Chapter 24
Viewers 7k

Chapter -24

( ကျောင်းမြန် ဆီသို့)

စီဆဲလ်နှင့် ကျောင်းမြန်သည် လက်ထပ်မှတ်ပုံတင်ကိုရရှိပြီးနောက်တွင်လည်း များစွာပြောင်းလဲ ခြင်းမရှိခဲ့ပေ။

သို့သော်လည်း ဌာနနှစ်ခုသည် ပူးပေါင်းဆောင်ရွက်မှုသာရှိသေးသောကြောင့် စီဆဲလ်နှင့် ကျောင်းမြန် တို့သည် အခွန်ဆိုင်ရာကိစ္စရပ်များနှင့် စိုက်ပျိုးခြင်း၊ သယံဇာတနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိစ္စများအား ရေခဲမြစ် အစိုးရနှင့် လူကိုယ်တိုင် ညှိနှိုင်းရန်လိုအပ်ပါသည်။ 

ထို့ကြောင့် သူတို့နှစ်ဦးသည် သူတို့၏ လက်မှတ်များရရှိပြီးနောက် နောက်တစ်နေ့တွင် ရေခဲမြစ် စနစ်သို့ အပြေးအလွှား သွားခဲ့ကြသည်။

လေယာဉ်ထဲတွင် ကျောင်းမြန်က အချက် အလက်တွေကို ကြည့်ရင်း ပြောလိုက်သည်။ 
“ရေခဲမြစ်ရဲ့ တော်ဝင်မိသားစုက ကောင်းကင်ကို လက်ဝါးကြီးအုပ်ထားပေမယ့် လုပ်ငန်းအားလုံးကိုတော့ မလွှမ်းမိုးနိုင်သေးဘူး ပုံမှန်ဆိုရင်တော့ မာရှယ် ခရစ် က ပြည်တွင်းမှာ တရားဝင်တာဝန်ယူထားရပြီးတော့ တော်ဝင်မိသားစုက သူနဲ့ လွန်ဆွဲနေတာလေ..."

အခြေခံအားဖြင့်၊ ရေခဲမြစ်၏ အုပ်ချုပ်မှုကို သုံးပိုင်းခွဲထားသည်။ အစိုးရရေးရာများကို တော်ဝင်ပါတီနှင့် မာရှယ်ခရစ် ပါတီတို့က ချုပ်ကိုင်ထားကြပြီး ကျောင်းမြန်၏ပါတီသည် ပြင်ပရန်ကို ကာကွယ်ရန်အတွက် အဓိကဖြစ်သည်။ အတိအကျပြောရသော် မြို့တော်တွင် ဗဟိုအာဏာမရှိသော ကျောင်းမိသားစုသည် တော်ဝင်မိသားစုထံမှ အခွင့်ကောင်းယူခြင်း ခံရသည်မှာ အတိအကျပင်ဖြစ်သည်။

"ခရစ် နဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ။" 

စီဆဲလ်ကလည်း အချက်အလက်တွေကို ကြည့်နေရင်းမှ မေးလိုက်သည်။

"ကောင်းတယ်လို့ပြောလို့ရတယ်.... သူက ပြည်တွင်းပြည်ပက မြို့တော်ကိစ္စတွေမှာ တာဝန်ယူရတယ် အခု ရေခဲမြစ်အင်ပါယာကြီး ပြိုလဲမသွားသေးတဲ့အတွက် သူနဲ့ သူ့မိသားစုက စစ်တပ်ကို ကြီးကြီးမားမား ပံ့ပိုးပေးခဲ့တယ်လို့ ယူဆလို့ရတယ်။" 

ကျောင်းမြန် က ခေါင်းယမ်းပြီး ဆက်ပြောသည်။
"သူ့ကောင်လေးကလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဖမ်းခံခဲ့ရတာပဲ၊ တော်ဝင်မိသားစုရဲ့ ထိန်းချုပ်မှုကို ခံရပြီးနောက်မှာ သူတစ်ယောက်တည်း နေခဲ့တယ်"

စီဆဲလ်က သူ့မေးစေ့ကို ကိုင်လိုက်ပြီး ကျောင်းမြန်ကို အေးစက်စွာကြည့်လိုက်သည်။

ရည်းစား... အထဲမှာတစ်ယောက်.....အပြင်မှာ တစ်ယောက်ပေါ့လေ.......

