Chapter - 26
(ထပ်တူကျသော နှလုံးသားတစ်စုံ)
"ဘာမှားနေလို့လဲ?"
စီဆဲလ်က သူ့ကို စိုက်ကြည့်နေတာကို မြင်တော့ကျောင်းမြန်က မအံ့သြဘဲ မနေနိုင်တော့ပေ။
စီဆဲလ်က ပြောလေသည်။
"နောက်တစ်ခါ အဲ့လိုမျိုး လူတွေကို မကြည့်နဲ့"
" ...... "
သူတို့နှစ်ဦးသည် သဲပေါ်တွင် လဲလျောင်းနေပြီး ဤဂြိုလ်ငယ်လေးသည် လကို မှိတ်တုတ်မှိတ်တုတ်သာ မြင်နိုင်စေခဲ့သည်။
"လက လူသားတစ်ယောက်လို ကြီးထွားတယ်ဆိုပြီးတော့ ကျွန်တော်ကြားဖူးတယ်"
ကျောင်းမြန်က ပြုံးပြီးပြောလိုက်သည်-
"ရှေးကမ္ဘာမြေမှာ လူတွေစရှိကတည်းက လက အမြဲရှိနေခဲ့တာ...ရှေးခေတ်က ကဗျာတွေမှာလည်း လက မကြာခဏ ပါတယ် ....ဘယ်တော့မှ မပြောင်းလဲဘူး"
စီဆဲလ်က သက်ပြင်းချလိုက်ကာ
"တချို့အရာတွေက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး"
အငွေ့အသက်များ ငြိမ်သက်သွားပြီးနောက် အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသဖြင့် ကျောင်းမြန်က "မာရှယ်နဲ့ သူ့မိန်းမ အဆင်ပြေလား" ဆိုတဲ့ ခေါင်းစဉ်ကို ရှာတွေ့ခဲ့သည်။
စီဆဲလ်က ခဏရပ်ပြီး ပြောလိုက်သည်-
"ဒီလိုပါပဲ၊ သူတို့ကလည်း ကိုယ့် ဆီမလာဘူး၊ ကိုယ်ကလည်း သူတို့ဆီ မသွားဘူး။"
စီဆဲလ်သည် သူ့မိဘများနှင့် ကွဲကွာနေခဲ့သည်မှာ ဆယ့်ခြောက်နှစ်ရှိပြီဖြစ်သည်။ နောက်ဆုံးတော့ ဘဝမှာ ညီလေးတစ်ယောက်ရှိခဲ့ပေမယ့် ခံစားချက်တွေက သဘာဝအတိုင်းရှိနေသောကြောင့် ဘယ်လောက်လေးနက်မှု ရှိနေလဲဆိုတာ စဉ်းစားရမယ့်အရာဖြစ်သည်။
ကျောင်းမြန်က မရေမရာပြောလိုက်သည်- "ခင်ဗျား.. ပြန်ပြီး....အစပြုဖို့ မစဉ်းစားမိဘူးလား?"
"မဟုတ်သေးပါဘူး....ဒီကိစ္စကို မင်းဘာလို့ရုတ်တရက်ပြောတာလဲ..?"
ကျောင်းမြန်က ပြောရမလား မပြောရဘူးလားဟု စဉ်းစားရင်း နှုတ်ဆိတ်သွားသည်။
"မင်း ကိုယ့်ကို ဘာဖုံးကွယ်ထားတာလဲ"
စီဆဲလ်က မျက်ခုံးပင့်လိုက်ပြီး "ဟင်....?"
ကျောင်းမြန်သည် စီဆဲလ်၏ ခြိမ်းခြောက်လိုသောအရှိန်အဝါကြောင့် ကူကယ်ရာမဲ့ကာ ပြောလိုက်သည်။
"အဲဒါက....ခင်ဗျားကို ဖုံးကွယ်ချင်တယ်လို့ ကျွန်တော် မပြောပါဘူး... မနေ့က မာရှယ်က သူ့တာမီနယ်ကနေတစ်ဆင့် ကျွန်တော့်ကို သီးသန့်စကားပြောခဲ့ပြီးတော့ သူက ကျွန်တော့်ကို ခင်ဗျားကိုစည်းရုံးပေးစေချင်တယ်လို့ ပြောခဲ့တယ်.... ခင်ဗျား သူတို့ကို စိတ်မဆိုးပါနဲ့တော့ .......ခင်ဗျားအမေကလည်း အခု အဆင်မပြေဘူးတဲ့...."
