Chapter 35
Viewers 4k

Ch35 လုံခြုံခြင်း




ဘွဲ့လွန်သင်ယူမှုများ ပြီးဆုံးပြီးနောက်တွင် နျဲ့ရှီသည် သူ၏ တက္ကသိုလ်၌ ဆရာတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ စိတ်အားထက်သန်မှုနှင့် ဇွဲလုံ့လတို့ကြောင့် ရွယ်တူချင်းများကပင် ချစ်ခင်လေးစားကြရလေသည်။



နျဲ့ရှီ ကောလိပ်မှ ဘွဲ့ရပြီးချိန်တွင်သူ၏ မွေးစားမိဘများက သူ့ကို အလုပ်ကောင်းကောင်း အမြန်ရှာပြီး လက်ထပ်ရန် သင့်တော်သော မိန်းကလေးကို မြန်မြန်ရှာတွေ့စေချင်သည်။ ကံမကောင်းစွာပဲ နျဲ့ရှီ၏ ခေါင်းမာသော အကျင့်စရိုက်နှင့်အတူ သူတို့ သားငယ်ကို မွေးဖွားပြီးနောက်တွင် နျဲ့ရှီအပေါ် ဂရုစိုက်မှု များများစားစား မပေးခဲ့သည့် အမှန်တရားအပြင် နျဲ့ရှီက သူတို့ထံမှ အချိန်အတော်ကြာပိုက်ဆံမတောင်းခဲ့သည်များဖြင့် ပေါင်းလိုက်တာကြောင့် သူတို့၏ စကားများကို မျိုချပြီး အလွန်အကျွံဝင်ရောက်စွက်ဖက်ခြင်းကို ရှောင်ကြဉ်ရန် မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။ သို့တိုင်အောင် သူတို့သက်ပြင်းချလိုက်တိုင်း “ကြည့်လေ... မွေးစားသားဆိုတာမျိုးက အဲ့လိုပဲ ငါတို့ ဘယ်လောက်ပဲပြုစုပျိုးထောင်ခဲ့ပါစေ တကယ့်သားအရင်းလို ရင်းနှီးတဲ့ဆက်ဆံရေးမျိုး ရဖို့ဆိုတာ မဖြစ်နိုင်ဘူး” လို့ ပြောနေသည့်နှယ်ဖြစ်နေသည်။



နျဲ့ရှီ၏ဘွဲ့လွန်သင်ယူမှုများအတွင်း IV drip ချိတ်ရင်း သူ့thesis များကိုရေးသားခဲ့ရသည့် အကြိမ်ပေါင်းများစွာရှိခဲ့ပြီး သူ၏သုတေသနပရောဂျက်များ အပြီးသတ်ရန်အတွက် ညလုံးပေါက်နေခဲ့ရသည်ကများလေသည်။ မကြာခဏဆိုသလို ဖန်ချန်းနိုးလာသည့်အချိန်တိုင်း ကွန်ပြူတာစခရင်သည် ဖွင့်ထားဆဲဖြစ်ပြီး နျဲ့ရှီသည် တူညီသောကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားကာ ကီးဘုတ်ကို တချောက်ချောက်နှိပ်နေလျက်ရှိတာကိုတွေ့ရလေသည်။ ဘွဲ့လွန်ကျောင်းသည် အရမ်းဈေးကြီးပြီး ပညာသင်ဆုများက သူ့အတွက် အရေးပါလွန်းသည်။ ထို့ကြောင့် ထူးချွန်သည့် အဆင့်များကို ထိန်းသိမ်းထားရမည်ဖြစ်သည်။



မရေမတွက်နိုင်သော အအိပ်ပျက်ညများ ပင်ပန်းနွမ်းနယ်မှုကြောင့် နီရဲလာသည့်မျက်လုံးများကို လူတွေ သတိမပြုတတ်ကြပေ။ လူတွေက ရလဒ်ကိုသာ အာရုံစိုက်တတ်ကြပြီး ရလဒ်များကိုသာ မြင်တတ်ကြသည်။



လူတော်တော်များများက နျဲ့ရှီသည် အဘယ်ကြောင့် ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိထားလျက်နဲ့ လစာနည်းပြီး ဖိအားများလွန်းသည့် ပညာရေးရပ်ဝန်းထဲဝင်ဖို့ကိုရွေးချယ်ခဲ့မှန်းနားမလည်နိုင်ခဲ့ကြပေ။ သူသည် မြို့ထဲတွင်သာ နေချင်လို့သာဆိုရင်လည်း ဒီ့ခယထက်လွယ်ကူသောလမ်းများစွာရှိနေလျက် အဆုံးတွင် နျဲ့ရှီသည် အခက်ခဲဆုံးနှင့် အကြမ်းဆုံးလမ်းကို ရွေးချယ်ခဲ့လေသည်။



