Chapter 34
Viewers 8k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး >Ch 34


ဖယ်ဆန်နဲ့ ဆက်ဆံရေးများ ဖြတ်တောက်ထားတာကြောင့် ငြိမ်းချမ်းမှု ပြန်ရလာပေမယ့် သူတို့ အေးအေးဆေးဆေး နေထိုင်နိုင်သည်ဟု မဆိုလိုပေ။

အံ့သြစရာကောင်းစွာပင် လူနာသည် ဖယ်ဆန်ကိုအနိုင်မပိုင်းခင်ကထက်ပင် ပိုအလုပ်ရှုပ်နေခဲ့သည်။

"လေဒီ တောင်းဆိုထားတဲ့ စာရွက်စာတမ်း ပြန်လည်သုံးသပ်ချက်တွေ ပြီးသွားပါပြီ။ အရာအားလုံး အစီစဉ်တကျပါပဲ"

သူမ အလုပ်များရသော အချိန်ဇယား၏ အဓိကအကြောင်းရင်းမှာ ဤစာရွက်စာတမ်းများကြောင့်ဖြစ်သည်။

"ရှင့်ကို အလုပ်အများကြီး ပေးမိလို့ တောင်းပန်ပါတယ်"

"ကိစ္စမရှိပါဘူး။ မင်း ကျွန်တော့်ကို အလုပ်များများပေးလေ ရှေ့နေတစ်ယောက်အနေနဲ့ ကျွန်တော့်အလုပ်က တရားမျှတတယ်လို့ ခံစားရလေပဲ ဒါက ကျွန်တော့်ကို ပျော်ရွှင်စေတယ်"

အရင်တုန်းချိန်တုန်းက သူသည် အမြဲတမ်း လိုက်တောင်းပန်ညှိနှိုင်းနေခဲ့ရပြီး ရှေ့နေလား ဒါမှမဟုတ် ပြစ်မှုကျူးလွန်သူလားဟု မကြာခဏ အမေးခံခဲ့ရသည်။ အလွန်အမင်း ဒူးထောက်ရလွန်းလို့ သူ့ဒူးများပုပ်လုနီးနီးဖြစ်ခဲ့ရတာကြောင့် အသက်မွေးဝမ်းကြောင်းပြောင်းဖို့တောင်မှ စဉ်းစားခဲ့ဖူးသည်။

သို့သော်လည်း အန်းသန့်စ်သည် ဗင်းဆင့်နယ်မြေသို့ပြောင်းရွှေ့သွားသောကြောင့် သူအလုပ်မပြောင်းခဲ့ရပေ။

မည်သို့ပင်ဆိုစေကာမူ၊ 'တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီးသနားငဲ့ညှာပေးပါ' ဟု ထပ်ခါတလဲလဲ တောင်းပန်ခဲ့ရသောအတိတ်နှင့် နှိုင်းစာပါက အခုချိန်မှာတော့ သူသည်ကျေနပ်စရာကောင်းသော ဘဝတစ်ခုကို ဖြတ်သန်းနေရပြီဖြစ်သည်။

"ဒါပေမယ့် ကျွန်တော်မေးလို့ရရင် မင်းဘာလို့ဒီကျောက်တွင်းတွေကိုဝယ်ခဲ့တာလဲဆိုတာ သိချင်မိတယ်"

ရိုယာ၏မေးခွန်းသည်သိချင်စိတ်ပြင်းပြနေသည်။

ညွှန်းကြားထားသည့်အတိုင်း ကူညီဆောင်ရွက်ပေးနေစဉ်တွင် ဈေးပေါသည့်တိုင် စွန့်ပစ်ထားသော ကျောက်တွင်း အလုံးသုံးဆယ်ခန့်ကို ဝယ်ယူခဲ့ခြင်းသည် သူ၏ စူးစမ်းချင်စိတ်ကို ပြင်းပြစေခဲ့သည်။

