Chapter 123
Viewers 49k

💘Chapter 123

 ချန်ဖုန်းအုပ်စု၏ မနက်ခင်းအစည်းအဝေး




"ဟေး လုပ်ပါ ဒီလောက်ထိအကြင်နာမမဲ့ပါနဲ့လား"

ဆယ့်တစ်ကြိမ်မြောက်ကွတ်ကီးဆီကနှင်ထုတ်ခြင်းခံရချိန်မှာ ဝေ့ဟွားတစ်ယောက် ဘာမှ မခံစားရတော့ပါ​ချေ။သူက ထွက်သွားရန် ငြင်းဆန်နေပြီး လက်ရှိတွင် ကွတ်ကီး၏ဘေးမှာကော်လိုကပ်နေဆဲဖြစ်သည်။


"အလုပ်ဆင်းတော့မယ်"

ကွတ်ကီးက ကွန်ပြူတာကို သိမ်းလိုက်ပြီး ဝေ့ဟွားကို အကြည့်တစ်ချက်မျှပင် မစွန့်​ကြဲဘဲ သူ့အလုပ်သူ လုပ်​နေခဲ့သည်။


သို့သော် ဝေ့ဟွားက ဘာကိုမှ မခံစားခဲ့ရပေ။ကွတ်ကီးကို အချိန်တချို့ကြာ လိုက်ပိုးပြီးနောက်၊ သူက အရေထူပြီး  ခံနိုင်ရည်ရှိလာသည်။ ကွတ်ကီးက ဘာပဲပြောပြော သူကလုပ်ချင်ရာလုပ်တတ်သည်။


မှန်​ပေသည်၊​ဝေ့ဟွားက ကွတ်ကီး၏ စိတ်အခြေအနေကို အာရုံစိုက်နေဆဲဖြစ်သည်။ကွတ်ကီးက သူ့ကို အမှန်တကယ် ဒေါသထွက်ခြင်းမရှိသည်ကို ခံစားမိသောကြောင့် ဤကဲ့သို့ ပြုမူခြင်းဖြစ်သည်။ကွတ်ကီး၏အေးစက်စက်အမူအရာမှာ ကွတ်ကီး အတင်းအကြပ်လုပ်ယူထားသော ဟန်ဆောင်မျက်နှာဖုံးတစ်ခု​မျှသာဖြစ်၏။


"ကိုယ် မင်းကို အိမ်ပြန်လိုက်ပို့​ပေးမယ်"

ကွတ်ကီး ဘားကောင်တာတွင် ပစ္စည်းများသိမ်းဆည်းနေသည်ကို တွေ့လိုက်ရသောကြောင့် ​ဝေ့ဟွားက အမြန်ဝင်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ကွတ်ကီး၏အလုပ်ကို လက်လွှဲယူလိုက်သည်။


ဝေ့ဟွား၏ လှုပ်ရှားမှုများက  အိမ်အလုပ်များကို အခုမှစ လုပ်ဖူးသူနှင့်မတူဘဲ ကျွမ်းကျင်ပြီး ​သေသပ်သည်။ သူနိုင်ငံခြားမှာနေထိုင်သည့်နှစ်များမှာ အရာရာအတွက် သူ့ကိုယ်သူ အားကိုးတတ်လာသည့်အတွက် ဤအလုပ်များက သူ့အတွက် ရိုးရှင်းလေသည်။


ဝေ့ဟွား၏လှုပ်ရှားမှုများက အလွန် လျင်မြန်ပြီး မိနစ်အနည်းငယ်အတွင်း ဘားကောင်တာက ပြောင်လက် သန့်ရှင်း၍သွားသည်။ ကွတ်ကီးကို လှည့်ကြည့်လိုက်သည့်အခါ ကွတ်ကီးက သူ့ကို ကြည့်နေသည်ကို ​​တွေ့လိုက်ရသည်။ ကွတ်ကီးက ဝေ့ဟွား သူ့ကို ကြည့်နေသည်ကို သိလိုက်သောအခါ သူ့အကြည့်ကို အမြန်လွှဲလိုက်သော်လည်း ဝေ့ဟွားက ဖမ်းမိလိုက်ဆဲ ဖြစ်သည်။


