Ch36 ညှိုးနွမ်းခြင်း
လီလီ၏ရနံ့များသည် နှာခေါင်းအတွင်း လွှမ်းခြုံသွားခဲ့ပြီး အရွက်များ ညှိုးနွမ်းနေပြီဖြစ်သည့် လီလီများသည် စားပွဲအနှံ့ ပြန့်ကျဲနေသည်။ ခူးဆွတ်ခံထားရသည့် ပန်းများအား ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးတွင် အသက်ကင်းမဲ့ကာ ညှိုးနွမ်းသွားရစမြဲပင်....
ဖန်ချန်းသည် ဆေးရုံကုတင်ဘေးတွင် ရပ်နေကာ အေးစက်နေသော ကုတင်လက်ရန်းကို လက်ဖြင့် ပွတ်တိုက်လိုက်သည်။ရုတ်တရက် တစ်ခုခုဆုံးရှုံးသွားသလို ခံစားနေရပြီး လှည့်ကြည့်လိုက်ရာ တံခါးဝတွင် ဆရာဝန်နှင့် စကားပြောနေသည့် နျဲ့ရှီကို တွေ့လိုက်မှသာလျှင် သူ့စိတ်က အနည်းငယ် သက်သာရာရသွားခဲ့သည်။ ထို့နောက် ကုတင်ပေါ်တွင် အိပ်ပျော်နေသော နူးညံ့သည့် အဘွားအိုကို ပြန်ကြည့်လိုက်ကာ မျက်လုံးများနီလာပြီး ခေါင်းကို ငုံ့ချလိုက်သည်။
မိဘမဲ့ဂေဟာကို သူနောက်ဆုံးရောက်ခဲ့သည်မှာ ကြာခဲ့လှပြီမို့ သူ့၏အမှတ်တရများက တစ်ခုမှမရေရာတော့ပေ။ အေးစက်ပြီး မှောင်မဲသည့်စင်္ကြံနှင့် ဒါရိုက်တာဖွားဖွားချစ်သည့် လီလီပန်းများကိုသာ အမှတ်ရမိလေသည်။ လွန်ခဲ့သောနှစ်အနည်းငယ်ကပင် ဖွားဖွားသည် မိဘမဲ့ဂေဟာကို ပြန်လည်မွမ်းမံပြင်ဆင်နေပြီလို့ ဟု သူ့ကိုဖုန်းဆက်ပြောလာခဲ့ပြီး သူမ၏အသံမှာ ရွှင်မြူးနေခဲ့သည်။
သူမသည် သူမဘဝတစ်ခုလုံးကို မိဘမဲ့ဂေဟာတွင် အမှန်တကယ် မြှုပ်နှံထားခဲ့ကာ အိမ်ထောင်မပြုသလို ကလေးလည်းမမွေးခဲ့ဖူးပေ။ အငြိမ်းစားယူရသည့်အရွယ်တွင်ပင် သူမသည် မိဘမဲ့ကျောင်းအနီးရှိ အိမ်ငယ်လေး၌သာ နေထိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမ ရုတ်တရက် ဖျားသောအခါတွင် လာ၍ ပြုစုသည်မှာ သူမ၏ တူတစ်ဦးသာ ဖြစ်ခဲ့သည်။
ဖန်ချန်းသည် အဖွားထံ ရံဖန်ရံခါ လာရောက်လေ့ရှိသော်လည်း သူသည် မိဘမဲ့ဂေဟာသို့ မရောက်တာကြာပြီဖြစ်သည်။ အနီးနားမှာရှိကာ ငါးမိနစ်လောက် လမ်းလျှောက်ရုံနဲ့တင်ရောက်နိုင်သော်ငြား လည်ပတ်ဖို့ကို ဘယ်တုန်းကမှမရွေးချယ်ခဲ့ပေ။
"ဖန်ချန်း...သားဘာလိုလုပ်ဒီကိုရောက်နေတာလဲ"
ဒါရိုက်တာအဖွားက နိုးလာခဲ့ပြီး မျက်လုံးများကိုကျဉ်းမြောင်းစွာဖွင့်ထားပြီး နွမ်းနယ်သည့်အသံဖြင့်ထပ်မေးလာခဲ့သည်။
"သား...ဒီမှာဘာလုပ်တာလဲ"
ဖန်ချန်းသည် ဒါရိုက်တာအဖွားထံ နောက်ဆုံး လာရောက်ခဲ့သည်အချိန်ကို မမှတ်မိတော့ပေ။ သူသည် အရမ်းအလုပ်များနေပြီး စည်ကားတဲ့မြို့မှ တောင်များရှိရာနယ်ဆီပြန်သည့်လမ်းကို မေ့သွားခဲ့သည်။
"ဘာလို့ရမှာလဲ.... အဖွားကိုလာတွေ့တာလေ"
ဖန်ချန်းသည် သူ့လေသံကို အတတ်နိုင်ဆုံး ဖြေလျှော့ဖို့ ကြိုးစားသော်လည်း သူ့သံက တင်းမာနေဆဲပင်...
