Chapter 30
Viewers 7k

Chapter -30

(ကြယ်စီရင်စုမှာ ငါနဲ့အဆင်ပြေတဲ့ အခန်းကို စာချုပ်ချုပ်ထားတယ်)


ထိုနေ့က လူအုပ်ကြီးရှေ့တွင် စီဆဲလ်ဖြေခဲ့သည်မှာ-

"ငါ မထိန်းချုပ်နိုင်လို့..."



ဆိုက်ဘာ ကွန်ရက်သည် လူကြိုက်များလာသော်လည်း လူတိုင်းပျော်ရွှင်ပြီးနောက်ပိုင်းတွင် ရုတ်တရက် သဘောပေါက်သွားတော့သည်..။



ဒါဆို ဗိုလ်ချုပ်ကြီး စီဆဲလ်နဲ့ ဗိုလ်ချုပ်ကျောင်းတို့က တစ်ခန်းတည်းအတူမနေကြဘူးလား....။



[ခွဲခြမ်းစိတ်ဖြာခြင်း] စိတ်ပညာရှင်- ဗိုလ်ချုပ်နှစ်ယောက်က တစ်ယောက်တစ်ခန်းနေရတဲ့ အကြောင်းက အရမ်းရိုးရှင်းပါတယ်..။



[အထူးသတင်း] သူတို့ အခန်းတွေက ဘာလို့ မတူကြတာလဲ.... ။ 



ကျားမရေးရာ ကျွမ်းကျင်သူများက ပြောပြသည်။



[ ဆွေးနွေးမှု ] ကြယ်ကွန်ရက်မှာ အဖွဲ့ချုပ်ရဲ့ မျိုးဆက် အတွက် ဆင်ခြင်တုံတရားရှိရှိ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ဘယ်မှာဆွေးနွေးကြလို့လဲ....။



{ငိုနေတယ်ဆိုတာ သိသာပါတယ် ဒါပေမယ့် အရမ်းချစ်ဖို့ကောင်းတာသိပေမယ့် ဘာလို့ အခန်းအတူတူမနေတာလဲ...ဒီလိုသာဆက်သွားနေရင် အဖွဲ့ချုပ်ရဲ့ အမွေဆက်ခံသူအနေအထားက စိုးရိမ်ရတယ်....ငါတို့က ဗိုလ်ချုပ်ကျောင်းနဲ ဗိုလ်ချုပ်ကြီးစီဆဲလ်တို့ရဲ့ မျိုးဆက်လေးကို မျှော်လင့်နေတာကို...။}



{သဘောတူပါတယ်.... ဒီလိုကလေးသာဆိုရင်တော့ ...မယုံနိုင်လောက်အောင်ဖြစ်မှာ....ဗိုလ်ချုပ်ကြီးစီဆဲလ်ရဲ့ အတိုက်အခိုက်စွမ်းရည်နဲ့ ဗိုလ်ချုပ်ကျောင်းရဲ့ အလှ နဲ့ ပေါင်းစပ်ထားမယ်ဆိုရင်...ဘုရားရေ....ငါ သူ့ကို အရင်ဆုံး ချစ်မိသွားမှာ....}



ကျောင်းမြန်သည် ကွန်ရက်ပေါ်ရှိ မှတ်ချက်များကိုဖတ်ရင်း ရယ်မောမိသည်။



နောက်ဆုံးတွင် သူနဲ့ စီဆဲလ်တို့သည် စီးပွားရေးအရ ပူးပေါင်းထားကြသည်ဖြစ်ရာ အချိန်တန်လျှင် လမ်းခွဲရမည်ဖြစ်သည်။



ဘယ်လိုပဲဖြစ်ဖြစ်....ကလေးယူဖို့က ဖြစ်နိုင်ချေ မရှိပေ။



နောက်တစ်နေ့တွင် ကျောင်းမြန်သည် မီးဖိုချောင်တွင် မနက်စာချက်နေစဥ် အိမ်ရှေ့ခန်းမှ လှုပ်ရှားသံတစ်ခုကိုကြားလိုက်ရသည်။



အိမ်ထိန်းက သူ၏တာမီနယ်ကို ကြည့်ကာ ပြောလိုက်သည်။



"မာရှယ်တို့ ဇနီးမောင်နှံနဲ့ တော်ဝင်မိသားစု ဇနီးမောင်နှံတို့ ဒီကို အလည်အပတ်လာမယ်လို့ ပြောပါတယ်" 



ကျောင်းမြန်: "....."



