Chapter 14
Viewers 7k

Chapter -14

( ကျေးဇူးရှင်!! ငါ့ဘဝမှာ ငါနဲ့စီဆဲလ်ရဲ့စိတ်ကူးယဥ်ဝတ္ထုကိုဖတ်ရလိမ့်မယ်လို့မထင်ထားမိဘူး!!!!! ငါမဖတ်နိုင်တော့ဘူး!!!)


ကျောင်းမြန်က ခေါင်းစဉ်တစ်ခုကို ဖတ်ရန် နှိပ်လိုက်သည်။



{ဗိုလ်ချုပ်ကြီး!!!! အဲဒီ့အမျိုးသမီးနေရာမှာ ငါ့ကိုယ်ငါ ပြေးမြင်မိသွားပြီ...... ဝူး.......ငါ့လက်နာလို့ သေတော့မယ်.......။ }

{မင်းမနာတော့အောင် ကိုယ်မင်းလက်ကိုမှုတ်ပေးမယ်လေ ......ပြီးရင်တော့.....မင်းက နှုတ်ခမ်းလေးကို သုံးပြီး ကိုယ့်ကို အပေါ်အောက် ပြန်မှုတ်ပေးပေါ့....}





{မင်းကတော့.......မှင်စာလေးပဲ!!!!}



"သွား..စမ်း!!!"



ကျောင်းမြန်သည် ဖုန်းကို ဆက်မကြည့်တော့ဘဲ လွှင့်ပစ်လိုက်သည်။



ရှောင်လဲ့သည် ကျောင်းမြန်အား သံသယမျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။



သူဘာမှား နှိပ်မိလိုက်လို့လဲ......



ပြန်စဥ်းစားလို့မရတော့ဘူး......



ပြောရမယ်ဆိုလျှင် ဖက်ဒရေးရှင်းနှင့် ရေခဲမြစ်ကြားရှိ ယဉ်ကျေးမှုသည် ကွာခြားမှုအလွန်ကြီးမားသည်။



တစ်နှစ်ပတ်လုံး ပိတ်လှောင်ခံထားရသော လူ့အဖွဲ့အစည်းတွင် နေထိုင်ခဲ့သည့် ကျောင်းမြန်အတွက် အရာအားလုံးသည်ထူးဆန်းအံသြဖွယ်ကောင်းနေလေသည်။အချိန်တိုင်း ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတတ်သည့် သူ၏သုံးဖက်မြင် အသိသည် မကြာသေးမီအချိန်မှာပင် အကြိမ်ကြိမ် ပြန်လည်ဆန်းသစ်လာခဲ့သည်။



ကျောင်းမြန် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့ဖုန်းကို နောက်တစ်ကြိမ်ပြန်ယူရန် သတ္တိပြန်မွေးလိုက်သည်။



သူလည်း လောလောလတ်လတ်ဖုတ်ထားသော ဖရဲသီးကို အမီလိုက်ဖို့လိုသည်။



[အတွင်းသတင်းများ] လေတပ်စခန်းရဲ့ အတွင်းသတင်းတွေအရဆိုရင် ငွေပြာရောင်လေးက ဗိုလ်ချုပ်ကြီးရဲ့ ကျေးဇူးရှင်ဆို??...



[အံ့အားသင့်စရာပဲ! ယူနီဖောင်းဌာနမှ ချပြလိုက်သည်] ဒါကဗိုလ်ချုပ်ကြီးရဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းတစ်ခုပဲ.....


ကျောင်းမြန်လည်း မျက်မှောင်ကြုတ်လိုက်သည်။


ဒါဘယ်လို ဟာသမျိုးလဲ..?



