Chapter 31
Viewers 7k

Chapter - 31

(တစ်ခန်းထဲအတူရှိနေကြလို့ တစ်လောကလုံးက ဂုဏ်ပြုကြတယ်)


"ဟင်.."

ကျောင်းမြန်၏နူးညံ့သောအသံက စီဆဲလ်၏အတွေးများကို တပ်ဆုတ်သွားစေသည်။ 

ကျောင်းမြန်၏ အသံသည် မှောင်မဲနေသောအခန်းထဲတွင် နူးညံ့ညင်သာစွာ ထွက်ပေါ်လာသည်မှာ စီဆဲလ်၏နှလုံးသားအား ကြောင်လက်သည်းလေးဖြင့် ကုတ်ခြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

"........" 

ကျောင်းမြန်သည် အာရုံစိုက်ပြီး ပြန်ဖြေရန် အလွန်ပျင်းလွန်းသဖြင့် မျက်လုံးကိုမှိတ်ကာ ဆက်အိပ်နေလေသည်။



စီဆဲလ်သည် နောက်ထပ် မကြည့်တော့ဘဲ အမွှေးတိုင်ထွန်းရန်သာ ထလိုက်တော့သည်။





ကျောင်းမြန်က သူ့ကိုတားလိုက်ကာ ပြောလိုက်သည်။



စီဆဲလ်သည် စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လေသည်။

ကျောင်းမြန်က အနည်းငယ်ရှက်သွားပြီး ပြန်ရှင်းပြလိုက်သည်-

"ဒီအမွှေးတိုင်က အရမ်းအာနိသင်ကောင်းလို့ ထွန်းလိုက်ရင် ကျွန်တော် အရမ်းအိပ်ပျော်သွားလိမ့်မယ်..."



ကျောင်းမြန်သည် စစ်စခန်းတွင် တစ်နှစ်ပတ်လုံး နေခဲ့ရပြီး နှစ်ခြိုက်စွာ မအိပ်ခဲ့ရသည်မှာ သူ့အား အလွန် စိတ်မချမ်းမသာဖြစ်စေသည်။



"ရို့" 



စီဆဲလ်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်၏။

"ဗိုလ်ချုပ်ကြီးစီဆဲလ် တစ်ယောက်လုံး မင်းဘေးမှာ အိပ်နေတာကို အရမ်းအိပ်ပျော်သွားမှာကို စိုးရိမ်နေသေးတာလား.."



ထို့နောက် အမွှေးတိုင်အား မီးညှိလိုက်လေသည်။



ကျောင်းမြန်က ရယ်ရ ငိုရခက်စွာဖြင့် ခေါင်းသာညိတ်ပြလိုက်တော့သည်။ 



စီဆဲလ်က စောင်ထဲသို့ ပြန်ဝင်လာပြီး ကျောင်းမြန်၏ခေါင်းလေးအား ပွတ်ပေးလိုက်ကာ ပြောလိုက်သည်-

 

"အရင်က မင်းဘဝက စည်းကမ်းတွေအရမ်းများပြီးတော့ အရမ်းတင်းကြပ်လွန်းလို့ အိပ်မပျော်ခဲ့ဘူးမလား....အခု ဒီရနံ့က မင်းကို ကောင်းကောင်းအိပ်ပျော်စေတယ်လေ....ဒါရှိရှိ မရှိရှိ ကိစ္စမရှိဘူး..အနာဂတ်မှာ ကိုယ်တို့ အတူအိပ်ပြီး မင်းရဲ့ အိပ်ချိန်ကို ပြန်ညှိကြတာပေါ့...."



ကျောင်းမြန်သည် စီဆဲလ်ကို ကြောင်အစွာကြည့်လိုက်သည်။

"ဟင်..." 





