Chapter 32
Viewers 4k

Ch32-လက်ကိုင်ပုဝါ


► Spoiler warning tag

ဖန်ချန်းသည် ကောင်းချန်နောက်ကနေလိုက်လာခဲ့ပြီး ကောင်းချန်၏ထပ်ခါထပ်ခါညီးညူပြောနေသံကိုကြားနေခဲ့ရသည်။

 "သန့်စင်ခန်း သန့်စင်ခန်းဘယ်မှာလဲ"

သူကရှေ့တည့်တည့်ကို ဆက်လျှောက်သွားခဲ့သည်။

ကောင်းချန်၏မျက်လုံးများသည် တစ်ဝက်ဖွင့်နေပြီး တစ်ဝက်မှမှိတ်နေကာ အမြင်အာရုံများလုံးဝမကြည်လင်နေပေ။ ဟိုတယ်အိပ်ခန်းထဲမှာ အိမ်သာရှိသော်လည်း သူကအပြင်ထွက်ဖို့ကို ရွေးချယ်ခဲ့သည်။ ထို့အပြင် သူတို့သည် ဟိုတယ်နေရာသို့ ရောက်ရောက်ချင်း ဟိုတယ်ခန်းဆီသို့သာ တန်းတန်းမတ်မတ် သွားခဲ့ကြသည်။ ထို့ကြောင့် ယုတ္တိရှရှိပြောရလျှင် ကောင်းချန်သည် အများသုံးသန့်စင်ခန်းတည်နေရာကို မသိနေသင့်ပေ။

သို့သော် သူရှာတွေ့နိုင်ဆဲဖြစ်သည်။

စင်္ကြံ၏ အဆုံး ညာဘက်သို့ လှည့်လိုက်သည်နှင့် ရွံရှာဖွယ်ကောင်းသော ဆီးအနံ့က လေထဲသို့ စိမ့်ဝင်လာခဲ့သည်။ လေထုထဲတွင် အိမ်သာများထဲမှ စိမ့်ထွက်လာသော မနှစ်လိုဖွယ်ကောင်းသည့် ရနံ့များက တစိမ့်စိမ့်စိမ့်ထွက်နေခဲ့ပြီး ရေစက်ကျသံ "တတောက်တောက်" ကိုပါအတူ ကြားနေခဲ့ရသည်။

ကောင်းချန်က အထဲကိုလှမ်းဝင်သွားစဉ်တွင် ဖန်ချန်းသည် တံခါးဝတွင်ရပ်နေပြီး နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားခဲ့သည်။ ကောင်းချန်က သူ့ဘောင်းဘီကို ဇစ်ဖွင့်ကာ ဆီးခွက်ကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ခွေးတစ်ကောင်လို ပွတ်သပ်နေကာ "အား အီး အားး" ဟု အဆက်မပြတ် ရေရွတ်နေလေသည်။ ရူးသွပ်ခြင်းနှင့် စိတ်မရှည်ခြင်းတို့က ရောယှက်နေလေသည်။ သူ့အိတ်ကပ်ထဲမှာ ထည့်ထားသော ပန်းရောင်လက်ကိုင်ပုဝါသည် စိုစွတ်နေသည့် ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး ရေကိုစုပ်ယူလိုက်ကာ တဖြည်းဖြည်း အရောင်မှောင်လာခဲ့သည်။

သန့်စင်ခန်းဝင်ပေါက်မှ ဖန်ချန်းသည် ကောင်းချန်၏ထူးဆန်းသောအပြုအမူကို သတိပြုမိချိန်တွင် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

တိတ်ဆိတ်နေသည့်အခြေအနေတွင် ကောင်းချန်၏ မျက်လုံးများသည် ကော်ဖြင့်ပိတ်ခံထားရသလိုပင်... မည်မျှပင် ခက်ခက်ခဲခဲဖွင့်နေပါစေ...၎င်းတို့သည် ပိတ်ကျနေဆဲဖြစ်ကာ သူ့ပတ်ဝန်းကျင်ကို ပိုင်းခြားသိရန် တစ်မိနစ်မျှသာဖျတ်ခနဲ ကြည့်နိုင်ခဲ့သည်။

