Chapter 1
Viewers 474

⛰️Chapter 1

နိုးထလာခြင်း။



ဩဂုတ်လက ဒီအချိန်တွင်အပူဆုံးဖြစ်ပြီး နေရောင်က မြေကြီးကိုကျက်မတတ်ကင်နေရာ တစ်မြို့လုံးကပေါင်းအိုးထဲရောက်နေသလို ခံစားနေရသည်။ မြေကြီးမှတက်လာသော အပူငွေ့များသည် မြင်ကွင်းကိုဝေဝါးသွားစေ၏။


တန့်ချိုးတောင်ခြေမှ ၁၀ကီလိုမီတာလောက်ဝေးသောနေရာတွင် ချင်းဝမ်ထောင်က နဖူးမှစီးကျလာသောချွေးများကို လက်တစ်ဖက်ဖြင့်သုတ်လိုက်ကာ ဂနာမငြိမ်ဖြင့် သိပ်မဝေးသောနေရာမှ ဆောက်လုပ်ရေးဆိုဒ်ကို စောင့်ကြည့်နေ၏။သူ့လေသံက အလွန်ဖားယားနေကာ ပြုတ်ထွက်မတတ်ခေါင်းငြိမ့်ပြီး အရိုအသေပေးနေလေသည်။


“ခေါင်းဆောင်လု စိတ်မပူပါနဲ့ ဆောက်လုပ်ရေးက အဆင်ပြေပြေဆက်သွားနေပါတယ်၊ အကောင်းဆုံးဆောက်လုပ်ရေးအသင်းကို ကျွန်တော်ကိုယ်တိုင်ရှာထားတာပါ လဝက်အတွင်းမှာ တောင်ပေါ်လမ်းပြီးစေရမယ်လို့ ကျွန်တော်အာမခံပါတယ်ဗျာ၊ နှစ်ကုန်လောက်ဆိုရင် အုတ်မြစ်ချတာက နေရာကျသွားလောက်ပါပြီ”


ဖုန်းတစ်ဖက်ခြမ်းတွင် လုဟယ်နျန်က ကြီးမားသည့်ပြင်သစ်ပြတင်းပေါက်ရှေ့တွင်ရပ်ကာ တန့်ချိုးတောင်ရှိရာကိုငေးနေ၏။သူ၏သွယ်လျလျလက်ချောင်းများက ဖန်ခွက်ကိုညင်သာစွာတောက်နေပြီး ချင်းဝမ်ထောင်၏သိသာလှသည့်ဖော်လန်ဖားမှုကိုနားထောင်နေချိန်တွင် သူ့အမူအရာများက စိတ်မဝင်စားသလိုဖြစ်နေပေသည်။


“ဒီပရောဂျက်က မြန်မြန်ပြီးမှရမယ်၊ တောင်ပေါ် သဘာဝပေါက်ပင်တွေကို တတ်နိုင်သလောက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်ဖို့ကိုလည်း မင်းအစွမ်းရှိသလောက်အားစိုက်ထားပါ”


သူ့နှုတ်ခမ်းပါးများက ဂရုမစိုက်စွာပြောလာ၏။နွေလယ်ခေါင်ကြီးတွင် သူ့အသံက လူများကို အေးစက်မှုကြောင့် အေးခဲမတတ်ခံစားချက်များပေးနေပေသည်။


“နားလည်ပါပြီ နားလည်ပါပြီ၊ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရမယ် ကျွန်တော်နားလည်ပါတယ် ခေါင်းဆောင်လု。。。”


ချင်းဝမ်ထောင်က စကားနည်းနည်းဆက်ပြောချင်သေးသော်လည်း တစ်ဖက်ကဖုန်းချသွားပြီဖြစ်သည်။သူ၏ကပ်ဖားရပ်ဖားလုပ်နေသောအမူအရာက လျင်မြန်စွာပင် ပုံမှန်သန့်ရှင်းပြီး သပ်ရပ်သောအမူအရာသို့ပြောင်းလဲသွားလေသည်။


“သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ချင်သေးတယ်၊ ပရောဂျက်ကိုလည်းမြန်မြန်ပြီးချင်သေးတယ် လောကမှာဒီလိုကောင်းတဲ့ကိစ္စတွေက ဘယ်လိုလုပ်ရှိနိုင်မှာလဲ ”


