Chapter 29
Viewers 4k

Ch29 - အတိတ်ကနေ့ရက်များ




မှတ်ဉာဏ်များကိုပြန်လည်း သတိရရခြင်းသည် အမှန်တကယ်ပင် နာကျင်ရသည်။ တစ်ချိန်တည်းတွင် ခေါင်းငုံ့စေပြီး သူ့အား ထိုမှတ်ဥာ‌ဏ်များကိုလက်ခံစေရန် တွန်းအားပေးခံနေချိန်သည် အသားများ ဆုတ်ဖြဲခံရပြီး အရိုးများ ကျိုးကြေသွားသလိုမျိုး နာကျင်လှပေသည်။



ဖန်ချန်းမေ့သွားခဲ့သမျှအရာအားလုံးကို နျဲ့ရှီက ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။



အလယ်တန်းကျောင်းတွင် ပြန်လည်ဆုံဆည်းခဲ့ပြီးနောက် နျဲ့ရှီနှင့် ဖန်ချန်းတို့၏ ဆက်ဆံရေးသည် အမှန်တကယ် ကောင်းမွန်သည်လို့တော့မယူဆနိုင်ခဲ့ပေ။ သူတို့နှစ်ယောက်မှာ အတန်းတူသူငယ်ချင်းတွေရှိကြသလို သူတို့သည်အများဆုံးမှ လမ်းမှာမတော်တဆတွေ့မိသည့်အခါတိုင်း မေးထူးခေါ်ပြောလောက်သာလုပ်ကြပြီးအကြိမ်တိုင်း ဖန်ချန်းဘက်ကာသာအစပြုခဲ့လေသည်။



မည်သို့ပင်ဆိုစေကာမူ နျဲ့ရှီသည် ဖန်ချန်းအရိုက်ခံရသည်ကို မြင်တိုင်း ကြားဝင်မကူညီဘဲမနေခဲ့နိုင်ပေ။ ထိုသို့ကူညီရသည့်နောက်ကွယ်တွင် တိကျသောအကြောင်းပြချက်မရှိခဲ့ပေ ။ ထို့ကြောင့် ဖန်ချန်းသည် သူတို့ကြားတွင် အရင်တုန်းကလိုပဲ အနည်းငယ် တူညီနေသေးသည်ဟု သူ ရိုးရိုးရှင်းရှင်း ခံစားခဲ့ရသည်။



ဖန်ချန်း၏အလယ်တန်းကျောင်းသားအရွယ်အတွင်း ရန်ဖြစ်မှုများသည် ဆိုးသွမ်းသောအုပ်စုမှစတင်ခဲ့တာကြောင့်ပင်မဟုတ်ပေ... သူ၏ ပါးစပ်ကြောင့်လည်း မကြာခဏဆိုသလိုပင် ဒုက္ခရောက်ခဲ့ရသည်။



ဖန်ချန်းသည် ကျောင်းလူဆိုးများထဲတွင် သက်တမ်းအတိုဆုံးသူဖြစ်သော်လည်း ထူးထူးခြားခြား သွက်လက်ချက်ချာပြီး အသံကျယ်ကျယ်နှင့် ထကြွသောင်း‌ကျန်းတတ်သည့် သဘောထားကြောင့် ထင်ရှားလေသည်။ နျဲ့ရှီသည် သူတို့၏ရန်ပွဲများကြား ခဏခဏ ကြားဝင်စွက်ဖက်ခဲ့ရသော်လည်း ဖန်ချန်းကမူ သူ့စကားများကို သိပ်မတွေး မစစ်ထုတ်ဘဲအမြဲထုတ်ပြောလေ့ရှိပြီး ဖြေရှင်းချက်အနေနှင့် လက်သီးကိုသာ အသုံးပြုလေ့ရှိခဲ့သည်။ နျဲ့ရှီ၏ အကြံပေးချက်များကိုကြားသော်လည်း ဖန်းချန်သည် ထိုအခိုက်အတန့်တွင် အားလုံးကို လျစ်လျူရှုထားခဲ့ပြီး သူ့တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားသည်အထိသာ အရိုက်ခံခဲ့ရသည်။



ယောက်ျားလေးတွေဖြစ်တာကြောင့် ဘယ်သူက ဘယ်သူ့အပေါ်ဘာအကြွေးတင်နေတယ်ဆိုသည်များကမရှိပေ။ နျဲ့ရှီသည် ရန်ပွဲများတွင် ဖန်းချန်ကို ကူညီရန် အမြဲတမ်း ရောက်မလာနိုင်ပေ... ထို့ကြောင့် နောက်ဆုံးတွင်တော့ သူသည် ဖန်ချန်းကို စိတ်အနှောက်အယှက်ပေးနေခြင်းမှရပ်လိုက်တော့သည်။



တကယ်တမ်းတွင် သူတို့နှစ်ယောက်က တူညီမှု သိပ်မရှိနေပေ။ ဖန်ချန်းသည် ပွင့်လင်းပြတ်သားပြီး နျဲ့ရှီကမူ အရာအားလုံးကို သူ့နှလုံးသားထဲတွင်သာ ဖုံးကွယ်ထားတတ်သည်။သူတို့သည် အစတုန်းကတစ်ယောက်ကိုတစ်ယောက်တွေ့ကြဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ...