လူနာသည် ရိုယာထံမှရရှိသောစာရွက်စာတမ်းများကို ပြန်လည်သုံးသပ်စုစည်းလိုက်ပြီး မတ်တပ်ထရပ်ကာ ပြန်ပြောလိုက်သည် ။

"ကျွန်မ တစ်ခုခုကိုရှာနေတာ"

"ဘာကိုရှာနေတာလဲ။ကျွန်တော် ကူညီရအုံးမလား"

သူမ စိန်ရှာနေတာပင်။သူမသာ် အင်ပါယာမှာ အချမ်းသာဆုံးဖြစ်ချင်ပေသည်။

ဒီကျောက်တွင်းသုံးဆယ်ထဲက တစ်ခုခုမှာတော့ရှိလောက်မည်။ မဟုတ်ပါပ နည်းနည်းတော့ ဒုက္ခများပြီး ခက်ခဲနိုင်သည်။သို့ပေမယ့် ဒီသုံးဆယ်မှာရှာမတွေ့ရင် တခြားကျောက်တောင်တွေကို ထပ်ဝယ်မှာဖြစ်သည်။

'ငါဝတ္ထုကို သေချာပိုဖတ်လိုက်သင့်တယ်။ ဒါဆို စိန်တစ်တွင်းရှာဖို့အတွက်နဲ့ ကျောက်တွင်းသုံးဆယ်ကို ဝယ်စရာလိုမှာမဟုတ်ဘူး'

လူနာသည် ဒီလိုပညာမရရနိုင်သော ဝတ္ထုတစ်ပုဒ်ကို သေချာမဖတ်မိတာကြောင့် နောင်တရသည့်နေ့ ရောက်လာတာက အဓိပ္ပါယ်မဲ့ပေသည်။ သူမသည် အဓိပ္ပာယ်မဲ့စွာ တစ်ခစ်ခစ်ရယ်လိုက်သည်။

"အမ်...လေဒီလူနာ"

"မဟုတ်ဘူး၊ အဆင်ပြေပါတယ်။ ကျွန်မတို့သွားရမယ့်အချိန်ရောက်ပြီမလား"

လူနာသည် စိန်တွင်းရှာနေကြောင်း ဝန်မခံလိုက်ဘဲ အကြောင်းအရာကို ပြောင်းလိုက်သည်။ အမှန်ပင် စံအိမ်မှ ထွက်ခွာရမည့် အချိန်ဖြစ်သည်။

"ဟုတ်တယ်။ မိနစ် 30 အတွင်း ထွက်ခွာမယ်ဆိုရင် အချိန်မှန်ရောက်မှာပါ"

"ကောင်းပြီ။ ကျွန်မ အဝတ်အစားလဲပြီးတာနဲ့ သွားကြမယ်"

"ဟုတ်ကဲ့ ဖြေးဖြေးလုပ်ပါရပါတယ်"

ရိုယာထွက်သွားပြီးနောက် လူနာသည် လော်ရာ၏အကူအညီဖြင့် ထွက်ခွာရန်ပြင်ဆင်ပြီး ပထမထပ်သို့ဆင်းလာခဲ့သည်။

လက်ဖက်ရည်သောက်ရင်း စောင့်ဆိုင်းနေသော ရိုယာသည် သူမအား ရထားပေါ်သို့ ခေါ်သွားခဲ့သည်။

"လူနာ ဂရုစိုက်ပြီး ပြန်လာနော်"

ဘယ်ရွန်မြို့စား၏အသံမှာ အားဖျော့နေပြီး သူ၏အမူအရာမှာ ဝမ်းနည်းနေပုံရသည်။ ဒါကြောင့် လူနာက သူမနှင့်အတူလိုက်ခဲ့ဖို့ အကြံပြုလိုက်သည်။

"အဖေ သမီးနဲ့လိုက်ခဲ့မလား"