ချင်းဝမ်ထောင်က သူ့ဘာသာသူရေရွတ်ကာ တိုးတက်မှုကြီးကြီးရှိနေသည့် မြေတူးစက်ဆီလျှောက်လာခဲ့သည်။သူက မြေတူးစက်မောင်းသည့်‌နေရာ၌ တာဝန်ရှိသည့် ချန်တမင်ကိုမျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။


“နှစ်နာရီတောင်ရှိနေပြီ မြေတူးစက်ကိုစမောင်းလိုက်တော့ ဒီသစ်ပင်က နေဝင်သွားရင်တောင် တူးထုတ်လို့ရပါ့မလား”


“သေချာတာပေါ့ဗျ မြေတူးစက်စဖွင့်လိုက်တာနဲ့ တူးရတာက လွယ်ကူသွားမှာ”


ဒါက ချန်တမင်တစ်ယောက် ပရောဂျက်ကြီးတွင် ပထမဆုံးပါဝင်ဖူးခြင်းဖြစ်သည်။အထက်မှဘော့စ်က  အကောင်ကြီးဖြစ်ရာ သူ့အရည်အချင်းများအားထုတ်ပြရန်မစောင့်နိုင်တော့ပေ။ ဘယ်သူသိမှာလဲ၊ဤတောင်ခြေသို့ရောက်ရောက်ချင်းပင် မန်နေဂျာချင်က သူတို့ကို ပြင်းထန်သည့်စက်ပစ္စည်းများအားသုံးခွင့်မပြုဟုပြောလာလေသည်။ ထို့အစား ပတ်ဝန်းကျင်ကိုတတ်နိုင်သမျှကာကွယ်ရန်အတွက် ဤဆောက်လုပ်ရေးတွင် လူအင်အားကိုသာသုံးခိုင်းလာသည်။နှစ်ရက်ကြာသွားပြီးနောက်တွင် သူ့လက်အောက်မှအလုပ်သမားများက စတင်မကျေမနပ်ဖြစ်လာကြပြီဖြစ်သည်။



ချန်တမင်က ဝမ်းသာနေမည့်အစား မန်နေဂျာချင်ကိုမေးလိုက်မိသည်။

“မန်နေဂျာချင် အခုလေးတင် ဘော့စ်နဲ့ဖုန်းပြောလိုက်တာမလား၊ ဘော့စ်ကစိတ်ပြောင်းသွားပြီလား ကျွန်တော်ပြောပါတယ် ဒီလိုတောင်အကြီးကြီးကို လုပ်အားမြင့်တဲ့စက်ပစ္စည်းတွေကိုသာမသုံးဘူးဆိုရင် ဆောက်လုပ်ရေးကိုဆက်လုပ်ဖို့နည်းလမ်းတကယ်မရှိတာဗျ”


“မင်းကိစ္စမဟုတ်ပါဘူး ဘာလို့ဒီလောက်တောင်အမေးမြန်းထူနေတာလဲ”

ချင်းဝမ်ထောင်က ဘာမှသိပ်မတွေးဘဲပြန်ဖြေလိုက်သည်။ အစက ချန်တမင်တို့အဖွဲ့၏လုပ်ဆောင်မှုသည် အရမ်းနှေးနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ထိုပုံစံနှင့်ဆိုပါက နှစ်ကုန်မပြောနှင့်၊ နောက်နှစ်ရောက်သွားလျှင်တောင် တောင်ပေါ်လမ်းကိုခင်းလို့ပြီးမည်မဟုတ်ပေ။


သူက အုတ်မြစ်ချရာတွင် တောင်ခြေမှသဘာဝပေါက်ပင်များကို ထိခိုက်မှုမရှိစေရကြောင်း ဘော့စ်လုကို လေလုံးထွားပြီးသွားပြီဖြစ်သည်။ မည်သို့ပင်ဖြစ်‌စေ အဆုံး၌ ထိုသစ်ပင်ပန်းမန်များသည် ဆက်ရှင်နိုင်မှာမဟုတ်ပေ။ အဲ့လိုဆိုမှတော့ မြေတူးစက်ကိုသုံးပြီးဘဲ တူးထုတ်လိုက်တော့မယ်။