သူ့ခန္ဓာကိုယ်အောက်ပိုင်းက နာကျင်ကိုက်ခဲမှုနှင့်အတူ ပူလောင်မှုနှင့် အေးစက်မှုခံစားချက်တို့ကိုပါ တပြိုင်နက်တည်း ခံစားနေခဲ့ရသည်။ သူဖြေးဖြေးချင်းနိုးလာသည်နှင့်အနျှ ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရာ ဝင်ပေါက်တွင် ဖန်ချန်းရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ လှုပ်ရှားမှုများကိုရပ်တန့်၍ မရနိုင်တော့ဘဲ သူ့ကိုယ်သူ ဆီးသွားသည့် ဆီးအိုးအား အဆက်မပြတ် ဆောင့်သွင်းနေသည်ကိုသိလိုက်ရသည်။ ဆီးအိုးနှင့် လိင်တံရိုက်ခတ်လိုက်တိုင်း ကျိုးကြေသွားသလိုမျိုး ကြောက်မက်ဖွယ် တုန်လှုပ်ချောက်ချားဖွယ် အသံများက ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

"မင်း..ဘာလုပ်ခဲ့တာလဲ.." 

ဖန်ချန်း၏ ခွဲခြားမရခံစားချက်မရှိသော အသံထဲက ကျဉ်းမြောင်းသော နေရာအတွင်း၌ ပြင်းထန်စွာ ပဲ့တင်သံထပ်သွားခဲ့သည်။ သူ့အကြည့်တွေကို မြေပြင်ပေါ်ရှိ ပန်းရောင်လက်ကိုင်ပုဝါဆီ ကျသွားခဲ့ပြီး 

"မင်းဘာတွေလုပ်ခဲ့တာလဲ.. အဲ့လက်ကိုင်ပုဝါက ဘယ်သူပိုင်တာလဲ..."

ကောင်းချန်သည် ယားယံခြင်းနှင့် နာကျင်ခြင်းများကြောင့် ပုံပျက်နေသော အနေအထားဖြင့် ဆီးအိုးကိုအတတ်နိုင်ဆံုးမထိတော့အောင် ခြေထောက်များကို ဖားကဲ့သို့ ကွေးထားပြီး ဆီးခုံကို ဖိထားသည်။

"ဖန်ချန်း... ငါ့ကိုကယ်ပါအုံး!" 

သူစဉ်းစားနိုင်သမျှသည် အကူအညီတောင်းဖို့သာဖြစ်သည်။ ဖန်ချန်း၏ စကားများကိုလျစ်လျူရှုထားပြီး ဖန်ချန်းက သူ့ကို ဆွဲထုတ်ဖို့ကိုသာ မျှော်လင့်နေခဲ့သည်။

ကောင်းချန်သည် ရုန်းကန်နေရင်း ခေါင်းကို မော့လိုက်ပြီး သူ့လက်များက ထိန်းမနိုင်သိမ်းမရဖြစ်နေတာကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ဖန်ချန်းထံသို့ လက်လှမ်းဖို့ အတော်အတန် အားထုတ်ခဲ့သည်။ 

"ငါ့ကိုကယ်ပါ!" 

ဖန်ချန်းက သူ့ကို ဆွဲထုတ်လာသရွေ့ မာရ်နတ်လက်ထဲကနေ လွတ်မြောက်နိုင်ပြီလို့ သူထင်နေတာကြောင့် သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်များက တဖျပ်ဖျပ်ခတ်နေခဲ့သည်။

ဖန်ချန်းက သူ့လက်ကို မြှောက်လိုက်ပြီး လေထုအလယ်မှာ ရပ်သွားခဲ့ကာ နောက်ကိုလှည့်ကြည့်လိုက်သည်။

သူ့ရှေ့တွင် ကြက်သွေးရောင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။ အဖြစ်မှန်နှင့် ထင်ယောင်ထင်မှားကို မခွဲခြားနိုင်တာကြောင့် မျက်တောင်ကိုမခတ်ဝံ့ပေ။ သို့သော်လည်း အနီရောင်အရိပ်သည် ဘယ်တုန်းကမှ မရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

"...ဖန်ချန်း!.." 

