Chapter 37
Viewers 8k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 37


"ငါက ဗင်းဆင့်မားကွစ်မိသားစုက ရို့စ်မယ်ရီပါ။တွေ့ရတာဝမ်းသာပါတယ်"

ဧည့်ခံခန်းထဲရောက်သည်နှင့် ရို့စ်မယ်ရီက ဦးစွာ သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

ရုတ်တရက်မိတ်ဆက်လာမှုကြောင့် အံ့အားသင့်သွားပြီး လော်ရာ၏ပါးစပ်ပွင့်သွားကာ လူနာသည်လည်း လက်ဖက်ရည်သောက်လုဆဲဆဲမှာပင် အေးခဲသွားသည်။

'ဒါ‌ကြောင့် သူမကို တစ်နေရာရာမှာ တွေ့ဖူးသလို ခံစားနေရတာကိုး!'

သူမက အန်းသန့်စ်၏ညီမဖြစ်သည်။

အခြေအနေကို နားမလည်သေးဘဲ ရှုပ်ထွေးသောအမူအရာဖြင့် မျက်တောင်ခတ်နေသော လူနာကို ရို့စ်မယ်ရီက ဘာမှမသိဟန်ဖြင့်မေးလာခဲ့သည်။

"နင့် နာမည်ရောဘယ်လိုခေါ်လဲ"

ဘာကိုမှ မသိဟန်ဆောင်ပြီး ဖုံးကွယ်ထားသောရည်ရွယ်ချက်များမရှိဟန်သရုပ်ဆောင်ခဲ့သည်။ သူမတွင် အပြစ်ကင်းသည့် မျက်နှာလေးရှိသော်လည်း လူနာသည် သူမ၏ သံသယများကို မဖယ်ရှားနိုင်သေးဘဲ ဖြည်းညှင်းစွာ ပြန်ဖြေလိုက်သည်။

"...ငါက ပဲလ်ဘယ်ရွန်မိသားစုက လူနာပါ"

ဒီအချိန်မှာ ရို့စ်မယ်ရီသည် တစ်ခုခုကို သတိရသွားသလိုမျိုး ပြင်ဆင်ထားသော စာကြောင်းကို ဆိုလိုက်သည်။

"အာ! နင်က သခင်လေး ရိုဒရီယန်နဲ့ ရင်းနှီးတယ်ဆိုတဲ့တစ်ယောက် မလား"

"လုံးဝမဟုတ်ဘူး!"

လူနာသည် အမြန်ပြန်ဖြေလိုက်ပြီး သူမ၏မျက်နှာမှာ နီမြန်းသွားသည် ။

သံသယဖြစ်စရာအခြေအနေမျိုးတွင်ပင် တစ်ဖက်မှ ဖယ်ဆန်နှင့်ပတ်သတ်‌ေသာအကြောင်းအရာကို ဆွဲထုတ်ပြောလာသောအခါတွင် သူမ၏ဒေါသသည် မကူညီနိုင်ဘဲ လှုံ့ဆော်ခံလိုက်ရသည်။

လူနာ၏ ပြင်းထန်သည့် တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ရို့စ်မယ်ရီသည် လန့်ဖျပ်သွားပြီး အမြန်တောင်းပန်လိုက်သည် ။

"တောင်းပန်ပါတယ်။ငါ ကောလဟာလတွေကိုနားယောင်ပြီး နားလည်မှုလွဲသွားတာဖြစ်မယ်"

ဒါပေါ့ သူမက ဒီတိုင်းတောင်းပန်ဟန်ဆောင်နေရုံဖြစ်သည်။ သူမ၏ ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ရင်း တောင်းပန်လိုက်ချိန်တွင် လူနာက ရှက်သွားပြီး လက်ခါပြကာပြောလာခဲ့သည်။

"ဒါက အဆင်ပြေပါတယ်။ငါ့ဘက်ကလည်း အသံမြင့်ပြောမိတဲ့အတွက် တောင်းပန်ပါတယ်။ပြီးတော့ လူချင်းမတွေ့ဆုံခင် ကောလဟာလတွေကို အားကိုးရတာ သဘာဝပဲလေ"