"ဟင့်အင်း အဖေ မနက်ဖြန်ကျရင် ပဲလ် နယ်မြေကို သွားရအုံးမယ်။ လိုက်လို့မရလောက်ဘူး"

ဘယ်ရွန်မြို့စား၏မျက်လုံးများတွင် လိုက်ချင်စိတ်ပြင်းပြနေသော်လည်း ဝမ်းနည်းစရာအချက်မှာ သူလိုက်သွား၍မရနိုင်ပေ။

တင် ၏ ပြင်းထန်သော သင်ကြားမှုများကြောင့် အတွင်းရေးမှူးရော ကျူရှင်ဆရာပါ လူနာငှားရမ်းခဲ့ပုံပေါ်သည်။ လူနာ၏တောင်းဆိုချက်အရ သူအလုပ်စဝင်သည့်နေ့မှစ၍ တင် သည် ဘယ်ရွန်မြို့စားကို ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးခဲ့သည်။

ထို့ကြောင့် ဘယ်ရွန်မြို့စားသည် လေ့လာမှုများကို စွဲစွဲမြဲမြဲ သင်ယူနေရသဖြင့် တစ်နေ့ထက်တစ်နေ့ ပိုပို၍ ပင်ပန်းလာပုံရသည်။သူ့အားလပ်ချိန်မှာ အစားစားချိန်နှင့် အိပ်ချိန်သာရှိသည်။

လူနာသည် ရိုယာတစ်ချိန်က သူမကိုပြောခဲ့သည့်စကားကိုပြန်သတိရမိသွားသည်။

"သူက သူ့အလုပ်အတွက် ဂုဏ်ယူပြီး ခေါင်းမာတတ်တယ်။ သူ့ပတ်ဝန်းကျင်မှာမသေချာမရေရာ ဖြစ်နေတဲ့လူတွေကို သည်းမခံနိုင်ဘူး။ သူက ဘယ်ရွန်မြို့စားကို အရည်အချင်းရှိတဲ့ အုပ်ချုပ်သူသခင်အဖြစ် ပုံသွင်းပေးနိုင်မှာ သေချာတယ်။ ကျွန်တာ်အာမခံတယ်"

ဒါက ဘယ်ရွန်မြို့စားမသိသော သူတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ ရိုယာက အကြံပြုထားရင်တောင် မေးခွန်းအနည်းငယ်ပေါ် မူတည်ပြီး သူ့ကို အလုပ်ခန့်မှာ မဟုတ်ပေ။

တင် သည် ဘယ်ရွန်မြို့စားကို ပြုပြင်မွမ်းမံနိုင်သောကြောင့် အလေးပေးပြီးအဓိကအားဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။သူပြောထားသကဲ့သို့ တကယ်လုပ်နေသောကြောင့် လူနာသည် တောက်ပစွာ ပြုံးလိုက်မိသည်။ ဒါကို သတိမထားမိသော ဘယ်ရွန်မြို့စားသည် ပင်ပန်းနွမ်းနယ်နေသည့်မျက်နှာဖြင့် သူမကို လက်ပြနှုတ်ဆက်လာခဲ့သည်။

"သမီး ပြန်လာခဲ့ပါမယ်"

"အန္တရာယ်ကင်းသော ခရီးဖြစ်ပါစေ"

"သခင်မလေး! စံအိမ်ကောင်းကောင်းကို သေချာရွေးခဲ့နော်"

အစေခံများ၏ နှုတ်ဆက်သံများကြားတွင် ရထားသည် လေကိုခွင်းကာ ထွက်ခွာသွားသည်။ တစ်နာရီခန့်အကြာတွင် ဗိုင်းကောင့်ကလိုင်ရာ၏အိမ်သို့ရောက်လာခဲ့ကြသည်။

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က ကေလီကလိုင်ရာပါ"

ဗိုင်းကောင့် ကလိုင်ရာသည် ရထားပေါ်မှဆင်းလာသော လူနာကိုနှုတ်ဆက်လိုက်သည်။

"ဒီလို ဂုဏ်သရေရှိ ဧည့်သည်တွေကို လက်ခံကြိုဆိုရတာ ဂုဏ်ယူပါတယ်"

