Chapter 24
Viewers 2k

🥘CHAPTER-(24) 



"....သုံးထောင်စားတော်ဆက်က ဤပြိုင်ပွဲမှာ အနိုင်ရသွားပါတယ်..." 


စကားသံထွက်လာသည်နှင့် တာဝန်ရှိသောဝန်ထမ်းအား တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်းပိတ်ချရန် အချက်ပြလာသည်။ ဝန်ထမ်းလည်း သဘောပေါက်ကာ တိုက်ရိုက်ထုတ်လွှတ်ခန်းမှထွက်ရန် ကြိုးစားသော်လည်း သူ့လုပ်ရပ်ကို လက်တစ်ဖက်က လာပိတ်ထားသည်။ 


"ဟိုနားကဆံပင်ဖြူနဲ့လူ ဖန်သားပြင်ကို မနှောင့်ယှက်ပါနဲ့..." 


မန်နေဂျာက ခက်ထန်စွာ အော်လိုက်သည်။ ဖုန့်ယဲ့ ဝန်ထမ်း၏လက်ကိုလွှတ်ကာ မန်နေဂျာကိုတစ်ချက်ရေးရေး ကြည့်လိုက်၏။ ထို့နောက် သူ၏အကြည့်ကိုပိုင်ရှန်းကျစ်ထံ အကြည့်လွှဲလိုက်၏။ 


ပိုင်ရှန်းကျစ်သည် ဖုန့်ယဲ့ကို အချိန်အတော်ကြာကတည်းက မှတ်မိသားပြီးဖြစ်သည်။ သူ(ဖုန့်ယဲ့)သူ့ကိုကူညီနေကြောင်း သိလိုက်သည်။ သူမန်နေဂျာထံ စကားပြောသည်။ 


"မန်နေဂျာ ဒါဘာကိုဆိုလိုတာလဲ...တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ချစေချင်တာလား...ဒါပေမယ့် ကျွန်တော်မှတ်မိသလောက်တော့ ရလဒ်တွေ မကြေငြာရသေးဘူးလေ..." 


"အရင်သဘောတူသလိုဆိုရင် မန်နေဂျာ ဘယ်သူကဘယ်သူ့ကို တုလဲဆိုတာ မကြေညာရသေးဘူးမလား..." 


မန်နေဂျာဘက်က ပိုင်ရှန်းကျစ်ကို မသက်သာသောအမူအရာနှင့် ကြည့်လာသည်။ အချိန်လဟိုတယ် အတုခိုးပါသည်ဟုဝန်ခံလိုက်ခြင်းက သူတို့ဂုဏ်သတင်းကို အကြီးအကျယ်ယုတ်လျော့စေသည်။ သူထိုကဲ့သို့သော တစ်စုံတစ်ရာကို သာမန်လေးထုတ်မပြောနိုင်ပေ။ အချိန်လဟိုတယ်အနေနှင့် မည်သူ့ကိုမှအတုမခိုးကြောင်း သူသေချာသည်။ 


ပိုင်ရှန်းကျစ်ကို မန်နေဂျာကြည့်ကာ အလေးအနက်ပြောသည်။ 


"အမှန်တရားကို မသိသေးဘူးလေ...ကျွန်တော်တို့ဟိုတယ်ဘက်က ဆက်စုံစမ်းဦးမှာပါ..." 


ပိုင်ရှန်းကျစ် မေးသည်။ 


"အမှန်တရားလား..." 


ပိုင်ရှန်းကျစ် လှောင်ပြောင်သည်။ 


"ခင်ဗျားဟိုတယ်က လုပ်တဲ့ဟင်းပွဲတွေရဲ့ အရသာက ကျွန်တော့်ဟာနဲ့မယှဥ်နိုင်ဘူး...ဒါအမှန် မဟုတ်လား..." 


"ခင်ဗျားနဲ့ပြိုင်တဲ့စားဖိုမှူးက သားရဲဆိုင်ခွဲကလေ၊ ဒီဟင်းပွဲတွေထွင်တဲ့ စားဖိုမှုးချုပ်မဟုတ်ဘူး...စားဖိုမှူးချုပ်ပြန်လာတာကိုစောင့်ပြီးအမှန်တရားကိုဆုံးဖြတ်ရအောင်..." 


မန်နေဂျာပြန်ပြောသည်။ 


ပိုင်ရှန်းကျစ် ဒေါသတကြီး ရယ်မောသည်။ 


"ပြိုင်ပွဲကိုလည်း ခင်ဗျားအပြောနဲ့ပဲ သတ်မှတ်တာ၊ သဘောတူတာကလည်း ခင်ဗျားပဲ...အခုခင်ဗျားရှုံးတော့ လှည့်ကွက်တွေလာသုံးပြီး ဝန်မခံဘူးပေါ့...အရမ်းအထင်ကြီးတာပဲဗျာ..." 


