Chapter 31
Viewers 4k

Ch31 - အသတ်ခံခဲ့ရခြင်း




အချိန်သည်တရွေ့ရွေ့ကုန်ဆုံးလာခဲ့သည်... စက္ကန့်‌များတဖြေးဖြေး ရွေ့လျားလာတိုင်း နေမင်းကြ‌ီးသည် မိုးကုပ်စက်ဝိုင်းဆီသို့ ချဉ်းကပ်သွားခဲ့ပြီး နေဝင်ရီတရော နီးကပ်လာသည်ကို ပြနေခဲ့သည်။



ကောင်းချန်၏ နဖူးပေါ်တွင် ချွေးများကျဆင်း‌ေနပြီး စတီယာရင်ဘီးကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း သူ၏အိတ်ကပ်ထဲသို့ အခြားလက်တစ်ဖက်ဖြင့် နှုိက်လိုက်သည်။ တစ်စုံတစ်ခုကို ထုတ်ယူခါနီးလမ်းခုလတ်တွင်သူ့လက်က ခေတ္တရပ်သွားခဲ့သည်။ပန်းရောင်လက်ကိုင်ပုဝါအစွန်းလေးက ပေါ်သွားခဲ့ပြီး ဖန်ချန်းကို တစ်ချက်ခိုးကြည့်လိုက်ကာ အိပ်ကပ်ထဲပြန်ထည့်ခဲ့လိုက်သည်။



သူတို့အရှေ့က ကားက ရပ်သွားပြီး ကောင်းချန်ကလည်း နောက်ကလိုက်ရပ်လိုက်သည်။ ကားရပ်ပြီးနောက် ကောင်းချန်သည်ကားထဲမှထွက်လိုက်ပြီး သူနောက်တွင် ဖန်ချန်းသည် လေးလံသောခြေလှမ်းများဖြင့်ပါလာခဲ့သည်။ ထိုအချိန်မှာပဲကောင်းချန်သည် းနားမလည်နိုင်သော စိုးရိမ်မှုလှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရတာကြောင့် အဝေးကိုမကြည့်ခင် ဖန်ချန်းကို နောက်တစ်ကြိမ် ထပ်ခိုးကြည့်လိုက်ပြန်သည်။



"မှောင်လာပြီပဲ" 



ဝမ်ဟွေ့ဝမ်က အနည်းငယ် ထုံနေသော ပုံစံဖြင့် ပြောလာခဲ့သည်။ ဘယ်နှစ်ခါတောင်မှ မှောင်နေတာလံ... သူတို့ ရေပင်မတွက်နိုင်ခဲ့ပေ။ သူတို့သိတာသမျှမှာ ကားကိုမောင်းပြီး ပြေးဖို့..တခြားမြို့ကို ပြေးဖို့သာဖြစ်သည်။ လူသားစား နတ်ဆိုးတွေရှိနေသည့် ခြောက်ကပ်နေသော သဲကန္တာရလိုမြို့ထဲမှာ ဘယ်သူမှမနေချင်ကြတော့ပေ။



သူတို့အများကြီးဆွေးနွေးခဲ့ကြသော်လည်း အဆုံးအဖြတ်မရရှိခဲ့ပေ။ ဖန်ချန်းသည် တစ်ချိန်လုံး ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ယခင်အဖြစ်အပျက်ကြောင့် ကျန်းရွေ့သည် ဖန်ချန်းနှင့် စကားပြောချင်စိတ်မရှိနေသလို ဝမ်ဟွေ့ဝမ်ကလည်း မပါဝင်ခဲ့ပေ။ ကောင်းချန်သည်လည်း ဖန်ချန်းကို လှမ်းကြည့်ခဲ့သော်လည်း တိတ်ဆိတ်နေခဲ့၏။



နောက်ဆုံးတွင်...သူတို့သည် ညမိုးမချုပ်မီ ဟိုတယ်တစ်ခုခုသို့ သွားရန် ရွေးချယ်ခဲ့ကြသည်။ သွားလာနေစဉ်တွင် ကျန်းရွေ့နှင့် ကောင်းချန်တို့သည် အချင်းချင်းဖုန်းဖြင့်ဆက်သွယ်ထားကြသည်။ ဖန်ချန်းက သူတို့ပြောသမျှကိုနားထောင်နေခဲ့ပြီး ရုတ်တရက် ဝမ်‌ဟွေ့ဝမ်မှတ်ချက်ချလာသည်ကိုကြားလိုက်ရသည် 