စီဆဲလ်က မျက်ခုံးပင့်လိုက်ပြီး ပြော၏။
"အိုး.....အဲဒါက အရမ်းကြည့်လို့ကောင်းပါတယ်..."

ကျောင်းမြန်သည် စီဆဲလ်ကို သံသယဖြင့် လှည့်ကြည့်လိုက်သည်။

"အဲဒါကောင်းတယ်လေ...."

မဟုတ်သေးပါဘူး......တကယ်ကောင်းတာလား။

အဲ့ဒါဆို ခင်ဗျား..ဘာလို့ နှစ်ခါပြန်ပြောနေတာလဲ....?

စီဆဲလ်က ခပ်ဖွဖွရယ်ရင်းပြောသည်။
"ကောင်းပြီ.....ကောင်းပြီ.... ဒီကိစ္စလုပ်နေတဲ့အချိန်မှာ မင်းရဲ့အစ်ကိုခရစ်ကိုလည်း မင်းကို ကူညီခွင့်ပေးလို့ရတယ်" 

ဤတစ်ကြိမ်တွင် စီဆဲလ်နှင့်ကျောင်းမြန် တို့သည် စီဆဲလ်နှင် ရေခဲမြစ်အစိုးရ တို့၏ ဌာနနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန်အတွက်သာမက ကျောင်းမြန်နှင့် သူ၏စစ်တပ်ကို ကိုင်တွယ်ရန်အတွက်လည်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကျောင်းမြန်နှင့် စီဆဲလ် တို့သည် လက်ထပ်လိုက် ကြသော်လည်း ၎င်းတို့၏ စစ်အင်အားသည် ၎င်းတို့၏ သက်ဆိုင်ရာ ဂြိုလ်များထံတွင် ဆက်လက်တည်ရှိနေသေးသည်။ 

အနာဂတ်တွင် ကျောင်းမြန်သည် အများကြီး ပြေးလွှားနေရဦးမည်ဖြစ်သည်။ 

သူသည် သူ၏အိမ်ထောင်ရေးကြောင့် အဖွဲ့ချုပ်တွင်နေထိုင်နေသော်လည်း၊ ရေခဲမြစ်ရှိ စစ်တပ်စခန်းနှင့် ရှေ့တန်းစခန်းများသို့လည်း ပြန်သွားရမည်ဖြစ်သည်။

ဒါပေမယ့် ဤအရာများက ထင်ရှားသော အကြောင်းပြချက် တွေသာဖြစ်သည်။

ကျောင်းမြန်နှင့် စီဆဲလ်တို့သည် ယခုရောက်ရှိနေကြပြီဖြစ်ပြီး သူတို့တွင် ထုတ်ဖော်မပြသော ရည်ရွယ်ချက်တစ်ခုရှိနေသေးသည်။

စီဆဲလ်၏ အမှတ်၁၂ တပ်ဖွဲ့သည် အထောက်အထားများကို ခြေရာခံပြီး အရောင်းကိုယ်စားလှယ်တစ်ဦးကို ဖမ်းဆီးခဲ့သည်။ 

ရေခဲမြစ်တော်ဝင်မိသားစုသည် ဇာစ့်တို့နှင့် ပူးပေါင်းခဲ့ပြီး အနီရောင် Luoluo အဆိပ်ကို ပင်လယ်ဓားပြများမှတစ်ဆင့် ရောင်းချခဲ့သည်။ 

အမှတ် ၁၂ တပ်ဖွဲ့သည် ပင်လယ်ဓားပြသင်္ဘောမှ ချိတ်ဆက်ကိရိယာကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ချိတ်ဆက်သူကို အဖွဲ့ချုပ်က ချေမှုန်းခဲ့ပြီး အဖွဲ့ချုပ်က သူ့ကို တော်ဝင်မိသားစုမှ ဆွဲထုတ်ရန် ရည်ရွယ်ထားပါသည်။

