Chapter 31
Viewers 9k

>ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 31


"ခဏလေး လူနာ! မင်းပဲပြန်လည်သင့်မြတ်ကြပါစို့အောင်လို့ မပြောခဲ့ဘူးလား။အဲ့စာက မင်း ပြန်လည်သင့်မြတ်ချင်တယ်ပြောလို့ ငါရှင်းပြထားတဲ့ စာလေ ! မင်း ငါ့ကိုလှည့်စားခဲ့တာလား။ဒါက မင်းငါ့ကို သစ္စာဖောက်တဲ့ပုံလား"

လူနာက သူ့လက်ကို ဒေါသတကြီး တွန်းထုတ်လိုက်သည်။ ဖယ်ဆန်က သူမကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတာကြောင့်ဖြစ်နိုင်သည် သူမတွန်းဖယ်လိုက်ချိန်တွင်နာကျင်မှုကိုခံစားခဲ့ရသည်။

လူနာက ဖယ်ဆန်ကို တွန်းဖယ်လိုက်ချိန်တွင် ဘယ်ရွန်မြို့စား နှင့် ရိုယာ သည် သူ့ရှေ့သို့ လျင်မြန်စွာ လှမ်းလာခဲ့ကြသည်။

"သခင်လေး! ဒါဘာလုပ်တာလဲ"

"အစောင့်တွေ! အစောင့်တွေ!"

ရုတ်တရက် ပရမ်းပတာဖြစ်သွားပြီး အစောင့်များက ဖယ်ဆန်ကို ဝိုင်းထားလိုက်ကြသည်။ ပေါလ်ကန်သည် ဒေါသတကြီး ပြေးလာပြီး အစောင့်များကို အော်ဟစ်လိုက်သည်။

"မင်းတို့တွေ ဘယ်လိုတောင် မြို့စားငယ်ဖယ်ဆန်ကို ဒီလိုမျိုး ဆက်ဆံရဲကြတာလဲ! အခုချက်ချင်း သူ့ကိုမလွှတ်ပေးသေးဘူးလား!"

အခြေအနေကလုံးဝ ပရမ်းပတာ ဖြစ်နေခဲ့သည်။ ခဏအကြာတွင် ဖယ်ဆန်သည် နာကျင်နေသောသော လက်ကောက်ဝတ်ကို ကိုင်ထားသည့် လူနာထံမှ အမှန်တရားကိုတောင်းဆိုခဲ့သောကြောင့် လူနာသည် မယုံနိုင်စွာဖြင့် နှုတ်ဖွင့်ပြောလိုက်သည်။

"သစ္စာဖောက်တာလား။ ငါက နင်ပြောခဲ့တဲ့ အချက်အလက်တွေကို သက်သေအဖြစ် ရိုးရိုးရှင်းရှင်းပဲတင်ပြတာလေ။ ဘယ်ကိုလာပြီး သစ္စာဖောက်တယ်လို့လာပြောနေတာလဲ။ငါက စာကို အတင်းရေးခိုင်းခဲ့လို့လား။ ပြန်လည်သင့်မြတ်မယ်လို့ရော ဘယ်တုန်းက ပြောခဲ့လို့လဲ"

"ပြန်လည်သင့်မြတ်မယ်ဆိုတဲ့အကြောင်းပြောထားတဲ့ မင်းစာကို ငါ မှတ်မိသေးတယ်!"

ထို့နောက် ဖယ်ဆန်သည် လူနာ၏ ၎င်းအကြောင်းပထမဆုံးအကြိမ် ကြားဖူးသလိုမျိုး တုံ့ပြန်မှုကြောင့် ဒေါသပက် မထွက်နိုင်တော့ပေ။

"နင်ဘယ်အကြောင်းပြောနေတာလဲ။ ငါကဒီတိုင်း နားလည်မှုလွဲတာ ရှင်းသွားရင်တော့ ငါတို့ကြားကဆက်ဆံရေးနဲ့ပတ်သက်ပြီး အကောင်းဘက်ကပြန်တွေးနိုင်မယ်လို့ပဲပြောခဲ့တာလေ ပြန်လည်သင့်မြတ်မယ်လို့ ဘယ်တုန်းကပြောခဲ့လို့လဲ"

