါ သူနဲ့လက်ထပ်ထားသ၍ သူ့ကိုသေဒဏ်ချလို့မရဘူး ..သူက ငါ့လူဖြစ်လာမှာ အဲ့ဒါကြောင့် အင်ပါယာဘက်က ဖက်ဒရယ်ပိုင်နက်ကို ဘယ်တော့မှကျူးကျော်ပိုင်ခွင့်မရှိဘူး" စီဆဲလ်က ပြောလိုက်သည်။ " ပြီးတော့ မင်းတို့က အမြဲတမ်း ငါအိမ်ထောင်ပြုဖို့ မျှော်လင့်နေတာမဟုတ်ဘူးလား?"

နန်းတွင်းသားများသည် ဘာဖြေရမှန်းမသိဖြစ်နေတော့သည်။

"ဒီလက်ထပ်ပွဲက မင်းသမီးနဲ့လက်ထပ်တာ ထက်ကိုပိုထိရောက်တယ်..ငါ့ရဲ့ဖက်ဒရယ်ဘဲ့ကိုလည်း ပြလို့ရတယ်..စစ်ဘက်ဆိုင်ရာဆက်ဆံရေးလည်းခိုင်မာစေနိုင်တယ်..နောင်အနာဂတ်မှာ ငါတို့နှစ်ယောက်အတွက် ပေါင်းကူးတံတားအဖြစ်လည်းအသုံးပြုနိုင်တယ်"

ဆိုက်ဘာ၏လက်ချောင်းများက အချင်းချင်း ခေါက်နေကြသည်။ ထို့နောက် ဖန်သားပြင်ကိုနှိပ်လိုက်ကာ စီဆဲလ်သည် အခန်းတွင်းမှရိုးရှင်းစွာထွက်သွားလေသည်။

ဗိုလ်ချုပ်သည် ကျန်းမြောင်နှင့် အတူ စစ်မြေပြင်တွင်နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြသည်။

လူသားများကြားတိုက်ပွဲသည် အဝေးမှစက်ပစ္စည်းများကိုထိန်းချုပ်ကာ စက်ပိုင်းဆိုင်ရာထိန်းချုပ်မှုများပြုလုပ်ပြီး လူ၏အသက်ကိုမထိခိုက်စေသော်လည်း ရန်လိုခြင်းပင်ဖြစ်သည်။.....ဘယ်လို လက်ထပ်နိုင်မလဲ.........

အံ့သြဖို့အရမ်းကောင်းတာပဲလား???

ထိုနေ့တွင် ကျောင်းမြန်သည် သူ့ဆီသို့ ဆေးကုသပေးရန် ရောက်လာသည်ကို အမှတ်ရလိုက်သည်။

သူသည် ကုတင်ဘေးတွင်ထိုင်ကာ ခေါင်းငုံ့လိုက်သောကြောင့် ကျောင်းမြန်ကို တိတ်ဆိတ်စွာ ကြည့်မိလိုက်သည်။ 

ကျောင်းမြန်ကို အနီးကပ်မြင်ရသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ယခင်က ကျောင်းမြန်ကို အဝေးမှ ပင်မတိုက်ပွဲဝင်သင်္ဘော ဒါမှမဟုတ် စစ်မြေပြင်ကွပ်ကဲမှုများတွင်သာ မြင်ဖူးလေသည်။မျက်နှာချင်းဆိုင်မဟုတ်ဘဲ အကြိမ်ပေါင်းများစွာ တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ကြဖူးသည်။ 

လေးနှစ်ကြာပြီးသည့်နောက်တွင် စီဆဲလ်သည် ကျောင်းမြန်ကို နားလည်လာခဲ့သည်။ 

ယခုတွင် ကျောင်းမြန်သည်သေဒဏ်ချမှတ်ခံရတော့မည်။ သူ ခွင့်မပြုနိုင်ပေ....

စီဆဲလ်သည် သူမထွက်လာခင်တွင် သူများနှင့်မတူဘဲကွဲပြားနေသည့် ကျောင်းမြန်၏သတင်းများကိုသိရရန်နှင့် အရမ်းစိတ်ဝင်စားစရာကောင်းသည့် ရေခဲမြစ်စနစ်၏သတင်းများကိုသိရရန် သူမစောင့်နိုင်တော့ပေ......။