ထို့နောက် လေယာဉ်သည် အကောက်ခွန်ရုံးကို ဖြတ်ကျော်ကာ ရှည်လျားသော တံတားပေါ်သို့ ရောက်ရှိလာသည်။ 

ကျောင်းမြန်သည် ပြတင်းပေါက်မှတဆင့် စနစ်နှစ်ခုကို ဆက်သွယ်ထားသည့် မှန်တံတားလမ်းကို ကြည့်လိုက်ရာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

"ဒီတံတားပြီးသွားပြီပဲ......"

"ခြောက်နှစ်" 

စီဆဲလ်က သူ့လက်နှစ်ဖက်ကို ဖြန့်ပြီး ဆို၏။ 
"ဒါမှမဟုတ် ဒီထက်လည်း ပိုကြာနိုင်တယ်" 

ကျောင်းမြန်က ပြုံးပြီး ပြန်ပြောသည်။ "တော်တော်ကြာနေပြီပဲ.. ရေခဲမြစ်စနစ်မှာ ကျွန်တော်သာ မတားဆီးခဲ့ရင် ဒီထက်ပိုမြန်လိမ့်မယ်"

"အားလုံးပြီးတော့ မင်းက တွက်ချက်နေပြန်ပြီ ....ဒါပေမယ့် ...အဲဒါက ပင်လယ်ဓားပြတွေနဲ့ ဇာစ့် တွေရဲ့ ကျူးကျော်မှု ကို အမှန်တကယ် နှောင့်နှေးစေတဲ့အရာပဲ" 
စီဆဲလ်က ခေါင်းယမ်းပြီး ပြောလိုက်သည်။ 

"ဇာစ့် နဲ့ ပင်လယ်ဓားပြတွေ ရောက်လာရင်တော့ ပျက်စီးဆုံးရှုံးမှုက ရိုးရိုးရှင်းရှင်း တွက်လို့မရတော့ဘူး"

၎င်းသည် အင်ဂျင်နီယာပညာသည်သာမက လူ့အသက်လည်းဖြစ်သည်။ နဂါးငွေ့တန်းကိုဖြတ်၍ တံတားများတည်ဆောက်ခြင်းသည် မလွယ်ကူသလို မတော်တဆမှုများလည်း အချိန်မရွေး ဖြစ်သွားနိုင်သည်။

ဒါပေမယ့် ဒီတံတားသည် စီဆဲလ်၏ ရည်မှန်းချက်အတွက် သက်သေတစ်ခုဖြစ်ပြီး သူတို့၏ စနစ်နှစ်ခုဖြစ်သော ရေခဲမြစ် နှင့် ဖက်ဒရေးရှင်း ကို ဆက်သွယ်ထားပြီး ဗုံးတွေနဲ့ တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိသော ခိုင်ခံ့မှုရှိသည့် တံတားလည်း ဖြစ်သည်။

သူနှင့် စီဆဲလ် တို့ကိုလည်း ချိတ်ဆက်ပေးခဲ့သည်။

ကျောင်းမြန် သည် အလွန်ထူးဆန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရပြီး ဒီတံတားဆောက်တုန်းက တားဆီးခြင်းသည် သူ့အတွက် သိမ်မွေ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

"မင်းဘာတွေတွေးနေတာလဲ?"

စီဆဲလ်သည် သူ့မေးစေ့ကို လက်ဖြင့် ထိထားပြီး ကျောင်းမြန်သည် အပြင်ဘက်သို့ အာရုံစိုက်ကြည့်နေသည်။

"အင်း... တွေးကြည့်လိုက်တော့..... အရာအားလုံးက အံ့သြစရာကောင်းတယ်" 

ကျောင်းမြန်က သူ့လက်ကို ပြတင်းပေါက်ကို ညင်သာစွာ ဖိလိုက်ပြီး ပြုံးပြလိုက်သည်။ "နောက်ကျရင် ပိုကောင်းလာပါလိမ့်မယ်"

"နောက်ထပ် အံ့သြဖို့ကောင်းတဲ့ အရာတွေ ရှိသေးတယ်....." 

