Chapter 22
Viewers 7k

Chapter -22

(ချစ်ကြည်ရေး နှုတ်ဆက်ခြင်း)

စီဆဲလ်က အလွန်မထီမဲ့မြင်ပြုသောလေသံဖြင့်မေးလိုက်သည်။
"အရှင်မင်းသားအတွက် ဒီလိုခမ်းနားတဲ့ပွဲမျိုးတက်ရောက်ရတာ ဒါပထမဆုံးပဲမလား?" 

စီဆဲလ်အတွက် ရေခဲမြစ်တော်ဝင်မိသားစုသည် အထင်ကြီးစရာ တစက်မှမရှိချေ။ အခုမင်းသားကိုကြည့်လိုက်ချိန်တွင် သူတို့နိုင်ငံရှိ အရူးအယ်လန်ကတောင် ပိုချောနေလေသည်။

မင်းသားလည်း အံ့ဩသွားသည်။ 

ဤသည်မှာ သူသည် တရားမဝင်သော ကလေးဖြစ်ကြောင်း စောင်းချိတ်ပြောခြင်း ဖြစ်သည်။

မင်းသားက ကျောင်းမြန်ကို လှောင်ပြောင်ကာ ကြည့်ပြီး ပြန်ပြောလိုက်သည်။
"ရေတပ်ဗိုလ်ချုပ်ကျောင်းကလည်း ဒီလိုပွဲမျိုးတက်ရတာ ပထမဆုံးထင်တယ်....ငါကတော့ အရမ်းစိတ်လှုပ်ရှားနေတယ်"

"ဟုတ်တယ် သူလည်း တော်တော်လေးစိတ်လှုပ်ရှားနေတာ...ဒါပေမယ့် ကျွန်တော် သူနဲ့အတူရှိနေတယ်လေ" 

စီဆဲလ်က သူ့လက်ထဲရှိ ဝိုင်ဖန်ခွက်ကို စားပွဲထိုးဆီကနေ တမင်ပြောင်းလိုက်ပြီး မင်းသားဆီ တင်ပေးလိုက်ပါသည်။

ဝိုင်ခွက်သည် မင်းသားနဲ့တိုက်မိ၍ကျကွဲသွားတော့သည်။

"ခွမ်း....."

သို့သော် မထင်မှတ်သည့်အရာ ဖြစ်သွားလေသည်။ 

တခြားသူတွေက စီဆဲလ်၏လက်သည် တရွေ့ရွေ့နှင့် မင်းသားလက်ထဲရှိ ဝိုင်ဖန်ခွက်ကို မတော်တဆ တွန်းချလိုက်တာကို တွေ့လိုက်ရတယ်။ စီဆဲလ်နှင့် မင်းသားတို့၏ ဝိုင်ခွက်တွေ ချက်ခြင်းပြုတ်ကျပြီး ခွက်ထဲရှိ ဝိုင်နီများက မင်းသားရဲ့ အဖြူရောင်ဝတ်စုံပေါ် ဖိတ်ကျသွားတော့သည်။

ကျန်တဲ့လူတွေက ဘာဖြစ်သွားမှန်းမသိလိုက်ပေ။

တစ်စုံတစ်ခုဖြစ်ပျက်သွားပေမယ့် သူတို့လှည့်ကြည့်လိုက်ချိန်တွင် သူတို့နတ်ဘုရားနှစ်ပါးက ဝိုင်ခွက်ကိုယ်စီကိုင်ထားပြီး ဝိုင်ခွက်က မင်းသား၏ရင်ဘက်နှင့်ဗိုက်ပေါ်လောင်းချမိလိုက်လို့ ရယ်စရာကောင်းနေသည့်ပုံကိုတွေ့လိုက်ရသည်။ 

သို့သော် စီဆဲလ် အနားတွင်ရပ်နေသော ဆာတွန်ဝန်ကြီးနှင့် ကျောင်းမြန်တို့သည် စီဆဲလ်က ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သည်ကိုရှင်းလင်းစွာသိနိုင်သည်။