ဒီပရောဂျက်သာ ကောင်းကောင်းပြီးသွားပါက ခေါင်းဆောင်လုအနေဖြင့် ဒီလိုကိစ္စများကို ဂရုစိုက်တော့မည်မဟုတ်ပေ။ ထိုသို့တွေးလိုက်သောအခါ ချင်းဝမ်ထောင်က သူဆုံးဖြတ်တာမှန်သည်ဟု ခံစားမိသွားသည်။ သူက လက်ရမ်းပြကာ ပြောလိုက်သည်။

“မြန်မြန်စလိုက်တော့”


ချန်တမင်ကခေါင်းညိတ်လိုက်ကာ မြေတူးစက်မောင်းသူများအား အလုပ်စရန်အချက်ပေးလိုက်သည်။ ‌ငါးယောက်ခြောက်ယောက်လောက်ရှိသည့် မြေတူးစက်မောင်းသမားတို့သည် တစ်ချိန်တည်းတွင်အလုပ်စလိုက်ကြသည်။ ချက်ချင်းဆိုသလို သူတို့နှင့်သိပ်မဝေးသောနေရာမှ လူတစ်ကိုယ်စာအထူရှိသည့် ရနံ့မွှေးပရုတ်ပင်တစ်ချို့သည် အမြစ်မှဆွဲလှန်ခံလိုက်ရသည်။ ဆယ်မီတာကျော်ရှည်သည့် သစ်ပင်များသည် မြေကြီးပေါ်သို့လဲကျလာကာ ဒုန်းခနဲအသံများထွက်လာ၏။ မြေကြီးနှင့်ရိုက်မိသည့်အရှိန်က  ကျောက်တုံးနှင့်သစ်ပင်များကိုတုန်ခါသွားစေကာ မြေအောက်တွင်ကျက်စားနေကြသည့် တိရစ္ဆာန်ငယ်လေးများသည် ကြောက်လန့်တကြားထွက်ပြေးသွားကြလေသည်။


“အမ် တန့်ချိုးတောင်မှာ ရှဉ့်နဲ့ယုန်တွေရှိနေတုန်းဘဲဟ”

ချင်းဝမ်ထောင်က ချုံပုတ်များကြားတွင်ပုန်းနေသည့် တိရစ္ဆာန်လေးများကို ကြည့်ကာပြောလိုက်သည်။ အခုခေတ်တွင်နေရာအားလုံးက ဖွံ့ဖြိုးတိုးတက်လာကြရာ တောင်အောက်တွင်နေသည့် တောရိုင်းကောင်လေးများက မျိုးတုန်းသွားတာကြာပြီဖြစ်သည်။


နယ်ခံတစ်ယောက်ဖြစ်သည့် ချန်တမင်ကရယ်ကာရှင်းပြလာသည်။

“မန်နေဂျာချင် ခင်ဗျားမသိ‌လို့ပါ၊ ကျွန်တော်တို့ရဲ့တန့်ချိုးတောင်က ‘စိမ်းစိုတဲ့တောင်ကုန်းတွေနဲ့ ရေကြည်’ရှိတဲ့နေရာကောင်းလေ ဒီလိုတိရစ္ဆာန်သေးသေးလေးတွေမပြောနဲ့ တောင်ပေါ်မှာဆို တောရိုင်းကောင်ကြီးတွေကိုတောင် တွေ့နိုင်သေးတယ်၊ တောင်ခြေကိုရောက်တာနဲ့ တကယ်သက်တောင့်သက်သာရှိသွားတာကို ခံစားရလိမ့်မယ်ဗျ၊ ခင်ဗျားရဲ့သူဠေးက တကယ်အမြင်ကောင်းရှိတာဘဲ。。。”


“တောရိုင်းတိရစ္ဆာန်တွေပေါပေမယ့် ဒီဒေသနားမှာ စားသောက်ဆိုင်ကောင်းကောင်းမရှိဘူး၊ တောကောင်တွေကိုမြည်းကြည့်ရရင်လဲ ဆိုးတော့မဆိုးလောက်ဘူး。。。”


ချန်တမင်က ချက်ချင်း‌သဘောပေါက်သွားပြီး သူ့မျက်လုံးများကိုမှေးကာ ပြောလာ၏။

“အကြံကောင်းဘဲ၊ ကျွန်တော်တို့ကင်စားလို့ရအောင် ယုန်နည်းနည်းလောက်သွားဖမ်းလိုက်မယ်”