လူနာကို မစော်ကားမိစေရန် သူ့အမူအကျင့်များကို သေချာထိန်းသိမ်းထားခဲ့သည်။ သူတို့၏ ယခင်စာထဲကအတိုင်း အမှန်ဖြစ်ပေသည်။

သူမက လူတိုင်းနှင့် မတူပေ။ သူမက အန်းသန့်စ်ကိုယ်တိုင် မိတ်ဆက်အကြံပြုပေးခဲ့သည်ဆိုသောအချက်က ကွဲပြားချက်များကို ဖြစ်စေသည်။

အန်းသန့်စ်၏ချစ်သူ… လက်ရှိကောလဟာလတွေအရ သူမသည် သာမန်လူတော့ မဟုတ်နေပေ။

ဗိုင်းကောင့်သည် လူနာကို ပုံမှန်ထက် ပိုတင်းမာစွာ နှုတ်ဆက်ခဲ့ပြီး ပေးထားသောတာဝန်ကိုကျေပွန်ပြီး အမှားမလုပ်မိစေရန်သတိထားနေခဲ့သည်။

လူနာသည် ဤအရာများအားလုံးကို သတိမထားမိဘဲ ဗိုင်းကောင့်ကို ရိုးသားစွာ နှုတ်ဆက်ခဲ့လိုက်သည်။

"ရှင်က ကြင်နာတတ်တဲ့သူပဲ။ ဒီလို ကြင်နာစွာ ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်"

သူမသည် အန်းသန့်စ်၏ချစ်သူဆိုသော်လည်း မျှော်လင့်ထားသလိုမျိုးမဟုတ်ပဲ အလွန်ချိုသာပြီး ယဉ်ကျေးသိမ်မွေ့ပေသည်။ ဗိုင်းကောင့်သည် နည်းနည်းပိုသက်တောင့်သက်သာရှိသလိုခံစားရပြီး လူနာကိုပြုံးပြလိုက်သည်။

"လေဒီ့ရဲ့ ကြင်နာတဲ့စကားအတွက် ကျေးဇူးတင်ပါတယ်။ ခရီးကလာရတာ ပင်ပန်းနေမှာပဲ။ ကျွန်တော့တို့မစခင် ခဏလောက် အနားယူချင်လား"

"ဟင့်အင်း။ကျွန်မ အဆင်ပြေပါတယ်။ စံအိမ်တွေကို ချက်ခြင်းပဲ သွားကြည့်ချင်တယ်"

နာရီအနည်းငယ်ခန့် ခရီးထွက်လာပြီးနောက် လူနာ သည် အတော်လေး လန်းဆန်းသွားသလိုခံစားခဲ့ရသည်။

သူမ၏မျက်လုံးများသည် စံအိမ်အသစ်များကို မြင်ရတော့မည်ဟူသော စိတ်ကူးကြောင့် စိတ်လှုပ်ရှားစွာဖြင့် တလက်လက်တောက်ပနေတော့သည်။ဒါက ဗိုင်းကောင့်ကို ပိုသက်တောင့်သက်သာဖြစ်စေခဲ့သည်။

"နားလည်ပါပြီ။ဒါဆို လေဒီပြောခဲ့တဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ စံအိမ်ကြီးဆီကို ကျွန်တော်တိုက်ရိုက်ခေါ်သွားပေးပါ့မယ်"

ခရီးရှည်ကို လျှော့ချရန်အတွက် ဗိုင်းကောင့်၏အိမ်နှင့် အနီးဆုံးနေရာမှ စတင်ခဲ့ကြသည်။

"ပန်းမျိုးစုံနဲ့ သစ်ပင်တွေ ဝန်းရံနေလို့ ဒီနေရာကို သစ်တောဥယျာဉ်လို့ ခေါ်လေ့ရှိတယ်"

"အိုးဘုရားသခင်! သခင်မလေး ဒီနေရာကအရမ်းလှတာပဲ!"

