Chapter 33
Viewers 2k

🌌Chapter 33



ခဏအကြာတွင် လင်း ပြန်ရောက်လာပြီး မစ္စတာကျင့်ချီက ဖြူဖျော့သောမျက်နှာဖြင့် သူ့နောက်မှ လိုက်လာခဲ့သည်။ လုမော့ အနည်းငယ် စူးစမ်းချင်စိတ်ကို မအောင့်နိုင်တော့ပေ။

"ချစ်ဇနီးလေး...မင်း မရိုးမသားလုပ်ခဲ့လို့လား...လုမိသားစုရဲ့ ဂုဏ်ကျက်သရေကို မမေ့နဲ့နော်... အမြဲတမ်း ကျင့်ဝတ်စောင့်ထိန်းဖို့ လိုအပ်တယ်..."


လင်းက ပြုံးပြီး ပြော၏။

"ငါ ဒီလူကြီးမင်းနဲ့ ညှိနှိုင်းလိုက်တာပါ..."


လုမော့၏ မျက်လုံးများ တောက်ပလာ၏။

"ဘယ်လိုလဲ..."


လင်းက သူ့လက်ကို ဆန့်လိုက်ပြီး "နည်းနည်းလေး" ဆိုသည့် အမူအရာပြလိုက်၏။

"စျေးတစ်ဝက်လျှော့ခိုင်းတာ..."


ကျင့်ချီ၏မျက်နှာက ဖြူလာပြန်သည်။


လုမော့ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူ လင်းအနားသို့ တိုးသွားပြီး နားသယ်ရှိ ငွေရောင်ဆံချည်မျှင်ကို ဆွဲကိုင်၍ နားနောက်သို့ ထည့်ပေးပြီး ပြော၏။

"ဒီမှာလည်း ငါဖြေရှင်းပြီးပြီ...ဒီလေးစားဖွယ်အိမ်တော်ထိန်းက ငါ့တောင်းဆိုချက်ကို သဘောတူထားပြီးသား..."


သူက လင်းမျက်နှာကို မျက်လုံးစိမ်းများဖြင့် စိုက်ကြည့်ကာ စိမ်ပြေနပြေပြော၏။

"အဲ့အမျိုးသမီးဇာ့ဂ်က တကယ်သနားစရာပဲ မလား..."


"သူ တစ်ချိန်ကတော့ သူ့ဘဝထဲမှာ ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ အခု‌တော့ မြေမှုန့်ထဲ လဲကျသွားခဲ့ပြီ...သူ့မှာ အရှက်ရစရာတွေအားလုံးကို ပြန်ရဖို့အတွက် ကလဲ့စားချေဖို့၊ ထိပ်ကိုပြန်တက်ချင်တဲ့စိတ် ဘယ်လောက်များရှိလဲ...စုန့်ကျန်းရှူးသာဆိုရင် သူ့ကို လွတ်လွတ်လပ်လပ် လွှတ်ပေးပြီး ကောင်းကင်ကို ပြန်မြင်ခွင့်ပေးမှာလား…ဒါပေမယ့် သူက ငါ့လက်ထဲကို ရောက်လာပြီ..." 


လုမော့က ရက်စက်စွာ ပြုံးလိုက်၏။

"ငါပြောခဲ့ဖူးသလို ငါက အရှက်ကင်းမဲ့ပြီး လျစ်လျူရှုတတ်တဲ့ အမျိုးသားဇာ့ဂ်ပဲ... သူ့ဘဝတစ်လျှောက်လုံး ငါ့ကိုပဲ မှီခိုရတော့မှာ...သူ ငါ့ကိုမုန်းတယ်၊ ကြောက်တယ်၊ ရွံရှာတယ်... ဒါပေမယ့် သူတတ်နိုင်တဲ့ နည်းလမ်းမရှိဘူး..."


"လင်း မင်း ဒါကို ဘယ်လိုထင်လဲ..."


လင်းက မျက်လွှာချလိုက်ပြီး သူ့မျက်တောင်လေးများ တုန်သွား၍ သူ့မျက်နှာက ဖြည်းညှင်းစွာ နီမြန်းလာကာ လုမော့က သူ့လက်ဆစ်များ ပွတ်တိုက်သံကို ကြားလုနီးပါးပင်။


လင်း၏ တုံ့ပြန်မှုက ယခင်ကထက် ပိုကြီးလာပုံရသည်။ 

လုမော့က သူများစွာ ခံနိုင်ရည်ရှိမည်ဟု ထင်ထားသော်လည်း အခြားဇာ့ဂ်များကို နာကျင်အောင် လုပ်လိုက်သည်နှင့် လင်းက ပို၍ပင် ဒေါသထွက်လာတတ်သည်။ 

သူ့မျက်နှာက ဒေါသကြောင့် နီရဲနေတော့မှာပဲ...