သို့​ပေမဲ့ ဝေ့ဟွားက ၎င်းကို ထောက်မပြခဲ့ပေ။ထိုအစား စိတ်ထဲမှာပဲ ကျိတ်ပျော်နေပြီး အပေါ်ယံမှာမူ ပုံမှန်အတိုင်းပြောလိုက်သည်။

"သွားရအောင် ကိုယ်မင်းကို အိမ်ပြန်ပို့ပေးမယ်" 


"မလိုဘူး"

ကွတ်ကီးက တိုက်ရိုက်ငြင်းဆိုလိုက်ပြီး မီးပိတ်ဟန်ဆောင်ကာ တံခါးဆီသို့သွားခဲ့သည်။ သို့သော်သူက မီးမပိတ်မီ ဝေ့ဟွား တံခါးနားရောက်ခါနီးအထိ စောင့်နေခဲ့သည်။


"ဒီရက်ပိုင်းမှာ မြို့တော်က သိပ်မလုံခြုံဘူးလို့ ကြားတယ်"

ဝေ့ဟွာက ကွတ်ကီးကိုအိမ်ပြန်ပို့စရာ အကြောင်းပြချက်တစ်ခုရရန် ချဲ့ကားပြီးခြောက်လိုက်သည်။


ကွတ်ကီးက ဝေ့ဟွားကို ကြည့်ပြီးဆို၏။

"ငါ​တော့ ဘာသံမှ မကြားမိဘူး"

ထိုသို့ပြောပြီးနောက် သူက ကော်ဖီဆိုင်တံခါးကို ဘန်းခနဲသော့ခတ်ကာ လှည့်ပြန်တော့လေသည်။သူခြေလှမ်းများက သိပ်ပြီး မြန်မနေပါချေ။


"တကယ်ကို မလုံခြုံတာ...ကိုယ် မင်းကိုလိုက်ပို့ပါရစေနော်... မဟုတ်ရင် ကိုယ်စိတ်အေးမှာ မဟုတ်ဘူး"

ဝေ့ဟွားက သူ့နောက်ကို ကပျာကယာ လိုက်ပြီး စိတ်ရင်းဖြင့် ပြောလိုက်သည်။


"ငါက ယောက်ျားလေးပါ...အလာတုန်းကလည်း ကိုယ့်ဘာကိုယ် ကားမောင်းလာတာပဲ"

ကွတ်ကီးက ဆက်ငြင်းသည်။


၎င်းကိုကြားသောအခါ ဝေဟွာက ချက်ချင်းပြုံးပြီးဆိုလိုက်သည်။

"ဒါဆိုကွက်တိပဲပေါ့...ကိုယ် ဒီနေ့ ကားမပါလာဘူး...မင်းကိုယ့်ကို အိမ်ပြန်လိုက်ပို့ပေးပါ့လား"


သူတို့နှစ်ယောက်၏ အသံများက တဖြေးဖြေး တိုးဝင်ပျောက်ကွယ်သွားကာ ဘေးချင်းကပ်လျက်လျှောက်နေသော သူတို့၏ ပုံရိပ်များက မီးရောင်အောက်မှာ ထပ်နေနေခဲ့၏။


*


နောက်တစ်နေ့တွင်၊အိပ်မက်ဖလား၏ ရွှေတံဆိပ်ရထားသော လက်ရာက ကူးချထားခြင်းဟုတ်မဟုတ်နှင့် ပတ်သက်၍ အငြင်းပွားမှုများသည် အင်တာနက်ပေါ်တွင် လုံးဝ ပျံ့နှံ့သွားပြီး၊ အဆုံးမရှိသော အချေအတင်ငြင်းခုံမှုများဖြစ်ပေါ်နေခဲ့သည်။


အချို့က ၎င်းကိုကူးချထားသည်ဟု ယုံကြည်ကြပြီး "အလင်း​ရောင်"က ကူးချထား​ခြင်းမဟုတ်ကြောင်း အခိုင်အမာယုံကြည်ကြသူများလည်းရှိသည်။