"အဖွား ဒီလောက်နေမကောင်းဖြစ်နေတာကို ဘာလို့ ကျွန်တော့်ကိုမခေါ်ရတာလဲ..."
သူပြောပြီးကာမှ သူ့အမှားပင်ဖြစ်ကြောင်းခံစားလိုက်ရသည်။သူ နောက်ဆုံးအကြိမ်လာခဲ့သည်မှာ အရမ်းကိုကြာနေပြီဖြစ်သည်... သူကသာမေ့သွားခဲ့သူဖြစ်သည်။
"အိုး ဒါကဘာမှ မပြင်းထန်ပါဘူး"
ဖန်ချန်းကို ပြုံးပြလာရင်း ဒါရိုက်တာအဖွား၏ မျက်လုံးများ ကွေးညွှတ်သွားသွားကာ မျက်နှာပေါ်တွင်ကြင်နာမှုအရိပ်အယောင်များသန်းနေလေသည်။
"သားကို ဒီလမ်းအထပ်ထပ်လာခိုင်းစရာမလိုပါဘူးကွယ်"
သူမက ဖန်ချန်းကို ထိုင်ရန် လက်ပြလိုက်ပြီးဆက်ပြောလိုက်သည်။
"နျဲ့ရှီရော ဒီရောက်နေတာလား.. သူရော သားနဲ့အတူ လိုက်ခဲ့တာလား"
"အင်း...သူလည်းပါလာတယ်"
ဒါရိုက်တာအဖွားက ရုတ်တရက် တိုတိုတုတ်တုတ် ရယ်မောလာပြီးနောက် ပူဆွေးနေသည့်ဟန် သက်ပြင်းချလိုက်သည်။သူမအတွင်း၌ ရှုပ်ထွေးသော စိတ်ခံစားမှုများ ရောနှောနေသောကြောင့် ဖန်ချန်းသည်ပင် ထိုအချိန်တွင် အဓိပ္ပါယ်ဖော်နိုင်နိုင်ခဲ့ပေ။ သူမက နွမ်းလျနေသောလက်ဖြင့် သူ့ဖမိုးကို ညင်သာစွာ ပုတ်လာကာပြောလာခဲ့သည်။
"ဒီကိုရောက်ဖို့က အနည်းဆုံး သုံးလေးနာရီခရီးပဲ၊ မင်းတို့ နှစ်ယောက်လည်း ပင်ပန်းနေမှာပြေါ.. မြန်မြန် အနားယူဖို့ နေရာရှာတော့ ငါ့ကို စိတ်မပူနဲ့တော့ "
"ကျွန်တော်တို့က ဘယ်လိုလုပ်အဲ့လိုလုပ်နိုင်မှာလဲ..ကျွန်တော်တို့က ဒီကို အဖွားတစ်ယောက်တည်းကိုတွေ့ဖို့လာခဲ့တာလေ"
"ငါက ဘာကြည့်စရာရှိသေးလို့လဲကွယ်.. ငါအသက်လည်းကြီးလာတာပါ ဒီလောက်ပါပဲ" ဒါရိုက်တာအဖွားကပြောလိုက်သည်။
"ဒါပေမယ့် သား.. ကိုဘယ်အချိန်ပဲကြည့်ကြည့် အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကြနေတာပဲ"
သူမက လက်ကို မြှောက်လိုက်ပြီးပြန်ချကာမေးလိုက်သည်။
"နှပ်တွေထွက်နေတာလား"
"...မဟုတ်ဘူး" ဖန်ချန်းက ပြောလိုက်သော်လည်း မကူညီနိုင်ဘဲ ခေါင်းကို ငုံ့ကာ လက်ဖြင့် အုပ်ထားလိုက်သည်။
"အလုပ်ရော ဘယ်လိုနေလဲ
"ကောင်းပါတယ်"
"ကောင်းတယ် အဲ့ဒါပဲ အရေးကြီးတာ"