"ဒီနေရာကတည်ဆောက်ပြီးတာ မကြာသေးဘူး။ မကြာသေးမီက ပြုပြင်မွမ်းမံမှုတွေ အကုန်ပြီးသွားတဲ့အတွက် ချက်ချင်းနေဖို့ အဆင်သင့်ပဲ"

လော်ရာသည် သဘောကျသွားခဲ့ပြီး ဗိုင်းကောင့်သည်အားသာချက်များကို မိတ်ဆက်ပေးနေခဲ့သော်လည်း လူနာသည် သူမ၏ကိုယ်ပိုင်အတွေးထဲ၌ ပျောက်ဆုံးနေခဲ့သည်။

အိမ်ကြီးသည် လှပလွန်းသဖြင့် သူမ ချက်ချင်းပင် စာချုပ်ချုပ်ချင်လိုက်မိသည်။

'မြို့စားကြီးရဲ့ အိမ်က အခမ်းနားဆုံးလို့ ထင်ခဲ့တာ...'

စလာကတည်းကပင်တွေ့ရသော စံအိမ်ကြီးသည် မြို့စားကြီး၏စံအိမ်ကြီးကဲ့သို့ပင် လှပနေပေသည်။

ဒါပေါ့ ဒါက မြို့စား၏စံအိမ်ကြီးထက် အများကြီးသေးတယ်ဆိုပေမယ့်လို့ ၎င်းသည်အသစ်တည်ဆောက်ထားသောကြောင့် ပိုမိုခေတ်မီပြီး သန့်စင်နေပေသည်။

"ကျွန်မတို့ချည်းပဲ တစ်ပတ်လောက်လှည့်ပတ်ကြည့်ဖို့ ခဏလောက် အချိန်ယူလို့ရမလား"

"ကျေးဇူးပြုပြီး လုပ်ပါ ရပါတယ်။ မေးစရာရှိရင် လွတ်လွတ်လပ်လပ် မေးလို့ရပါတယ်"

လူနာသည် စံအိမ်ကြီးကို အေးအေးဆေးဆေး စူးစမ်းကြည့် ဟန်ဆောင်လိုက်ရင်း ဗိုင်းကောင့်နှင့် ခပ်ဝေးဝေးရောက်ချိန်တွင် သူမနောက်မှ လိုက်လာသော ရိုယာ၏ လက်မောင်းကို ရုတ်တရက် ဆွဲကိုင်လိုက်သည်။

"...ဘယ်လောက်လို့ထင်လဲ"

"အာ..ခွင့်လွှတ်ပါ။ဘာကိုပြောတာလဲမသိဘူး"

"အဲ့စံအိမ်ကြီးလေ ။ ထင်ထားတာထက် ပိုကောင်းနေတယ်။ စျေးအရမ်းကြီးလောက်လား"

သူမသည် ဇိမ်ခံအိမ်ကြီးတွေ အကြောင်း ကြားသိရပေမယ့် သူတို့၏ စျေးနှုန်းအတိအကျကိုတော့ သူမ မသိခဲ့ပေ။ လူကိုယ်တိုင်တွေ့ရမှ အရမ်းဈေးကြီးပုံပေါက်မှန်းသိခဲ့ရသည်။

လူနာ၏ စိုးရိမ်ပူပန်နေသော မျက်နှာကြောင့် ရိုယာသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ပြန်ဖြေလိုက်သည်။

"ဒါက တော်တော်ဈေးကြီးနိုင်လောက်ပေမယ့် လေဒီက အဲ့ဒါကို စိတ်ပူနေသင့်တယ်လို့ ကျွန်တော် မထင်ဘူး။ ကျွန်တော့်လိုလူတွေက ပိုစိုးရိမ်နေသင့်တာ။ ကျွန်တော်ဆို သေးသေးလေးတောင်မှ ဝယ်ဖို့မတတ်နိုင်ဘူး"