နောက်ပိုင်းတွင် နျဲ့ရှီက ဖန်ချန်းအား ကော်လာနောက်ကျောကနေ ဆွဲကိုင်လိုက်ပြီးမေးလာခဲ့သည်..



"မင်းဒေါသတွေဖြေဖို့ အကြမ်းဖက်တာကိုပဲအားကိုးမှရမှာလား?"



ဖန်ချန်းက.."တကယ်တော့ ဒါက ငါ့နဲ့ကိုက်တယ်လေ... အဲ့ဒါကလန်းဆန်းစေပြီး ရိုးရိုးရှင်းရှင်းပဲ...ငါကတော့ မင်းနောက်ကွယ်ကနေ အကြံအစည်ရှိပြီးနေနေတဲ့သူတွေကိုသာ အကြောက်ဆုံးပဲ.."  



သူက နှုတ်ခမ်းစူလိုက်ပြီးထပ်ပြောခဲ့သည်..



“အဲ့ဒါကမှ စက်ဆုပ်စရာကောင်းတာ” 



ဖန်ချန်း တမင်တကာပြောနေသည်ကို နျဲ့ရှီသိသည့်အတွက်ကြောင့် သူက ရိုးရှင်းစွာပဲ "ငါနားလည်ပြီ" ဆိုသည်ကိုပြောကာ သူ့ကိုလွှတ်ပေးခဲ့ပြီးထွက်သွားခဲ့သည်။



သူတို့သည် တစ်ယောက်နဲ့တစ်ယောက် လုပ်ပုံကိုင်ပုံများကို သည်းမခံနိုင်ကြပေ.. အဲဒီနောက်မှာတော့ သူတို့သည် တစ်ယောက်နဲါတစ်ယောက်ဆုံမိတိုင်း မသိချင်ယောင်ဆောင်ဖို့ကြိုးစားခဲ့ကြသည်။



 အမှန်အတိုင်းပြောရရင် နျဲ့ရှီက ဖန်ချန်းကိုလိုက်ဂရုစိုက်နေရခြင်းမှာ သူတို့ငယ်ငယ်တုန်းက ဖန်ချန်းက သူ့အားပြောခဲ့သည့် "ငါ တောင်းပန်ပါတယ်" ဆိုသည့်စကားကြောင့်ပင်.. ထိုသည်က တစ်စုံတစ်ဦးက သူ့ကို တောင်းပန်စကားပြောတာ ကြားရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။



နျဲ့ရှီသည် ယခင်မိဘမဲ့ဂေဟာတွင် ကလေးငယ်များအား ညှဉ်းပန်းနှိပ်စက်သည်ဆိုသည့် ကောလဟာလများကြောင့် အခြားမိဘမဲ့ဂေဟာဖြစ်သည့် ဖန်းချန်းတို့ဂေဟာထံသို့ လွှဲပြောင်းခံခဲ့ရတာဖြစ်သည်။



နျဲ့ရှီသည် ငယ်ရွယ်စဉ်ကတည်းက ကလေးများဟူသည် လူကြီးများကို မနှောက်ယှက်သင့်ကြောင်း နားလည်ခဲ့သည်။ လူကြီးများသည် အရွယ်ရောက်ပြီးသားဖြစ်ကြသော်လည်း သူတို့ကို ချစ်ခင်ပေးရန် ပျက်ကွက်ရုံသာမက ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ကိုလည်း ပေးကြသေးသည်။ ထို့ကြောင့် သူ့အ‌ေပါ်နားလည်မှုလွဲနေသော်လည်း ရှင်းပြမနေဘဲနှုတ်ဆိတ်နေခြင်းကို ကျင့်သားရလာခဲ့သည်။ အရွယ်ရောက်ပြီးသူများသည် သူတို့၏ စီရင်ချက်ကသာ အမှန်ဖြစ်ပြီး ကလေးများ၏ စကားများသည် အမြဲတစေ မှားယွင်းသည်ဟု မှတ်ယူခဲ့ကြပြီး ပြန်လည်ခုခံပြောဆိုသည့်အခါတွင်လည်း မလိမ္မာဟုဆိုကာအပြစ်ပေးလေ့ရှိကြသည်။ ပြစ်ဒဏ်ကြောင့် သွေး၏ သတ္တုအရသာကိုခံတွင်းအတွင်းခံစားရမည်ကို သူရွံသည်။ ဒဏ်ရာများသည် သူသကြားလုံးစားတာတောင်မှ သူ့ကိုနာကျင်စေနိုင်သည်။



သို့ရာတွင် အချို့အရာများကို ဒီတိုင်းထားမည်လို့တော့ သူမဆိုလိုပေ... သူသည် သူ့ကို အနိုင်ကျင့်သူမှန်သမျှကို တဖြေးဖြေးချင်းလက်တုံ့ပြန်လိမ့်မည်သာဖြစ်သည်... ဒီအချက်သည် သူမိဘမဲ့ဂေဟာမှာနေခဲ့ချိန်အတွင်း သင်ယူခဲ့ရသည့် အရာတစ်ခုပင်။



ကလေးတစ်ယောက်က ဖန်ချန်း၏ စာရေးကိရိယာများကို လွှင့်ပစ်လိုက်သည့်အခါ တွင် ဖန်ချန်းက အများကြီးမစဉ်းစားဘဲ သူတို့ကို ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဖြစ်ကာ တစ်ဖက်တွင်တော့ နျဲ့ရှီသည် ထိုကလေး၏ စာရေးကိရိယာများကို ရေကန်ထဲသို့ ပစ်ချခြင်းဖြင့် လက်တုံ့ပြန်လိမ့်မည်ဖြစ်သည်။



နောက်ဆုံးတွင် ကလေးက ဖန်ချန်းလုပ်တာဖြစ်ကြောင်း ကောက်ချက်ချခဲ့ချိန်တွင် နျဲ့ရှီက ဖန်ချန်းနောက်တွင် တည်ငြိမ်စွာရပ်၍ ထိုကလေးကိုဆွံ့အသွားစေမည့် "မင်းမှာ အထောက်အထားရှိလို့လား" ဟူသည့်မေးခွန်းကိုမေးလိမ့်မည်ဖြစ်သည်...



