Chapter 34
Viewers 2k

🌌 Chapter 34



အိမ်နှင့်အိမ်တော်ထိန်းကိစ္စအား သဘောတူညီမှုယူ ပြီးသွားသော်လည်း  'လိုဝယ်လ်' ဟု အမည်ရသည့် အမျိုးသမီးဇာ့ဂ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။ အိမ်တော်ထိန်း လေ့ကျင့်ရေးအချိန် အပါအဝင် မည်မျှလျှင်မြန်စွာ ပြီးဆုံးသွားပါစေ အရာအားလုံး နေရာမကျမီတွင် အချိန်ယူရဆဲ ဖြစ်လေသည်။


ထိုအချိန်ကာလအတွင်းတွင် လုမော့နှင့်အခြားသူများက ခဏတာ ကိုယ့်အားကိုယ်ကိုးကာ လုပ်ဆောင်ရမည်ဖြစ်သည််။ သူက ဂုဏ်သိက္ခာရှိသည့် မျိုးရိုးမြင့် တစ်ယောက်ဖြစ်၍ အပြင်ထွက်ပြီး ကိုယ်တိုင် ပစ္စည်းများဝယ်ရမည်ဟု တွေးရုံနှင့်ပင် အလွန်တရာ မအီမသာခံစားရသည်။ 


လုမော့ ကားထဲမှ ထွက်လိုက်သည့်အခါ မျက်နှာအမူအရာက အလွန်ဆိုးဝါးနေသည်။ သူ မြင်တွေ့သည့် အရာတိုင်းအား ဝေဖန်အပြစ်နေခဲ့သည်။ ဥပမာအားဖြင့်...သူ့ရှေ့တွင်ရှိသော အဆင့်မြင့် ဝယ်သူစိတ်ကြိုက် ပရိဘောဂဆိုင်မှ သူတို့ဆိုင်မှာ နှစ်တစ်ထောင် သက်တမ်းရှိနေပြီ ဖြစ်ကြောင်း အခိုင်အမာဆိုခဲ့သည်။ သူက မနှစ်မြို့စရာအကောင်းဆုံး အထက်စီးဆန်ဆန် မျက်နှာထားကို တပ်ဆင်ကာ

အရောင်းဝန်ထမ်းအား ရိုင်းစိုင်းစွာ ပြောလိုက်သည်။

"မင်းအဆင့်နဲ့များ ကိုယ့်ကိုကိုယ် နှစ်တစ်ထောင်ကြာ စတိုးဆိုင်လို့ ခေါ်ရဲတယ်ပေါ့..."


အရောင်းဝန်ထမ်း၏ နဖူးမှ ချွေးစက်များ စီးကျလာခဲ့သည်။ 


အဆင့်အတန်းမြင့်အမျိုးသား၏ မျက်လုံးများက မတန်တဆ စျေးကြီးလွန်းသည့်အရာများအား ကျင့်သားရနေပြီး ဖြစ်သည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီးသား တစ်ယောက်အနေဖြင့် အရောင်းဝန်ထမ်းက အကြည့်တစ်ချက်နှင့်တင် ဤဖောက်သည်မျိုးက ဝန်ဆောင်မှုပေးရန် အခက်ဆုံးဖောက်သည် ဖြစ်သည်ကို မြင်နိုင်သည်။

 

ဤအမျိုးသားက မိမိကိုယ်ကို သတိမူရန် လိုအပ်နေသေးသည်။ သူက မိမိကိုယ်ကို သမာဓိရှိသည်ဟုသတ်မှတ်ပြီး အရာရာကို အပြစ်တင်ကြိမ်းမောင်း၍ သူ၏ မြင့်မြတ်သည့် အဆင့်အတန်းကို ပေါ်လွင်စေသည်။ အရောင်းဝန်ထမ်းက သူ့အား ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးလျှင်ပင် သူက ဤစကားစုကိုဖြည်းညှင်းစွာ ပြန်ပြောလိမ့်မည်သာ ဖြစ်သည်။


"ငါလိုချင်တဲ့ခံစားချက်ကို မင်းဖမ်းမိတယ်လို့တော့ မထင်ဘူး..."