“ဂျွီးးးးး”

ကျယ်လောင်လာသည့်ဆူညံသံများက နားအူသွားစေသည်။ယွင်ရုန်၏လက်ချောင်းလေးများက လှုပ်ရှားလာကာ တစ်တောင်လုံးက တုန်ခါနေသလိုခံစားနေရ၏။ ကျောက်တုံးနှင့် မြေကြီးများက သိမ့်သိမ့်တုန်နေကာ သစ်ပင်ရှည်များက တစ်ပင်ပြီးတစ်ပင်လဲကျလာကြသည်။ သစ်ပင်များနှင့် သဘာဝပေါက်ပင်များသည် ‌ကမ္ဘာမြေကြီးပေါ်သို့ဆွဲထုတ်ခံလိုက်ရသည်။ ကျေးငှက်များက အော်ဟစ်ကြေကွဲနေကြကာ တောင်ပေါ်မှသက်ရှိအားလုံးက ကြောက်လန့်တကြားငိုကြွေးလာကြသည်။အကုန်လုံးက သူတို့ဘဝအတွက်ထွက်ပြေးနေကြ၏。。。


တောင်ပတ်လည်၏‌ဆယ်ကီလိုမီတာအကွာအဝေးမှအသံများက သူမနားထဲဝင်လာသောအခါ ယွင်ရုန်၏စိတ်ဝိဉာဉ်က  ဆတ်ဆတ်တုန်သွားလေသည်။


“အရမ်းနာတာဘဲ၊ ငါတော့သေတော့မယ် ငါ့အမြစ်တွေက မြေကြီးထဲကိုဝင်လို့မရတော့ဘူး。。”


“ကယ်ကြပါဦး ငါဒီတောင်ပေါ်ကမထွက်သွားချင်ဘူး အရမ်းနာတာဘဲ ငါ့ကျောကကျိုးတော့မယ်。。 ”


ဤသည်များက ရှင်းမပြနိုင်လောက်သည့်ကိစ္စများကိုတွေ့ကြုံနေရသည့် သက်‌ရှိများ၏ အတွေးများဖြစ်သည်။သစ်ပင်၊ပန်းပင်နှင့် အပင်ငယ်များသာမက ကျောက်တုံးများကပါ ကျိုးပဲ့သွားကြလေသည်။ယွင်ရုန်က သူမရင်ထဲကို ဓားဖြင့်အထိုးခံလိုက်ရသလို ခံစားမိသွားသည်။ထောင်စုနှစ်2ခုကျော်ငြိမ်သက်နေခဲ့ပြီးနောက်တွင် သူမ၏စိတ်ဝိဉာဉ်က တဖြေးဖြေးအသိပြန်ဝင်လာခဲ့သည်။


တန့်ချိုးတောင်၏ အနက်ရှိုင်းဆုံးနေရာတွင် ကြည်လင်သောမျက်နှာနှင့် အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ဦးက လေထဲမှဖြေးဖြေးချင်း ထွက်ပေါ်လာလေသည်။


“အရမ်းဆူတာဘဲ。。。”

ယွင်ရုန်က ဒေါသတကြီးရေရွတ်လိုက်သည်။


“ဘယ်သူတွေက ဒီမှာလာပြီးဝုန်းဒိုင်းကြဲနေတာလဲ”


သူမအသံထွက်လာရုံလေးတင်မှာဘဲ ပြင်းထန်သည့်လေက တန့်ချိုးတောင်တစ်ခုလုံးကို ဖြတ်တိုက်သွားသည်။၎င်းက ထောင်နှင့်ချီသည့်မြင်းစစ်သည်များ လျင်မြန်စွာချီတက်လာသလိုပင် အလွန်အားကောင်းပြီး ကြီးမားသည့်မြင်းဟီသံများလိုမျိုး အသံထွက်လာ၏။


မြေတူးစက်မောင်းသမားက ကြောက်လန့်တကြားထခုန်လိုက်ကာ အောက်ဆင်းပြီးတစ်ချက်ကြည့်လာ၏။ သူက မြေတူးစက်၏တစ်ဖက်သည် သစ်ကိုင်းခြောက်များ၊သစ်ရွက်ဆွေးများနှင့်ဖုံးနေသည်ကို တွေ့လိုက်ရသည်။သူ့ရင်ထဲ၌ တစ်ခုခုကိုစိုးရိမ်ကြောင့်ကြလာကာ ရေရွတ်လိုက်သည်။


