Chapter - 27
(ဒဏ်ရာ)
ဆယ်မိနစ်......
ဆယ်မိနစ်ဟူသော အချိန်သည် မနည်းသော်လည်း ဤကိစ္စတွင် စီဆဲလ်နှင့် ကျောင်းမြန်တို့သည် မည်သည့် လှည့်ကွက်မှ မရှိသောကြောင့် သူတို့သည် ဇာစ်တို့၏ ချိတ်ဆက်ကိရိယာဆီသို့ တစ်ရှိန်ထိုး ပြေးထွက်လာကြသည်။
လမ်းတလျှောက်ရှိ အစောင့်တပ်သားအားလုံးကိုလည်း ဘယ်တစ်ချက် ညာတစ်ချက် ချေမှုန်းလိုက်သည်။
သူတို့နှစ်ယောက်၏ရည်ရွယ်ချက်မှာ ကောင်မလေးကို ကယ်တင်ရန်သာဖြစ်သောကြောင့် သူတို့သည် မလိုအပ်လျှင် ဇာစ့်များကို မသတ်ဘဲနေမည်ဖြစ်သည်။
"ရို့..... မင်းကို တံခါးဆီ တိုက်ရိုက်ရောက်အောင် ပို့ပေးမယ်လို့ ထင်နေတာလား?"
တစ်ဖက်တွင် မင်းသား အန်ဒူးရ် က သူတို့နှစ်ဦးကို ကြည့်ကာ နှုတ်ခမ်းကို တွန့်ကွေးလျက် အမိန့်ပေးလိုက်သည်။
" ဇာစ့်တွေနဲ့ပေါင်းပြီး အရှေ့က လူနှစ်ယောက်ကို သတ်ကြ....အထူးသဖြင့် ကျောင်းမြန်ကိုရအောင်သတ်....ပြီးတော့ ဂရုစိုက်ဖို့ မမေ့ကြနဲ့..."
ရန်သူများကို နှစ်ယောက်အတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည့် နောက်ဆုံးအကြိမ်တွင် စီဆဲလ်သည် အဆိပ်မိကာ အပြင်းအထန်နေမကောင်းဖြစ်နေသော်လည်း.....
ယခုတစ်ကြိမ်တွင်တော....မတူတော့ပေ။
ကျောင်းမြန် ဘေးတွင်ရပ်နေချိန်တွင် စီဆဲလ်က တော်ဝင်စစ်တပ်ရှေ့သို့ ခုန်ပျံသွားလေသည်။
ဇာစ့်တို့သည် သူ့လက်ထဲတွင် လက်နက်နှစ်မျိုးကိုင်ထားသည်ကိုတွေ့လိုက်ရသည်။ သေနတ်က ရန်သူ၏ ချဥ်းကပ်မှုအား ရပ်တန့်ဖို့ကြိုးစားနေချိန်တွင် ဓါးက ရန်သူ၏ အခြားလက်တစ်ဖက်အား ခုတ်ဖြတ်ပြီးဖြစ်သည်။
လက်တစ်ဖက်စီက အအေးဓားနှင့် သေနတ်တစ်လက်ကို ထိန်းချုပ်ရန်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ။ တစ်ခုသည် အကွာအဝေးထိန်းနိုင်သော လက်နက်ဖြစ်ပြီး နောက်တစ်မျိုးသည် အနီးကပ်တိုက်ခိုက်ရန်အတွက်ဖြစ်သည်။
၎င်းသည် စစ်မြေပြင်တွင် ထိရောက်မှုအရှိဆုံးနှင့် အလွန်မြင့်မားသောစွမ်းဆောင်ရည်တစ်မျိုးလည်းဖြစ်သည်။
ကျောင်းမြန်သည်ပင် ၎င်းကို တပြိုင်နက် မလုပ်ဆောင်နိုင်ပေ။
ယခုအချိန်တွင် စီဆဲလ်သည် ဇာစ့်နှစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။
စီဆဲလ်သည် သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို တည်ငြိမ်စေရန် သူ၏ခြေထောက်များကို ကားလိုက်ပြီး သူ၏အပေါ်ပိုင်းကို 90 ဒီဂရီ လေထဲသို့ နောက်ပြန်စောင်းကာ သေနတ်ကို လက်တစ်ဖက်တည်းကိုင်ကာ နောက်သိုချိန်လိုက်ပြီး ဇာစ့်၏ ဦးခေါင်းထိပ်ဆီသို့ တိကျစွာ ချိန်ရွယ်ထားပြီး အချက်ရေ အနည်းငယ်ပစ်လိုက်ပြီး ချက်ချင်းပင် သူ၏နောက် ပစ်မှတ်ဖြစ်သော နှလုံးသားဆီသို့ ချိန်ကာ ထပ်ပစ်လိုက်သည်။
"ဒိုင်း....ဒိုင်း....ဒိုင်း...!"