သူမသည် ဆရာဝန်နှင့်စကားပြောပြီးသွားကာ တံခါးဝတွင်ရပ်စောင့်နေသော နျဲ့ရှီအား လွန်ခဲ့သောနှစ်များစွာကကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ ထိန်းကျောင်းခဲ့သည့် ကလေးအဖြစ် ပြန်ကြည့်လိုက်သည်။ အဲဒီတုန်းက သူ့ကို သတိထားမိခဲ့သော်လည်း မိဘမဲ့ဂေဟာတွင် ကလေးများစွာရှိခဲ့သည်။သူမ ခေါင်းတစ်ချက်လှည့်ပြီးတာနဲ့ သူ့ကို မေ့သွားလိမ့်မည်ဖြစ်သည်။ နောက်တစ်ကြိမ်မှာ သူ့နာမည်ကို ဖန်ချန်းထံမှ ပြန်ကြားလိုက်ရသည့်အချိန်တွင်ဖြစ်သည်။ ဖန်ချန်းလေးသည် အလယ်တန်းကျောင်းတွင် နျဲ့ရှီနှင့်တွေ့ခဲ့ကြောင်းပြောရန် စိတ်လှုပ်ရှားစွာ ပြန်လာခဲ့သည်။
ထိုအချိန်တွင် သူမသည် နျဲ့ရှီက ဘယ်သူလဲဟု တွေးမိခဲ့သည်။ သူမသည် သူမ၏အလုပ်ကို အမှန်တကယ်ချစ်မြတ်နိုးသော်လည်း သူမကို လူတိုင်းက ဖမ်းစားနိုင်ခြင်းမရှိပေ။ ထောင့်တစ်နေရာတွင် ပုန်းအောင်းနေတတ်သော ကလေးများစွာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခဏအကြာတွင် မြန်မြန်မေ့သွားခဲ့သည်သာ။
ဒါရိုက်တာက ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်လုံးများမှိတ်ကာမနားမချင်း ဖန်ချန်းသည်ဆေးရုံခန်းထဲတွင် အချိန်အတော်ကြာအောင် နေခဲ့သည်။ ထို့နောက် ဖန်ချန်းသည် တိတ်တဆိတ်ထကာ နျဲ့ရှီနှင့်အတူ ထွက်လာခဲ့လေသည်။
ဒါရိုက်တာအဖွားသည် အမှန်တကယ်အိပ်မပျော်နေချေ။ ဖန်ချန်း၏ အနည်းငယ်လှုပ်ရှားမှုက သူမကို နိုးကြားစေခဲ့သည်။ လူငယ်နှစ်ယောက်သည် တံခါးဝ၌ ရပ်နေပြီး တိုးတိုးပြောနေကြကာ အချင်းချင်း၏လက်နှစ်ဖက်မှာ ထိလုနီးပါး ဖြစ်နေခဲ့သည်။ ဖန်ချန်းသည် ခေါင်းကို မြှောက်လိုက်ပြီး နျဲ့ရှီ၏နား အနားသို့ သူ့လက်ချောင်းများနှင့် နီးကပ်လာခဲ့သည်။ နျဲ့ရှီ၏ အင်္ကျီလက်ကို ကိုင်ထားလျက် သူတို့ကြားရှိ ရင်းနှီးမှုသည်ဖုံးကွယ်မရနေပေ။
သူတို့ထွက်သွားကြပြီးနောက် ဒါရိုက်တာ၏တူဖြစ်သူက ရေနွေးပူပူနှင့် ပြန်လာခဲ့သည်။သူက "ပြတင်းပေါက်ဖွင့်ရအောင်.. ရာသီဥတုက သာယာတယ်၊ လေနဲ့ နေရောင်ခံပေးသင့်တယ်"ဟုဆိုလာခဲ့သည်။
ပြတင်းပေါက်ပွင့်လာခဲ့ကာ လေပြည်က သူမပါးပြင်ကို ဖြတ်ကာတိုက်ခတ်လာခဲ့ပြီး သူမသည်သက်ပြင်းတစ်ချက်ကို ချလိုက်သည်။ နေရောင်ခြည်သည် ကုတင်ပေါ် ကျရောက်လာခဲ့ပြီး အမှောင်ထုကို အရည်ပျော်စေခဲ့သည် ။