"…ဘာ"

"အေးပေါ့လေ အဲ့တာမှနင်ပီသမှာပေါ့ ဟုတ်တယ်မလား။နင်က နင့်နည်းလမ်းနဲ့ နင်ပြောပြီး နင့်ဘာသာနင် အနက်အဓိပ္ပာယ်တွေကောက်ဖွင့်တတ်တဲ့သူလေ။ ပြီးတော့ ငါ့စာထဲမှာ ပြောထားတဲ့ အတိုင်း အကောင်းဘက်က တွေးကြည့်သေးတယ် ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ ငါ သဘောပေါက်တယ်လေ။ အဲဒါကြောင့် စွဲချက်ကိုပြန်မရုတ်သိမ်းခဲ့တာ"

ကဲ..အခု ဘယ်လိုခံစားရလဲ။ ကိုယ့်ဖော်တဲ့ဆေး ကိုယ်မြည်းစမ်းကြည့်လိုက်ရတော့

လူနာ လှောင်ပြုံးပြုံးလိုက်သည်။

ကျေးဇူးတင်စရာကောင်းစွာပဲ ဖယ်ဆန်သည် နောက်ဆုံးတွင် နားလည်သွားပုံရပြီး သူ့မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်လာခဲ့သည်။

တရားစွဲဆိုချက်၊ ပေးစာနှင့် လူနာ၏ ပြတ်ပြတ်သားသား စကားလုံးများ ပေါင်းစပ်မှုကြောင့် သူ့ကမ္ဘာတစ်ခုလုံးပြိုလဲကျသွားတော့မလို ယိမ်းယိုင်သွားခဲ့သည်။

"ဘာ...ဘာလို့ ငါ့အပေါ် ဒီလိုလုပ်ရက်ရတာလဲ။ အန်းသန့်စ်မလား။ သူက ဒါတွေအားလုံးရဲ့နောက်မှာရှိနေတာမလား!"

နောက်ဆုံးတော့ သူနားလည်သွားပြီဟုထင်ခဲ့သော်လည်း ဖယ်ဆန်သည် မှားကြောင်းကို နောက်တစ်ကြိမ် သက်သေပြခဲ့သည်။ သူသည် သူ့ဘဝ၌ အပျက်သဘောဆောင်သော အရာများဖြစ်ပျက်ခဲ့သမျှအားလုံးကို အန်းသန့်စ်အပေါ် အပြစ်တင်လာခဲ့ပြန်သည်။

လူနာသည် ဖယ်ဆန်မှာဘယ်နှစ်ကြိမ်ရှင်းပြနေပါစေ နားမလည်နိုင်မှန်းသေချာသိလိုက်ပြီး သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို အဆုံးသတ်ဖို့ အခိုင်အမာ ဆုံးဖြတ်လိုက်သည်။ နောင်တတစိုးတစိမှ မရှိဘဲ သူမသည် သူ့ကို နောက်ဆုံး ထိုးနှက်ချက် တစ်ခုပေးခဲ့လိုက်သည် ။

"ငါ နင့်ကိုအကြိမ်ကြိမ် ပြောဖူးပါတယ်အန်းသန့်စ်ပဲဖြစ်ဖြစ် တခြားသူတွေပဲ ဖြစ်ဖြစ်၊ သေချာတာတစ်ခုကတော့ ငါ နင့်ကို လုံးဝမကြိုက်ဘူးဆိုတာပဲ။ ဒီကမ္ဘာပေါ်မှာ ငါတို့နှစ်ယောက်ပဲကျန်ခဲ့ရင်တောင်မှ နင်နဲ့သူငယ်ချင်းဖြစ်ရမှာထက်စာရင် ငါသေပဲသေလိုက်မယ်"

"…"