အခုလေးတင်....စီဆဲလ်က သူ့စွမ်းအားကို ဝိုင်ဖန်ခွက်ကနေတဆင့် ထိန်းချုပ်ပြီး ကြီးမားလှတဲ့ ခွန်အားက မင်းသား၏လက်ကို တိုက်ရိုက်ပျော့ပြောင်းသွားစေပြီး ဝိုင်ဖန်ခွက်ကို သူ့ရင်ဘတ်ကို တွန်းချလိုက်ခြင်းဖြစ်သည်။

ကျောင်းမြန်က ရယ်ရမလား ငိုရမလား မသိတော့ပေ။

"တောင်းပန်ပါတယ်..." 
စီဆဲလ် အံ့သြဟန်ဆောင်ကာ သူ့လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး ပြောသည်။ 
"ကျွန်တော် လက်ချော်သွားတာ"

ဒါသည်.... စီဆဲလ်၏ ဝိုင်ဖန်ခွက်ကို အပြည့်ဖြစ်အောင် လဲလိုက်ခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ 

အရာအားလုံးက လျင်မြန်လွန်းသောကြောင့် မင်းသားလည်း ခဏမျှထိတ်လန့်သွားပြီး ဒေါသထွက်ကာ စီဆဲလ်အား ပြော၏။
"မင်း ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာ"

ဤတရားမဝင်သားတော်သည် တော်ဝင်မိသားစုတွင် ပညာသင်ကြားခွင့်မရှိသောကြောင့် အမြင်ကျဥ်းကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး စီဆဲလ်အား တိုက်ခိုက်ရန်ပြင်လိုက်သည်။ 

စီဆဲလ်သည် မျက်ခုံးကို အနည်းငယ်ပင့်ကာ မင်းသား၏ လက်ကောက်ဝတ်ကို အလွယ်တကူ ဆုပ်ကိုင်လိုက်သည်။

"ညစာစားပွဲမှာ စကားကောင်းကောင်းပြောပြီး လျှောက်မလုပ်နဲ့" 
စီဆဲလ်က ပြောလိုက်သည်။
"လျှောက်မလုပ်နဲ့"

မင်းသားက လက်ကောက်ဝတ်မှတဆင့်နာကျင်မှုသည် တစ်ကိုယ်လုံးအထိ ပျံ့နှံ့သွားပြီး ကြောက်ရွံ့တုန်လှုပ်သည့်ခံစားချက်က ချက်ချင်းဆိုသလိုပဲ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်မှာ ဗိုင်းရပ်ပိုးကူးစက်ခံရသလိုပင်ဖြစ်သည်။

"ဗိုင်း.....!" 

မင်းသားက ညည်းတွားလိုက်ပြီး နာကျင်မှုက ချွေးအေးတွေနဲ့ ရွှဲနစ်နေတဲ့ သူ့ကို တိုက်ရိုက် ဒူးထောက်စေခဲ့သည်။

"မင်းသား ဘာဖြစ်နေတာလဲ" 

ဆာတွန်ဝန်ကြီးက အံ့အားသင့်ဟန်ဆောင်ကာ တစ်ဖက်မှ မျက်လုံးမှိတ်ပြကာ ဆို၏။
"မင်းဒီလိုကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားကြီးလုပ်ဖို့က မလိုအပ်ဘူး မဟုတ်လား"

စီဆဲလ်က ပြန်ဖြေလိုက်သည်။
"ဒါက မတူဘူးလေ....ရေတပ်ဗိုလ်ချုပ်ကျောင်း က အခု အဖွဲ့ချုပ်ရဲ့ အိမ်ထောင်ဖက်ဖြစ်နေပြီ ဆိုတော့ ဦးညွှတ်တာ အဓိပ္ပါယ်ရှိပါတယ်"