မည်သို့ပင်ဖြစ်စေ အိပ်မက်ဖလားက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အမှန်တရားကို လူအများအား ထုတ်ဖော်ပြောကြားခြင်း မပြုမချင်း အွန်လိုင်းပေါ်က ဆွေးနွေးမှုများက ဆက်လက်ရှိနေမည်မှာ သေချာ​လေသည်။


ဤအတောအတွင်း၊ ချန်ဖုန်းအုပ်စုတွင် ဟိုင်ကျောင်းဖိုရမ်ရှိ ပို့စ်ပိုင်ရှင်မှဖော်ပြသောအကြောင်းအရာ၏ အသံဖိုင်အထောက်အထားကြောင့် ဝေ့ချန်ပါ ​ငြိစွန်းသွားခဲ့သည်။


ပွဲကြည့်​​နေသူများက ၎င်းက  "အလင်းရောင်" ပန်းချီကား၏ မူရင်းဖန်တီးသူ၏ မိသားစုထံမှ အသံဟုတ်မဟုတ်ကို  သံသယရှိနေကြပြီး ခြိမ်းခြောက်မှုပြုလုပ်သူမှာ  စီးပွားရေးမဂ္ဂဇင်း မျက်နှာဖုံးက ဝေ့ချန် အမှန်တကယ်ဟုတ်မဟုတ် အတည်မပြုနိုင်သေးပေ။


သို့သော် ချန်ဖုန်းအုပ်စုမှလူများက မတူ​ပေ။အသံဖိုင်ကို ကြားလိုက်သည်နှင့် ၎င်းတို့သည် ဝေ့ချန်၏အသံဖြစ်ကြောင်း ချက်ချင်း ကောက်ချက်ချနိုင်ကြသည်။


ထို့ကြောင့် ယနေ့မနက်ခင်းအစည်းအဝေးတွင် တစ်စုံတစ်ယောက်က ဝေ့ချန်ကို အလုပ်ထုတ်ရန် အဆိုပြုခဲ့သည်။ အကြောင်းပြချက်မှာ ဝေ့ချန်၏ မသင့်လျော်သော ကိုယ်ရေးကိုယ်တာအပြုအမူ၊ ဥပဒေနှင့် စည်းမျဉ်းများကို လျစ်လျူရှုခြင်း နှင့် ချန်ဖုန်းအုပ်စု၏ ပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်စေခြင်းတို့ကြောင့် ဖြစ်သည်။


ဤလူက ချန်ဖုန်း၏ အကျိုးစီးပွားအတွက် အမှန်တကယ် အလေးထားပုံပေါ်ပြီး စိတ်အားထက်သန်စွာ ပြောဆိုခဲ့သည်။ သူက ချန်ဖုန်းအုပ်စု၏ဂုဏ်သိက္ခာကို သူ့အသက်ထက် ပိုတန်ဖိုးထားကြောင်း လူတိုင်းကို ပြောနေသလိုပင်။


မှန်ပေသည်၊ ဤလူပြောခဲ့သည်က မမှားပါ​ချေ။ မနေ့ညက ချန်ဖုန်းအုပ်စု၏တရားဝင်အကောင့်ကိုလာပြီး မရေမတွက်နိုင်သော ဒေါသထွက်နေ​ကြသော အင်တာနက်အသုံးပြုသူများက ဝေ့ချန်အတွက် ပြစ်ဒဏ်ပေးရန် တောင်းဆိုခဲ့​ကြသည်။


စကားလုံးများကသာ ဓားသွားဆိုလျှင် ဝေ့ချန် ယခုအချိန်တွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်း​နေ​ပေလိမ့်မည်။မနက်ခင်းအစည်းအ​ဝေးအတွင်း၊ ဤလူ၏မေးခွန်းထုတ်မှုများသည် Weibo ရှိ ကီးဘုတ်ဖိုက်တာများ၏ အတွေးအမြင်များကို ထင်ဟပ်နေပုံရသည်။


"ဘာလဲ...အိပ်မက်ဖလားကတောင် မထုတ်ပြန်ရ​သေးခင်မှာ ခင်ဗျားတို့က အမှန်တရားကို သိ​​နေပြီလား" 

ပထမဆုံး မတ်တပ်ထရပ်ကာ ဆန့်ကျင်သူက ကျူးကောဖုန်းဖြစ်၏။သူက ခပ်ဖျော့ဖျော့ ပြုံးကာ နှာခေါင်းရှုံ့လိုက်ပြီး သူ့အကြည့်က ကျိုးထုံးဖမ်း၏အပေါ်မှာရောက်နေသည်။


ဒီလူရဲ့အချက်ပြမှုမရှိဘဲ၊ သူ့လက်အောက်ငယ်သားတွေက ဘယ်လိုလုပ်ထွက်ကိုက်ရဲမှာလဲ...