သူသည် လေနှင့်မိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်သည် သံမဏိလို အဖြောင့်ဖြစ်သည်။



သို့သော် မမျှော်လင့်ဘဲ၊ ထို hot searchသည်အရင်က သတင်းများနှင့်ယှဥ်လျှင် ပို၍ယုံကြည်စိတ်ချရသည်။



[ကြယ်ကွန်၏ ပထမဆုံးဖော်ပြချက်] စစ်တပ်ရှိ အတွင်းလူများ၏ ပြောပြချက်အရ၊ ငွေပြာရောင်ဆံနွယ်ပိုင်ရှင် ကောင်လေးသည်ဗိုလ်ချုပ်ကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အသက်သခင်ကျေးဇူးရှင် အမှန်ပင်ဖြစ်သည်။

လွန်ခဲ့သော တစ်လခွဲခန့်က ကျွန်တော်တို့ရဲ့ ပြည်သူ့သူရဲကောင်း ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ် မန်ရာစ့်သည် သူ၏ညီဖြစ်သူ အန်ဒါ မန်ရာစ့်ထံမှ လုပ်ကြံခံခဲ့ရသည်။ အန်ဒါသည် မနာလိုမှုကြောင့် မျက်လုံးအမှောင်ဖုံးနေကာ ဇာစ့်တို့ နှင့် ပူးပေါင်းရန်ပင် တွန့်ဆုတ်မှုမရှိခဲ့ပေ။ သူသည် အကိုဖြစ်သူ ဗိုလ်ချုပ်ကြီး၏အသက်ကို လုပ်ကြံရုံသာမက သူ့မိဘများကိုပင် သတ်ပစ်ရန် ကြိုးစားခဲ့သည်။



ထိုအချိန်၌ ဗိုလ်ချုပ်ကြီးသည် ရေခဲမြစ်စနစ်ကို ထိန်းချုပ်ခဲ့ပြီးဖြစ်သောကြောင့် ရေခဲမြစ်စနစ်ဘက်မှလည်း တန်ပြန်တိုက်ခိုက်ရန် ကျားချောင်းချောင်းကာ အခွင့်အရေးကိုအမြဲရှာဖွေကာ ကြိုးစားနေလေသည်။ ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ အနှောင့်အယှက်ဖြစ်စေရန်ရေခဲမြစ်ရေတပ်ဗိုလ်ချုပ် ကျောင်းမြန်ကို စေလွှတ်ခဲ့သည်။



ငါတို့သူရဲကောင်းက အခုမှနေကောင်းလာခါစရှိသေးသည့်အချိန်ဖြစ်ရာ......



အဲ့ဒီ့အချိန်မှာ သူရောက်လာတာ.....



အတွင်းလူ၏ ပြောပြချက်အရဆိုလျှင် ငွေပြာရောင်ဆံပင်ဖြင့်အမျိုးသားသည် ရေခဲမြစ်စနစ်ကလာသူဖြစ်ပြီး နူးညံ့သိမ်မွေ့ကာကြင်နာတတ်သူလည်းဖြစ်ပါသည်။ သူသည် ဗိုလ်ချုပ်ကြီးကို အခြေအနေ ဆိုးရွားနေတဲ့အချိန်မှာ ကယ်တင်ခဲ့သူဖြစ်သည်။



ကျောင်းမြန် : "......"



ဟုတ်ပါသည်......သူသည် အွန်လိုင်းမီဒီယာ၏ အင်တာနက်အသုံးပြုသူများကြားတွင်ရေပန်းစားသည့်ကိစ္စများကို အမြင့်သို့ရောက်နေချိန်တွင် တွန်းပို့ခြင်း နှင့် နိမ့်ကျနေချိန်တွင် ရိုက်ချခြင်းစသော လုပ်ငန်းစဉ်များကို နားလည်ပေးနိုင်ပါသည် 



ငွေပြာရောင်ဆံပင်နဲ့ယောက်ျားကို ချီးမွမ်းမယ်ဆိုရင်လည်း သူ့ကိုပဲ ချီးမွမ်းလေ..... ဒါပေမယ့် ဘာလို့ မူလလက်တွဲဖော် 'ကျောင်းမြန်' နဲ့ တမင်တကာ လိုက်ယှဥ်ပြီးပြောနေရတာလဲ။



ဒါပေမယ့် ဒီကိစ္စအားလုံးမှာပါဝင်နေသော အကောင်းပြောခံရတဲ့သူရော မကောင်းပြောခံရတဲ့သူရောက....သူကိုယ်တိုင်ပဲလေ!!!



