> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 33
'သူမကတော့ ထူးဆန်းတဲ့ ကောလာဟလမှန်သမျှကို ယုံနေတော့တာပဲ'
ဤသည်မှာ ရို့စ်မယ်ရီထံမှ ကောလာဟလ အရင်းအမြစ်ကို စစ်ဆေးရန် ပထမဆုံးညွှန်ကြားခံရသည့် မားကွစ်အိမ်တော်ထိန်း ဝီလီယမ်၏ ခံစားချက်ဖြစ်သည်။
သခင်လေးအန်းသန့်စ်က တစ်ယောက်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့ ကောလဟာလတွေက ဘယ်လိုမှမဖြစ်နိုင်ဘူး။းအဲဒါက ဘာမှအဓိပ္ပာယ်မရှိဘူး။
ဒီဟာထက် သူတစ်ယောက်ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ ကောလဟာလကမှ ပိုယုံနိုင်စရာကောင်းအုံးမယ်။
ဒါကြောင့်ပင် အိမ်တော်ထိန်းဝီလီယမ်သည် အများကြီးမမျှော်လင့်ထားဘဲ လူနာပဲလ်ကို စုံစမ်းးဖို့ အမိန့်ထုတ်လိုက်သည်။ သို့ပေမယ့် အစေခံ ပေးလာသည့် မထင်မှတ်ထားသော အချက်အလက်များကြောင့် ဆွံ့အသွားခဲ့သည်။
"ဒါဆို သခင်လေးအန်းသန့်စ်က လေဒီပဲလ်နဲ့ တကယ် ဆက်ဆံရေးရှိပြီး ရိုယာကိုတောင် ဘယ်ရွန်မိသားစုနဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ မင်းပြောနေတာလား"
"ဟုတ်ပါတယ်။ ရွန်က မစ္စတာရိုယာနဲ့ ဘယ်ရွန်မြို့စားအိမ်ကိုသွားခဲ့တယ်လို့ပြောပါတယ်"
"ရွန်လား"
"အာ သူက မစ္စတာရိုယာအတွက် သီးသန့် ခန့်အပ်ပေးထားတဲ့ မားကွစ်အိမ်တော်ရဲ့ အစေခံတစ်ယောက်ပါ"
ထိုအချိန်မှသာ အိမ်တော်ထိန်းသည် ရွန်ကို သတိရသွားခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ရွန်သည် မားကွစ်အိမ်တော်၏ အစေခံတစ်ဦးဖြစ်ခဲ့ပြီး မားကွစ်မြို့စားသည် ရိုယာ၏ဆင်းရဲဒုက္ခခံစားရမှုအပေါ် စိတ်မကောင်းဖြစ်သောကြောင့် သူ့အား ရိုယာဆီ သီးသန့်အမှုထမ်းရန် ခန့်အပ်ခဲ့သည်။
"သူ့ကိုခေါ်လို့ရမလား"
"သူ့ကို ခေါ်ထားပြီးသားပါ"
အစေခံ အချက်ပြလိုက်ချိန်၌ အနီးနားတွင်အသင့်စောင့်နေသော ရွန်သည် အမြန်ပြေးလာပြီး ဦးညွှတ်လိုက်သည်။
သူ့မျက်နှာကို မြင်လိုက်ရပြီးနောက် အတိတ်ကမှတ်ဉာဏ်များက အိမ်တော်ထိန်း၏ခေါင်းထဲတိုးဝင်လာခဲ့သည်။ အိမ်မှာ သူ့ကို မသိသောသူဘယ်သူမှမရှိပေ။
"မတွေ့ရတာတောင်ကြာပြီ။ ဒီအတောအတွင် အဆင်ပြေရဲ့လား"
"ဟုတ်တယ်။မစ္စတာဝီလီယံရော ဒီအတောအတွင်း အဆင်ပြေရဲ့လား"
သို့တိုင်အောင် ရွန်၏မျက်နှာက သိပ်မကောင်းနေပေ။ သူတာဝန်ထမ်းဆောင်နေသော သခင်ကို သစ္စာဖောက်ရမည်ဖြစ်သောကြောင့် အခြေအနေမှာ ရှင်းလင်းစွာပင် သူ့အတွက် သက်သောင့်သက်သာမရှိဖြစ်နေသည်။
နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီးသားဖြစ်သော အိမ်တော်ထိန်းသည် စကားလမ်းကြောင်းချောမွေ့စေရန် သူ့ပါးစပ်ကို ဖွင့်လိုက်သည်။
"မင်း ငါတို့အိမ်တော်ကိုတောင် ပြန်ရောက်ချိန်တန်လာပြီပဲ။ မင်းကို အိမ်တော်မှာ ပြန်ပြီး အလုပ်လုပ်ခွင့်ပေးဖို့ မားကွစ်မြို့စားကို ငါပြောပေးမယ်။ဒါပေမယ့် နည်းနည်းတော့ စောင့်ရလိမ့်မယ်"
"…!"