ဖန်ချန်းသည် လေးလေးနက်နက်တွေးတောရတာကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ...ထို့ကြောင့်ကြောင့် ပထမတွင် သူသည် နျဲ့ရှီက ပိုထူးချွန်သည့်လူတစ်ယောက်ဖြစ်ချင်လို့ သူ့မှာ ရည်မှန်းချက်နဲ့ အစွမ်းအစတွေရှိနေလို့ဟု သူယုံကြည်ခဲ့သည်။



နျဲ့ရှီ တက္ကသိုလ်တွင်စာစတင်သင်ကြားပြီး တစ်လမပြည့်သေးသောအချိန်တွင် ဖန်ချန်းသည် သူ့ထံသွားလည်ရန် စိတ်ကူးခဲ့သည်။ နျဲ့ရှီ၏အချိန်ဇယားကို သူမြင်မိလိုရ်ပြီး သူ့တွင် အတန်းအပြည့်ရှိနေသည်ကို သိလိုက်သည်။



ဖန်ချန်းသည် တက္ကသိုလ်ဝန်းထဲသို့ အကြိမ်များစွာ ရောက်ဖူးခဲ့သည်။ထို့ကြောင့် သူ့ဆီလာလည်တာက မရင်းနှီးသည့် အတွေ့အကြုံသစ်တစ်ခုလို့ သူ မခံစားရပေ။ သူက ကျောင်းလှေကားကိုတက်လာလိုက်ရင်း ပူပြင်းခြောက်သွေ့တဲ့ နွေရာသီလေကို သူ့ကော်လာကို ဖြတ်တိုက်လာသည်ကို ခံစားလိုက်ရသည်။ ဖန်ချန်းသည် ဟောပြောပွဲခန်းမ နောက်ဖေးတံခါးဝတွင် ရပ်လိုက်ကာ စင်မြင့်ပေါ်မှ နျဲ့ရှီကို တွေ့လိုက်ရသည်။



နျဲ့ရှီသည် အနောက်တိုင်းဝတ်စုံပြည့် ဝတ်ထားလေသည်။ ဖန်ချန်းသည်ပင် ဒီနေ့နံနက်က နျဲ့ရှီသည် ကြွက်သားများ ရင်ဘတ်ပေါ်ကနေ ထိုဝတ်စုံ၏ကြယ်သီးများကိုတစ်လုံးချင်းတပ်ကာ ဝတ်နေသည်ကိုမြင်ခဲ့ရသည်။ နျဲ့ရှီသည် ယခင်ကထက်စာရင် ၀တ်စားဆင်ယင်မှုပိုင်းမှာ ပိုကောင်းလာခဲ့ပြီး သပ်သပ်ရပ်ရပ် ဝတ်စားထားတတ်လာသည်။



အခုလို ပူအိုက်လှသော ရာသီဥတုမှာ နျဲ့ရှီသည် သေချာပေါက်ရူးနေတာမျိုးမဟုတ်သည်ကြောင့် ကုတ်အင်္ကျီကို ကုလားထိုင်ပေါ်ချိတ်ထားပြီး အဖြူရောင်ရှပ်အင်္ကျီသာ ချန်ထား၍ အင်္ကျီလက်များခေါက်တင်ထားလေသည်။



နျဲ့ရှီ တက္ကသိုလ်တက်နေသည့်အချိန်များက မနေ့တစ်နေ့ကလိုပင် ခံစားရလေသည်။ 



နျဲ့ရှီသည် သူ၏ ကျူတာအလုပ်ပြီးချိန် ကျောင်းသားအိမ်ကနေထွက်ပြီးသည်နှင့် ဖန်ချန်းကိုဖုန်းခေါ်ကာ သူ့ကိုရှာဖို့ ဘယ်ရောက်နေလဲဟုမေးခဲ့လေသည်။



နျဲ့ရှီ ရေခဲမုန့်ဆိုင်ရောက်ချိန်မှာတော့ ဖန်ချန်းသည် ပြတင်းပေါက်နားရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရေခဲမုန့်တစ်ဝက်ကို စားပြီးသွားပြီဖြစ်သည်။