ဘယ်သူကမ‌ှ နျဲ့ရှီလုပ်ခဲ့တာဖြစ်ကြောင်းမသိခဲ့ကြပေ...ဖန်ချန်းတောင်မှမသိခဲ့ပေ..



သူသည် အထီးကျန်စွာ လွင့်မျောနေသည့်သူဖြစ်သည်။



 တခါတလေ နျဲ့ရှီသည် ဖန်းချန်ကို သူနှင့်အတူ ဆွဲခေါ်ရန် စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် သူ့ကိုယ်သူ ရပ်တန့်ခဲ့သည်။ သူနှင့် ဖန်ချန်းတို့သည် တူညီသောလူများမဟုတ်တာကြောင့် တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာနေခြင်းက ပိုကောင်းသည်။



 အထက်တန်း ဒုတိယနှစ် ကုန်ဆုံးသွားပြီးနောက်တွင် နျဲ့ရှီ၏ မွေးစားမိခင်သည် မထင်မှတ်ပဲ ကိုယ်ဝန်ရှိလာကာ သားတစ်ယောက်ဖြစ်ကြောင်း သိခဲ့ရသည်။ နျဲ့ရှီကို အမြဲတမ်းရန်စရတာကြိုက်သည့် အတန်းဖော်တစ်ယောက်က‌ဟာသလုပ်လာခဲ့သည်..



 "ဟေး နျဲ့ရှီရေ မင်းကို မင်းအမေက မလိုချင်တော့ဘူးတဲ့လား ဟားဟား"



သူတို့လိုလူတွေ က တခြားသူတွေကို နာကျင်အောင်စကားလုံးတွေကို လက်နက်အနေနဲ့ အသုံးပြုတတ်တာကလွဲလို့ ဘာမှမသိကြ‌ေပ။



နျဲ့ရှီသည် သူဧ။်မိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရန်အတွက် သူ့ကိုယ်သူ ထူးချွန်သောအဆင့်များရအောင်အမြဲကြိုးစားခဲ့သည်။



သူက ဘတ်စကတ်ဘောကစားရတာကိုသဘောကျသော်လည်း ကစားတာရှားပါးပြီး ဂစ်တာတီးရတာကို ဝါသနာပါပေမယ့်လည်းဘယ်တုန်းကမှမှမလေ့လာနိုင်ခဲ့ပေ...



ဖန်ချန်းသည် အားကစားကွင်းတစ်ဝိုက်တွင် လွတ်လပ်စွာ ပြေးနေသည်ကို မြင်သောအခါ သူ ဒေါသထွက်မိခဲ့သည်။ စာသင်ခန်းကို ဖြတ်သွားရင်း အတန်းချိန်ကြီးအတွင်း ဖန်ချန်း တမှေးအိပ်နေသည်ကို တွေ့လိုက်ရတော့လည်း ဒေါသဖြစ်သွားခဲ့သည်။သူ့ကို ပို၍ဒေါသထွက်စေသည်မှာ ဖန်ချန်းကိုအမြဲတစေလိုက်ကြည့်နေတတ်သည့်သူ့ကိုယ်သူပင်ဖြစ်သည်။ သူက အရိပ်တစ်ခုလိုမျိုးဖြစ်နေပြီး သူ့ကိုယ်သူတောင်မှမပိုင်နိုင်တာကြောင့် စက်ဆုပ်လာခဲ့သည်။ 



အတန်းဖော် ယောက်ျားလေးများသည် နျဲ့ရှီကို လူတိုင်း၏မျက်လုံးထဲက ပန်းသီးလေးအဖြစ်မြင်ခံရလျှင် သည်းမခံနိုင်ပေ။ နျဲ့ရှီသည် အေးစက်ပြီး လျစ်လျူရှုသော အမူအရာများရှိသည့်ကြားကပင် မိန်းကလေးများထံမှ သဘောကျမှုနှင့် ဆရာဆရာမများ၏ ချီးကျူးမှုကို ရရှိနေဆဲဖြစ်သည်။ 



သူက တစ်ကြိမ်ထက်မက နျဲ့ရှီကို နှိုးဆွရန် အတွက်နျဲ့ရှီ၏ နောက်ခံကိုလှောင်ပြောင်ရန်စခဲ့သည်။ 



စိတ်ရှည်သည်းခံမှုက နောက်ဆုံးကုန်ဆုံးသွားပြီး နျဲ့ရှီသည် ထိုအတန်းဖော်ကို မြေပြင်ပေါ်ကို အားအပြည့်ဖြင့်ဆွဲချကာ အကြည့်များဖြင့် ခြိမ်းချောက်ခဲ့တော့သည်။ ထိုအချိန်တွင် သူသည် သတ်ပစ်လိုက်ချင်သည့်စိတ်ကို အမှန်တကယ် ထိန်းချုပ်ထားရတာဖြစ်သည်။