"ဒါဆို ခန့်မှန်းခြေ ဘယ်လောက်ရှိနိုင်လဲ"

"ရွှေတစ်သန်းလောက်တော့ဖြစ်နိုင်မယ်ထင်တယ်"

ရွှေတစ်သန်းသည် သေးငယ်သောပမာဏမဟုတ်ပေ။ လော်ရာ၏မေးရိုးသည် အံ့အားတကြီးပြုတ်ကျသွားပြီး လူနာလည်း မျက်လုံးပြူးကာ ရိုယာကို မေးလိုက်သည်။

"ရွှေတစ်သန်းပဲလား"

ဒီလောင် ခမ်းနားတဲ့စံအိမ်ကြီးကလေ။ဒီလို ကျယ်ပြောလှတဲ့ မြေနဲ့က ဒီလောက်ပဲလား! ဒါက ရဲတိုက်သေးသေးလေးစာပဲရှိတယ်။

အခြားသူများ စိုးရိမ်နေကြသော်လည်း လူနာသည် ရွှေတစ်သန်းကို အသေးအဖွဲအဖြစ် သဘောထားလာခဲ့တာကြောင့် ရိုယာသည် သူ့မျက်ရည်များကို တိတ်တဆိတ် ပြန်သိမ်းလိုက်မိသည်။

"ဟုတ်တယ်၊ အဲ့လောက်ပဲ။ သူတို့ ဈေးထပ်မြင့်ရင်တောင်မှ အရွယ်အစားအရ ရွှေတစ်သန်းအထိတောင် မရောက်နိုင်လောက်ဘူး။ ငါးသိန်းကနေ ခြောက်သိန်းလောက်ပဲဖြစ်နိုင်တယ်"

ရိုယာ၏ ခိုင်မာသောအဖြေကိုကြားသောကြောင့် လူနာ၏ပါးပြင်များသည် ပျော်ရွှင်မှုကြောင့် နီမြန်းလာခဲ့သည်။

ပမာဏအတိအကျကို မကြားရသေးရင်တောင်မှ ဒီအိမ်ကြီးကို ဝယ်ပြီးသွားသလိုမျိုးထင်မြင်မိလိုက်သည်။

"သခင်မလေး၊ ဒီအိမ်ကြီးကို ဝယ်မှာလား"

လော်ရာသည်လည်း ထိုကဲ့သို့ လှပသောအိမ်ကြီးတွင် နေထိုင်နိုင်မည့် စိတ်ကူးကြောင့် သူမ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ပေ။

လူနာသည် ခေါင်းညိတ်ပြလိုက်ချိန်မှာပဲ ဗိုင်းကောင့်သည် သူတို့နေရာသို့ မြန်ဆန်သော ခြေလှမ်းများဖြင့် ချဉ်းကပ်လာခဲ့သည်။

"ကျွန်မ ဒီအိမ်ကြီးကို ဝယ်ချင်တယ်"

ပုံမှန်အားဖြင့် အိမ်ခြံမြေအရောင်းတာဝန်ခံများသည် ဈေးအကြီးဆုံးနှင့် အကောင်းဆုံးအိမ်များကို ဦးစွာပြသခြင်းဖြင့် စတင်တတ်သည်။ ထို့နောက်တွင် ဝယ်သူအား ပထမက ပိုစျေးကြီးသော ရွေးချယ်မှုကို ဝယ်ယူစေရန် မျှော်လင့်ကာ အရည်အသွေးနိမ့်သော အိမ်များကို တဖြည်းဖြည်း ပြသတတ်ပေသည်။

ထို့ကြောင့် သူမကြိုက်သောစံအိမ်ကြီးကို အခုပဲချက်ချင်း ဝယ်လိုက်တာက အကောင်းဆုံးဖြစ်မယ်ဟုယုံကြည်ရင်း လူနာသည် သူမစိတ်ကိုသူမပြင်ဆင်လိုက်သည်။

သို့သော် ယခုလိုမျိုးတိုက်ရိုက် ၀ယ်ယူသူကို ဝမ်းသားအားရကြိုဆိုသင့်သော ဗိုင်းကောင့်မှ တုံ့ပြန်လာခဲ့သည်မှာ...