စီဆဲလ် က သူ့မေးစေ့ကို ထိလိုက်ပြီး ဆက်ပြောသည်။
" အိုင်း....ဒီလိုသာ ဆက်သွားမယ်ဆိုရင် မင်း ကိုယ့်ကို ချစ်သွားမှာတောင် ကြောက်မိတယ်" 

"......"

ကျောင်းမြန်က စီဆဲလ်အား သူ ပန်းတွေနဲ့ ယုန်တွေကို ဘယ်လိုဆင့်ခေါ်မလဲဆိုတာကို မြင်နိုင်ရန် ကြည့်နေလိုက်သည်။
(* အံ့သြဖို့ကောင်းတာရှိတယ်ဆိုလို့ မျက်လှည့်ပြမယ်ထင်လိုက်တာပါ)

"အင်း....." 

စီဆဲလ်သည် သူ့လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းများအပြည့်ပါသော ဖိုင်တွဲတစ်ခုကို ထုတ်ယူလိုက်သည်။ 

စီဆဲလ်က သူ့လက်ထဲက ဖိုင်တွဲကို ခါယမ်းလိုက်ပြီး ပြောလေသည်။

"ဓာတ်လှေကားထဲမှာ ကိုယ်တို့တစ်ခေါက်ပြောဖူးတဲ့ အကြောင်းကို မှတ်မိသေးလား....??ဒီလောက်နွေးထွေးတဲ့ လူအုပ်ကြီးကို မင်းပထမဆုံးကြုံဖူးတာလို့ ပြောခဲ့တယ်လေ ရေခဲမြစ်က လူတွေ မင်းကို ဘယ်လိုထင်လဲဆိုတာ မင်းမသိဘူးလို့လေ..."

"သူတို့က မင်းကို သဘောကျကြမယ်လို့ ငါထင်တယ်၊ ဒါပေမယ့် အဲဒါကို ထုတ်ပြောဖို့ အခွင့်အရေး မရှိခဲ့လို့ မင်း အဲဒီအကြောင်းကို မသိခဲ့ဘူး" 

စီဆဲလ်က ပြုံးပြီး ဆက်ပြောသည်။
"ဒါကြောင့် ကိုယ် သူတို့ကို မေးခိုင်းပြီး မင်းဆီ စာရေးခိုင်းလိုက်တယ်"

ကျောင်းမြန် အံ့အားသင့်သွားသည်။

ဘာရယ်....?

စီဆဲလ်က ဖိုင်တွဲကို ကျောင်းမြန်အား ပေးလိုက်ပြီး ဆို၏။
"ကိုယ့်ဘာသာကိုယ် ကြည့်လိုက်ပါ" 

ကျောင်းမြန်သည် ဖိုင်တွဲကို ကိုင်ထားသော်လည်း အနည်းငယ် ကြောက်ရွံ့နေ၏။

"ဘာကိုကြောက်နေတာလဲ၊ မင်းမှာ ချောမောခန့်ညားတဲ့ ပုခုံးတစ်ဖက်ရှိနေတာကို " 

စီဆဲလ်က သူ့လက်ကိုဖွင့်ပြီး ထပ်ပြောလေသည်။
"ဘာလဲ....မနေ့က ကောင်းကောင်းမဖက်လိုက်ရလို့လား"

စီဆဲလ်၏ အတွေးထဲတွင် တွေးမိသွားသည်မှာ
'အချစ်လေး မင်း ကိုယ့်ကို ဘယ်လောက်တောင် သွေးဆောင်နေမှာလဲ'

ဒီ မြေခွေးလိုလူကတော့......

ကျောင်းမြန်၏ နားရွက်များ အနည်းငယ်နီလာပြီး "မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို မပြောပါနဲ့တော့..."