"ဒါပေမယ့် ငါထပ်တွေးကြည့်တော့ ငါ့အသက်ကို ငါအရမ်းတန်ဖိုးထားတယ်၊ အဲ့တော့ နင့်ကိုပဲ သတ်ပစ်လိုက်မယ်လို့တွေးမိတယ်။ နင်ကြောင့်နဲ့ ငါကဘာလို့ ကိုယ့်ကိုကိုယ်သတ်သေရမှာလဲ။အဲ့တာကြောင့် နောက်တစ်ခါအမှုစစ်တဲ့ရုံးချိန်းကို ဝိဉာဉ်ဘဝနဲ့ မတက်ချင်ဘူးဆိုရင် ကျေးဇူးပြုပြီး ငါ့ရှေ့ကနေပျောက်ကွယ်သွားပေး"

သူမ၏ နောက်ဆုံးစကားများကိုပြောပြီးနောက် လူနာသည် ရိုယာ နှင့် ဘယ်ရွန်မြို့စား၏လက်များကိုဆွဲကိုင်ကာတရားခွင်မှ အေးစက်စွာ ထွက်ခွာသွားခဲ့သည်။

သူမက သူ့ကိုတရားစွဲတာနှင့် ခြိမ်းခြောက်ခဲ့သော်လည်း ဖယ်ဆန်အတွက် အမှန်တကယ် ထိတ်လန့်စေသည့်အချက်မှာ လူနာထံမှ သူ့ကို သတ်လိုသည့်အကြောင်း ပြောဆိုခြင်းဖြစ်သည်။ဖယ်ဆန်သည် မျက်တောင်တောင်မခတ်နိုင်တော့ဘဲ နေရာမှာတင် အေးခဲနေခဲ့သည်။

" လေဒီပဲလ်က သခင်ငယ်လေးရိုဒရီယန် ကို သဘောကျတယ်လို့ ထင်ခဲ့တာ။ သူမက လေဒီဂရန်းဒါနဲ့ သခင်လေးဖယ်ဆန်ရဲ့ဆက်ဆံရေးကို အနှောင့်အယှက်ပေးဖို့တောင် ကြိုးစားခဲ့တယ်လို့တောင် ကြားခဲ့တာ"

"ဒီမှာ တကယ်ပဲဘာတွေဖြစ်သွားကြတာလဲ"

"ငါ့အထင် သူမက တစ်ခုခုရယူဖို့ကြိုးစားလိုက်ပေမယ့် အဆင်မပြေလို့ လက်တုံ့ပြန်ဖို့လုပ်ခဲ့တာဖြစ်မယ်"

"အို..နင်ပြောတာက နည်းနည်း အစွန်းရောက်လွန်းတယ်… ဒီတစ်ခါက သခင်လေး ရိုဒရီယန်ရဲ့ အပြစ်ဆိုတာ ရှင်းနေတာကို"

တရားခွင်မှ မထွက်သွားသေးသော ကြားနာသူပရိသတ်များ အချင်းချင်း တီးတိုးပြောဆိုလာခဲ့ကြသည်။ အခြေအနေမှာ လွန်စွာ ရှက်ဖွယ်ကောင်းလွန်းလှသည်။ ကြာကြာဆက်နေပါက သူတို့သည် သူများတကာထံမှ လက်ညှိုးထိုးခံရတော့မည်ဖြစ်သည်။

ပေါလ်ကန်သည် ထိတ်လန့်နေသေးသော ဖယ်ဆန်ကို တရားရုံးမှ အမြန် ခေါ်ထုတ်သွားခဲ့သည်။

* * *

လူနာက သူ့ကို သစ္စာဖောက်ခဲ့တယ်။ အန်းသန့်စ်ဆီကနေ ဆွဲဆောင်ခံထားရတဲ့ လူနာက သူ့ကိုကျော်ပြီး အန်းသန့်စ်ကို ရွေးချယ်ခဲ့တယ်!