ကျောင်းမြန် အနည်းငယ် ခေါင်းညိတ်လိုက်ပြသည်။



"အခု အိပ်တော့" 



စီဆဲလ်က ပြုံးပြီး စောင်ကို ဆွဲယူကာ ကျောင်းမြန်အား ခြုံပေးလိုက်သည်။ 



ဒါသည် စိတ်ကူးယဥ်အချစ်ဇာတ်လမ်းမဟုတ်သော်လည်း အရင်ကတည်း သိမ်ငယ်စိတ်များဖြင့် ပြည့်နေသော ကျောင်းမြန်အတွက် စိတ်သက်သာရာရစေပြီး အမွှေးတိုင်မီးအား စိုးရိမ်စိတ်အပြည့်ဖြင့် စိုက်ကြည့်နေလေသည်။



တဖြည်းဖြည်းညနက်လာသည်နှင့်အမျှ ကျောင်းမြန်သည် တဖြေးဖြေးအိပ်ပျော်သွားသည်ကို စီဆဲလ် ခံစားလိုက်ရသည်။

ထို့နောက် စီဆဲလ်က အိပ်နေရာမှထလိုက်ပြီး တာမီနယ် ကင်မရာကိုဖွင့်လိုက်ကာ ကျောင်းမြန်၏ အိပ်နေသော မျက်နှာလေးအား ဓါတ်ပုံရိုက်လိုက်ပြီး အယ်လန်ဆီသို့ ပို့ပေးလိုက်သည်။





အီမိုဂျီတစ်ခုကိုလည်း တွဲကာပို့ပေးလိုက်သည်။



နဂိုကရှိနေပြီးဖြစ်သော သူ၏ကျေနပ်မှုများသည် ဖန်သားပြင်ပေါ်မှာပင် ပြည့်လျှံလာသယောင် ထင်ရသည်။



အမှန်တွင် အယ်လန်သည် ညဘက်တွင်လှိုင်းဂယက်များဖန်တီးလေ့ရှိသော်လည်း ယခုကဲ့သို့ စီဆဲလ် တကူးတက ခွေးစာလာကျွေးသည့်အချိန်တွင် ပို၍ပင် အိပ်မပျော်တော့ပေ။  



အယ်လန် - {ဟီး......ဟီး}

{အခုမှ မင်းရဲ့ ဗိုလ်ချုပ်က ချောတယ်ဆိုတာ သိတာလား... တစ်လောကလုံးက သိပြီးမှလေ....}



စီဆဲလ်- {အဓိက ပြောချင်တာက အဲ့ဒါမဟုတ်ဘူး....အခု သူငါ့ဘေးမှ အိပ်နေတာ အရမ်းချစ်စရာကောင်းတယ် ဆိုတာကို ပြောချင်တာ}

အယ်လန်: {......}

အယ်လန်- {ငါလည်း...အိပ်ပါတော့မယ်၊ ဟီး.ဟီး၊ ကောင်းသောညပါ ဗိုလ်ချုပ်ကြီးခင်ဗျ.... }



 အယ်လန် နာကျင်ခံစားသွားရအား မြင်လိုက်ရသောကြောင့် စီဆဲလ်သည် ပို၍ပျော်ရွှင်စွာဖြင့် ကုတင်းပေါ်တွင်လှဲကာ ကျေနပ်စွာအိပ်ပျော်သွားလေသည်။ 



ခဏအကြာတွင် အေးဆေးနေသယောင် ဟန်ဆောင်ပြီး အိပ်မက်စက်ဝန်းထဲသို့ ဝင်ရောက်သွားလေသည်။



နောက်တစ်နေ့ အိပ်ရာထပြီးနောက်တွင် စီဆဲလ်က စတားကွန်ရက်အား ကြည့်ကာ တိတ်ဆိတ်နေသည်။



# မင်းသား အယ်လန် ပိုစ့်တင်ထားတယ်



#မင်သားအယ်လန်နှင့် ဗိုလ်ချုပ်ကြီး စီဆဲလ်၏ စကားပြောဆိုမှု မှတ်တမ်း...ပုံ....ပုံ...



