Chapter 23
Viewers 7k

Chapter - 23

(လက်မှတ်ရလာခဲ့ပြီ!!)

ကျောင်းမြန်သည် စာအိတ်ထဲတွင်ရှိနေသော အကြောင်းအရာကိုဖတ်ပြီးသည့်နောက်တွင် တောင့်တင်းသွားတော့သည်။

"ကျွန်တော် ......." 
ကျောင်းမြန်က စာကို ဖတ်ကြည့်လိုက်ရုံနှင့်ပင် လှုပ်ရှားမှုများရပ်တန့်သွားသည်။ 

စီဆဲလ်က ပြုံးပြီး ပြော၏။
"အရမ်းစိတ်မလှုပ်ရှားပါနဲ့ ......ရေတပ်ဗိုလ်ချုပ်ကြီးရယ်....... "

ဘန်း........

ဤတစ်ကြိမ်တွင်တော့ ကျောင်းမြန်ကို ထိတ်လန့်စွာကြည့်ကာ ကျောက်ရုပ်အဖြစ်ပြောင်းလဲသွားသည်မှာ စီဆဲလ် ကိုယ်တိုင်ပင်ဖြစ်သည်။

ကျောင်းမြန်က ရှေ့ကို ငုံ့ကာ စီဆဲလ်အားပွေ့ဖက်လိုက်လေသည်......။

စီဆဲလ်သည် သူ့လက်နှစ်ဖက်တွင် နွေးထွေးသော ခန္ဓာကိုယ်ကို ခံစားမိနေပြီး ကျောင်းမြန်သည် သူ့ပခုံးပေါ်တွင် ခေါင်းကို မှီထားသောကြောင့် ရှူထုတ်လိုက်သော လေငွေ့နွေးနွေးသည့် စီဆဲလ်၏ လည်ပင်းကို ဖွဖွလေး ကုတ်ခြစ်မိနေသလို ခံစားလိုက်ရသည်။ သူ့နှာဖျားတွင်လည်း ကျောင်းမြန်၏ကိုယ်မှ အနံမွှေးမွှေးလေးများရနေတော့သည်။ ဤသည်မှာ ခေါင်းလျှော်ရည်အနံ့များလား ဟုတွေးနေတုန်းမှာပင် ကျောင်းမြန်၏တီးတိုးပြောသံကို ကြားလိုက်ရသည်။

"ကျေးဇူးတင်ပါတယ်...."

ဤသည်မှာ ချစ်ခြင်းမေတ္တာမပါဘဲ မည်သည့်ဆန္ဒမှမရှိသော ရိုးရှင်းသောပွေ့ဖက်မှုတစ်ခုဖြစ်သည်။ 

သို့သော် နွေးထွေးသည်.....အလွန်ကို နွေးထွေးလေသည်....

စီဆဲလ်က သူ့လက်ကို လွတ်လွတ်လပ်လပ် မြှောက်လိုက်ပြီး ကျောင်းမြန်၏ နောက်ကျောအား ပြန်လည်ပွေ့ဖက်လိုက်သည်။

ဒီအခိုက်အတန့်တွင် သူတို့နှစ်ဦးသည် ကင်မရာများနှင့် ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည့်အရာများကို ရုတ်တရက်မေ့သွားကြသည်။  

သူတို့နှစ်ဦးအတွက် စကြာဝဠာနှစ်ခုလုံးတွင် ယုံကြည့်အားကိုးလို့ရသည်မှာ သူတို့အချင်းချင်းသာဖြစ်ကြောင်း သတ်မှတ်ထားမိကြသည်။

ထို့နောက် အစည်းအဝေးကို ညနေပိုင်းအထိ ဆက်လက်ကျင်းပခဲ့သည်။ အကြောင်းအရာများပြီးခါနီးတွင် စီဆဲလ်က ကျောင်းမြန်လက်ကိုဆွဲပြီး ထရပ်လိုက်ပြီး ပြောလိုက်သည်။