လူနာ၏ စာကိုလက်ခံရရှိပြီးနောက်တွင် သူတို့၏ ဆက်ဆံရေးပြန်လည်ကောင်းမွန်လာဖို့ သူမျှော်လင့်ခဲ့သည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒါတွေအားလုံးမှာ လိမ်လည်လှည့်ဖြားမှုများသာ ဖြစ်ခဲ့သည်။ မြို့စားကြီးစံအိမ်သို့ပြန်နေသော ရထားအတွင်းတွင် ဖယ်ဆန်သည် သူ့မျက်နှာကို သူ့လက်ထဲတွင် မြှုပ်ထားခဲ့သည်။

' လူနာ ငါ့ကို ဘယ်လိုတောင် လုပ်ရက်ရတာလဲ '

လူနာ၏ ရိုးစင်းသော ကိုယ်ရည်ကိုယ်သွေးကြောင့် သူမ၏ အဆက်မပြတ် ငြင်းဆိုမှုများသည် ရယ်စရာနောက်ပြောင်ခြင်းသက်သက်သာ ဖြစ်သည်ဟု သူထင်ခဲ့မိသည်။

အထူးသဖြင့် ဆိုင်ယာနှင့်စတင်ချိန်းတွေ့ပြီးနောက် သူမဘက်မှအဆက်အသွယ်ဖြတ်ချင်နေသည့်တိုင်အောင် သူမသည် သူ၏အာရုံစိုက်မှုကိုလိုချင်လို့သာ ဒါတွေလုပ်နေခဲ့သည်ဟု သူယုံကြည်ခဲ့သည်။

'မဟုတ်ဘူး ဒီဟာကကိစ္စတစ်ခုခုရှိရမယ်။ သူလုံးဝသေချာတယ်။ သူ့အာရုံတွေက သူ့ကို ပြောပြခဲ့တယ်။ သူ ထင်တာကမသေအချာပဲ'

ဒါပေမယ့် အခုကြားခဲ့ရသမျှက မယုံနိုင်စရာတွေချည်းပင်။ လူနာက သူ့အပေါ် မထီမဲ့မြင်ပြုခဲ့တာကို သဘောပေါက်ခဲ့ရခြင်းသည် သူ့ကိုအစာမကြေနိုင်ဖြစ်စေသည်။

သူ သူတို့ကို ဒေါသထွက်ပေသည်။သူ့ကို တစ်ချိန်လုံး လှည့်စားပြီးရင်း လှည့်စားခဲ့သည့် လူနာနှင့် သူ့အပိုင်ကို ဂုဏ်ယူစွာခိုးယူခဲ့သည့် အန်းသန့်စ်....

ဆင်ခြင်သုံးသပ်ပြီးသောအခါတွင် အန်းသန့်စ်ကစာ အမြဲတမ်း ပြဿနာဖြစ်ခဲ့တာဖြစ်သည်။ သူသည် ဖယ်ဆန်၌ရှိသောအရာအားလုံးကို ခိုးယူရန်အမြဲတစေကြိုးစားခဲ့သည်။

ထို့ကြောင့် ဖယ်ဆန်သည် အရာအားလုံးကို ဂရုတစိုက်စောင့်ကြပ်နေခဲ့သော်လည်း ယခု အန်းသန့်စ်သည် လူနာကို ခိုးယူသွားခဲ့ပြီဖြစ်သည်။ ဒါပေါ့ ဒါက အန်းသန့်စ်နှင့် လိုက်ဖို့ ရွေးချယ်ခဲ့သည့် လူနာကိုခွင့်လွှတ်မည်ဟု မဆိုလိုပေ။

"… ဒီတိုင်းတော့ လျှောချခွင့်မပြုနိုင်ဘူး"

ဖယ်ဆန်သည် မျက်ရည်ကျနေဆဲဖြစ်သော သူ၏မျက်နှာကို လက်ဖမိုးဖြင့် သုတ်လိုက်ရင်း ဒေါသများ တစ်ကိုယ်လုံး ဖုံးလွှမ်းသွားခဲ့သည်။

သူ့အား လိမ်လည်စာတစ်စောင် ပေးပို့ဝံ့ပြီး ချောက်ထဲကျစေခဲ့သော လူနှစ်ယောက်ကို ဒီတိုင်းမလွှတ်ထားနိုင်ပေ။