သတိပေးချက်တစ်ခုပင်မရှိဘဲ ဖန်ချန်းသည် ဘယ်ကမှန်းမသိသည့်နေရာကနေ ရုတ်တရက် ထွက်လာပြီး သူ့ဆီသို့ ခုန်ဆင်းလာကာ စင်မြင့်ဘေးတစ်ခုဘက်ကို ဆွဲခေါ်သွား၍ မျက်လုံးများကို လက်များဖြင့်အုပ်လာခဲ့သည်။ နျဲ့ရှီသည် ဖန်ချန်း တုန်တုန်ယင်ယင်ဖြစ်နေသည်ကိုပင် ခံစားခဲ့ရသည်... မည်သည့်အရာကိုမဆို ဂရုမစိုက် စိတ်မပျက်ဘဲ ကျင့်သားရနေတတ်သော လူငယ်လေးက ရုတ်တရက် ဘာလို့ကြောက်ရွံ့မှုကို ခံစားသွားတာလဲလို့ပင် တွေးခဲ့မိလိုက်သည်။အရပ်ရှည်သော အနိုင်ကျင့်သူများကိုပင်ပြန်ချဝံ့သည့် ဖန်ချန်းကို ဘယ်အရာကဒီလောက်ကြောက်လန့်အောင်လုပ်ခဲ့သည်ကို သူသိချင်မိသွားသည်။



သူတွေးတောနေသည့်အချိန်မှာပင် နျဲ့ရှီ၏ မျက်လုံးများကိုဖုံးအုပ်ထားသည် ဖန်ချန်း၏ လက်ဖဝါးသည် ချွေးစေးများဖြင့်စိုစွတ်လာသဖြင့် စပ်စုချင်စိတ်ဖြစ်သွားကာ တုန်လှုပ်သွားခဲ့သည်။ 



သူ့လက်ဖဝါးကို ဖယ်လိုက်သောအခါ ဖန်ချန်း အမှန်တကယ် ကြောက်လန့်ခဲ့သည်မှာ သူ့အကြည့်ဖြစ်ကြောင်းသိလိုက်ရသည်။ ဖန်ချန်းက မဆင်မခြင်ခုန်လိုက်မိကာ ချော်လဲသွားပြီး တံတောင်ဆစ်ကပြဲသွားခဲ့သည်။



သူက လဲကျသွားသည့်ကြမ်းပြင်ပေါ်တွင် မှင်တက်ကာထိုင်နေခဲ့ပြီး ရုတ်တရက် မျက်ရည်များ စီးကျလာခဲ့တော့သည်။



နောက်ဆုံးတော့ အချိန်တွေကုန်လွန်သွားခဲ့ပြီး အမှတ်ရစရာတွေ ပျောက်ကွယ်သွားပေမယ့် လူတိုင်းသည် ဖန်ချန်းတစ်ယောက် မြေကြီးပေါ်မှာ ငိုကြွေးနေခဲ့မှုကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေခဲ့ကြသေးသည်။ ရိုင်းစိုင်းပြီး ကြည့်ကောင်းသည့် ကျောင်းသားဆိုးလေး မျက်ရည်များဖြင့် မြင်လိုက်ရသည်က လူအမျာ၏ နှလုံးသားကို တကယ်ပဲဆွဲငင်စေနိုင်ခဲ့သည်။



နျဲ့ရှီကို လှောင်ပြောင်ခဲ့သည့်အတန်းဖော်က မြေကြီးပေါ်ကနေထပြီးချိန်မှာတောင် သူက အဆက်မပြတ် ငြီးတွား ကျိန်ဆဲနေဆဲဖြစ်ခဲ့သည်။



ထိုအချိန်တွင် နျဲ့ရှီ၏စိတ်ထဲတွင်တစ်ခုသာရှိသည်။ သူက ဖန်ချန်းသည် ဘာကြောင့် အဘယ်ကြောင့် ငိုရတာလဲဟု တွေးရင်းအလုပ်ရှုပ်နေတာကြောင့် ထိုအတန်းဖော်ပြောနေသည်ကိုပင် အဖတ်မလုပ်နိုင်ခဲ့ချေ။



ဖန်ချန်းကိုယ်တိုင်သည်လည်း သူဘာကြောင့် ငိုခဲ့တာလဲဆိုတာ နားမလည်နိုင်ခဲ့ပေ..နျဲ့ရှီ၏အကြည့်ကိုမြင်လိုက်ရသောအချိန်ခဏလေးအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုသာခံစားခဲ့ရပြီး ဝမ်းနည်းကြေကွဲမှုတစ်ခုနှင့်အတူ နျဲ့ရှီကို ဘယ်သူက ဒီလောက်အစွန်းရောက်အောင် တွန်းပို့ရဲတာလဲဆိုပြီးဒေါသဖြစ်ခဲ့မိသည်။