"အားလုံးသိကြတဲ့အတိုင်းပဲ စစ်ပွဲပြီးသွားတဲ့အချိန်မှာ ရေတပ်ဗိုလ်ချုပ် ကျောင်းမြန်နဲ့ ကျုပ် လက်ထပ်တော့မှာဖြစ်တယ်.... အဲ့ဒီအချိန်ကစပြီး ရေခဲမြစ်စနစ်ဟာ အဖွဲ့ချုပ်အပိုင်ဖြစ်ပြီးတော့ ဖက်ဒရေးရှင်းရဲ့ မဟာမိတ်တစ်ဦးအနေဖြင့် လက်အောက်ခံနိုင်ငံအားလုံးကို တရားမျှတစွာ ဆက်ဆံမည်လို့ ကတိပြုထားပါတယ်.... ကျုပ်နဲ့ ကျောင်းမြန် ကနေတဆင့် နှစ်ရာပေါင်းများစွာ အထီးကျန်နေသော စကြာဝဠာစနစ်နှစ်ခုကြား ဆက်ဆံရေးကို မြှင့်တင်နိုင်ဖို့ နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး အတူတကွ ပူးပေါင်းမှုတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ... စကြဝဠာရဲ့ နက်နဲတဲ့ ခြိမ်းခြောက်မှုတွေ ပေးနေတဲ့ ဇာစ့်တွေ နဲ့ လူသားတွေကို မျက်စိကျနေတဲ့ ပင်လယ်ဓားပြတွေကို တိုက်ဖျက်ဖို့လည်း ပါပါတယ်...."

အောက်မှလူများက လက်ခုပ်တီးကြလေသည်။

စီဆဲလ်က ပြုံးပြီး တစ်ဆက်တည်းပြောလိုက်သည်....

"တချိန်တည်းမှာပဲ ထပ်ပြောချင်တာက.... အဖွဲ့ချုပ်အနေနဲ့ ရေခဲမြစ်စနစ်တစ်ခုလုံးကို အခွန်ကင်းလွတ်ခွင့်ပေးပြီး လိုအပ်တဲ့အကူအညီတွေကို အချိန်မရွေးထောက်ပံ့ပေးမယ်လို့ ကြေညာလိုက်ပါတယ်..."

စီဆဲလ်က အယ်လန်ကို သူ့အတွက် ပြင်ဆင်ပေးဖို့ အရင်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ပွဲထဲရှိ လူအချို့သည် အယ်လန် နှင့် ညှိနှိုင်းထားပြီးဖြစ်သော်လည်း ညှိနှုင်းထားခြင်းမရှိသောသူများသည် ၎င်းတို့၏မေးရိုးများ ပြုတ်ကျသွားတော့သည်။

အခွန်ကင်းလွတ်ခွင့်နဲ့ ထောက်ပံ့မှု မေ့လိုက်ပါတော့........ ဒါက ကလေးကစားစရာ မဟုတ်ဘူး......

အခွန်ကင်းလွတ်ခွင့်သည် အဖွဲ့ချုပ်အပေါ် မည်မျှအကျိုးသက်ရောက်မှုရှိသည်ကို တင်ပြသူတိုင်းသိကြသော်လည်း... စီဆဲလ်ကတော့ ဤအကျိုးအမြတ်ကို စွန့်လွှတ်ခဲ့သည်။

"ဘာဖြစ်လို့လဲ မေးလို့ရမလား...?" 
အရာရှိတစ်ယောက်က လက်ကိုမြှောက်ပြီး မေးလိုက်သည်။

စီဆဲလ်က ပြုံးပြီး ကျောင်းမြန်၏ပခုံးကို လက်နဲ့ ဖက်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"ကျောင်းမြန် ကြောင့်ပဲ" 

ကျောင်းမြန်က စီဆဲလ် ကို လှည့်ကြည့်လိုက်သည်။

စီဆဲလ်က ရှင်းပြလေသည်။

"ကျောင်းမြန်က အရင်က နိုင်ငံကနေ တရားမဝင်ထွက်သွားလို့ ရေခဲမြစ်အစိုးရက သစ္စာဖောက်အဖြစ် ဖမ်းဆီးခဲ့တာ လူတိုင်းသိကြမယ်ထင်ပါတယ်...ဒါပေမယ့် ဒါကအမှန်မဟုတ်ပါဘူး နားလည်မှုလွဲတာပါ...ရေခဲမြစ် စစ်ရှုံးပြီးတဲ့အချိန်မှာ ဗိုလ်ချုပ်ကျောင်းက လုပ်လို့ရတာ အကုန်လုပ်ခဲ့ပါတယ် ... ဖြစ်ပျက်နေတဲ့အခြေအနေတွေအရ ကျုပ်တို့ရဲ့နိုင်ငံကို ဇာစ့်တွေ ပင်လယ်ဓါးပြတွေရန်ကနေကာကွယ်ဖို့ သူ့နိုင်ငံကနေ တိတ်တဆိတ်ထွက်လာပြီး ကျုပ်ကိုကယ်ဖို့အတွက် မြို့တော်ကိုလာခဲ့ခြင်း ဖြစ်တယ်..."