ထို့နောက် ဖန်ချန်း နှင့် နျဲ့ရှီ တို့သည် တောင်ပေါ်ရှိ ဒါရိုက်တာအဖွားထံ လစဉ်သွားရောက်လည်ပတ်ကြလေသည်။ ဒါရိုက်တာက အပြန်ပြန်အလှန်လှန် ခရီးမသွားဖို့ သူတို့ကို အမြဲတဖွဖွပြောပေမယ့် သူမ လေသံက သူမကိုသစ္စာဖောက်နေလေသည်။သူမသည် တွန့်ဆုတ်နေပြီး တစ်ယောက်ယောက်ကို လာစေချင်ခဲ့သည်။တကယ်တမ်း တစ်ယောက်တည်းနေရခြင်းသည် မလွဲမသွေ အထီးကျန်မှုကို ဖြစ်စေသည်။
လူတစ်ချို့သည် သူတို့၏ သိမ်မွေ့သည့် အမူအရာ..တစ်ယောက်နဲ့တစ်ယောက်အပေါ်ထားသည့်အရာများကို သတိပြုမိကာလူတိုင်း၏နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့သည်။
ဖန်ချန်းသည် နျဲ့ရှီ၏ စာပို့ချချက်များကို နားထောင်ရန် ရံဖန်ရံခါ ကျောင်းသို့ လာခဲ့လေ့ရှိပြီး အတန်းပြီးပြီးနောက်တွင် မကြာခဏ အစားအသောက် အတူတူစားလေ့ရှိသည်။ နျဲ့ရှီကို လျှို့ဝှက်ဓာတ်ပုံရိုက်ခဲ့သေယ မိန်းကလေးနှင့်လည်း တွေ့တွေ့ခဲ့ရကာ သူမနှင့် တဖြည်းဖြည်းချင်း စကားများဖလှယ်ခဲ့ကြလေသည်။
ထိုနေ့တွင် နေရောင်ခြည်သည် သာမန်ထက် နွေးထွေးပြီး သက်တောင့်သက်သာရှိနေခဲ့သည်။ ဖန်ချန်းသည် နောက်တန်းတွင် အမှတ်မထင်ငိုက်မိသွားခဲ့သည် ။ ကောင်မလေးက သူ့ကို တိတ်တိတ်လေး နှိုးပေးလာကာပြောလာခဲ့သည်။
"လာပါ ဆရာ့ကို အာရုံစိုက်ကြရအောင် ငါ သူ ဒီကို ခဏခဏကြည့်နေသလို ခံစားနေရတယ်...ခိုကိုးရာမဲ့နေသလိုမျက်လုံးတွေကြည့်နေတာ"
ဖန်ချန်းသည် ခေါင်းကို လှည့်ကာ တစ်ချက်ကြည့်ပြီး ပြန်ငြိမ်နေလိုက်သည်။
ကောင်မလေးက ဉာဏ်ထက်ပေသည်။ သူမအတွေးတွေက သူသိနိုင်သည်ထက် ပင်ပိုမြန်သည်။
သူမကတခဏမျှ တုံ့ဆိုင်းသွားပြီးနောက်သတိထားကာမေးလာခဲ့သည်။
“နင်နဲ့ ဆရာက ချစ်သူတွေမလား”
သူမ၏ မျက်လုံးများသည် စူးစမ်းလိုစိတ်များဖြင့် တောက်ပနေပြီး ဒေါသကင်းနေခဲ့သည်။
သူငြင်းသင့်သည်...ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူဘာကိုမှ မစွန့်စားသင့်ပေ... ဖြစ်ပေါ်လာနိုင်သည့် ဒုက္ခများကို မဖိတ်ခေါ်နိုင်ပေ... သူ့မျက်လုံးများသည် အရောင်ဖျော့သွားကာ အနည်းငယ်မှိန်သွားသည်။
"ငါတို့ က အသိတွေပါ"
"အဲ့ဒါက ဘာကိစ္စရှိလို့လဲ..."