ထို ဇာစ့်သည် သူ၏ နှလုံးနှင့်ဦးနှောက်များ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသောကြောင့် ပြန်လည်မွေးဖွားရန်အတွက် မစွမ်းသာတော့ပေ။
တစ်ချိန်တည်းမှာပင်၊ စီဆဲလ်သည် တစ်ကိုယ်လုံးကို ဟန်ချက်ညီအောင်ပြန်ထိန်းလိုက်ပြီး သူ့အနီးရှိ ဇာစ့်၏ ပိုးဟပ်ကိုယ်ထည်ကို ခြေထောက်ကို မြှောက်ကာ ကန်ထုတ်လိုက်လေသည်။
"ဂျွတ်....ဂျွတ်"
ဤသည်မှာ ရိုးရှင်းသော ကန်ချက်မဟုတ်ပေ။ စီဆဲလ်က သူ့ခြေထောက်များတွင် စွမ်းအင်များကို စုစည်းပြီး ဇာစ့်ကို ထိုခြေထောက်တစ်ဖက်တည်း၏ခွန်အားဖြင့် အားကုန်ကန်ပစ်လိုက်လေသည်။
စီဆဲလ်သည် သူ၏ခြေထောက်များကို သုံးကာ ဇာစ့်အား ၃၆၀ ဒီဂရီလှည့်ကာ ၄င်း၏တစ်ကိုယ်လုံးကို လှည့်ပတ်၍ ကန်နေသည်ဖြစ်ရာ အခြားသူများမှာ ဇာစ့်၏ တင်ပါးနှစ်ချောင်းနှင့် ပေါင်အရိုးများ ကွဲအက်သံကို ကြားလိုက်ရသည်။၊
ဇာစ့်သည် ၎င်း၏အောက်ပိုင်း အစိတ်အပိုင်းများမှ ပြင်းထန်သော နာကျင်မှုကြောင့် ငိုကြွေးခြင်း မပြုမီတွင် သူ့ကို ရုတ်တရက်ဆွဲဖမ်းကာ ခုနက စီဆဲလ် နှလုံးအားပစ်သတ်ခဲ့သည့် ဇာစ်ဘေးတွင် ပစ်ချလိုက်ပြီး စီဆဲလ်မှ မြေပေါ်သို့ ဖိသိပ်ခြင်းကိုခံလိုက်ရသည်။
ကျောင်းမြန်သည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ဓားကို ရှေ့သို့ဆွဲထုတ်ကာ ဇာစ့်၏ဦးခေါင်းကို တိုက်ရိုက်ပိုင်းချလိုက်ကာ ပြန်လည်ရှင်သန်နိုင်ခြင်းအား ရပ်တန့်လိုက်စေသည်။
သူတို့နှစ်ဦးသည် လူသားများကြောက်ရွံ့ကြသော ဇာစ့်မျိုးနွယ်ကို တစ်ချိန်တည်းတွင် နှစ်ယောက်နှုန်းဖြင့် တိုက်ခိုက်နေကြသည်။
စီဆဲလ်သည် အလွန်တည်ငြိမ်စွာ ဆင်းသက်လာပြီးနောက်တွင် သူ၏အရှိန်အဝါသည် အလွန်ပြင်းထန်သဖြင့် တော်ဝင်စစ်တပ်သည် ခဏတာမျှ အနားမကပ်ရဲပေ။။
ဒီတိုက်ခိုက်ရေးစွမ်းအားက အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းသည်။
ထိုအချိန်တွင်ရှိနေသော ယောက်ျားများသည် သူတို့၏ ခန္ဓာကိုယ်အောက်ပိုင်းသည် အေးခနဲ ဖြစ်သွားသည်ဟုပင် ခံစားလိုက်ကြရသည်။
ကျောင်းမြန်သည် ဖယ်ဒရယ်လူမျိုးများက သူ့အား လူသားမျိုးနွယ်၏ ထာဝရတိုက်ခိုက်နိုင်စွမ်းရှိသူ ဟု ပေးခဲ့သော ခေါင်းစဉ်ကို ရုတ်တရက်သတိရမိသွားသည်။
တော်ဝင်စစ်တပ်က ကြောက်လန့်နေကြပြီး သူတို့၏လှုပ်ရှားမှုများက မချောမွေ့သော်လည်း ဇာစ့်တို့၏စိတ်ဓာတ်က မည်သည့်အရာကမျှ မထိခိုက်စေဘဲ....သူတို့ နှစ်ယောက်ဆီကို ပို၍ လျှင်မြန်စွာ ပြေးသွားလေသည်။
"ကျောင်းမြန်...!"