"မဆုံးဖြတ်ခင် နောက်ထပ်စံအိမ်ကြီးကို ကြည့်ကြတာ ပိုကောင်းမယ်ထင်တယ်"

ဗိုင်းကောင့်သည် အကြောင်းတစ်ခုခုကြောင့် လူနာ၏ အလျင်စလိုဆုံးဖြတ်ချက်ကို ရပ်လိုက်ပြီး သူမအား အခြားစံအိမ်ကြီးကိုကြည့်ရန် အကြံပြုလာခဲ့သည်။

"ဘာလို့လဲ"

"ကျွန်တော့်မှာ ပြစရာ အိမ်ကောင်းတွေ အများကြီး ရှိသေးတော့။အရင်ကြည့်လိုက်ပြီးမှရွေးတာကို နောင်တရမှာမဟုတ်ပါဘူး"

ဗိုင်းကောင့်သည် ဖော်ရွေသော အိမ်ခြံမြေပိုင်ရှင်အပြုံးကို ပေးလိုက်သည်။

ဒါပေမယ့်လည်း သူမသည် ယခုလည်းနောင်တမရဘဲ ရွေးချယ်မှုတစ်ခုကို လုပ်ပြီးပြီဟု သူမခံစားရသည်။

"ဒါဆို ဒီအိမ်ကြီးမှာ ဘာချို့ယွင်းချက်ရှိနေလို့လဲ"

"အဲ..မဟုတ်ဘူး၊ အဲ့လိုလုံးဝမဟုတ်ပါဘူး။ အဲ့တာ…အဲ့တာက"

ဗိုင်းကောင့်သည် တုံ့ဆိုင်းသွားခဲ့သည်။ ဤကဲ့သို့သော တန်ဖိုးကြီးသော အိမ်ကြီးကို ချက်ချင်းဆုံးဖြတ်သည့် တစ်စုံတစ်ယောက်မှာ ရှားရှားပါးပါးဖြစ်သောကြောင့် သူ အနည်းငယ်တော့ အင်တင်တင်ဖြစ်နေမိသည်။

'အာ ဒါပေမယ့်လည်း ငါ လေဒီရို့စ်မယ်ရီရဲ့ စံအိမ်ကြီးကို ပြသင့်တယ်'


အစကသူသည် နေအိမ်အများအပြားကို လည်ပတ်ပြီးနောက် သူမအားလက်ဖက်ရည်သောက်ဖို့ဖိတ်ခေါ်ရန် ရည်ရွယ်ခဲ့သည်။

'အိုး၊ ပိုင်ရှင်ကလည်း ဒီမှာရှိနေတယ်' လို့ပြောပြီး လက်ဖက်ရည်သောက် စကားစမြည်ပြောဖို့ စိတ်ကူးထားသည်။ ဒါပေမယ့် အစမှာတင် ဝယ်မယ်ဆိုတာကြီးကျ...

"တကယ်တော့ လေဒီက ပန်းတွေကြိုက်ပုံရလို့ လေဒီ့အတွက် အထူးအနေနဲ့ပြချင်တဲ့ စံအိမ်ကြီးရှိတယ်"

"ဟင့်အင်း၊ ကျွန်မက ပန်းအဲ့လောက်မကြိုက်ဘူး"

ပန်းတွေထက် ပိုက်ဆံကို ပိုကြိုက်တာ!