နျဲ့ရှီသည် ထိပ်တန်းကျောင်းသားရာထူးကို ထိန်းသိမ်းရန်အတွက် ညဉ့်နက်သည်အထိ စာကြိုးစားကျက်ခဲ့ပြီး စာကြည့်တိုက်မီးများပိတ်ပြီးနောက် အိမ်သို့ပြန်လာရသောအခါတွင်လည်း ဆွေမျိုးများကို ကျေနပ်စေရန် အတင်းအားတင်းပြုံးပြခဲ့ရသည်။ နျဲ့ရှီက မည်မျှပင်ပင်ပန်းပန်း လုပ်ခဲ့ရသည်ကို သူသိသည်။ ဖန်ချန်းက ဒါကို အားလုံးကိုသိသည်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ချည်နှောင်ထားသလိုပင်... သူတို့ ဆက်ဆံရေး ယိုယွင်းလာသည့်အခါမှာတောင်မှ တစ်ဖက်လူ၏ မတူညီသော ရှုထောင့်များကို ရှုမှတ်နေသလိုမျိုး တစ်ယောက်ကိုတစ်ယောက် အမှတ်တမဲ့ကြည့်ရှုခဲ့မိကြသည်။



ဖန်ချန်းက ဝအောင်ငိုပြီးကျိန်ဆဲနေဆဲဖြစ်သည့် နျဲ့ရှီအတန်း‌ေဖာ်ယောက်ျားလေးအား ပြင်းထန်စွာ တံတွေးနှင့် ထွေးလိုက်ပြီးပြောခဲ့လိုက်သည်..



“မင်း သောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း” 



သူကမျက်ရည်များဝဲနေသေးကာ သူ့စကားများက တစ်စုံတစ်ရာခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့ပေ...



မျှော်လင့်ထားသည့်အတိုင်း ထိုကျောင်းသားက သူ့ကို လျစ်လျူရှုခဲ့ပြီး ဆက်လက်ဆဲဆိုနေခဲ့သည်။



ရုတ်တရက်နျဲ့ရှီက အေးစက်သောအကြည့်ဖြင့် လှည့်၍ရိုးရိုးရှင်းရှင်းပြောခဲ့လိုက်သည်... “ပါးစပ်ပိတ်ထား” 



ထိုအချိန်မှ စကာ သူတို့ နှစ်ယောက် တစ်ထပ်တည်း ဖြစ်လာပုံရခဲ့သည်။

နျဲ့ရှီသည် ဖန်ချန်း ရှိသည့်နေရာတိုင်းကပ် အနီးကပ်အာရုံစိုက်ခဲ့ပြီး ဝင်ရောက်ကူညီရန် အမြဲအသင့်ရှိနေခဲ့သည်။ ဖန်ချန်းသည် သူ့အမြင်အာရုံမှ ပျောက်ကွယ်သွားပါက ဒုက္ခဖြစ်နိုင်ဖွယ်ရှိပြီး သူ့ကံကြမ္မာအတိုင်း နောက်တစ်ကြိမ် သူ့ကိုကယ်တင်ရမည်ဟု သူသိသည်။



နောက်ဆုံးတွင် ထိုကျောင်းသားသည် နျဲ့ရှီနှင့် ဖန်ချန်းတို့ထံမှ နောက်ဆက်တွဲအကျိုးဆက်များကို ရရှိခဲ့သည်။ ထိုအချိန်တွင် နျဲ့ရှီသည် ဖန်ချန်း၏ ခေါင်းမာမှုကို သဘောပေါက်သွားခဲ့သည်။ တစ်ခုခုကို တွေးပြီးတာနဲ့သူက နောက်မဆုတ်တော့ပေ... 



ဖန်ချန်းက ထိုကျောင်းသားကိုဆွဲပြီး နျဲ့ရှီကိုသေချာတောင်းပန်ခိုင်းခဲ့သည်..."နျဲ့ရှီကို တောင်းပန်စမ်း"



ထိုအတန်းဖော်ကျောင်းသားက တောင်းပန်ဖို့ ငြင်းပါက ဖန်ချန်းသည် စိတ်မပျက်မချင်းနောက်ကနေတစာစာလိုက်နှောင့်ယှက်တော့သည်။ 



အထက်တန်း တတိယနှစ်၏ နောက်ဆုံးစုရုံးနေ့တွင် ဖန်ချန်းသည် လမ်းဘေးတွင် ထိုင်ကာ အရက်တစ်စက်မှ မသောက်ခဲ့သော်လည်း အမူးသမားကဲ့သို့ မြည်တမ်းလာခဲ့သည်။



"သင်္ချာက အရမ်းခက်တာပဲ..ရူပဗေဒကလည်း ငါ့ကို သတ်နေတာ! ငါဘာလို့ တစ်လုံးမှနားမလည်ရတာလဲ"



ရိုးရိုးသားသားပြောရရင် ဖန်ချန်း၏နှေးကွေးသည့်မှတ်နိုင်စွမ်းနှင့် ဒီအဆင့်ထက်မကျော်လွန်နိုင်ပေ။ မိဘမဲ့ဂေဟာဒါရိုက်တာက သူသာဆန္ဒရှိလျှင် သူမသည် အထက်တန်းကျောင်းအတွက် ထောက်ပံ့ပေးနိုင်သည်ဟုပင် ပြောခဲ့သည်။



ထိုညတွင် ဖန်ချန်းသည် ကြုံ့ကြုံ့လေးထိုင်ပြီး သူ့ဒူးကိုဖက်ထားကာ နျဲ့ရှီအား တိုးတိုးလေးပြောလာခဲ့သည်...