၎င်းက အမှိုက်ဆန်မှုတန်ဖိုးကို အ‌ရောင်တင်ရန် နည်းလမ်းကောင်းတစ်ခုဖြစ်၏။


စနစ်က ဤသို့ထပ်လောင်းပြောကြားခဲ့သည်။

[အမှန်ပဲ သူက အကန့်အသတ်အထိ ခံနိုင်ရည်ရှိခဲ့တယ်...]


လုမော့က ဝမ်းသာအားရ မျက်လုံးများ မှိတ်လိုက်ပြီး စနစ်၏ အသံကျယ်ကျယ်ကြောင့် သူ့ကိုယ်သူ တဖြည်းဖြည်း နစ်မျောသွားသည်။


——————


"ဟားဟား…"


ဗီဒီယိုကို ဖွင့်ကြည့်ပြီးနောက် အဘိုးအိုက အသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

 "စုလင်း...ဒီအတွက် မင်းကို ငါအပြစ်မတင်ပါဘူး...တွက်ချက်မှုမှားတာက ငါပါ...” 


စုလင်း ထိုစကားကိုကြားလိုက်သောအခါတွင် သူ့ခေါင်းကို အထုခံရသလိုပင်။ သူက ရုတ်တရက် ခေါင်းကို မော့လိုက်လိုက်၏။

"မဖြစ်နိုင်တာ...မင်း ဘယ်တော့မှ အမှားလုပ်မှာ မဟုတ်ဘူး..."


“ကောင်းပြီး...” 

အဘိုးအိုက အဓိပ္ပါယ်ရှိရှိ ပြောလိုက်၏။

“ဒီအမျိုးသားက အရမ်း ထက်မြက်တယ်...ထက်မြက်လွန်းတယ်...ဒါပေမယ့် ဘာဖြစ်လဲ...သူက အမျိုးသမီးကို သူ့ဘေးမှာ ထားခဲ့တာ မဟုတ်ဘူးလား...စုလင်း… ဒီမစ်ရှင်က ငါတို့ ဘာမှ မရခဲ့တာ မဟုတ်ဘူး...ငါတို့ရဲ့ ပန်းတိုင်က ပြီးသွားပြီမလား..."


စုလင်း အံ့အားသင့်သွား၏။

"ဘာကို ဆိုလိုတာလဲ..."


အဘိုးအိုဇာ့ဂ်က ကုလားထိုင်ကို မှီလိုက်၏။

“သူပြောတဲ့အတိုင်း မင်းက အဲဒီအမျိုးသမီးဇာ့ဂ်ကို ထိပ်တန်းလူသတ်သမားဖြစ်အောင် သင်ပေးရမယ်...”


စုလင်း၏အသံ တိုးသွား၏။

"ဘာလို့လဲ..."


"သူငါ့ကို စိန်ခေါ်ကတည်းက ငါ နောက်ပြန်ဆုတ်လို့မရဘူး..."

အဘိုးအိုအမျိုးသားဇာ့ဂ်အသံက ပျော့ပျောင်းပြီး စိတ်လှုပ်ရှားနေ၏။

"သူက ငါ့ကို စိန်ခေါ်နေတာ...မင်း မြင်တယ်မလား...သူက ငါ့ကို ဒီဗီဒီယိုကနေ သတိပေးနေတာ သူနဲ့ စုန့်ကျန်းရှူးက မတူဘူးဆိုတာကို..."


စုလင်းက မျက်လုံးပြူးသွားပြီး အနည်းငယ် တုန်တုန်ယင်ယင်  ဖြစ်သွား၏။

“ဘာ...သူ ဒီလိုနက်နက်ရှိုင်းရှိုင်းတောင် တွေးထားတာလား...ဒီဗီဒီယိုကို မင်းဆီ ယူလာဖို့တောင် သူ မျှော်လင့်နိုင်သေးတယ်ပေါ့…”


အဘိုးအိုက အသက်ပြင်းပြင်းရှူ၍  မှုန်မှိုင်းမှိုင်းမျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာ၏။

"ဒါပေမယ့် ငါပြောတာ တစ်ခုတော့မှန်တယ်...သူ့သဘာဝက ဒီကမ္ဘာပေါ်က အမျိုးသားဇာ့ဂ်တွေအားလုံးနဲ့ မတူဘူး..."