စီဆဲလ်သည် သူ၏ခြေထောက်များကို ကွေးကာ ရုတ်တရက် ငုတ်တုတ်ထိုင်ချလိုက်သည်။
ကျောင်းမြန် က ချက်ချင်းသဘောပေါက်သွားပြီး သူ့ခြေထောက်ဖြင့် ရှေ့ကို ပြေးသွားပြီး စီဆဲလ် ၏ပုခုံးပေါ်သို့ လှမ်းခုန်တက်လိုက်ပြီး ရှေ့သိုခုန်ချကာ သူ့ရှေ့မှ ဇာစ့်၏လည်ပင်းသို့ ဓါးဖြင့် လှမ်းထိုးလိုက်လေသည်။
ထို့နောက် ဇာစ့်ပုခုံးပေါ်တက်လိုက်ပြီး လည်ပင်းအားချုပ်ကိုင်ထားလေသည်။
"အ....."
ဇာစ့်သည် ပုခုံးပေါ်မှ လူအား ဆွဲချချင်သော်လည်း စီဆဲလ်က သူ၏ဓါးကို အချိန်မီ ရှေ့သို့ ဝှေ့ယမ်းလိုက်သောကြောင့် ကျောင်းမြန်က ထိုဇာစ့်၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့်ချုပ်ကာ ဆွဲလိမ်ချိုးလိုက်သည်။
"ဂျွတ်...."
ပြတ်သားသောအသံထွက်လာသည့်နောက်တွင် သူတို့နှစ်ဦးသည် သွေးများကိုပင် ဂရုမစိုက်ဘဲတိုက်ခိုက်နေကြပြီး သူတို့နှစ်ဦး၏ အမူအရာနှင့် လှုပ်ရှားမှုမှာ ပိုပြင်းထန်လာပြီး သူတို့၏အရှိန်အဝါသည် မြေကြီးထဲမှတိုးထွက်လာသောသေမင်းများကဲ့သို့ပင် ကြောက်စရာကောင်းနေသည်။
"သူတို့...သူတို့ရဲ့ဆက်ဆံရေးက ဘယ်တုန်းက ဒီလောက်ကောင်းသွားတာလဲ"
မင်းသား အန်ဒူးရ်အနားရှိ တပ်သားက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလေသည်။
"ကျောင်းမြန်က သူ့ရွှေပေါင်လုံးကို ဒီလောက်မြန်မြန် ပွေ့ဖက်နိုင်ခဲ့တာလား.."
စီဆဲလ်နှင့် ကျောင်းမြန် အကြား တိတ်တဆိတ် နားလည်မှုသည် လူတိုင်းအတွက် ထူးခြားနေလေသည်။
ဆက်ဆံရေးက အရမ်းကောင်းတယ်......
အမှန်တွင် ကျောင်းမြန်လည်း အလွန်အံ့သြသွားရသည် ။
စီဆဲလ်နဲ့ အခုလို အလုပ် ကောင်းကောင်းတွဲလုပ်နိုင်လိမ်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
နှစ်ယောက်စလုံးသည် တစ်ယောက်နှင့် တစ်ယောက်က ဘာတွေးနေလဲဆိုသည်ကအစ သိနေခဲ့သည်။
နှစ်ယောက်သားသည် သွေးစွန်းနေသောလမ်းကို အောင်မြင်စွာ လျှောက်လှမ်းပြီး ကောင်မလေးဆီ ပြေးသွားကြသည်။
ကျောင်းမြန်သည် ဘေးမှ တော်ဝင်စစ်သားကို ကန်ထုတ်လိုက်ပြီး မိန်းကလေးကို ကြိုးဖြည်ရန် ဒူးကို ကွေးလိုက်လေသည်။
ကျောင်းမြန်က ကောင်မလေးကို လွတ်မြောက်အောင် ကူညီပေးနေသည့်အချိန်တွင် ရုတ်တရက် သူ့တင်ပါးမှ နာကျင်မှုကို ခံစားလိုက်ရပြီး သူ့အာရုံထဲတွင် ကမ္ဘာကြီးက လည်ပတ်သွားတော့သည်။
"ဖောင်း..!"