မထင်မှတ်ထားသော ကမ်းလှမ်းမှုကြောင့် ရွန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သူသည် မားကွစ်အိမ်ထောင်စုတွင်ပါဝင်သော်လည်း ရုတ်တရက် ရှေ့နေသက်သက်လက်အောက်တွင် အလုပ်လုပ်ရန် ခန့်အပ်ခံရသောကြောင့် သူ၏မာန ထိခိုက်သွားခဲ့ရသည်။ ယခုမူ စံအိမ်ကြီးသို့ ပြန်သွားနိုင်တော့မည်ဖြစ်သည်။
လေးနက်သောအကြည့်ဖြင့် ရွန်က ပြန်ဖြေလိုက်သည်။
"ကျွန်တော် မြင်ခဲ့သမျှ ပြောပြပါ့မယ်"
အထိန်းတော်သည် မျှော်လင့်ချက်ရှိသော သဘောထားကြောင့် စိတ်ချသွားသည်။
သတင်းအချက်အလက်အချို့ကို စုဆောင်းပြီးနောက် အိမ်တော်ထိန်းသည် ရွန်နှင့်အတူ ရို့စ်မယ်ရီ၏အခန်းသို့ သွားရောက်ခဲ့သည်။
"သခင်မလေး ရို့စ်မယ်ရီ၊ ကျွန်တော် ရှေ့နေ ရိုယာရဲ့ အစေခံ ရွန်ကို ခေါ်လာပါတယ်။ သူက ဘယ်ရွန်မြို့စားရဲ့ စံအိမ်ကြီးမှာ မြင်ခဲ့သမျှကို ပြောပြပါလိမ့်မယ်"
အိမ်တော်ထိန်း တင်ပြလာသည့်ရလဒ်များက ရို့စ်မယ်ရီမျှော်မှန်းထားသည်ထက်ပင် များစွာကြီးမားနေသေးသည်။ သူမ စာအုပ်ကို ဘေးမှာဖယ်ထားပြီး အပြေးပအလွှားသွားလိုက်သည်။
"တကယ်လား။ ဒါဆို ငါ့အစ်ကိုနဲ့ လေဒီပဲလ်တို့ ချိန်းတွေ့တယ်ဆိုတဲ့ ကောလာဟလက မှန်လား။ ဒါမှမဟုတ် မဟုတ်ဘူးလား။အဲ့တာကအမှားကြီးလား"
"အဲဒါကအမှန်ပါပဲ"
"နင် ငါ့ကို လာနောက်နေတာလား! နင် ငါ့ကို ပြက်ရယ်ပြုနေတာမလား။ ဒါက နောက်ပြောင်မှုတစ်ခုပဲ မလား"
"ဟင့်အင်း မဟုတ်ပါဘူး"
ရို့စ်မယ်ရီသည် ကောလာဟလများအား အမှားဖြစ်ရန် မျှော်လင့်ထားသော်လည်း အတည်ပြုခံလိုက်ရသောအခါတွင် ဖြူဖျော့သွားခဲ့တော့သည်။
"သူတို့က ဘယ်ရွန်စံအိမ်ကြီးထဲမှာတောင် သူတို့ရဲ့ဆက်ဆံရေးကို ဂုဏ်ပြုဖို့ ပါတီတစ်ခုတောင် ပြုလုပ်ခဲ့ကြသေးတယ်"
"…ဘာဖြစ်တယ်။ ထပ်ပြောလိုက်စမ်း!"