နားလည်မှုလွဲမှားခြင်းမှန်း သဘောပေါက်ချိန်တွင် ဒါကိုပြုပြင်ရန် လွယ်ကူပေသည်။ ကံမကောင်းစွာဖြင့် သူမက တခြားကောလဟာလများစွာကိုမပြောခဲ့ပေ။

သူမ၏ ကောလဟာလများကို ဂရုမစိုက်သည့်ခြွင်းချက်‌လူအနေနှင့် အန်းသန့်စ်ရှိခဲ့‌သည်။ အခုတော့ သူ့ညီမ ရို့စ်မယ်ရီကိုပါ စာရင်းထဲ ထည့်လိုက်တော့သည်။

တကယ့်အမှန်တရားကို ယုံကြည်ကြသူတွေမှာ မူရင်းဝတ္ထုထဲ နာမည်အဆိုးဆုံးကျော်ကြားသောလူနှင့် သူ့ညီမ ဖြစ်နေကြတာက မထင်မှတ်ထားစရာ အခြေအနေတစ်ခုပင်။

"နင် တောင်းပန်စရာမလိုပါဘူး။ဒါကဘာမှမဟုတ်ဘူး"

"…"

ဒါ...ဒါကအစစ်အမှန်ပဲ။ သူမက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။

လူနာ၏ စိတ်ရင်းမှန်ဖြင့် ပြောလာသည်များကိုကြားရသဖြင့် ရို့စ်မယ်ရီ၏ စကားများခဏတာ ဆုံးရှုံးသွားရသည်။

တစ်ချိန်က ကြောက်ရွံ့မှုကြောင့် ကိုယ်ရံတော် အယောက်နှစ်ဆယ် ကို‌ခေါ်ထားခဲ့သော ရို့စ်မယ်ရီ၏ ပုံရိပ်ကို လုံးဝပျောက်ကွယ်သွားသည်။ သူမမျက်လုံးထဲ၌ လူနာက အလင်းရောင်တွေ ဖြာထွက်နေသလိုပင်။

'ဒါပေမယ့် ဘာလို့လဲ။ ဒီလို ရည်မွန်တဲ့သူက ဘာလို့ ငါ့အကိုလို အရူးနဲ့ ချိန်းတွေ့ရတာလဲ'

ဟင့်အင်း သူမက ရည်မွန်တာပဲမဟုတ်ဘူး ကြင်နာတယ်၊ လှပတယ်၊ စာနာတတ်တယ်၊ ဖြူစင်တယ်၊ စိတ်ရှည်တယ်၊ ချစ်စရာကောင်းတယ်၊ ကျက်သရေလည်းရှိသေးတယ်!

ရို့စ်မယ်ရီသည် သူမ လဲကျလုနီးပါးဖြစ်တုန်းက လူနာ၏အကူအညီပေးလာသော မြင်ကွင်းကို သတိရသွားခဲ့သည်။

သူမခေါင်းထဲ ထိုပုံရိပ်က မည်မျှပင်ထပ်ခါခါပြန်ပေါ်နေပါစေ တွေးမိတိုင်း မယုံနိုင်လောက်အောင်ကို ကြည်နူးစရာကောင်းလှသည်။ ရုပ်တည်ကြီးဖြင့်ဟန်ဆောင်နေတတ်သော ကိုယ်ရံတော်များ သို့မဟုတ် ကျွမ်းကျင်မှုမရှိဘဲနဲ့ ကြွားဝါတတ်သော လူငယ်လေးများထက်ပင် ပို၍မိမိုက်နေခဲ့သည်။

'အာ ငါ့အကိုက အရူးဆိုရင်တောင်မှ သူမမှာတော့ မျက်လုံးရှိသေးတယ်လေ။ဒါမှမဟုတ် သူက သူမကို မြင်မြင်ချင်းချစ်မိသွားပြီး ချိန်းတွေ့ဖို့ ဖိအားပေးခဲ့တာများလား! သူ့ကို ချိန်းတွေ့ဖို့ အကျပ်ကိုင်ခဲ့တာပဲဖြစ်ရမယ်'