လုမော့ မည်မျှပင် ထက်မြက်နေပါစေ သူ့ဆီကို မိန်းမများ ဆက်ပို့နေသရွေ့တယ သူ ရှုံးသွားလိမ့်မည်။  အဆုံးသတ်တွင် ဤကမ္ဘာကြီး၌ စိတ်ခံစားမှုများက အမြဲတမ်း ခန့်မှန်း၍မရချေ။


"လုမော့...စောင့်ကြည့်သေးတာပေါ့..."


............


လုမော့ နှာချေလိုက်သည်။ သူ ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး ရှေ့ကို ကြောင်တောင်တောင် ငေးကြည့်နေမိ၏။ မရင်းနှီးသောအခန်း၊ မရင်းနှီးသောအိပ်ရာ၊ မသိသောမျက်နှာကျက် သို့သော် ရင်းနှီးသောအသက်ရှုသံက ယမန်နေ့ညကကဲ့သို့ သူ့ကိုဝန်းရံထားသည်။


သူ့နှလုံးသားထဲရှိ စနစ်ကို နှိုးပြီးပြောလိုက်၏။

[စနစ်ရေ...ငါ တိုက်ခိုက်မှုကြောင့် နှင်ထုတ်ခံရတော့မှာလား...]


စနစ်၏ အသံက တုန်ခါနေ၏။

[ကယ်တော်မူကြပါ...အမှောင်ခန်းငယ်လေးထဲကို မသွားချင်ဘူးလို့...]


လုမော့၏ မျက်ရည်များ ကျဆင်းလာ၏။

[လင်းကို စိတ်မဆိုးသင့်ဘူး...ငါအပြစ်ရှိတယ်...အနက်ရောင်အခန်းထဲမှာ သော့ခတ်ထားသင့်တဲ့ သူက ငါပဲလေ...]


လင်း မည်မျှ ဒေါသထွက်နေသည်ကို သူနောက်ဆုံးသိလိုက်သည်။ ယမန်နေ့ညက သူ့ကို လင်းကနှိပ်စက်ပြီး မှောက်လိုက်လှန်လိုက် အကြိမ်ကြိမ်လုပ်ခဲ့၏။ လုံလောက်ပြီဟု အကြိမ်ကြိမ် ပြောချင်သော်လည်း လင်း၏နဖူးမှ ချွေးများ လျှောကျလာကာ ချွန်ထက်သော မေးရိုးဆီမှတစ်ဆင့် အောက်သို့ ရွှဲလာနေသည်ကို မြင်တိုင်း...


သူ့စိတ်ထဲတွင် စကားတစ်ခွန်းသာ ကျန်တော့၏။

သာယာမှုပေးတဲ့အတွက် ကျေးဇူးပါ...


လုမော့ အလွန်ဝမ်းနည်းပူဆွေးနေ၏။

[အဲဒီစာအုပ်တွေ အထူးသဖြင့် ငါ ABO တွေကို ဖတ်ဖူးတယ်...အဲဒီ A တွေက O တွေရဲ့ ဖယ်ရိုမုန်းနဲ့ ချိတ်ဆက်မိပြီဆို သူတို့ ရူးသွပ်လုနီးပါးဖြစ်သွားရင်တောင် နားချိန်ရသေးတယ်... ငါကရော...] 


စနစ်- [မင်းရဲ့ ညီလေးက ကြီးတာကို...ဟီး...]


လုမော့မျက်နှာက နီရဲသွား၏။

[ပါးစပ်ပိတ်ထားစမ်း...]


အထူးသဖြင့် စနစ်က အပြစ်ကင်းစင်ပြီး ကလေးဆန်သော အသံဖြင့် ဤစကားများကို ပြောဆိုသောအခါ လုမော့က  ကလေးအား ထိခိုက်စေသည်ဟု ခံစားရ၏။


စနစ်က ခဏစဉ်းစားပြီး ပြော၏။

[အင်း...မင်းမှာ ဖရိုဖရဲမဖြစ်တဲ့ ဇာတ်ကောင်မျိုးလိုချင်လိုရတယ်...ဇွဲလုံ့လနဲ့ ‘ထိုက်ရှန်းတောင်မှ မင်းရှေ့ရောက်နေပြီ’ လို တည်ငြိမ်မှုကို တည်ဆောက်နိုင်ဖို့ မင်းရဲ့စိတ်စွမ်းအားကို ဘာလို့ မမွေးမြူတာလဲ...]