ဘာ..ပါတီတစ်ခုလား။သူမသည် သူဆိုလိုသည်မှာ ကြမ်းကြုတ်သော သွေးထွက်သံယို ပါတီလားဟု သူမ တွေးလိုက်မိသည်။
အခြေအနေသည် ရှုပ်ထွေးနေပြီး ရို့စ်မယ်ရီ သည် သူမ၏ လက်ဖက်ရည်ပူပူကို တစ်လုပ်အမြန်သောက်လိုက်မိသည်။ သာမာန်အားဖြင့် သူမသည် ပူလောင်မှုကို ခံစားရမည်သော်လည်း သေလောက်အောင်ထိပ်လန့်နေသောကြောင့် ဘာမှသတိမထားလိုက်မိပေ။
"ခဏလေးနေပါဦး။ ငါတို့ နားလည်မှုများလွဲနေကြတာများလား။ နင် နားကြားလွဲတာဖြစ်နိုင်တယ်! 'ချိန်းတွေ့နေတယ်' ဆိုတာထက် 'ညှဉ်းပန်းနှိပ်စက်တာ' ဒါမှမဟုတ် 'သတ်ဖြတ်တာ' ကိုကြားခဲ့ရတာဖြစ်မယ်"
"မဟုတ်ပါဘူး၊ သခင်မလေး။ သူတို့ တကယ်ချိန်းတွေ့နေကြတာ။ သခင်လေး အန်းသန့်စ်က လေဒီလူနာကို အရင်လိုက်ခဲ့တဲ့ပုံပဲ။ သူ့အပေါ် အမြင်ကောင်းအောင်လို့တောင်မှ သူမကို မြှောက်ပင့်ပြောဆိုနေသေးတယ်"
"...သူက ကလေးလိုဝုန်းဒိုင်းကြဲတာလား"
ရို့စ်မယ်ရီ၏ ဦးနှောက်သည် သာမန်စကားလုံးများကိုတောင် အန်းသန့်စ်နှင့် အံဝင်ခွင်ကျဖြစ်အောင် ပြောင်းလဲနေပုံရသည်။ ရွန်က သူမကို အမြန်အမှန်ပြန်ပြင်ပေးလိုက်သည်။
"မဟုတ်ဘူး၊ မြှောက်ပင့်တာ၊ မြှောက် . ပင့် . ပြော . တာ ။ ဘယ်ရွန်မြို့စား စိတ်ကျေနပ်အောင်တောင်မှ သူက ရိုသေသမှုပြစကားကို သုံးခဲ့သေးတယ်"
"အိုး ဘုရားရေ…"
ဒါက မဖြစ်နိုင်ဘူး!
ရို့စ်မယ်ရီသည် သူမအိပ်မက်မက်နေသည်အထင်ဖြင့် သူမပါးသူမ ဆိတ်ဆွဲလိုက်သည်။
နာကျင်မှုကိုခံစားလိုက်ရတာကြောင့် ဒါကအိပ်မက်တစ်ခုတော့မဖြစ်နိုင်ပေ။ သူမသည် ပိုသေချာစေရန်အတွက် အိမ်တော်ထိန်း၏ ပေါင်ကိုပါဆိတ်ဆွဲလိုက်သည်။ အိမ်တော်ထိန်း၏ စိတ်အနှောင့်အယှက်ဖြစ်သွားသော အမူအရာကြောင့် ဒါကအဖြစ်မှန်ဆိုတာ အတည်ပြုနိုင်ခဲ့သည်။
"သူရူးသွားတာလား"
"…"
ရုတ်တရက် သခင်လေးအန်းသန့်စ်ကို စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတာလားဟုမေးခံရသောကြောင့် ရွန်သည် သူ့ပါးစပ်သူ ပိတ်ထားလိုက်သည်။
လူ့အဖွဲ့အစည်း၏ စံသတ်မှတ်ချက်များအရ စိတ်မနှံ့ဘူးဟုသတ်မှတ်ခံခဲ့ရသော အန်းသန့်စ်သည် အမြဲတမ်း ရူးသွပ်နေခဲ့သော်လည်း ယခု ပုံမှန်ပြန်ဖြစ်သွားပြီလား။ ဒါပေမယ့် ဒါက မှန်ကန်သော အကဲဖြတ်ချက်ရောဟုတ်ရဲ့လား။
အိမ်တော်ထိန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"အခု သခင်လေးအန်းသန့်စ်ရဲ့ စိတ်အခြေအနေကို မေးခွန်းထုတ်ဖို့ လိုသေးတာလား"
"မှန်တယ်၊ ငါတို့ မေးနေစရာတောင်မလိုဘူး... သူက အမြဲတမ်း ရူးနေခဲ့တာ"
ရို့စ်မယ်ရီနှင့် အိမ်တော်ထိန်း နှစ်ဦးစလုံးသည် အန်းသန့်စ်၏ပြဿနာပေါင်းများစွာကို အတူတူခွဲဝေခံစားခဲ့သောကြောင့် ပြင်းထန်သောအကဲဖြတ်မှုဖြင့် ဆက်လက်လုပ်ခဲ့သည်။
သူ့တို့သည် သူ့ထံမှ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်မှု မရခဲ့သော်လည်း သူ့၏ ဒေါသကြီးတတ်သော သဘာဝကြောင့် အကြိမ်ပေါင်း ထောင်နဲ့ချီပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရသည်။
"ဒါဆို လေဒီပဲလ်လည်း ရူးသွားတာလား"
"မဟုတ်ဘူး သခင်လေးက အစေခံတွေနဲ့တောင်မှ ဖော်ဖော်ရွေရွေဆက်ဆံခဲ့တာ။ ပြီးတော့ လေဒီလူနာက သူ့ကို အလွယ်တကူ အနိုင်ယူခဲ့သေးတယ်"
"ငါ့ အကိုလိုလူကိုတောင် လွယ်လွယ်နဲ့ အနိုင်ယူနိုင်ခဲ့တာကို သူမက ပုံမှန်ပဲလို့ နင်ပြောနေသေးတာလား!"