#ဗိုလ်ချုပ်ကြီးရဲ့ခင်ပွန်းက အခုတစ်ခန်းတည်းမှာ

#ဗိုလ်ချုပ်ကြီး စီဆဲလ်က အရမ်းတော်တဲ့ ခင်ပွန်း



{အား.....! ငါသေပြီ....တကယ်သေပါပြီ.....ဗိုလ်ချုပ်ကြီးရဲ့ အသံကိုသဘောကျတယ်လို့.. }

{ကျောင်းမြန် အိပ်နေတဲ့မျက်နှာလေးက အရမ်းကြည့်ကောင်းတာပဲ ....ငါ မနာလိုဘူး....ဘာလို့အရမ်းကြည့်ကောင်းနေရတာလဲ.}



{အဖွဲ့ချုပ်၏အမွေဆက်ခံသူတွေ နောက်ဆုံးတော့ ဒီမှာ ခြေချလို့ရပါပြီ..... အား....!. လာပါ..ဒီကိုလာပါ...ရေတပ်ဗိုလ်ချုပ်ကြီး နဲ့ ဗိုလ်ချုပ်ကျောင်း ရှင့်..! }



ကျောင်းမြန်သည် ကုတင်ခေါင်းရင်းကို မှီကာ စတားကွန်ရက်တွင် သူ၏အိပ်ပျော်နေသောဓာတ်ပုံများကို တွေ့သွားချိန်တွင် ဝတ်စုံအပြည့်ဖြင့် အလုပ်သွားရန်ပြင်ဆင်နေသော စီဆဲလ်အား တွန့်ဆုတ်စွာကြည့်လိုက်သည်။ 

စီဆဲလ်က ချောင်းဟန့်ကာ ပြောလိုက်သည်။ "အင်း..ကိုယ် အယ်လန့်ကို တကယ် ဒေါသထွက်နေတာ... ဒါပေမယ့် အခုလည်း ကောင်းသွားတာပဲလေ....ကိုယ့်ခန္ဓါကိုယ်နဲ့ ကျန်တာတွေရော အကုန်အဆင်ပြေနေတယ်ဆိုတာကို စတားကွန်ရက်မှာ တကူးတကကြီးရှင်းပြနေစရာမလိုတော့ဘူးလေ...."

ကျောင်းမြန် : "......."



"ခွိ...."



ထိုအသံသည် အရမ်းစိတ်မချမ်းသာစရာကောင်းသည်။

စီဆဲလ်၏ နက်ကတိုင် စည်းထားသည်အား ကျောင်းမြန် မြင်လိုက်ချိန်တွင် ခဏရပ်လိုက်ပြီး ရှေ့သို့လျှောက်သွားကာ စီဆဲလ်၏ နက်ကတိုင်အား ကူညီကာပြင်ပေးရန်သွားလိုက်သည်။



စီဆဲလ်သည် အမြဲတမ်း ဖြစ်သလိုနေတတ်သောကြောင့် နက်ကတိုင်ကြိုးကိုလည်း ပြီးစလွယ် ချည်ထားလေသည်။ ပေါ့ပေါ့ပါးပါး ချည်ထားသည်။



သို့သော် ယခုအချိန်တွင် ကျောင်းမြန်သည် စီဆဲလ်၏ နက်ကတိုင်အား တစ်ဝက်တစ်ပျက်အနေအထားမှ ပြန်ချည်ပေးရန် တိုက်ပွဲဝင်ခဲ့လေသည်။



စီဆဲလ်က အောက်ကိုငုံ့ကြည့်လိုက်ချိန်တွင် ကျောင်းမြန်သည် သူ၏ရှေ့တွင် ရပ်နေသည်အား တွေ့လိုက်ရပြီး သူ့လည်ပင်း ပတ်ပတ်လည်ရှိ နက်ကတိုင်ကြိုးပေါ်တွင် သပ်ရပ်သော စက်ဝိုင်းလေးများအားတစ်ခုပြီးတစ်ခု ပြုလုပ်နေသည် တွေ့လိုက်ရသည်။



ကြမ်းပြင်မှ မျက်နှာကြက်ထိ ရှည်လျားသော ပြတင်းပေါက်များမှ နံနက်ခင်းအလင်းရောင်သည် ကျောင်းမြန်၏ ရှည်လျားလှပသော ငွေပြာရောင်ဆံနွယ်များနှင့် အဖြူရောင် ညဝတ်အင်္ကျီပေါ်သို့ ဖြာကျနေလေသည်။ 



"ရပြီ"