အရည်တစ်ဝက်လောက်ပျော်နေသော ရေခဲမုန့်သည် ဖန်ချန်း ပါးစပ်ထဲ ချိုမြိန်ပြီးအေးနေခဲ့သည်။ သူက နျဲ့ရှီအား လက်ကို ဆန့်ထုတ်လိုက်ပြီး တက်ကြွမှုအပြည့်နဲ့ဝှေ့ယမ်းပြလာကာ ပြောလိုက်သည်။



"ငါ့အလုပ်မှာ လေအေးပေးစက် မရှိဘူး ပူလို့ သေတော့မလိုပဲ အဲ့တာကြောင့် နေ့လယ်စာစားချိန်မှာ နည်းနည်းလောက်အအေးခံဖို့ ဒီကို လာခဲ့တာ" 



ဖန်ချန်းက သူ့ထိုင်ခုံကို နျဲ့ရှီဘက် ကပ်လိုက်ပြီးနားနားကပ်ကာပြောလိုက်သည်။



"ဒါပေမယ့် ဒီဆိုင်က ရေခဲမုန့်က အရမ်းစျေးကြီးတာပဲ" 



ဖန်ချန်းက ပေါ့ပေါ့ပါးပါး နောက်ပြောင်သည့်သဘောဖြင့်သာ ပြောလိုက်သော မှတ်ချက်တစ်ခုဖြစ်သည်။ သို့သော်လည်း နျဲ့ရှီက သူ့အိတ်ကပ်ထဲမှ ငွေစက္ကူများကို ထုတ်ယူကာ ပေးလာမည်ဟု မည်သူထင်မည်နည်း။ နျဲ့ရှီ၏ လတ်လတ်ဆတ်ဆတ်ရရှိလာတာဖြစ်နိုင်သည့် လုပ်ခလစာများ အားလုံးသည် လန့်ဖျပ်ပြီး မျက်လုံးပြူးနေသော ဖန်ချန်း၏ရှေ့တွင် တင်ထားခံနေရသည်။



"မင်း ဘာလုပ်နေတာလဲ!" သူ့လေသံက နည်းနည်းလေး တင်းမာနေခဲ့သည်။



နျဲ့ရှီက ပိုက်ဆံများကို ဖန်ချန်းရှေ့သို့ တွန်းလိုက်ပြန်သည်။ ဖန်းချန်သည် ထိတ်လန့်ကာ ထိုင်ခုံနောက်ကို လှန်ချလိုက်မိသည်။ နျဲ့ရှီ၏ နှုတ်ခမ်းများက အောက်ဘက်စိုက်ကျသွားသည်ကို မြင်လိုက်ရတော့ ဖန်ချန်းမလှုပ်ဝံ့တော့ မျက်တောင်နှစ်ချက်ခတ်လိုက်ကာ နောက်ဆုံးတွင် ခြောက်သွေ့စွာပြောလိုက်သည်။



 "ငါဆိုလိုချင်တာက...အဲဒါ မဟုတ်ဘူး"



နျဲ့ရှီက သူ့လက်ကို ပြန်မရုပ်သိမ်းသေးတာကို မြင်လိုက်ရတော့ ဖန်ချန်းက သက်ပြင်းချလိုက်ကာ ကလေးကို ချော့မြူသလိုမျိုး နူးညံ့စွာပြောလိုက်သည်။



"ဟုတ်ပြီ မင်းငါ့ကို ရေခဲမုန့်ဝယ်ကျွေးလို့ရတယ် အိုခေ" 



ထို့နောက် နျဲ့ရှီထံမှ ယွမ် ၁၀၀ တန် ငွေစက္ကူကို ယူခဲ့လိုက်သည်။



ဒီပိုက်ဆံများသည် နောက်စာသင်နှစ်အတွက် နျဲ့ရှီ၏ သင်တန်းကြေးဖြစ်သည်။ နွေရာသီတစ်ခုလုံးတွင် နျဲ့ရှီသည် အချိန်ပိုင်းအလုပ်နှင့် စာကျက်ရခြင်းတို့ဖြင့်အားလပ်ချိန်မရှိခဲ့ပေ...တစ်ခါတလေ ကျောင်းကိုပြန်ကာ သူ့ဆရာကို ကူညီရသေးလေသည်။



သူတို့ ထိုရေခဲမုန့်ဆိုင်တွင် အကြာကြီးမနေခဲ့ကြပေ။ ဖန်ချန်း ဒီဆိုင်က ရေခဲမုန့်၏ ချိုအီလွန်းသောရေခဲမုန့်ကိုအသားမကျလှပေ။ သူက နွေအပူရှိန်ပြင်းပြင်းအောက်တွင် နျဲ့ရှီကို ဆွဲကာ လေအေးပေးစက်မရှိသော ဆိုင်သို့သွားပြီး ရေခဲမုန့်တစ်ခွက်ဝယ်လိုက်သည်။