"တကယ်တော့ ငါလည်း စာဆက်သင်ချင်နေတာ"



နျဲ့ရှီက သူ့ခေါင်းကို လှည့်လိုက်သည်။



ဖန်ချန်းက နျဲ့ရှီကိုပြုံးလိုက်သည်။ သူ့အပြုံးက နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်နေပေမယ့် တခြားသူတွေကို နူးညံ့တဲ့ ခံစားချက်ဖြစ်လာ‌ေစရန်လှုံ့ဆော်ပေးနိုင်သည်။



"ဒါပေမယ့် ငါ ဘာပဲလုပ်လုပ် ပိုကောင်းအောင်မှမလုပ်နိုင်ဘဲကိုး" 



သူ့ကိုယ်သူ အလယ်တန်း တတိယနှစ်တွင်ရည်မှန်းချက်တစ်ခုချမှတ်ကာ လုံ့လစိုက်ထုတ်မည်ဟု ကတိပြုခဲ့သည်။ မအောင်မြင်ခဲ့ပါက ဒါရိုက်တာ၏ ပိုက်ဆံများကို မဖြုန်းတီးမိအောင် လက်လျှော့လိုက်မည်သာ...



သို့တိုင် ကြိုးစားအားထုတ်မှုတိုင်းသည် အမြဲတမ်းအောင်မြင်မှုကို အာမမခံနိုင်ခဲ့ပေ။ ဖန်ချန်းသည်လည်း ဒါကို သိသည်။



သူ့သည်မသင်မနေရ ကိုးနှစ်ကြာ ပညာသင်ကြားခဲ့ပြီး ယခုအချိန်မှစ၍ သူ့ဘဝတစ်သက်တာလုံး သူ့ကိုယ်သူ အားကိုးရမည်ဟု သူသိသည်။



နျဲ့ရှီက ဖန်ချန်း၏နဖူးပေါ် သူ့လက်ကို အပ်ထားပြီး နီရဲနေသော မျက်လုံးများကို ဖုံးအုပ်ကာပြောလိုက်သည်။



 "အင်း.. ငါသိတယ်"



အလယ်တန်းကျောင်းပြီးသောအခါ ဖန်ချန်းသည် အလုပ်စလုပ်ခဲ့သည်။ သူ့အလုပ်နေရာသည် နျဲ့ရှီ၏ အထက်တန်းကျောင်းနှင့် နီးကပ်နေခဲ့ပြီး သူတို့နှစ်ဦးသည် ရံဖန်ရံခါ တစ်ခုခုသောက်ရန် တွေ့ဆုံခဲ့ကြသည်။



Bubble tea ဆိုင်တွင်ထိုင်ရင်း ဖန်ချန်းသည် စားပွဲပေါ် ခေါင်းတင်ထားပြီး ပျော့အိနေသောခေါင်းကို လှုပ်ယမ်းကာတိုးတိုးလေးညီူးညူလာသည်...



"လေအေးပေးစက်ရှိတာလောက် ဘာမှမကောင်းဘူး"



ဖန်ချန်းတွင် ပယင်းရောင်အဆင်းရှိသော လှပသောမျက်လုံးတစ်စုံရှိပြီး နေရောင်ထဲ၌ တလက်လက်တောက်ပနေကာ အရိပ်တစ်ခုထင်ဟပ်နေခဲ့သည်။



ရံဖန်ရံခါတွင် နျဲ့ရှီသည် ဖန်ချန်းနှင့်သူမတွေ့ခဲ့ပါက ဖန်းချန်၏ဘဝပိုမိုလွယ်ကူလာမည်လားဟုတွေးမိခဲ့သည်။ သို့သော် ဒုတိယတစ်ခါ တွေးပြီးနောက်တွင် အကယ်၍ သူတို့သာမဆုံတွေ့ခဲ့ပါက ဖန်ချန်း တစ်ယောက်တည်း ရိုက်နှက်ခံခြင်း.. စွပ်စွဲခြင်းတို့ကို ရင်ဆိုင်ရမည်ကို သိတာကြောင့် အမြန်ပယ်ချလိုက်သည်။ သူသည် ဖန်ချန်းကို အမြဲစောင့်ကြည့်ပြီး ဂရုစိုက်ပေးရမည်။



နျဲ့ရှီ၏မွေးစားမိဘများသည်ကိုယ်ပိုင် ကလေးမွေးပြီးနောက်တွင် သူ့အပေါ် ပိုအေးစက်လာခဲ့ကြသည်။အထက်တန်းကျောင်း၏ ပထမနှစ် 1 နှစ်တာလုံးတွင် နျဲ့ရှီသည် အိမ်တွင် မမြင်နိုင်သောလူတစ်ယောက်လို ဖြစ်နေခဲ့သည်။ သူတို့က နျဲ့ရှီအနီးတွင် နို့မှုန့်ကုန်ကျစရိတ်နှင့် ကလေး၏ အစားအသောက်နှင့် အဝတ်အစားများကြောင့် ကုန်ကျစရိတ်များ မြင့်တက်လာရကြောင်းကို အရိပ်အမြွက်အဖြစ်ပြောပြလာခဲ့ပြီး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရာတွင် ငွေကြေးအခက်အခဲရှိကြောင်းကို အရိပ်အမြွက်ပြခဲ့ကြသည်။



သူတို့က နျဲ့ရှီဧ။်ပညာရေးကို မထောက်ပံ့ချင်တော့ပေ...