"ခဏလေး တွေးကြည့်မှ... ငါတို့အဲ့တာတွေကို မတွေ့ရတာ နှစ်ညလောက်တောင်ရှိပြီနော်"



ထုံးစံအတိုင်း သူမသည် ထိုစိတ်နတ်ဆိုးများကို ရည်ညွှန်းနေခြင်းဖြစ်သည်။



"တကယ်ကြီးလား? ငါတော့ နှစ်ညလုံးလုံး အိပ်ပျော်နေတော့ ဘာမှမသိလိုက်ဘူး" 



ကောင်းချန်က ဖန်ချန်းကို တစ်ဖန် ထပ်ကြည့်ရင်း ပြောလိုက်သည်။ ဖန်ချန်းသည် သူတို့မသိတာတစ်ခုခုဘသိ‌ေနမယ်ဆိုတာကို သူခံစားမိနေသည်။



ဒါပေမဲ့ ဖန်ချန်းက ဘာမှပြန်မပြော‌လာပေ...



သချောတာပေါ့.. သူတို့က ထိုမကောင်းဆိုးဝါးများကို မကြုံတွေ့ရနိုင်ခဲ့ရပေ- မမြင်ရနိုင်သည့် "တစ်ယောက်ယောက်" က သူတို့အားလုံး အရိပ်ထဲကနေ ကာကွယ်ပေးနေတာကြောင့်ပင်ဖြစ်သည်... ဒါက ဖန်ချန်းတစ်ယောက်တည်းကောင်းကောင်းသိတဲ့ အရာပင်..



သူက ကားထိုင်ခုံကို မှီထားပြီး ဟိုတယ်မှာ ရှိနေသည့်ညကို ပြန်တေ‌ွးမိလိုက်ကာ တစ်ခုခုက မှားနေသည်ကိုရိပ်မိလိုက်ရင်းမျက်လုံးများဖွင့်လိုက်သည်။ 



နျဲ့ရှီနဲ့ ချောင်ယန်က သူ့ရှေ့မှာ တပြိုင်နက်တည်း ပေါ်လာခဲ့တယ်ဆိုရင်... ဒါဆိုရင်... ကျန်းရွေ့နဲ့ ဝမ်ဟွေ့ဝမ်တို့ကို ဘယ်သူက စောင့်ကြည့်ပေးနေခဲ့တာလဲ.... 



ထိုအချိန် ကားက ရုတ်တရက် ရပ်တန့်သွားတာကြာင့် ဖန်ချန်းသည် အရှေ့သို့ငိုက်ကျသွားခဲ့ပြီး သူ့နှလုံးက အပြင်ခုန်ထွက်လာသလိုလို ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသလိုလိုခံစားလိုက်ရသည်။ ထိုင်ခုံနေရာမှာ ပြန်ထိုင်ပြီးလိုက်သည့်တိုင်အောင် သူ့ကိုယ်သူ တည်ငြိမ်အောင်မလုပ်နိုင်ခဲ့သေးပေ။



"... မင်း အဆင်ပြေရဲ့လား" ကောင်းချန်က မေးလာခဲ့သည်။



"ဟင်..ဘာကိုလဲ.." 



ဖန်ချန်း၏ မျက်လုံးများက သိသိသာသာ ပြူးကျယ်လာခဲ့ပြီး သူ၏မျက်စံများတွင် ထိတ်လန့်တကြား အရိပ်အမြွက်က အနည်းငယ်ထွက်ပေါ်လာခဲ့သည်။ သူ့အမူအရာက အရင်ကထက်စာရင် အများကြီး ပိုကောင်းလာခဲ့သည်။



"အာ...ကောင်းပါတယ်"



သူရှေ့သို့ လှမ်းကြည့်လိုက်ရာ ကျန်းရွေ့တို့လင်မယားနှစ်ယောက်က ကား‌ေပါ်ကနေ ဆင်းသွားပြီး “ညသစ်” ဟူသော ဆိုင်းဘုတ်ပါသည့် ဟိုတယ်ထဲကို ဝင်သွားကြသည်ကို တွေ့လိုက်ရသည်။



သူ့အနားရှိ ကောင်းချန်ထံမှ အံ့အားတကြီးအသံကထွက်လာခဲ့သည်...