ကောင်းချန်သည် အပြည့်အဝ သတိပြန်ရလာသော်လည်း သူ့ခန္ဓာကိုယ်ကိုတော့ မထိန်းချုပ်နိုင် သေးပေ။ သူက ဖန်ချန်း၏ ဆိုင်းငံ့နေသော လက်ကို ကြည့်ပြီး စိတ်မရှည်စွာ အော်လိုက်သည်။

ဖန်ချန်းက သူ့ကို နောက်ပြန်လှည့်ကြည့်လာသော်လည်း သူ့လက်ကို လွှတ်ချခဲ့လိုက်သည်။ ကောင်းချန်၏ နှလုံးသားသည် ကျဆင်းသွားပြီး သူ၏ပြူးကျယ်နေသော မျက်လုံးများထဲတွင် ကူကယ်ရာမဲ့ စိတ်ပျက်အားငယ်မှုတို့က ရောထွေးလာခဲ့သည် 

"အဲ့ဒါက ဘယ်သူ့လက်ကိုင်ပုဝါလဲ.."

ဖန်ချန်း နှုတ်ခမ်းများက ခြောက်သွေ့နေကာ ထပ်မေးလိုက်သည်။

"အဲဒါ...အဲဒါက..."

ကောင်းချန်၏ မျက်လုံးများ လည်သွားကာ သူ့ခန္ဓာကိုယ်အောက်ပိုင်းရှိ ပြင်းထန်သော ယားယံမှု ရုတ်ခြည်း လျော့ပါးသွားပြီး နာကျင်ခြင်းမျှသာ ကျန်တော့သည်။ နာကျင်မှုက ပြင်းထန်လွန်းတာကြောင့် မတ်တပ်ရပ်ဖို့ပင် မဖြစ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။ သို့သော် သူ့လိင်တံသည် အေးစက်နေသောကြမ်းပြင်ကို ခွေးတစ်ကောင်လိုမျိုး ဆက်လက်ပွတ်တိုက်နေခဲ့သည်။

လင်းထင်းနေသည့် ရောင်စုံမီးလုံးများက ကောင်းချန်စိတ်ထဲ လွှမ်းလာခဲ့သည်- DJ ၏ အော်သံ...dance floor ပေါ်ရှိ လူအုပ်ကြီး...ဝိုင်နက်ရောင် ကုလားကာများနှင့် သူ့အား သန့်စင်ခန်းတည်နေရာကို မေးလာခဲ့သော မိန်းကလေး...

ကောင်းချန်က နာကျင်စွာ အော်ဟစ်လာခဲ့ပြီးပြောလာခဲ့သည်...

"သူမက စိတ်လိုလက်ရ လုပ်ခဲ့တာ၊ အဲဒါက သူမရဲ့ အကြံအစည်ပဲ... သူမက ငါ့ကို မြူဆွယ်ခဲ့တာ"

ကောင်းချန် မကြာခဏလာလေ့ရှိသော ဘားတစ်ခုရှိပြီး 'ညသစ်' ဟု အမည်ရခဲ့သည်။ ထိုညတွင် သူသည် အရက်အနည်းငယ်သောက်ထားခဲ့သည်။ သို့နှင့် ကောင်မလေးတစ်ယောက်က သန့်စင်ခန်းအကြောင်းမေးလာသည့်ခဲ့သည်... ဖိတ်ခေါ်လာခြင်းလို့ မယူဆ ပေဘူးလား.. သူက သူမတောင်းဆိုချက်ကို လိုက်နာရုံမျှသာ.. သူမ၏ လက်ကိုင်ပုဝါကို အမှတ်တရအဖြစ် ယူထားခဲ့ကာ သူမမျက်ရည်များကိုပင် သုတ်ပေးခဲ့သေးသည်။ သူမအတွက် အများကြီးလုပ်ပေးခဲ့သည်ကို သူမတွင်ရဲကိုခေါ်ပြီး ဖမ်းခိုင်းဖို့ အခွင့်အရေးဘယ်ကရလာခဲ့သနည်း...သူ့အိမ်နီးနားချင်းတွေတောင်မှ သူက လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံတတ်သော သဘောကောင်းသည့်သူဖြစ်ကာ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်မယ့်သူနဲ့ မတူဘူးဟု ပြောဆိုလာပေးခဲ့ကြသည်။