နျဲ့ရှီရှေ့မှာပင် ဖန်ချန်းက ပြန်အမ်းသည့်အကြွေများကို အိတ်ထဲထည့်လိုက်ပြီး သူ့အိတ်ကပ်ကို လေးနက်စွာ ပွတ်သပ်ရင်း သူအများကြီးရသွားသလိုမျိုးပြောလိုက်သည်။



 "ဒါက ငါ့အပိုင်ပဲ!" 



ဆိုင်အတွင်း၌ စုံတွဲတစ်တွဲသည် တစ်ယောက်နှင့်တစ်ယောက် ချိုမြိန်စွာ တီးတိုးပြောဆိုနေကြပြီး ကောင်လေးက ကောင်မလေးကို ချစ်ခင်စွာ ပွေ့ဖက်ထားသည်။ ဖန်းချန်းက သူတို့ကို အကြိမ်အနည်းငယ် စိုက်ကြည့်ပြီးနောက် နျဲ့ရှီက သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ သူက ချက်ချင်းပဲခုခံပြောဆိုလိုက်သည်။



"ငါ အားကျနေတာမဟုတ်ဘူးနော်!!ငါလည်းအဲ့လိုမျိုးမလိုချင်ဘူး" 



"အင်း.."



မကျေနပ်မှုဖြင့် နျဲ့ရှီသည် ဖန်ချန်း၏ နူးညံ့ပျော့ပျောင်းသော ဆံပင်များကို ထိရန် လက်ကို မြှောက်လိုက်သည်။ ဖန်ချန်းပြုံးလိုက်သည်... သူ့ဘေးနားမှ မကုန်သေးသော ရေခဲမုန့်နှင့်အတူ မျက်လုံးများတွင် ရယ်မြူးရိပ်များသန်းလာကာပြောလိုက်သည်။ 



"မင်းသိတဲ့အတိုင်း... ငါမင်းကို အပြစ်ရှာနေတာမဟုတ်ဘူးနော် အိုခေ.. တကယ်ပြောတာ တကယ် တကယ်!" 



သူသည် လက်ရှိအခြေအနေကို တုံ့ပြန်နေသလိုမျိုး "တကယ်" ဟု အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြောနေသော်လည်း အမှန်တကယ်တွင် နျဲ့ရှီ အမှန်တကယ် စိတ်ပူနေသောအရာကို သူသိသည်။ သူတို့တွင် ကောင်းမွန်သောဘဝ မရှိခဲ့ကြဘဲ ဘဝကိုဖြတ်သန်းဖို့အတွက် အမြဲရုန်းကန်နေရသည်။ နျဲ့ရှီက ဖန်ချန်းကိုချောက်ထဲအတူဆွဲခေါ်မိနေမှာကို စိုးရိမ်နေခဲ့တာဖြစ်သည်။



ဒါပေမယ့် ဘာကို စိုးရိမ်စရာရှိလို့လဲ.... ဖန်ချန်းသည် အမိုးအကာမရှိသောဆိုင်မှ ရိုးရှင်းသောရေခဲမုန့်ကိုသာ လိုချင်တာဖြစ်ပြီး နျဲ့ရှီကလည်း ၎င်းကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်သည်ပင်။



အတန်းလွှတ်ခေါင်းလောင်းသံ မြည်လာခဲ့သည်။အတိတ်ကို မိန်းမောနေသေးသော ဖန်ချန်းရှိရာ တံခါးဆီသို့ ကျောင်းသားများ စုပြုံရောက်ရှိလာခဲ့ကြသည်။ တစ်စုံတစ်ယောက်က သူ့ပခုံးကို တိုက်မိသွားကာ တောင်းပန်လာခဲ့သည့်အချိန်မှာမှ ဖန်ချန်းသည် လက်ရှိအချိန်ကိုပြန်ရောက်လာခဲ့ပြီး နျဲ့ရှီထံမှ သူ့အကြည့်များကို လျှော့ချလိုက်သည်။



ဖန်ချန်းသည် စင်ပေါ် ရပ်နေဆဲဖြစ်သော နျဲ့ရှီကို နှုတ်ဆက်သင့်လားမသေချာဘဲ ရုတ်တရက် တုံ့ဆိုင်းသွားသည်။ နျဲ့ရှီသည် တစ်မနက်လုံး အတန်းရှိခဲ့ပြီး ယခုအခါတွင် စားပွဲပေါ်လက်ထောက်ထားကာ စာအုပ်များကို အမှတ်ခြစ်နေလေသည်။ 