စီဆဲလ်က ဆက်ပြောလေသည်။

"ကျုပ်အသက်ကို ဗိုလ်ချုပ်ကျောင်းက ကယ်တင်ပေးခဲ့တာပါ..... အဖွဲ့ချုပ် တည်ငြိမ်အေးချမ်းနေတာ တစ်ဝက်က သူ့ကြောင့်ပါပဲ... ဒါကြောင့် ဒါက အဖွဲ့ချုပ်ရဲ့ ရေခဲမြစ်စနစ် အတွက် လက်ဆောင်တစ်ခုဖြစ်ပြီး ရေတပ်ဗိုလ်ချုပ်ကျောင်း နဲ့ ကျုပ်ရဲ့ ညှိနှိုင်းမှုရဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်......" 

စီဆဲလ်၏ ပြောစကားအပြီးတွင် ခေတ္တငြိမ်သက်သွားပြီးနောက် နွေးထွေးသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။

စတားကွန်ရက်တွင် ပို၍ပင် စိတ်လှုပ်ရှားစရာကောင်းနေသည်။

{အာ!!!!!!! ရေတပ်ဗိုလ်ချုပ်ကျောင်း က အပြစ်သားမဟုတ်ဘူးတဲ့!!!!! ရေခဲမြစ်က လူတွေရေ အထင်မလွဲကြပါနဲ့တော့!!!!! }

{ရေခဲပြင်စနစ်အတွက် ရေတပ်ဗိုလ်ချုပ်ကျောင်းက ဗိုလ်ချုပ်ကြီးကို ကုပေးဖို့လာခဲ့တာပဲ.....ရေတပ်ဗိုလ်ချုပ်ကျောင်းအတွက် တစ်ချိန်လုံး ခက်ခဲတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေမှာ.... }

{ရေခဲမြစ် အတွက် ဗိုလ်ချုပ်ကျောင်းက အရာအားလုံးပေးဆပ်ခဲ့တဲ့သူရဲကောင်းတစ်ယောက်ပဲ.......ဒီပွဲက ငါတို့ဗိုလ်ချုပ်ကြီးအတွက် အရမ်းကိုပြီးပြည့်စုံတဲ့ပွဲပဲ.....ဒါက ဘယ်လို နတ်သမီးရဲ့ခင်ပွန်းလဲ....}

ကျောင်းမြန်က စီဆဲလ်ကို ကြည့်လိုက်ချိန်တွင် သူ့နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကိုခံစားလိုက်ရသည်။  

အဲဒီစာထဲမှာပါသောအကြောင်းအရာက အခွန်ဆောင်ပေးဆောင်ခြင်းစာချုပ်ဖြစ်သည်။

ကျောင်းမြန်သည် ဤစာချုပ်ကိုမြင်လိုက်ချိန်တွင် စီဆဲလ်၏ရည်ရွယ်ချက်ကို သူနားလည်ခဲ့သည်။

စာရွက်က ပေါ့ပါးနေသော်လည်း ပေးသည့်စိတ်ရင်းက လေးလံနေသည်။

ကျောင်းမြန်သည် စီဆဲလ်က သူ့ကို မကြိုက်နိုင်မှန်း သိနေသည်။ နေ့တိုင်း ဒီလို ပရောပရီလုပ်နေသည်မှာ စီဆဲလ်၏စရိုက်ကြောင့်သာဖြစ်သည်။

ကျောင်းမြန်သည် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရန် ကြိုးစားသည့်အခါတိုင်း သူ့စိတ်ထဲတွင် စည်းတစ်ခုခြားထားလေ့ရှိသည်။ စီဆဲလ်သည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ 

အပြင်ဘက်တွင်နွေးထွေးပြီး အတွင်းဘက်တွင် အေးစက်နေလေသည်။ 

လောလောဆယ်တွင် သူတို့ကြား၌ ချစ်ခြင်းမေတ္တာမရှိပေမယ့်လည်း အခြားအရာတစ်ခုခု ရှိကောင်းရှိနိုင်ပါလိမ့်မည်။ 