ဒါဟာ ဖြစ်နိုင်ချေရှိသော သီအိုရီတစ်ခုပင်။ ဒီလောက်ရည်မွန်ပြီးစိတ်ထားကောင်းသောသူမက အဲဒီ့လိုလူနှင့် ချိန်းတွေ့နိုင်စရာဘာအကြောင်းမှမရှိပေ။

အတိအကျကြီး ခြိမ်းခြောက်အကျပ်ကိုင်ခဲ့တာ မဟုတ်ရင်တောင် သူမအကိုသည် လူနာကိုတွယ်ကပ်ပြီး ချိန်းတွေ့ဖို့တောင်းဆိုခဲ့တာ အမှန်ဖြစ်သည်။

ရို့စ်မယ်ရီက အနည်းငယ်စာနာသောမျက်နှာဖြင့် လူနာကိုမေးလိုက်သည်။

"နင် မကြာသေးမီက အခက်အခဲတွေရှိခဲ့သေးလား"

"…ဟင်"

ရုတ်တရက်ကြီး အခက်အခဲတွေအကြောင်းလား။

လူနာသည် သူမ၏ လက်ဖက်ရည်ထပ်သောက်ရန်ကြိုးစားခါနီးမှာပဲ မမျှော်လင့်ထားသော သူမအပေါ်စာနာနေသည့်အမူအရာကြောင့် ရပ်တန့်သွားရပြန်သည်။

သူမ၏မေးခွန်းက လုံးဝမမျှော်လင့်ထားစရာဖြစ်မှန်း ရိပ်မိလိုက်ပြီး အမြန်ရှင်းပြဖို့ ကြိုးစားလိုက်သည်။

"အာ!ငါပြောတဲ့ အခက်အခဲတွေဆိုတာက… စံအိမ်ကြီးနဲ့ ပတ်သတ်ပြီးနားလည်ရခက်တဲ့ အရာတွေကိုပြောတာ"

"အာ နားလည်ပြီ"

ရို့စ်မယ်ရီ၏ စိတ်အားထက်သန်သော ရှင်းပြချက်သည် အလုပ်ဖြစ်ခဲ့ပုံရသည်။ လူနာက ပြန်ဖြေလာခဲ့သည် ။

"တကယ်တော့ ငါက အခုထိ စံအိမ်အသေးလေးမှာပဲ တစ်ချိန်လုံး နေခဲ့ရတာ။ အဲ့တာကြောင့် ငါနဲ့ မရင်းနှီးသေးတာတွေ အများကြီးပဲ။ အစေခံတွေ ဘယ်လောက်လိုမှာလဲ၊ အရည်အချင်းရှိတဲ့ ဥယျာဉ်မှူးက ဘယ်သူလဲ၊ အိပ်ခန်းအတွက် ဘယ်အခန်းက အကောင်းဆုံးလဲ အဲ့လိုမျိုးတွေပေါ့"

"ဒါဆိုရင် ငါနင့်ကို သေချာပေါက် ကူညီပေးရမှာပေါ့"

ဒါပေါ့ သူမစိတ်ထဲမှာ တခြားအရာတွေလည်း ရှိသေးပေမယ့် လူနာလိုမျိုး ကြင်နာ၊ အေးမြ၊ လှပပြီး ပညာရှိတဲ့သူတစ်ယောက်အပေါ် သူမစိတ်ထဲရှိ မကောင်းတဲ့နတ်ဆိုးကို ချက်ချင်းကြီးထွက်ဖို့ခွင့်မပြုနိုင်ဘူး။

ရို့စ်မယ်ရီက သူမကို ငါးစာချလိုက်သည်။ ဒါကြောင့်ပဲ လူနာသည် ရို့စ်မယ်ရီက သူမကိုအမှန်တကယ်ကူညီလိုကြောင်းတွေးလိုက်မိကာ သတိထားပြီး ပြန်ပြောလိုက်သည်-