ကောင်မလေး အနားကို တိုးကပ်လာခဲ့သည်။
"အရေးအကြီးဆုံးက တစ်ယောက်နဲ့တစ်ယောက် သဘောကျနေတာပဲလေမဟုတ်ဘူးလား..."
"မင်းကိုဘယ်သူပြောတာလဲ.."
ဖန်ချန်းက အနည်းငယ် ရယ်ချင်နေပေမယ့် မရယ်နိုင်ပေ..
"မဖြစ်နိုင်ပါဘူး..." ဟုနူးညံ့သောလေသံဖြင့်ပြန်ပြောလိုက်ကာ သူ့နှုတ်ခမ်းများက အနည်းငယ်ကွေးညွှတ်သွားခဲ့သည်။
"ဘာလို့လဲ..."
"ငါလည်းမသိဘူး...လူအများစုက မဖြစ်နိုင်ဘူးလို့ ထင်ကြတယ်လေ အဲ့တာကြောင့်..."
ဖန်ချန်းသည် သူ၏ပုံမှန်အမူအရာနှင့် မလိုက်ဖက်သော အပြုံးတစ်ခုကို ပြခဲ့လိုက်သည်။
“လူနည်းစုက လူများစု သဘောအတိုင်းလိုက်ပေးရမယ်လေ..."
"ဒီစည်းကမ်းကို ဘယ်သူက လုပ်လိုက်တာလဲ"
"...အမ်..ဘယ်သူမှမလုပ်ပါဘူး"
သိပ္ပံကျောင်းသားတိုင်းသည် သူတို့၏ တွေးခေါ်ပုံနှင့်ပတ်သတ်ပြီး အမြဲတမ်းခေါင်းမာသည့်ပုံရသည်။
ကောင်မလေးကဆက်ပြီး “ဒါဆိုရင် ဆရာကို ကြိုက်တယ်မလား” လို့ ထပ်မေးပြန်သည်။
ဖန်ချန်းက သူ့ခေါင်းကို သူ့လက်နှစ်ဖက်ထဲ မြှုပ်လိုက်ကာ အသက်ပြင်းပြင်းရှူပြီး ခေါင်းကို မြှောက်လိုက်သည်။
"ငါနားလည်ပြီ!"
ကောင်မလေးက သူဘာမှမတတ်နိုင်ခင်မှာတင်ထပ်ပြောလာသည်။သူမက လက်ညိုးကို နှုတ်ခမ်းပေါ်တင်ပြီး လျှို့ဝှက်သည်အပြုံးဖြင့်ပြောလာသည်။
"ငါလျှို့ဝှက်ထားပေးပါ့မယ်"
"ငါ... ဘာမှ မပြောရသေးဘူးလေ.."
"အမ်းးး ဒါဆို ငါ့အဖြေက အရိုင်းဆန်တဲ့ မှန်းဆချက်တစ်ခုပဲထားလိုက်ပါတော့ နင်တို့နဲ့ မဆိုင်ပါဘူး.. ဒါက ငါ့စိတ်ကူးယဉ်သက်သက်ပဲ!"