"ကျွန်တော် သိပါပြီ"

သူတို့ နှစ်ယောက်သား စကားပြောနေချိန်မှာတောင် မင်းသားသည် ဒူးထောက်နေရင်းနှင့်ပင် ရှက်ရွံ့ ကြောက်လန့်မှုကိုခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံး ပျော့ခွေနေပြီး မတ်တပ်တောင်မရပ်နိုင်တော့ပေ။ သူ့ရှေ့တွင် စကားစမြည်ပြောကာ ရယ်မောနေသော အမျိုးသားကို ကြည့်လိုက်တော့ ရင်တထိတ်ထိတ်ဖြင့် မနေနိုင်တော့ပေ။

ကြောက်စရာကောင်းလွန်းတယ်.....

မင်းသား၏ခြေထောက်များက တုန်ယင်နေလေသည်။ 

ကျန်လူများက ထိုနေရာအား တိတ်တဆိတ် အာရုံစိုက်ကြပြီး ကင်မရာကလည်း အလွှတ်မပေးပေ။

မင်းသား၏မျက်နှာသည် နီရဲနေပြီး ချက်ချင်းထွက်သွားရန် မစောင့်နိုင်တော့ပေ။

"အရှင်မင်းသား......" 

ရေခဲမြစ်အင်ပါယာ၏ နိုင်ငံခြားရေးဝန်ကြီးသည် သန့်စင်ခန်းမှ ထွက်လာချိန်တွင် အဆိုပါမြင်ကွင်းကို မြင်လိုက်ရသောကြောင့် သူ့နှလုံးသား တစ်ဝက်အေးခဲသွားသည်။

ဝန်ကြီးက ခွန်အားမဲ့နေသော မင်းသားကို ကူညီရန် အလျင်စလို ပြေးလာပြီး တောင်းပန်လိုသည့် အပြုံးဖြင့် ပြောလိုက်သည်။
"မင်းသားငယ်လေးက မသိနားမလည်လို့ စော်ကားမိလိုက်တာပါ"

"ကောင်းပြီလေ......ရေခဲမြစ်စနစ် က အခု မန်ရာစ့်နဲ့ အမျိုးတော်နေပြီပဲ.... ဒါက အသေးအဖွဲကိစ္စပဲ....စိတ်ပူနေဖို့ မလိုပါဘူး" 
စီဆဲလ် က သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။

ဝန်ကြီးက မင်းသားကို အားလုံး၏လှောင်ပြောင်နေသော မျက်လုံးများအောက်တွင် စားပွဲကနေ ထွက်သွားရန်နှင့် မင်းသားအား ဟိုတယ်သို့ ပြန်ပို့ခိုင်းလိုက်သည်။

"ကလေးမဆန်ဘူးလား?" 
ကျောင်းမြန်က တိုးတိုးလေးရယ်လိုက်သည်။

"ရေခဲမြစ်အဖွဲ့ခွဲက မင်းကို အရှက်ရစေဖို့အတွက်နဲ့ ဒီလိုဉာဏ်နည်းတဲ့လူကို စေလွှတ်လိုက်တဲ့အတွက်၊ ကိုယ်မှာ တခြားလူတွေလို မဆက်ဆံလိုက်ဖို့ပဲ ရွေးချယ်စရာရှိတော့တယ်......ဖြစ်လာတဲ့အကျိုးဆက်ကတော့ သူတို့ဘာသာခံပေါ့....ပြီးတော့ သူက ဘယ်အချိန်ရှေ့တိုးပြီး ဘယ်အချိန်နောက်ဆုတ်ရမလဲတောင်မသိတဲ့သူပဲ....."
စီဆဲလ်က ခေါင်းခါလိုက်ပြီး ပြုံးလိုက်သည်။ 

"ပြီးတော့..အဲ့ဒီ့လူတွေကမင်းကို အရင်ကလိုက်ဖမ်းကြတာလေ......အဲ့ဒါတောင် အခုထိ မပြေလည်သေးဘူး"