"နင့်ကို အနှောင့်အယှက် ပေးသလိုဖြစ်သွားလိမ့်ယ်။ငါက တော်တော်များများကို မသိတော့ နင့်ကိုပါ ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်စေချင်ဘူး"

"အဲ့လို မပြောပါနဲ့။ တကယ်တော့ မင်းက အရမ်းအံ့ဩဖို့ ကောင်းတဲ့လူတစ်ယောက်လို့ ငါထင်တယ်။ငါ နင်နဲ့ မကြာခဏတွေ့ပြီး ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်မိတယ်"

"ငါလား"

ပထမဆုံးအနေဖြင့် 'လူကောင်း' ဟုခေါ်ခံလိုက်ရသဖြင့် လူနာသည် သူမတောင်မသိလိုက်ခင်မှာဘဲ ရှက်သွေးဖြာမိသွားသည်။ တိုက်ရိုက်ချီးမွှမ်းလာသောကြောင့် သူမသည် ဘာလုပ်ရမှန်းမသိဖြစ်သွားရသည်။ လူနာသည် အပြင်လူများထံမှ ချီးမွမ်းခြင်းကို အံ့သြဖွယ်ကောင်းလောက်အောင် ခံနိုင်ရည်မရှိနေပေ။

"ဟုတ်တယ်။ အဲ့တာကြောင့် ကျေးဇူးပြုပြီး မတုံ့ဆိုင်းပါနဲ့။ အသေးအဖွဲလေးပဲ ဖြစ်နေပါစေ နင်မသိတာ ဒါမှမဟုတ် အခက်အခဲရှိတာနဲ့ ငါ့ကို အသိပေးလို့ရတယ်"

အဲဒီအသေးအဖွဲလေးကနေပြီးတော့ ရို့စ်မယ်ရီသည် လူနာပျော့ပျောင်းလာမည့်အချိန်တွင် အန်းသန့်စ်နှင့်သူမအကြောင်းကို တူးဖော်ပြီးဖမ်းရမယ်လို့ ခိုင်မာစွာကတိပြုခဲ့လိုက်သည်။သူမက ဖြူဖျော့ဖျော့လက်ကို လှမ်းထုတ်လိုက်သည် ။

"ငါတို့ကြားမှာ အထူးချိတ်ဆက်မှုရှိတဲ့ပုံပဲ။ ငါတို့က အသက်အရွယ်အတူတူပဲဆိုတော့ သူငယ်ချင်းဖြစ်ကြရအောင်လေ"

ဟုတ်ပါတယ်၊ သူမမှာ ဖုံးကွယ်ထားသော ရည်ရွယ်လျက် တစ်ဝက်လောက်ရှိသေးသည်။ မဟုတ်ဘူး၊ အဲဒါက အကြောင်းပြချက်၏သုံးပုံတစ်ပုံမျှသာရှိသေးသည်။

လူနာသည် ဖြန့်ထားသောလက်ကို ငုံ့ကြည့်လိုက်ပြီး ရို့စ်မယ်ရီ၏လက်ကို သတိထားကာ ကိုင်လိုက်သည်။

ဖုံးကွယ်ထားသောရည်ရွယ်ချက်များ ပြည့်နှက်နေသော်လည်း ဒါက လူနာ၏ ပထမဆုံးသော သူငယ်ချင်းစစ်စစ်ဖြစ်သည်။

"ဒါဆို နင် ငါ့ကိုဂရုစိုက်ပေးရတော့မှာပဲ"

* * *

"သူမက အရမ်းကြင်နာပြီး အေးသလိုပဲ"

လူနာသည် အိမ်ဆီသို့ ပြန်သွားနေသောရထားပေါ်တွင် ရထားနံရံကို မှီကာ ငေးမောနေပြီးပြောလိုက်သည်။

