Chapter 32
Viewers 13k

🌌 Chapter 32



လိုဏ်ခေါင်းထဲတွင် စိုစွတ်ပြီး အနံ့ဆိုးထွက်နေသော်လည်း သွေးအနံ့က ပိုပြင်းထန်၏။ သွေးနံ့က လင်းခန္ဓာကိုယ်က ထွက်လာသည်နှင့် မတူဘဲ ၎င်းက နံစော်နေပြီး သူ့ကို အလွန်စိတ်မသက်မသာ ဖြစ်စေ၏။ လုမော့ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။


မြွေလိမ်မြွေကောက်ရှိသော စင်္ကြန်လမ်းအတိုင်း လျှောက်သွားပြီးနောက် ထောင့်တစ်နေရာတွင် အခန်းငယ်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ မီးရောင်မှိန်မှိန်က အခန်း၏ ကောက်ကြောင်းကို ပေါ်လွင်စေ၏။ လုမော့အတွင်းမှ အရာများကို မြင်ပြီးနောက်တွင် သူ့သူငယ်အိမ်များ ကျုံ့သွား၏။


ဒဏ်ရာများ ဖုံးလွှမ်းနေသော အရပ်ရှည်ရှည် အမျိုးသမီးဇာ့ဂ်တစ်ဦးက မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ လက်နှစ်ဖက်ကို ထူထဲသော လက်ထိပ်များဖြင့် တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထား၏။ သူက သန်မာသောခြင်္သေ့နှင့်တူသော်လည်း ယခုအခါ အသက်ရှုနိုင်ရုံသာ ရှိတော့သည်။ သူ့ဒဏ်ရာများက ထူးဆန်းသော ဆေးများနှင့် လိမ်းထားသည်ဟု ထင်ရပြီး သူ့ဘာသာသူ ပျောက်ကင်းအောင် မကုသနိုင်ခဲ့ချေ။ အခုပင် ဒဏ်ရာများက သွေးများ စိမ့်ထွက်နေ၏။ စိတ်ဆန္ဒပြင်းပြမှုကြောင့်သာ သူလုံးလုံးမသေသေးခြင်းဖြစ်သည်။ သူက အသက်ကို ခက်ခက်ခဲခဲရှုနေရပြီး အသက်ရှင်သန်ရန် နာကျင်မှုများနှင့် ရုန်းကန်နေ၏။


"ကျွန်တော် အားလုံးကို ရယ်အောင် လုပ်လိုက်မိပြီ..."

ကျင့်ချီက နေရခက်စွာ ပြုံးလိုက်၏။

"ဒါက ကျွန်တော့်ရဲ့ အကျဉ်းသားအမျိုးသမီးကျွန်ပဲ...သူစကားနားမထောင်လို့ သူကို သင်ခန်းစာ ပေးထားတာ...ကျွန်တော် သူ့ကို လက်ဆောင်အနေနဲ့ ပေးပါရစေ...နှစ်ရာနဲ့ချီ ဒီမိသားစုမှာ အရည်အချင်းအရှိဆုံး အမျိုးသမီးဇာ့ဂ်လို့ သူ့ကို ပြောခဲ့ကြတာ...မထင်မှတ်ဘဲ သူ့ မိသားစုအတွက် ရုန်းကန်ရင်း ကျရှုံးခဲ့ပြီး အရောင်းစားခံလိုက်ရတာ...ကျွန်တော် သူ့ကို မှောင်ခို ဈေးကွက်ကနေ ဒင်္ဂါးတစ်ရာနဲ့ ဝယ်ခဲ့တာ...” 


"စျေးပေါပါတယ်... ကျွန်တော်ထင်တာတော့ သူ မကြာခင် သေတော့မှာ...” 


ပြောပြီးသည်နှင့် သူက လုမေ့ာမျက်နှာသေတွင် အက်ကွဲကြောင်းတစ်ခု ‌ပေါ်လိုပေါ်ငြား ချက်ချင်းကြည့်လိုက်၏။ 

လာလေ...ငါ့ကို ပေးကြည့်ဦး...မင်း ဘယ်လိုဖြေရှင်းမလဲဆိုတာ...


ကျင့်ချီ၏အကြည့်အောက်တွင် အမျိုးသားဇာ့ဂ်၏ တင်းမာသောမျက်နှာက အနည်းငယ်မျှ လှုပ်ရှားမှုကို မပြသခဲ့ပေ။ သူက အမျိုးသားဇာ့ဂ်အားလုံးလိုပင် အလွန်တရာ အေးတိအေးစက်နိုင်၏။  


သူက ပြောလိုက်၏။

 â€œá€œá€°á€€á€źá€Žá€¸á€™á€„်း...မင်းက တကယ်မိုက်မဲတာပဲ...”