စတားကွန်ရက်တွင် ဖြစ်နေသောမငြိမ်မသက်မှုများအား စီဆဲလ်နှင့် စကားပြောပြီး တိုင်ပင်ကာဖြေရှင်းရန် ဆွေးနွေးသင့်သည်ဟု သူစဥ်းစားမိလိုက်သည်သည်။ ထိုသို့တွေးလိုက်ချိန်တွင် ကျောင်းမြန်၏စိတ်ထဲတွင် နူးညံ့သိမ်မွေ့ခြင်းကို ခံစားလိုက်ရသည်။



ကျောင်းမြန်က ခေါင်းငုံ့ပြီး စဉ်းစားလိုက်သည်။ အကယ်၍ စီဆဲလ်သည် ထိုအကြောင်းကို သိနေပြီးဖြစ်ကာ မဖြေရှင်းဖို့ရွေးချယ်ခဲ့လျှင်ကော.?......သူရော ဒီကိစ္စတွေကြောင့်စိတ်ရှုပ်နေလောက်မလား..?....



ထိုအချိန်တွင်....... ဗိုလ်ချုပ်ကြီးက အလုပ်လုပ်နေသည်။



"စစ်လေယာဉ်နဲ့ ပတ်သက်ပြီး ပေါက်ကြားတဲ့သတင်းလား?"



စီဆဲလ်သည် စာရွက်စာတမ်းများကို ပြန်စစ်ဆေးနေစဥ် သူ၏အတွင်းရေးမှူးဖြစ်သူ မင်ရန်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံခဲ့သည်။



"ဟုတ်ပါတယ်.....တစ်ယောက်ယောက်ကဒီအချက်အလက်ကို ထုတ်ဖော်ခဲ့တာပါ.....အခု စတားကွန်ရက်မှာ မသင်္ကာစရာကောင်းတဲ့ ဆံပင်ငွေပြာရောင်နဲ့ အမျိုးသားတစ်ဦးရဲ့ကောလာဟလတွေလည်း ထွက်နေပါတယ်...."



"ဒါက အန္တရာယ်မရှိပါဘူး....."



မင်ရန်က မကျေမနပ်ဖြင့် 

"သတင်းက အန္တရာယ်မရှိပေမယ့် လျစ်လျူရှုလို့မရတဲ့ အတွင်းသတင်းတွေလည်း ရှိနေပါတယ်" ဟု ပြောလိုက်သည်။



"ငါနားလည်ပါပြီ၊ မင်း အခုစပြီး စုံစမ်းနေပြီလား"



မင်ရန်က ခေတ္တရပ်လိုက်ပြီး ညှိုးငယ်စွာကြည့်လိုက်ပြီး-

"ကျွန်မ ဘာမှရှာလို့မတွေ့ဘူး... ...တခြားပါတီကလည်း သူတို့ရဲ့ ip ကို လုံးဝကာကွယ်ထားတယ်....ပြီးတော့ တော်ဝင်မိသားစုကို ဦးတည်နေတဲ့ တစ်ခုတည်းသောသက်သေကလည်း ခွင့်ပြုချက်မရှိလို့ဆက်မလုပ်လို့ မရတော့ပါဘူး၊ ဒါကြောင့် ဗိုလ်ချုပ်ကြီးမေးဖို့ ကျွန်မလှမ်းဆက်လိုက်တာပါ......"

"အခြေအနေကို ငါသိသွားပြီမို့လို့ မင်းဆက်စုံစမ်းစရာမလိုတော့ဘူး...ဒီကိစ္စ ဒီမှာဘဲ ပြီးသွားပြီ။"



“အမ်....?” 

အတွင်းရေးမှူးက ထူးဆန်းကာအံ့ဩသွားသည်။



အရင်က ဗိုလ်ချုပ်ကြီးက ဒီလိုမဟုတ်ဘူးလားလို့.....??