ထိုအချိန်တွင် နျဲ့ရှီ ဘာတွေးနေခဲ့လဲ.. ဘာမှမတွေးခဲ့ပေ...သူက အတန်းမတက်တော့ဘဲ ဖန်ချန်း၏ အလုပ်ခွင်မှာ ထိုင်နေခဲ့ပြီး နေ့ခင်းတစ်ခင်းလုံး အဲဒီ့မှာပဲ နေခဲ့သည်။



ဖန်ချန်းက မေးလာခဲ့သည်



"မင်း ကျောင်းပိတ်ရက်လို့လား?"



နျဲ့ရှီက ခေါင်းယမ်းပြပြီး လေးနက်စွာ ပြန်ဖြေခဲ့သည်..



"ငါ ကျောင်းဆက်မတက်ချင်တော့ဘူး"



အဲဒီနေ့မှာပဲ သူတို့ ရန်ဖြစ်ခဲ့ကြပြီး ဖန်ချန်းက မျက်ရည်များကျလာကာ နျဲ့ရှီကိုထိုးခဲ့ခြင်းနှင့်သာအဆုံးသတ်ခဲ့ရသည်။



တကယ်တော့ နျဲ့ရှီသည် ဖန်ချန်းမျက်ရည်များကျလာချိန်တည်းစ မြေပြင်ပေါ်မှာ မလှုပ်မယှက် လဲလျောင်းလိုက်ပြီး ဖန်ချန်းအား သူ့ကိုစိတ်ကြိုက်ထိုးခွင့်ပေးခဲ့လိုက်တာဖြစ်သည်။



နျဲ့ရှီသည် အရာရာကို အပြုံးဖြင့် အမြဲရင်ဆိုင်ခဲ့သည့် အကောင်းမြင်တတ်သော လူငယ်လေး ဖန်ချန်းကို ကြောက်လန့်ရသည့်အချိန်များ ရှိခဲ့ဖူးသည်။ နျဲ့ရှီသည်လည်း အဲ့ထက်မပိုပေ။ နျဲ့ရှီသည် ဖန်ချန်း ဒေါသဖြစ်ချိန်တိုင်း မျက်လုံးထဲတွင် သူ့ကိုယ်သူရောင်ပြန်ဟပ်နေသလိုမျိုး အမြဲမြင်ခဲ့ရသည်။



ဖန်ချန်းငိုသည်နှင့် နျဲ့ရှီ၏ မျက်ရည်များလည်း စီးကျလာတော့သည်။ သူက တိုးတိုးလေး တွန့်လိုက်ပြီး လေသံလေးနှင့် “သူတို့က... ငါ့ပညာရေးကို မထောက်ပံ့ပေးချင်ကြတော့ဘူး..."



သူတို့သည် လွတ်လပ်မှုမရှိစွာ မွေးဖွားလာခဲ့ကြပြီး အမြဲတမ်းရွေးချယ်စရာ တစ်ခုကလွဲပြီးမရှိနိုင်ကြပေ... ဒါတောင် မလုံလောက်သေးပေ။



ဖန်ချန်းနှင့် သူသည် ကောင်းကင်ပြာကြီးအောက်ရှိ ညစ်ညမ်းသောလမ်းကြားတွင် ဘေးချင်းကပ်လျက်ထိုင်နေကြပြီး ကောင်းကင်ကိုကြည့်နေခဲ့သည်။ကောင်းကင်ကြီးသည် အပြာရောင်ရှိ၍ ဆန်းကြယ်နေပုံရသည်။ သို့တိုင် ဖြတ်ကျော်ပျံသန်းသည့် ငှက်များမရှိ လွတ်လပ်မှု မရှိ အခြားဘာမျှ မရှိပေ။ ဖန်ချန်းကလက်ကို ဆန့်ထုတ်လိုက်ပြီး ပြန်ပြုတ်ကျသွားသည် သတ္တိအပြည့်ဖြစ်နေသည့် အတွေးတစ်ခုနဲ့အတူ ခေါင်းညိတ်ရင်း ပြောခဲ့လိုက်သည်..



“သူတို့က မင်း ပညာရေးကို မထောက်ပံ့ဘူးဆိုရင် ငါထောက်ပံ့ပေးမယ်"



ဖန်ချန်းသည် ဒါကလွဲပြီး ဘာမှ မစဉ်းစားတတ်တော့ပေ..



သူ့စိတ်သည် အနာဂတ်ကို မစဉ်းစားဘဲ ပစ္စုပ္ပန်ကိုသာ အာရုံပြုကာ ဗလာကျောက်ပြားတစ်ခုလို ဖြစ်နေသည်။



ဖန်ချန်းက ခြေထောက်ကိုလွှားခနဲ ခုန်လိုက်လာကာ ကိုယ်ကိုရွှင်မြူးစွာ လှည့်လာရင်း နျဲ့ရှီကို လက်ညိုးထိုးပြကာ ပြုံးပြလိုက်၍ ပြောလိုက်လေသည်။



"အနာဂတ်မှာ မင်း ချမ်းသာလာတဲ့အခါကြ မင်းရဲ့ကြီးမြတ်တဲ့ ကျေးဇူးရှင်ကြီး ငါ့ကို ပြန်စောင့်ရှောက်ဖို့ မမေ့နဲ့"



နျဲ့ရှီက ခေါင်းကို ဖြည်းညင်းစွာခါကာ ထလိုက်သော်လည်း ဖန်ချန်းက မမြင်ချင်‌ေယာင်ဆောင်ခဲ့ပြီးပြောလိုက်သည်။



"ငါဂရုမစိုက်ဘူး ဘာပဲဖြစ်ဖြစ် မင်း ကျောင်းသွားကိုသွားရမယ်... ဘာလို့မလုပ်ချင်တာလဲ မင်းမှာဒီလောက်ကောင်းတဲ့အဆင့်တွေရှိနေတာကိုလေ!!" 