“နွေလယ်ခေါင်ကြီးမှာ ဒီလောက်ပြင်းတဲ့လေက ဘယ်နေရာကတိုက်လာတာလဲ”


အပြင်ဘက်မှဆူညံသံများကိုကြားသောအခါ ချန်တမင်က အလုပ်သမားတဲထဲမှထွက်လာပြီး မျက်မှောင်ကြုတ်ကာ‌မေးလိုက်သည်။


“ခုနတုန်းကဘာဖြစ်တာလဲ၊ လုပ်နေတာကိုရပ်ပြီး သွားကြည့်လိုက်‌လေ ”


မြေတူးစက်မောင်းသမားက သစ်ကိုင်းခြောက်များဖုံးနေသည့်အပိုင်းကိုထိကြည့်လိုက်သည်။ ကျောက်တုံးတစ်တုံးက မြေတူးစက်တွင်အပေါက်တစ်ပေါက်ဖြစ်သွားစေလေသည်။ သူ့ရင်ထဲတွင်ပိုပြီး မသေချာမရေရာဖြစ်လာကာ သတိအပြည့်ဖြင့် လေးနက်စွာပြောလိုက်သည်။


“ခုနလေးတင် တော်တော်လေးပြင်းတဲ့လေတိုက်သွားလို့ပါ အဲ့လေကြောင့်ကျောက်တုံးလွင့်သွားပြီး ဒီကိုရိုက်သွားတာ。。。。”


“လေလေးနည်းနည်းတိုက်သွားတာကို ဘာထူးဆန်းလို့လဲ နှေးတိနှေးတုံ့မလုပ်ဘဲ မြန်မြန်အလုပ်လုပ်တော့ မှောင်တော့မယ် ”

ချန်တမင်က ဘာမှထပ်နားမထောင်လိုတော့ဘဲ မြေတူး‌စက်မောင်းသူကို စကားဆက်‌မပြောခိုင်းတော့ပေ။သူ့ရင်ထဲတွင် လေတိုက်တာများဘာထူးဆန်းလို့လဲဟုတွေးလိုက်မိသည်။ထို့နောက် သူကဝန်ချီစက်မောင်းသူကို လှည့်ပြောလိုက်သည်။


“ဘာလုပ်နေကြတာလဲ၊ မြေကြီးတွေနဲ့သစ်ပင်တွေကို မရှင်းရသေးဘူးလေ မြန်မြန်ရှင်းထုတ်လိုက်”


သိပ်မကြာခင်မှာဘဲ စက်များက အလုပ်ပြန်လုပ်လာကြကာ ဆူညံသံများက တောင်ထဲတွင် ပြန်ထွက်ပေါ်လာလေသည်။


ယွင်ရုန်၏မျက်တောင်များက တုန်လှုပ်လာကာ မျက်လုံးဖွင့်လိုက်ပြီး သူမ၏စိတ်ဝိဉာဉ်အာရုံဖြင့် တန့်ချိုးတောင်တစ်ဝိုက်ကိုကြည့်လိုက်သောအခါ တောင်ခြေနားတွင် လူတစ်ချို့က သဘာဝပေါက်ပင်များကိုဖျက်စီးနေသည်ကို မြင်လိုက်ရသည်။ နှလုံးခုန်သံတစ်ချက်အတွင်းမှာပင် ဒါဇင်နှင့်ချီသည့်သစ်ပင်များက မြေကြီးပေါ်သို့လဲကျသွားကြလေသည်။


သူမက တန့်‌ချိုးတောင်မှသက်ရှိအားလုံး၏ ကာကွယ်သူဖြစ်သည်။ သက်ရှိများကို ကောင်းမွန်သည့်ရာသီဥတုအား ခံစားစေကာ မြေဆီလွှာကိုလည်းအခြေချဖို့သင့်တော်အောင် ထိန်းသိမ်းရသည်။