အထွေထွေမန်နေဂျာဖြစ်သည့် ကျူးကောဖုန်းကိုပင် ဂရုမစိုက်ဘဲ ၎င်းတို့ထဲမှ တစ်ဦးက ချက်ချင်းပြန်ပက်လေသည်။

"အထွေထွေမန်နေဂျာကျူးကော အင်တာနက်ပေါ်က အသံဖိုင်က တိုက်ရိုက်အကျဆုံး သက်သေပဲလေ... ဒါရိုက်တာဝေ့ရဲ့ အရည်အချင်းကို မင်းတန်ဖိုးထားတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ သူ့အကျင့်စရိုက်ကိုလည်း ထည့်စဉ်းစားရမယ်...အမှန်တရားကိုမသိဘဲ သူများကို ရူးရူးမိုက်မိုက် ခြိမ်းခြောက်နေတဲ့သူမျိုးက ငါတို့ချန်ဖုန်းအုပ်စုရဲ့ ဒါရိုက်တာ ဖြစ်လာနိုင်တယ်လား...အခု ဒီအကြောင်းကို အားလုံးသိကုန်ကြပြီ... ငါတို့ ချန်ဖုန်းအုပ်စုရဲ့ ဟာသကို ကြည့်ဖို့ လူဘယ်နှစ်ယောက် စောင့်နေကြလဲ မင်းသိလား"


ရှန့်ကျားချီ ထို​နေရာမှာပဲ ပြုံး၍ ထိုင်​​​နေပြီး ဘာမှဝင်မပြောပေ။သူဘာတွေတွေးနေလဲဆိုသည်ကို သိဖို့ရာခက်​လေသည်။ဝေ့ချန်က သူ့ကာကွယ်မှုအောက်တွင် ရှိနေသည်ကို သိသဖြင့် ဤလူများက ကိစ္စဖြစ်ပွားပြီးနောက် သူ၏ပန်းချီပညာပေါ်ချစ်မြတ်နိုးမှုကိုအားကိုးပြီး ရှေ့ထွက်ကာ ဝေ့ချန်ကိုဆွဲချရန်သတ္တိရှိ​နေ​ကြသည်။


ရှန့်ကျားချီက ပန်းချီကားများစုဆောင်းခြင်းကို ဝါသနာမှန်း လူသိများသည်။သူက ပန်းချီမဆွဲတတ်သော်လည်း ပန်းချီက သူ၏နှလုံးသားထဲတွင် မြင့်မြတ်နယ်မြေတစ်ခုအ​ဖြစ်ရှိ​​နေသည်။ ဝေချန်၏ လုပ်ရပ်များက သူ၏မြင့်မြတ်နယ်မြေကို စော်ကားရာ​ကြသည်ဟု သူတို့ ထင်ခဲ့ကြပြီး သူက ဝေ့ချန်၏ဘက်မှာရှိမနေတော့ဟု ယူဆကာ ဝေ့ချန် ဆွဲချရန် စိတ်အားထက်သန်နေခဲ့သည်။


ဒါပေမဲ့ ဝေချန်ကို သူတို့ တကယ်နားလည်ကြရဲ့လား...