မင်း အဲ့ဒါကို ဘယ်လိုခံစားချင်သေးလို့လဲ...


အရောင်စုံရော အနက်ရောင်ကိုရော တစ်ချိန်တည်း လိုချင်နေတာလား...


လက်တွေ့တွင် သူ့စိတ်ထဲမှစကားလုံးများက ထေ့ငေါ့လုံးများနှင့် ပြည့်နေသော်လည်း ထုံးစံအတိုင်း ဤဖောက်သည်များနှင့် လိုက်လျောညီထွေစေရန် ဟန်ဆောင်နေရသည်။ အလန်းဆန်းဆုံးအပိုင်းမှာ အပြစ်တင်ဝေဖန်သံကိုပင် မကြားနိုင်ဘဲ သူ့ကိုယ်သူ ကောင်းကောင်းမွန်မွန်ခံစားကာ ကိုယ့်ကိုကိုယ် တော်တတ်သည်ဟု ထင်နေသော အမျိုးသားဇာ့ဂ်ကို စောင့်ကြည့်နေရခြင်း ဖြစ်သည်။


သို့သော်ငြား...

ဘေးနားမှလူက ဒဏ္ဍာရီလာဗိုလ်မှူးဖြစ်သည်။ သူ့တွင် သတ္တိ တစ်သောင်း ရှိနေလျှင်ပင် ဗိုလ်မှူး၏ခင်ပွန်းကို အာမခံရဲပေ။ အရောင်းဝန်ထမ်းက စိတ်ထဲတွင် ငိုနေလျက် ဘေးတွင်ရပ်နေသည့် ငွေရောင်ဆံပင်နှင့်အမျိုးသမီးအား တိတ်တဆိတ် ကြည့်လိုက်သည်။


အရောင်းဝန်ထမ်းက အင်တင်တင်ပြုံးကာ ပြောလိုက်သည်။

"လူကြီးမင်း ဒါတွေကို စိတ်မကျေနပ်ဘူးဆိုရင် ကျွန်တော်တို့မှာ တခြားပုံစံတွေ ထပ်ရှိပါသေးတယ်...လူကြီးမင်းအတွက် နမူနာဓါတ်ပုံတွေ သွားယူလာပေးပါ့မယ်..."


အမျိုးသားက သာမန်ကာလျှံကာ ခေါင်းညိတ်လိုက်သည်။

"မင်းတို့မှာ ကောင်းတာတွေရှိမယ်လို့ ငါ မထင်ပေမယ့် တစ်ချက်ကြည့်ရုံလည်း နစ်နာသွားမှာမဟုတ်ပါဘူးလေ..."


အရောင်းဝန်ထမ်း : "..."

ခက်ခဲလိုက်တာနော်...


သူ့စိတ်ထဲ တစ်စုံတစ်ယောက်ကို ရိုက်သတ်ရန် တိုက်တွန်းနှိုးဆော်မှုက ပိုပိုသန်မာလာသည်။


သူ ကုန်ပစ္စည်းသိုလှောင်ရုံသို့ ရောက်ရောက်ချင်းပင် ဝန်ထမ်းအသစ်က လက်ထဲတွင် အသစ်ကျပ်ချွတ် အလ်ဘမ်ကိုကိုင်ကာ ထွက်သွားရန် ပြင်နေသည်ကို တွေ့လိုက်ရသည်။ သူက(အရောင်းဝန်ထမ်း) ဤဆိုင်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ယခုအခါ ပျင်းရိနေသည့် အသုံးမဝင်သော လူဟောင်းတစ်ယောက် ဖြစ်လာခဲ့သည်။ ဤငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသည့် လုပ်ဖော်ကိုင်ဖက်က မည်သည်ကို စဥ်စားနေသည်အား ပြောရန် ခက်ခဲလေသည်။


ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံသည့်အချိန်က နည်းပါးသော်လည်း ဖော်ရွေသည့်စိတ်ဖြင့် အရောင်းဝန်ထမ်းဟောင်းက အကြံပေးလိုက်သည်။


"အလန်း...အမျိုးသားဇာ့ဂ်က မင်းတွေးထားတာထက် ပိုလက်တွေ့ကျတယ်နော်..."