လုမော့က အခန်းကျဉ်းလေးထဲသို့ တည့်တည့်ဖြတ်သွားသည်ကို တွေ့လိုက်ရ၍ ကျင့်ချီ ထိတ်လန့်သွား၏။ အနုစိတ်ထားသည့် ဘွတ်ဖိနပ်စီးထားသော ခြေထောက်များက အမျိုးသမီးဇာ့ဂ်၏ ပခုံးကို ဂရုတစိုက် ကန်လိုက်၏။

"အသက်ရှင်ချင်လား..."


အမျိုးသမီးဇာ့ဂ်၏ အသိစိတ်က ဝေဝါးလုနီးပါးဖြစ်နေသည်။ သူက မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေပြီး လုမော့က မြင့်မြတ်သော ဧကရာဇ်မင်းတစ်ပါးကဲ့သို့ သူ့ကို ငုံ့ကြည့်နေသည်။

"ဒီအချိန်ကစပြီး ငါ့အပေါ် သစ္စာရှိရှိနဲ့ အလုပ်အကျွေးပြုစမ်း...ငါ့ဆန္ဒက မင်းရဲ့ ဦးတည်ချက်ဖြစ်ပြီး မင်းဘဝရဲ့ အဓိပ္ပာယ်က ငါပဲ..."


"ဘယ်လိုလဲ…"


"..."


အခန်းက အလွန်တိတ်ဆိတ်နေပြီး အမျိုးသမီး၏ အသက်ရှုသံကို ရှင်းရှင်းလင်းလင်းပင် ကြားနေရ၏။ သူ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ရှိသမျှ အားသုံး၍ လုမော့၏ ကုတ်အင်္ကျီကို ဖမ်းဆုပ်လိုက်ကာ အလွန်အားနည်းနေသောအသံဖြင့် ပြောလိုက်၏။

"ဟုတ်ကဲ့ပါ...သခင်..."


ကျင့်ချီက အရာအားလုံးကို မှင်သက်စွာ စိုက်ကြည့်နေသည်။ လုမော့၏ ပါးစပ်ထောင့်လေး နည်းနည်းချင်း ကော့တက်လာသည်ကို တွေ့လိုက်ရသောအခါ သူ အံ့အားသင့်သွားသည်။ ၎င်းက သူစိတ်ကူးထားခြင်းနှင့် လုံးဝမတူဘဲ နူးညံ့သိမ်မွေ့မှု၊ ကရုဏာရှိမှု၊ ကြင်နာမှုတို့ လုံးဝမရှိခဲ့ပေ။ လုမော့က အေးစက်ပြီး ရက်စက်သည့်အပြင် သူ့လုပ်ရပ်အားလုံးက လေးစားခံဇာ့ဂ် အများစုကို  ကိုယ်စားပြုသည်။


အောင်နိုင်ခြင်း...


"အရမ်းတော်တယ်..."

လုမော့ ပြောလိုက်၏။

"မင်း ပြန်ကောင်းလာတဲ့အခါ ငါမင်းနဲ့ စာချုပ်ချုပ်မယ်... မင်းအရမ်းတော်နေသရွေ့ မင်းက ပုံမှန်အတိုင်း ငါ့အိမ်တော်ထိန်းဖြစ်ထိုက်တယ်..."


"ဟုတ်ကဲ့ပါ...သခင့်ရဲ့ချီးမြှင့်မှုအတွက် ကျေးဇူးတင်ပါတယ်..."


ကျင့်ချီ ထိတ်လန့်တုန်လှုပ်ခြင်းမှ မလွတ်မြောက်မီ လုမော့က အင်္ကျီအစွန်းကို အမျိုးသမီးဇာ့ဂ်ထံမှ တုံ့ဆိုင်းခြင်းမရှိ ဖယ်ရှားလိုက်ပြီး ကျင့်ချီဆီသို့ လျှောက်သွားခဲ့သည်။ ကျင့်ချီက မသိလိုက် ယမသိဘာသာ နောက်သို့ ဆုတ်သွား၏။


“လူကြီးမင်း...ငါက ဒီကို အရိပ်အဖွဲ့အစည်းတစ်ခုနဲ့ လာခဲ့တာပါ… မင်း သူ့ကို ပုံသွင်းပြီး သင်ပေးလို့ရမလား...”


ကျင့်ချီ: "ဒါက..."


လုမော့က အနည်းငယ် ပြုံးလိုက်၏။

"မင်းရဲ့ အရမ်းကောင်းတဲ့ အိမ်တော်ထိန်းကို ညှိပြီး သင်ပေးရအောင်...ဘယ်လိုလဲ..."


ကျင့်ချီက ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်၏။

 "ဒါ...ဒါက...”