သူမက တောရိုင်းသားရဲတစ်ယောက်များသလား။ ဒါမှမဟုတ် မကောင်းဆိုးဝါးမုဆိုး၊ မကောင်းဆိုးဝါးသုတ်သင်ရေး အဖွဲ့က အဖွဲ့ဝင်များလား ဒါမှမဟုတ် နတ်ဆိုးတွေကို ချေမှုန်းတဲ့ တရားမျှတမှုရဲ့တမန်တော်တစ်ပါးများလား။
ဒီတိုင်း ကြားရုံနဲ့တင် စိတ်ကူးယဉ်လို့ မရနိုင်ပေ။ ရွန်ထံမှ သတင်းအချက်အလက်များ ကြိုတင်ကြားသိထားခဲ့သော အိမ်တော်ထိန်း သည် အကြံတစ်ခု ပြုလာခဲ့သည်။
"သူမကို လူချင်းတွေ့ရင်ရော ဘယ်လိုလဲ"
"…ဘာ! ငါကလား"
ရို့စ်မယ်ရီက ကြောက်လန့်တကြား မေးလိုက်သည်။ အဆင်မပြေသော ကောလာဟလများနှင့် သူမက အန်းသန့်စ်၏ ချစ်သူဖြစ်သည်ဟူသောအချက်ကြောင့် တွေ့ဆုံပါက အဆင်ပြေမလားဟု တွေးလိုက်မိသည်။
"ဟုတ်ပါတယ်။ သူမနဲ့ လူချင်းတွေ့လို့ရတယ်လေ။ သူမ ရူးသွပ်နေရင်တောင်မှ လူကြားထဲမှာ တစ်ယောက်ယောက်ကိုရိုက်မှာမဟုတ်လောက်ပါဘူး"
"ဘာပြောနေတာလဲ။ ဟိုတစ်ခါကတောင် ငါ့အကိုက သခင်လေး ရိုဒရီယန်ကို လူကြားထဲရိုက်ခဲ့သေးတာလေ။ အဲ့အချိန်တုန်းက သခင်လေးဖယ်ဆန်တောင် သတိလစ်သွားသေးတယ်။ ငါ့အကိုက တကယ့်အရိုင်းအစိုင်းပဲ"
ရို့စ်မယ်ရီသည် ထိုအတွေးကြောင့် တုန်လှုပ်သွားသည်။ အိမ်တော်ထိန်းသည် ထိုအဖြစ်အပျက်ကို မှတ်မိသော်လည်း လျစ်လျူရှုကာ ဆက်ပြောလိုက်သည် ။
"သိရသလောက်ဆို လေဒီပဲလ်က မကြာခင် စံအိမ်ကြီးတစ်လုံးဝယ်တော့မယ်လို့ပြောတယ်။ သခင်မလေးရဲ့ စံအိမ်တစ်လုံးကိုထုတ်ရောင်းပြီး သူမနဲ့တွေ့ဖို့လုပ်ရင်ရော"
"ဟမ် ငါ့အိမ် ထုတ်ရောင်းရမလား။ဆုံဖို့အတွက်နဲ့လေ။သူမကလာမှသေချာလို့လား"
စံအိမ်ရောင်းရန်ရှိသည်ဆိုတိုင်းလည်း လူတိုင်းကြလာမှာ မဟုတ်ပေ။ဒါကမေးခွန်းကောင်းဖြစ်သည်။
"အဲဒါအတွက် စိတ်မပူပါနဲ့။ သခင်လေးအန်းသန့်စ်က ဗိုင်းကောင့်ကလိုင်ရာကိုတောင် သူမဆီမိတ်ဆက်ပေးခဲ့သေးတယ်။ အဲဒီ့တော့ သူ့ ကိုသာသွားပြောလိုက်။သူက သခင်မလေးကို ကူညီမှာ သေချာတယ်"
"...ငါ့ အကိုက သူမကို ဗိုင်းကောင့်ကလိုင်ရာနဲ့တောင်မှ မိတ်ဆက်ပေးခဲ့တာလား"
တရားဝင်တွေ့ဆုံမှုတစ်ခုပြုလုပ်ရန်စိတ်ကူးထက် အန်းသန့်စ်က လူနာအား စံအိမ်အရောင်းအ၀ယ်တာဝန်ခံ ဗိုင်းကောင့်ကိုမိတ်ဆက်ပေးခဲ့သည်မှာ အံ့သြစရာပင်ဖြစ်သည်။