စီဆဲလ်၏ အမူအရာ အေးစက်သွားကာ
"သူတို့က မင်းကို လာရှာတာလား?"
သူတို့က တကယ်ပဲ သူ့ရဲ့ခွင့်ပြုချက်မရဘဲနဲ့ သူ့ကိုကျော်ပြီး ကျောင်းမြန်ကို သွားရှာကြတယ်ပေါ့......
စီဆဲလ်သည် သူ၏ပိုင်နက်ကို ကျူးကျော်ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး ၎င်းသည် သူ့အား အတော်လေး စိတ်မချမ်းမသာဖြစ်စေခဲ့သည်။
"ဒါက.....သူတို့ကလည်း အရမ်းစိတ်ပူနေကြလို့ပါ.."
ကျောင်းမြန်သည် ထိုလူ၏ လျစ်လျူရှုတတ်သောလေသံမှတဆင့် ခံစားချက်ကို ကြားလိုက်ရပြီး ဤတစ်ကြိမ်တွင် သူတို့သည် အမှန်တကယ် ခက်ခဲနေတော့မည်ကို သိလိုက်ရသည်။
စီဆဲလ်က အေးစက်စွာဖြင့် အော်ဟစ်လိုက်သည်။
"မင်းဆိုရင်ရော လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးမှာလား?"
ကျောင်းမြန်က ခဏရပ်ပြီး ပြန်ဖြေလိုက်သည်- "ခွင့်လွှတ်တယ်...."
စီဆဲလ်က အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။
ကျောင်းမြန် နှင့် သူ နှစ်ယောက်လုံးသည် စစ်ဗိုလ်ချုပ်တွေဖြစ်ကြသောကြောင့် သူတို့သည် မိန်းမများလို ကြင်နာတတ်တဲ့လူမျိုး ဘယ်တော့မှ မဟုတ်ဘဲ လိုအပ်လျှင် တခြားသူများကို စတေးဖို့တောင် ဆုံးဖြတ်ချက်ချနိုင်သည်အထိ ပြတ်သားကြသူများဖြစ်သည်ကို သူသိသော်လည်း.......
အခုက....ဘာကြောင့်လဲ....??
ကျောင်းမြန်က ခပ်ဖွဖွရယ်ပြီး "ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်.... ကျောင်းမိသားစုသာဆိုရင် တတ်နိုင်မယ်ထင်တယ် .... ဒါပေမယ့် ကျွန်တော့်မှာ အခွင့်အရေးမရှိတော့လို့ မသေချာဘူး"
"ကျွန်တော့်မှာ ဆွေမျိုးမရှိတော့ဘူး"
ကျောင်းမြန်က မျက်လုံးကို အောက်သို့ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်-
"တကယ်လို့ ရှိလာရင် ကျွန်တော် သူတို့ကို တန်ဖိုးထားမိမှာ"
စီဆဲလ်သည် တိတ်ဆိတ်နေခဲ့သည်။ ကျောင်းမြန်သည် ယခုအချိန်တွင် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသေးပြီး သူ့အသံသည် အလွန်ပေါ့ပါးနေသည်။
စီဆဲလ်သည် လက်ကိုဆန့်လိုက်ပြီး ကျောင်းမြန်၏ဆံပင်ထိပ်ကို ခပ်ဖွဖွပွတ်သပ်လိုက်သည်။
"ကိုယ်တို့လည်း အခုဆွေမျိုးတွေဖြစ်နေပြီလေ အဲ့ဒါကြောင့် မင်းအခက်အခဲတစ်ခုခုကြုံလာရင် ကိုယ်မင်းကို ကူညီပြီး ကာကွယ်ပေးမယ်"
ကျောင်းမြန် အံ့ဩသွားတော့သည်။
သူ့ရှေ့ရှိ စီဆဲလ်သည် ရုတ်တရက် ပုံရိပ်သေးသေးလေးများ တစ်ခုနှင့်တစ်ခု ထပ်နေသည်။
-ကိုယ်က မင်းရဲ့ဆွေမျိုးမို့လို့ ..ကိုယ် မင်းကို အခုကစပြီး ကာကွယ်ပေးမယ်.....ကိုယ် မင်းငိုခွင့်မပြုဘူး....!!