 "အမ်... တိုက်ဆိုင်လိုက်တာ.. ဒီနေရာက အရင်က ငါရောက်ဖူးတဲ့ ဘားနာမည်နဲ့အတူတူပဲ"



ဖန်ချန်းက ခေါင်းကို ပင့်ကာကြည့်လိုက်သည်။ မှုန်မှိုင်းမှိုင်းကောင်ကင်ကြီးအတွင်း ထိုနေရာသည် အလင်းရောင်တစ်စက်မှရှိမနေဘဲ အလင်းရောင်မှိန်ပျပျ မီးလုံးဝိုင်းဝိုင်းလေးများပါသည့်ဆိုင်းဘုတ်တစ်ခုသာ လင်းနေလေကာ ခေတ်အဆက်ဆက် မည်သူကမှ လာရောက်လည်ပတ်ခြင်း မရှိတာလည််းဖြစ်နိုင်သလို ကောင်းကောင်းအလုပ်မဖြစ်တာကြောင့် စီးပွားရေးလည်းရပ်ထားပြီး ခေတ္တပိတ်ထားတာလည်းဖြစ်နိုင်သည်။ သို့တိုင်အောင် တံခါးပေါက်ကဟနေလျက်ရှိကာ အထဲက တစ်ခုခုက သူတို့ကိုတိတ်တဆိတ် ကြိုဆိုနေပြီး လက်ယပ်ခေါ်နေသလိုပင်....



ဒါပေမယ့် ဘယ်သူကမှ ထူးထူးဆန်းဆန်းမတွေးခဲ့ကြပေ...ဖန်ချန်းတောင်မှမတွေးမိခဲ့ပေ...



လင်မယားနှစ်ယောက်သည် အထဲကိုဝင်သွားပြီးဖြစ်ကာ ပျောက်ကွယ်လုနီးပါးဖြစ်နေလေသည်။ ကောင်းချန်သည်လည်း ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး အထဲကိုဝင်လိုက်ခဲ့သည်။ ဖန်ချန်းက သူ၏နောက်တွင်လိုက်လာခဲ့သည် ။ တံခါးပြန်မပိတ်မီ ဖန်ချန်းသည် အပြင်ဘက်ကို ပြန်လှည့်ကြည့်ရန် စက္ကန့်အနည်းငယ်လောက် ခေတ္တရပ်လိုက်သည်။ ဖောက်ထွင်းမြင်နေရသည့် မှန်တံခါးမှတဆင့် လွတ်နေသော လမ်းမဘေးနှစ်ဘက်ရှိ စိမ်းစိုနေသော သစ်ရွက်များက လေတိုက်၍ လှုပ်ခတ်သွားသည်ကိုတွေ့လိုက်ရသည် ။



တံခါးကိုပိတ်လိုက်သည်နှင့်အမျှ တိတ်ဆိတ်မှုက အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်—ယိမ်းနွဲ့နေသည့်သစ်ပင်များကိုသာ မြင်နေရပြီး လေတိုးသံများကိုတော့မကြားနေရပေ...



ဖန်ချန်းသည် ပြန်လှည့်ပြီး တခြားလူတွေနှင့်ပြန်မပေါင်းခင် အပြင်ဘက်ကိုနောက်ဆုံးအကြိမ် တစ်ချက်စိုက်ကြည့်ခဲ့သည်။



ကျန်းရွေ့တို့စုံတွဲသည် သူတို့ဘာသာအတွက် အခန်းတစ်ခန်းကို သတိရှိရှိရွေးချယ်ခဲ့ကြပြီး ကောင်းချန်နှင့် ဖန်ချန်းက အခြားအခန်းတစ်ခုကို ယူခဲ့လိုက်သည်။ တံခါးဖွင့်လိုက်သည်နဲ့ အနံ့ဆိုးများထွက်လာခဲ့သည်... ဟိုတယ်က တော်တော်ပျက်စီးနေတာသိသာသည်... သို့သော်လည်း ကန့်လန့်ကာများသည် ဆန်းသစ်ပြီး စတိုင်ကျနေကာ နေရောင်မှ အလုံအလောက် ကာကွယ်ပေးနိုင်စွမ်းရှိသော ဝိုင်နီအရောင်ရှိလေသည်။



