Ch 27.2
ချောင်ယန်က မော့ကြည့်လိုက်သည်... လရောင်သည် သူတို့၏ အရိပ်များကို ရှည်လျားစွာ ဖြန့်ကျက်ပေးထားကာ ဧည့်ခန်းရှေ့ရှိ တိုင်များပေါ်အရိပ်ထင်ဟပ်နေစေသည်။ သူ့စိတ်ထဲတစ်ခုခုရှိနေသလိုမျိုး သူ့အပြုံးကမျက်နှာပေါ်မှာ ဖြည်းညင်းစွာ ပေါ်လာခဲ့သည်..
" သူ့ကို မေ့သွားပြီလား"
မိုးရွာသွန်းသံများက ရုတ်တရက် ပြင်းထန်လာသည်ပြီး လေးလံသော မိုးရေစက်ကျသံများသည် ဖန်ချန်း၏ နားစည်များကို ထုရိုက်လာခဲ့သည်။
ချောင်ယန်ကဆက်ပြောလာသည်...
"ခင်ဗျားတို့နှစ်ယောက်က ငယ်ငယ်တည်းက အတူတူကြီးလာတာ မဟုတ်ဘူးလား"
ထိုအချက်သည် သူ့စိတ်ထဲရှိကွက်လပ်ကို တံတားထိုးပေးသလိုမဖြစ်ဘဲ ကွက်လပ်ကို ပိုကျယ်သွားစေကာ တွင်းပိုနက်လာစေခဲ့သည်။ ဖန်ချန်းသည် သတိကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပြီးသည်နှင့်လက်ထဲကဓားမြှောင်သည် မြေပြင်ပေါ်သို့ကျသွားပြီး တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ပြိုလဲကျသွားကာသူ့လက်များက သူ့အလေးချိန်ကိုထိန်းပေးထားသည်။
အစိတ်စိတ်အမွှာမွှာ ကွဲနေသော အမှတ်တရများကြားတွင် ဖန်ချန်းသည် အသေးစိတ်အချက်များစွာကို မေ့သွားခဲ့သော်လည်း တစ်ခုချင်းစီတိုင်းသည် နျဲ့ရှီနှင့် အမြဲတစေ ဆက်စပ်နေခဲ့သည်။
သူတို့က..ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိကြသည်...
အေးစက်သည့် အချပ်အနှောင်လိုမိဘမဲ့ဂေဟာထဲ.. ငါးနှစ် ခြောက်နှစ်သားလေး နျဲ့ရှီက သူ့စောင်ကိုကန်ခဲ့ပြီး “မင်း အရမ်းဆူညံတာပဲ” လို့ ပြောခဲ့သည့် အချိန်ထဲစပင်သူတို့ အချင်းချင်းသိခဲ့ကြတာဖြစ်သည်။
ဖန်ချန်းသည် တစ်ချိန်တုန်းက ကြောင်ကလေးတစ်ကောင်ကို တိတ်တဆိတ် ပြုစုစောင့်ရှောက်ခဲ့ဖူးပြီး ထိုကြောင်လေးသည် ကြာရှည်စွာအသက်မရှင်နိုင်ဟု မိဘမဲ့ဂေဟာဒါရိုက်တာက သိခဲ့တာကြောင့် မျက်လုံးကန်းချင်ယောင်ဆောင်ကာ သူ့ကိုလွှတ်ထားပေးရန်ဆုံးဖြတ်ခဲ့သည်။
မိုးရွာတဲ့နေ့တစ်နေ့တွင် ကြောင်ကလေးက တိတ်တိတ်ဆိတ်ဆိတ် ကွယ်လွန်သွားခဲ့ပြီးဖန်ချန်းက ကြောင်လေးကိုသူ့ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားရင်း ငိုနေခဲ့သည်။ နျဲ့ရှီကသာ မှောင်မဲနေတဲ့ ကောင်းကင်ကြီးကနေ သူ့ကို ထီးနဲ့ အကာအကွယ်ပေးခဲ့သူဖြစ်သည်...ဆောင်းရာသီတွင်လည်း တခြားကလေးများက ဖန်ချန်းကို ပစ်မှတ်ထားပြီး နှင်းလုံးတွေနဲ့ ပစ်ကြသည့်အခါ၌လည်း နျဲ့ရှီကသာ ခေါင်းမာသည့်သူ့ကို အမိုးအကာထဲကို ဆွဲခေါ်သွားပေးကာ သူ့ဆံပင်ပေါ်က နှင်းများကို ဖယ်ရှားပေးခဲ့သူဖြစ်ပြီး...သူနှင့်အတူ ပေါင်မုန့်အကျန်လေးတစ်လုံးကို တစ်ဝက်ဆီမျှဝေစားခဲ့သူဖြစ်သည်...