အိုး ဘုရားရေ။အမြင်ကောင်းရဖို့ သူ့ဘက်ကတောင် တစ်စုံတစ်ယောက်ကို မိတ်ဆက်ပေးရတဲ့အထိ.. သူမက ဘယ်လိုလူမျိုးလဲ...
ဒီအချက်တွင် ရို့စ်မယ်ရီသည် လူနာ၏မျက်နှာကို မြင်ချင်စိတ်ထက် ကြောက်စိတ်များ လွှမ်းမိုးခံလိုက်ရသည်။
"ကောင်းပြီ။ ဒါဆိုပြင်ဆင်လိုက်တော့။ လက်ဖက်ရည်သောက်ရန် စီစဉ်လိုက်။ သူမဘက်က မကြိုက်ရင် ဘယ်သူမှမရောင်းဘူး။ငါ့ရဲ့အကောင်းဆုံးစံအိမ်ကြီးကို စျေးသက်သက်သာသာနဲ့ ထားလိုက်"
"နားလည်ပါပြီ"
"ကိုယ်ရံတော်တွေလည်း ပြင်ထားလိုက်"
ဒါပေါ့ သူမက အကာအကွယ်မရှိဘဲ တွေ့ဆုံဖို့တော့ မစဉ်းစားထားချေ။ တတ်နိုင်သမျှအကာအကွယ်တွေခေါ်သွားပြီးမှ တွေ့ဆုံရန် စီစဉ်ခဲ့သည်။
"ဟုတ်ကဲ့"
"နှစ်ဆယ်လောက်ပေါ့..."
"…"
"သုံးဆယ်လောက်ဆို ပိုကောင်းမလား"
"…"
"လေးဆယ်လောက်ဆိုရင်ရော"
"သခင်မလေးက စစ်တိုက်ဖို့ စိတ်ကူးထားတာဆိုရင်တော့ လုပ်လိုက်ပါ့မယ်"
အတွေးထဲပျောက်ဆုံးနေသော ရို့စ်မယ်ရီသည် အိမ်တော်ထိန်း၏ အေးစက်သောအဖြေကြောင့် စကားပြန်ပြင်လိုက်သည်။
"ဒါဆို ဆယ့်ငါးယောက်လောက်နဲ့ သွားကြတာပေါ့"
အဲ့လောက်စိုးရိမ်နေမှတော့ မဆုံပါနဲ့လား...
အိမ်တော်ထိန်းသည် ဒီစကားကိုထုတ်မပြောနိုင်သောကြောင့် သက်ပြင်းသာချပြီး ရို့စ်မယ်ရီ၏ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ သူလည်း လေဒီလူနာက ဘယ်လိုလူမျိုးလဲဆိုတာ သိချင်မိသည်။
* * *
ကျေးဇူးတင်စရာကောင်းစွာပဲ ရိုယာ၏ လျင်မြန်သော လုပ်ဆောင်ချက်ကြောင့် အလုပ်လာလျှောက်သူသည် နောက်တစ်နေ့တွင် ဘယ်ရွန်စံအိမ်သို့ ရောက်လာခဲ့သည်။ သူသည် မိုင်းတွင်း၌ အနှစ်နှစ်ဆယ်ကျော် လုပ်ကိုင်ခဲ့သူဖြစ်သည်။
ဒါက သူ၏ ပထမဆုံးအကြိမ် ဝတ်ဆုံအပြည့်ဝတ်စားပြီး လူတွေ့မေးမြန်းခြင်းဖြစ်တာကြောင့် စိတ်လှုပ်ရှားအတွေးများနေကာ လက်ဖက်ရည် အနည်းငယ်ဖိတ်မိသွားသည်။
'ဒီအိမ်ကြီးက ကျဉ်းကျဉ်းလေးဆိုပေမယ့် မြို့စားဆိုတော့ မြင့်မြတ်တဲ့သူဖြစ်နေတုန်းပဲ။ အဆက်သွယ်ရလို့ လာခဲ့ပေမယ့် သူတို့က ငါ့ကို တကယ်ရောငှားမှာလား'
ထို့အပြင် အတွင်းရေးမှူးဆိုလား...