ကောင်မလေးက ချိုချိုသာသာ ပြုံးပြလာပြီး သူမနှုတ်ခမ်းတွေက တွန့်ကွေးနေသည်။
ဖန်ချန်းသည် ကြင်နာမှုနှင့် နူးညံ့မှုအပြည့်ရှိသော မိန်းကလေးတစ်ဦးကို အနီးကပ်မြင်လိုက်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ၏ကြင်နာမှုကြောင့် အနည်းငယ် ပီတိဖြစ်မိကာ လောကကြီးတွင် သူတို့ကို အမှန်တကယ် နားလည်သူ အများအပြားရှိနေသည်ဟု ယုံကြည်၍ သူ့ကိုယ်သူ ချုပ်တည်းနေရန် မလိုအပ်ဟုတွေးမိလိုက်သည်။
အရာရာတိုင်းက အပြုသဘောဆောင်သည့် တိုးတက်မှုများဟုမြင်ပေသည်။ နေ့ရက်များကို တဖြေးဖြေးဖြတ်သန်းရလာခဲ့ပြီး နေ့ရက်တိုင်းသည် မျှော်လင့်ချက်အသစ်များ သယ်ဆောင်လာကာ ကံဆိုးခြင်းများအားလုံးသည် သူ့ဘဝ၏ ပထမနှစ်ဝက်လောက်မှာပင် ကုန်ဆုံးသွားမည့်ပုံပေါ်သည်။ ဖန်ချန်းသည် သူ့ကံဆိုးခြင်းအားလုံး ကုန်ဆုံးသွားပြီဟု ထင်မှတ်ထားသော်လည်း အသက်နှစ်ဆယ်ကျော်အရွယ်သာသာရှိသေးပြီး ခါးသီးမှုများစွာကို အခုထိသိပ်မခံစားခဲ့ရသေးသည်ကို မေ့သွားခဲ့သည်။
အောက်တိုဘာလလောက်တွင် နျဲ့ရှီသည် နောက်ဆုံးတွင် အားလပ်ချိန်အချို့ကို ရရှိခဲ့ပြီးသူတို့သည် ခရီးအတူတူထွက်ရန်စီစဉ်ခဲ့သည်။သို့သော်လည်း အစီအစဉ်တစ်ဝက်တစ်ပျက်တွင် နျဲ့ရှီသည် အရေးတကြီး သုတေသနတစ်ခုကို မဖြစ်မနေတာဝန်ယူလိုက်ရကာ ခရီးမသွားနိုင်တော့ပေ။
ထိုအချိန်တွင် ဖန်ချန်းကပြောခဲ့သည်။
"ကိစ္စမရှိပါဘူး သူတို့ကအဲဒါကို ပြင်ဆင်ဖို့ ဆွေးနွေးနေတာကြာပြီဖြစ်လောက်တယ်... နောက်တစ်ကြိမ်...ငါတို့အတွက် နောက်ထပ် အခွင့်အရေးတစ်ခုက အမြဲရှိနေဦးမှာပါ"
ထိုကာလများအတွင်း နျဲ့ရှီသည် အိမ်ပြန်နောက်ကျကာ အမြဲတမ်းမောပန်းနွမ်းနယ် အေးစက်နေပြီး အိမ်ပြန်ရောက်သည်နှင့် ဖန်ချန်းငယကို သူ့ရင်ခွင်ထဲတွင် ထည့်ထားကာ လုံခြုံသောခံစားချက်ကိုရှာဖွေရန် ဖန်ချန်း၏ ပခုံးပေါ်တွင် ခေါင်းကိုတင်ထားတတ်သည်။
ဖန်ချန်းသည် အရူးတစ်ယောက်ကဲ့သို့ပင် လွဲမှားနေသည့်အရာများကို သတိမထားမိဘဲ အနာဂတ်အတွက် အကောင်းမြင်စိတ်များသာရှိနေခဲ့သည်။
တစ်နေ့နေ့လည်ခင်းတွင် တစ်ယောက်တည်း ထမင်းစားနေစဉ် အတန်းဖော်ကောင်မလေးထံမှ ဖုန်းဝင်လာခဲ့သည်။ အခြားတစ်ဖက်တွင် သူမသည် ကော်ဖီဆိုင်တစ်ခုထဲ ရှိနေသကဲ့သို့ နောက်ခံ ဆူညံသံများစွာ ထွက်ပေါ်နေခဲ့သည်။
"ဆရာနျဲ့ ကျောင်းမလာတာ နှစ်ရက်ရှိနေလို့... ကျောင်းကို အကြောင်းကြားတာ ဒါမှမဟုတ် ခွင့်ယူဖို့ လျှောက်ထားတာမတွေ့လို့ နည်းနည်း စိတ်ပူပြီး ဖုန်းခေါ်လိုက်တာ"
နျဲ့ရှီ၏ မကြာသေးမီက ပုံမှန်မဟုတ်သော အမူအကျင့်များကို ချိတ်ဆက်မိကာ ဖန်ချန်း၏နှလုံးသားထဲတွင် အဖြေတစ်ခုရှိနေပြီဖြစ်သည်။ သူ တလမ်းလုံး တဟုန်ထိုးပြေးသွားခဲ့ရင်း အသက်ပြင်းပြင်းရှူနေရကာ အအေးဓာတ်များက သူ့ပါးစပ်ထဲကနေဖြတ်၍ အဆုတ်များပေါက်ကွဲသွားအောင်ဝင်လာခဲ့ပေမယ့်သူမရပ်နိုင်ခဲ့ပေ...