ကျောင်းမြန်သည် စီဆဲလ်၏စစ်တပ်ဂျာကင်အင်္ကျီကို ဝတ်ရာတွင်လည်းကူညီခဲ့သည်။



စီဆဲလ်သည် ကျောင်းမြန်၏ ခြေဗလာကို ငုံ့ကြည့်လိုက်ကာ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးလိုက်ပြီး မသိစိတ်မှ ကျောင်းမြန်အား လှမ်း၍ ပွေ့ဖက်လိုက်သည်။





စီဆဲလ်က သူ့ကို ပွေ့ဖက်ထားမိသည်အား တစ်ခုခုမှားနေသည်ဟု မခံစားမိပေ။



ကျောင်းမြန်က ပြီးအောင်မဝတ်ပေးရသေးခင် စီဆဲလ်၏ပုခုံးကို လှမ်းဆွဲလိုက်ရတော့သည်။



"......"

စီဆဲလ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ကုတင်ပေါ် သို့ ပွေ့ချီပြီး တင်လိုက်ကာ ဆို၏။ 



ကျောင်းမြန်က ကြောင်တက်တက်ဖြင့် ကုတင်ပေါ်တွင် ထိုင်လိုက်ရသည်။



စီဆဲလ်က သူ့နှာခေါင်းအားထိကာ ပြောလိုက်သည်-

"ဒါဆို ကိုယ်သွားတော့မယ်....ဒါနဲ့ မင်းက ဘယ်အချိန်သွားမှာလဲ...." 



ကျောင်းမြန်က ခဏစဥ်းစားကာ ပြော၏။ "ကျွန်တော် အိမ်မှာ နေ့လည်စာစားပြီးရင်အပင်တွေစုဖို့ ဒီနားမှာရှိတဲ့ B1 စွန့်ပစ်ကြယ်ကို သွားမလို့..."



"ဟုတ်ပြီ" 



"ရေခဲမြစ်စနစ်မှာ သိပ်မကြာခင်က အခြေအနေတွေရှုပ်ထွေးထားတာဆိုတော့ မင်းအနေအထားက အရမ်းအန္တရာယ်များလို့ လုံခြုံရေးကိုဂရုစိုက်.....မင်းနဲ့ အတူသွားဖို့ ကိုယ် တပ်၃ခုထည့်ပေးလိုက်မယ်..." 





ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။



စီဆဲလ်၏ အမှတ် (၁၂)စစ်တပ် သည် အင်အားကြီးတပ်ဖွဲ့ဖြစ်သည်။ စစ်တပ်တစ်ခုပင် လူအများကို ထိတ်လန့်သွားစေရန် လုံလောက်သည်။



ဒီလို စစ်တပ်ကို သုံးခု...တဲ့လား....အရမ်း ချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား.... 



အမှန်တွင် ကျောင်းမြန်က တစ်ယောက်တည်းသွားချင်တာဖြစ်သည်။



"မများဘူး..."

"ဒါက အရမ်းများတယ်လေ.ပြီးတော့ ကျွန်တော်က ကြက်တွေကိုထိန်းမယ့် လူမှမဟုတ်တာ...."



"ဟုတ်ပြီလေ ...ဒါဆိုလည်း စစ်တပ် သုံးခုကို တစ်ခုနုတ်လိုက်..."



"အင်းပါ..." 



ကျောင်းမြန်က တွန့်ဆုတ်စွာ သဘောတူလိုက်သည်။



"ဒါဆို ကိုယ်သွားတော့မယ်" 



စီဆဲလ်က ခေါင်းညိတ်လိုက်ပြီး ထွက်သွားလေသည် ။



တံခါးပိတ်သွားသောအခါမှ ကျောင်းမြန်သည် သူလှည့်စားခံလိုက်ရမှန်း ရုတ်တရက်သိလိုက်ရသည်။



စီဆဲလ်က စစ်တပ်၂ခုကို နောက်မှလိုက်စေချင်သော်လည်း သူလက်ခံလာစေရန်အတွက် တပ်၃တပ် ဟု တမင်ပြောခြင်းဖြစ်သည်။