မာရှယ်နှင့်သူ၏ဇနီးသည် စီဆဲလ် ၏မိဘများဖြစ်ပြီး သူတို့သည်အရင်က သူနှင်ြရန်ငြိုးရှိခဲ့သည်။ 



ပြီးတော့.....ဘုရင်ကြီးနဲ့ မိဖုရားကြီးက မင်းသား အယ်လန်၏မိဘတွေဖြစ်သည်...



သူတို့ ကရော ဘာလာလုပ်ကြတာလဲ.....။



ကျောင်းမြန်: "ဒါဆို ကျွန်တော်ကအပြင်ထွက်ရမှာလား..."



အိမ်ထိန်းက ပြုံးလိုက်ပြီး ပြော၏။

"ဒီကိုလာလည်ရတဲ့ ရည်ရွယ်ချက်က သခင်လေးနဲ့စကားပြောချင်လို့ လို့ ပြောတယ်.."



"အိုင်း.....ဒီကလေးက တကယ်ချောတာပဲ.."



ကျောင်းမြန်သည် အိမ်ရှေ့ခန်းသို့ ရောက်သည့် အချိန် ဆိုဖာပေါ်တွင် သက်ကြီးကြီးအရွယ် နှစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။



မင်းသားအယ်လန်၏ မိဘများ... တိတိကျကျပြောရလျှင် ဖခင်နှစ်ဦးထဲမှ တစ်ဦးက သူ့ကို မြင်တော့ လက်ကိုဝှေ့ယမ်းပြပြီး အားရပါးရပြီးကာ ခေါ်လိုက်သည်။

"လာ.... ဒီကိုလာ.....ငါတို့နဲ့ အတူလာထိုင်"



ကျောင်းမြန်က ခေါင်းငုံ့ကာ ပြုံးလိုက်ပြီး သူတို့ကြားတွင် ထိုင်လိုက်သည်။ 



"ဦးလေး နဲ့ အဒေါ်တို့က ဒီကို ဘာလို့ လာကြတာလဲ.....ဗိုလ်ချုပ်ကြီး စီဆဲလ်က တပ်ထဲမှာပဲ ရှိသေးတာ အခုထိပြန်မလာသေးဘူး......"



"အိုင်...အခုလည်း...အဆင်ပြေပါတယ် မင်းနဲ့ အရင်စကားပြောကြတာပေါ့.."



မာရှယ်၏ဇနီးသည် ကျောင်းမြန်အား အငြိုးထားနေဆဲဖြစ်သော်လည်း ယခုအခြေအနေသည် ပြင်းထန်သောကြောင့် ကျောင်းမြန်အားလက်ခံထားရသဖြင့် သူမ လည်းဘေးတွင်ထိုင်နေလေသည်။



မာရှယ်ကတော့ ဒီကိစ္စအား ဂရုမစိုက်တော့ဘူး ဟု ထင်ရလေသည်။



ထို့နောက် သူသည် ကျောင်းမြန်အား ဘာမှမဖြစ်ခဲ့သလို ပြုံးပြရင်း ပြောလေသည်။

" ငါတို့ စတားကွန်ရက်က ကောလဟာလ တစ်ချို့ကြားလို့ နည်းနည်း စိုးရိမ်မိလို့ လာကြည့်လိုက်တာ"



အယ်လန်၏ဖခင်.. မိဖုရားကြီးကလည်း ပြုံးပြီးပြောလေသည် - 



"စီဆဲလ်နဲ့ အယ်လန်တို့က ငယ်ငယ်ကတည်းက သူငယ်ချင်းကောင်းတွေလေ..သူတို့လေးတွေအတူတူကြီးပြင်းလာတာကိုကြည့်လိုက်ရင် ငါတို့က ဖက်ဒရေးရှင်းရဲ့ ဂုဏ်သိက္ခာနဲ့ အစိုးရကိစ္စတွေက ငါတို့ တော်ဝင်မိသားစုရဲ့ တာဝန်ဆိုတာ မင်းသိမှာပါ..ဒါပေမယ့် စစ်တပ်နဲ့ ဆိုင်တဲ့ အရေးကြီးကိစ္စတွေဆိုရင်တော့ ဗိုလ်ချုပ်ကြီးတွေကအဆုံးအဖြတ်ပေးရတယ်...သူတို့မှာ ငယ်စဉ်ကတည်းက သူငယ်ချင်းကောင်းတွေဖြစ်ပြီး အဲဒီကလေးကြီးပြင်းလာတာကို ကြည့်ပြီး ငါတို့က အမွေဆက်ခံမယ့်လူမရှိဘူးဆိုရင် တော်ဝင်မိသားစုလိုပဲ သူတို့လည်း ပြသနာအကြီးကြီးတတ်သွားနိုင်တယ်"