သူမနှစ်အနည်းငယ်‌လောက်လောက်သာ အိပ်ပျော်ရ‌သေးသည် ၊ ဒီလူသားတွေက သူမရဲ့တောင်ကိုလာရွှေ့ရဲနေမယ်လို့မထင်ထားဘူး။


ယွင်ရုန်က သစ်ပင်လဲကျ‌လာ၍ နေရာအနှံ့ထွက်ပြေးနေရသော သတ္တဝါများကိုကြည့်ကာ သူမရင်ထဲမှပွက်ပွက်ဆူလာသောဒေါသကို မထိန်းထားနိုင်တော့ပေ။

ဒါကသူမရဲ့ပိုင်နက်၊ သူမရဲ့အိမ်။တန့်ချိုးတောင်တွင်ရှိသည့် နေရာတစ်ခုစီတိုင်း၌ အာဟာရပြည့်ဝနေရန် သူမအတော်လေးအားစိုက်ထုတ်ခဲ့ရသည်။


သေးနုတ်တဲ့လူသားတွေ၊ သူတို့က သူမကိုမျက်နှာသာဝောာင်မပေးဘူးဘဲ။


ယွင်ရုန်က တောင်ခြေနားမှ ဆောက်လုပ်ရေးဆိုဒ်ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ကာ စိတ်သောကရောက်သွားသလို မကျေမနပ်ပါဖြစ်လာသည်။


လူသားတွေက တကယ်ဘဲပိုပိုပြီးတော့ကို ရဲတင်းလာတာပဲ။သူတို့က နည်းနည်းလေးမှကျေးဇူးမတင်တတ်ရင်တောင် သူမစိတ်ထဲမထားဘူး။ဒါပေမယ့်သူမရဲ့တောင်ကိုဖျက်စီးပြီး သစ်ပင်တွေကိုအမြစ်လှန်နေတဲ့အပြင် တောင်ပေါ်ကတိရစ္ဆာန်လေးတွေကိုတောင် ဖမ်းစားဖို့တိုင်ပင်လိုက်သေးတယ်။တကယ်ဘဲ အရမ်းလွန်သွားပြီ။


တန့်ချိုးတောင်မှအပင်များ ဖျက်စီးခံလိုက်ရသည့်အတွက် သူတို့ကို သင်ခန်းစာကောင်းကောင်းမပေးလိုက်ရပါက သူမစိတ်မကောင်းဖြစ်နေရလိမ့်မည်။


ယွင်ရုန်ကစိတ်ပိုင်းဖြတ်လိုက်ကာ သူမ၏ပုံရိပ်က တောင်ထိပ်တွင်ပေါ်လာသည်။သူမက လက်တစ်ဖက်ကိုမြှောက်ကာ လေထုကိုဟက်တက်ခွဲလိုက်သည်။ချက်ချင်းဆိုသလိုပင် တိမ်မဲများက တန့်ချိုးတောင်ထိပ်၌ပေါ်လာကာ တောက်ပစွာထွန်းလင်းနေသည့် နေမင်းကိုဖုံးကွယ်လိုက်လေသည်။အသိအသာကြီးပင် နေ့လယ် ၄နာရီ၊၅နာရီလောက်သာရှိသေးသော်လည်း တန့်ချိုးတောင်ပတ်ပတ်လည်က အမှောင်ထု၏ဝန်းခံခြင်းကိုခံလိုက်ရသည်။


သူမ၏သွယ်လျပြီးလှပသည့် လက်ချောင်းများက တောင်အရပ်သို့ရွေ့လျားလာကာ တောင်ခြေကိုညွှန်ပြလိုက်သည်။ရုတ်တရက်ပင် လေပြင်းတစ်ခုက အရိုးခဲမတတ်အေးစက်မှုဖြင့် သစ်တောကိုဖြတ်သွားပြီး ဆောက်လုပ်ရေးဆိုဒ်ဆီသို့ဦးတည်သွားသည်။ လေပြင်းနောက်မှနေ၍ စိမ်းစိုနေသည့်သစ်ပင်များ၏တဝီဝီအသံကလိုက်ပါလာကာ သစ်တောထဲရှိတိရစ္ဆာန်များက စိတ်လှုပ်ရှားတကြီးထွက်ပေါ်လာကြသည်။ထို့အပြင်တန့်ချိုးတောင်ပေါ်၌ ‌ဆောင်းခိုနေသည့်သားရဲများကလည်း ရုတ်တရက်ပေါ်လာရာ ရက်စက်ကြမ်းကြုတ်သည့်အော်သံများထွက်ပေါ်လာလေသည်။