လုမော့က စိတ်ရှုပ်စွာ ပြောလိုက်၏။

[မင်းဘာကို ဆိုလိုတာလဲ...]


စနစ်၏ အသံက စိတ်လှုပ်ရှားလာ၏။

[စိုက်ပျိုးခြင်းလေ...ဒါ ငါကျွမ်းကျင်တဲ့ အလုပ်ပဲ...ငါက အမျိုးသားဇာတ်ဆောင်တွေကို ဦးဆောင်ခဲ့ဖူးတယ် ပြီးတော့ သူတို့အားလုံးက ကျင့်ကြံရေးသမားတွေလေ...]


ထိုသို့ ပြောပြီးသည်နှင့် စနစ်က အိပ်ငိုက်မနေတော့ပေ။

[လောလောဆယ် ငါက အားလပ်ရက်ပုံစံမှာ ရှိနေပေမယ့် မင်းဒီကို ပထမဆုံးစရောက်တဲ့နေ့ ကတည်းက အသေးစိတ် အဆင့်မြှင့်လေ့ကျင့်ရေးနည်းလမ်းတွေကို ပြင်ဆင်ပြီးပြီ...မင်း ကျတ်တီးကြယ်မှာ သုံးနှစ်လောက် နေနိုင်လိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး... မင်းအဲဒါကို ပြောတာနဲ့ သေလိမ့်မယ်...]


ပြီးတော့ တခြားအများကြီးပဲ...ငါက ပိုသန်မာလာတယ်ဆိုရင် အမှိုက်ဆန်မှုတန်ဖိုးကို စုဆောင်းရတာ ပိုခက်ခဲမှာ မဟုတ်ဘူးလား...

လုမော့ မျက်မှောင်ကြုတ်လိုက်၏။


[တစ်စ်...]


လုမော့က အမူအရာမဲ့နေ၏။ 

မင်းငါ့ကို ထပ်ပြီး တစ်ပတ်ရိုက်ဖို့ ကြိုးစားနေတာလား...


စနစ်က တိုးတိုးလေးပြော၏။

[အထူဆုံး ချပ်ဝတ်တန်ဆာကို ဝတ်ပြီး အဆိုးရွားဆုံး ရိုက်နှက်မှုကိုခံပါဆိုတဲ့ ဆိုရိုးစကား တစ်ခုရှိတယ်လေ...]


လုမော့: […]


လုမော့က မေးစေ့ကို လက်တစ်ဖက်နှင့်ထိ၍ တွေးတောနေ၏။ အမှန်တွင် သူက ယခု A အဆင့်ရှိသော်လည်း ၎င်းက စိတ်ကူးယဉ်ဆန်သော မျက်လှည့်ဖြစ်သည့်အပြင် ပိုအဆင့်မြင့်သော အမျိုးသားဇာ့ဂ်များနှင့် အဆက်အသွယ်ရရန်က သူ့အတွက် ခက်ခဲနေသည်။ ဇာ့ဂ်လူ့အဖွဲ့အစည်းတွင် အရေးကြီးဆုံးအရာက အမျိုးသားအဆင့်ပင်။

သန်မာတဲ့ အမျိုးသားတစ်ဦးရဲ့ ရိုက်နှက်မှုကို ခံရဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမှာဖြစ်ပြီး အမှိုက်ဆန်မှုတန်ဖိုးကို ပိုရဖို့ ကြိုးစားရမယ်...


ထိုသို့တွေးပြီးသည်နှင့် လုမော့ ချက်ချင်းဆိုသလို ခွန်အားများရလာပြီး သူ့နှလုံးသားထဲတွင် ရုတ်ချည်း ရွှင်လန်းမှုကို ခံစားလိုက်ရ၏။ သူက စိတ်လှုပ်ရှားစွာ ပြော၏။

ဆရာ...ကျွန်တော် နားလည်ပါပြီ...


စနစ်က အလွန်ကျေနပ်သွား၏။

[အခုနားလည်ပြီးပေါ့...]


ချက်ချင်းပင် လုမော့၏ရှေ့တွင် အလင်းပြန်မျက်နှာပြင် ပေါ်လာပြီး လုမော့က သိချင်စွာဖြင့် မေးလိုက်၏။

ဒါက ဘာလဲ...