ကျောင်းမြန် အံ့ဩသွားသည်။

စီဆဲလ်က သူ့မေးစေ့ကို ကိုင်လိုက်ပြီး ပြော၏။ "ဒါက ကိုယ့်လို ချောမောတဲ့ ရေတပ်ဗိုလ်ချုပ်ကြီးအတွက် လုပ်ရတာ ပုံမှန်ပါပဲ" 

ကျောင်းမြန် သည် စီဆဲလ်ကို လျစ်လျူရှုလိုက်ပြီး သူတို့ နှစ်ယောက်အတွက် စားစရာ တောင်းရန် ဘေးကိုလှည့်ကြည့်လိုက်သည်။ 

ထို့နောက် အစည်းအဝေးစတင်ပြီဖြစ်၍ အားလုံးနေရာယူကြလေသည်။

ပြည်ထောင်စု ၀န်ကြီးတွေက တစ်ယောက်ပြီးတစ်ယောက် အစီရင်ခံဖို့ စင်မြင့်ကို ရောက်လာချိန်တွင် ကျောင်းမြန်သည် စီဆဲလ်၏ဘေးတွင်ထိုင်ကာ အစီရင်ခံစာများကို လေးလေးနက်နက်နားထောင်ကာ ဖန်သားပြင်ပေါ်တွင်ပြသထားသည့် အချက်အလက်များကို ကြည့်နေသည်။

ဖက်ဒရေးရှင်းသည် ဤမျှနှစ်ပေါင်းများစွာထိကြာအောင် ကြယ်တာရာကို အုပ်စိုးသူဖြစ်နေသည်မှာ ယုတ္တိမရှိပေ။

သို့သော် ဤစက်မှုလုပ်ငန်းအမျိုးမျိုး၏ အချက်အလက်များနှင့် စစ်ဘက်ဆိုင်ရာဌာန၏ အစီရင်ခံစာများကို ကြည့်ရုံမျှဖြင့် ရေခဲမြစ်စနစ်သည် အမှန်တကယ်ပင် ယှဥ်၍မရပါ။ 

ကျောင်းမြန်သည် ၎င်းအချက်အလက်များကို စွဲလန်းသွားချိန်တွင် စီဆဲလ်အား သူ့စိတ်ထဲတွင် မချီးမွမ်းဘဲမနေနိုင်တော့ပေ။  

“ဒါပေမယ့်.....နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးက အမြဲတမ်း ပြဿနာတစ်ခုဖြစ်နေပါတယ်"
စိုက်ပျိုးရေးဝန်ကြီးက ဖန်သားပြင်ပေါ်ရှိ အီလက်ထရွန်းနစ်မြေပုံကို ညွှန်ပြပြီး တင်ပြသည်။
"မြေယာစိုက်ပျိုးမှုနှင့် စားနပ်ရိက္ခာ ကျဆင်းမှုတို့က ပြည်ထောင်စုနယ်စပ် နဲ့ မြို့တော်ကြားမှာ အမြဲတမ်း အဆက်အသွယ်ပြတ်တောက်နေပါတယ်" 

ဝန်ကြီးက ဆက်တင်ပြသည်။
"တောင်တန်းဒေသက ရာသီဥတုက မြို့တော်မှာနဲ့မတူဘဲ ကြမ်းတမ်းပါတယ်....နွေရာသီမှာအဆပေါင်းများစွာ ပိုပူပြီးတော့ ဆောင်းရာသီမှာလည်း ဒီလိုပါပဲ"

အဆိုးထဲက အကောင်း ဟုပင်ပြောရမည့်အချက်မှာတော့ ရှင်သန်နေထိုင်ရန်ခက်ခဲသောကြောင့် နယ်စပ်ဒေသရှိသူများသည် ရုပ်ပိုင်းဆိုင်ရာအရ သန်မာကြသည်။

"အင်း....." 
စီဆဲလ်က သူ့မေးစေ့ကို ထိလိုက်ပြီး ကျောင်းမြန်အား တစ်ချက်ကြည့်သည်။

ကျောင်းမြန် အနည်းငယ် ခေါင်းဆတ်ပြလိုက်တာကိုတွေ့သော်.....