စီဆဲလ် - "အိုင်း....မနေ့က ဖြစ်ပျက်ခဲ့တာကို ဒီနေ့ မေ့လိုက်တာ ဘောင်းဘီချွတ်ရတာထက်တောင် ပိုမြန်နေတာပဲ..."

ကျောင်းမြန်သည် စီဆဲလ်ကို အာရုံစိုက် မနေတော့ဘဲ စာကိုထုတ်ရန် ဖိုင်တွဲကိုဖွင့်လိုက်သည်။

ရေတပ်ဗိုလ်ချုပ်ကျောင်း ဆီသို့:

-မြို့တော် M ရဲ့ ခရိုင် 3 က ပြည်သူတွေကိုယ်စား ပြောပါတာပါ.....ဗိုလ်ချုပ်ကတော့ ကျွန်တော်တို့ကို မမှတ်မိပေမယ့် ကျွန်တော်တို့ကတော့ ဗိုလ်ချုပ်ကို မှတ်မိနေပါတယ်... အင်ပါယာရဲ့ သက္ကရာဇ် ၃၂၁ခုနှစ်တုန်းက မြို့တော်နဲ့ ဝေးကွာတဲ့ M မြို့ကို တီကောင်ကြယ်တစ်စင်းက တိုက်ခိုက်ခဲ့တယ် အဲ့အချိန်တုန်း ခင်ဗျားက ကျွန်တော်တို့ကို ကာကွယ်ဖို့ စစ်တပ်ကို ပထမဆုံးခေါ်လာခဲ့တာ ... သေနတ်နဲ့ ပစ်ခတ်နေကြရင်း နဲ့ အပြင်မှာ ပုန်းနေတဲ့ ကျန်တဲ့လူတွေရှိနေသေးတာကို မှတ်မိနေသေးတယ်.....

အဲ့ချိန်မှာဘဲ ရေတပ်ဗိုလ်ချုပ်ကျောင်း ကျည်ထိပြီး ဒဏ်ရာအပြင်းအထန်ရတယ်ဆိုတဲ့ သတင်းရတဲ့အချိန်မှာ ကျွန်တော်တို့ ပြီးသွားပြီလို့ပဲထင်ခဲ့ကြတာ ...ဒါပေမယ့် နောက်နေ့ နေထွက်ချိန်မှာ အကုန်ပြီးသွားပြီး ကျွန်တော်တို့ လွတ်မြောက်ခဲ့ကြတယ်..... ဇာစ့်တွေလည်း မောင်းထုတ်ခံခဲ့ရတယ်...တခြားသူတွေနဲ့ လေတပ်စခန်းကို ထွက်လာတဲ့အချိန်မှာ ခင်ဗျားက ဓါးကို တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး သွေးတွေနဲ့ပြည့်နေတဲ့ မြို့ရိုးပေါ်မှာရပ်နေခဲ့တာ.....

ခင်ဗျား ကျွန်တော်တို့အားလုံးကို ကယ်တင်ခဲ့တာ M City ကလူတိုင်း မှတ်မိနေသေးတယ်... တစ်ခုခု မှားသွားတဲ့အခါ ဘယ်သူက အရင်ဆုံး မတ်တပ်ရပ်ခဲ့တယ်ဆိုတာကို လူတိုင်း မှတ်မိနေကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်....


ရေတပ်ဗိုလ်ချုပ်ကျောင်း ဆီသို့ :

- ကျွန်တော်က မြို့တော်မှာ နေထိုင်သူတစ်ယောက်ပါ။ အပြင်မှာဖြစ်နေတဲ့ စစ်ပွဲတွေအကြောင်းကို မသိပါဘူး။ အစီရင်ခံစာတွေကနေတဆင့် စကားလုံးအနည်းငယ်နဲ့ပဲ စိတ်ကူးကြည့်လို့ရတာပါ... ဒါပေမယ့် ဘယ်သူက ကျွန်တော်တို့ကို ကာကွယ်ပေးနေတယ်ဆိုတာ ကျွန်တော်သိတယ်....မြို့တော်ရဲ့ တည်ငြိမ်တဲ့ နေ့ရက်တွေကို စွန့်လွှတ်ပြီး တစ်နှစ်ပတ်လုံး နယ်စပ်မှာ တိုက်ပွဲဝင်ခဲ့တာကိုလည်း ကျွန်တော်သိပါတယ်....အဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်...