[ဒီကမ္ဘာမှာရေပန်းစားတဲ့အွန်လိုင်း ပုံရိပ်ယောင်တစ်ဦးချင်းတိုက်ပွဲ...] 


စနစ်က ရှင်းပြ၏။

[မင်း အဲ့မှာ တိုက်ခိုက်ရေးသမားအဖြစ် စာရင်းသွင်းနိုင်ပြီး အမြဲလေ့ကျင့်နိုင်တယ်... အကောင်းဆုံးကတော့ မင်းရဲ့ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်နိုင်ပြီး အမှိုက်ဆန်မှုတန်ဖိုးကို နုတ်ယူခြင်းကနေ တားဆီးနိုင်တယ်...]


စနစ်က ရှားရှားပါးပါး ဂရုတစိုက်ရှိနေ၍ လုမော့က ရင်ထဲထိသွား၏။

မင်း...


စနစ်- [ငါ အမှောင်ခန်းငယ်လေးထဲ ဝင်တော့မယ်...ငါထွက်လာတဲ့အခါ မင်းက ရင့်ကျက်တဲ့ တိုက်ခိုက်ရေးသမား ဖြစ်လာမယ်လို့ ငါမျှော်လင့်တယ်...]


လုမော့က စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြ၏။

 á€Ąá€„်း‌


ဤပုံရိပ်မျက်နှာပြင်က အနည်းငယ်ရှုပ်ထွေး၏။ ဇာ့ဂ်များတွင် အမြဲတမ်း ကြမ်းတမ်းသော ပြိုင်ပွဲတစ်ခုရှိ၏။ အရာရာကို ခွန်အားဖြင့်သာ လေးစားခံရ၏။ ဇာ့ဂ်များက UI ဒီဇိုင်းကဲ့သို့ အနည်းငယ်သိမ်မွေ့သောနယ်ပယ်ကို ထိတွေ့ရခြင်းမကြိုက်ကြပေ။


လုမော့ မျက်မှောင်ကြုတ်ကာ စနစ်မေးခွန်းများကို ဖြည်းဖြည်းချင်း ဖြည့်သွင်း၏။ အစပိုင်းတွင် လုမော့က အနည်းငယ် စိတ်ရှည်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤပြဿနာများက တုံးအသည်ဟု ခံစားခဲ့ရသည်။

ငါ ကြိုက်တဲ့အရောင်ကို ဘာလို့မေးချင်တာလဲ...ဒီလိုနေရာမျိုးမှာ မင်းဘာလို့ ရုတ်တရက် ဆတ်ဆတ်ထိမခံဖြစ်လာရတာလဲ...


လုမော့က အေးစက်သောမျက်နှာဖြင့် ကွက်လပ်များကို ဖြည့်သွင်းလိုက်သည်။ ပြန်လမ်းမဲ့ကမ္ဘာ ပေါ်လာသောအခါ အမှောင်ထုကြီးက ကမ္ဘာမြေကြီးကို ဖုံးလွှမ်းပြီး သတ္တဝါအားလုံးအတွက် ကြောက်ရွံ့မှုကို ယူဆောင်လာမည်ဖြစ်ပြီး လူငယ်လေး၏ စိတ်ပျက်အားငယ်မှုအား အပြင်းထန်ဆုံးသောဓားဖြင့် ခွဲထုတ်ပစ်ပြီး တောက်ပသော အနာဂတ်ကို ဖြတ်တောက်လိမ့်မည်။ 


အာ့...


နှစ်နာရီကြာအောင်ဖြည့်ပြီးနောက် လုမော့က နောက်ဆုံးတစ်ခုကို မဖြည့်မီ သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။


"အင်း…"


လင်းက ပင်ပန်းသောကြောင့် ယခုအချိန်အထိ ရှားရှားပါးပါး အိပ်ပျော်နေသည်။ သို့သော် ယခုက အမှန်တကယ်နိုးထရမည့်အချိန်ပင်။ လုမော့က စိတ်လှုပ်ရှားနေသော်လည်း ကံကောင်းထောက်မစွာပင် သူက မကြာမီ မေးခွန်းလွှာကို ဖြည့်တော့မည်ဖြစ်၍ ကလစ်အရှိန်ကို အရှိန်မြှင့်လိုက်၏။


အတည်ပြုပါ...အတည်ပြုပါ...အတည်ပြုပါ...


သေချာပါတယ်....