စီဆဲလ်က ပြုံးပြီး မေးလိုက်သည်။
"ကျောင်းမြန် နေခဲ့တဲ့ ရေခဲမြစ်စနစ်မှာ တစ်နှစ်ပတ်လုံးက ဆောင်းရာသီဖြစ်နေပြီး နယ်နိမိတ်က ပိုလို့တောင် ခက်ခဲတယ်......အခုလို ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ရင်ဆိုင်ရတဲ့အခါ မင်းမှာ ဖြေရှင်းချက်ရှိလား"

"ဟုတ်ကဲ့" 

ကျောင်းမြန်က ဆို၏။
"ကျွန်တော်တို့မှာ ဒီနယ်ပယ်အတွက် အတွေ့အကြုံရှိပြီး စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရှိပါတယ်"

ဝန်ကြီး၏ မျက်လုံးများ တောက်ပလာပြီး ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော်တို့ အသေးစိတ် သိချင်ပါတယ်"

ကျောင်းမြန်က ထလိုက်ပြီး အကျဥ်းချုပ်ကာတစ်ယောက်ပြီးတစ်ယောက် ရှင်းပြလိုက်သည်။

ရေခဲမြစ်အင်ပါယာ၏ဝန်ကြီးသည် ဘေးနားတွင် ထိုင်ကာ အနည်းငယ် မျက်မှောင်ကြုတ်ထားလေသည်။

သူမလာခင်က ရေခဲမြစ်၏ တော်ဝင်မိသားစုနှင့် ဆက်သွယ်ထားပြီးသားဖြစ်ပြီး တော်ဝင်မိသားစုက ရေခဲမြစ်အင်ပါယာ၏အသိပညာများကို အထူးသဖြင့် ဖက်ဒရေးရှင်းနဲ့ မျှဝေရန် ဆန္ဒမရှိခဲ့ပေ။

သိုသော် ယခုအချိန်တွင် ကျောင်းမြန်သည် ဤနေရာတွင် ရပ်ကာ အဆုံးမသတ်ဘဲ ရှင်းပြနေခြင်းသည် သူ့ကို ဒေါသထွက်ကာ နာကြည်းစေပါသည်။

ကျောင်းမြန်၏ အသံသည် နူးညံ့သိမ်မွေ့နေကာ သူသိသမျှကို ရှင်းလင်းစွာ ရှင်းပြနေသည်။ 

အချို့သော ဆွေးနွေးမှုများအပြီးတွင် လူများစွာက သူ့ကို သဘောကျစွာ ကြည့်ကြသည်။

အစကတည်းက ပြင်ဆင်ထားမှုများကြောင့် စီဆဲလ် ၏ တမင်တကာ လမ်းညွှန်မှုအောက်တွင် ကျောင်းမြန်သည် နောက်ဆက်တွဲ ဆွေးနွေးမှုတွင် များစွာ ပါဝင်ခဲ့သည်။

ကျောင်းမြန်၏ ထင်မြင်ယူဆချက်များသည် သာမန်လူများကဲ့သို့ ပြင်းထန်မှုမရှိဘဲ နှစ်ဖက်စလုံးကို ကျေနပ်မှုရှိစေပြီး ခြိမ်းခြောက်မှုမရှိသောကြောင့် ၎င်းထင်မြင်ယူဆချက်များကို လက်ခံသင့်သည်။ 

လူအများကို စိတ်ချမ်းသာစေရခြင်း၏ အဓိကအကြောင်းရင်းကတော့ ကျောင်းမြန်က မလှည့်စားတတ်ဘဲ ရိုးရိုးသားသားပြောတတ်သောကြောင့်ဖြစ်သည်။ 