သူသည် အခြားသူများနှင့် အမြဲတမ်း ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည်။ ယုံကြည်စိတ်ချရသော သက်သေအထောက်အထားများအဖြစ် လူအများက သူ့ဘက်မှ ထောက်ခံလာပေးလာကြကာ အားလုံးက ပြောခဲ့ပေးကြ‌သည်- "သူက အတွင်းစိတ်မငြိမ်မသက် ဖြစ်နေတာမျိုး ဖြစ်နိုင်တယ်"

ထို့ပြင် သူသည်လည်း သူ့ကိုသူအမှားလုပ်မိခဲ့သည်ဟု မထင်ခဲ့ပေ။

နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့တာ ရှင်းရှင်းလင်းလင်းပင်ဖြစ်သည်။

‌ဖန်ချန်း၏ သွေးများ အေးစက်လာကာ သူ့ခေါင်းသည် နာကျင်စွာ တဆတ်ဆတ်တုန်လာခဲ့သည်။ သူ့မျက်လုံးများမှ မျက်ရည်များ ထွက်ကျလာပြီး အဆက်မပြတ် အန်ချင်လာသလို ခံစားခဲ့ရသည်။

ပြင်းထန်သော နာကျင်မှုကြောင့် ကောင်းချန်၏ ဝမ်းဗိုက်ရှိ အသားများ တုန်ခါလာခဲ့သည်။ ခြေထောက်များကြားမှ သွေးများ စိမ့်ထွက်လာပြီး ခြောက်ခြားအခြေအနေတွင် ရှိနေစေခဲ့သည်။

"ဖန်ချန်း ဖန်ချန်း ကယ်ပါဦး ကယ်ပါဦး!" သူ့ခန္ဓာကိုယ်အောက်ပိုင်း နာကျင်မှုက တိုးလာကာသည်းမခံနိုင်တော့ပေ။ ကောင်းချန်သည် ဖန်ချန်း၏ ဘောင်းဘီ ခြေထောက်ကို ထိရန်ကြိုးစားနေရင်း ပိုးကောင်ကဲ့သို့တွန့်လိမ်နေကာ လုနီးပါး ခံစားနေရသည်။

"ဒါဆို သူမကိုကြတော့... ဘယ်သူကယ်မှာလဲ" 

ဖန်ချန်း၏ခေါင်းက ငုံ့သွားကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့မျက်လုံးထဲတွင် ထူးဆန်းသည့် မှိတ်တုတ်မှိတ်တုတ်အရိပ်အယောင်များရှိနေ၍ တုန်ယင်နေသော အသံဖြင့်ပြောလိုက်သည်။

သူ၏ခြေချောင်းများသည် ကောင်းချန်၏ဆန့်ထုတ်ထားသောလက်ချောင်းများနှင့် စင်တီမီတာအနည်းငယ်အကွာတွင်ရှိသော်လည်း ကောင်းချန်သည် လက်လှမ်းမီရန်ပင် ခွန်အားကို မစုစည်းနိုင်တော့ပေ။

သူမကို မည်သူမျှ မကယ်တင်ခဲ့ပေ...

သူမသည် သန့်စင်ခန်းသို့လမ်းညွှန်မှုကိုလိုအပ်သည့်အတွက် လူတစ်ဦးထံ ချဉ်းကပ်ရုံမျှသာဖြစ်ပြီး သူ့ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ကျေးဇူးတင်ကြောင်းပင် စကားဆိုခဲ့သည်။

သူမက ဘာအမှားမှ မလုပ်ခဲ့ပေ..