ကျောင်းမြန် အံ့ဩသွားလေသည်။



ဒီအကြောင်းကို ပြောရဲသေးတာလား.....။



ကျောင်းမြန်သည် ထိုနေရာတွင် တွင်းတူးပြီးသာ ဝင်နေလိုက်ချင်သည်။



"မင်းတို့ .....တကယ်ပဲ တစ်ခန်းထဲမနေကြတာလား" 



ဘုရင်ကြီးကလည်း စိုးရိမ်တကြီးမေးလိုက်သည်- 

“ဒါဆို အင်တာနက်မှာ ပြောတာတွေက အမှန်ပဲလား” 



"......"



ကျောင်းမြန်၏ တိတ်ဆိတ်မှုသည် အမှန်ဖြစ်နေကြောင်း သက်သေပြလိုက်သလိုဖြစ်နေရာ မိဖုရားသည် ကျောင်းမြန်၏လက်ကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။



"ဘာလို့လဲ....မင်းက စိတ်ထားလည်းကောင်းတယ် ..ရုပ်ရည်လေးလည်း မဆိုးဘူး ဒီလောက်အဆင်ပြေနေတဲ့ကလေးဟာကို....စီဆဲလ်က မင်း မကြိုက်တာ တစ်ခုခုလုပ်ထားတာလား.."



ကျောင်းမြန်က အမြန် ဖြေလိုက်၏။ 

"မဟုတ်ပါဘူး ဗိုလ်ချုပ်ကြီးက အရမ်းတော်ပါတယ်"



“ဒါက …ဖြစ်နိုင်ပါ့မလား…” 

မိဖုရားက စိတ်ဆန္ဒအခြေအနေတွင် ပြဿနာရှိမရှိကို တွေးနေဆဲဖြစ်သည်။



မာရှယ်၏ဇနီးက မျက်မှောင်ကြုတ်ပြီး မေးလေ၏။ 



"ဒါဆို စီဆဲလ်က မင်းကို အရမ်းရက်စက်တယ်လို့ထင်နေတာလား" 



မာရှယ်၏ဇနီးသည် ယခင်က ကျောင်းမြန်၏ မျက်နှာတစ်ချက်မပျက်ဘဲ လူသတ်ခဲ့သည့်ပုံစံကို မမေ့နိုင်သေးပုံရသည်။



"မ.... မဟုတ်ပါဘူး" 

ကျောင်းမြန်က ကျည်ဆန်ကို ဆက်ကိုက်ရင်း ပြန်ပြောလိုက်သည် ။



"အကုန်အဆင်ပြေနေတာကို ဘာက ပြသနာဖြစ်နေတာလဲ နင်တို့နှစ်ယောက်လုံးကလည်းချစ်နေကြတာပဲကို ...ဟာဒ့်ဝဲကပဲပြသနာဖြစ်နေတာလား....အကယ်၍ မင်းမှာ မေးစရာရှိရင် ငါ့ကိုသီးသန့် လာမေးချင်လည်းရတယ်..."



ကျောင်းမြန်: "......"



အကျည်းတန်သောမျက်နှာဖြင့် ငြင်းဆန်လိုက်သည်။



“အဲ့ဒါ ဖြစ်နိုင်ပါ့မလား…” 

ဘုရင်ကြီးသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်သောကြောင့် လက်ခုပ်တီးလိုက်လေသည်။



"မဟုတ်ဘူး....အဲ့ဒါဖြစ်နိုင်တယ်။" 



မာရှယ်က လေးနက်သောမျက်နှာဖြင့် ဆက်ပြောလေသည်-

"စီဆဲလ်က ဒီလိုပြဿနာမျိုး မဖြစ်သင့်ဘူး" 



ဘုရင်ကြီးက တွေးဆဆဖြင့် ပြောလိုက်သည်။ 

"ဒါပေမယ့် သူက ကျောင်းမြန် မတိုင်ခင်က ရည်းစားမရှိဘူးမလား..တစ်စုံတစ်ယောက်နဲ့လည်း တစ်ခါမှ မဆက်ဆံဖူးဘူးလေ...အရွယ်ရောက်ပြီးသား ယောက်ျား တစ်ယောက်က ဒီလိုမဖြစ်သင့်ဘူး....သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းကပဲ အရမ်းကောင်းနေတာလား..."