တွေ့ဆုံပွဲအပြီးတွင် သာမန်လူများကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုကြရန် လိုင်းပေါ်သို့ တက်လာကြသည်။

{ငါတို့ ဗိုလ်ချုပ်ကြီးရဲ့ အပိုင်လေးကအပြင်ဘက်ပဲလှတာမဟုတ်ဘူး အတွင်းစိတ်လည်းလှတာပဲ.....}

{အဲဒီလူက....သူ့ဦးနှောက်က သူ့ခါးလောက်ကို ဆွဲဆောင်မှုရှိတယ်.... }

(ဝူး.......! ဘယ်လို ပြီးပြည့်စုံနေရတာလဲ!!! ဗိုလ်ချုပ်ကြီး နဲ့ သူ့ခင်ပွန်းကို နေ့တိုင်း မနာလိုဖြစ်မိနေတယ်လို့!!!!}

စတားကွန်ရက်တွင် ချီးမွမ်းမှုအပြည့်ရှိသည်။

စီဆဲလ်သည် ဘေးတွင်ထိုင်ကာ နှုတ်ခမ်းကို အနည်းငယ် ကွေးကာ ပြုံးနေလေသည်။ ကျောင်းမြန် မည်မျှတော်ကြောင်း ရာထူးနှင်မည်မျှထိုက်တန်ကြောင်းအား တခြားသူများအား ထုတ်ပြောစရာမလိုဘဲ သိနိုင်စေရန် ကျောင်းမြန်အတွက် စဥ်းစားပြီးလုပ်ခဲ့ခြင်းဖြစ်သည်။ 

သူ၏အရည်အချင်းများကို ပြသရန် ကျောင်းမြန်အား အခွင့်အရေးပေးလိုက်ရုံသာဖြစ်သည်။သူ့အတွက်တော့ ကျောင်းမြန်သည် သူ့အလိုလိုတောက်ပနေသည့်ရွှေတုံးတစ်တုံးဖြစ်သည်။ ထို့ကြောင့်သူ့လိုမျိုး တခြားသူများလည်းမြင်အောင်ကြည့်တတ်ရန်သာလိုသည်။ 

ခေတ္တနားချိန်အတွင်း ကျောင်းမြန်နှင့် စီဆဲလ် တို့သည် နေ့လည်စာစားရန် ထောင့်တစ်နေရာတွင် ထိုင်နေကြသည်။ 

ကျောင်းမြန်က မနေနိုင်တော့ဘဲ မေးလိုက်သည်။
"ဗိုလ်ချုပ်ကြီး မနက်ကပြောတာလေ အဲ့ဒါဘာပြောမလို့လဲ...?"

စီဆဲလ်၏ တစ်ဝက်တစ်ပျက် စကားကြောင့် ကျောင်းမြန်သည် တစ်မနက်လုံး စိတ်မအေးရပေ။

"ဟမ်။" 
စီဆဲလ်က သူ့မေးစေ့ကို သူ့လက်ကို ကိုင်ထားပြီး သူ လေးလေးနက်နက် စဥ်းစားနေသည့်ပုံစံကိုပြနေသည်။

"ဗိုလ်ချုပ်ကြီး......" 

ကျောင်းမြန်.... အားကိုးရာမဲ့သွားတော့သည်။

"ကောင်းပြီ မင်း စိတ်လှုပ်ရှားနေလို့ ကိုယ်ပြောပြမယ်" 

စီဆဲလ်က သူ့အိတ်ကပ်ထဲက စာအိတ်ကိုထုတ်ပြီး ကျောင်းမြန်ကို ဂုဏ်ပြုတဲ့သဘောနဲ့ ပေးလိုက်သည်။ 

"ဒီမှာ"

ကျောင်းမြန် အံ့ဩသွားလေသည်။

_________________________________________