ထိုအရာအား ရှင်းရှင်းလင်းလင်းမသိသော်လည်း လွင့်မျောနေတဲ့ နှလုံးသားလေးအား အေးချမ်းသွားအောင်ပြုလုပ်နိုင်စွမ်းရှိသည်။ 

ကျောင်းမြန်က ပြုံးပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ကာ ကြေညာလိုက်သည်။
"အခုချိန်ကစပြီး ရေခဲမြစ်စနစ်နဲ့ အဖွဲ့ချုပ်ဟာ အချင်းချင်း ရိုင်းပင်းကူညီပြီး အကျိုးပြုကြရအောင်....."

လေးနှစ်ကျော်ကြာ လွန်ဆွဲပြီးနောက်တွင် နှစ်ဖက်စစ်တပ်မှာ စည်းလုံးညီညွတ်လာခဲ့သည်။

အဲ့ဒီနေ့တွင် စတားကွန်ရက်တွင်လည်း လှပနေလေသည်။ 

#စစ်တပ်နှစ်ခု ပေါင်းစပ်လိုက်လေပြီ.....။

#ဒီလင်လင် နှစ်ယောက်သည် စိတ်တူကိုယ်တူဖြစ်သောကြောင့် သူတို့၏အကျိုးအမြတ်သည် ရွှေကိုတောင် ချိုးဖျက်စေနိုင်သည်.....။

#တခြားအချိန်နှင့်နေရာတွေမှာ သူ့အတွက် ပြီးပြည့်စုံသော ကောင်းချီးများဖြင့်ပြည့်နှက်နေသည် 

ပင်မစာမျက်နှာတွင် ကျောင်းမြန်နှင့် စီဆဲလ် တို့၏ ဓာတ်ပုံများဖြင့် ပြည့်နေသည်။

အထင်ရှားဆုံးပုံကတော့ စားသောက်ဆိုင်၏မထင်ရှားသော ထောင့်တစ်နေရာတွင်ထိုင်နေပြီး စားပွဲပေါ်တွင် စားစရာများ ပြည့်နေပေမယ့် နှစ်ယောက်သား ပွေ့ဖက်နေကြလေသည်။

ကျောင်းမြန်သည် စီဆဲလ်၏ခါးကို လက်နှစ်ဖက်ဖြင့် ဖက်ထားပြီး စီဆဲလ်သည် ကျောင်းမြန် ကို ပြုတ်ကျခြင်းမှ ကာကွယ်ရန် ပွေ့ဖက်ထားသည်။

သူတို့၏နောက်တွင် ကြမ်းပြင်မှ မျက်နှာကြက်ထိကြီးမားသော ပြတင်းပေါက်တစ်ခုရှိသည်။သူတို့ နှစ်ယောက်သည် အလင်းရောင်ကို ဆန့်ကျင်ကာ ဖက်ထားကြသည်။ တစ်စုံတစ်ယောက်သည် ဤဓာတ်ပုံတွင် အလင်းရောင် အပျော့စားလေး ထပ်ထည့်ထားလေသည်။ စိတ်ကူးယဉ်ဆန်သော သို့မဟုတ် မိန်းကလေးဆန်သော ဆက်ဆံမှုမျိုး မရှိသည့် အရိုးရှင်းဆုံး ပွေ့ဖက်ခြင်းသာ ဖြစ်သည်။

အစည်းအဝေး အောင်မြင်စွာပြီးဆုံးပြီးနောက် ညမိုးချုပ်သောအချိန်တွင် စီဆဲလ်နှင့် ကျောင်းမြန် တို့သည် မင်္ဂလာသစ်ပင်ဆီသို့ သွားကြလေသည်။

မင်္ဂလာသစ်ပင်သည် ကောင်းကင်ထိမြင့်မားသော အကိုင်းအခက်အရွက်များဖြင့် လွှမ်းခြုံထားသည့် မြင့်မားသော အပင်အိုကြီးတစ်ပင်ဖြစ်သည်။

သစ်ပင်ထိပ်တွင် ကန့်လန့်ကာများနှင့် မီးပုံးများဖြင့် ပြည့်နေပြီး အမှောင်ညတွင် ရောင်စုံမီးများက တဖျပ်ဖျပ်ခတ်နေလေသည်။ထို အလှတရားသည် ထင်ယောင်ထင်မှားဖြစ်ကာ အမြင်မှားနေခြင်းမျိုးမဟုတ်ပေ။