ဝေ့ဝဲနေသော သွေးများသည် ကောင်းချန်၏ ခန္ဓာကိုယ်အောက်ပိုင်းမှ တရွေ့ရွေ့ စိမ့်ထွက်လာခဲ့ကာ ဖန်ချန်း၏ မျက်လုံးများသည် မှိန်သွားခဲ့သည်။ သန့်စင်ခန်းရှိ လေထုသည် အပုပ်နံ့များနှင့်အတူ လေးလံနေပြီး ညည်းတွားမြည်တမ်းသံများကတဖြေးဖြေးတိုးလာခဲ့သည်။

ဖန်ချန်းသည် ခေါင်းကို မော့လိုက်ပြီး သူ့အကြည့်များက အသက်မဲ့နေခဲ့သည်။

ကောင်းချန်သည် ယုတ်မာသော ဒုစရိုက်မှုကျူးလွန်ခဲ့သည်... ညစ်ညမ်းလှသော အလိုဆန္ဒတို့ဖြင့် ယုတ်မာလွန်းလှခဲ့၏။

ဒါပေမယ့် သူကြတော့ရော... သူကဘာလုပ်ခဲ့တာလဲ...

သေချာတာကတော့ သူသည်လည်း သာမန်ထက်ကျော်လွန်၍ အပြစ်ပြုခဲ့မိလောက်သည်။

ကောင်းချန်၏ အရေပြားများပေါ်တွင် ဖောက်ထွင်းမြင်ရသော အရည်ကြည်ဖုများ စတင်ပေါက်လာပြီး ဆီးအနံ့များ ရောနှောနေသည့် အဝါရောင် အစိမ်းရင့်ရောင် အရည်များ ထွက်လာပြီး အော်ဟစ်နေခဲ့သည်။

ဖန်ချန်းသည် သန့်စင်ခန်းတစ်ခုလုံး ညစ်ညမ်းသော အရည်များဖြင့် ပျံ့နှံ့လာသောအခါ ကောင်းချန်သည် တဖြည်းဖြည်း ချင်း အသက်ရှူသံများရပ်သွားတော့သည်ကို သတိပြုမိလိုက်၍ ခြေလှမ်းတစ်လှမ်း ပြန်ဆုတ်လိုက်သည်။

စင်္ကြံထောင့်တွင် စီးကရက်မီးများ တောက်လောင်နေသကဲ့သို့ မီးပွားများ တောက်လာခဲ့သည်။ နှုတ်ခမ်းတစ်ခုကနေ စီးကရက် မီးခိုးငွေ့များကို ရှူထုတ်လိုက်လေသည်။

ဖန်ချန်းသည် သန့်စင်ခန်းထဲမှ မည်ကဲ့သို့ ထွက်လာခဲ့သည်ကို မမှတ်မိခဲ့ပေ။ လရောင်ထဲသို့ လှမ်းဝင်ရင်း ဟိုတယ်မှ ထွက်ခွာလာခဲ့သည်။ ခေါင်းကို မော့ကြည့်လိုက်ရာ မီးသီးလေးများဝိုင်းနေပြီး မီးသီးတန်းတွေနှင့် သွေးနီရဲရဲအရောင်တောက်ကာ လင်းလက်နေသော 'ညသစ်' ဆိုင်းဘုတ်ကို သတိထားမိလိုက်သည်။

သူ့မျက်လုံးများ စူးစူးဝါးဝါး နာကျင်လုမတတ်ဖြစ်နေခဲ့သည်။ရုတ်တရက် ဖိနပ်နှင့်ကျောက်စရစ်ခဲပွတ်သံက တစ်နေရာမှ ပဲ့တင်ထပ်လာခဲ့သည်။ ဖန်ချန်းသည် ခေါင်းကို လှည့်ကြည့်လိုက်ရာ နျဲ့ရှီက သူ့ဘေးမှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

နျဲ့ရှီသည် အပြေးအလွှား ချဉ်းကပ်ချင်သော်လည်း မဝံ့မရဲ ဖြစ်နေပုံရပြီး ဖန်ချန်းကို စိုက်ကြည့်လျက်ရှိနေသည်။

နျဲ့ရှီကို မမှတ်မိမီတွင် ဖန်ချန်းသည် ထိုအကြည့်များကို အတန်ငယ်ကြောက်ရွံ့ခဲ့ပြီး မလွတ်မြောက်နိုင်အောင် အဆက်မပြတ် စောင့်ကြည့်နေသကဲ့သို့ ခံစားခဲ့ရသည်။ သို့သော် ယခုတွင် သူ၏ တစ်ခုတည်းသော လိုလားချက်မှာ သူ့ကို ချဉ်းကပ်လိုခြင်း ဖြစ်ကြောင်းသိလိုက်ရသည်။