ကျောင်းမြန် :"......."



ကျောင်းမြန်သည် စီဆဲလ်အား သူ၏နှလုံးသားအောက်ခြေတွင် တိတ်တဆိတ် မြှပ်နှံထားလိုက်သည်။



"အင်း....."



တစ်ဖက်တွင် စီဆဲလ်သည် စစ်ဘက်ဆိုင်ရာ အဆောက်အအုံရှိ သူ၏ရုံးခန်းထဲတွင် စာရွက်စာတမ်းများ ဖတ်နေစဥ် ရုတ်တရက် နှာချေမိလိုက်သည်။



စီဆဲလ်က သူ၏နှာခေါင်းကို ထိလိုက်ပြီး....



သူ့နောက်ကွယ်မှာ တစ်ယောက်ယောက်မကောင်းပြောနေတာလား...



ဒေါက်....ဒေါက်.....



ထိုအချိန်တွင် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။



"ဝင်လာခဲ့ပါ"



မင်ရန်က ခေါင်းကို တစ်ချက်ဆတ်ပြပြီး ပြောလိုက်သည်-



"ဗိုလ်ချုပ်ကြီး......အစိုးရ ဌာနတွေက ဝန်ကြီးတွေက ဆရာ့ကို တွေ့ချင်တယ်လို့ပြောပါတယ်" 



စီဆဲလ်သည် မျက်ခုံးကို ပင့်လိုက်ကာ တွေးမိသည်-

'အစိုးရဝန်ကြီးတွေက သူ့ဆီဘာလို့ လာကြတာလဲ.... သိပ်မကြာခင်ကမှ အကုန်အဆင်ပြေသွားတာမဟုတ်ဘူးလား....."



စီဆဲလ်သည် သံသယများဖြင့် တွေးကာ ထလိုက်ပြီး သူ့ရုံးခန်းဘေးရှိ ဧည့်ခန်းထဲတွင် ထိုင်ကာ စောင့်ဆိုင်းနေခဲ့သည်။



အစိုးရအဖွဲ့မှ အကြီးတန်း ဝန်ကြီး အနည်းငယ်ရောက်လာပြီးနောက် နေရာတွင်ထိုင်ကာ စီဆဲလ်အား အနက်ရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ 



စီဆဲလ်: .....



 "အဲဒါက... ရေတပ်ဗိုလ်ချုပ်ကြီး..."

ဝန်ကြီးတစ်ဦးကပြောသည်။



"ဟုတ်ကဲ့ ပြောပါ..."



"မင်းနဲ့ ရေတပ်ဗိုလ်ချုပ်ကျောင်း က တစ်ခန်းတည်းမနေကြဘူးဆို...." 



"....."



စီဆဲလ်သည် အမူအယာမဲ့စွာဖြင့် ထိုလူတစ်စုအား ကြည့်လိုက်သည်။



ဒီကို ...ဒါပြောဖို့လာခဲ့တာလား......။



ဖိအားများအောက်တွင် ဝန်ကြီးတစ်ဦးက ကျည်ဆန်ကိုကိုက်ကာ ဆက်ပြောသည်။



“ဒါကို … အားလုံးက အရမ်းစိုးရိမ်နေကြပါတယ်။ ငါတို့ရဲ့ ရန်သူတွေဖြစ်တဲ့ ဇာစ့်တွေနဲ့ ပင်လယ်ဓါးပြတွေက ငါတို့ကမ္ဘာကို အမြဲတမ်း စောင့်ကြည့်နေကြတာ အဲ့ဒါကြောင့် အဖွဲ့ချုပ်က မလုံခြုံဘူး....."



စီဆဲလ်: "....."