"သခင်မလေး ပြောတာက သူမကကြင်နာတယ်ဆိုပေမဲ့ အေးစက်တယ်လို့ ဆိုလိုတာလား"

"အဲ့ဒါက စာချုပ်အကြောင်းပါ။သူမက ထူးထူးခြားခြား အခြေအနေမတောင်မရှိဘဲနဲ့ အကုန်သဘောတူခဲ့တာ။ အစေခံတွေနဲ့ ဥယျာဉ်မှူးတွေကိုတောင် ဆက်ပြီး ကျွန်မဆီမှာ အလုပ်လုပ်ခွင့်ပေးခဲ့သေးတယ်။ ဒါတောင် ကျွန်မတို့ကလက်မှတ်မထိုးရသေးဘူး"

"အာ ဒါကြောင့် သခင်မလေးက 'အေးတယ်' လို့ ပြောတာကိုး"

လော်ရာသည် ဝေါဟာရအသစ်တစ်ခုကို သင်ယူလိုက်ရသလိုမျိုး ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။လူနာက ရိုယာသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့တာကို သတိပြုမိပြီး လှမ်းမေးလိုက်သည်။

"ရိုယာ ရှင် အဆင်ပြေရဲ့လား"

"ဟင်"

"ရှင် အရမ်းတိတ်နေလို့။ရှင် စောဏက လဲကျတုန်း ဒဏ်ရာ ရသွားလို့လား"


အထိန်းအကွပ်မရှိ စပ်မိစပ်ရာ စကားများလေ့ရှိသော လူနာသည် သူမ၏ စကားများကို ထိန်းထားရင်း စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။ ရိုယာသည် သူမ၏ စိုးရိမ်သောအမူအရာကိုကြည့်ကာ အပြစ်ရှိသလိုခံစားလာရသည်။

သို့သော် ပြီးခဲ့တာက ပြီးခဲ့ပြီဖြစ်သည်။ လိမ်လည်မှုကို အဆုံးအထိ ဆက်လက်ထားရှိရန် အရေးကြီးသည်။

အဲ့ဒါကို ထုတ်ဖော်ပြီး သူမ၏စိတ်ကိုမကောင်းအောင်လုပ်တာထက် လျှို့ဝှက်ထားတာက ပိုကောင်းပေသည်။

"…ဟုတ်၊ ကျွန်တော်အဆင်ပြေပါတယ်။ မားကွစ်မိသားစုကို အတော်ကြာမှပြန်မြင်ရလို့နည်းနည်းတုန်လှုပ်သွားတာ။ ဒါပေမယ့် ပိုအရေးကြီးတာက လေဒီလူနာပါ"

"ဟမ်"

"လေဒီ သူငယ်ချင်းကောင်းတွေ လုပ်သင့်တယ်လို့ ကျွန်တော်ယုံကြည်တယ်"

"ဟင်…"

"ဒီတိုင်းပြောတာပါ"

အဓိပ္ပာယ်မရှိသော စကားများကို ပြောပြီးနောက် ရိုယာသည် တစ်ခုခုကိုအမှတ်ရနေသကဲ့သို့ ခေါင်းတညိတ်ညိတ်လုပ်လာသည်။ ဒီ့အပြင် သူဘာမှထပ်လုပ်လို့မရတော့ပေ။ သူသည် ဖြစ်ပျက်နေသမျှများကို သဘာဝအတိုင်း ထားရန်သာ လိုအပ်သည်။

လူနာနှင့် လော်ရာတို့သည် ရိုယာ၏ ရုတ်တရက် အမူအရာများကို နားမလည်သောကြောင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

* * *
ထိုညနေခင်းတွင် စံအိမ်၌ စားသောက်ပွဲကျင်းပကြသည်။ နောက်နေ့မနက်စောစောတွင် ဗင်းဆင့်နယ်မြေကို ထွက်ခွာမည့် ဘယ်ရွန်မြို့စား၊ တင် နှင့် ဟင်နရီတို့အတွက် ပွဲဖြစ်သည်။