အထူးသဖြင့် ဤကဲ့သို့ A အဆင့် အမျိုးသားဇာ့ဂ်များတွင် ရွေးချယ်စရာ အမျိုးသမီးများ များစွာရှိလေသည်။ သူ့အမျိုးသမီးက လှနေလျှင်ပင် ပိုလှပသည့် အမျိုးသမီးငယ်များကို သူတို့က ကြိုက်နှစ်သက်လိမ့်မည်ပင်။ 'အလန်း' ဟု အမည်ရသည့် အမျိုးသမီးဇာ့ဂ်က နားမကြားယောင်ဆောင်လျက် အရောင်းဝန်ထမ်းဟောင်း နံဘေးမှ ဖြတ်ကျော်သွားလေသည်။


အရောင်းဝန်ထမ်းဟောင်းက သူ့ခေါင်းအား ပင်ပန်းစွာ ခါလိုက်သည်။ 


သူက ဤနေရာတွင် နှစ်ပေါင်းများစွာ ကြာအောင် အလုပိလုပ်ခဲ့ပြီး အဆင့်အတန်းမြင့်အမျိုးသားများစွာက မကြာခဏလာရောက် အမှာယူကြသည်။ သို့သော် ၎င်းအဖြစ်အပျက်များမှ တစ်စုံတစ်ရာကို စိတ်ကူးယဥ် တွေးတောနေပါက ထွက်လာမည့် ရလဒ်မှာ အမျိုးသမီးဇာ့ဂ်များအား ကျိိန်းသေ မပျော်ရွှင်စေဘဲ စိတ်မကျေနပ်စေနိုင်ချေ။


အရောင်းဝန်ထမ်းဟောင်းက ခြေထောက်များအား တွဲလောင်းချထားလျက် ကုလားထိုင်ပေါ် ထိုင်လိုက်သည်။ အလန်းက သူ့အလုပ်အား သိမ်းယူရန် ခြေလှမ်းစကတည်းက ၎င်းက သူ့အတွက်လည်း အဆင်ပြေပြည့်စုံလေသည်။ ထိုကဲ့သို့ ဒုက္ခပေးသော ဧည့်သည်များအား သူလက်မခံချင်ချေ။


-------


အလန်းက လုမော့အား အချိန်ကြာမြင့်စွာတည်းက သိပြီးသားဖြစ်သည်။ မြေအောက်ကားပါကင်၏ ပထမဆုံးဗီဒီယို အစကတည်းက သူ့(အလန်း)ပတ်ဝန်းကျင်မှ အမျိုးသမီးဇာ့ဂ်များက စုန့်ကျန်းရှူးအား အရူးအမူးစွဲလန်းနေချိန်တွင် သူ့မျက်လုံးများအား အနက်ရောင်ဆံပင်နှင့်အစိမ်းရောင်မျက်လုံးများရှိသော အမျိုးသားဇာ့ဂ်က ဆွဲဆောင်သွားခဲ့သည်။ သူကB အဆင့် အမျိုးသမီးဇာ့ဂ်ဖြစ်နေလျှင်ပင် အခြားသော  B အဆင့်အမျိုးသမီးဇာ့ဂ်များကဲ့သို့ သူ့ကံကြမ္မာအား လက်ခံမည်မဟုတ်ပေ။ အင်ပါယာကြယ်တွင် A အဆင့်အမျိုးသားများ အများအပြားရှိကာ A အဆင့်အမျိုးသားများက  အမျိုးသမီးများစွာကို လက်ထပ်နိုင်ပေသည်။

အဲဒါက ဘာကြောင့် အလန်း မဖြစ်နိုင်ရတာလဲ...