ရှန့်ကျားချီက ဝေ့ချန် ဒီပလိုမာအနည်းငယ်မျှဖြင့်ဘွဲရရှိစဥ်ကတည်းကနေ ယခုအချိန်ထိ ​ဝေ့ချန်ကို​ကြည့်​​နေခဲ့သည်။ဝေ့ချန်၏ စရိုက်ကို သူမည်သို့မသိဘဲနေမည်နည်း။


ဝေ့ချန် ကြင်နာတတ်သူမဟုတ်​ကောင်းမဟုတ်နိုင်ပေမဲ့ သူ့မှာ စည်းမျဥ်းစည်းကမ်းများရှိပြီး ဝေ့ချန်က ယခုလိုအရာမျိုးမလုပ်တတ်ပါချေ။


ထို့အပြင်၊ ပိုင်းခြားသိမြင်နိုင်သောမျက်လုံးများသည် အင်တာနက်ပေါ်ရှိ အထောက်အထားဟုခေါ်သည့် အရာများ၏နောက်ကွယ်မှ လှည့်ကွက်များကို မြင်နိုင်သည်။သို့ပေမဲ့ ဤလူများက ဝေ့ချန်၏ လတ်တလောစွမ်း​ဆောင်ရည်ကြောင့် စိုးရိမ်မှုအပြည့်နှင့်ပျာယာခတ်ကုန်ပြီး ဤအနည်းငယ်​​သော​အခွင့်အရေးကို လက်ကိုင်အ​ဖြစ်အသုံးချကာ ဝေ့ချန်ကိုဆွဲချချင်နေကြသည်။တကယ်ကို အင်မတန်စိတ်မရှည်ဖြစ်နေကြပုံပင်။


ကျူးကောဖုန်းကလည်း ဤအချက်ကို နားလည်သည်၊ ထို့ကြောင့် ဤအကြီးတန်းအလုပ်အမှုဆောင်က ဝေ့ချန်ကို မည်သို့ကိုင်တွယ်ရမည်ကို စိတ်အားထက်သန်စွာ ပြောဆိုနေချိန်မှာ ကျူးကောဖုန်းက တိတ်ဆိတ်နေခဲ့ခြင်းဖြစ်သည်။


ဝေ့ချန်က ဤရလဒ်ကို မျှော်လင့်ထားပုံရသလားသူမသိပေ။သူက အမှန်တကယ်ကိုတစ်ပတ်ခွင့်ယူထားပြီး သူ့ခင်ပွန်းနှင့် ဘယ်ကိုသွားမှန်း မသိရပါချေ။


ရှန့်ကျားချီ နှင့် ကျူးကောဖုန်းတို့က မတုံ့ပြန်သည်ကို မြင်လိုက်ရသဖြင့် ထိုလူက အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ကျိုးထုံဖမ်းကိုကြည့်ပြီးနောက် သူက ခေါင်းမော့ရင်ကော့ကာ ဝေ့ချန်ကို ဆက်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလေတော့သည်။


အစည်းအဝေးမစမီ၊ကျိူးထုံဖမ်းက ​ပြင်ဆင်မှုများပြုလုပ်ထားပြီးဖြစ်လောက်သည်။ဤလူက ​ပြောပြီးသွားပြီးနောက် တခြားသူများကနောက်ကနေသံယောင်လိုက်ကာထောက်ခံကြသည်။ 

သို့သော် သူတို့ စိတ်ကူးယဉ်ခဲ့သော အပြင်းအထန် ငြင်းခုံမှုမျိုး မပေါ်ပေါက်ခဲ့ပေ။ရှန့်ကျားချီနှင့်ကျိုးထုံဖမ်း နှစ်ယောက်စလုံးက သူတို့ကို ဒရာမာတစ်ခုကြည့်နေသလိုမျိုး အေးအေးလူလူ ကြည့်နေကြသည်။


နောက်ဆုံးတွင်၊ကျိုးထုံဖမ်း ၏ထောက်ခံသူများသည် ထိုလုပ်ရပ်ကို ဆက်မလုပ်နိုင်တော့ဘဲ ၎င်းတို့၏မျက်လုံးများက ကျိုးထုံဖမ်းဘက်ကို လှည့်သွားကြသည်။


ကျိုးထုံဖမ်းက ပြုံးပြီး ရှန့်ကျားချီကို ကြည့်လိုက်သည်။

"ဥက္ကဋ္ဌရော ဘယ်လိုထင်လဲ"


ဘောလုံးကို သူ့ဆီပြန်ပုတ်လာသဖြင့် သဘာဝအတိုင်း ရှန့်ကျားချီက ၎င်းကို ဖမ်းနေသယောင်ဆောင်ရ​လေသည်။ သူက ပြုံးပြီးပြော၏။