လင်းက မျက်မှောင်ကြုတ်ကာ နောက်ဆုံးတွင် သူ့မျက်လုံးများကို ဖွင့်လိုက်၏။ တောက်ပသောနေရောင်ခြည်ကို မျက်နှာမူနေသော လုမော့၏ အနက်ရောင်ဆံပင်များက ရွှေရောင်ပိတ်ပါးစဖြင့် ကာရံခံထားရပုံပေါ်၏။


"သခင်...ဘာလုပ်နေတာလဲ..."


လုမော့: "..."


သူက ဖန်သားပြင်ပေါ်ရှိ မျဉ်းငယ်များကို စိုက်ကြည့်ရင်း အကြာကြီး တိတ်ဆိတ်သွားခဲ့၏။


[ဒိုင်လူကြီးအဖြစ် စာရင်းသွင်းခြင်းအတွက် ဂုဏ်ယူပါတယ်...]


[ပြိုင်ပွဲကို ကျေးဇူးပြု၍ တင်ဆက်သူအဖြစ် လက်ခံကျင်းပပြီး တရားမျှတသော စီရင်ဆုံးဖြတ်မှုကို ဆောင်ကြဉ်းပေးပါ...]


အာ…


သူက အလွန်တုံးအလွန်း၏။


-------


"ဘာမှမဟုတ်ဘူး..."


လုမော့ မျက်နှာပြင်အား အေးအေးဆေးဆေး အဝေးသို့ ထားလိုက်ကာ စနစ်အား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ 

[အနက်ရောင် အခန်းငယ်လေးထဲက ပြန်မထွက်ခင် 69 နာရီ 52 မိနစ်နှင့် 37 စက္ကန့် ကျန်ပါသေးတယ်...]


အရမ်းကောင်းတယ်… စနစ် ပြန်ထွက်လာဖို့ ၃ရက်တောင် လိုသေးတယ်ပေါ့လေ…


ဒိုင်လူကြီးတစ်ယောက်အဖြစ် စာရင်းသွင်းသည့်ကိစ္စအား သုံးရက်ကြာပြီးနောက်မှ လုမော့အား ရှင်းပြပေးလိမ့်မည်ဖြစ်သည်။ ၎င်းက သူ့ကိစ္စမဟုတ်ပေ။


မနက် 8 နာရီတောင် ထိုးသွားပြီလား...


လုမော့ သူ့အိမ်သူဘုရင်မအား သံသယနှင့် ကြည့်လိုက်သည်။

"မင်း အလုပ်မသွားရဘူးလား..."


ယခင်က ကျက်တီးကြယ်ပေါ်ရှိ အလွန် ကွာဝေးလှသော အစည်းအဝေးကိုပင် သူက ကျင်းပဖူးခဲ့ပြီးဖြစ်သည်။ 

အင်ပါယာကြယ်ကို ပြန်လာပြီးတဲ့နောက် ဘာလို့ သူ့မှာ လုပ်စရာ မရှိတာလဲ…"


" လက်ထပ်ရန် အနားယူခွင့်လေ…"


(T/N -marriage leave ဆိုတာ အလုပ်သမားက လက်ထပ်မယ့်အချိန်မှာ သူ့ရဲ့လစာတွေကို မဆုံးရှုံးစေဘဲ အလုပ်နားခွင့်ပေးတာကို ပြောတာပါ... လက်ထပ်တဲ့အချိန် အလုပ်မတက်လဲ လစာတော့ရနေသေးတာကိုပြောတာပါ တရားဝင်ခွင့်ပြုမိန့်ပါ... နိုင်ငံခြားမှာပေါ့)


လင်းက အကြမ်းဖျင်း ရှင်းပြလိုက်သည်။

"စုစုပေါင်း ၁၀ ရက်လားပဲ...အခု ငါးရက် ကျန်သေးတယ်..."


လုမော့က တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။

"ရက်က လုံလုံလောက်လောက် ရှည်တာပဲ..."


"ရှည်လို့လား...."


လင်းက လက်တစ်ဖက်နှင့် သူ့ပါးကို ထောက်ကာ လုမော့အား နက်ရှိုင်းစွာ ကြည့်လိုက်သည်။ သူ့ဆံပင်များကို ချည်ထားလေ့ရှိသည့် ခေါင်းစည်းက ပြုတ်ကျနေပြီးဖြစ်ကာ ငွေရောင်ဆံပင်များ ခန္ဓာကိုယ်ပေါ်တွင် ပြန့်ကျဲနေလျက် ယိမ်းနွဲ့နေကော သူ့ခန္ဓာကိုယ်ပေါ်တွင် ထူးခြားသော အရောင်ကွဲပြားမှုကို ဖြစ်သွားစေသည်။


လုမော့ : "...."