ဖန်ချန်းသည် မိန်းကလေးတစ်ဦးက နျဲ့ရှီကို ဖုန်းဖြင့် ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်နေသည်ကို သတိပြုမိလိုက်သည်။ သူမသည် စာသင်စင်နှင့် အလှမ်းဝေးသောနေရာတွင် ထိုင်နေတာကြောင့် ဓာတ်ပုံအတွက် zoom ချဲ့ရန် ကြိုးစားသော်လည်း နျဲ့ရှီ၏ မှုန်ဝါးသော ဘေးတိုက်မျက်နှာကိုသာ ရိုက်ကူးနိုင်ခဲ့သည်။ နောက်တော့ သူမဘေးနားက ကောင်မလေးနောက်တစ်ယောက်၏ လက်ကို အားရပါးရ ဆုပ်ကိုင်လိုက်ပြီး လှုပ်ရမ်းလိုက်သည် ။ ကောင်မလေးက ရုတ်တရတ် ရပ်လိုက်ကာ တစ်ခုခုသတိထားမိသလိုဖြင့် ထိတ်လန့်တကြား လှည့်လာခဲ့ပြီး သူနှင့်မျက်လုံးချင်းဆုံမိသွားခဲ့သည်။ ဖန်ချန်း၏အကြည့်များက ထင်ရှားလွန်းနေတာကြောင့် ကောင်မလေးသတိထားမိသွားသည်မှာမထူးဆန်းပေ။



ဖန်ချန်းသည် မျက်တောင်ခတ်လိုက်ပြီး ကောင်မလေးသည်လည်း ဓာတ်ပုံရိုက်နေတာ လူမိသွားသည်ကြောင့် တိတ်တိတ်လေး မျက်တောင်ခတ်လိုက်သည်။ ဖန်ချန်းက သူမကို ကြည့်တာ မရပ်ခင်အထိ နောက်ထပ် အကြိမ်အနည်းငယ်လောက် စိုက်မကြည့်ဘဲမနေနိုင်ခဲ့ပေ။ သူတို့မျက်လုံးတွေပြန်ဆုံကြသည့်အခါတိုင်း ဖန်ချန်းက ယဉ်ကျေးစွာ ပြုံးပြဖို့ကြိုးစားချင်ပေမယ့် အကြောင်းတစ်ခုခုကြောင့် လမ်းတစ်ဝက်မှာတင် ရပ်သွားပြီး ကြမ်းပြင်ကို ငုံ့ကြည့်လိုက်ကာ နှုတ်ခမ်းများ စေ့စေ့စိမိသွားခဲ့သည်။ 



ဖန်ချန်းသည် နျဲ့ရှီ၏ ဓာတ်ပုံများကို လျှို့ဝှက်ရိုက်နေသူများမှာ လူတစ်ဦးထပ်ပင်ပိုကြောင်း သေချာပေါက်သိပေသည်။ နျဲ့ရှီကဲ့သို့ ချောမောသူတစ်ယောက်သည် သူသွားလေရာအရပ်တိုင်း လူအများ၏အာရုံကို သေချာပေါက် စွဲဆောင်နိုင်ပေခဲ့သည်။ ဖန်ချန်းသည် နင်းရှီကို နှုတ်ဆက်ခြင်းမည်ဆိုသောရည်ရွယ်ချက်ကို စွန့်လွှတ်ခဲ့လိုက်ပြီး နျဲ့ရှီကိုလည်း သူဒီနေရာမှာ ရှိနေခဲ့ကြောင်းကို မသိစေချင်တောပေ။သို့သော် သူသတိမဝင်သေးခင်မှာတင် အခန်းတွင်းကို ဝင်ပြီးနေပြီဖြစ်သည်။



စင်ပေါ်မှာ ရပ်နေခဲ့သော ဆရာနျဲ့ရှီသည် ယခုအခါ လှေကားထစ်များဆီသို့ လျှောက်သွားသည်ကို ကောင်မလေးလေးက သတိပြုမိလိုက်သည်။ 



ဖန်ချန်းသည် မော့ကြည့်လိုက်ရာ နျဲ့ရှီက အခု သူနှင့်အရမ်းနီးနေပြီဖြစ်သည်။ ဖန်ချန်းက အလိုလိုနောက်တစ်လှမ်းပြန်ဆုတ်သွားသဖြင့် နျဲ့ရှီလည်း ရပ်တန့်သွားသည်။