ကောင်းချန်က ကန့်လန့်ကာများအနားတမင်တကာ ချဉ်းကပ်လိုက်ပြီး ဆွဲလိုက်ကာ သူ့လက်ဖြင့် ပိတ်စအသားကို ခံစားလိုက်၍ ဟာသလုပ်လာခဲ့သည်။



"ဒါက ချစ်သူအခန်း(နှစ်ယောက်အိပ်အခန်း)လို့တော့ မပြောနဲ့နော် ဟ ဟ" 



သူ တစ်ပတ်လောက်လှည့်ပတ်ကြည့်လိုက်၍ တံခါးဝမှာ ရပ်နေရင်း အတွေးပျောက်နေပုံရကာ အဝေးတစ်နေရာရာကို ငေးကြည့်နေပြီး နှုတ်ခမ်းတွေ ဖြူဖျော့နေသည့် ဖန်ချန်းကို အကြည့်ပို့လိုက်မိသည်။ 



ကောင်းချန်ကတုန်သွားမိပြီး မကူညီနိုင်ဘဲ ဖန်ချန်းနာမည်ကိုထပ်ခေါ်လိုက်သည်...  



"ဖန်ချန်း..."



ဖန်ချန်းက လက်တွေ့ကိုပြန်ရောက်လာခဲ့ပြီး "ဟမ်..."



ကောင်းချန်က ကန့်လန့်ကာကို ဆွဲလိုက်ပြီးထပ်ပြောလိုက်သည်။



 "ချစ်သူအခန်း..."



ဖန်ချန်းသည် အခန်းထဲကို ဝေ့ဝဲကြည့်လိုက်ပြီးပြောလိုက်သည်။



"ကုတင်ကနှစ်လုံးလေ"



"အိုး ဟုတ်သားပဲ" 



ကောင်းချန်က ခြောက်ကပ်စွာ ရယ်မောလိုက်ပြီး ဖန်ချန်းကို စိတ်မသက်မသာဖြင့် စိုက်ကြည့်နေခဲ့သည်။



"ဘာလို့လဲ..." ဖန်ချန်းက သတိထားမိကာမေးလိုက်သည်။



ကောင်းချန်က အံကြိတ်ကာ ဖန်ချန်း၏နောက်သို့ သွားပြီး တံခါးပိတ်လိုက်သည်။



အလင်းရောင်မှိန်မှိန် အခန်းလေးထဲတွင် သူတို့ နှစ်ယောက်သာ ရှိတော့သည်။



ကောင်းချန်က သူ့လက်များကို ပွတ်သပ်နေကာ ခဏလောက်တုံ့ဆိုင်းသွားပြီးနောက်ပြောလိုက်သည်။



"ဖန်ချန်း ဒီမှာ ဘယ်သူမှ မရှိဘူး..ငါတို့နှစ်‌ေယာက်ထဲ...အဲ့တော့ ရိုးရိုးသားသား ပြောနိုင်မလား.. နျဲ့ရှီ ...သူ.. သေသွားပြီလား"



ဖန်ချန်းသဘ် အနည်းငယ် နောက်ပြန်ဆုတ်သွားပြီး မျက်လုံးများတွင် အကူအညီမဲ့သောအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ "သေပြီ" ဆိုသည့် စကားလုံးကိုကြားရသည် ကိုတကယ် မုန်းတီးပေသည်။



နျဲ့ရှီက ဘယ်လိုလုပ်သေသွားခဲ့တာလဲ...



ဖန်ချန်းက သူ့လက်တွေကို ငုံ့ကြည့်ရင်း သူ့လက်ချောင်းများကို အနည်းငယ် တွန့်ကွေးလိုက်သည်။



 "အင်း... သူသေပြီ" ဟုပြောလိုက်ရင်း ကြမ်းပြင်ပေါ်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။



ကောင်းချန်က ဘာစကားပြောရမှန်းမသိဖြစ်‌ေနချိန်တွင် ဖန်ချန်းက နောက်ထပ် ဗုံးတစ်လုံး ပစ်ချလိုက်ပြန်သည်။



"ချောင်ယန်လည်း သေသွားပြီ"