ကျောင်းမြန်သည် ခေါင်းကိုယမ်းကာ ထလိုက်ပြီး ဖိနပ်ကို ဝတ်လိုက်တော့သည်။



နေ့လယ်စာ စားပြီးနောက် ကျောင်းမြန်သည် သူ့ကို စစ်ဘက်ဆိုင်ရာအဆောက်အအုံသို့ ခေါ်သွားပေးရန် အိမ်ထိန်းနှင့်အတူ တံတားကိုဖြတ်၍ လေယာဉ်ကို မောင်းနှင်ကာ ဖက်ဒရယ်မြို့တော်မှ ထွက်ခွာသွားခဲ့သည်။



ကျောင်းမြန်သည် ဖန်သားပြင်ကို ကြည့်လိုက်ချိန် သူတို့၏နောက်တွင် အမြီးတန်းလေးများရှိနေလေသည်။



ဤသည်မှာ စီဆဲလ် စီစဥ်ထားသည့် တပ်ဖွဲ့ ၂ခုဖြစ်သည်။



B1 သည် မြို့တော်နှင့် မနီးမဝေးတွင်ရှိပြီး လူနေကျဲသော ကြယ်စု တစ်ခုဖြစ်သည်။



ဖွံ့ဖြိုးမှုနောက်ကျသော်လည်း နေထိုင်မှုစနစ်သည် အဆင်ပြေလေသည်။

ကြယ်စုကြီးတစ်ခုလုံးတွင် အပင်များနှင့်ပြည့်နှက်နေသည်။ 



စက်ရုံသည် အပြည့်အဝလည်ပတ်နေပြီးဖြစ်ရာ ကျောင်းမြန်သည် စီဆဲလ်၏ရှယ်ယာများကို သိမ်းယူရန်သာဖြစ်ပြီး အခုလည်း ခြင်းတောင်းကြီးတစ်လုံးကိုယူကာ အပင်များကို လိုက်စုတော့သည်။ 



အမှန်တွင် အဖွဲ့ချုပ်သည် ရေခဲမြစ်စနစ်ကဲ့သို့မဟုတ်ဘဲ ဤအပင်များကို ထိန်းသိမ်းနိုင်ရန်အတွက် နည်းပညာမြင့်သိုလှောင်ရုံများစွာရှိလေသည်။



"ကျွတ်..."



သူ့နောက်မှာ ရုတ်တရတ် မြေပေါ်သို့ နင်းလိုက်သော ခြေသံကိုကြားလိုက်ရသည်။



ကျောင်းမြန်လည်း ထိတ်လန့်သွားပြီး ခါးမှသေနတ်အားဆွဲထုတ်ကာ ဖိတ်ခေါ်ထားခြင်းမရှိသော ဧည့်သည်ဘက်သို့ လှည့်ချိန်လိုက်သည်။



"ရေတပ်ဗိုလ်ချုပ်ကျောင်း....ကျွန်တော်ပါ " 



ရောက်လာသူက လက်မြှောက်ထားသည့် စီဆဲလ် လွှတ်လိုက်သည့် စစ်သားဖြစ်နေသည်။

ထိုစစ်သားက ပြောသည်။

"ဗိုလ်ချုပ်ကျောင်း ကျွန်တော် သယ်ပေးပါရစေ" 

ထို့နောက် ကျောင်းမြန်ဘေးရှိ တောင်းကြီးအား ညွှန်ပြလိုက်သည်။





ကျောင်းမြန်သည်ရှေ့သို့ ဖြေးဖြေးချင်းတက်သွားလေရာ ပိုမြင့်လာလေ ပိုကြောက်လာလေဖြစ်သည်။



သူ၏ခြင်းတောင်းကြီးထဲတွင် အပင်များအကုန်ပြည့်သွားချိန်တွင် ဆက်သွားစရာနေရာမရှိတော့သည့် တောင်ထိပ်သို့ ရောက်နေပြီးဖြစ်သည်။

ဆက်တက်ရန် နေရာလွတ်မရှိတော့ပေ။



သူ့နောက်မှ တစ်ဖက်စီတွင် စစ်သားတစ်ယောက်စီရှိသည်။

ကျောင်းမြန်က ဒီအမြီးနှစ်ခုအား ဖယ်ရှားရန် နည်းလမ်းအား စဥ်းစားလိုက်ပြီး ဆေးအား တတ်တဆိတ် အမြန်သွားယူလိုက်သည်။



သူ့ဆေးတွင် ဘာထည့်သုံးလဲဆိုသည်အား ကျန်သုများကိုမသိစေချင်သောကြောင့် ဒါသည် လျှို့ဝှက်ချက်ဖြစ်သည်။



ဒါပေမယ့် သူ ဘယ်လိုလုပ်ရမလဲ...