သူသည် နျဲ့ရှီ၏ မွေးစားမိဘများ လိပ်စာကို ကောင်းစွာသိသော်လည်း တစ်ခါမှမရောက်ဖူးပေ။ တံခါးကိုပြန်ဖြေပေးသူမှာ သူ့မိဘများမဟုတ်ပေ.. ဆယ့်တစ်ဆယ့်နှစ်နှစ်အရွယ် ကောင်လေးက မျက်လုံးများပြူးကာ မေးလာခဲ့သည်။
"ကျွန်တော့်အကိုနဲ့ ဘာကိစ္စရှိလို့လဲ"
ဖန်ချန်း၏ စိုးရိမ်သောကအမူအရာနှင့် အရေးတကြီးဖြစ်နေသည်ကိုမြင်ပြီး ကောင်လေးက ဆက်ပြောလာသည်။
"အကိုကနေမကောင်းလို့ အမေက သူ့ကိုဆရာဝန်ဆီ ခေါ်သွားပေးနေတယ်"
ဖန်ချန်းက အသက်ပြင်းပြင်းရှူလိုက်ရင်း သူ့ဦးနှောက်က အောက်ဆီဂျင်ပြတ်သလိုခံစားလိုက်ရသည်။ အသက်ရှူလိုက်တိုင်း နာကျင်မှုကခြောက်သွေ့စွာဝင်လာခဲ့သည်။
သူတို့ကိုအရာများစွာက ချည်နှောင်ထားကြသည်။
သူတို့သည်စစ်မှန်သောလွတ်လပ်မှုကို ဘယ်သောအခါမှ မခံစားနိုင်ကြပေ...
ဖန်ချန်းသည် နျဲ့ရှီထံ ဖုန်းမဆက်နိုင်ခဲ့ပေ။ အိမ်ပြန်သွားကာ နေ့ခင်းကနေ ညနက်သည်အထိ စောင့်နေခဲ့သည်။ သူသည် အကြာကြီးစောင့်ခဲ့ပြီး အအေးဒဏ်နှင့်အတူ ဆာလောင်မှုကတိုးဝင်လာပြီး မိဘမဲ့ဂေဟာရှိ အေးစက်စင်္ကြံတွင် ငယ်ရွယ်စဉ်က မတရား ပြစ်ဒဏ်ချခံရသည့်နေ့ရက်များသို့ ပြန်ရောက်လာသလိုခံစားလိုက်ရပြီး လည်ချောင်းများ ခြောက်သွေ့ကာ မျက်ရည်များ စီးကျလာတော့သည်။
ထိုကဲ့သို့ ပြစ်ဒဏ်ချခံရသည့်အချိန်များတွင် သူသည် သူမှားခဲ့သော အမှားကို နားမလည်နိုင်ခဲ့ပေ... သူ့အပေါ် ချမှတ်ခဲ့သည့် စွပ်စွဲချက်တိုင်းကို သူမဖယ်ရှားနိုင်ခဲ့ပေ... အကြိမ်ကြိမ်အခါခါ.. နျဲ့ရှီကသာ သူ့ကို တစ်ရှူးပေးပေး စင်္ကြံထဲကနေ ဆွဲထုတ်ပြီး နေရောင်ထဲကို ခေါ်ဆောင်ပေးခဲ့သည့်သူဖြစ်ခဲ့သည်။
အခုအချိန်မှာတော့ နျဲ့ရှီသည် သူ့ကိုယ်သူ အတွက်တောင် ဘာတစ်ခုမှ လုံးလုံးလျားလျား မတတ်နိုင်ရှာတော့ပေ...