နျဲ့ရှီက ဘာကြောင့် ဆရာဖြစ်ချင်ရတာလဲ... နျဲ့ရှီ၏ ဘွဲ့လွန်လေ့လာမှုများအတွင်း ဖန်ချန်းသည် ဤမေးခွန်းကို တစ်ခါမျှ မတွေးခဲ့ဖူးပေ။ နျဲ့ရှီ နှစ်သက်လို့ဟုသာ သူထင်ခဲ့သည်။ နျဲ့ရှီ၏မွေးစားမိဘများက သူ၏အသက်မွေးဝမ်းကြောင်းရွေးချယ်မှုကို မထောက်ခံသော်လည်း ဖန်ချန်းသည် နျဲ့ရှီတွင် သူ၏ဘဝတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်များချပိုင်ခွင့်ရှိသည်ဟု ယုံကြည်ခဲ့သည်။



အတန်းစတင်သည့် အချက်ပြခေါင်းလောင်းသံမြည်လာသည်နှင့်အမျှ နျဲ့ရှီသည် စာသင်စတိတ်စင်ပေါ်သို့ တုံ့ဆိုင်းစွာပြန်သွားခဲ့ရသော်လည်း သူ့မျက်လုံးများက ဖန်ချန်းကို ဆက်လက်စိုက်ကြည့်နေဆဲဖြစ်သည်။ ဖန်ချန်းသည် သူ မထွက်သွားနိုင်တော့ဘူးဆိုတာ သိလိုက်ရတော့ ဓါတ်ပုံရိုက်နေသည့် ကောင်မလေး၏ ဘေးတွင် မတော်တဆ ဝင်ထိုင်လိုက်မိသည်။



ဖန်ချန်းသည် အတန်းတက်ဖူးသည်မှာ အချိန်အတော်ကြာသွားပြီးဖြစ်တာကြောင့် အခုလိုမျိုးစာသင်ခုံမှာ ထိုင်ရသည်က အဆင်မပြေသလို ခံစားလိုက်ရသည်။ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်လာခဲ့သည်။



"ဟေ့ အတန်းဖော်" ကောင်မလေးက သူ့ကို သတိထားပြီး ကြည့်လာခဲ့သည်။



"ဆရာ နျဲ့ကို သိတာလား..."



သူမသည် ဖန်ချန်းကိုလည်း သူမလိုကျောင်းသားလို့ ထင်လိုက်ကာမေးလာသည်။



ဖန်ချန်းက ပုံပြင်တစ်ပုဒ်ကိုဖန်တီးကာပြောလိုက်သည်။



"အာ... ငါတို့က... မိသားစုချင်း အဆက်အသွယ် ရှိလို့ပါ"



“အော် မထူးဆန်းတော့ပါဘူး…”



ကောင်မလေးက ဒီထက်ပိုပြောချင်နေသေးပုံပေါက်ပေမယ့် ချက်ခြင်းပဲ အရှေ့မှာ တိတ်ဆိတ်သွားခဲ့သည်။ နျဲ့ရှီသည် စာသင်နေတာကို ရုတ်တရက်ရပ်လိုက်ခြင်းဖြစ်သည်။ သူက သူတို့နေရာကို မကြည့်နေသည်မှာ ထင်ရှားသော်လည်း မိန်းကလေးသည် သူမ၏ ဦးရေပြားများ ကျိန်းစပ်လာသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ထို့ကြောင့်ကျောကို မတ်မတ်ဆန့်တန်းလိုက်ကာ အတန်းကို ဂရုတစိုက် နားထောင်လိုက်တော့သည်။



အတန်းတစ်လျှောက်လုံး ကောင်မလေးသည် ဖန်ချန်းအား စာအုပ်နှင့် ဘောပင်ကို ငှားပေးခဲ့သည်။ အတန်းပြီးချိန်မှာတော့သူမက ပြောလာခဲ့သည်။



"ဆရာနျဲ့ ကိုတွေ့ဖို့လာတာ မလား... သူမထွက်သွားခင် မြန်မြန်သွားတာ ပိုကောင်းလိမ့်မယ်"



မိန်းကလေး၏အကြည့်အောက်တွင် ဖန်ချန်းသည် နျဲ့ရှီစောင့်နေသော စင်မြင့်ဆီသို့ တုံ့ဆိုင်းစွာဖြင့် လျှောက်သွားလိုက်သည်။



ဖန်ချန်းက ခေါင်းငုံ့ပြီး လေးလံသည့်လေသံဖြင့် "...ဆရာ~"