ဒါက သူ နှင့် ကျောင်းမြန် တစ်ခန်းတည်းအတူမနေတာနှင့် ဘာဆိုင်လို့လဲ.....။



စစ်ပွဲနှင့် လင်မယားကြား ကိစ္စက တိုက်ရိုက် ပတ်သက်မှုရှိလို့လား......။ 



ထိုအချိန်တွင် အခြားဝန်ကြီးတစ်ယောက်က ဆက်ပြောလေသည်-



"အဲ့ဒါကြောင့် အဖွဲ့ချုပ်မှာ ခိုင်မာတဲ့ ဆက်ခံသူရှိမှရမယ်.... ပြည်သူတွေရဲ့ စိတ်ကို အေးချမ်းအောင်..တပ်မတော်နဲ့ အဖွဲ့ချုပ်ကို ကာကွယ်ဖို့အတွက်ဆိုရင် ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်လိုမျိုး တစ်ယောက်ယောက် ရှိနေမှရမှာ......"



သို့ရာတွင် လူများသည် အမြဲတမ်း အိုမင်းပြီး သေဆုံးနေကြမည်ဖြစ်သဖြင့် ဖက်ဒရေးရှင်း၏ လုံခြုံရေးသဘောအရ...ပြည်သူလူထု နှင့် နိုင်ငံတော်၏ အနာဂတ်တွင် စီဆဲလ်၏ ကိုယ်ပွားရှိလာလိမ့်မည်ဟု အမြဲမျှော်လင့်နေကြကြောင်း စီဆဲလ် သဘောပေါက်လိုက်သည်။



".....ကောင်းပါပြီ..."



စီဆဲလ်က သူ့လက်နှစ်ဖက်ကို ထောက်ပြီး ကူကယ်ရာမဲ့စွာ ပြော၏။ 

"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်" 



"ကောင်းပြီ..."



ထို့နောက် စီဆဲလ်သည် ထွက်သွားပြီဖြစ်သော ဝန်ကြီးတစ်ယောက်ကိုမြင်လိုက်ချိန်တွင် ထိုသူသည် ပြန်လှည့်လာပြီး စီဆဲလ်အား လုပ်ငန်းကတ်တစ်ခုပေးလိုက်သည်။



"ဗိုလ်ချုပ်ကြီး... မင်းဆီမှာ ပြသနာရှိနေတယ်ဆိုလည်း....မင်း ဖြစ်နေတာကို ကုလို့ရအောင် ဆရာဝန်ဆီ သွားလိုက်ပါ...."



လုပ်ငန်းကတ်တွင် ကြယ်စီရင်စု၏ ရွှေတံဆိပ်ဆုရ ဒေါက်တာလု ဟု ရေးထားသည်အား စီဆဲလ် မြင်လိုက်ရသည်။



'လိင်အင်္ဂါ သေးငယ်ခြင်းနှင့် အမျိုးမျိုးသော လိင်ပိုင်းဆိုင်ရာပြဿနာများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲအားလုံး ဒေါက်တာလု နှင့်အတူကျော်ဖြတ်လိုက်ပါ။'



စီဆဲလ် : "........"



စီဆဲလ်က ခပ်တောင့်တောင့်ပြုံးလိုက်ကာ "ကျွန်တော်အဆင်ပြေပါတယ်....ဒါကို မလိုပါဘူး"



ဒါက စော်ကားမှုတစ်ခုပဲ။ 



ဒါ....အရှက်မရှိတဲ့ လှောင်ပြောင်မှုပဲ....။



“ဟား ဟား ရပါတယ်..” 



ဝန်ကြီးများက သူတို့၏ လုပ်ငန်းကတ်များကိုလည်း ချန်ထားခဲ့ကာ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။



အိုး ဘုရားသခင်....ဒါ..... အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ...



စီဆဲလ်သည် ဖော်ပြ၍မရနိုင်သောစိတ်အခြေအနေဖြင့် အိမ်ပြန်သို့ပြန်လာချိန်တွင် ကျောင်းမြန်သည် သူ၏မျက်ဝန်းထဲတွင် မျှော်လင့်ချက်ကင်းမဲ့နေသောအကြည့်တို့ရှိနေပြီး အကြီးအကဲ လေးဦး၏ ဝန်းရံခြင်းကို ခံထားရလေသည်။



စီဆဲလ်: ခွီ.....။



သို့သော် မိဖုရားက ကျောင်းမြန်၏လက်ကို ဆွဲကိုင်လိုက်ပြီး ပြောလေသည်။ 



"ဒီလျှို့ဝှက်နည်းက အရမ်းကောင်းတယ်......ဒီနည်းက စီဆဲလ်အတွက်လည်း အဆင်ပြေတယ်လို့ ငါကြားမိတယ်.." 