နာရီအနည်းငယ်သာ ခွဲခွာခဲ့ရသော်လည်း ဖန်ချန်းသည် အကြာကြီးဝေးကွာခဲ့ရသလို ခံစားလိုက်ရသည်။

နျဲ့ရှီသည် လရောင်အတောက်ပဆုံးကျသည့်နေရာတွင် ရပ်နေကာ သူတို့ကြားမှ အကွာအဝေးသည် အကန့်အသတ်မရှိ ဖြစ်နေခဲ့သည်။

မျက်ရည်များက ရုတ်တရက် စီးကျလာပြီး ဖန်ချန်းသည် လမ်းလျှောက်သွားလိုက်ရင်း ပုပ်ပွနေသော လူပေါ်လဲကျချင်ခဲ့သည်။

သူ့ကို မကြောက်နေပေ... လုံးဝ မကြောက်ဘူးဆိုတာ ရှင်းလှသည်..

ဖန်ချန်းသည် ခြေလှမ်းတစ်လှမ်း ထပ်လှမ်းလိုက်သည် ။ နျဲ့ရှီ၏ ပျက်စီးမှုက ပိုပြင်းထန်လာခဲ့သည်။ သူ၏ခြေလှမ်းတိုင်းသည် တုန်လှုပ်နေပြီး သူ့နှလုံးသားသည် ကြေမွသွားသလို ခံစားလိုက်ရသည်။

နျဲ့ရှီသည် ထိတ်လန့်တုန်လှုပ်သွားကာ သူ့လက်သည် လေထဲ၌ တန့်နေပြီး နီးကပ်လာရန်ချီတုံချတုံဖြစ်နေ၍ ဝေးဝေးကို မရွေ့လာတော့ပေ။

နျဲ့ရှီ၏ရှေ့တွင်ရပ်နေသော ဖန်ချန်းက သူ့အင်္ကျီလက်ကို အားဖြင့်ဆုတ်ကိုင်လာပြီးအသနားခံလာခဲ့သည်။

"ကျေးဇူးပြုပြီး ငါ့ကိုသတ်ပေးပါ!"

နျဲ့ရှီသည် ဖန်ချန်းက သူ့အားမေ့ပြီး ကြောက်နေရင်တောင်မှ သူက ဖန်ချန်း၏ ဘေးတွင် ရှိနေပြီး ကာကွယ်ပေးခဲ့သည်...ဒါပေမယ့်...ဘာလို့လဲ... သူ့ကို သတ်ခဲ့တဲ့သူဆိုတာ ရှင်းလင်း နေတာကို ဘာကြောင့်မို့လို့...

သူ့အပြစ်က နျဲ့ရှီနဲ့ ချိတ်ထားသည်ဆိုပါပ နျဲ့ရှီက သူ့လက်နဲ့ ဖန်ချန်းကိုအဆုံးသတ်ပေးခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်လုံး လွတ်မြောက်နိုင်လောက်မလား...

နျဲ့ရှီသည် ဖန်ချန်းအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ သူ့ရင်ခွင်ထဲမြှုပ်ထားသလိုမျိုး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး သူ့နားထင်ကို နမ်းလိုက်သည်။

"ရှူးး...မကြောက်နဲ့နော်..."

ဖန်ချန်းက သူ့မျက်လုံးများကို အစွမ်းကုန်မှိတ်ထားလိုက်ပြီး သူ့အသိစိတ်တွေ ချက်ခြင်းလျော့ပါးလာကာ အမှတ်တရများကပြန်ပေါ်လာခဲ့၍ ကောင်းကင်က ကြည်လင်နေပြီး ပျော့ပျောင်းသည့် တိမ်တွေ ဝဲနေသော အဝေးတစ်နေရာသို့ ခေါ်ဆောင်လာခဲ့သည်။