အိမ်ပြန်ရောက်သည်နှင့် ဖယ်ဆန်သည် လူနာ၏စာကိုရှာဖို့အတွက် သူ့အခန်းထဲသို့ ချက်ချင်းပြေးသွားခဲ့သည်။ ၎င်းသည် သူမထံမှ ပထမဆုံးရရှိခဲ့သောစာဖြစ်သောကြောင့် မည်သူမျှမတွေ့နိုင်သောနေရာတွင် လုံခြုံအောင်ဂရုတစိုက်သိမ်းဆည်းထားခဲ့သည်။

သူ့ဒေါသကို မထိန်းနိုင်တော့ဘဲ စာကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲကာ လေထဲ လွှင့်ပစ်လိုက်သည်။

ခဏအကြာတွင် ဖယ်ဆန်ပြန်ရောက်လာသည်ကိုကြားသော မြို့စားကြီးသည် အိမ်တော်ထိန်းနှင့်အတူ သူ့ကိုလာရှာခဲ့သည်။

"သ..သခင်လေး…!"

အခန်းအပြင်ဘက်ရှိ အစေခံလေးသည်ဘာလုပ်ရမှန်းမသိစွာဖြင့် ကမန်းကတန်း ဦးညွှတ်လိုက်သည်။

ဖယ်ဆန်သည် ဒေါသအမျက်ထွက်နေပြီးရူးသွပ်လုနီးနေပြီဖြစ်သည်မှာ ထင်ရှားသည်။ အစေခံလေးသည် မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။

သို့သော် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဆန်စွာ မြို့စားကြီးသည် ဒေါသတကြီးထွက်နေသော ဖယ်ဆန်ကို ငေးကြည့်ရုံသာလုပ်လာခဲ့သည်။

သူက ဒေါသလည်းမထွက်နေသလို ပြင်းထန်စွာရှုံ့ချခြင်းလည်းမလုပ်လာပေ။ မြို့စားကြီး၏ မျက်လုံးများသည် ရေသေကဲ့သို့ငြိမ်သက်နေခဲ့၏။သူသည် ပေါလ်ကန်ပေါ်လာသည့်တိုင်အောင် လူနာ နှင့် အန်းသန့်စ်အား နာကြည်းစွာဖြင့်ပေါက်ကွဲနေသော ဖယ်ဆန်ကို ကြည့်ရုံသာကြည့်နေခဲ့သည်။

"မင်း အမှုစစ်ဆေးခြင်းရှုံးသွားတာလား"

"သခင်..သခင်လေးဖယ်ဆန်က လေဒီပဲလ်ဆီက လှည့်စားခံခဲ့ရပြီး ဝန်ခံစာတစ်စောင်ရေးခဲ့ပါတယ်။ သူ ကျွန်တော့်ကို အဲ့အကြောင်းပြောတောင် မပြောပြခဲ့ဘူး… သူကတရားရုံးထဲမှာတောင် ပွင့်ပွင့်လင်းလင်း ပေးခဲ့လိုက်သေးတယ်။ သူ့ကို ဘယ်လိုမှ မတားနိုင်ခဲ့ဘူး…!"

ပေါလ်ကန်သည် မြို့စားကြီးထံမှဒေါသတကြီးစကားလုံးများထွက်လာမည်ကို မျှော်မှန်းထားရင်း တင်းမာစွာ ပြန်ဖြေလိုက်သည်။ အိမ်တော်ထိန်းသည်လည်း စိုးရွံ့သွားခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ မြို့စားကြီးသည် ဒေါသမထွက်လာခဲ့ပေ။ ပေါလ်ကန်ကို တစ်ချက်မျှတောင် မကြည့်ဘဲ သူပြောလိုက်သည်။

"အစီရင်ခံစာတင်။ အတတ်နိုင်ဆုံးအစအဆုံးအသေးစိတ်ရေးတင်ပေး။ အချက်သေးသေးလေးတစ်ချက်ကိုတောင်မှ ချန်မထားနဲ့"

"…?"