-ကိုယ့်ကို မင်း အစ်ကိုလို့ ခေါ်ပေါ့.. မင်းကို ကိုယ် ကာကွယ်ပေးမယ်.....
ကျောင်းမြန်သည် စီဆဲလ်ကို မှင်သက်စွာ ကြည့်လိုက်သည်။
"ဒါဆို မင်းအကြောင်းဆက်ပြောပါဦး..."
စီဆဲလ်က ပြုံးလိုက်ပြီး "မင်းက ကျောင်းမိသားစုရဲ့ မွေးစားကလေးလို့ ပြောတယ်နော် ......ဘယ်လိုဖြစ်တာလဲ??"
ကျောင်းမြန်က ပြန်ဖြေလိုက်သည်-
"ကျွန်တော်ရဲ့ငယ်ဘဝအမှတ်တရတွေကို ဆုံးရှုံးလိုက်ရတာ...."
စီဆဲလ်သည် မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။
"မှတ်ဉာဏ် ဘယ်လိုပျောက်သွားလဲဆိုတာ ကျွန်တော်လည်းမသိဘူး....သတိရတဲ့ မှတ်ဉာဏ်တွေဆိုလို့ ရေခဲမြစ်ရဲ့ နေဝင်ဆည်းဆာချိန် စွန့်ပစ်ကြယ်မှာ နေခဲ့ရတယ် အဲဒီမှာ နေတဲ့ဒေသခံတွေပြောတာတော့ တောထဲမှာ ဒဏ်ရာအပြင်းအထန်ရပြီး လဲနေတာကြောင့် ကယ်ခဲ့တာလို့ ပြောတာပဲ ...... အဲဒီနောက်မှာတော့ မုန့်ဆိုင်မှာ အလုပ်လုပ်ပြီး မြို့ကလူတွေကို ကူညီပြီး အသက်ကယ်ခဲ့တဲ့အတွက် ကျေးဇူးပြန်ဆပ်ခဲ့တယ်"
ကျောင်းမြန် က ပြုံးပြီး ဆက်ပြောသည်-
"ကျွန်တော် မုန့်ဆိုင်မှာ လက်မှုပညာတွေ အများကြီး သင်ယူခဲ့ရတာ"
နေဝင်ချိန် စွန့်ပစ်ကြယ်..
စီဆဲလ်က ခဏလောက်စဉ်းစားပြီး "ဒါက နေဝင်ချိန်ရဲ့..သွေးပဲ.."
"ဟင်..."
ကျောင်းမြန်သည် အကြောင်းအရာကို ရှောင်လွှဲခြင်းမပြုဘဲ မျက်လုံးများကို မှေးမှိတ်ကာ ....."ဒါက နေဝင်ချိန်မှာသွေးကျရတဲ့ မြို့တွေထဲက တစ်မြို့ပဲ.... "
"နေဝင်ချိန်တွင် ကျသောသွေး" သည် ရေခဲမြစ်သမိုင်းတွင် ဝမ်းနည်းစရာအကောင်းဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်သည်။
ရေခဲမြစ် ပြက္ခဒိန်၏ (၁၃၃) ခုနှစ်တွင် ဇာစ့်တို့ သည် ရေခဲမြစ်နယ်စပ်မှ ပြင်းပြင်းထန်ထန် တိုက်ခိုက် လုယူသွားကြသည်။ဆိုလိုသည်မှာ ဤလူနေနည်းသောကြယ်များ သည် ကြီးမားသော ဆုံးရှုံးမှုများနှင့် လုယက်ခြင်းတို့ကို ခံစားခဲ့ရသည်။
"နေဝင်ချိန်မြို့တော်ကို ပင်လယ်ဓားပြတွေက ဖျက်ဆီးခဲ့ကြတယ်....အဲ့ချိန်မှာ မာရှယ်ကျောင်းက ကျွန်တော့်ကို သနားစရာလို့မြင်ပြီးခေါ်သွားလို့ ကျွန်တော်လွတ်မြောက်ခဲ့တာ..."