"အလျင်မလိုကြပါနဲ့... နေ့လည်ပိုင်း အိပ်မက်ဖလားသတင်းစာ ရှင်းလင်းပွဲ အပြီးမှ ပြောကြရအောင်"

သူက ဘောလုံးကို ဂိုးတိုင်ထဲသို့ ပေါ့ပေါ့ပါးပါး ကန်သွင်းသလိုက်သည်။


ကျိုးထုံဖမ်း၏ လက်အောက်က လူများက တစ်ခုခု ထပ်ပြောချင်ပေမဲ့ ကျိုးထုံဖမ်းက သူတို့ကို အကြည့်နှင့်တားလိုက်၏။ရှန့်ကျားချီ၏ အပြုအမူကို မြင်လိုက်ရသည့်အခါ ဤအဖြစ်အပျက်ကို ရှန့်ကျားချီက သိပ်အလေးအနက်မထားမှန်း သူ သဘောပေါက်သွားသည်။သူတို့ ဤကိစ္စကို ဆက်လက်ဖိအားပေးမည်ဆိုပါက ရှန့်ကျားချီက သေချာပေါက် ကြိုက်မှာမဟုတ်ပေ။ထို့ကြောင့် ဤကိစ္စကို လောလောဆယ် ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်၏။


ထို့အပြင်၊ ကျိုးထုံဖမ်း၏ယနေ့လုပ်ရပ်များသည် ဝေ့ချန်အပေါ် ရှန့်ကျားချီ ၏သည်းခံမှုနှင့်ယုံကြည်မှုကိုစမ်းသပ်ရုံသက်သက်သာဖြစ်သည်။သူက ဤအသေးအဖွဲကိစ္စရပ်ကို အခြေခံ၍ ဝေ့ချန်ကို ရုံးထဲမှကန်ထုတ်နိုင်မည်ဟုယုံလောက်အောင် မမိုက်ပေ။


တစ်ခါတစ်ရံတွင် ပြင်ပအင်အားစုများသည် အထူးသဖြင့် ပြည်သူ့သဘေထားခေတ်ကြီးတွင် အတွင်းအင်အားစုများထက် များစွာ အားကောင်းနိုင်သည်။ အများ​ပြည်သူ၏သဘောထားအ​မြင်ကိုရယူပြီးသည်နှင့် ရှန့်ကျားချီက ဝေ့ချန်ကို အပြစ်ပေးလိုခြင်းမရှိလျှင်ပင် ရွေးချယ်စရာမရှိတော့ပေ။ချန်ဖုန်းအုပ်စုက ရှန့်ကျားချီ၏တစ်ကိုယ်တော်ရှိုးမဟုတ်ဘဲ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။


ဤနည်းဖြင့်ဆိုလျှင် ဤကိစ္စကပြီးသွားပြီဖြစ်၏။


ကိစ္စက လက်ရှိမှာ ဖြေရှင်းပြီး​​ကောင်းပြီးနိုင်သော်လည်း ရှန့်ကျားချီ နှင့် ကျူးကောဖုန်းတို့ နှစ်ဦးစလုံး ကျိုးထုံဖမ်းက ၎င်းကို လွှတ်ထားမည်မဟုတ်ကြောင်း သိထား​လေသည်။မည်သို့ပင်​ဖြစ်​စေဝေ့ချန်၏ "အမြီး" ကို ဖမ်းမိရန်က  မလွယ်သဖြင့် ၎င်းနှင့် ပတ်သက်၍ ကြီးကြီးမားမား ရုန်းရင်းဆန်ခတ် ပြုလုပ်ရန် ဤအခွင့်အရေးကို သူ လက်လွတ်မခံပေ။


သို့သော် ဝေ့ချန်က အမြဲတမ်း စေ့စပ်သေချာသည်။ကျူးကောဖုန်း နှင့် ရှန့်ကျားချီတို့သည် ဝေ့ချန်တွင် မည်သည့်အစီအစဥ်ရှိသည်ကို မသိသော်လည်း နောင်တွင် ဘာဖြစ်လာမည်ကို သူမျှော်လင့်ထားပြီးဖြစ်ကာ တန်ပြန်တိုက်ခိုက်ရန်ပြင်ဆင်ထားပြီး​​ပြီဟု ယုံကြည်ကြသည်။