သို့သော် စီဆဲလ်က ရှည်ရှည်ဝေးဝေးရှင်းပြမနေဘဲ ဖုန်းချလိုက်သည်။



စီဆဲလ်သည် နူးညံ့သော ထိုင်ခုံပေါ်တွင် ထိုင်ရင်း နှုတ်ခမ်းများကို အနည်းငယ် တွန့်ကွေးထားသည်။



တစ်နေ့လုံး ဘာလုပ်စရာမှမရှိသော မင်းသားအား သူကယ်တင်ခံရသည်နှင့်ပတ်သက်သည့် သတင်းအချို့ကို တိတ်တဆိတ် လွှင့်ခိုင်းလိုက်ပြီး နှစ်ကုန်အစည်းအဝေးအတွက် လမ်းကြိုဖောက်ထားခြင်းဖြစ်သည်၊ မဟုတ်လျှင် ကျောင်းမြန်ကို ထိုနေရာသို့ ခေါ်ဆောင်လာရန် အကြောင်းရင်းမရှိဘဲ ဖြစ်နေလိမ့်မည်။ သို့သော် သူသည် ဖယ်ဒရယ်ပြည်သူတွေ ဒီလောက်အများကြီး စဉ်းစားကြလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဖက်ဒရယ်ပြည်သူများက ဒီလို ဒရမ်မာမျိုးကိုဖန်တီးနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။



ဘာပဲဖြစ်ဖြစ် များများပွဲဆူလေ ပိုကောင်းလေပဲ။



ကျောင်းမြန်က သူ့ကိုလက်ထပ်လိုက်ရတာကို ဒုက္ခလို့ မတွေးစေချင်ဘူး...



ဒီအကြောင်းကို သူတွေးနေစဥ်တွင် အခန်းတံခါးခေါက်သံကို ကြားလိုက်သည်။



"ဗိုလ်ချုပ်ကြီး....ကျွန်တော်ပါ.."



ကျောင်းမြန်သည် စီဆဲလ်၏ စာကြည့်ခန်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ သူသည် စီဆဲလ်၏ အလုပ်စားပွဲရှိရာသို့ မသွားချင်သောကြောင့် အပြင်ဘက်ရှိ နားနေခန်းဘေးတွင် ရပ်ကာ "ကျွန်တော် ဗိုလ်ချုပ်နဲ့ ဆွေးနွေးစရာရှိလို့" ဟု ပြောလိုက်သည်။



"ဒီကိုလာလေ" 



ကျောင်းမြန်က ရပ်နေသည်...



"မင်းအဲဒီမှာရပ်နေရင် ကိုယ်က မင်းကိုဘယ်လိုပြောရမှာလဲ"



ကျောင်းမြန်ကခေါင်းယမ်းလိုက်ကာ စီဆဲလ်၏ရှေ့တွင် ဝင်ထိုင်လိုက်သည်။

"ပြောလို့ရပြီ" 

စီဆဲလ်က သူ့လက်ထဲမှ စာရွက်ကို ချလိုက်ကာ မေးစေ့ကို ကိုင်ပြီး ကျောင်းမြန်ကို ကြည့်လိုက်သည်။



"ဘာကိစ္စရှိလို့လဲ?"



ကျောင်းမြန် : "....."



စီဆဲလ်၏ အလေးအနက်ရှိနေသော ပုံစံကြောင့် သူသည် နှစ်နိုင်ငံကြားရှိ ကြယ်တာရာစစ်ပွဲအကြောင်းပြောသလိုမျိုး ကျောင်းမြန်သည် ရုတ်တရက် ပြောမထွက်တော့ပေ။



'အဲဒါက၊စတားကွန်ရက်မှာ လူတွေက ခင်ဗျားကိုဖောက်ပြန်နေတယ်လို့ ထင်နေကြတယ် ကျွန်တော်တို့ ဘယ်လိုဖြေရှင်းကြမလဲ' ဆိုပြီးပြောလို့လွယ်ပါ့မလား။



"ကျွန်တော်....."



"....."



တစ်ယောက်ကို တစ်ယောက် ခဏတာ အကြည့်ချင်းဆုံလိုက်ပြီးနောက်တွင် စီဆဲလ်က မျက်တောင်ခတ်လိုက်သည်။



".....?"