သူ့မျက်နှာအား ဘေးသို့ အသာလေး လှည့်ကာ အေးစက်စက် အသံပေါက်စေရန် အကောင်းဆုံးကြိုးစားလျက် ပြောလိုက်သည်။

"ငါမင်းကို အကြိမ်ကြိမ် ပြောပြီးပြီ...မင်း အဲ့လို ညစ်ညမ်းပြီး မိန်းမပျက်ပုံစံ လုပ်လို့မရဘူး..."


နောက်ဆုံးစကားလုံးနှစ်လုံးကို ပြောလိုက်သည့်အချိိန်တွင်  သူ့စိတ်ကို အေးစက်နေသယောင် ဆက်မထိန်းထားနိုင်တော့ချေ။ သူ့စကားအဆုံးသတ်က မှေးမှိန်တိုးဖျော့သွားပြီး အသံက တုန်ယင်ချည့်နဲ့နေရှာသည်။ 


လင်း သူ့အနီးသို့ ကိုင်းညွတ်လိုက်သည်။

"သခင်...ကျွန်တော် သေသေချာချာမကြားရဘူး..."


လုမော့ ဒေါသတကြီး ခေါင်းလှည့်လိုက်သည်။

"မင်း..."


လင်းက သူ့အပေါ်ကို ကိုင်းညွတ်လာပြီး နီးကပ်သွားသည့်အခါ သူ့ကို ဖုံးကွယ်ထားသော ငွေရောင်ဆံနွယ်များက ကျဆင်းလာပြီး ဖြူဖွေးနေသော အသားအရေ တပိုင်းတစ်စက ပေါ်လွင်သွားလျက် မြင်လိုက်ရသည့် လုမော့မျက်လုံးများအား မူးဝေသွားစေသည်။


"သခင် လက်ထပ်ရန် အနားယူခွင့် အချိန်အတွင်းမှာ အမျိုးသားဇာ့ဂ်တွေရဲ့တာဝန်က ဘာလဲဆိုတာကို သိလားဟင်..."


လုမော့က မှင်သက်တွေဝေနေကာ မေးလိုက်သည်။

"ဘာ...ဘာလဲ..."


လင်း၏ နှုတ်ခမ်းထောင့်စွန်းတွင် ဆော့ကစားလိုသည့် အပြုံးလေးတစ်ခု ဖြတ်ပြေးသွားကာ ခေါင်းကိုငုံ့၍ လုမော့နားထဲသို့ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။


လုမော့ : ......


လုမော့က ခြောက်လှန့်ခံလိုက်ရသည့် ကြောင်လေးတစ်ကောင်ကဲ့သို့ ထိတ်လန့်ကာ ခုန်လိုက်မိသည်။ သူ့မျက်နှာက ရှက်သွေးဖြာနီရဲသွားလျက် လင်းအား သံသယဖြင့် ကြည့်လိုက်သည်။


လုမော့၏ဆံပင်များက သဘာဝအလျောက် အနည်းငယ် ကောက်ကွေးပြီး သေချာဂရုတစိုက် ပြင်ပြီးသည့်နောက်တွင်မူ သူ့တွင် အလွန်တရာ မြင့်မြတ်၊ အထက်တန်းဆန်သည့် သွင်ပြင်ရှိသွားသည်။ သို့သော် ယခုမူ သူက အိပ်ယာမှ ထကာစဖြစ်ကာ သူ့ခေါင်းထိပ်မှ ဆံပင်အစုလေးက နာခံမှုမရှိ ထိုးထောင်နေပြီး သူ့လက်ရှိအမူအရာနှင့် တွဲလိုက်သည့်အခါ သက်ရောက်မှုက အလွန်ကို ရယ်စရာကောင်းနေ၏။


နောက်ဆုံးတွင် လင်း မနေနိုင်ဘဲ အပြုံလေးနှင့် အိပ်ယာပေါ် လဲကျသွားသည်။ သူ့ရယ်သံက အလွန်မကျယ်ပေ။ သို့သော်ငြား သူ့ပခုံးများက လှုပ်ခါနေပြီး  အလွန်အမင်း ရယ်မောနေသည်နှင့် တူနေသည်။