သူသည် မိုင်းတွင်းတွင် အချိန်အတော်ကြာ လုပ်ကိုင်ခဲ့သော်လည်း စီမံခန့်ခွဲရေးတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းမဟုတ်ဘဲ ကွင်းဆင့်လေ့လာသည့်နေရာတွင်သာ တာဝန်ထမ်းဆောင်ခဲ့သည်။
စာရွက်စာတမ်းများ စီမံခန့်ခွဲရေးအပိုင်းနှင့် ကွင်းဆင်းလုပ်ဆောင်မှု နှစ်ခုကြားတွင် ကြီးမားသော ကွာဟချက်ရှိပေသည်။
'ငါဒီကို ဘာမှမဟုတ်ဘဲလာမိတာလား'
သူသည် စိတ်ပူပြီး ဝမ်းနည်းလာကာ လက်ဖက်ရည်ကို တစ်လုပ်သောက်လိုက်သည်။ ခဏအကြာတွင် လူနာ နှင့် ဘယ်ရွန်မြို့စားတို့သည် ဧည့်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။
"စောင့်ခိုင်းမိတာ တောင်းပန်ပါတယ်"
မြို့စားအနွယ်ဝင်များသည် သာမန်လူများအပေါ် အလွတ်သဘောဖြင့်ပြောသည်က ဓလေ့ထုံးစံလိုဖြစ်နေသောကြောင့် ယခုလိုယဉ်ကျေးစွာပြောလာသည်က အနည်းငယ် ထိတ်လန့်စရာဖြစ်ခဲ့သည်။
"မဟုတ်ဘူး၊ကျွန်တော် စောင့်ရတာမကြာသေးပါဘူး။ ကျွန်တော့်နာမည်က တင် ပါ။ သခင်မလေးနဲ့လက်တွဲရဖို့ မျှော်လင့်ပါတယ်"
တင် သည် ထိုင်ခုံမှ အမြန်ထပြီး လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ လူနာ နှင့် ဘယ်ရွန်မြို့စားတို့သည် တိုတိုတုတ်တုတ် မိတ်ဆက်လိုက်ကြပြီး လူတွေ့မေးမြန်းခြင်းကို စတင်ခဲ့လိုက်သည်။
"ရှင်က မိုင်းတွင်းမှာ အနှစ်နှစ်ဆယ်ကျော် အလုပ်လုပ်ခဲ့တယ်လို့ ကျွန်မကြားတယ်ဟုတ်လား"
"ဟုတ်ကဲ့ ကျွန်တော် စုစုပေါင်း အနှစ်နှစ်ဆယ်လောက် အလုပ်လုပ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိုင်းတွင်းပိတ်လိုက်တာနဲ့ ကျွန်တော် အလုပ်ထွက်ခဲ့ရတာပါ"
အဲဒီနောက်မှာတော့ အလုပ်ရှာဖို့ ကြိုးစားခဲ့သေးသည်။သို့သော်လည်း အလုပ်မရခဲ့ပေ။အဲ့တာက သူကျွမ်းကျင်မှု သို့မဟုတ် အတွေ့အကြုံ နည်းပါးခြင်းကြောင့် မဟုတ်ပါ။ ယင်းအစား ကျွမ်းကျင်နေတာကပင် သူ့အတွက်အလုပ်မရနိုင်စေခဲ့တာဖြစ်သည်။
စီမံခန့်ခွဲသူများသည် လိုက်လျောညီထွေရှိပြီး နှုတ်ဆိတ်နေတတ်သူကိုသာ အလိုရှိကြပြီး တင် ၏ အတွေ့အကြုံနှင့် အရည်အချင်းများက ထိုနေရာတွင် အပျက်သဘောဆောင်သွားတော့သည်။ သူက အရမ်းကျွမ်းကျင်လွန်းနေလို့ဖြစ်သည်။