မိဘမဲ့ဂေဟာရှိ ထိုနေ့ရက်များသည် ငွေရောင်များတန်းစီနေခဲ့သည်။ ပြစ်ဒဏ်ချမှတ်ခံရချိန်များတွင် ဖန်ချန်းက စာသင်ခန်းထဲရှိနေသည့် နျဲ့ရှီကို သနားဖွယ်ရာမျက်နှာလေးလျှို့ဝှက်လုပ်ပြကာ နျဲ့ရှီကိုလည်း မေးခွန်းအမှားဖြေဆိုစေပြီး သူနဲ့အတူပြစ်ဒဏ်ပေးခံရအောင် လုပ်ခဲ့သည်။
ဖန်ချန်းက ဆူညံလွန်းသူဖြစ်ပြီး နျဲ့ရှီက တိတ်ဆိတ်လွန်းသည့်ကလေးဖြစ်သည်။ ဒီကလေးနှစ်ယောက်ကြားရှိ ခင်မင်ရင်းနှီးမှုက ဘယ်လိုဖြစ်လာတာကို ဆရာ၊ဆရာမတွေက နားမလည်နိုင်ကြပေ...
သူတို့နှစ်ဦးစလုံးက အခြားကလေးများ၏ ဝိုင်းပယ်ခံရသူများဖြစ်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖန်ချန်းသည် သူ့အတွက် ရဲဘော်ရဲဘက်တစ်ဦးကို တွေ့ပြီဟုခံစားခဲ့ရပြီး နျဲ့ရှီကို သူနဲ့တွဲကစားဖို့ အမြဲခေါ်တတ်သည်။ ပြစ်ဒဏ်ပေးခြင်းခံရလျှင် လည်းအတူတူခံကြပေမည်။ မတရားစွပ်စွဲခံရသောအခါများတွင် ဖန်ချန်းက အမြဲတစေ ငြင်းခုံလေ့ရှိပြီး နျဲ့ရှီက နှုတ်ဆိတ်နေတတ်ကာ သူတို့နှစ်ဦးလုံး အတူတကွ အပြစ်ပေးခံကြသည်။ ဖန်ချန်းသည် တစ်ခါကမေးခဲ့သည်...
"ဟေ့ မင်းဘာလို့ ဘာစကားမပြောတာလဲ...အန်တီရဲ့အဝတ်အစားတွေကိုဖွခဲ့တာက ငါတို့မဟုတ်ဘူးဆိုတာရှင်းနေတာကို..."
"အဲ့တာကသဲထဲရေသွန်ပဲဖြစ်လိမ့်မယ်" နျဲ့ရှီက ပြောလိမ့်မည်... "သူတို့စိတ်ထဲတစ်ခါရှိလိုက်တာနဲ့ လက်ခံယုံကြည်လာအောင်ပြောဖို့ခက်လိမ့်မယ်"
အဲ့အချိန်တိုင်း ဖန်ချန်းသည် နျဲ့ရှီ၏အပြုအမူနှင့်ပတ်သတ်ပြီး စိတ်ရှုပ်စရာကောင်းသည်ဟု ထင်ခဲ့လိမ့်မည်။အလားတူစွာပဲ နျဲ့ရှီသည်လည်း သူ့အားဆူညံသည်ဟုထင်လောက်သည်။ ဒါပေမယ့် သူတို့ တတ်နိုင်တာမရှိပေ... တခြားကလေးတွေအားလုံးက သူတို့ကို ပယ်ထားကြသည့်အတွက်ကြောင့် သူတို့အချင်းချင်းသာအတူသာနေနိုင်ကြရသည်။
နောက်ပိုင်းတွင် နျဲ့ရှီကို မိသားစုတစ်ခုက မွေးစားသွားခဲ့ပြီး ဖန်ချန်းသည် နောက်ထပ်တစ်ကြိမ် အထီးကျန်ခဲ့ရပြန်သည်။
ဖန်ချန်း၏ ခေါင်းထဲရှိ နာကျင်မှုက သူ့ကို ကြမ်းပြင်ပေါ်သို့ ခွေခေါက်သွားစေပြီး မျက်လုံးများနီရဲလာကာ မျက်ရည်များ စီးကျလာစေသည်။