အရှုံးကို လက်မခံဘဲ ဤအကြံအစည်ကို အားထားပြီး အလန်းက အလွန်အလုပ်ကြိုးစားခဲ့ကာ နောက်ဆုံးတွင် အင်ပါယာကြယ်ပေါ်တွင် နေထိုင်နိုင်သွားပြီး A အဆင့်အမျိုးသားများ လာလေ့ရှိသည့် ဆိုင်တွင်ပင် အလုပ်ဝင်နိုင်ခဲ့သည်။


သင့်လျော်သည့်ပစ်မှတ်အား အချိန်ကြာမြင့်စွာ ရှာဖွေခဲ့ရသည်။ အောင်မြင်ရန်အတွက် မစိတ်ရှည်သည်းခံမှုရှိရမည် ဖြစ်ကာ အသင့်လျော်ဆုံးပစ်မှတ်ကို တွေ့သည်နှင့် တစ်ချက်တည်း ပွဲသိမ်း ဖြိုဖျက်လိုက်ရမည် ဖြစ်သည်။ အဆုံးတွင် နေရာတကာ၌ အာလာပသလ္လာပစကားပြောသည့် B အဆင့်အမျိုးသမီးများက စဥ်းစားဥာဏ်မရှိ မိုက်မဲသူများပင်။ သို့သော် ယခုမူ ကံကောင်းမှုကနောက်ဆုံးတွင် သူ့ထံရောက်လာခဲ့လေသည်။


အင်ပါယာကြယ်သို့ မသွားမီက A အဆင့်ကို လတ်တလောမှ ချိုးဖြတ်ဝင်ရောက်ခဲ့သည့် D အဆင့် အမျိုးသားက ကျက်တီးကြယ်ပေါ်တွင် နေထိုင်ခဲ့သည်။ ဤအမျိုးသားက ချမ်းသာကြွယ်ဝမှုများ မတွေ့ကြုံခံစားဖူးပေ။ ထို့ကြောင့် ၎င်းက သူ့အတွက်လှုပ်ရှားရန် အချိန်ကောင်းပင်။ ပိုမိုကောင်းမွန်သည်က ယခုလက်ရှိ သူ့တွင် အမျိုးသမီးတစ်ယောက်သာလျှင် ရှိသေးသည်။ အလန်း၏ အစီအစဥ်အရ ထို့ထက်ပိုကောင်းသည့် ပစ်မှတ်မရှိတော့ပေ။ 


အချိန်အကြာကြီးစောင့်နေပါက သူအသိပညာများ ကြွယ်ဝလာသည့်အချိန်တွင်မူ သူ့အား ချော့မော့မြှောက်ပင့်၍ လှည့်စားရန် လွယ်ကူတော့မည် မဟုတ်ပေ။


အမျိုးသမီးဇာ့ဂ် အတွက်မူ...


အလန်း သူ့နှလုံးသားထဲမှ စိုးရိမ်ပူပန်မှု ရေးရေးလေးကို ဖိနှိပ်လိုက်သည်။ ထို့ပြင် ဗိုလ်မှူးက အိမ်သူဘုရင်မနေရာရထားပြီးဖြစ်ကာ A အဆင့်အမျိုးသားများတွင် အမြဲလိုလို အမျိုးသမီးအစေခံများစွာ ရှိသည်။ A အဆင့်အမျိုးသမီးဇာ့ဂ်၏ ခြိမ်းခြောက်မှုနှင့်ယှဥ်လျှင် B အဆင့်အမျိုးသမီးဇာ့ဂ်ဖြစ်သည့် သူက အိမ်သူဘုရင်မအတွက် ပို၍နှစ်လိုဖွယ်ကောင်းလိမ့်ပေမည်။


အားလုံး အဆင်ပြေသည်။


အလန်း အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ကာ ဓါတ်ပုံအယ်လ်ဘမ်အသစ်နှင့် လမ်းလျှောက်ထွက်လာခဲ့သည်။ 

"လူကြီးမင်း...ဒါကို ဘယ်လိုထင်ပါသလဲ..."