ထိုအချိန်မှစ၍ ကျောင်းမြန်သည် မာရှယ်ကျောင်း နှင့်အတူ တိုက်ခိုက်တတ်ရန် တပ်ဖွဲ့ဝင်များကို ဦးဆောင်ရန် သင်ယူခဲ့ပြီး ယနေ့ခေတ်၏ ဗိုလ်ချုပ်ကျောင်း ဖြစ်လာခဲ့သည်။
ကျောင်းမိသားစုသည် ကျောင်းမြန်တွင် ထိုသို့သော တည်ရှိမှုမျိုးရှိခဲ့သည်ဟု မပြောခဲ့သော်လည်း ၎င်းသည် သူ့မှတ်ဉာဏ်ထဲတွင် တစ်ခုတည်းသော အလင်းရောင် ဖြစ်နေနိုင်သည်။
ထိုအလင်းရောင်သည် မှုန်ဝါးနေသောပုံသာ ဖြစ်သည်။
စီဆဲလ်သည် ခဏတာ ဘာပြန်ပြောရမှန်းမသိတော့ပေ။
ကျောင်းမြန်၏ အတိတ်သည် သူပြောသည့်အတိုင်း ပေါ့ပါးပြီး လွယ်ကူသည်အရာမဟုတ်သလို နာကျင်စရာအသေးစိတ်အချက်များစွာကိုလည်း သူချန်လှပ်ထားခဲ့သည်။
"ဒီဒီ။"
စီဆဲလ်သည် နယ်လွန်သွားသော အတွေးများကိုပြန်ဆွဲခေါ်ကာ တစ်ခုခုပြောရန် ခပ်တိုးတိုးအသံပြုလိုက်သည်။
ကျောင်းမြန်သည် လက်တစ်ဖက်က အပူဓာတ်ထိန်းကိရိယာကို ကြည့်လိုက်ရာ မသိစိတ်မှ လက်တစ်ဖက်သည်က စီဆဲလ် ၏ပါးစပ်ကို ဖုံထားလိုက်သည်။
တစ်ခုခုလာနေပြီ...!
B6 ဘက်သို့ ဦးတည်ပျံသန်းနေသည့် လေယာဉ်တစ်စင်း ရှိနေသည်။ယင်းမှာ သူတို့၏ သားကောင်ဖြစ်နေနိုင်သည်။
ကျောင်းမြန်သည် အပူထိန်းကိရိယာပေါ်ရှိ ဖန်သားပြင်လေးကို ကြည့်လိုက်သည်။
တစ်၊ နှစ်၊ သုံး.....
လေယာဉ်ငယ်ငါးစင်းသည် အနောက်တောင်ဘက်မှ ဆင်းသက်လာပြီး လေယာဉ်ကြီးသုံးစင်းသည် အရှေ့မြောက်ဘက်မှ လာခြင်းဖြစ်သည်။
ကျောင်းမြန်သည် ပုံသဏ္ဍာန်ကိုကြည့်ပြီး မှန်းဆလိုက်သည်- "လေယာဉ်အသေးက တော်ဝင်မိသားစုကဖြစ်နိုင်ပြီး လူ ၁၅ ယောက်လောက် လိုက်လို့ရပြီး လေယာဥ်အကြီးက ဇာစ့်ဖြစ်နိုင်ပြီး ထိုင်ခုံ ၅ ခုံ ကနေ ၁၀ ခုံ ထိပါတယ်"
စီဆဲလ်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်- "အများကြီးတော့ မဟုတ်ပါဘူး"
ဟုတ်ပါသည်... စစ်ပွဲတစ်ခုမဟုတ်ဘဲ လျှို့ဝှက်ပူးပေါင်းလဲလှယ်မှုတစ်ခုသာဖြစ်လေသည်။
၎င်းသည် သူတို့၏ပစ်မှတ်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ပြီး ကျောင်းမြန်သည် B5 မှ စစ်ကူများကို အမြန်လာရန် တောင်းဆိုပြီး ခရစ် အား ချက်ချင်း အချက်ပြလိုက်ပါသည်။
ရန်သူတွင်လည်း အပူစွမ်းအင်ရှာဖွေစက်များရှိနိုင်သည်။ မြွေကို ခြင်းမှ ခြောက်လှန်ခြင်းမှကာကွယ်ရန် စစ်ကူများသည် B5 တွင်သာ ပုန်းအောင်းနိုင်သည်။ ထို့ကြောင့် ဝင်ပေါက်ဖြတ်လမ်းကို ဖြတ်သန်းရန် မိနစ် 20 ခန့် ကြာမည်ဖြစ်သည်။