အားလုံးက စားပွဲမှာဝိုင်းထိုင်ကြပြီး အမ်မာ ဂရုတစိုက်ပြင်ဆင်ထားသည့် အစားအသောက်များကို ပျော်ပျော်ပါးပါး စားခဲ့ကြသည်။

စကားစမြည်ပြောရင်း စောစောက လူနာ ရောက်ခဲ့သော အိမ်ကြီးအကြောင်း ရောက်သွားခဲ့ကြသည်။ လူနာသည် အိမ်ကြီးကမည်မျှ အံ့သြဖွယ်ကောင်းကြောင်း သူမအဖေအား အသေးစိတ်ပြောပြလိုက်သည်။

"အိုး၊ အဲလောက်တောင် အံ့သြစရာကောင်းတာလား"

"ဟုတ်တယ်! ဒီလိုအေးတဲ့ ရာသီဥတုဖြစ်နေတာတောင်မှ နှင်းဆီပန်းတွေက အပြည့်ပွင့်နေကြတာ။ 'နှင်းဆီများ စံအိမ်' ဆိုပြီး နာမည်ကြီးတယ်။သမီးတော့ အဖေလည်း ကြိုက်မယ်ထင်တယ်"

အိမ်ကြီးပိုင်ရှင်သည် အန်းသန့်စ်၏ညီမ ရို့စ်မယ်ရီဖြစ်သည်ဟူသောအချက်ကို သူမချန်ထားခဲ့လိုက်သည်။

အဲ့ဒါက ရို့စ်မယ်ရီကို မကြိုက်တာမဟုတ်ပေမယ့် ဒီအဖြစ်အပျက်ကို အန်းသန့်စ်နှင့် မလိုအပ်ဘဲ မချိတ်ဆက်ချင်ပေ။

'နောက်ကျရင်တော့ ရှာတွေ့ရင်တွေ့မှာပေါ့။အများကြီးနောက်ကျမှလည်းဖြစ်နိုင်သလို။ ဘယ်တော့မှ မ‌သိတာလည်းဖြစ်နိုင်တယ်'

ဒီရှုပ်ထွေးမှုများကြောင့် သူမ ပင်ပန်းနေပြီးဖြစ်သည်။ လူနာ၏ဖော်ပြချက်ကို ဘယ်ရွန်က ရယ်မောလိုက်သည်။

"သမီး ရွေးချယ်သမျှက ကောင်းမယ်ဆိုတာ အဖေသိပါတယ် လူနာ"

ဘယ်ရွန်မြို့စားသည် ရက်အနည်းငယ်လောက်သာ လေ့လာသင်ယူခဲ့ရသော်လည်း ကံမကောင်းစွာပင် သူ့ရှေ့ရှိ အသားကင်ကပင် သူ့ထက် ပိုကျန်းမာနေပုံရသည်။

လူနာသည် ထမင်းစားရပ်လိုက်ပြီး တင်ကို လှမ်းပြောလိုက်သည် ။

"သင်ယူတာချည်းလုပ်နေရင် ကျန်းမာရေး ညံ့သွားလိမ့်မယ်။အနည်းဆုံး နေရောင်ခြည်လည်း ခံပေးသင့်တယ်"

နေရောင်ခြည်မရခြင်းသည် ဗီတာမင် D ချို့တဲ့မှုကို ဖြစ်စေနိုင်ပြီး ပင်ပန်းနွမ်းနယ်ခြင်း စောစီးစွာ အိုမင်းရင့်ရော်ခြင်းဖြစ်စေကာ သက်တမ်းတိုစေနိုင်သည်။

သူမ အရမ်းလွန်ကဲစွာ ကောက်ချက်ချထားသော်လည်း နေရောင်ခြည်သည် အမှန်တကယ်ပင် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည်။ တင် သည် လူနာဆိုလိုသော အဓိကအချက်ကို နားလည်တာကြောင့် ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော်နားလည်ပါတယ်။ မနက်တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ဖယ်ပေးထားလိုက်ပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