ထိုကဲ့သို့ပင် ကျောင်းမြန်သည် သူ့အား ခြေဖဝါးဖြင့်သာကန်လိုက်သော စီဆဲလ်သည် ဘေးမှအစောင့်ကိုတော့ဖြင့် အားကုန်သုံး၍ကန်လိုက်ရာ အစောင့်သည် ဘေးမှနံရံဖြင့် တံတောင်ဆစ်များ ဒူးများဖြင့်တိုက်မိပြီး မြေပေါ်သို့ အရှိန်ပြင်းစွာ ပြန်ကျလာလေသည်။
ကျောင်းမြန်သည် အေးစက်နေသောအမူအရာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေ၏။
စီဆဲလ်က သူ့ကို ဘာလို့ ရုတ်တရက် ကန်ရတာလဲ။
တင်ပါးကိုကန်လိုက်တာ.... !
အရေးကြီးနေသည့် အခြေအနေကြောင့်သာမဟုတ်လျှင် သူတို့နှစ်ယောက် ရန်သူကိုတိုက်ခိုက်နေစဥ်အတွင်းမှာပင် ကျောင်းမြန်က သူ့အား ခြေကန်ချက်အချို့ ပြန်ပေးမိမည်မှာ အမှန်ပင်ဖြစ်သည်။
"ကလစ်!'"
ကျောင်းမြန်သည် စဉ်းစားချိန်မရတော့ဘဲ သူ့ရှေ့ရှိ တော်ဝင်တပ်သားများသည် သူတစ်ယောက်တည်း ရှိနေသည်ကို မြင်လိုက်ကြသဖြင့် ချက်ချင်းပင် သူ့အားဝိုင်းထားရန် အမြန်ပြေးလာခဲ့သည်။
ကျောင်းမြန်သည် မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ်လောက် လှိမ့်ကာ သူ့အား ခြိမ်းခြောက်နေသည့် တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီးထိုလူများကို ဖြိုချရန် ထလာလိုက်သည်။
အခြားတစ်ဖက်တွင်လည်း စီဆဲလ်သည် ကောင်မလေးအား အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။
ကျောင်းမြန်:"......."
ကျောင်းမြန်က အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။
စီဆဲလ်က သူနဲ့ မချိတ်ဆက်ဘဲ သူ့ကို ကန်ခဲ့တာက ဒီမိန်းကလေးကို ကယ်ဖို့ပေါ့လေ....
မင်း သူ့ကို မနာလိုတာလား .....ဒါမှမဟုတ် ....ကောင်မလေးကိုမနာလိုတာလား....။
"ဒီး....."
နှစ်ဦးနှစ်ဖက် ပြင်းပြင်းထန်ထန် တိုက်နေကြစဉ် အလွန်စူးရှသော ဥသြစွဲသံတစ်ခုကြားလိုက်ရသည်။
ကျောင်းမြန် က ကောင်းကင်ကို မော့ကြည့်လိုက်ချိန်တွင် အနီရောင် အသိပေးမီးများဖြင့် လေယာဥ်များပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
"သတိပေးပါတယ်....။ မင်းတို့ရဲ့လက်နက်တွေကို အခုချက်ခြင်းချလိုက်ပါ.....မင်းတို့ရဲ့လက်နက်တွေကို အခုချက်ခြင်းချလိုက်ပါ။"
"နယ်စပ်ကို သီးသန့်ဖြတ်လာတဲ့ ဇာစ့်တွေနဲ့ လျှို့ဝှက်တွေ့ဆုံပြီး ဟောင်လုလုကို ဇာစ့်တွေနဲ့ပေါင်းပြီး ရောင်းဝယ်ဖောက်ကားနေတဲ့ တော်ဝင်စစ်တပ်.... မင်းတို့ရဲ့လက်နက်တွေကို ချလိုက်ပြီး ဒူးထောက်အညံ့ခံလိုက်ပါ!"