“ဘာ ဘာတွေဖြစ်နေတာလဲ မိုးကောင်ကင်ကရုတ်တရက်ကြီးဘာလို့မှောင်သွားတာလဲ”


ထောင်လွှားနေသောနေမင်းကြီးသည် ကောင်းကင်ပေါ်၌အစက်ပျောက်လေးတစ်ခုအဖြစ် လျှော့ချခံလိုက်ရကာ နေရောင်ခြည်များက မြူခိုးလိုပျောက်ကွယ်သွားလေသည်။


သူ့စကားက‌ဆုံးတောင်မဆုံးလိုက်ရဘဲ  လက်တစ်စုံကသူ့ကိုတွန်းချလိုက်သကဲ့သို့ပင် လေပြင်းတစ်ချက်က ရှေ့သို့တိုက်လာလေသည်။သူကနောက်ပြန်လဲကျသွားကာ သူ့လက်ထဲမှစီးကရက်မီးကလည်း လေဒဏ်ကြောင့်ငြိမ်းသွားသည်။


“ဒီလေက ဘယ်ကတိုက်လာတာလဲဟ。。。。”

သူပြော၍မပြီးခင်မှာပင် သူ့ပါးစပ်က မြေကြီးများဖြင့်ထိုးသိပ်ခံလိုက်ရလေသည်။


ချန်တမင်၏ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားကာ ချက်ချင်းပင် အလုပ်သမားတဲဆီသို့ပြေးသွားသည်။


ဤအချိန်တွင် အထဲ၌ ချင်းဝမ်ထောင်က ဖုန်းကစားနေသည်။ အပြင်ဘက်မှဘန်းခနဲအသံထွက်လာသောအခါ သူကအလန့်တကြားထရပ်လိုက်ပြီး ဒေါသတကြီးအော်ပြောလာသည်။

“ချန်တမင် အပြင်မှာဘာတွေဖြစ်နေတာလဲ”


သူပြောလို့မဆုံးသေးခင်မှာဘဲ ချန်တမင်က ဒယိမ်းဒယိုင်ဖြင့် အထဲဝင်လာကာ လဲကျသွားသည်ကိုမြင်လိုက်ရသည်။တံခါးကပွင့်လျက်သားရှိနေကာ လေပြင်းက တဝှီဝှီနှင့်အထဲဝင်မရဖြစ်နေ၏။


“ကျွန်တော် ကျွန်တော်လည်းမသိဘူး”

ချန်တမင်က ပြန်ဖြေကာ တံခါးကိုပြေးပိတ်လိုက်သည်။ဤအချိန်တွင် မြေစက်တူးမောင်းသမားတစ်ချို့ကလည်း အထဲကိုပြေးဝင်လာကြရာ လူတိုင်းကတံခါးနားတွင်ပြွတ်သိပ်နေကြသည်။


မြေတူးစက်မောင်းသူတိုင်း၏မျက်နှာပေါ်တွင် ကြောက်လန့်နေသောအမူအရာများရှိနေ၏။ခနကြာသွားပြီးနောက်တွင် လူတစ်ယောက်က တံတွေးမြိုချကာ ပြောလာလေသည်။

“ကြီးကြပ်ရေးမှူးချန် ကောင်းကင်ကရုတ်တရက်ကြီးဘာလို့မည်းမှောင်သွားတာလဲ”


ချန်တမင်လည်း ဘာမှမသိသဖြင့် ချင်းဝမ်ထောင်ကိုလှမ်းကြည့်လိုက်သည်။

“မိုးရွာတော့မှာများလား ဒီတိမ်မဲတွေက。。。”


“ဒီလိုတိမ်မဲတွေက ဘယ်လိုများရှိနိုင်မှာလဲ”

မြေတူးစက်မောင်းသမားများထဲမှ တစ်ယောက်က ကျယ်လောင်စွာရေရွတ်လာလေသည်။


“မိုးရွာတော့မယ်ဆိုရင်တောင်မှ ဒီလေကအရမ်းပြင်းလွန်းတယ်၊ ဟာရီကိန်းမုန်တိုင်းများလား မိုးလေဝသဌာနကလည်း ဒီလိုအကြောင်းမျိုးမပြောထားပါဘူး”