ကောင်းချန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။



ဖန်ချန်းပြောခဲ့သည်က မမှားနေပေ..အမှန်တော့ နျဲ့ရှီ နှင့် ချောင်ယန်တို့သည် ဟိုးအရင်ကတည်းစ ကွယ်လွန်သွားခဲ့ကြတာဖြစ်ပြီး သူတို့သည် ကိုယ်ပိုင်အပြစ်များဖြင့် အဆုံးသတ်ကြရမည့် အပြစ်သားများကို စောင့်ကြည့်နေကြရတာဖြစ်သည်။



ကောင်းချန်က အိပ်ရာတစ်ဝိုက်တွင် နေရာတစ်ခုရှာပြီး ထိုင်လိုက်ကာ မသက်မသာဖြစ်သည့်စိတ်များက ပိုမိုပြင်းထန်လာခဲ့သည်။ 



"မင်း အတည်ပြုခဲ့သေးလား..."



အနာဗလပွနှင့် အရေပြားများ... ဆုတ်ပြဲထွက်နေသော အသားများ...အရိုးများငေါထွက်နေသော လက်များ....



သူတို့ကပုပ်ပွနေခဲ့ကြသည်...



ကောင်းချန် ရည်ညွှန်းသည် ဒီအရာများဆိုပါက ဟုတ်သည် ဖန်ချန်း... ဒါတွေအားလုံးကို မြင်ဖူးခဲ့သည်။



ရလဒ်အနေနှင့် သူ ခေါင်းမညိတ်မီ တခဏတာမျှ တုံ့ဆိုင်းသွားခဲ့သည်။



ကောင်းချန်၏ အမူအရာက ရှုံ့တွသွားသည်။ 



"အဲ့ဒါက ဒါတွေကိုလုပ်ခဲ့တာလား... အဲ့ဒီ့ စိတ်နတ်ဆိုးတွေက သူတို့ကို သတ်ခဲ့တာလား..."



"မဟုတ်ဘူး... "



ဖန်ချန်းက ဘယ်လိုလိမ်ရမလဲဆိုတာမသိသည်မှာ သိသာလ‌ှသည်။ သူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းယမ်းလိုက်ကာ နောက်ဆုံးတွင် မရေမရာ လှည့်စားပြောလိုက်သည်။



 "သူတို့... သူတို့ကလူသားတွေကို စားကြတာ"



အဲ့တာက လူသားတွေကို စားခဲ့တာ...



ထိုစကားများကို ပြောပြီးနောက် ဖန်ချန်း၏ စိတ်ထဲတွင် ဓာတ်လှေကားအတွင်းက အလင်းရောင်နှင့် အရိပ်များ မှုန်ဝါးဝါးရောယှက်ကာပေါ်လာတော့သည်။ ဓာတ်လှေကားစက်သံက မြည်နေခဲ့ပြီး ညှိုးခြောက်နေသော "လူ" ရှိနေခဲ့သည်။



အဲ့ဒီနေ့က အရာအားလုံး၏ အစပင်...



လူနေအဆောက်အအုံရှိ ပထမညတွင် သူသည် တံခါးကို တွန်းဖွင့်ခဲ့ပြီး စိတ်နတ်ဆိုးက တစ်ယောက်ယောက်ကိုစားနေခဲ့သည်ကိုမြင်ခဲ့ရသည်။



သူက...ဘယ်သူ့ကိုစားနေတာလဲ...



ဖန်ချန်း၏ စိတ်သည် တခဏအတွင်း လွတ်ထွက်သွားပြီး သူ့တစ်ကိုယ်လုံး ရုတ်ချည်း တုန်ခါသွားတော့သည်။



အဲ့တာက သူ့အိမ်နီးချင်းဖြစ်ခဲ့လောက်တယ်....



အဲ့ဒီနေ့မနက်က သူ့ကို နှုတ်ဆက်ခဲ့တဲ့ အိမ်နီးနားချင်းနဲ့ အတူတူပဲ!



နျဲ့ရှီက နောက်ပိုင်းတွင်မှ သူတို့၏အမှတ်တရများအတွင်း ချောမွေ့စွာ ပုံဖော်ခဲ့ပြီးပေါ်လာခဲ့တာဖြစ်သည်။



သူ့အိမ်နီးချင်းသည် စိတ်နတ်ဆိုးများ၏ စားသောက်ခြင်းခံခဲ့သည်။ သွေးအိုင်များ အသားများက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး တဂျွတ်ဂျွတ်ဘဝါးနေသည့်အသံများ အားလုံးသည် အစစ်ပင်.....