ဘယ်ရွန်သည် သူ၏လေ့လာမှုလုပ်ရိုးလုပ်စဉ်တွင် လေ့ကျင့်ခန်းများပါ ထည့်သွင်းတော့မည်ဆိုတာကြားပြီး ဖြူဖျော့သွားတော့သည်။ သူသည် မြို့စားကြီးစံအိမ်တွင်အလုပ်လုပ်ခဲ့သောနေ့ရက်များကိုပင် လွမ်းဆွတ်လာမိတော့သည်။

"... လူနာ။ တစ်ခါတစ်လေ သမီးက အဖေ့ကို လန့်စေတာပဲ"

"သမီးလည်း အဲလိုပဲခံစားရတယ်။ တစ်ခါတလေ အဖေက သမီးကို လန့်စေတယ်"

နည်းလမ်းကျကျပြောရမယ်ဆိုရင် ဘယ်ရွန်က ရံဖန်ရံခါ ပြဿနာရှာခဲ့ပြီး လူနာကတော့ သူ့ကို ကျန်းမာအောင် ကူညီပေးနေတာဖြစ်သည်။ နောက်ဆုံးတွင် ဘယ်ရွန်သည် သူအရေးနိမ့်ကြောင်း ပထမဆုံး ဝန်ခံခဲ့လိုက်သည်။


"အားလုံးပြင်ဆင်ပြီးသွားပြီလား။အဖေတို့ မနက်ဖြန်မနက် ထွက်မယ်လို့ပြောခဲ့တယ် မလား"

"အင်း အားလုံး ထုတ်ပိုးပြီးသွားပြီ။အဖေတို့လုပ်ဖို့ကျန်တာက ရွှေ့ဖို့ပဲရှိတော့တယ်။ ဟိုကိုရောက်တာနဲ့ သခင်လေး အန်းသန့်စ်ဆီက အကူအညီယူဖို့ အဖေတို့စီစဉ်ထားတယ်၊ ဒါကြောင့် ပြင်ဆင်စရာသိပ်မရှိဘူး"

"ကိုယ်ပိုင်ကြေးစားကိုယ်ရံတော်ကို မေ့နေတာတော့ မဟုတ်ဘူးမလား"

လူနာသည် သူမအဖေက အခြားသူများနှင့် သွားရန် စီစဉ်ခဲ့သော်လည်း သူ့အတွက် စိုးရိမ်နေဆဲဖြစ်တာကြောင့် ကိုယ်ပိုင်ကြေးစားတစ်ဦးကို ငှားရမ်းရန် တိုက်တွန်းခဲ့သည်။ ဒါတောင်မှ မေ့ဖြစ်အောင်မေ့လိုက်သေးတာလား။

ဘယ်ရွန်မြို့စားသည် သူမအလွန်အမင်း စိုးရိမ်နေတာဖြစ်ကြောင်း ပြောချင်နေသောမျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဒါက အလွန်အကျွံလို့ထင်ရပေမယ့် သမီးရဲ့အကြံကို အဖေလျစ်လျူမရှုနိုင်ဘူး။ မနက်ဖြန်ကျရင် တွေ့မှာမို့ စိတ်မပူနဲ့"

ဘယ်ရွန်မြို့စား၏ ခရီးတိုလေးထွက်နေသကဲ့သို့ ပေါ့ပေါ့ပါးပါး တုံ့ပြန်မှုအပြီးတွင် ခဏတာ တိတ်ဆိတ်သွားတော့သည်။ လူနာ သည် မလိုအပ်ဘဲ အထီးကျန်သလို ခံစားလိုက်ရသည်။

လူနာက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"သွားတဲ့အခါကျရင် သတိထားအုံး။ စားဖို့ မမေ့နဲ့၊ လေ့ကျင့်ခန်းလည်းလုပ်ရမယ်။သမီးက အဖေ့ကို နှောက်ယှက်ဖို့ ပြောနေတာမဟုတ်ဘူး။လူဆိုတာ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်"