"ရှင်က ကျွန်မအဖေနဲ့အတူ ပဲလ်နယ်မြေကို သွားရမှာ။အဲ့တာ အဆင်ပြေရဲ့လား"
"အဲဒါက ပြဿနာမရှိပါဘူး။အရင်ကလည်း အလုပ်အတွက် အိမ်ကနေ ခဏခဏ ထွက်သွားခဲ့ရတယ်"
"ရှင် စာရွက်စာတမ်းကိစ္စနဲ့ရော အဆင်ပြေလား ကျွန်မသိချင်တယ်"
"ဆိုက်ထဲက ကိုင်တွယ်ထားတဲ့ စာရွက်စာတမ်းတွေအားလုံးကိုတော့ ကျွန်တော် တာဝန်ယူနိုင်ပါတယ်"
လူနာသည် မေးခွန်း သုံးခုလောက်သာမေးပြီး ဘယ်ရွန်မြို့စားနှင့် နဖူးများနီးကပ်အောင်ပင် ဆွေးနွေးတိုင်ပင်ကြတော့သည်။ ထိုအချိန်တွင် တင် ၏ နှလုံးသားသည် ပြင်းထန်စွာ နစ်မြုပ်သွားသလိုခံစားလိုက်ရသည်။
လူတွေ့မေးမြန်းခြင်းမှာ ငါးမိနစ်တောင်မကြာလိုက်ဘဲ ထိုသို့တိုင်ပင်လာသည်ကိုမြင်လိုက်ရတာကြောင့် သူကျရှုံးခဲ့သည်မှာသေချာသည်။
"မင်းက ထူးချွန်တဲ့ သူပဲ။ မေးခွန်းတွေကို စိတ်ချ ယုံကြည်မှုအပြည့်နဲ့ ဖြေခဲ့။ သေချာပေါက် ကျော်ဖြတ်နိုင်မှာ။ လူတွေ့မေးမြန်းခြင်းကို ကျေးဇူးပြုပြီး လာခဲ့ပါ"
သူသည် ရှေ့နေရိုယာ၏ စကားများကို မယုံခဲ့သင့်ပေ။ အိမ်နီးနားချင်းဖြစ်တာ မည်မျှပင်ကြာပါစေ သူကက ရှေ့နေတစ်ယောက်ပင် ငွေစကားပြောသော ရှေ့နေတစ်ယောက်ပင်ဖြစ်သည်။
ကွင်းဆင်းလေ့လာတဲ့နေမှာလုပ်ခဲ့တဲ့သူက အတွင်းရေးမှူးရာထူးကို လာလျှောက်မိတာ အစကတည်းစ သူရူးနေခဲ့တာပဲ! လက်တွေ့မကျတဲ့ အိပ်မက်တွေနဲ့ ဒီလောက်ဝေးတဲ့နေရာအထိ သူရောက်လာခဲ့ပေမယ့် အခုတော့ ဒီမှာတင် အဆုံးသတ်သွားပြီပဲ။
"ကောင်းပြီ။ ဒါဆို ဒီနေ့ကစပြီး အလုပ်ဆင်းနိုင်မလား"
"…ဟင်"
သူ့ဆုံးဖြတ်ချက်များအပေါ် နောင်တရနေချိန်မှာ မမျှော်လင့်ထားသော တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ တင်သည် နားကြားများလွဲနေတာလားဟု ထင်ပြီး မျက်လုံးများပြူးကာ လူနာကို စိုက်ကြည့်လိုက်သည်။
လူနာက တောက်ပသော အပြုံးဖြင့် ထပ်ပြောလာခဲ့သည် ။
"ရှင်က ကျွန်မအဖေနဲ့ အချိန်အတော်ကြာရှိရမှာဆိုတော့ လစာအနေနဲ့ ရွှေ10တုံးနဲ့ စတာက အကောင်းဆုံးလို့ ထင်တယ်"
ရွှေ 10တုံးလား!