ဖန်ချန်း၏ မျက်စံများက တဖြည်းဖြည်း ကျယ်လာခဲ့သည်။ ကြွက်သားများ မလှုပ်ရှားနိုင်တော့ဘဲ မျက်လုံးထဲ တဆတ်ဆတ် ကိုက်ခဲနေသည့် ဝေဒနာကို ခံစားလိုက်ရသည်။



ဖန်ချန်းနှင့်မတူဘဲ‌ ကောင်းချန်သည် ထိုကိစ္စကို ထပ်ပြီး စေ့စေ့စပ်စပ် မပြောတော့ပေ။ ဖန်ချန်း၏ပြောဆိုချက်ကိုကြားသောအခါ နျဲ့ရှီနှင့် ချောင်ယန်တို့နှစ်ဦးစလုံးသည် စိတ်နတ်ဆိုးများ၏ သားကောင်များအဖြစ် ကျရောက်ခဲ့သည်ဟုသာ သဘာဝကျကျ ယူဆခဲ့သည်။ သူက တိတ်ဆိတ်စွာပဲနေကာ နောက်ထပ်မမေးတော့ရန် ရွေးချယ်ခဲ့လိုက်သည်။



ဖန်ချန်းက ဘာကြောင့်ဒီလောက်ထိ နှေးကွေးလေးလံနေတာလဲဆိုတာကို သူနားလည်သွားနိုင်ခဲ့သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ယ မြင်ကွင်းကို မြင်တွေ့ရသူတိုင်းသည် သေခြင်းမှ ကပ်သီလေးလွတ်မြောက်လာပြီးနောက်တွင်ပင် ကြောက်ရွံ့တုန်လှုပ်နေခဲ့မည်ဖြစ်သည်။



ညက တစ်ဖန်ပြန်ရောက်လာခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်း ကောင်းချန်သည် နောက်ထပ် နက်ရှုိင်းစွာ အိပ်မောကျသွားခဲ့ပြန်သည်။ ဖန်ချန်းက ထိုင်နေရာမှ ထလိုက်ရင်း ကုတင်ပေါ်တွင် ပက်လက်လန်ကာ အိပ်နေသော ကောင်းချန်ကို တစ်ချက်ကြည့်လိုက်သည်။ အချိန်အတော်ကြာအောင် ကြည့်ပြီးနောက်တွင် ခါး၌ချိတ်ထားသည့် ဓားမြှောင်ကို ထုတ်ယူကာ တံခါးဆီသို့ ဦးတည်သွားခဲ့လိုက်သည်။



ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေခဲ့သည်။ ဖန်ချန်းသည် တံခါးကို ညင်သာစွာပိတ်လိုက်ပြီး ကပ်လျက်အခန်းဆီသို့ ချဉ်းကပ်ကာ တံခါးနှင့် နားကပ်ထားလိုက်ပြီး ထိုလင်မယားအခန်းမှ ဘာသံမှမကြားရစေရန် အတည်ပြုလိုက်သည်။



လရောင်သည် ပြတင်းပေါက်များမှတဆင့် စီးဆင်းနေပြီး သူ၏ဆံပင်စွန်းများနှင့် မျက်နှာတစ်ဝက်ကို တောက်ပစေခဲ့သည်။ ထောင့်တစ်ဝိုက်မှ လှုပ်ရှားမှုတစ်ခုရှိလာခဲ့ပြီး ဖန်ချန်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သူ မော့ကြည့်လိုက်ရာ စိတ်နတ်ဆိုးတစ်ကောင်ကခေါင်းကြီးစောင်းပြီးကြည့်နေသည်ကို သူတွေ့လိုက်ရသည်။



သူတို့ကြားက နီးကပ်သည့်အကွာအဝေးကြောင့် ဖန်ချန်းသည် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ စိတ်နတ်ဆိုးသည် ပထမဆုံး လှုပ်ရှားမှုကို ပြုလုပ်လာခဲ့ပြီး သူ့ကို ကြမ်းပြင်ပေါ်သို့ လှဲချလိုက်သည်။