နျဲ့ရှီသည် တခဏချင်း ကြောင်အသွားပြီး ထို့နောက် စက္ကန့်ဝက်အကြာတွင် လက်သီးကို တင်းတင်းဆုပ်ကာ နှုတ်ခမ်းသို့ ကပ်လိုက်ပြီး ချောင်းခြောက်ဆိုးလိုက်သည်။ ထို့နောက်ခေါင်းငုံ့ကာ အခန်းထဲမှထွက်သွားတော့သည်။



ဖန်ချန်းက သူ့ခေါင်းကိုသေလောက်အောင်ငုံ့ထားပြီး သေးသေးလေးဖြစ်ပြီးပျောက်ကွယ်သွားရင်ကောင်းမယ်ဆိုပြီးတွေးကာ နောက်မှလိုက်သွားခဲ့သည်။



နျဲ့ရှီက သူ့ရုံးခန်းကို မပြန်ပေ။ အဲဒီအစား သန့်စင်ခန်း တစ်ခုထဲကို ဝင်လိုက်ကြသည်။ နျဲ့ရှီသည် ဖန်ချန်းကိုနံရံတွင်ဖိထားပြီး နီမြမြ မျက်လုံးထောင့်များကို နမ်းလိုက်ပြီး နူးညံ့သိမ်မွေ့သော ကြောင်လေးကဲ့သို့ ညည်းသံကို ထွက်ပေါ်လာစေခဲ့သည်။ထို့နာက် သူကတောင်းဆိုလာခဲ့သည်။



“အဲ့တာကို ထပ်ပြောပေး” 



"ဘာ...ဘာကိုလဲ" 



ဖန်ချန်းက မပီမသပြောလ်ုက်သည်။သူ့စကားသံတိုးတိုးလေးသည် သူ့ပါးစပ်ထဲတွင် နူးညံ့သောသကြားလုံးအပိုင်းအစများရှိနေသလိုမျိုး ချိုမြိန် စေးကပ်မှုအပြည့်ဖြစ်နေသည်။ 



နျဲ့ရှီက အသက်ရှုသံပြင်းပြင်းဖြင့် ဖန်ချန်း၏လည်ပင်းကို စုပ်ယူလိုက်သည်... မျက်လုံးများမှိတ်ထားကာ ဖန်ချန်း၏လည်ပင်းကို ဆံပင်များဖြင့်ပွတ်သပ်လိုက်ပြီး တိုးတိုးလေးထပ်တောင်းဆိုလာပြန်သည်။



"ထပ်ပြောပေးပါ....ကျေးဇူးပြုပြီး~"



သူက ခပ်နိမ့်နိမ့်ဩရှရှအသံဖြင့်တောင်းဆိုလာခဲ့ပြီး ဖန်ချန်း၏နှုတ်ခမ်းနှစ်လွှာကိုဟကာ လျှာကိုထည့်လိုက်၍ အတွင်းထဲ လှည့်ပတ်စုပ်ယူလိုက်သည်။



ဖန်ချန်းသည် ငြင်းဆန်၍မရနိုင်တော့ပေ..နျဲ့ရှီသည် သူ့အားနည်းချက်ကတ်ကို အသုံးပြုနေမှန်း သိသော်လည်း သူပြောသမျှကို ပျော့ပျောင်းစွာ လက်ခံနေဆဲဖြစ်သည်။



“ဆရာ~” 



သူတိုးဖွဖွခေါ်လိုက်ရင်း သူ့နားရွက်များက နီရဲလာတော့သည်။



ထို့နောက် သန့်စင်ခန်းထဲကနေ သီးခြားစီ ထွက်သွားလိုက်ကြသည်။ ဖန်ချန်း ၏မျက်လုံးများသည် မျက်ရည်စများဝေ့သီနေကာ သူ့အမူအရာသည် အနည်းငယ်ပျော့ပျောင်းနေသည်။သူ ခေါင်းကိုစောင်းလိုက်သည်နှင့် ကောက်ကွေးကွေးဆံပင်များကဝဲခနဲဖြစ်သွား၍ မျက်တောင်ရှည်များနှင့် ပယင်းမျက်လုံးများက သဘာဝအတိုင်း ထွက်ပေါ်လာခဲ့သည်။ သူသည် ကျောင်းသားတစ်ဦးဟု အထင်မှားခံရသည်မှာ အံ့သြစရာမဟုတ်ပေ.. တက်ကြွမှုအပြည့်ရှိသော ငယ်ရွယ်နုပျိုသော energy ကို အမြဲထုတ်လွှတ်နေလေသည်။