စီဆဲလ် : "......."



"ဟင်....စီဆဲလ် ပြန်လာပြီပဲ..."



"စီဆဲလ် ဒီကို... လာထိုင်"



စီဆဲလ်သည် တုံ့ဆိုင်းစွာဖြင့် ရှေ့သို့ တိုးလာပြီး ကျောင်းမြန်၏ အနားတွင် ဝင်ထိုင်လိုက်သည်။



စီဆဲလ်သည် ကျောင်းမြန်၏ အားအင်ကုန်ခမ်းနေသည့်ပုံကို တစ်ချက်ကြည့်လိုက်ပြီး မေးလေသည်။

 

"မင်း ထမင်းရော...စားပြီးပြီလား"



ကျောင်းမြန် ခေါင်းခါလိုက်သည်။



စီဆဲလ်က မျက်မှောင်ကြုတ်ပြီး လူကြီးတွေကို ကြည့်ကာ ဆို၏။ 

"ကျောင်းမြန် အခုထိ ဘာမှမစားရသေးဘူး..... စကားပြောတာ ရပ်ပြီး.. ထမင်းအရင်စားရအောင်"



"ကောင်းပြီလေ..."



အကြီးအကဲများသည် ကျောင်းမြန်၏ပခုံးပေါ်သို့ သဘာဝကျကျတင်ထားသည့် စီဆဲလ်၏လက်အားကြည့်ကာ နှစ်ယောက်သားဘေးချင်းကပ်လျက် မီးဖိုချောင်ထဲ့သို့ ဝင်သွားသည်ကို ကြည့်ကာ အလွန် စိတ်ကျေနပ်သွားကြသည်။ 



'ဒါက စိတ်ပိုင်းဆိုင်ရာ ပြဿနာဟု ထင်ခဲ့တာ လုံးဝမဟုတ်ဘူးပဲ.....ဟာဒ့်ဝဲ မကိုက်ညီမှုပဲ'.



နောက်ဆုံး ထမင်းစားပြီးချိန်တွင်..စီဆဲလ်သည်အရေးကြီး စာရွက်စာတမ်းများဖတ်ရန် ထွက်သွားခဲ့ပြီး...ကျောင်းမြန်သည် တီဗီကြည့်ရန်နှင့် စကားပြောရန်အတွက် အကြီးအကဲများနှင့် လိုက်ပါသွားခဲ့သည်။



ညဘက်တွင် ပို၍နာကျင်ဖွယ်ကောင်းသောအချိန်သို့ရောက်လာခဲ့သည်။ စိတ်အားထက်သန်စွာကြည့်နေသောမျက်လုံးကြီး လေးစုံအောက်တွင် ကျောင်းမြန်သည် စီဆဲလ်နှင့်အတူ တစ်ခန်းတည်း ဝင်ခဲ့ရလေသည်။  



"ကျွန်တော်...တောင်းပန်ပါတယ်"



ကျောင်းမြန်သည် စီဆဲလ်၏အခန်းထဲရှိ ဆိုဖာပေါ်တွင်ထိုင်ကာ အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောခဲ့သည်။



ပြတင်းပေါက်အပြင်ဘက်ရှိ လရောင်သည် ကျောင်းမြန်၏ မျက်နှာမှ နူးညံ့သိမ်မွေ့မှုကို အလင်းပေးနေပြီး စီဆဲလ်သည် ကုတင်ပေါ်တွင် ထိုင်ကာ ပြောလိုက်သည် -

"မဟုတ်ရင်လည်း...မင်းဒီည ကိုယ့်အခန်းထဲမှာ အိပ်လို့ရပါတယ်"



ကျောင်းမြန် ထိတ်လန့်သွားသည်။



စီဆဲလ်က သူ့နှာခေါင်းကို ထိလိုက်ပြီး ဆက်ပြောသည်။ 

"ခုတင်ကလည်း ကြီးတာပဲ ...အဲ့ဒါကြောင့် ဘာမှမဖြစ်ပါဘူး" 



ကျောင်းမြန်က ခဏလောက်စဥ်းစားလိုက်ပြီး တစ်ခန်းတည်းနေလို့ တစ်ခုခုဖြစ်တယ် ဆိုသည်မှာ အတူနေသည့် လူပေါ်တွင်လည်း မူတည်လေသည်။ 



အခု သူတို့သည် မည်သည့်ကိစ္စမှ ဖြစ်လာမည်မဟုတ်ပေ။



ဤသို့တစ်ခန်းတည်း အတူမနေဘူး ဆိုသည့် အကြောင်းပြချက်လေးတွေကြောင့်သာဆိုလျှင် စီဆဲလ်သည် ဖက်ဒရေးရှင်း၏ ဗိုလ်ချုပ်ကြီး ဖြစ်လာမည်မဟုတ်ပေ။



"ကောင်းပြီလေ..."