“ဟာရီကိန်းတော့မဖြစ်နိုင်ဘူး ဒီဒေသက ပုံမှန်အားဖြင့်အဲ့လိုမုန်တိုင်းမျိုးမတိုက်တတ်ဘူး”

ချင်းဝမ်ထောင်က ပြန်ချေပသည်။သို့သော် သိပ်မကြာခင်မှာဘဲ ရိုးရှင်းလှသည့်အလုပ်သမားတဲသည် သူ့ကိုဆန့်ကျင်နေသလို တကျွိကျွိမြည်သံများထွက်လာလေသည်။ တဲခေါင်မိုးကအချိန်မရွေး ပြုတ်ထွက်သွားနိုင်သည့်ပုံစံပေါက်နေ၏။


လူတိုင်း၏မျက်နှာများက ပြောင်းလဲလာကြသည်။အလုပ်သမားတဲကိုဖြစ်သလိုဆောက်ထားလျှင်တောင်မှ သာမာန်မုန်တိုင်းမျိုးကိုခုခံရာ၌ ဘာပြသနာမှမရှိပေ။အခုချိန်တွင်မူ ဤတဲကအသိအသာကြီးပင် အပြင်ဘက်မှမုန်တိုင်းဒဏ်ကိုမခံနိုင်တော့ပေ။


“မန်နေဂျာချင်း၊ ကြီးကြပ်ရေးမှူးချန် ဒါကနည်းနည်းမထူးဆန်းနေဘူးလား”


ချန်တမင်က အနည်းငယ်လှုပ်ခါနေသည့် တဲနံရံကိုထိလိုက်ကာ သူ့ရင်ထဲ၌ ပို၍မအီမသာဖြစ်လာပြီး စိတ်မရှည်စွာပြောလိုက်သည်။

“ဘာများဖြစ်နိုင်လို့လဲ”


“ဒါက တောင်မသန့်လို့များလား၊ တောင်ပေါ်မှာတစ်စုံတစ်ခုရှိနေတယ်လို့ အရင်မျိုးဆက်တွေပြောတာကြားဖူးတယ် 。。。”


“ဟုတ်မယ် အခုလေးတင် ကျွန်တော်သစ်ပင်ကိုတူးထုတ်နေတုန်းက ရုတ်တရက်ကြီး ထူးထူးဆန်းဆန်းလေတွေတိုက်လာတာ၊ အဲ့ဒီသစ်ပင်တွေကလည်း နှစ်ရာနဲ့ချီနေလောက်ပြီ သူတို့ကဝိဉာဉ်စွမ်းအားတွေရှိနေတာများလား。。。”


“ဘာအဓိပ္ပါယ်မရှိတာတွေလဲ”


ချင်းဝမ်ထောင်က ဘာသာမဲ့ဝါဒီသမားဖြစ်သဖြင့် စကားများကပိုပိုပြီးလွန်ကဲလာသည်ကိုမြင်သောအခါ သည်းမခံနိုင်တော့ပေ။သူက ဝေဖန်လိုက်လေသည်။

“မိုးကောင်ကင်က မဲသွားရုံလေးဘဲမဟုတ်ဘူးလား လေလေးနည်းနည်းတိုက်ရုံဘဲလေ ဒီလိုသဘာဝလွန်တဲ့ကိစ္စဖြစ်အောင်လုပ်စရာမလိုဘူး”


သူ့အသံထွက်လာလာချင်းပင် လူတိုင်းက ဒေါသထွက်နေသည့်အသံတစ်ခုကိုကြားလိုက်ရလေသည်။

“လူသားတွေ နင်တို့က ငါ့တောင်ကိုလာရွှေ့ရဲလောက်တဲ့အထိ သတ္တိကောင်းနေကြတာဘဲ”


ထိုအသံကိုနားထောင်လိုက်ရသောအခါ သူတို့ကနှင်းထုတစ်လွှာထဲတွင်ရစ်ပတ်ခံလိုက်ရသလို ခံစားမိသွားပြီး ဒူးများပျော့ခွေလာကာ အလိုလိုဒူးထောက်မိသွားလေတော့သည်။



⛰️