သူ့စိတ်များ အလွန်ရှုပ်ထွေးသွား၏။ အိမ်တော်ထိန်းနှင့် ပတ်သတ်ပြီး ဘာမှားနေသည်ကို လုမော့က ရှင်းရှင်းလင်းလင်းသိနေပြီး သူ၏ ကိုယ်ပိုင်ထောင်ခြောက်ကိုလည်း မြင်ခဲ့၏။  

လုမော့က ဘာလို့ဒီလိုလုပ်နေတာလဲ...ငါ အားလုံးကို ပုံမဖော်တတ်တော့ဘူး...


ထပ်ပေါင်းရရင် သူက ဟိုသခင်ကြီးကို စစ်ကြေညာတာ ဖြစ်နိုင်လား...


ဤလုပ်ရပ်မျိုးက ထိုလူအား ဤသို့ပြောနေခြင်းဖြစ်၏။

“မင်း ဘယ်လိုလှည့်ကွက်မဆို ကစားချင်သေးရင် လာလေ...”


အမှန်တကယ် ယုံကြည်မှုရှိသည့် အမျိုးသားဇာ့ဂ်တစ်ဦးသာလျှင် ထိုကဲ့သို့သော တည်ငြိမ်သော စိတ်ထားမျိုး ရှိလိမ့်မည်။ ဤအခိုက်အတန့်၌ ကျင့်ချီ၏ နှလုံးသားထဲရှိ မလိုလားမှုက လုံးဝပျောက်ကွယ်သွားခဲ့သည်။ လုမော့ထံ သူ့သွေးဆောင်မှုအားလုံးက အချည်းနှီးသာဖြစ်၏။ လုမော့က လုံးဝအားနည်းချက်မရှိ အောင်ပွဲခံခဲ့၏။


လုမော့က သူ စကားပြောလာရန် မစောင့်တော့ဘဲ လျင်မြန်စွာ ပြောလိုက်၏။

"ဆုံးဖြတ်လိုက်ပြီးနော်...ငါ့ကို သည်းခံပေးပါဦး..."


စကားပြောပြီးနောက် သူက လင်းကို ဂုဏ်ယူစွာ ကြည့်လိုက်၏။

"ချစ်မိန်းမရေ မင်းရဲ့ အရှင်သခင်က တော်တော် အရည်အချင်းရှိပုံရတယ်ဟုတ်..."


သူက အိမ်နှင့် အိမ်တော်ထိန်း၏ ပြဿနာများကို အတူတကွဖြေရှင်းပြီး မင်းမျိုးမင်းနွယ်၏ မာနလက် တစ်ဆုပ်စာကို ချေမွလိုက်ကာ ကျောက်ခဲတစ်လုံးတည်းဖြင့် ငှက်သုံးကောင်ကို သတ်ပစ်လိုက်သည်။

သောက်ချီးပဲ...ဒီကမ္ဘာပေါ်မှာ သူ့ထက်ဉာဏ်ထက်တဲ့သူရှိသေးလား...


မဟုတ်ဘူး...


လင်းက တံခါးကို မှီထားကာ မျက်လုံးနီနီများက အလင်းရောင်ကို ရောင်ပြန်ဟပ်နေပြီး လုမော့ကို ကြည့်၍ သူ့ပါးစပ်ထောင့်တွင် အပြုံးအနည်းငယ် ပေါ်လာ၏။


"ဒါကို လုံးဝသဘောတူပါတယ်..."


"မင်းအခန်းထဲ အရင်ပြန်သွားလိုက်..." 

လင်း၏အကြည့်က ကျင့်ချီဆီသို့ ဖြည်းညှင်းစွာ လှည့်လိုက်၏။

"ငါ ဒီမျိုးရိုးမြင့်လူနဲ့ ဆွေးနွေးစရာရှိသေးလို့..."


လုမော့ မျက်တောင်ခတ်လိုက်၏။

"ဘာကိစ္စရှိလို့လဲ..."


လင်း: "အိမ်အကြောင်း အသေးစိတ်အချက်တချို့ပါပဲ..."


လုမော့က ပခုံးတွန့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ မျိုးရိုးမြင့်စစ်စစ်နှင့် စကားပြောရခြင်းက အမှန်တကယ်ကို စိတ်ဖိစီးစရာပင်။ တစ်ချိန်လုံး သူတို့လျှို့ဝှက်ချက်ကို ကောင်းကောင်းသိမည်မဟုတ်ဟု အမြဲခံစားနေရ၏။ လင်းက ထိုကိစ္သကို တာဝန်ယူနိုင်မည်ဆိုလျှင် အလွန်ကောင်း၏။


"ဒါဆို မင်းလုပ်ချင်တာကိုလုပ်..."