အလန်း သူ့မျက်နှာအား ဘေးသို့ အနည်းငယ်စောင်းလှည့်လိုက်ကာ အကောင်းဆုံး ထောင့်အနေအထားနှင့် အမျိုးသားဇာ့ဂ်အား တင်ပြလိုက်သည်။


-------


လုမော့က ယနေ့နံနက်တွင် လင်းဆိုလိုခဲ့သည့်အရာ အတိအကျကို တစိမ့်စိစိမ့်တွေးနေဆဲဖြစ်သည်။


ယခုအခိုက်အတန့်တွင် စနစ်၏အရေးကြီးမှုကိုသာ သူနားလည်လိုက်သည်။ 


ကိုယ်ရေးကိုယ်တာ ညှိနှိုင်းဆွေးနွေးမှု မရှိလျှင် သူ၏ တွေးတောနိုင်စွမ်းက အလွန်ကို လျော့ကျသွားလေသည်။ လင်း၏ ခံစားချက်များကို စနစ်က အလွယ်တကူ အာရုံခံသတိပြုမိသည်ကို မပြောနှင့် အခြားအရာများပါ အဆင်ပြေချောမွေ့လေသည်။ ယခုကဲ့သို့ အမှောင်ထဲ ရှိနေသည်နှင့် မတူပေ။ ယခုအခါ မည်သည့်အရာကိုမှ သူ မခန့်မှန်းနိုင်ချေ။


"လူကြီးမင်း...ဒါကို ဘယ်လိုထင်ပါသလဲ..."


ရှင်းလင်းပြတ်သားပြီး ကြွပ်ဆတ်သည့် အသံတစ်သံက သူ့အတွေးများကို နှောင့်ယှက်လိုက်သည်။ လုမော့ သူ့ခေါင်းကို လှည့်လိုက်ရာ ငယ်ရွယ်သည့် အမျိုးသမီးဇာ့ဂ်အား တွေ့လိုက်ရသည်။ အမျိုးသမီးဇာ့ဂ်တွင် လှပသော အညိုရောင်ဆံပင်တိုများရှိပြီး ဆံမြိတ်က သူ၏ ပယင်းရောင်မျက်ဝန်းများအား အနည်းငယ် ဖုံးအုပ်ထားလေသည်။ လုမော့အား အရိုအသေပြုလိုက်သည့်အခါ သူ့မေးရိုးက ရှင်းလင်းသည့်လိုင်းသဏ္ဍာန် ပေါ်လွင်သွားသည်။ အလွန်နှစ်လိုဖွယ်ကောင်းသည့် အမျိုးသမီးဇာ့ဂ်တစ်ယောက်ပင်။


"မင်းနာမည်က...အလန်းလား..."

အညိုရောင်ဆံပင်နှင့် အမျိုးသမီးဇာ့ဂ်၏ ရင်ဘတ်ပေါ်ရှိ အလုပ်ကတ်နှင့် တွဲချိတ်ထားသည့် နာမည်ကတ်ပြားပေါ်တွင် 'အလန်း'ဟု ရေးထားသည်ကို လုမော့ သတိပြုမိလိုက်သည်။


"ဟုတ်ပါတယ်..."


တစ်ချိန်တည်းမှာပင် အမျိုးသားဇာ့ဂ်က သူ့ကိုအသိအမှတ်ပြုလိုက်သည့်အလား အလန်း၏ မျက်နှာက အနည်းငယ် အံ့သြသွားသည်။ 


ဧည့်သည်များကို အရိုအသေပေးရန် မနီးမဝေးတွင်ရှိနေလျှင်ပင် အနည်းငယ် အကွာအဝေးခြားရဦးမည် ဖြစ်သည်။ အလွန်နီးကပ်သွားလျှင် အတွင်းကျကျရင်းနှီးချင်သည့်ပုံဟု ထင်သွားလိမ့်မည်။ အလန်းက အကွာအဝေးအား ပါးပါးနပ်နပ် တွက်ချက်ထားသည်။ သို့မှသာ လုမော့က သူ့နာမည်အား သတိပြုမိလိမ့်မည်ပင်။ သို့သော်ငြား သူ့အတွေးများအား ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ပေ။