 

လုမော့ မှင်သက်ကာ ပြောစရာစကား ပျောက်ရှသွားသည်။


 á€œá€„်း ထိုမျှအထိ ထိန်းမနိုင်သိမ်းမရ ပြင်းပြင်းပျပျ ရယ်မောသည်ကို မြင်ဖူးသည်မှာ ဤသည်က ပထမဆုံးပင်။ သူနှင့်လင်း စသိသည့်အချိိန်ကတည်းက လင်းက ခံစားချက်များ ထုတ်ဖော်ပြသသည်မှာ ရှားပါးပြီး ထိုမျက်ဝန်းများထဲတွင် နှစ်ထောင်ပေါင်းများစွာ အရည်မပျော်နိုင်သည့် ရေခဲတုံးကြီးရှိသည်ဟု ထင်ရပေသည်။


ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အိပ်ယာနိုးလာသည့်အချိန် လုမော့ ကြိုတင်ကာကွယ်မှု ရယူရန် မေ့သွားသောကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် သူသတိမမူမိစဥ်တွင် တစ်ခုခုက အမှန်တကယ် ပြောင်းလဲသွားသည်လည်း ဖြစ်နိုင်ပေသည်။


သို့သော် ၎င်းက ငှက်လေးတစ်ကောင် ရေပြင်ကိုဖြတ်သန်းသွားပြီး လက်သည်းနှင့် လှိုင်းတွန့်တစ်ခုကိုဖန်တီးလိုက်ပြီးနောက် လျင်မြန်စွာပင် မူလအခြေအနေသို့ ပြန်ရောက်သွားသည့်အလား အလွန်တိုတောင်းလှသည့် အခိုက်အတန့်လေးပင်။  


လင်း ထိုင်လိုက်သည့်အခါ သူ၏နဂိုမူလ ဂရုမစိုက်တတ်သည့် အသွင်အပြင်သို့ ပြန်ရောက်သွားလေသည်။


"ကျွန်တော် သခင့်ကို ညာလိုက်တာ..."


ထိုစကားကို ကြားပြီး လုမော့ စိတ်သက်သာရာရသွားသည်။ သူ့မေးကို မြှောက်ကာ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"သေချာပေါက် ငါမင်းရဲ့ ပေါက်ရစကားတွေကို မယုံပါဘူး...မင်း ဆယ်ရက်အတွင်း အဲ့ဒါကိုလုပ်ရမှာလေ...မင်းဒီလို လုပ်လိုက်ရင် မင်းရဲ့အကြောင်းပြချက်ဘောင်ကို ကျော်လွန်နေပြီ..."


ဆယ်ရက်ဆက်တိုက်ကြာအောင် s** လုပ်ရမယ်ဆိုတာကြီးက အရမ်းကြောက်စရာကောင်းလွန်းတယ််...


လင်း၏ မျက်လုံးထောင့်လေးများက တွ့န့်သွားသည်။

"တကယ်တော့အဲ့ဒါက ရက်နှစ်ဆယ်ပါ..."


လုမော့ : "..."


လုမော့ : =□=


လုမော့ : ဘာာာာာ...



🌌🌌🌌


လုမော့နဲ့ လင်းရဲ့ကြားက အခေါ်အဝေါ်အသုံးအနှုန်းလေးတွေ ပြောပြချင်လို့ပါရှင့်💙


လုမော့ဘက်ကတော့ လင်းကို "မင်း" ၊ "ငါ" ပဲ ပြောပါတယ်၊ e tranမှာလည်း You I နဲ့ပဲ ရေးထားတာပါ


လင်းဘက်ကတော့ e tranမှာ အစပိုင်းတုန်းကတော့ "master" နဲ့ "I" ဆိုပြီး သုံးတော့ သခင်နဲ့ ကျွန်တော် ဆိုပြီး ရေးထားပါတယ်


ဒါပေမယ့် နောက်ပိုင်းကျတော့ "Master",  " I " အပြင် "You" နဲ့"I" တွေ ချလာပြန်ရော🥹


အဲဒါကြောင့် လင်းက လုမော့ကို သခင်လို့ခေါ်တဲ့အချိန်ဆိုရင်တော့ ကျွန်တော်လို့ သူ့ကိုယ်သူ သုံးနှုန်းပြီး "You" နဲ့"I" ဆိုပြီး ရေးထားရင်တော့ မင်းနဲ့ ငါ လို့ ရေးပေးပါ့မယ်ရှင့်