၎င်းသည် မိုင်းတွင်းမှ ရရှိသော လစာ၏ သုံးဆဖြစ်သည်။ အတွင်းရေးမှူး ရာထူးအတွက် အရမ်းများသောပမာဏဖြစ်သည်။ သာမန်ပြည်သူတွေ တစ်သက်လုံး မရနိုင်တဲ့ ပမာဏပင်! အလုပ်ရတာနဲ့တင် ကံကောင်းလွန်းနေပြီလို့ထင်ခဲ့သော်လည်း ဒီစကားကိုကြားရသောအခါ တင် သည် လုံးဝ အံ့ဩသွားပြီး ပြန်တောင်မဖြေနိုင်တော့ပေ။ ဘယ်ရွန်မြို့စားက ခေါင်းကို စောင်းကာ ပြောလာခဲ့သည်။
"ဒါက အရမ်းနည်းလို့လား။ ပထမဆုံး အကြိမ်ဆိုတော့ အတွင်းရေးမှူးတစ်ယောက်အတွက် နည်းသွားတယ်ထင်တယ်"
"မ..မဟုတ်ဘူး၊ ဒါက လုံလောက်တာထက်တောင်ပိုနေပါပြီ။ ဒါကြောင့်မဟုတ်ပါဘူး။ ကျွန်တော့်ကိုဘာလို့ ဒီလောက်လစာအမြင့်ကြီးနဲ့ ငှားရတာလဲ သိချင်လို့ပါ…"
မေးခွန်းတွေတောင်အများကြီးမမေးဘဲနဲ့...
နောက်ဆုံးတွင် လူနာသည် တင် ၏သံသယများကို နားလည်ပြီး ညင်သာစွာပြုံးကာ ရှင်းပြလိုက်သည်။
"တကယ်တော့ ရိုယာဆီကနေ ရှင့်အကြောင်းကြားခဲ့ရတာ။ ရှင်က အတွေ့အကြုံလည်းရှိပြီး ကျွမ်းကျင်တယ်လို့ သူက ပြောတယ်။ ရှင့်ရဲ့ ပြောင်မြောက်တဲ့ စရိုက်လက္ခဏာကိုလည်း သူပြောခဲ့တယ်"
တင် ၏အကြည့်များသည် လူနာ ၏နောက်တွင်ရပ်နေသော ရိုယာဆီသို့ပြောင်းသွားခဲ့သည်။ရိုယာသည် သိတယ်မလား ဆိုသောအကြည့်ဖြင့် တင် ကို မျက်လုံးမှိတ်ပြလာခဲ့သည်။
"…"
ရိုယာ၏အကြံပြုချက်သည် ချီးမွမ်းဖွယ်ကောင်းသော်လည်း မျက်လုံးမှိတ်ပြတာကတော့ နည်းနည်းအိုဗာဖြစ်သည်။တင် သည် သူ၏ရှုံ့မဲ့သွားသော မျက်နှာကိုထိန်းရန် ကြိုးစားလိုက်သော်လည်း ရိုယာက သူ့ကို စိတ်တည်ငြိမ်အောင်ထားဖို့ရန်အတွက် မျက်လုံးထပ်မှိတ်ပြလာခဲ့သည်။
"ကျွန်တော်က ဒီအတွင်းရေးမှူးရာထူးနဲ့ အသစ်ဖြစ်ပြီး လိုအပ်ချက်တွေရှိနိုင်ပေမယ့် ဘယ်ရွန်မြို့စားကို ကူညီဖို့အတွက် ကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ"
တင်သည် ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး မမျှော်လင့်ထားသော အခွင့်အရေးအား သူ့ကိုပေးခဲ့သည့်သူနှစ်ယောက်ကို စိတ်ပျက်မသွားစေရန် လေးလေးနက်နက် ဦးညွှတ်ပြလိုက်သည်။
သူ၏သန္နိဋ္ဌာန်ကိုကြည့်ပြီး လူနာက နွေးထွေးသော အပြုံးဖြင့် တုံ့ပြန်ခဲ့သည်။
"ဟားဟား ဒါဆို ငါ မင်းကိုပဲ အားကိုးရတော့မယ်။ အခု စြတာဆိုတော့ အရေးကြီးတယ်"
ဘယ်ရွန်မြို့စားသည် တင်အား ရယ်မောကာ တုံ့ပြန်လိုက်သည်။
"ကျွန်တော်လည်း ဘယ်ရွန်မြို့စားနဲ့ အလုပ်တွဲလုပ်ရဖို့ စောင့်နေပါတယ်!"
စံအိမ်အတွင်းတွင် ဘယ်ရွန်၏ ရယ်မောသံများ ပဲ့တင်သံထပ်သွားတော့သည်။
TK Team