စီဆဲလ်နှင့် ကျောင်းမြန်တို့၏ လေယာဉ်ကိုလည်း ထောက်လှမ်းခြင်းမှ ရှောင်ရှာနိုင်းရန် နေရာ၌ပင် ဖျက်ဆီးခဲ့ကြရသည်။
ထို့ကြောင့် သူတို့နှစ်ဦး ဆုတ်ခွာရန် နည်းလမ်းမရှိတော့ဘဲ စစ်ကူကို စောင့်ရုံသာ ရှိတော့သည်။ သို့သော်..... သူတို့နှစ်ယောက် စိတ်မပူကြပါဘူး၊ ဇာစ့်နဲ့ တော်ဝင်မိသားစုဟာ ကုန်ပစ္စည်းနဲ့ ငွေပမာဏကို ရေတွက်ဖို့ အချိန်လိုအပ်ပြီး မိနစ် 20 ကြာ အချိန်ဆွဲယူဖို့သည် ပြဿနာမဟုတ်ပေ။
လေယာဉ်အားလုံး ဆင်းသက်လာသည်။
ကျောင်းမြန်နှင့်စီဆဲလ် တို့သည် ထောက်လှမ်းမှုကို တားဆီးနိုင်သည့် အပူပေးစက်ကို ဝတ်ဆင်ကာ ကျောက်တုံး၏နောက်တွင် ပုန်းအောင်းနေကြသည်။ လူတွေက ပျံ့လွင့်လာတဲ့ အပူဟာ လေယာဉ်ပျံလောက် ကြီးကြီးမားမား မရှိသဖြင့်ဆန့်ကျင်ဘက်ကတော့ သူတို့ကို မတွေ့မိကြပေ။
"ငါတို့ အရင်တစ်ခေါက်တွေ့ပြီးကတည်းက မတွေ့ဖြစ်တာကြာပြီနော်"
လေယာဉ်ပေါ်မှဆင်းလာသူမှာ လက်ရှိဘုရင်၏ညီတော် ရေခဲမြစ်တော်ဝင် မိသားစုမှ မင်းသား အန်ဒူးရ် ဖြစ်သည်။
ကျန်သူများကတော့ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ ခေါ်ဆောင်လာသော တော်ဝင်တပ်များ ဖြစ်သည်။
စီဆဲလ်က သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
ဒီငါးက တော်တော်ကြီးတာပဲ.....ထိုလူမှာဘုရင့်ညီတော်ဖြစ်သည်။
ကျောင်းမြန်အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
တစ်ဖက်တွင် ဇာစ့်တစ်ဦးသည်လည်း အစောင့်တစ်ယောက်နှင့်အတူ ဆင်းလာသည်။
သူ့ခန္ဓာကိုယ်၏ အပေါ်ပိုင်းဟာ လူ၏ခန္ဓာကိုယ်ဖြစ်ပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ တီကောင်အသွင်ဖြစ်နေပြီး သာမန်လူထက် သုံးဆပိုကြီးပါသည်။
ဤသည်မှာ ဇာစ့်တို့၏ အားသာချက်ဖြစ်သည်။၎င်းတို့သည် အရွယ်အစားကြီးမားရုံသာမက အဆိပ်ရှိသော အင်းဆက်ပိုးမွှားအရည်များကို ထုတ်လွှတ်နိုင်သောကြောင့် ဤတစ်ကြိမ်တွင် သူတို့သည် အစောင့်အများကြီး မခေါ်လာပေ။
ထို့ကြောင့် လူသားများသည် ဇာစ်များ၏ရှေ့တွင် အမြဲတမ်း ဒုက္ခရောက်ရသည်။
"ဒီတစ်ခါတော့ 'ဟောင်လုလု' က အလုံအလောက်ပါလာတယ်..."