ကျောင်းမြန်သည် မှတ်တမ်းရုပ်ရှင်ကိုကြည့်ခဲ့ဖူးသောကြောင့် ရှေးခေတ်မြေကြီးပေါ်တွင် သစ်တောများစွာရှိသည်ကို သိထားပြီးဖြစ်သော်လည်း ယခုလို သစ်ပင်ကြီးတစ်ပင်ကို မဆိုထားနှင့် သစ်တောငယ်တစ်ခုကို ရှာဖွေရန်မှာ မလွယ်ကူတော့ပေ။

ဒါသည် တကယ့်ကို အံ့ဖွယ်တစ်ခုဖြစ်သည်။ 

မဟုတ်လျှင်လည်း .....အိမ်ထောင်ရေး၏ သက်သေသင်္ကေတအဖြစ် မှတ်ယူလို့ ရနိုင်မည် မဟုတ်ပေ။ 

စီဆဲလ်သည် ကျောင်းမြန်ကို ဦးဆောင်ပြီး နှစ်ဦးသား ကင်မရာများကိုဖြတ်၍ စင်ရှေ့ရှိ တူရိယာဆီသို့ လှမ်းတက်လိုက်ကြသည်။

"ကိုယ်တို့ ရောက်ပြီ"

သစ်ပင်အိုကြီးရှေ့မှာ ရပ်လိုက်ကြပြီး နှစ်ယောက်သား ဦးညွှတ်ကာ တူရိယာနဲ့ စာအုပ်ပေါ်တွင် သူတို့၏ နာမည်များကို ရေးမှတ်လိုက်ကြသည်။

အစည်းအဝေးပွဲမှ ထွက်လာသူအချို့နှင့် သတင်းကြား၍ လာရောက်သည့် ပရိသတ်များ ရှေ့မှောက်တွင်.......

ကြယ်များအားလုံး၏ သက်သေတွေအရ သူတို့နှစ်ယောက်သည် တရားဝင် ခင်ပွန်းတွေ ဖြစ်လာကြပါသည်။

"ဂုဏ်ယူပါတယ် ရေတပ်ဗိုလ်ချုပ်ကြီး ......ဂုဏ်ယူပါတယ် မဒမ်.......ဒီထက်ပိုပြီး ချစ်ဖို့ကောင်းပြီး ထာဝရပျော်ရွှင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်!"

နံဘေးက သာသနာ့ဝန်ထမ်းက ပြုံးလိုက်ပြီး ဆုတောင်းပေးလေသည်။
“နတ်သစ်ပင်က မင်းတို့ကို ကောင်းချီးပေးပါလိမ့်မယ်”

ကျောင်းမြန်သည် ခမ်းနားလှပသော မီးခွက်ပေါ်မှတဆင့် သူ့ဘေးနားတွင် ရပ်နေသောစီဆဲလ်ကို ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးလိုက်သည်။ 

"ကျေးဇူးတင်ပါတယ်..."

ပရိသတ်များ၏ အားပေးသံနှင့်အတူ စတားကွန်ရက်ပေါ်တွင်လည်း ကောင်းချီးများနှင့်ပြည့်နှက်နေသည်။

လူတိုင်း လူတိုင်း ပျော်ရွှင်နေကြလေသည်။

လင်းဇီဝေ့သည် ထိုများထဲမှ ချွင်းချက်တစ်ယောက်ဖြစ်သည်။

"ခလွမ်း.....!"

လင်းဇီဝေ့သည် နီရဲနေသောမျက်လုံးများဖြင့် သူမ၏စားပွဲပေါ်ရှိ အလှပြင်ပစ္စည်းများကို မြေပြင်ပေါ်သို့ လက်ဖြင့်တိုက်ချလိုက်လေသည်။ 

မြေပြင်ပေါ်တွင် ကွဲကြေနေသော ဖန်ကွဲစများနှင့် အရည်များဖြင့် ပြည့်နေတော့သည်။

ဘေးတွင်ရှိနေသော လက်ထောက်ကလေးသည် မျက်လုံးများနီရဲကာ ပြောလိုက်လေသည်။

"အစ်မဝေ့... ဘာမှမစား၊မသောက်တာ ၂ရက်တောင်ရှိနေပြီ ဒီလိုဆို ကြာလာရင် အစ်မမျက်နှာနဲ့ ခန္ဓာကိုယ်ကို ထိခိုက်လိမ့်မယ်.."