စီဆဲလ်သည် သူ့မေးစေ့ကို ထိကာ နှုတ်ခမ်းထောင့်များကို ဆုတ်ကိုင်လိုက်ပြီး 
"ဟုတ်လောက်ပါတယ်......ကိုယ် မင်းကို မတွေ့ဖြစ်တာကြာနေပြီပဲ" ဟုပြောလိုက်သည်။



စီဆဲလ်သည်အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ ကျောင်းမြန်က ဒီကိုပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်သောကြောင့် ဒီလိုမျိုး သူနှင့်မရင်းနှီးတဲ့နေရာမျိုးမှာ ကြောက်လန့်ပြီး သူ့အိမ်ထောင်ဖက်ကို အားကိုးချင်သည်မှာ အမှန်ပင်ဖြစ်သည်။



ဒါဆိုလည်း သူ့အပေါ် မှီခိုအားထားချင်နေသည်အား ကျေကျေနပ်နပ် လက်ခံလိုက်ပါမည်။



"....."



ကျောင်းမြန်သည် စီဆဲလ်၏နောက်တွင် ရုတ်တရက်ပေါ်လာသော အလင်းစက်ဝိုင်းကိုကြည့်ကာ သူပြောချင်သည့်စကားများကို တုံ့ဆိုင်းစွာ ပြန်ရုတ်သိမ်းလိုက်သည်။


ခင်ဗျားပျော်နေသရွေ့ အဆင်ပြေပါတယ်....


‌စီဆဲလ်က ပြုံးပြီးပြောသည်။
"စစ်လေယာဥ်တွေထားတဲ့ လေတပ်စခန်းကိုပြောတာလား??"



"ဟုတ်သား....စကားမစပ်.....ကိုယ် မင်းကို အဲဒီ့ကို မခေါ်သွားသေးဘူးမလား ကိုယ်အလုပ်လုပ်တဲ့နေရာကိုပြရင်းနဲ့ ကိုယ်တို့ရဲ့ ဗဟိုစစ်ရုံးအဆောက်အအုံနဲ့ပါတစ်ခါတည်း မိတ်ဆက်ပေးမယ်" 

စီဆဲလ်သည် ထလိုက်ကာ သူ့ဘေးနားရှိ ကြိုးကွင်းတွင်ချိတ်ထားသောအင်္ကျီတစ်ထည်ကို ယူလိုက်သည်။

ကျောင်းမြန်က သံသယအပြည့်ဖြင့် ကြည့်နေသည်။


စီဆဲလ်သည် သူ့ဘေးနားရှိ ဗီရိုကိုဖွင့်ကာ သူအလိုရှိသည့်အရာကိုရှာရင်း 

"နောက်ရက်အနည်းငယ်ကျရင် အဖွဲ့ချုပ်ရဲ့နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပတော့မှာ... အဲ့အချိန်ကျရင် အစည်းအဝေးကို အဖွဲ့ချုပ်တစ်နိုင်ငံလုံးကို အဓိကထားပြီး တိုက်ရိုက်ထုတ်လွှင့်သွားမှာ ........တစ်နှစ်စာအတွက်အရေးကြီးတဲ့ စစ်ရေးကိစ္စတွေ စက်မှုလုပ်ငန်းတွေရဲ့ တိုးတက်မှုအခြေအနေတွေ နဲ့တခြားအရေးကြီးတဲ့ကိစ္စတွေကို စုစည်းပြီးတင်ပြကြမှာ... အဲ့ဒါကြောင့် ဒီရက်တွေမှာ ကိုယ်အလုပ်များနေလိမ့်မယ်"



နောက်ဆုံးတွင် စီဆဲလ်သည် သူလိုချင်သော အင်္ကျီကိုရှာတွေ့သွားသောအခါ ထုတ်လိုက်ပြီး ကျောင်းမြန်ကို ပေးလိုက်သည်။ 

"မင်း ဗိုလ်ချုပ်စံအိမ်ကို ပြောင်းလာတဲ့နေ့က ခရီးဆောင်အိတ်ထဲမှာ အဝတ်အများကြီးမပါလာဘူးလို့ ကိုယ်မြင်လိုက်လို့ ကိုယ့်အင်္ကျီကိုဘဲ အရင်ဝတ်ထားလိုက်ဦး ကိုယ်အလုပ်တွေအားသွားတဲ့နေ့ကျရင် မင်းကိုလိုက်ဝယ်ပေးမယ် အခုတော့ ခဏလေးစောင့်ဦး........"