ကျောင်းမြန်က မေးစေ့ကို ကိုင်ပြီး စဉ်းစားလိုက်သည်။



သူပထမဆုံးမြင်နေရသည်မှာ ဤအမြီးလေးနှစ်ကောင်သာရှိနေသေးသော်လည်း အခြားသူများက ပုန်းကွယ်ကာ တိတ်တဆိတ်စောင့်ကြည့်နေသောကြောင့် သူ တိတ်တိတ်လေး ဘာမှလုပ်လို့မရပေ။

 

အသုံးမဝင်ဘူး...

ကျောင်းမြန်က သွားနေရင်း ရပ်လိုက်ပြီး...

"ဟိုဟာ..... ငါ ဗိုက်နာလာလို့ ကျေးဇူးပြုပြီး ခဏရှောင်ပေးလို့ရလား..."

“ဟမ်..” 



'အနားက မခွာရဘူး လို့ ဗိုလ်ချုပ်ကြီးကအမိန့်ပေးထားပေမယ့် အခုက မဒမ် အိမ်သာသွားတာကို ကြည့်ရင် ပိုပြီးအသတ်ခံရနိုင်တယ်မလား.."



ကျောင်းမြန်က စစ်သား၏ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်-

 "ငါ အရမ်းအဝေးကြီး မသွားပါဘူး" 



"ရပါတယ်.."



ဤနည်းဖြင့် ကျောင်းမြန်သည် အိမ်သာသွားသည့်ပုံစံဖြင့် အနီရောင်ဆေးဖက်ဝင်အပင်များကို အောင်မြင်စွာ ယူဆောင်လာခဲ့သည်။



ညနေစောင်းနေပြီဖြစ်သဖြင့် ထိုအမြီးလေးများသည် ကျောင်းမြန် လေဆိပ်သို့ ပြန်ရောက်လာချိန်အထိ ထွက်မသွားကြသေးပေ။



သို့သော် ကျောင်းမြန်သည် ထိုအမြီးလေးများအား အလွန်ကျေးဇူးတင်မိနေသေးသည်။ 



သူတို့သည် အပင်များကိုစုဆောင်းရန် ကူညီပေးခဲ့သောကြောင့် ကျောင်းမြန် အားစိုက်ထုတ်ရန် မလိုအပ်လိုက်ပေ။ 



ကျောင်းမြန် သည် ထူးဆန်းသောမီဒီယာအချို့၏ ဝိုင်းရံခံရမည် သို့မဟုတ် ဓာတ်ပုံခိုးရိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ထွက်ခွာရမည့် လမ်းကို သေချာရွေးချယ်ခဲ့သည်။



ချက်.....



ကျောင်းမြန်သည် သူ့နောက်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ရှိနေပုံရသောကြောင့် မျက်ခုံးနှစ်ဘက်က တွန့်ချိုးသွားလေသည်။



နောက်ကလိုက်နေတဲ့ အမြီးတွေရှိနေသေးတာလား.....။



ကျောင်းမြန်သည် သူ၏ခါးပေါ်ရှိ သေနတ်အား လက်တစ်ဖက်ဖြင့် စမ်းကာ နောက်သို့ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။



ဤသို့လှည့်ပြီးနောက်တွင် ကျောင်းမြန် အံ့အားသင့်သွားသည်။



"မတွေ့တာကြာပြီနော်...ကိုယ့်အရိပ်လေး..."