အမျိုးသားက ထိုသို့ဆိုလိုသည် မဟုတ်လျှင်ပင် မေးခွန်းမေးခံလိုက်ရသည့်အခါ အနည်းငယ် အံ့သြသွားမှုက အမျိုးသားအား အလန်း လိုချင်သည့်စကားဝိုင်းအခြေအနေသို့ တွေးထင်သွားစေနိုင်ရန် ဦးတည်နိုင်သည်။ ဆက်ဆံရေးတစ်ခု တိုးတက်လာစေရန် ပထမဆုံးအဆင့်က အတွေးများ ပြောင်းလဲသွားခြင်းပင်။


စစ်တပ်အတွင်းမှ အမျိုးသမီးစစ်သည်များက ဤကဲ့သို့ စွမ်းရညိများကို ဘယ်သောအခါမှ နားလည်လိမ့်မည် မဟုတ်ပေ။ အလန်း မနေနိုင်ဘဲ ဂုဏ်ယူစွာ တွေးလိုက်သည်။


ဗိုလ်မှူးက အမျိုးသမီးဖြစ်နေတယ် ဆိုရင်တောင်မှ ဒီလို ဆက်ဆံကိုင်တွယ်ရမယ် ဆိုတာကိုမသိရင် အနှေးနဲ့အမြန် အမျိုးသားဇာ့ဂ်ရဲ့ နှစ်သက်ခံရမှုကို ဆုံးရှုံးသွားမှာပဲ...


"အိုး..."

အမျိုးသားက မျက်မှောင်ကြုတ်ကာ အနောက်သို့ အနည်းငယ် မှီလိုက်သည်။


အလန်းက ထိုသည်ကို မြင်သည်နှင့် အချက်ပြအဖြစ် မှတ်ယူကာ ဓါတ်ပုံအယ်လ်ဘမ်ကို အမျိုးသားထံ တင်ပြလိုက်သည်။  သူက သူ့ကိုယ်ပိုင်အင်အားနှင့် အကျွမ်းဝင်ပြီး ဤစွမ်းရည်များကိုပြသနိုင်သည့် အခွင့်အရေးနှင့် ကြုံတိုင်းတွင် အလွယ်တကူ လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။


သူ၏ ဖျော့တော့ပြီး သွယ်လျသည့် လက်များက အလင်းရောင်အောက်တွင် ပန်းပုထွင်းထုထားသည့်အနုပညာသို့ကဲ့သို့ပင်။ သူ၏လက်သန်းက မတော်တတေဆဟန်ဖြင့် အမျိုးသား၏ လက်ခုံပေါ်သို့ ညင်သာစွာ ချော်ထိသွားသည်။ 


အနက်ရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးနှင့် အမျိုးသားက သူ့ခေါင်းကို မော့ကာ အလန်းအားတိတ်တဆိတ် ကြည့်လိုက်သည်။ အလန်းက သူ့အား နားမလည်သည့်ပုံနှင့် ကြည့်ကာ မေးလိုက်သည်။

"လူကြီးမင်း ဘာများဖြစ်လို့ပါလဲ..."


လုမော့ : " အာ...ဘာမှမဟုတ်ပါဘူး..."


သို့သော် သူ့လက်ခုံအား ထိခံလိုက်ရသည့် ခံစားချက်က ရှင်းလင်းပြတ်သားလှပြီး လုမော့အား ယမန်နေ့ညကို ပြန်သတိရသွားစေသည်။


လင်းကို တွန်းထုတ်ရန် လက်ဆန့်လိုက်ချိန်တွင် လင်းက သူ့လက်အား ဖမ်းဆွဲကာ မျက်လုံးတစ်ဝက်ဖွင့်၍ မှေးကျင်းလျက်နှင့် သူ့လက်ဖမိုးအား လျက်လိုက်သည်။


အု့စ်...