နှစ်ယောက်လုံးသည် ကုတင်တစ်ခုတည်းပေါ်တွင် လဲလျောင်းနေကြသည်။ 



စီဆဲလ်သည် သူ့ဘေးနားတွင် အိပ်ပျော်နေသော သူအား ကြည့်လိုက်ချိန်တွင် သူ၏နှလုံးခုန်နှုန်းသည် ပုံမှန် မဟုတ်ဘဲ အလွန် မြန်ဆန်နေလေသည်။ 



စီဆဲလ်: "......."



သူ ဘာဖြစ်နေတာလဲ.....။



တစ်ဖက်တွင် ကျောင်းမြန်သည် ပကတိ ရိုးရှင်းသော အသွင်အပြင်ဖြင့် မျက်လုံးမှိတ်ကာ အိပ်ပျော်တော့မည့် အနေအထားဖြစ်နေသည်။



စီဆဲလ် မကျေမနပ်ဖြစ်နေတော့သည်။



စီဆဲလ်၏ အသက်ရှူသံ အနည်းငယ် ပြင်းထန်နေသည်ကို ခံစားလိုက်ရသောကြောင့် ကျောင်းမြန်သည် မျက်တောင်ခတ်လိုက်ပြီး မေးလိုက်၏။ 



"ဗိုလ်ချုပ်ကြီး........ဘာဖြစ်လို့လဲ"



"ကိုယ် အဆင်ပြေပါတယ်....."



"အင်း..." 



ကျောင်းမြန်သည် သူ့ပုံစံကိုပြင်လိုက်ကာ ခေါင်းအုံးကို ပွေ့ဖက်ပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည့်နောက်တွင် သူ၏အသက်ရှူသံများ တဖြေးဖြေး ပေါ့ပါးလာတော့သည်။



ကျောင်းမြန်သည် စီဆဲလ်၏နံဘေးတွင် လဲလျောင်းနေပြီး....သူ၏ရှည်လျားသော မျက်တောင်လေးများက ကော့စင်းကာ....စဥ်းကျနေပြီး....သူ၏လှပသော ငွေပြာရောင်ဆံနွယ်လေးများကလည်း နားရွက်နှင့်ပါးနှစ်ဖက်ပေါ်တွင် ကပိုကရို ကျနေလေသည်။



အဖြူရောင်ညအိပ်ဝတ်စုံလေးများက သူ့အတွက် အလွန်နူးညံ့ ပျော့ပျောင်းနေသောကြောင့် သွယ်လျသော လည်ပင်း ၊ ညှပ်ရိုး နှင့် ရင်ဘတ် ဖွေးဖွေး လေးများကို မြင်နေရသည်။



ထိုအရာများသည် စီဆဲလ်၏အာရုံအား ဖမ်းစားသွားတော့သည်။



စီဆဲလ်သည် ကျောင်းမြန်၏ ဆံနွယ်တစ်စ ကို လက်ဖြင် ညင်သာစွာ ဆွဲလိုက်တော့သည်။



"အင်း........"



ကျောင်းမြန်သည် မျက်လုံးကို အနည်းငယ်ဖွင့်လိုက်သည်။



စီဆဲလ်......အံ့အားသင့်သွားတော့သည်။



______________________________________



စာရေးသူတွင် ပြောစရာရှိပါသည်- 



လူအုပ်ကြီး - ရေတပ်ဗိုလ်ချုပ်က ထင်သလောက် နေမကောင်းသေးဘူးလား....



စီဆဲလ် : ကျားတွေက သူတို့ရဲ့စွမ်းအားကို ထုတ်မပြတာနဲ့ ငါက နေမကောင်းဘူးလို့ ထင်နေကြတာလား..... 



အွန်လိုင်းပေါ်မှ အငွေ့အသက်တွေ သေဆုံးသွားသည်။