×××××××××

တက္ကသိုလ်နေ့ရက်များသည် မနေ့တစ်နေ့ကလိုခံစားနေရပြီး ဖန်ချန်းသည်လည်းဆံပင်အတိုကို မညှပ်သေးပေ။

ခေါင်းလျှော်ပြီးသည့်နေ့တွင် ဆံပင်သည် မလွဲမသွေ ကောက်နေပေသည်။ သူ့တွင် အလုပ်ချိန်ဇယားမရှိသည့်အခါတိုင်း နျဲ့ရှီ၏ကျောင်းကို သူသွားကာ နျဲ့ရှီကစာကြည့်တိုက်တွင်စာဖတ်နေစဉ် သူသည် နျဲ့ရှီအနားတွင် မှိန်းနေမည်ဖြစ်သည်။

တစ်နေ့တွင် သူနိုးလာခဲ့ပြီးနောက် နျဲ့ရှီ၏လက်မောင်းသည် ဒေါင်လိုက် ငိုက်စိုက်ကျနေသည်ကို တွေ့လိုက်ရသည်။ ယုတ်မာသော အကြံဖြင့် သူသည် လက်ဆန့်ကာ နျဲ့ရှီ၏လက်ကို ဆုပ်ကိုင်လိုက်ရင်း သူတို့၏လက်ချောင်းများကို ယှက်ထားခဲ့လိုက်သည်။

နျဲ့ရှီ၏လက်က ခေတ္တတန့်သွားပြီး ခံစားချက်မရှိသည့်မျက်နှာဖြင့် တင်းတင်းကြပ်ကြပ်ပြန်ဆုပ်ကိုင်လာခဲ့သည်။ ဖန်ချန်း မျက်တောင်ခတ်လိုက်မိသည်။ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် သူ့လက်ချောင်းများကို ပြန်မဆွဲနိုင်တော့ပေ။

နျဲ့ရှီက အမြဲတမ်းအဲ့လိုပင်... အထိပ်တလန့်ဖြစ်စေကာ ခေါင်းမာတတ်သည်။ ဖန်ချန်းက သူ့စိတ်ကို ထိန်းထားပြီး သူ့ကို ဘာမှ မပြောလိုက်ပေ။

သူတို့သည် စားပွဲအောက်တွင် လျှို့ဝှက်စွာ လက်များကိုင်ထားကြသည်။ ဖန်ချန်းက မျက်တောင်ခတ်လိုက်ပြီး စားပွဲပေါ်တင်ထားတဲ့ သူ့လက်တစ်ဖက်ပေါ်မေးစေ့ကိုတင်လိုက်ကာ နျဲ့ရှီကို ငေးကြည့်လိုက်သည်။

နျဲ့ရှီ၏ လက်ဖဝါးမှ နွေးထွေးမှုသည် ဖန်ချန်းကို မရည်ရွယ်ဘဲ ငိုက်မျဉ်းလာစေခဲ့သည်။ သူ့မျက်ခွံများ မှေးလာကာ အိပ်ငိုက်လာတော့သည်။

"ဖန်ချန်း" နျဲ့ရှီက ရုတ်တရက် သူ့ကိုခေါ်လာခဲ့ပြီး သူ့အသံက နူးညံ့နေကာ မူးသွားလောက်အောင် စွဲဆောင်မှုရှိလှသည်။

"ဟင်.." 

ဖန်ချန်းသည် နူးညံ့ကာ ချိုမြိန်သော အပြုံးဖြင့် တုံ့ပြန်လိုက်၍ ကစားတတ်သော ကလေးတစ်ဦးလိုမျိုး ရောယှက်နေသော လက်များကို ညင်သာစွာ လှုပ်ယမ်းလိုက်သည် ။

ထိုလေးနှစ်တာသည် ပျော်ရွှင်ခြင်းအတိဖြစ်ခဲ့ပြီး အနာဂတ်ကို မသိကြရသေးပေ..