သူကဆက်ပြောခဲ့သည်။



"အနာဂတ်မှာ မင်းချမ်းသာလာတဲ့အခါကြရင်သာငါ့ကိုမမေ့နဲ့"



ဖန်ချန်းက နျဲ့ရှီကို ကယ်ခဲ့တာမဟုတ်ပေ... သူ့ကိုယ်သူ ကယ်တင်ခဲ့တာဖြစ်သည်..



သူတို့နှစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ် ကယ်တင်ခဲ့ကြတာပင်...



သို့သော်လည်း ဖန်ချန်းသည် အလုပ်သုံးခုကို လုပ်ကိုင်နေရသည်ကို သိသွားပြီးနောက် နျဲ့ရှီသည် ကျောင်းဆက်မတက်တော့ပေ။



ပူပြင်းသည့် နေ့လည်ခင်း နေရောင်အောက်တွင် ဖန်ချန်းသည် အလုပ်ခွင်ကနေ ထွက်လာခဲ့ပြီး နျဲ့ရှီကို အတန်းမတက်ဘူးလားဟု မေးခွန်းထုတ်ခဲ့သည်။



"မင်းဒီလိုလုပ်လို့မရဘူးလေ..မင်း..အတန်းကို ကောင်းကောင်းသွားတက်ချည်.. ငါတို့သဘောတူညီချက်ကို မှတ်မိတယ်မဟုတ်လား"



"ငါ..မသွားချင်..."



"အဲ့လိုလုပ်လို့မရဘူး အခုချက်ချင်း မင်းကိုမင်း ပြင်ဆင်ပြီးကျောင်းသွားတက်ချည်!"



နျဲ့ရှီသည် တိတ်ဆိတ်နေခဲ့ပြီး လေထုထဲတွင် တင်းမာမှုများ ပိုတိုးလာခဲ့သည်။



နောက်ဆုံးတွင် ဖန်ချန်းသည် ငိုလာခဲ့ပြီး နျဲ့ရှီသည်ဘာလုပ်ရမလဲမသိဖြစ်ခဲ့တော့သည်။ ဖန်ချန်းက မရင့်ကျက်သေးပေ.. တကယ်ဆို သူက ဘာလုပ်နိုင်အုံးမှာလဲ.. သူက အခုမှဆယ့်ခုနစ်နှစ်သာသာပဲ ရှိသေးခဲ့သည်....



သူ့စိတ်ထဲမှာ မေးခွန်းတွေ မကျေမနပ်တွေ ပြည့်နှက်နေပြီး အဆုံးမှာတော့ "ဒီလောက်ကောင်းတဲ့ အဆင့်တွေနဲ့ မင်းဘာလို့ စာဆက်မသင်ချင်ရတာလဲ! ဘာလို့လဲ၊ မင်းအရမ်းကြိုးစားခဲ့တာကို... ငါမင်းကိုစောင့်နေတယ်လေ...မင်း အောင်မြင်လာပြီး မင်းရဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ငါ့မျက်နှာမှာ ချီးမြှောက်ပေးဖို့ကို!!" လို့သာပြောနိုင်ခဲ့တော့သည်။



သူသည် နျဲ့ရှီကို ဘယ်လိုမှ အပြစ်မတင်နိုင်ခဲ့ပေ။ သူက ဒီတိုင်းနျဲ့ရှီဆီက အဖြေလိုချင်ခဲ့တာဖြစ်သည်။



နျဲ့ရှီက တောင်းပန်လာပြီး ခေါင်းငုံ့ကာ ဖန်ချန်းအား အချိန်မှန် အတန်းတက်ပြီး သေချာလေ့လာမည်ဟု ကတိပေးခဲ့သည်။ အဲ့တာကိုကြားသည်နှင့် ဖန်ချန်းသည် သူ့မျက်ရည်များကို သုတ်လိုက်ပြီး နျဲ့ရှီ၏ ခေါင်းကို ပုတ်ပေးကာ ပြုံးလိုက်တော့သည်။



ဖန်ချန်းသည် သူ့နှလုံးသားထဲမှာသိမ်းထားခဲ့ရသည့် "ဘာကြောင့်လဲ" မြောက်မြားစွာကို တစ်ခုမကျန် အော်ဟစ် ပေါက်ကွဲပြီးနောက်ဘာမှမကျန်ခဲ့တော့ပေ....တကယ်တော့ သူတို့နှစ်ယောက်လုံးသည် ဘဝတွင် “ဘာကြောင့်လဲ” ဆိုတာများက အများကြီးမဖြစ်နိုင်ကြောင်းနားလည်ပေသည်။ တရားမမျှတခြင်းသည် ဘဝအမှန်တရားတစ်ခုပင်ဖြစ်ပေသည်....