"အခုချက်ချင်းလိုချင်တယ်"

ပေါလ်ကန်သည် မမျှော်လင့်ထားသော အမိန့်ကြောင့် ကြောင်အသွားပြီးနောင် အလျှင်အမြန် ဦးညွှတ်လိုက်ကာ အခန်းထဲမှ ထွက်သွားခဲ့သည် ။ သူမရှိတော့သည်နှင့် မြို့စားကြီးက အိမ်တော်ထိန်းကိုထပ်ပြောလာခဲ့သည်။

"ငါ သူမကို ငါတို့အမှုရှုံးတာနဲ့သတ်ပစ်မယ်လို့ပြောခဲ့တယ်မလား။ ကြည့်ရတာ အခု အဲ့ကလေးမက ဖယ်ဆန်ရဲ့အာရုံထဲက လွတ်သွားတဲ့ပုံပဲ။အခုက သူမကိုသတ်ဖို့ အချိန်ကောင်းပဲလို့ ငါခံစားရတယ်"

သူက အထောက်အထားတွေကိုတောင် သွားပေးလိုက်သေးသည်။ အမှုစစ်ဆေးခြင်းကို ရှုံးခဲ့ရခြင်းသည် ရယ်စရာကောင်းသော်လည်း စိတ်အနှောက်အယှက်ဖြစ်ဖွယ် မိန်းကလေးနှင့် လမ်းခွဲလိုက်နိုင်ခြင်းအတွက် လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။

သူ၏ဒေါသသည် ရှင်းလင်းနေပြီး သင့်လျော်သောဆက်ခံသူအဖြစ် ပုံသွင်းရန် ပိုမိုလွယ်ကူစေသည်။ ဆုံးရှုံးသွားသော ဂုဏ်အသရေသည် ပြန်လည်ရယူနိုင်ပြီး ပိုကြီးမြတ်သောအရာကို ရရှိစေခဲ့သည်။

"သူအဲဒီကလေးမကို နောက်တစ်ခါ ထပ်မကြိုက်စေနဲ့။ သူရဲ့ နည်းလမ်းအဟောင်းတွေဆီး ပြန်မသွားနိုင်အောင် သေချာအောင်လုပ်ဖို့ ဆိုင်ယာဂရန်းဒါပဲဖြစ်ဖြစ် အခြားသူပဲဖြစ်ဖြစ် သုံးဖို့လိုရင်သုံးလိုက်။ သူ့ကို မြို့စားကြီးရာထူးဆက်ခံထိုက်သူဖြစ်အောင် ပုံသွင်းရမယ်"

"ဟုတ်ကဲ့,ကျွန်တော် နားလည်ပါပြီ"

ဟုတ်ပါသည်။ ဒါက သူဒီတိုင်း ခွင့်လွှတ်လိုက်မည်လို့တော့ မဆိုလိုပေ။

"အရှုပ်အရှင်းဖြစ်အောင်လုပ်ခဲ့တဲ့သူကို လက်စဖျောက်လိုက်။ တိတ်တိတ်လေး။ သူတို့ ထိုက်တန်တဲ့အဖိုးအခ ပြန်ပေးရမယ်"

ဖယ်ဆန်ကို မေးခွန်းထုတ်စရာမရှိသောကြောင့် မြို့စားကြီး၏ဒေါသကို ခံနိုင်ရန် မြွေပွေးတစ်ကောင် လိုအပ်သည်။

"…ဟုတ်ကဲ့ပါ"

"ပြီးတော့ ကောလဟာလတွေကို ဖျက်ဖို့ မမေ့နဲ့။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ဘယ်တော့မှ ထပ်မကြားရဖို့ သေချာပါစေ။ အရာအားလုံး ငြိမ်သက်သွားတဲ့အခါကျ အဲဒီအရှုပ်ထုပ်မိသားစုကိုချက်ချင်း ဖယ်ရှားလိုက်"

"ဟုတ်ကဲ့ပါ"

ဒီစကားများက မြို့စားကြီး၏နောက်ဆုံးစကားများဖြစ်သည်။ ထို့နောက် မြို့စားကြီးသည် အိမ်တော်ထိန်းအား လက်ယမ်းပြလိုက်၍ အလုပ်များကို ကိုင်တွယ်ရန် အချက်ပြလိုက်သည်။