သူတို့သည်ရေကန်ဘေးရှိ ခုံတန်းလေးတစ်ခုမှာ ဝင်ထိုင်လိုက်ကြသည်။ နျဲ့ရှီကရုတ်တရက်မေးလာခဲ့သည်။



“ဟိုကျောင်းသူနဲ့ အတန်းထဲမှာ ဘာတွေပြောနေခဲ့တာလဲ”



ဖန်ချန်းက ခေါင်းကို လှည့်ကာပြောလိုက်သည်။ 



"သူက မင်းကို ဓာတ်ပုံရိုက်နေတာ"



ထို့နောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်ကြသည်။



အချိန်အကြာကြီး အတူရှိနေကြသော်လည်း တစ်ယောက်ကိုတစ်ယောက် သဝန်တိုကာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်နေကြဆဲဖြစ်သည်။



"မင်းဘာလို့ ဆရာဖြစ်လာရတာလဲ"



ဖန်ချန်းက လှိုင်းလုံးတွေနဲ့ ငါးကင်းစင်နေပြီးအနှောက်အယှက်ကင်းစွာငြိမ်သက်နေသည့် ရေကန်ကြီး၏ မျက်နှာပြင်ကို ငေးကြည့်ကာမေးလိုက်သည်။ ငှက်တောင်ပံခတ်သံတွေကြားမှာပဲ သူ့အသံကို ဆက်လိုက်သည်။



"ငါစောနက မင်းကိုရှောင်ချင်ခဲ့တာ... ငါနည်းနည်းနှေးတတ်သူမလို့ အခုမှပြဿနာတချို့ကိုသဘောပေါက်လာသလိုပဲ"



မကြာခင်မှာပင် ငှက်များသည် ဝေးကွာသော အရပ်ဆီသို့ ပျံသန်းသွားကြသည်။သူတို့သည် အဝေးကိုပျံသွားကြသော်လည်း ကောင်းကင်ပြာပြာကြီးကို ဘယ်တော့မှ မကျော်လွန်နိုင်ပေ။



"ငါပြောချင်တာက... မင်းအဝေးကြီးကို အရမ်းကြိုတွေးနေသလိုပဲ" 



ဖန်ချန်းက သူ့ခေါင်းကို ငြိမ့်လိုက်ပြီး ရေကန် ဒါမှမဟုတ် အပြာရောင်ကောင်းကင်ကြီးကို ငေးကြည့်နေရမလား မသေချာဖြစ်နေသည် နောက်ဆုံးတွင် သူ၏အာရုံစူးစိုက်မှုသည် နျဲ့ရှီ၏ဘေးတိုက်မျက်နှာအပေါ် အာရုံစိုက်လိုက်ဘူး သူ့ရှေ့မှလူကို အလေးအနက်ထားလေ့လာလိုက်သည်။



နျဲ့ရှီသည် သူ့မိသားစု၏ ဆန့်ကျင်မှုများကြားမှ သူ့ကိုယ်ပိုင်ငွေကြေးနှင့်အတူ ဘွဲ့လွန်အတန်းတက်ပြီးတော့ ဆရာတစ်ဦးဖြစ်လာခဲ့သည်။ သူတို့၏ အနာဂတ်ကို သူတကယ်ပဲ တွေးနေခဲ့သည်။ သူတို့တွင် ကလေးရှိလာမည်မဟုတ်ချေ။ အနာဂတ်တွင် တည်ငြိမ်သည့်ဘဝမျိုးကို ရချင်ကြသည်ဆိုရင်..... ဆရာတစ်ယောက်လုပ်ဖို့က တကယ့်ကို ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။ ငယ်ရွယ်စဉ် အခုချိန်၌ ခက်ခဲနိုင်သော်လည်း အနည်းဆုံးတော့ အနာဂတ်အတွက် စိတ်ပူစရာ မလိုတော့ပေ။



ဖန်ချန်းသည် လေအေးပေးစက်မရှိသော နွေရာသီ ရေခဲမုန့်ဆိုင်နှင့် အနည်းငယ် အရည်ပျော်နေသော ရေခဲမုန့်ကို သတိရမိလိုက်သည်။



နျဲ့ရှီသည် သူတို့၏အနာဂတ်လမ်းကြောင်းကို အစောကြီးထဲကစီစဉ်ထားခဲ့ပြီး သူတို့အတွက် သူ့ကိုသူ ချုပ်နှောင်ခဲ့လေသည်။