ထွက်ခွာသွားသော လုမော့က မစ္စတာကျင့်ချီ၏ အကူအညီတောင်းခံမှုကို မတွေ့ခဲ့ရပေ။


…......................


လုမော့၏ပုံရိပ် ထောင့်စွန်းတွင် ပျောက်ကွယ်သွားချိန်တွင် ဘာသံမှ မကြားရတော့ဘဲ ကျင့်ချီက ချွေးစေးများဖြင့် ဖုံးလွှမ်းသွားပြီး အားနည်းသော မျက်လုံးများကို ပင့်၍ လင်းကို ကြည့်လိုက်၏။

 "ငါ..."


"ဗုန်း--"


ထိုအခိုက်အတန့်တွင် ကျင့်ချီက အမိနတ်ဘုရားမရင်ခွင်ထဲကို ပြန်ဝင်တော့မည်ဟု ခံစားလိုက်မိ၏။ 

( သေလုမျောပါးဖြစ်သွားတယ်လို့ ပြောချင်တာပါ )


ငွေရောင်ဆံပင်နှင့် မျက်လုံးနီနီ အမျိုးသမီးဇာ့ဂ်က ကျင့်ချီပုခုံးပေါ် တက်နင်းလိုက်၏။ ကျင့်ချီက နာကျင်မှုကြောင့် ချွေးများထွက်ပြီး ထစ်ထစ်ငေါ့ငေါ့ ပြောလာ၏။

"ငါက အမျိုးသားဇာ့ဂ်တစ်ယောက်နော်..."


လင်းက သူ့ကို အသေကောင်ကို ကြည့်နေသည့်အတိုင်း ကြည့်လိုက်၏။

"မင်း မဖြစ်နိုင်ဘူး..."


ကျင့်ချီ၏ အမြီးက သူ့အဝတ်အစားများတွင် ထိုးသိပ်ခံရပြီး သူ့နောက်ကျောကို တင်းကျပ်စွာ အဖိခံလိုက်ရ၏။ သူ မျက်ရည်များဖြင့် တုန်ရီကာ ညည်းတွားလိုက်၏။

 "မလုပ်ပါနဲ့..."


ယခုတွင် သူ ထိုစာကား၏ အဓိပ္ပါယ်ကို အဆုံးစွန် နားလည်လာပြီဖြစ်၏။ ဤအမျိုးသမီးဇာ့ဂ်က အခြားအမျိုးသမီးဇာ့ဂ်များနှင့် လုံးဝမတူချေ။ 

သူက အကြောက်အလန့်မရှိ၊ သိမ်ငယ်စိတ်မရှိသလိုဘဲ သူက...လုံးဝ တကယ်ရူးသွပ်နေတာပဲ...


"ပြောစမ်း..." 

လင်း၏အသံမှာ အေးခဲသွားစေပုံရပြီး ကျင့်ချီ၏လည်ပင်းကို ချွန်ထက်သောဓားဖြင့် ဖိထား၏။

"မင်းကို ဒီလိုလုပ်ဖို့ ဘယ်သူကပြောတာလဲ..."


ကျင့်ချီ၏အသံက တုန်ခါသွားပြီး သူ့ဦးနှောက်က ရှုပ်ယှက်ခတ်နေ၏။

"ငါ...ငါမသိဘူး...ဒါပေမယ့် မင်းငါ့ရဲ့ အိမ်တော်ထိန်းကို မေးလို့ရတယ်...သူက တကယ်တော့ လူသတ်သမားပဲ...သူက ငါ့ဆီလာခဲ့တာ..."


လင်းက သူ့ကို တိတ်တိတ်လေး ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်၏။

"မင်း ရွေးချယ်မှု မှန်ကန်ခဲ့တယ်..."


ဓါးက သူ့လည်ပင်းမှ ရွေ့သွားကာ လင်းက တိုးတိုးလေးပြော၏။

"ပြန်သွားလိုက်...ပြီးရင် ဘာမှမဖြစ်ဘူးဆိုပြီး ဟန်ဆောင်နေ...နောက်ဘာလုပ်ရမယ်ဆိုတာ သူပြောလိမ့်မယ်...အဲ့အတိုင်း လုပ်လိုက်..."


ကျင့်ချီက မြေပြင်ပေါ်တွင် အသက်ရှုရပ်တော့မတတ် အားပျော့စွာ စိတ်ပျက်လက်ပျက် အကြည့်နှင့် လှဲလျောင်းနေ၏။

ဒီလို အရူးနှစ်ယောက်နဲ့တွေ့ဖို့ ငါ ဘာများလုပ်ခဲ့မိတာလဲ...


"သူ တကယ်ပြောတာလား..."