"ဟုတ်ပါပြီ၊ လူနာ...သမီးက အဖေ့ကို ဘယ်တုန်းက အနှောက်အယှက်ဖြစ်စေလို့လဲ။ သမီးကသာ အဖေ့ကို အကူအညီဖြစ်တဲ့အကြံဉာဏ်တွေ အမြဲပေးခဲ့တာလေ"

"ရွှေတွင်းကို မကြာခင် သွားကြည့်ရတော့မှာ။ အဖေကျန်းမာနေရဲ့လားဆိုတာ သမီးအမြဲစစ်ဆေးမှာနော်။ အဖေသာ နေမကောင်းအောင်နေရင် သမီးသက်ညှာမှာမဟုတ်ဘူးနော်"

"အဲဒါကိုတော့ စိတ်မပူနဲ့"

"ပြီးတော့ အန်းသန့်စ် ပြဿနာရှာရင် သမီးကို ချက်ချင်းအသိပေး။ သမီးချက်ချင်းလာပြီး သူ့ကို ကြိမ်းမောင်းပေးမယ်"

"ဟားဟား! အဲ့တာမဖြစ်လောက်ဘူးလို့ သံသယရှိပေမယ့် အဖေ ဒါကို စိတ်ထဲမှာမှတ်ထားပါ့မယ်"

လူနာသည် ပွင့်ပွင်းလင်းလင်းပြောခဲ့သော်လည်း ဘယ်ရွန်မြို့စားကမူ ရယ်စရာအဖြစ်သတ်မှတ်ကာ ရယ်မောလိုက်သည်။ ရိုယာကသာလျှင် လေးနက်သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် လော်ရာသည် သူမ၏ပန်းကန်များကိုချကာ မျက်ရည်ကျလာခဲ့သည်။ လူနာသည်သာ ခွဲခွာရခြင်းအတွက် စိတ်မကောင်းဖြစ်မိသော တစ်ဦးတည်းသောသူမဟုတ်ပေ။

"သခင် ကျန်းမာအောင်နေပါ"

"လော်ရာ၊ လူနာကို ဂရုစိုက်ပြီး နေကောင်းအောင်နေပါ။ အမ်မာ ကျေးဇူးပြုပြီး လူနာကို ဂရုစိုက်ပေးပါ"

"စိတ်မပူပါနဲ့ ခရီးကို အန္တရာယ်ကင်းကင်းသွားပါ သခင်"

အမ်မာလည်းပဲ ဝမ်းနည်းသလိုခံစားနေရသည်။ ဘယ်ရွန်မြို့စားထံမှ နာမည်အခေါ်ခံရပြီးနောက် သူမ မျက်ရည်များကို လက်ကိုင်ပဝါနဲ့ သုတ်လိုက်တော့သည်။ဆင်းရဲမွဲတေမှုတွေကြောင့် အခက်အခဲတွေ ကြုံလာရပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီး အသေးအမွှားလေးတွေကအစ ကျေးဇူးသိတတ်ကြသူများဖြစ်ကြသည်။

ထုံထိုင်းသော ခံစားချက်ဖြင့် ရိုယာက စကားဝင်ပြောလိုက်သည်။

"ဘယ်ရွန်မြို့စား၊ ဒီလိုနေ့မျိုးမှာ ဝိုင်တစ်ခွက်လောက် မသောက်သင့်ဘူးလား"

"ဟုတ်တယ်၊ လူတိုင်းသောက်သင့်တယ်!"

ဤကျေးဇူးကြောင့် လူတိုင်းဝိုင်ကို ဝေမျှခဲ့ကြပြီး စိတ်းအနည်းငယ် ပေါ့ပါးသွားခဲ့ကြသည်။

၎င်းသည် အရသာမရှိသောဝိုင်ဖြစ်သော်ငြားလည်း ယနေ့တွင်တော့ ထိုမျှဆိုးရွားသည်ဟု မခံစားနေရပေ။

TK Team