သူ မည်သည့်အရာများ တွေးနေသည်ကို နားလည်လိုက်သည့်အခါ လုမော့ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအစစကွဲထွက်တော့မယောင်ပင်။


သူ ဧည့်သည်ခုံတွင် ထိုင်နေချိန် လင်းအကြောင်းကို စဥ်စားနေမိသည်။ သူအစားစားနေချိန်တွင်လည်း စဥ်းစားနေမိပြီး ရေသောက်နေချိန်တွင်လည်း လင်းကို စဥ်းစားမိပြန်သည်။ ယခု အခြားတစ်ယောက်နှင့် စကားပြောချိန်တွင်ပင် ညက လင်း၏ပုံရိပ်ကိုတကယ်ကြီး သတိရနေမိသည်။


ကယ်ကြပါဦး...


ငါတော့ အသုံးမဝင်တဲ့ အမှိုက်တွေ ပြည့်နေတဲ့ ဦးနှောက်နဲ့  ကြောက်စရာကောင်းတဲ့ ယောက်ျားတစ်ယောက် ဖြစ်လာပြီ...


QAQ ငါ ပျက်စီးသွားပြီ...


သူ့ခေါင်းအား အသည်းအသန်ငုံ့ကာ ပရိဘောဂများရွေးချယ်ရာတွင် အာရုံစိုက်နိုင်ရန် အကောင်းဆုံး ကြိုးစားလိုလိုက်သည်။ သို့သော်ငြား သူကြည့်လိုက်သည့်အခါတွင် မတတ်နိုင်စွာ သူ့စိတ်များ စတင်လွတ်လာပေသည်။


ရက်နှစ်ဆယ်! ၊ ဒါဆို ငါတို့ ဒီစားပွဲတွေ၊ ကုလားထိုင်တွေကို သုံးလို့ရတယ် ပြီးရင် ပရိဘောဂမျိုးစုံကိုလည်း...


မဟုတ်ဘူး ကယ်ကြပါဦး… ကျေးဇူးပြုပြီးတစ်ယောက်ယောက် ငါ့ကို အနက်ရောင်အခန်းငယ်လေးထဲ ထည့်ပြီး နံရုံကို မျက်နှာမူပြီး အဲ့အကြောင်းကို သုံးရက်လောက် စဥ်းစားခိုင်းလိုက်စမ်းပါ...


သို့သော်ငြား အခြားသူများ၏ မျက်လုံးထဲတွင်မူ သူ့သွင်ပြင်က ပြောင်းလဲနေပေသည်။ အေးစက်နေသည့်မျက်နှာနှင့် အမျိုးသားက အနည်းငယ် ချောင်းဆိုး၍ ခေါင်းကိုငုံ့ကာ ဓါတ်ပုံအယ်လ်ဘမ်အား မမှိတ်မသုန် စူးစိုက်ကြည့်နေသည်။ သို့သော် တစ်နည်းတစ်ဖုံ နီမြန်းနေသည့် သူ့နားရွက်ထိပ်က သူ့အတွေးများအားလုံးကို ဖော်ထုတ်နေလေသည်။ 


အလန်း၏နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားသည်။ အမျိုးသားက ချိတ်ခံလိုက်ရပေပြီ သူရှေ့တစ်လှမ်းတိုးလာပြီး အမျိုးသားနှင့် ပိုနီးကပ်စေရန် ခန္ဓာကိုယ်အား ကိုင်းညွှတ်လိုက်သည်။ 

"ဒီခုံရှည်ကို ဘယ်လိုထင်လဲဟင်..."