ရေတပ်ဗိုလ်ချုပ်ကျောင်း ဆီသို့:

- ခင်ဗျားက ကျွန်တော့် နှလုံးသားထဲကထာဝရသူရဲကောင်းပါ....

ကျောင်းမြန်သည် သူ့လက်ထဲက စာကိုကိုင်ထားရင်း ဘာပြောရမှန်းမသိအောင်ဖြစ်သွားတော့သည်။ 

စီဆဲလ်က ပြောလိုက်သည်။
"ဒီစာတော်တော်များများကို နှစ်ကုန်အစည်း အဝေးမတိုင်ခင်မှာ စုဆောင်းထားခဲ့တာ... အဲဒီတုန်းကတော့ မင်းကိုယ့် ကိုကယ်ဖို့နဲ့ စေ့စပ်ညှိနှိုင်းဖို့ နိုင်ငံကနေတရားမ၀င်ထွက်သွားခဲ့တာကို ကိုယ် ရှင်းမပြနိုင်ခဲ့ဘူး....ဒါပေမယ့် လူတော်တော်များများကတော့ မင်းကိုယုံကြည်ဖို့ရွေးချယ်နေကြတုန်းပဲ.....အခုမင်းကို မယုံတဲ့သူတွေလည်း ရှိမှာပဲ...မင်းက ရန်သူတွေနဲ့ တိုက်ပွဲဝင်နေရတဲ့သူ ကြယ်ပွင့်တစ်ယောက်မဟုတ်ဘူး....အဲ့ဒါကြောင့် မင်းကိုမကြိုက်တဲ့ သူတွေက အမြဲရှိနေလိမ့်မယ်...." 

ယခုအချိန်တွင် ရေခဲမြစ် အင်ပါယာ မှလူများသည် အလွန်တက်ကြွနေကြပြီး အချင်းချင်း တွေ့ဆုံနေကြသည့်တိုင် ရှင်းဟဲ နှင့် နေ့တိုင်း ငြင်းခုံကြပြီး ကျောင်းမြန်၏လုပ်ရပ် မှန်သည် မှားသည်အား ဆက်လက်ဆွေးနွေး နေကြဆဲဖြစ်သည်။ 

မူလက ရေခဲမြစ်စနစ် ၏ကွန်ရက်သည် အလွန် ကန့်သတ်ချက်များသည်ဖြစ်ရာ နှစ်ကုန်ပစည်းအဝေးကို တိုက်ရိုက်ထုတ်လွှင့်ပြီးနောက်တွင် နှစ်နိုင်ငံကြားရှိ အင်တာနက်ကွန်ရက်ကို ဖွင့်လိုက်သောကြောင့် ရေခဲမြစ်ရှိပြည်သူများသည် ဖက်ဒရယ်ပြည်သူများ၏ ဦးဆောင်လမ်းပြမှုနောက် တဖြေးဖြေးပါသွားကြလေသည်။ 

{ ဗိုလ်ချုပ်ကြီးကျောင်း ကို ထောက်ခံပါတယ်..... သူ့ကို ယုံကြည်ပါတယ်... }

{ဗိုလ်ချုပ်ကျောင်းက နှစ်ကုန်ပိုင်းမှာ ရေခဲမြစ် အတွက် အလွန်အမင်း တိုက်ပွဲဝင်ခဲ့ပြီးတော့ လက်ထပ်ရန် သူ့ဆန္ဒအလျောက် လက်ထပ်ဖို့ ထွက်ခွာသွားခဲ့တာ.....ငါ သူ့ကို ထောက်ခံတယ်}

{ဘလာဘလာ !!!!!!ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရန်သူကို လက်နက်ချလိုက်ရတာပဲ.....}