တကယ်တော့ သူ့တွင် အဝတ်တွေ အများကြီးမပါလာပေမယ့် အနည်းဆုံးတော့ လုံလောက်ပါသည်။ အရင်က တော်ဝင်စစ်တပ်က ကျောင်းစံအိမ်ကြီးကို ဝင်ရောက်ရှာဖွေခဲ့ကြပြီး ပစ္စည်းအများစုကို သိမ်းဆည်းသွားသကြလို တချို့လည်းဖျက်ဆီးခံခဲ့ရသည်။



"ကျေးဇူးတင်ပါတယ်" 

ကျောင်းမြန် သည် စီဆဲလ်၏ ထူးခြားပြီး ယောက်ျားဆန်သော ရေမွှေးနံ့ရှိသည့် အစိမ်းရောင် စစ်အင်္ကျီကို ယူလိုက်သည်။



"မဟုတ်သေးဘူး...နှစ်ပတ်လည်အစည်းဝေးမတိုင်ခင် ဝယ်ထားမှရမှာ" 

"မင်းမှာ အစည်းအဝေးကျရင်ဝတ်ဖို့ ပွဲတက်အဝတ်အစားတောင် မရှိဘူး" ဟု ပြောလိုက်သည်။



ကျောင်းမြန်က ပြောသည်။ "ကျွန်တော်က နှစ်ကုန်အစည်းအဝေး ကိုတက်ရမှာလား?"



"ဒါပေါ့.....ပြီးတော့ ဒါက ပုံမှန်ဘဲလေ ၊ ဒီနှစ်ရဲ့ အကြီးဆုံးအကြောင်းအရာက မင်းနဲ့ ကိုယ့်အကြောင်းပဲလေ မဟုတ်လား" 



စီဆဲလ်က ပြုံးပြီး ဆက်ပြောသည်။

"ဒါဆို ကိုယ်တို့ အဝတ်နှစ်စုံလိုသွားပြီ!" 

စီဆဲလ်က လက်ခုပ်တီးလိုက်ပြီး "မနက်ဖြန်......မနက်ဖြန် မင်းနဲ့ အပြင်သွားကြမယ်" ဟုပြောလိုက်သည်။



ကျောင်းမြန်က ခေါင်းကိုယမ်းလိုက်သည်။

စီဆဲလ်သည် ကျောင်းမြန်၏အမူအရာကို သတသတိထားမိလိုက်၏။

"ကျွန်တော် တကယ်တက်ရမှာလား?"



စီဆဲလ်က ခေတ္တရပ်ပြီး ရှေ့သို့တိုးကာ ကျောင်းမြန်၏ပခုံးကို ကိုင်ကာ 

"မင်း....မသွားချင်လို့လား?"



"ကောင်းပြီ!"

ကျောင်းမြန်သည် ရှေ့တန်းကို စစ်တိုက်ထွက်ရသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သောကြောင့် သူ လူတွေကို ရင်ဆိုင်ရာမှာ ကောင်းကောင်းမလုပ်နိုင်လောက်ဘူးဟု ခံစားနေရသည်။ 



သူ တိုက်ခိုက်ရသည်ကိုသာ ကျွမ်းကျင်သောကြောင့်.....ကျန်သည့် ကိစ္စများက သူ့အတွက်ရှုပ်ထွေးလွန်းသည်။



"မကြောက်ပါနဲ့။ မင်းတစ်ယောက်တည်း မဟုတ်ဘူးလေ..... ကိုယ်မင်းနဲ့အတူရှိနေမှာလေ...." 



စီဆဲလ်က ပြုံးလိုက်ပြီး "ဘာမှ စိတ်ပူစရာ မလိုဘူး ......မင်းက ကိုယ့်ဘေးမှာ ရပ်နေရုံပဲ.....ပြီးတော့ မင်းဘေးမှာ ချောမောပြီး အရည်အချင်းရှိတဲ့ ယောကျာ်းတစ်ယောက်လုံးရှိနေတာကို..... မင်းဘာကို စိတ်ပူနေတာလဲ"



ကျောင်းမြန်က ကူကယ်ရာမဲ့ ပြုံးကာ သက်ပြင်းချလိုက်သည်။



ကောင်းပြီ.....ကောင်းပြီ



"ဒါဆို အခု လေတပ်စခန်းကို သွားကြမလား"



_________________________________________