အိပ်မက်တစ်ဝက်တစ်ပျက်တွင် လူတစ်ယောက်က သူ့ဆံပင်တွေကို အဖိုးတန်ရတနာတစ်ပါးလို နူးညံ့သိမ်မွေ့စွာ ပွတ်သပ်ပေးနေသည်ကိုခံစားလိုက်ရသည်။

ဖန်ချန်းသည် သူ့ကိုယ့်သူ စက်ဆုပ်ဖွယ်ကောင်းသူဖြစ်ကြောင်း အမြဲသိခဲ့သည်။နျဲ့ရှီသည် သူတစ်ခါမှမရရှိခဲ့တဲ့ နွေးထွေးမှုနဲ့ ဂရုစိုက်မှုများအပြင် စိုးရိမ်မှုနဲ့ ကာကွယ်မှုနှစ်ခုစလုံးကို ပေးခဲ့သည်။ သို့သော် နျဲ့ရှီကို သူပေးနိုင်သည့်အရာမှာ အနည်းငယ်မျှသာဖြစ်သည်။

ရယ်စရာကောင်းသည်မှာ နျဲ့ရှီသည်လည်း အလားတူ ခံစားချက်များကို ဖုံးကွယ်ထားခဲ့သည်။ ဖန်ချန်းသည် သူ့ကို ရွံ့ထဲကနေ ကယ်တင်ခဲ့ပေမယ့် သူကတော့ဖြင့် ဖန်ချန်းကို တွယ်ကပ်လွန်းပြီး လွတ်မြောက်နိုင်အောင်မလွှတ်ပေးနိုင်ခဲ့ပေ...

သူတို့နှစ်ဦးစလုံးသည် သူတို့၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများထဲတွင် တကျော့ပြန်ပိတ်မိနေခဲ့ပြန်သည်။

ဖန်ချန်းသည် နျဲ့ရှီမပါဘဲ အသက်ရှင်ရန် စိတ်ကူးသက်သက်ပင် စိတ်ကူးမယဉ်နိုင်ခဲ့ဘဲ နျဲ့ရှီသည်လည်း ဖန်ချန်းအား အဝေးသို့လွှတ်ပေးလိုက်ရန်ကို စိတ်ပင်မကူးနိုင်ပေ။

ဘယ်သူကမှ တစ်ဖက်လူကို လက်မလွှတ်ချင်ကြပေ...

သို့သော် တစ်ချိန်က နှစ်သိမ့်မှု နွေးထွေးမှုပေးသည့် နျဲ့ရှီ၏လက်ဖဝါးသည် ယခုအခါ ချမ်းစိမ့်စိမ့်ဖြင့် အေးစက်နေခဲ့၍ ဖန်ချန်းအား အပြစ်ခံယူလိုက်သင့်လားဟု မေးခွန်းထုတ်လာစေခဲ့သည်။

သူ့ကိုယ်သူ မကယ်တင်နိုင်ပေ..သို့ရာတွင် နျဲ့ရှီကို သူနှင့်အတူ ငရဲနက်နက်ထဲ ဆွဲခေါ်သွားလိုစိတ်က ပိုနည်းပေသည်။

တံခါးကို အလောတကြီးခေါက်လာသံကြောင့် ဖန်ချန်း နိုးလာခဲ့ပြီး တစ်ဖန် မိုးလင်းနေပြီဖြစ်ကြောင်းသိလိုက်ရသည်။ မျက်လုံးကိုဖွင့်လိုက်ကာ မျက်တောင်အနည်းငယ်ခတ်လိုက်သည်။

"ကောင်းချန် ဖန်ချန်း!" တံခါးအပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ အသံသည် ထွက်လာခဲ့သည်။

ဖန်ချန်းသည် မတ်တပ်ထရပ်လိုက်ကာ သူ့ခန္ဓာကိုယ်တစ်လျှောက် နာကျင်ကိုက်ခဲမှုကို ခံစားနေရသည် .. ကုတင်ပေါ်ကနေ လျှောကျလိုက်ကာ သူ့အကြည့်များက သူ့လက်မောင်းပေါ်တွင် ရပ်တန့်သွားခဲ့သည်။

ဒဏ်ရာက ပျောက်သွားပြီ...

မနေ့ညက မပြတ်တမ်း သွေးထွက်နေသော လက်မောင်းသည် ယခုအခါ ဒဏ်ရာကင်းစင်နေခဲ့သည်...