-------


အခန်းက ဇိမ်ခံပစ္စည်းများနှင့် ပြည့်နေ၏။


လရောင်က လေထဲသို့ ဖြည်းညှင်းစွာစီးဆင်းကာ ရေသဏ္ဍာန်အလား မြေကြီးပေါ်တွင် အရိပ်များ ဖြစ်ပေါ်နေ၏။ မြင့်မြတ်သော အမျိုးသားဇာ့ဂ်က ကုလားထိုင်အမြင့်ပေါ်တွင်ထိုင်၍ လရောင် အောက်တွင် ခြေထောက်များစိမ်ထားသည်။


သူ့ရှေ့တွင် လက်အောက်ငယ်သားက ဒူးတစ်ဖက်ထောက်နေပြီး ခေါင်းကို လေးလေးနက်နက် ငုံ့ထား၏။ သို့သော် ဤနှိမ့်ချသော ကိုယ်ဟန်အနေအထားက ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲ လေးစားမှုနှင့် နှိမ့်ချမှုတို့ကြောင့်ပင်။ မစ်ရှင်ကျရှုံးခြင်းအရှက်တရားက သူ့လက်အောက်ငယ်သားများကို မော့ကြည့်ရန်ပင် အရှက်ရစေ၏။  လည်ချောင်းအတွင်းမှ စကားလုံးတစ်လုံးကို မညှစ်မီ သူ့စွမ်းအင်အားလုံးနီးပါးသုံးလိုက်ရခြင်းကြောင့် ပင်ပန်းနေ၏။

"ကောင်းပြီ..."


တကယ်ရှက်စရာကောင်းတယ်...


အမျိုးသမီးဇာ့ဂ်ကို ယောက်ျားဆီ ပို့လိုက်ရုံလေးကို…


မူလတွင် ထိုအလုပ်က ခင်ပွန်းဖြစ်သူကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး လက်အောက်ငယ်သားများကို ရှက်စရာဟု ခံစားခဲ့ရသည့်အပြင် စုလင်းက သူ့အရည်အချင်း မလုံလောက်ဟု စိုးရိမ်မိသွား၏။ သို့သော်လည်း သူ့ ခင်ပွန်းဖြစ်သူက ပြော၏။

"စုလင်း...မင်းက ကိုယ့်ကိုကိုယ် အပြစ်တင်စရာ မလိုပါဘူး...ငါက အသက်ကြီးနေပြီမို့ ငြီးတွားမနေနိုင်တော့ဘူး..."


စုလင်းက ကြီးမားသော ခံစားချက်ကြောင့် ထိတ်လန့်သွားပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားကာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ သူက စုလင်းကို အပြစ်မတင်ရုံသာမက သူ့စိတ်ကိုလည်း နှစ်သိမ့်ပေး၏။ သူ့ခင်ပွန်းနှင့် မတူဘဲ စုလင်းက သိသိသာသာ အရေးမပါသည့် လက်အောက်ငယ်သားတစ်ယောက်သာ ဖြစ်၏။


အခန်းထဲ ဝင်လိုက်သည့် တစ်ခဏချင်းပင် စုလင်းက သူ့အပေါ် ကြည့်လေ့ရှိသော အေးစက်စက် အကြည့်ကို ခံစားလိုက်ရ၏။ 

ဒီတာဝန်ကို ပြီးမြောက်ဖို့ စိတ်ဆုံးဖြတ်ထားပေမယ့် သူ့မျှော်မှန်းချက်က နောက်တစ်ကြိမ် ကဖျက်ယဖျက်အလုပ်ခံလိုက်ရတယ်...စုလင်းအဖို့ ဒီနေ့အတွေ့အကြုံက အိပ်မက်ဆိုးတစ်ခု ဖြစ်နေတာပဲ…


အဲဒီအမျိုးသားဇာ့ဂ်က ဘယ်လောက်ကြောက်စရာကောင်းလို့လဲ...


စုလင်းမှ အထူးပြုလုပ်ထားသော ငါးစာများဖြစ်သော မြေပေါ်တွင် သွေးစွန်းထင်းနေခြင်း၊ ပန်းခင်းများတွင် ရုန်းကန်နေသော ဇာ့ဂ်၏ အမှတ်အသားများ ချန်ထားခြင်း၊ ညှိုးငယ်သောမျက်နှာဖြင့် ကျွန်မိန်းမ စသည့်ငါးစားများက အမျိုးသားဇာ့ဂ်ကို တွေးတောစေရန် လမ်းညွှန်လိမ့်မည်။ ၎င်းမှာ “ဒီနေရာမှာ အမျိုးသမီးဇာ့ဂ်တစ်ဦး နှိပ်စက်ညှဉ်းပန်းခံရတယ်” ဟူသော အချက်ပင်။


သူတို့၏ ဖြစ်တည်မှုနှင့် ရုပ်ဆင်းသွင်ပြင်အရ အရာအားလုံးက မျှော်လင့်ထားသလို မဟုတ်ပေ။


အဲဒီအမျိုးသားဇာ့ဂ်က ဒီလို အခြေခံကျတဲ့အချက်တွေကို စိတ်ထဲမထားဘဲ တစ်ချက်ကြည့်လိုက်ရုံနဲ့ ငါတို့ရဲ့ တကယ့်အမှားကို မြင်သွားတာလဲ...