မနီးမဝေးတွင် ရှည်လျားပြီး နက်မှောင်သော ဆံပင်ကောက်ကောက်များနှင့် ဖြူဖျော့နေသော အသားအရေရှိသည့် အမျိုးသားတစ်ဦးရှိနေသည်။



ထိုသူသည် အနီရောင်တောက်တောက် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသောကြောင့် ပို၍ပင် ကြည့်ရဆိုးသွားခဲ့သည်။



ကျောင်းမြန် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။



ထိုလူက... ကြယ်တာရာ ပင်လယ်ဓားပြများ၏ ခေါင်းဆောင် ချင်းယင် ဖြစ်သည်။



"မင်း..မင်း ဘာလို့ဒီကိုရောက်နေတာလဲ။" 



ကျောင်းမြန် နောက်ဆုံးတွင် အသံထွက်လာလေသည်။



ထိုလူက နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးကာ ပြောလိုက်သည်-

"ကိုယ် မင်းကို တွေ့ချင်လို့..."



ကျောင်းမြန်က အသက်ကိုပြင်းပြင်းရှူရင်း စိတ်ကိုတည်ငြိမ်အောင်ထားကာ သေနတ်ကို ချင်းယင်၏ နှဖူးတည့်တည့်သို့ ချိန်လိုက်လေသည်။



" ထွက်သွား..."



ကျောင်းမြန်သည် အမြဲတမ်း နူးညံ့တတ်သော်လည်း ယခုအချိန်တွင် သူ၏အသံမှာ တုန်လှုပ်နေပြီး အေးစက်မှုတို့ဖြင့် ဖုံးလွှမ်းနေသည်။



ထိုလူသည် ခေါင်းငုံ့ကာ ပြုံးပြီး သူ၏ရယ်သံခပ်ဖွဖွသည် လေထဲမှာပင် ပျောက်ကွယ်သွားလေသည်။ 



ကျောင်းမြန်သည် သူ့အိတ်ကပ်ထဲမှ တာမီနယ်ကို ငြိမ်သက်စွာ ကိုင်လိုက်ပြီး စီဆဲလ်၏နံပါတ်ကိုနှိပ်ကာ သင်္ကေတ တစ်ခုကိုနှိပ်ကာ ပို့လိုက်လေသည်။



ချင်းယင်က တစ်ခုခုပြောခါနီးမှ ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ လှည့်ထွက်သွားလေသည်။



ကျောင်းမြန်က နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် ချင်းယင် ကိုမတွေ့တော့ဘဲ သူ့ဆီလျှောက် လာနေသည့် လူတစ်စုကိုသာတွေ့လိုက်ရသည်။  



"ဟိုမှာ... သူပဲ!" 



သူ့ဆီ လာနေသူမှာ လင်းဇီဝေ့ဖြစ်သည်။



လင်းဇီဝေ့က လူတစ်စုကို ဦးဆောင်ပြီး လာနေသည်ကို ကျောင်းမြန် မြင်လိုက်ချိန်တွင် ထိုလူစုသည် ဖက်ဒရယ်မြို့ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး.အဖွဲ့ကမှန်းသိလိုက်လေသည်။



လင်းဇီဝေ့က ပြောလေသည်။

"ရေတပ်ဗိုလ်ချုပ်ကျောင်းက အဖွဲ့ချုပ်မှာ အန္တရယ် အရှိဆုံးဖြစ်တဲ့ ဟောင်လုလုကို နယ်မြေထဲ ယူသွင်းလာတယ်လို့ ကျွန်မ သတင်းရထားလို့ပါ...."



လင်းဇီဝေ့သည် သူမကိုယ်သူမ ယုံကြည်မှုပိုရှိစေရန်အတွက် ကျောင်းမြန်အား နှစ်သက်ခြင်းးမရှိဘဲ အငြိုးထားမုန်းတီးနေသော မာရှယ်၏ဇနီး ကိုပါ သူမနှင့်အတူ ခေါ်လာခဲ့လေသည်။



ဒီမိန်းမက ဘာထပ်ဖြစ်ပြန်ပြီလဲ။





စာရေးသူမှာ ပြောစရာရှိပါတယ်- ဟုတ်ကဲ့...၊အခု အမျိုးသမီး ဇာတ်ပို့အခန်းက မကြာခင် ပြီးတော့မှာပါ...._