အဲဒါက ....သူတို့ရဲ့ စစ်ကူပဲဖြစ်သည်။
ခရစ်သည် သူ၏လူများကို ခေါ်ဆောင်ကာ မင်းသား အန်ဒူးရ်အပါအဝင် တော်ဝင်စစ်တပ်နှင့် ဇာစ့်တို့ကို လက်ထိပ်ခတ်ကာ ထိုနေရာ၌ပင် ဖမ်းဆီးခဲ့သည်။
ဖက်ဒရယ်နှင့် ရေခဲမြစ် မှ တရားသူကြီးများ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့များနှင့် မရေမတွက်နိုင်သော ကင်မရာများဖြင့် မျက်မြင် ရိုက်ကူးထားမိပြီး ဤလူများကို အကျဉ်းသားလေယာဉ်ထဲသို့ ခေါ်ဆောင်သွားပြီး စီရင်ချက်ချရန် စောင့်ဆိုင်းနေသည်။
ခရစ်၏ စစ်တပ်သည် ကုန်ပစ္စည်းများကိုရေတွက်ရန် ဆင်းလာပြီး ၄င်းတို့အား သိမ်းဆည်းခဲ့သည်။
ခရစ်ကလည်း ကျောင်းမြန်၏ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်-
"မင်း ကောင်းကောင်းလုပ်ခဲ့တယ်"
ကျောင်းမြန်က ခေါင်းညိတ်ပြလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် စီဆဲလ်၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်ကို တွေ့လိုက်ရပြီး သက်ပြင်းချလိုက်ကာ ထိုသူက သူ့အားကန်ထားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့တိုးကာ စီဆဲလ်၏ လက်မောင်းအား ဆုပ်ကိုင်၍ မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ၊ ခင်ဗျားနေရတာ အဆင်မပြေဘူးလား....။"
အမှန်တွင် စီဆဲလ်သည် အရင်က အဆိပ်မိခဲ့သောကြောင့် ကျောင်းမြန်သည် သူ၏ကျန်နေသောအဆိပ်က ပြန်ထလာမည်ကို စိုးရိမ်နေလေသည်။ထိုအချိန်တွင် ပြင်းပြင်းထန်ထန်လှုပ်ရှားခြင်းသည် သူ့အားပို၍ မသက်မသာဖြစ်စေနိုင်သည်။
"ကိုယ် အဆင်ပြေပါတယ်..."
စီဆဲလ်က ပြုံးလိုက်ပြီး ဖြေ၏။
"ကိုယ့်လို ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ် က တိုက်ပွဲပြီးလို့ အားနည်းသွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး!"
ကျောင်းမြန် သည် စီဆဲလ်၏ခါးကို လက်နှစ်ဖက်ကို ဆန့်တန်းကာ လှမ်းကိုင်လိုက်ချိန်တွင် တစ်ခုခုဖြစ်နေသည်ကို ခံစားလိုက်ရသည်။
တစ်ခုခု တော့မှားနေပြီ....။
သူ့လက်ဖဝါးများ စိုစွတ်လာ၏။
ကျောင်းမြန်သည် သူ့လက်ကို ကြည့်လိုက်ချိန်၌ လက်ဖဝါးတွင်သွေးများစိုရွှဲနေသည်ကို တွေ့လိုက်ရသည်။
"ဟေ့ ဟေ့ ကိုယ့်ကိုလွှတ်လိုက်....၊ ကိုယ့်လို....ချောမောတဲ့ ရေတပ်ဗိုလ်ချုပ်ကြီးက မင်းအကူအညီကို မလိုဘူး..."
"ခင်ဗျား ထိခိုက်ထားတာလေ...!"
ကျောင်းမြန်သည် စီဆဲလ်၏ စကားများကို လျစ်လျူရှုလိုက်ပြီး ချက်ချင်းပင် သူ့အားဆွဲလှည့်လိုက်ရာ စီဆဲလ်၏ခါးတွင် ခပ်နက်နက် ရှိသော ဓါးဒဏ်ရာအားတွေ့လိုက်ရသည်။
"စီဆဲလ်...!"
စီဆဲလ် က ကျောင်းမြန်၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောသည်-
"ရပါတယ်...ဒါက ဒဏ်ရာ သေးသေးလေးပဲ.....တကယ့်ကိုသေးသေးလေးပဲ...."