စုလင်းကဲ့သို့ လူသတ်သမားအဖြစ် မွေးမြူထားသည့် လူ၏ အကျင့်က တိတ်ဆိတ်မှုပင်။ 


ထိုသို့စဉ်းစားကြည့်သောအခါ စုလင်း သူ့ဦးရေပြား ထုံသွားသလို ခံစားလိုက်ရသည်။

ငါ တစ်ယောက်တည်း လုပ်နိုင်ပါ့မလား…


အဖြေက "မလုပ်နိုင်ဘူး" ဟူ၍ပင်။


သို့သော် သူ့တာဝန်ကို ပျက်ကွက်ရခြင်းအတွက် အကြောင်းပြချက်တစ်ခုမဟုတ်သလို စုလင်းက သူ့ခင်ပွန်း၏ ယုံကြည်မှုကို သစ္စာဖောက်ရန် တွေးလိုက်သောအခါတွင် ရင်ကွဲသွားသလို ခံစားရသည်။ သူ့ခင်ပွန်း၏ စိတ်ပျက်မှုကို ရှောင်ရှားရန် သူက နေရာတွင်ပင် သူ့ကိုယ်သူ အဆုံးသတ်ရန် မစောင့်နိုင်တော့ပေ။


"ငါ့ကို မှတ်တမ်းပေးပါ..."


"ဟုတ်ကဲ့..."


စုလင်းက သူ့လက်မောင်းမှ အဖြူရောင်ပုတီးစေ့လေးကို ထုတ်ယူလိုက်သည်။ ဤပုတီးစေ့က လက်သည်းဖုံးအရွယ်သာရှိ၏။ စုလင်း ၎င်းကို ဖိလိုက်ရာ ပြတ်သားသော သုံးဖက်မြင် အလင်းတန်းတစ်ခု လေထဲသို့ ဖြည်းညှင်းစွာ ပျံ့နှံ့သွား၏။ အချိန်က လွန်ခဲ့သော ဆယ်နာရီကျော်ခန့်က ထိုအိမ်ကြီးထဲတွင် ဖြစ်၏။


-------


လုမော့က အိမ်ပြဿနာကို ဖြေရှင်းပြီးနောက် စိတ်အေးသွား၏။ သူက သွက်သွက်လက်လက်ဖြင့် ခေါင်းနှင့် ရင်ဘတ်ကို မော့ထားလိုက်ရာ လမ်းဘေးရှိ မြက်ခင်းပြင်တွင် စွန်းနေသော သွေးနီညိုများကို သတိမထားမိပေ။ သူဖွင့်ထားသော တံခါးထဲသို့ လှမ်းဝင်လိုက်သည်နှင့် ထူးချွန်ထက်မြက်သော အိမ်တော်ထိန်းက ပန်းအိုးတစ်လုံးရှေ့တွင် ရပ်ကာ ပန်းအိုးကို အဝတ်ဖြူစဖြင့် ဂရုတစိုက် သုတ်နေ၏။


ဇာ့ဂ်ငယ်လေးက ကော်ဖီစားပွဲရှေ့တွင်ထိုင်ပြီး လက်ဖက်ရည်ကို သောက်နေ၏။


လုမော့: "..."


ကယ်တော်မူကြပါဦး...ငါတို့က တကယ့်အရူးအပေါတွေလိုပဲ…


ယခုလည်း သူက ထိုသို့ အလားတူ အပြုအမူမျိုး ပြသခဲ့၍ မစ္စတာကျင့်ချီက စိတ်နှလုံးထဲတွင် သူကို တောသားဟု တွေးကာ ရယ်နေနိုင်သည်ဟု စဉ်းစားလိုက်မိရာ လုမော့က သူ့ခြေလှမ်းများ လေးလံသွားသည်ကို ခံစားလိုက်ရ၏။


ဤအရှက်ကွဲမှုကို သက်သာစေရန်အလို့ငှာ အိမ်ထိန်းထံသို့ သွားပြီး ပြောလိုက်၏။

"မင်းရဲ့ တာဝန်တွေကို အမြဲတမ်း သစ္စာစောင့်သိနေတာလား...မင်း ဒီပန်းအိုးကို အနည်းဆုံး ဆယ့်နှစ်ခါလောက် သုတ်ပြီးပြီ..."