ဖန်ချန်း၏ နောက်ကျောသည် မြေပြင်နှင့် ထိမိသွားပြီး နာကျင်မှုကြောင့် မျက်လုံးများမှိတ်သွားခဲ့သည်။ သူ၏ ဓားမြှောင်ကို စိတ်နတ်ဆိုးသို့ ထိုးချလိုက်စဉ် သူ့မျက်နှာကို ကာရန် သူ့လက်များက မသိစိတ်အရ ရွေ့လျားသွားခဲ့သည်။ သူ၏ခြေထောက်ကို အလိုလိုကြွလိုက်၍ ပြင်းထန်စွာကန်သွင်းလိုက်ပြီး အရိုးအက်ကွဲအက်သံနှင့်အတူ ထူးဆန်းသော အော်ဟစ်သံများ ထွက်ပေါ်လာရင်း စိတ်နတ်ဆိုးက ပြုတ်ကျသွားခဲ့သည်။ အစီအစဥ်တစ်ခုလုံးသည် လျင်မြန်စွာ ဖြစ်ပေါ်လာပြီး ဖန်ချန်းသည် စဉ်းစားရန် အချိန်မရှိခဲ့ပေ။ သူ့စိတ်က ဗလာဖြစ်သွားပြီး ခြေဖဝါးကိုကြွကာ မတ်တပ်ရပ်လိုက်ရင်း စိတ်နတ်ဆိုးက သူ့ဆီကနေ ထွက်သွားဖို့ ရုန်းကန်နေတာကို တွေ့လိုက်ရသည်။



သူ့စိတ်က ဗလာဖြစ်နေကာ မထင်မှတ်ဘဲ ဓားမြှောင်ကို စိတ်နတ်ဆိုးနှလုံးထဲထိုးထည့်လိုက်သည်။



စိတ်နတ်ဆိုး‌ကောင်ကို သတ်တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပေ..



ဖန်ချန်း၏ဆံပင်ပေါ်သို့ မှုန်မှိုင်းသော ငွေရောင်အလင်းတန်းများ ဖြာကျနေပြီး အနည်းငယ်ပိုနက်သော သစ်အယ်သီးလိုအရောင်ကို ပေါ်နေစေသည်။ သူ၏ စိတ်ခံစားချက်များကမြင့်တက်လာကာ မျက်လုံးများသည် အတန်ငယ်တောက်ပပြီးတွင်းနက်ကြီးကဲ့သို့ဖြစ်နေ၍ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ခံရမှုများကြောင့် တစ်ကိုယ်လုံးထုံနေခဲ့သည်။



သို့တိုင်အောင် သူ့လက်များက တုန်နေဆဲဖြစ်သည်။ စိတ်နတ်ဆိုးအထဲတွင်ရှိသော ဓားမြှောင်ကို ဆွဲထုတ်ရန် လုံလောက်သော ခွန်အားကိုပင် မစုဆောင်းနိုင်ခဲ့ချေ။ မသက်မသာခံစားမှုများက သူ့ဗိုက်ထဲမှာ ပေါ်လာခဲ့သည်။



ဤတစ်ကြိမ်တွင် ဓားဖြင့်ထိုးလိုက်သည့်အားသည် မှန်ကန်သွားတာကြောင့် စိတ်နတ်ဆိုး ၏ရင်ဘတ်ထဲကို တိကျစွာ စိုက်သွားသဖြင့် ပြာများအဖြစ်သို့ ပြောင်းသွားခဲ့သည်။ ဓားမြှောင်က ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွာပြီး ဖန်ချန်းသည် ဒူးထောက်ကျမိသွားခဲ့သည်။



စက္ကန့်များကို သူမသိနိုင်ဘဲ အချိန်သည် ကုန်ဆုံးလာခဲ့သည်။ ဖန်ချန်းသည် သူ့လက်မောင်းကို လှုပ်လိုက်ရာ သွေးတစ်စက်ကစီးကျသွားခဲ့သည်... နောက်တစ်စက်.. တတိယတစ်စက်....



သူ့လက်မောင်းတွင် ရှည်လျားပြီး ပါးလွှာတဲ့ ခြစ်ရာက ဘယ်အချိန်တုန်းပပေါ်လာသည်ဆိုတာကို သူ အတိအကျ မသိပေ။ လတ်ဆတ်သော သွေးများက တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ အစပိုင်းတွင် ထုံကျင်နေသည့်အရာသည် သူသိသွားသည်နှင့်အမျှ တဖြည်းဖြည်း နာကျင်လာခဲ့သည်။



သူသည် ထိုမကောင်းဆိုးဝါးကောင်၏တိုက်ခိုက်မှုကို အလုံးစုံရှောင်လွှဲရန် မစွမ်းဆောင်နိုင်ခဲ့ပေ။



သူက ထိုစိတ်နတ်ဆိုးကောင်ဆီကနေ ကုတ်ခြစ်ခံလိုက်ရရင် ဘာဖြစ်လာမှာလဲ... 