ဇာစ်သည် ချိတ်ဆက်ကိရိယာမှတဆင့် လူများကို လေယာဉ်ပေါ်ကနေ သေတ္တာအမြောက်အများကို သယ်ခိုင်းသည်။
ကျောင်းမြန် ဤသည်ကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးများ မှေးကျဉ်းသွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသည့် အရှိန်အဝါက အနည်းငယ် ပိုလေးလံလာသည်။
အနည်းဆုံး သေတ္တာဆယ်လုံးရှိသည်။ ထိုသတ္တောများထဲတွင် 'ဟောင်လုလု' များ အများကြီးရှိနေသည်။.
ဒီကနေ အဆိပ်ဘယ်လောက်ဖန်တီးလို့ရနိုင်မလဲ....?
လူဘယ်နှစ်ယောက်ကို ဒုက္ခပေးနိုင်မလဲ....?
မင်းသား အန်ဒူးရ်က ပြုံးလိုက်ရင်း
"ဒါပေမယ့် ငါကြားတာတော့ ချင်းယင်မှာလည်းသေတ္တာ အလုံးနှစ်ဆယ်ရှိတယ်ဆို....?"
"ဒါတွေက သတင်းအမှားတွေပါ..ဇာစ့်က ရေခဲမြစ်နဲ့ အရောင်းအ၀ယ်လုပ်တာကို အရမ်းအလေးထားပါတယ်.... "
မင်းသားအန်ဒူးရ်၏ မျက်နှာက အေးခဲသွားသည်။
ကျောင်းမြန်နှင့် စီဆဲလ်တို့သည် တစ်ယောက်နှင့် တစ်ယောက် စိတ်ပျက်စွာကြည့်လိုက်သည်။
ချင်းယင်သည် ပင်လယ်ဓားပြခေါင်းဆောင်ကိုပြောခြင်း ဖြစ်ပြီး မင်းသားက ပင်လယ်ဓားပြများကို ရည်ညွန်းကာပြောဆိုလေသည်။ အစပိုင်းတွင် ရေခဲမြစ်တော်ဝင်မိသားစုကို ဇာစ့်တို့ နှင့် ဆက်သွယ်ရန် ပင်လယ်ဓားပြများက မိတ်ဆက်ပေးခဲ့ခြင်းကြောင့် 'ဟောင်လုလု' ကို ရရှိခဲ့လေသည်။
ယခုမူ ပင်လယ်ဓားပြများသည် ရေခဲမြစ်နှင့် သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပုံရသည်။
ထို့အပြင် ပါတီနှစ်ခုလုံးသည် ဇာစ့်တို့နှင့် စီးပွားရေးလုပ်ရန် အလျင်စလိုဖြစ်နေကြဆဲဖြစ်သည်။
"ငါတို့ သခင် လိုချင်တဲ့အရာ....ရှိသေးတယ်"
ချိတ်ဆက်သူသည် ရယ်မောပြီး ပြော၏။
"မင်းယူလာတဲ့ထဲမှာ အဲ့ဒါ မပါသေးဘူး"
"ပါလာတာပေါ့....."
အန်ဒူးရ်သည် သူ့နောက်ရှိလူများထဲမှ တစ်ယောက်အား လေယာဥ်ပေါ်မှ အမျိုးသမီးတစ်ဦးအား သွားခေါ်လာစေသည်။
ကျောင်းမြန် အံ့အားသင့်သွားသည်။
အဝတ်အစားတွေကို ကြည့်လိုက်ချိန်တွင် ထိုအမျိုးသမီးသည် ရေခဲမြစ်မှ သာမန်လူတစ်ယောက်ဖြစ်ပြီး..ယခုအချိန်တွင် ကြိုးချည်ခံထားရပြီး မြေပြင်ပေါ်တွင် ဖိချခံထားရသည်။
"မဆိုးပါဘူး....လှသားပဲ.... ငါတို့သခင်က သူ့ကို ကျေနပ်လောက်မှာပါ.."