လူနာ၏ ခိုင်မာသော ရပ်တည်ချက်ကို ရုတ်တရက် ရင်ဆိုင်လိုက်ရသောကြောင့် ဗိုင်းကောင့်သည် သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ထပ်ပြန်ပြောလိုက်သည် ။

"အဲ့စံအိမ်ကြီးက နည်းနည်းပိုကြီးတယ်…"

"အရမ်းကြီးရင် အဆင်မပြေဘူး။ အလုပ်သမားတွေ ထပ်ငှားရလိမ့်မယ်"

"အဲလောက်ကြီးတော့ မဟုတ်ဘူး။ ဒါထက်တော့ နည်းနည်းပိုကြီးတယ်။အဲ့တာက အင်ပါယာရဲတိုက်အနားမှာရှိပြီးတော့ ကောင်းမွန်တဲ့မြင်ကွင်းလည်းရှိတယ် အပြင်ထွက်ရလည်းအဆင်ပြေတယ်"

"ဒီနေရာကလည်း နေရာကောင်းတစ်ခုလို့ထင်တယ်"

"အဲဒီနေရာက ဒီဟာထက် လုံးဝပိုကောင်းပါ။ စံအိမ်ထဲကပန်းခြံ‌ အရမ်းလှတယ်"

"ဒီနေရာက ပန်းခြံထဲ ပန်းတွေပွင့်ပြီး အရမ်းလှနေတယ်မဟုတ်ဘူးလား"

"အဲဒီနေရာက ဂရုတစိုက်ရွေးချယ်ထားတဲ့ အဆင့်မြင့်နှင်းဆီတွေနဲ့ ဖုံးအုပ်ထားတာ။ တုနှိုင်းမရပဲ။အရမ်း စွဲမက်ဖွယ်ကောင်းပြီး အံ့သြစရာကောင်းတယ်!"

"…"

တကယ်ကြီး ဒီလောက်အထိလား။

 သူ၏ အဆက်မပြတ် ချေပလာမှုများကြောင့် လူနာဆွံ့အသွားမိသည်။

သူမအား ထိုစံအိမ်ကြီးကို ပြသရန် ဘယ်အရာကများ သူ့ကို ဒီလောက်စိတ်အားထက်သန်စေခဲ့သည်ကို သိချင်မိသည်။

'ဘာပဲဖြစ်ဖြစ်လေ နောက်တစ်ခု ကြည့်လိုက်လည်း ဘာမှနစ်နာမှာမှမဟုတ်တာ'

ရွေးချယ်စရာများကို နှိုင်းယှဉ်ခြင်းက အမြဲတမ်း ပိုကောင်းပေသည်။ နောက်ဆုံးတော့ လူနာသည် အနည်းငယ်ပြုံးပြီး ပြန်ဖြေလိုက်သည် ။

"ကောင်းပြီလေ။ရှင်က အဲ့ဒါကိုပြဖို့ အရမ်းစိတ်အားထက်သန်နေမှတော့ ကျွန်မမှာရွေးချယ်စရာမရှိတော့ဘူး"

"ကျေးဇူးပါ ကျေးဇူးပါ။ လုံးဝနောင်တရမှာမဟုတ်ပါဘူး"

"ကျွန်မ အဲဒါကို စောင့်မျှော်နေပါတယ်"

နောက်အိမ်ကြီးကို သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့သည့် လူနာ၏နောက်ရှိ ရိုယာသည် ဗိုင်းကောင့်၏ စကားများကို တွေးတောနေခဲ့သည်။

'အင်ပါယာရဲတိုက်အနီးက စံအိမ်ကြီးတစ်ခု တန်ဖိုးကြီးနှင်းဆီပန်းတွေနဲ့လည်း ဖုံးလွှမ်းနေတယ်..ဟမ်း ရင်းနှီးနေသလိုပဲ...''

ဒါပေမယ့် သူသိပ်မမှတ်မိတော့တာကြောင့် မကြာခင်ဘဲ စိတ်ထဲက ထုတ်လိုက်တော့သည်။

TK Team