စုလင်း: "...."


လုမော့: "..."


ကျက်သရေရှိငန်းအိုတစ်ကောင်လို သူ့ဘဝတွင် ဤမျှ ရှက်စရာကောင်းသော စကား ပြောဆိုမှုမျိုး ဖြစ်လာမည်ဟု တစ်ခါမှ မတွေးခဲ့မိဘဲ ပညာတတ်အိမ်တော်ထိန်းက ခက်ခဲသော အပြုအမူကို ပြသခဲ့၏။


လုမော့က ကမန်းကတန်း လှည့်ပတ်ပြောလိုက်၏။

"ငါ စော်ကားဖို့ ရည်ရွယ်ချက် မရှိပါဘူးနော်...ဒါပေမယ့် မင်း ဒီအလုပ်တွေကို ကိုင်တွယ်တာ တကယ်ကို ကောင်းလို့ပါ..."


စုလင်း:"..."


လုမော့: "..."


ဒီကိစ္စကို ပြုံးပြရုံပဲ တတ်နိုင်မယ် (အပြုံးအီမိုဂျီဖြင့်)


လုမော့က ပြုံးပြီး အိမ်တော်ထိန်းကို ကြည့်လိုက်သည်။ သူ မရှက်ပြသရွေ့ အရှက်ရသည့်သူက အခြားလူ ဖြစ်သွားလိမ့်မည်။ စုလင်းက ရင်ဘတ်ထဲ မုန်တိုင်း ဖြတ်သွားသလို ခံစားလိုက်ရ၏။


သူ့အကြောင်းကို လုမော့ ရှာဖွေတွေ့ရှိပြီးကတည်းက စုလင်းစိတ်မငြိမ်မသက်ဖြစ်နေ၏။ သူ့စိတ်အတွင်း ပူပန်မှုများကို ဖုံးကွယ်ထားရန်အတွက် ပန်းအိုးကို သုတ်နေ ဟန်ဆောင်ထားသော်လည်း ဤလုပ်ရပ်က သူ့ခြေထောက်များကို ပြသ သလ်ိုဖြစ်သွားလိမ့်မည်ဟု မထင်ခဲ့ပေ။

ဒီယောက်ျား နောက်ထပ် ဘာတွေများတွေ့ခဲ့သေးလဲ...


အခုလေးတင်ပဲ ငါ့ရဲ့ ဖြစ်တည်မှုကို လူသတ်သမားအဖြစ် ရှင်းလင်းသင့်လား...အိမ်မှုကိစ္စနဲ့ ပတ်သက်ပြီးတော့... ဒါက သူတို့အလုပ်မှာ ဘာလုပ်လဲဆိုတာပဲလေ...


မဟုတ်ဘူး မဖြစ်နိုင်ဘူး...


စုလင်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ ဤရက်စက်သောနည်းဖြင့် ရှာဖွေတွေ့ရှိခြင်းက အမျိုးသား သခင်၏ ဉာဏ်ပညာနှင့် ယှဉ်လုနီးပါးပင်။


သူခေါင်းကို လှည့်လိုက်ရာ အမျိုးသားဇာ့ဂ်က ပါးစပ်ပင့်၍  သူ့ကို အဓိပ္ပါယ်ရှိစွာ ပြုံးပြနေ၏။ စုလင်း၏ လက်က အလိုအလျောက် တုန်နေပြီး သူက အားတင်းပြုံးပြလိုက်၏။

“လူကြီးမင်း...ဘာကိုဆိုလိုတာလဲ...”


“ဘာမှမဟုတ်ပါဘူး…” 

အမျိုးသားဇာ့ဂ်က တည်ငြိမ်သောလေသံဖြင့် ပြောသော်လည်း စုလင်း၏ ခြေလက်များမှာ တုန်ရီနေဆဲပင်။ သူ ပြောလိုက်၏။

"အဲဒီအမျိုးသမီးဇာ့ဂ်ကို ထိန်းညှိပြီး သင်ပေးဖို့ ငါမင်းကို အနှောင့်အယှက်ပေးပါရစေ အိမ်တော်ထိန်း..."


"မင်းရဲ့ အတတ်ပညာအားလုံးကို သူ့ကို သေချာသင်ပေးပါ...ငါ့မှာ အရမ်းကောင်းတဲ့ အိမ်တော်ထိန်းတစ်ယောက်မရှိလို့..." 

အမျိုးသားဇာ့ဂ်(လုမော့)က အဓိပ္ပါယ်ရှိရှိ ပြောလိုက်၏။

"အထူးသဖြင့် မင်းရဲ့ တိတ်ဆိတ်တဲ့ ခြေလှမ်းပုံကို မင်း သူ့ကို သင်ပေးရမယ်...”