လင်းဇီဝေ့ကဒေါသတကြီးဖြင့် ပြောလိုက်သည်။
"အခုချိန်ထိ ငါ့မျက်နှာကို ဂရုစိုက်နေတုန်းပဲလား....? X ရဲ့ ကြော်ငြာကို ရုတ်သိမ်းပြီး M ရဲ့ ဇာတ်ညွှန်းကိုလည်း တစ်ခြားသူနဲ့ အစားထိုးပြီးသွားပြီ......ငါကပြီးသွားပြီ.... နားလည်ရဲ့လား?"

လင်းဇီဝေ့သည် မကျေမနပ်ဖြစ်ကာ ဒေါသထွက်နေသည်။

ဒါတွေ..အားလုံးက ကျောင်းမြန် ကြောင့်ပဲ.... ဟုတ်တယ်....... သူမကို ထိခိုက်အောင် ကျောင်းမြန်လုပ်တာ......

“ဒါက ခဏပါပဲ…” 

လက်ထောက်ကလေးက တုန်ယင်နေသော အသံဖြင့် ပြောသည်။
"ဒီလိုမျိုးက အမြဲဖြစ်နေမှာမဟုတ်ပါဘူး...." 

"ထွက်သွား.....!!!" 

လင်းဇီဝေ့သည် ဘေးမှဖန်ခွက်ကိုယူကာ လက်ထောက်အား ကောက်ပေါက်လိုက်သည်။ 

လက်ထောက်သည် လန့်ဖျပ်သွားပြီး မျက်လုံးများမှေးကျဥ်း၍ ရှောင်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ လင်းဇီဝေ့ကို လျစ်လျူရှုကာ လှည့်ထွက်သွားသည်။

"နင်ပြန်လာရဲတယ်......!" 
လင်းဇီဝေ့သည် ဒေါသတကြီးဖြင့် ပိတ်ထားသော တံခါးကို ကြည့်လိုက်သည်။

"ဟုတ်တယ်....."

တံခါးသည် ညင်သာစွာ တွန်းဖွင့်ခံလိုက်ရသည်။ 

လင်းဇီဝေ့က သူမလက်ထောက်က ပြန်လာပြီး ကျိန်ဆဲတော့မယ်လို့ ထင်လိုက်သောကြောင့် လှည့်ကြည့်လိုက်ရာ သူမသည် အသံက လည်ချောင်းထဲမှာ နစ်ဝင်နေပြီး ထွက်မလာတော့ပေ။

အခန်းထဲသို့ အနက်ရောင် ဝတ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦး ဝင်လာသည်။ အနက်ရောင်အဝတ်စသည် သူ့ခန္ဓာကိုယ်နှင့် မျက်နှာကို ဖုံးအုပ်ထားသောကြောင့် ယောက်ျား မိန်းမဟူ၍ပင် သဲကွဲစွာမမြင်နိုင်ဘဲ ကောက်ကျစ်စဥ်းလဲသည့် နီရဲနေသော မျက်လုံးတစ်စုံသာ ပေါ်လွင်နေသည်။

"ရှင်ကဘယ်သူလဲ..?" 
လင်းဇီဝေ့သည် ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ထိုအနက်ရောင်ဝတ်ဆင်ထားသော လူတွင် ငရဲမှလာသောသရဲတစ္ဆေတစ်ကောင်ကဲ့သို့ အရှိန်အဝါမျိုးရှိနေပြီး အလွန်ထူးဆန်းလွန်းသည်။ 

အနက်ရောင်ဝတ်လူက ပြုံးလိုက်ပြီး သူ့အသံက အက်ကွဲကြမ်းရှနေသည်။ 

လင်းဇီဝေ့သည် သူ့လက်ကို ဆန့်တန်းပြလိုက်သည်ကို မြင်လိုက်ရချိန်တွင်.........

လင်းဇီဝေ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ 

အနက်ရောင်ဖြင့် အမျိုးသား၏ လက်ဖဝါးပေါ်ရှိတက်တူးသည် ... ဒါက....... အရင်တုန်းက Dark Phoenix မဟုတ်ဘူးလား.......

အနက်ရောင်ဝတ်လူက ပြောလိုက်သည်မှာ.....
"ငါ ဒီကို မင်းကို ကူညီဖို့လာတာ" 

________________________________________