ချိတ်ဆက်သူက အမျိုးသမီးကိုကြည့်ကာ ဆို၏။ "ဒါဆို... လက်တစ်ဖက်နဲ့ အရင်ပေးချေပြီးရင် ဒီဘက်ကို လွှဲပေးပါ"
သေတ္တာများကို တစ်လုံးပြီးတစ်လုံးဖွင့် နှစ်ဖက်စလုံးမှ ပစ္စည်းချင်း လဲလှယ်ကြလေသည်။
အန်ဒူးရ်သည် ထိုသေတ္တာအတွင်းရှိ အနီရောင်အပင်များကို ကြည့်လိုက်ချိန် သူ့မျက်လုံးနှစ်ဖက်လုံးမှာ အရောင်များတောက်ပနေတော့သည်။
စီဆဲလ်သည် တော်ဝင်မိသားစုမှ ခိုးထုတ်လာသော ကြယ်ဒင်္ဂါးပြားများကို မြင်လိုက်သည့်အချိန်တွင် ခေါင်းမခါဘဲ မနေနိုင်တော့ချေ။
ဆယ်မိနစ်ပဲ......ကျန်တော့တာ။
အဲ့ဒါဆို...လုံလောက်ပြီ!
"အ.....!"
ထိုအခိုက်တွင် အမျိုးသမီးအား ချိတ်ဆက်ထားသော ကိရိယာမှ ဆွဲထုတ်ကာ သူမ၏အဝတ်များကို ဆုတ်ဖြဲလိုက်သည်။
အမျိုးသမီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်-
"ကယ်.....ကယ်ကြပါဦး .....ကျွန်မကိုကယ်ကြပါ...သခင်ကြီး အန်ဒူးရ် ကျေးဇူးပြုပြီး ကျွန်မကို သွားခွင့်ပေးပါ...."
အမျိုးသမီး၏အော်သံသည် ကိုယ်ချင်းစာစိတ်မရှိသော လဲလှယ်သည့် ဖြစ်စဥ်တွင် မပါဝင်သည့် ဘေးနားရှိ ဇာစ့်အား ပို၍စိတ်လှုပ်ရှားလာစေသည်။
အိုး....
ကျောင်းမြန်က အသက်ပြင်းပြင်းရှူရင်း သူတို့ လေယာဉ်မရောက်ခင် ဒီအမျိုးသမီး သေဆုံးသွားမှာကို ကြောက်နေမိသည်။
စစ်ကူတွေကို မစောင့်နိုင်တော့ဘူး!!!!
ကျောင်းမြန်သည် စီဆဲလ်ကို မျက်လုံးဖြင့် အချက်ပြရန် ခေါင်းကို လှည့်လိုက်သည်။
သူတို့ ဒီမိန်းကလေးကို ကယ်မှရမှာ....
စီဆဲလ်သည် ကျောင်းမြန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပါးစပ်ကို လှုပ်ရုံမျှပြောလိုက်သည်-
"ကိုယ့်ကိုယုံ"
ကျောင်းမြန်က ခေါင်းညိတ်လိုက်သည်။
ဒီလိုမျိုး အချင်းချင်း သဘောထားချင်းမတိုက်ဆိုင်သည်မှာ ဒါ ပထမဆုံးအကြိမ်ဖြစ်သည်။ ယခုချိန်တွင် ထိုအခန်းထဲရှိ ဇာစ်အရေအတွက်သည် အနည်းငယ်သာရှိသော်လည်း ဤနေရာသည် စွန့်ပစ်ကြယ်ဖြစ်သောကြောင့် ဆန့်ကျင်ဘက်ခြမ်းရှိ ရန်သူအရေအတွက်ကို လျှော့တွက်၍မရပေ။
အရင်တုန်းက စစ်မြေပြင်မှာ ရန်လိုခဲ့ကြသောနှစ်ယောက်သည် အခုချိန်တွင် ကျောချင်းကပ်ထားပြီး ရန်သူကို ရင်ဆိုင်ရန် အသင့်အနေအထားတွင် ရှိနေသည်။
ဆယ်မိနစ်.........။
_____________________________________