အိမ်တော်ထိန်း၏ မျက်နှာက နီမြန်းလာသည်။ 

ဤသို့သရော်ခြင်းက အလွန်ထိရှပြီး လူသတ်သမားတစ်ယောက်၏ အရည်အချင်းမရှိမှုကို လှောင်ပြောင်ကာ ရယ်စရာကောင်းသော အစီအစဉ်ကို မထီမဲ့မြင်ပြုလိုက်သည့်အပြင် သူလေးစားရသော ခင်ပွန်းကိုပင် ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေသလိုပင်။


သူမျက်လုံးမှိတ်ပြီး တုန်တုန်ယင်ယင် ပြောလိုက်၏။

“သခင့်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်...ကျွန်တော် အကောင်းဆုံးလုပ်ပါ့မယ်...”


ဤအခိုက်တွင် စနစ်က အသံပြုလိုက်၏။

[ဒင်...တစ်ဖက်လူက ကြီးမားတဲ့ ရှက်ရွံ့မှုနှင့် မလိုလားမှုကို ခံစားရပြီး အမှိုက်ဆန်မှုတန်ဖိုးက တစ်ထောင်အထိ တိုးလာပါတယ်...]


လုမော့က အလွန်တက်ကြွနေ၏။

[ဘာလဲ...ငါက နတ်ဆိုးမဟုတ်ပါဘူး...]


စနစ်က မိခင်အိုကြီးတစ်ဦးနှင့်တူ၏။

[မောက်မာမှုနဲ့ ရိုင်းစိုင်းမှုကို သတိပြုပါ...နှိမ့်ချမှုက လူတွေကို တိုးတက်စေပါတယ်...မာန်မာနက လူတို့ကို ကျရှုံးစေပါတယ်...]


လုမော့က အလျင်အမြန်ပြော၏။

[စိတ်မပူပါနဲ့ စိတ်မပူပါနဲ့ ငါ့မှာ အကန့်အသတ်ရှိပါတယ်...]



🌌🌌🌌


ရှုပ်နေမယ်ထင်လို့ ရှင်းပြမယ်နော် တကယ်တော့ လုမော့က အိမ်တော်ထိန်းအဖြစ် ဟန်ဆောင်ထားတဲ့စုလင်းက လူသတ်သမားဆိုတာမသိပါဘူး🤣 အဲလိုပဲ ကျင့်ချီကလည်း မျိုးရိုးမြင့်အယောင်ဆောင်ထားတယ်ဆိုတာကို သူ မသိဘူး၊ ကျင့်ချီက သရုပ်ဆောင်လုပ်တဲ့အပြင် အရမ်းလည်းချမ်းသာတော့ သူ့ကို တောကတက်လာ‌တဲ့ကောင်ဆိုပြီး နှိမ်မှာစိုးလို့ သူက ဦးအောင် နှိမ်လိုက်တဲ့ပုံပါပဲ၊ စုလင်းကိုလည်း ခြေသံလုံတယ် ဘာညာဆိုတာက သူ့စိတ်ထဲ ရှိတဲ့အတိုင်း ပြောလိုက်တာပါ လုမော့ရဲ့ အရင်အိမ်တော်ထိန်းက အဲလို ခြေသံ လုံလုံနဲ့ မလျှောက်တတ်လို့ သူက အင်ပါယာကြယ်က အိမ်တော်ထိန်းတွေက အရမ်းမိုက်တယ်လို့ထင်သွားပေမယ့် ထုံးစံအတိုင်း မာနကြီးတစ်ခွဲသားနဲ့ ပြောချင်ရာပြောနေတာပါ ဒါပေမဲ့ သူလျှောက်ပြောတာတွေက တစ်ဖက်လူကို အရှိုက်သွားသွားထိနေတာ🤣 လင်းကတော့ အခြေအနေကို သတိထားမိလို့ ကျင့်ချီကို ‌ဓားနဲ့ထောက်ပြီး အကြောင်းစုံမေးလိုက်တာပါ


ဒီ novelလေးက e tranမှာကိုက စာလုံး အသုံးအနှုန်းရှုပ်တာမို့ စာဖတ်တဲ့သူလေးတွေ ကောင်းကောင်းနားမလည်တာမျိုး ဖြစ်နိုင်လို့ အဲလိုရှုပ်တဲ့ Chapter တွေရဲ့အောက်မှာ ဒီလိုမျိုး Translator's noteတွေ ထည့်ပေးပါမယ်နော်၊ စာပိုဒ်တွေကြားထဲထည့်ရင်ကျ ဖတ်ရတာ မျက်စိနောက်မှာစိုးလို့ပါ 💙