သူနိုးလာကတည်းက တစ်နေ့မဟုတ်တစ်နေ့ မကြာခဏ ငိုကြွေးရလေ့ရှိသည်။ သူဘယ်လောက်ပဲကြောက်ရွံ့နေခဲ့ပါစေ မျက်ရည်သိပ်မကျခဲ့ပေ... သူ၏အားနည်းချက်မှာ နျဲ့ရှီအတွက်သာ ပေါက်ဖွားလာခြင်းဖြစ်သည်။
ချောင်ယန်က ရုတ်တရက်ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်..ဒါက နာကျင်ရမယ်ဆိုတာ သူသိပေမယ့် ဒီလောက်အထိနာကျင်စေနိုင်လားဆိုတာသူမသိပေ... သူ့တစ်သက်တာတွင် သံမဏိပိုက်ဖြင့် ထိုးဖောက်ခံခဲ့ရသည့်တစ်ခါနှင့် သေပြီးတစ်ခါသာ နာကျင်မှုကို ခံစားခဲ့ရသည်။ သို့သော် သူသည် မှတ်ဉာဏ်က လူတစ်ဦးအပေါ်မှာ ဒီလောက် နာကျင်မှုနှင့် ဝမ်းနည်းခြင်းတို့ဖြစ်စေခဲ့တာမျိုးကိုတော့ တစ်ခါမှ မခံစားခဲ့ဖူးခဲ့ပေ.....
အမှတ်တရတွေက..အဲ့လောက်တောင်ပဲနာကျင်စေသည်လား...ချောင်ယန်နားမလည်နိုင်ပေ... သူက ဖန်ချန်းလက်ကိုလှမ်းကိုင်လိုက်ပြီး ခေါ်လိုက်သည်...
"ဖန်ချန်းကော..." မဟုတ်ရင် နျဲ့ရှီပြန်လာတဲ့အခါကြ ဖန်ချန်းကို သူက နာကျင်စေခဲ့မှန်းသိလိုက်ပါက... သူ့တော့ သွားပြီပဲ....
ဖန်ချန်း၏ မှတ်ဉာဏ်ထဲရှိ တစ်ချိန်က မှုန်ဝါးနေခဲ့သော ရုပ်ပုံလွှာသည် နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း ပုံပေါ်လာခဲ့ပြီဖြစ်သည်- ၎င်းတို့အားလုံးမှာ နျဲ့ရှီပင်ဖြစ်သည်။
အသက် ဆယ့်သုံးနှစ်.. ဆယ့်လေးနှစ်တွင် ပြန်လည်ဆုံဆည်းခဲ့ကြပြီး နောက်နှစ်များအထိ...အားလုံးသည် အမြဲတမ်း နျဲ့ရှီပဲဖြစ် နေခဲ့သည်။
မိုးက တဖွဲဖွဲကျလာခဲ့ပြီး ဖန်ချန်းသည် ငိုသံများကြားတွင် နစ်မြုပ်နေခဲ့သည်။ အခန်းရှေ့တွင်ရပ်နေသော ချောင်ယန်၏မျက်နှာထက်တွင် အံ့သြသည့်အမူအရာက ရှိနေပြီးဖန်ချန်း၏နာကျင်နေသောအမူအရာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
အလယ်တန်းကျောင်းသားအချိန်တုန်းက ဆိုးသွမ်းသော အထက်တန်းကျောင်းသားအချို့သည် ဖန်ချန်းအား သဘောမကျသည်ကြောင့် ကျောင်းနောက်ေဖးလမ်းကြားတစ်ခုထဲ ဆွဲသွင်းရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဖန်ချန်းသည်သာ 3ယောက်တစ်ယောက်ချပြီး အကြိမ်တိုင်း အနိုင်ရခဲ့သူဖြစ်သည်။