အိမ်တော်ထိန်းသည် အလုပ်များကို အလျှင်အမြန် စီမံခဲ့သည်။ တောင်တစ်လုံးလောက်ရှိသည့်တာဝန်များကိုထမ်းထားရင်း အရေးအကြီးဆုံးများကို ဦးစားပေးလုပ်ခဲ့လိုက်သည်။

ပထမဦးစွာ အမှုစစ်ဆေးခြင်းကိုကြည့်ရှုခဲ့သူများအား ရှာပြီး နှုတ်ပိတ်ရမည်။

အာချောင်တတ်သည့်သူများက ကောလဟာလများ ဖြန့်နေပြီးလောက်သော်လည်း အရမ်းတော့မများနိုင်သေးပေ။

အင်ပါယာတစ်ခွင်ကို ပျံ့နှံ့သွားလျှင်တော့ ကွဲပြားသွားနိုင်ပေမယ့် လူတစ်ဦး သို့မဟုတ် နှစ်ဦးသာ သိရှိသေးပါက ပျက်စီးဆုံးရှုံးမှု ကိုင်တွယ်ရန် ဖြစ်နိုင်သေးသည်။ ထို့အပြင် ဒီအမှုတွင် မြို့စားကြီးမိသားစုပါဝင်ပတ်သက်နေသောကြောင့် မည်သူမျှပွင့်ပွင့်လင်းလင်းပြောဆိုကြမည်မဟုတ်ပေ။

ဒုတိယအနေဖြင့် ဖယ်ဆန်၏အနားတွင်နေပေးပြီး သူ့အားတင်းမာသောစိတ်များပြန်လည်ရရှိစေရန် ကူညီပေးနိုင်မည့်သူလိုအပ်သည်။

ထိုကိစ္စအတွက်မူ အနစ်နာခံမှုနှင့် အားထုတ်မှုအချို့ လိုအပ်ပေသည်။ ထို့ကြောင့်ပင် သူ၏ချစ်သူ ဆိုင်ယာဂရန်းဒါမှာ အသင့်တော်ဆုံးဖြစ်သည်။

'ဒါကိုစဉ်းစားကြည့်မှ အခုတလောအလုပ်ရှုပ်နေလို့ ဂရုမစိုက်မိပေမယ့် လေဒီဆိုင်ယာက အခုနောက်ပိုင်း လာမလည်သလိုပဲ။ သူတို့ ရန်ဖြစ်ထားတာများလား'

ဖယ်ဆန်သည် အချိန်အတော်ကြာအောင် ချုပ်ခံထားရသော်လည်း ဆိုင်ယာဘက်မှ သူ့ကုလုံးဝမဆက်သွယ်လာခဲ့ပေ။ယခင်က သူမသည် သူ့ဘေးနားတွင် အမြဲရှိနေတတ်ပြီး သူ့ကို အမြဲလိုက်ရှာတတ်သည်။

'ကြည့်ရတာ သခင်လေးဖယ်ဆန်က အခြားအမျိုးသမီးအပေါ် အာရုံရောက်နေလို့ လေဒီဆိုင်ယာက စိတ်ထိခိုက်သွားရတာဖြစ်မယ်'

ပထမဆုံးအနေနှင့် သူမကို ဆက်သွယ်ရန် လိုအပ်ပေသည်။ ဖယ်ဆန်၏ နှလုံးသားကို ငြိမ်သက်အောင် သူမလောက်ဘယ်သူကမှ မလုပ်နိုင်ပေ။

လုပ်ရမည်များကို တိုင်းတာလိုက်ပြီး အိမ်တော်ထိန်း ခြေလှမ်းများက ပိုမြန်ဆန်လာခဲ့သည်။ သူသည် မြို့စားကြီးမိသားစု၏ဂုဏ်သိက္ခာကိုနောက်တဖန်မထိခိုက်စေရန်သေချာအောင်လုပ်ရမည်။

သူ့ရုံးခန်းကိုပြန်ရောက်သည်နှင့် အိမ်တော်ထိန်းသည် စာရွက်နဲ့ ဘောပင်ကို ရှာလိုက်သည်။ လက်ခံသူနေရာတွက် ဆိုင်ယာဂရန်းဒါဟုရေးထိုးလိုက်တော့သည်။

TK Team