စီဆဲလ် ၏အတွေးထဲတွင်...၊
'အိုး....ဘုရားရေ...ဒါ ဘယ်လောက်တောင်ရှက်စရာကောင်းနေလိုက်မလဲ'
စီဆဲလ်က ပြုံးပြီး ဆိုလိုက်၏။
"တကယ်တော့ ဘာမှလည်းမဟုတ်ပါဘူး၊ လေယာဉ်ပေါ်ရောက်လို့ ဆေးနည်းနည်းလိမ်းလိုက်ရင် အဆင်ပြေသွားမှာပါ"
ပုံမှန်အားဖြင့် စီဆဲလ်သည် စစ်မြေပြင်တွင်ရရှိသော အလွန်ပြင်းထန်သည့် ဒဏ်ရာများကိုပင် ဂရုမစိုက်ပေ။
ကျောင်းမြန်လည်း အလားတူပင်ဖြစ်သည်။
သို့သော် ထိုယူဆချက်အား ယခုအချိန်တွင် သူတို့ကိုယ်တိုင် မေ့ထားကြလေသည်။
ကျောင်းမြန်က ပြင်းပြင်းထန်ထန် ပြောလိုက်သည်
"ခင်ဗျား ဒဏ်ရာ ဘယ်လိုရသွားတာလဲ။"
ကျောင်းမြန် သည် ယခင်ကကဲ့သို့ နူးညံ့နွေးထွေးမှုများ မရှိတော့သည်ကို တွေ့ရသောကြောင့် စီဆဲလ်အနည်းငယ် အံ့အားသင့်သွားသည်။
"ခင်ဗျား ဘယ်လိုလုပ်ပြီး ဒဏ်ရာ ရသွားတာလဲ။"
စီဆဲလ် က မဖြေတာကို မြင်လိုက်ရချိန်တွင် ကျောင်းမြန်၏အသံက အနည်းငယ် ပို၍လေးလံ လာသည်။
"ဒါက....."
စီဆဲလ်က ဘယ်လိုပြောရမလဲဆိုတာ စဉ်းစားနေလေသည်။
ကျောင်းမြန်က ကယ်တင်ခံထားရသည့် မိန်းကလေးအား လှည့်ကြည့်လိုက်သည်။
"အဲ့အချိန်က နင့်နားမှာ ဗိုလ်ချုပ်ကြီးကရှိနေတာ...."
သူမက ရုတ်တရက် တုန်ရင်စွာဖြင့် ဆက်ပြောသည်။
"ပြီးတော့ နင့်နောက်မှာ ဓါးကိုင်ထားတဲ့ ဇာစ့်လည်းရှိနေတာ..ဗိုလ်ချုပ်ကြီးသာ နင့်ကို မဖယ်ခိုင်းလိုက်ရင် အဲ့ဓါးက နင့်ကိုထိုးမိတော့မှာ.....နောက်တော့ ဘေးကနေ တော်ဝင်စစ်တပ်က စစ်သားကလည်း အလစ်ဝင်တိုက်ခဲ့တာ...."
"ကောင်းပါပြီ၊ ......ကိုယ်အခုအဆင်ပြေပါတယ်..."
စီဆဲလ်က ထိုအမျိုးသမီးပါးစပ်စဖွင့်ကတည်းက တားချင်နေသော်ငြားလည်း သူမသည် ကျောင်းမြန်၏အရှိန်အဝါအား ကြောက်လန့်ကာ သူမ၏ခေါင်းကိုကုတ်ကာ သိသမျှအား အိတ်သွန်ဖာမှောက် အကုန် ပြောနေလေသည်။
ကျောင်းမြန် အံ့အားသင့်သွားတော့သည်။
______________________________________
စာရေးသူပြောစရာတစ်ခုရှိသည်- ဇာတ်ရုံငယ်
စီဆဲလ် : မြန်မြန်.....ကိုယ် မင်းကိုပြောစရာရှိတယ်၊ ဒီလူသားရဲ့ ထာဝရတိုက်ခိုက်နိုင်တဲ့စွမ်းရည်က စစ်မြေပြင်မှာပဲမဟုတ်ဘဲ တခြားအသုံးပြုလို့ရတဲ့နေရာရှိသေးတယ်...။
ကျောင်းမြန် : ဘာနေရာမှာ...သုံးတာလဲ။
စီဆဲလ် : ... (အပြုံးသည် တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်....)