{ကျမ်းစာတွေကို မဖတ်ဖူးဘူးလား..? အကြီးဆုံးမင်းသား သတင်းထောက်တွေရှေ့မှာ ပြောတာတော့ ရေတပ်ဗိုလ်ချုပ်ကျောင်းက ကျောင်းမိသားစုကို ပြန်ခေါ်ဖို့ နိုင်ငံခြားရန်သူတွေဖြစ်တဲ့ စီဆဲလ်နဲ့ ဇာစ်တို့ဆီသွားခဲ့တာတဲ့.... ဘာခံစားချက်မှမရှိပါဘူးတဲ့....}

{ဒါက တော်ဝင်မိသားစုရဲ့ အရမ်းကြာနေပြီဖြစ်တဲ့ ကြေညာချက်ပဲ ပြီးတော့ စစ်တပ်နဲ့ တော်ဝင်မိသားစုက သဘောထားကွဲလွဲနေတာ ငါတို့အသိပဲလေ အဲ့တော့ သူတို့ပြောတာ ယုံလို့ရပါ့မလား....}

သို့သော် သူ့အား ထောက်ခံပေးသူ တစ်ဦးတစ်ယောက်ရှိနေသရွေ့ သူ့တိုက်ပွဲသည် အဓိပ္ပါယ်ရှိလိမ့်မည် ။ 

"ကျောင်းမြန် မင်းလုပ်ခဲ့တာတွေက အသုံးမကျတာတွေ မဟုတ်ဘူး....."

ကျောင်းမြန်သည် စီဆဲလ် အားလှည့်ကြည့်လိုက်ကာ စာ ကိုင်ထားသောလက်သည် အနည်းငယ်တုန်ခါသွားသည်။ 

စီဆဲလ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှေ့ကိုတိုးကာ သူ့ကိုပွေ့ဖက်လိုက်ပြီး ကျောင်းမြန်၏ခေါင်းကို သူ့ရင်ခွင်ထဲတွင်ကပ်ထားကာ 

"ငိုချင်နေပြီလား?"

"မဟုတ်ဘူး" 

ကျောင်းမြန်၏ အသံသည် အက်ရှနေပြီး သူ့နှလုံးသားသည်လည်း ရှုပ်ထွေးနေသည်။ 

"ကျွန်တော်က သူရဲကောင်းမဟုတ်ပါဘူး...ကျွန်တော်က ဗိုလ်ချုပ်တစ်ယောက်ပါပဲ...."

စီဆဲလ်၏ရင်ခွင်သည် နွေးထွေးပြီး အလွန်သန်မာသည်။ကျောင်းမြန်သည် ထိုလူ၏လက်များက သူ့အားရစ်ပတ်ထားသောကြောင့် ပြင်းထန်သောနှလုံးခုန်သံကို သူကြားနေရသည်။

စီဆဲလ်သည် ကျောင်းမြန်၏ ပခုံးကို မချင့်မရဲဖြင့် ပုတ်လိုက်သည်။

သူတို့အားလုံးသည် ဗိုလ်ချုပ်များဖြစ်ကြသောကြောင့် ကျောင်းမြန်ခံစားနေရတာကို သူနားလည်နိုင်သည်။

ဗိုလ်ချုပ်ကြီးတစ်ဦး၏ တာဝန်မှာ စစ်သားများနှင့် ပြည်သူများကို စိတ်ကျေနပ်စေရန်မဟုတ်ဘဲ လူတိုင်းကို ဘေးကင်းစွာ နေအိမ်သို့ ပြန်လာနိုင်စေရန် ဖြစ်သည်။

ကျောင်းမြန်က ဘာကိုမှ ပြန်မပေးနိုင်ပေမယ့် ဒီစာတွေကို မြင်လိုက်ရချိန်တွင် သူ့ရင်ထဲမှာ ဖော်ပြလို့မရနိုင်သော ခံစားချက်တစ်ခု ကို ခံစားလိုက်ရသည်။

တကယ်တော့ လူတွေက အပင်တွေမဟုတ်ပါဘူး.......။

_______________________________________