သူ စကားပြောလိုက်သည့်အခါ သူ၏နွေးထွေးသည့်အသက်ရှုသံက လုမော့၏ နားသံသီးကို ညင်သာစွာပွတ်တိုက်သွားလျက် သူ့နောက်ကျောမှ အမွှေးလေးများအား တစ်ချောင်းပြီး တစ်ချောင်းထောင်သွားစေသည်။ အမျိုးသား၏ လက်ချောင်းများ တုန်လှုပ်သွားသည်။


အလန်း သူ့မျက်လုံးများအား ကျဥ်းမြင်းလိုက်သည်။ သူ မျှော်လင့်ထားသလိုပင် အမျိုးသား၏ ထိုးထွင်းဥာဏ်က တိုတောင်းနေဆဲ ဖြစ်သည်။ သူ စနောက်နေသည်ကို မခုခံနိုင်ပေ။ ထို့ကြောင့် သူယခုချက်ချင်း လုပ်ဆောတင်လိုက်သင့်သည်။


ငါ အရမ်းကံကောင်းတာပဲ...


သူက အနည်းငယ် ဘဝင်ခိုက်လျက် တစ်လျှောက်လုံး တိတ်ဆိတ်နေသာ အိမ်သူဘုရင်မအား ဖျတ်ခနဲကြည့်လိုက်သည်။


ငွေရောင်ဆံပင်နှင့် အမျိုးသမီးဇာ့ဂ်က မျက်လုံးများမှေးကျဥ်းလိုက်ကာ လုမော့အား တည်တည်ငြိမ်ငြိမ်ကြည့်လိုက်သည။ ဤအခြေအနေနှင့် မသက်ဆိုင်၊ မအက်စပ်သည့်အလား သူ့မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိပေ။ 


"ဒေါက် ဒေါက် ဒေါက် ..."


လက်တင်ခုံပေါ်ရှိ လက်အိတ်စွပ်ထားသည့် လက်ချောင်းများအား တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ဖြေလျော့လိုက်ရာ လက်ကောက်ဝတ်ရှိ လက်ကောက်လေးက လှုပ်ယမ်းသွားလေသည်။


ပန်းကဲ့သို့သော နှလုံးသားရှိသည့် အမျိုးသားထံတွင်သူ့ယုံကြည်မှုများ လုံးဝဆုံးရှုံးသွားသည့် အိမ်သူဘုရင်မကဲ့သို့ အလွန်နာကျင်လွန်း၍ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ထုံထိုင်းနေပေသည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် အလန်းအောင်ပွဲကို ခံစားရသင့်ချိန်တွင် သူ့နောက်ကျောမှ ကြက်သီးမွှေးများ ထလာခဲ့သည်။


ဆိုင်ထဲက လေအေးပေးစက်ကို အရမ်းမြင့်လိုက်လို့များလား...


မည်သူမှ မမြင်နိုင်သည့် နေရာတွင် လင်း၏အင်္ကျီလက်ထဲမှ အနက်ရောင်ပိုးကောင်လေးတစ်ကောင်က တွားသွားထွထွက်လာခဲ့သည်။  သူက လင်း၏ လှုပ်ရှားမှုများနောက်လိုက်ကာ ကုလားထိုင်မှ မြေပြင်တစ်လျှောက် တွယ်ကပ်ဆင်းသွားကာ ခိုးကြောင်ခိုးဝှက်၊ လျင်လျင်မြန်မြန်ဖြင့် အညိုရောင်ဆံပင်နှင့် အမျိုးသမီးထံသို့ တွားသွားလိုက်သေးသည်။


"ရှဲ...ရှဲ..."


သူတို့တွင် တူညီသည့်မျိုးရိုး ရှိသော်လည်း နှစ်သန်းပေါင်းများစွာ ဆင့်ကဲပြောင်းလဲလာပြီးနောက်တွင် အမျိုးအစားနှစ်မျိုးအဖြစ် တဖြည်းဖြည်း ကွဲထွက်သွားကြသည်။ ယခုခေတ် ဇာ့ဂ်အဖွဲ့အစည်းတွင် လူအနည်းငယ်ကသာ ဤအင်းစက်များကို မှတ်မိကြတော့သည်။ သို့သော်ငြား လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ဇာ့ဂ်အဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းမိုးသွားသည့် အထူထပ်ဆုံး တိမ်လောက်ရှိသည့် အင်းစက်များရှိသေးသည်။



🌌🌌🌌