ကျိုးထုံဖမ်းက ဤ"အမြီး" ကို ဆက်ဆွဲချင်သည်ဆိုလျှင် ရလဒ်ကောင်းနှင့် အဆုံးသတ်မှာ မဟုတ်ပါချေ။


ဝေ့ချန်မှာ ဤကဲ့သို့​ထူးခြားသော ညဥ်ရှိသည်။သူက လက်ရှိအသက်နှစ်ဆယ့်လေးနှစ်သာရှိသေး၏။ဤအသက်အရွယ်က လူကြီးများစွာ၏အမြင်မှာ လူငယ်တစ်ယောက်ဟုသတ်မှတ်၍ရပေမဲ့ သူသည် မရေမတွက်နိုင်သော တိုက်ပွဲများကို ရင်ဆိုင်ခဲ့ရသကဲ့သို့ ပုံမှန်မဟုတ်စွာတည်ငြိမ်နေသည့်ခံစားချက်အားပေးလေသည်။သူ၏ ရင့်ကျက်မှုက အံ့ဩစရာဖြစ်ပြီး၊ သူက အသက်20ကျော်ပဲရှိသေးသည့်အတွက်သာမဟုတ်လျှင် သူ့မှာ လောကအတွေ့အကြုံများနှင့် ပြည့်နှက်နေသလိုပင် လူတို့အား ခံစားစေရမှာဖြစ်သည်။


ယင်းခံစားချက်က သိမ်မွေ့ပြီး ရှန့်ကျားချီပင်လျှင် ဝေ့ချန်မှာ အဘယ်ကြောင့် ဤကဲ့သို့သောညဥ်ရှိ​နေရသနည်းဟု တစ်ခါတစ်ရံ တွေးမိသည်။ဝေ့ချန်ကို ပထမဆုံးစတွေ့တုန်းက အလားအလာကောင်းများရှိ​သော ရင့်ကျက်ပြီး ဉာဏ်ရည်ထက်မြက်သည့် လူငယ်တစ်ယောက်ဟု သူထင်ခဲ့သည်။


သို့ပေမဲ့ ဝေ့ချန်နှင့် တစ်လကြာမတွေ့ရပြီး နောက်တစ်ကြိမ်ပြန်ဆုံတွေ့ရပြီးနောက်မှာတော့ ရှန့်ကျားချီက သူ့ရင်ထဲမှာ ဝေ့ချန်နှင့်ပတ်သတ်ပြီး တစ်ခုခုပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ အရင်ကစရိုက်လက္ခဏာများက ရှိနေတုန်းဖြစ်ပေမဲ့ ဝေ့ချန်က ကြီးမားသော ဘေးဒုက္ခကို ကြုံတွေ့ခဲ့ရသလိုမျိုး တစ်ခုခု ပြောင်းလဲသွားသည်ကို ရှန့်ကျားချီ ဝေ့ဝေ့ဝါးဝါးသိလိုက်သည်။


ဝေ့ချန်ဆီတွင် ဤအပြောင်းအလဲကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းကို ရှန့်ကျားချီ တူးထုတ်ရှာဖွေနေမှာမဟုတ်ပေ။ဤပြောင်းလဲမှုက သူ့အတွက် ကောင်းလား ဆိုးလား မသိပေမဲ့ အနည်းဆုံးတော့ လက်ရှိ ဝေ့ချန်က သူ စိတ်ချလက်ချ ယုံကြည်လောက်အောင် ထူးချွန်ထက်မြက်ပြီး ယုံကြည်ထိုက်၏။ထို့အပြင် ဝေ့ချန်၏ဘေးမှာ ချန်လီရှိနေသည်။ဝေ့ချန်ကို အခြားသူများ၏အ​မြင်တွင် သူမတူအောင် ထူးချွန်ထက်မြက်ပေမဲ့ ခံစားချက်ကင်းမဲ့သည့် စက်တစ်ခုဆိုသည်ထက်ပို၍ ခံစားချက်များနှင့်မျက်ရည်များရှိလာစေသည့်ချန်လီဖြစ်လေသည်။


<< >>



💘