ဖန်ချန်းသည် ဖြည်းညှင်းစွာထပြီး ခေါင်းကို မော့လိုက်သည်။ သူ့ လက်ကိုဘေးနားချထားသည်‌ေကြာင့်သူ့လက်ကောက်ဝတ်ဆီသို့ သွေးများစီးကျလာပြီး လက်ချောင်းထိပ်များဆီသို့စီးကျသွားခဲ့သည်။ သူ ခေါင်းကို လှည့်လိုက်ပြီး မှောင်မိုက်နေသည့် စင်္ကြံအောက်ကို ငုံ့ကြည့်လိုက်သည်...



တွင်းနက်ကြီးလိုပဲ... အရာအားလုံးကို ဝါးမြိုတော့မည့်ပုံရှိနေသည်။ စင်္ကြံရဲ့အဆုံးတွင် အနီရောင်အမှုန်အမွှားလေးများက ပေါ်လာခဲ့ပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့သည်။ ဖန်ချန်းသည် နောက်ထပ် မစူးစမ်းရသေးမီဘသူ့နောက်ဘက် တံခါးက ရုတ်တရက် ပွင့်သွားခဲ့သည်။



သူလှည့်ကြည့်လိုက်ရာ ယခင်က မှိန်းနေခဲ့သော ကောင်းချန်ကို လှမ်းမြင်လိုက်ရသည်။ သူ့အဝတ်အစားတွေက ပြဲထွက်နေပြီး သူ့ဗိုက်သားတစ်ဝက်လောက်က ပြူးထွက်နေသည်။ သူက ခေါင်းကို ကုတ်လိုက်ရင်း ပေါင်ကို မျက်စလှမ်းပစ်ပြကာပြောလာခဲ့သည်။



"သန့်စင်ခန်း၊ သန့်စင်ခန်း ဘယ်မှာလဲ..."



"မင်းဘာဖြစ်နေတာလဲ.." 



ဖန်ချန်းက ကောင်းချန်ကို တားဖို့ လှမ်းလိုက်ရာ သူ့နောက်တွင် တစ်ခုခု ရှိနေသလို ခံစားလိုက်ရသည်။ အေးစက်မှုတစ်ခုက သူ့ခြေဖနောင့်ကို ထုံသွားသည်အထိတွန်းပို့လာခဲ့ပေမယ့် သူလှည့်ကြည့်လိုက်ရာ သူ့ကို နှုတ်ဆက်သည်ကတော့ မှောင်မိုက်နေပြီး လွတ်နေသောစင်္ကြံပင်...



ကောင်းချန်က သူ့လက်ကို ဖယ်လိုက်ပြီး စင်္ကြံမှ အဝေးသို့ လျှောက်သွားကာ အမည်မသိ နက်ရှုိင်းသည့်နေရာဆီ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ ပန်းရောင်လက်ကိုင်ပုဝါ၏အစက သူ့အိတ်ကပ်ထဲမှ ပြူးထွက်နေပြီး သူ့လှုပ်ရှားမှုတွေနဲ့အတူ လှုပ်နေခဲ့သည်။



ဖန်ချန်းသည် ကြမ်းပြင်မှ ဓားမြှောင်ကို ကောက်ကိုင်လိုက်ပြီး ကောင်းချန်၏ အနောက်သို့ မလိုက်မှီ တခဏတာမျှ တုံ့ဆိုင်းနေခဲ့သည်။ သူ့လက်မောင်းမှ သွေးများ အဆက်မပြတ်ထွက်နေပြီး တစ်စက်ချင်းစီသည် အကွေ့အကောက်များသော လမ်းကြောင်းတစ်ခုလိုမျိုး စီးကျနေခဲ့သော်လည်း ဖန်ချန်းသည် တစ်စုံတစ်ရာမခံစားရဘဲထုံကျင်နေခဲ့သည်။