သူ့သူငယ်ချင်းများက သေချင်တာကြောင့်ပြန်တိုက်ခဲ့တာလားဟု မှတ်ချက်ချခဲ့ကြကာ သူသာ မှားကြောင်းရိုးရိုးသာသားဝန်ခံခဲ့ပါက ပဋိပက္ခများကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ထောက်ပြကြခဲ့သည်။ သို့သော် ဖန်ချန်းက ပြုံးပြီး နှာခေါင်းကို ပွတ်သပ်ကာ "Nahh" ဟုသာ ပြန်ပြောခဲ့လေသည်။ ထိုအချိန်က သူသည် ဝရုန်းသုန်းကားဖြင့် ပျော်ရွှင်စွာ နေထိုင်နေသည့် တစ်ကောင်တည်းသောဝံပုလွေဖြစ်သည်။
တစ်ယောက်ယောက်က သူ့ကို အနှောက်အယှက်ပေးလာသည့်အခါတိုင်း သူ့အဖော်များက တဖြည်းဖြည်း ကြောက်လန့်လာကြပြီးသူ့ကိုရှောင်ဖယ်လာကြသည်။ နျဲ့ရှီသာလျှင် ထူးထူးဆန်းဆန်း နည်းလမ်းမျိုးစုံဖြင့် ဘယ်ကမှန်းမသိသည့်နေရာကနေ ပေါ်ထွက်လခဲ့ပြီး သူ၏ ခံစစ်အဖြစ်ရောက်လာခဲ့မည်ဖြစ်သည်။ ဖန်ချန်းသည် သိုလှောင်ခန်းရှိ ပြတင်းပေါက်ကျဉ်းကျဉ်းကနေ ထွက်လာရန်စီမံခဲ့သည့် နျဲ့ရှီကို အမြဲတမ်းရယ်ချင်နေခဲ့သည်..အဲ့ဒါက အရမ်းရူးမိုက်လွန်းသည်..သူကအဲ့မှာတင်တစ်နေပြီး ပြန်မထွက်နိုင်တော့မလို့ပင်...
သူသည် မိဘမဲ့ မိဘမရှိသော အရိုင်းအစိုင်း ကလေးဖြစ်သည်။ နျဲ့ရှီ၏ မွေးစားမိဘများသည်လည်း တာဝန်ယူရမည်ကို စိုးရိမ်ကြသည်။ ဒါကြောင့် ကျောင်းက ကြားဝင်ဖျန်ဖြေပေးတဲ့အခါတိုင်း သူတို့က နျဲ့ရှီဧ။်ခေါင်းကို အမြဲတမ်း ဖိနှိပ်ပြီး သူ့ကို ဦးညွှတ်ခိုင်းကာ ဆိုးသွမ်းသူတွေကို တောင်းပန်ခိုင်းခဲ့ကြသည်။
ဖန်ချန်း၏ စိတ်ထဲတွင် "ဘာလို့ သူက တောင်းပန်ရမှာလဲ" ဆိုသည့် စကားတွေ အများအပြားရှိနေပေမယ့် နောက်ဆုံးမှာတော့ သူတို့၏ သနားစရာကောင်းသည့် အပြုံးတွေကြောင့် သူ့ထက်ထွားသည့် နျဲ့ရှီဧ။်ခေါင်းကို လက်ဖြင့်ပုတ်ပေးလိုက်ပြီး "မေ့လိုက်တော့... မင်းငါ့အတွက် ထပ်ပြောပေးစရာ မလိုဘူး" ဟုပဲပြောနိုင်ခဲ့တော့သည်။
အကြောင်းမှာ သူသည် အမြဲတမ်းအခြေအမြစ်မရှိသောစွပ်စွဲချက်များနှင့် ရင်ဆိုင်နေခဲ့ရပြီး ဘယ်သူမှသူ့အတွက်မပြောပေးခဲ့သည်ကို ကျင့်သားရနေခဲ့ပြီးဖြစ်သည် ..ဒါကြောင့် သဘာဝအတိုင်း အရာအားလုံးက သူ့အတွက် ဒုတိယသာသာဖြစ်လာခဲ့သည်။
ဖန်ချန်း၏ ဘဝတွင် အမှားများစွာကို ကျူးလွန်ခဲ့သော်လည်း သူ၏မွေးဖွားလာခြင်းကြောင့် အပြစ်သားများထဲမှ တစ်ဦးဖြစ်လာမည်ဟုတော့ တစ်ခါမျှ မထင်ခဲ့ဖူးပေ။ အခုတော့ ဒီအမှားအတွက် သူ့ဘဝ၏ လက်ကျန်အချိန်များအား ပေးဆပ်ရတော့မည်သာ....