တိုက်ရိုက်ထုတ်လွှင့်ခန်းမှ အွန်လိုင်းကြည့်ရှုသူများလည်း စတင်ဆွေးနွေးလာကြသည်... 


["ဒါအဓိပ္ပါယ်ရှိတယ်...အကုန်လုံးကို ပွဲမစခင်ကတည်းက သဘောတူထားတာလေ...အချိန်လဟိုတယ်က ရုတ်သိမ်းချင်နေတာလား...သဘောထားသေးလိုက်တာ..."] 


["အချိန်လဟိုတယ်က ဒီအခြေအနေကို ဖြေရှင်းတာညံ့တယ်လို့ ငါထင်တယ်...ရှုံးရင်လည်း သိက္ခာရှိရှိလက်ခံပေါ့...အခုတော့ကြည့်နေတဲ့သူတွေကို အထင်အမြင်ဆိုးပေးပြီး ဒီဖြစ်ရပ်ကို ဖြစ်လာစေတယ်လေ..."] 


["အတိုင်းအတာတစ်ခုထိတော့ နားလည်ပေးနိုင်ပါတယ်...ဟိုတယ်တစ်ခုအနေနဲ့ ဟင်းပွဲတွေက အရေးကြီးတယ်...ဒါပေမယ့်လည်း သေချာမစုံစမ်းဘဲ တုတယ်ဆိုပြီးဘာလို့ လွယ်လွယ်ဝန်ခံခိုင်းနိုင်ရတာလဲ..."] 


["အရှုံးကိုလက်သင့်မခံနိုင်ရင် အစတည်းကပြိုင်ပွဲကို သဘောမတူနဲ့လေ...အခုရလဒ်တွေထွက်လာတော့သူတို့ကလှည့်ကွက်သုံးနေပြီ...တကယ်ကိုနှစ်သက်စရာမကောင်းဘူး..."] 


["စားဖိုမှူးချုပ်က ဟင်းပွဲတွေဖန်တီးထားတာဆိုတော့ အစတည်းကစားဖိုမှူးချုပ်ကို ပြိုင်ခိုင်းသင့်တာ...ဆိုင်ခွဲတစ်ခုက စားဖိုမှူးကိုပါခိုင်းတာ ဘာအရေးလဲ..."] 


["အစကတော့ သုံးထောင်စားတော်ဆက်ကို ဆိုင်ခွဲကစားဖိုမှူးတစ်ယောက်နဲ့ ကိုင်တွယ်ရင် လုံလောက်ပြီထင်နေတာ ဖြစ်မယ်...သူတို့မထင်ထားဘူးလေ..."] 


["တကယ်မန်နေဂျာကဒီလိုတွေးထားတာပဲ...ဒါကိုလည်း အကြောင်းရင်းတစ်ချက်လို့ သတ်မှတ်လို့ရတယ်...နောက်တစ်ချက်ကတော့ စားဖိုမှုးချုပ်က အခုမတတ်နိုင်ဘူးလေ..."] 


"မန်နေဂျာ မျှမျှတတပြိုင်မယ်လို့ သဘောတူထားတာကို လှည့်ကွက်သုံးတာ ကောင်းတဲ့အကျင့် မဟုတ်ဘူး​နော်..." 


မန်နေဂျာ ပိုင်ရှန်းကျစ်ကို စိုက်ကြည့်သည်။ သုံးထောင်စားတော်ဆက်ပိုင်ရှင်နှင့် ဆံပင်ဖြူယောက်ျားတို့ ထိန်းချုပ်ထားသော တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ချရန်မဖြစ်နိုင်ပါချေ။ အချိန်လဟိုတယ် အတုခိုးပါတယ်လို့တကယ်ကြီးဝန်ခံရမှာလား... 


"နေဦး..." 


တံခါးအပြင်မှ ယောက်ျားတစ်ဦး၏အသံထွက်ပေါ်လာသည်။ ပိုင်ရှန်းကျစ် လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ 


"ရှဲ့ပေါ်ပေါ်..." 


တစ်ချိန်တည်းမှာပင် သူနားတွင်းအသံတစ်ခု ကြားလိုက်ရသည်။ 


"စားဖိုမှူးချုပ်..." 


တကယ်တော့ 'ရှဲ့ပေါ်ပေါ်'သည် သူ၏နာမည်ရင်း မဟုတ်ပေ။ သူ၏နာမည်ရင်းသည် 'လောင်းပေါ်ပေါ်' ဖြစ်သည်။ သူ၏သရုပ်မှန်မှာလည်း မြွေကလန်မှမဟုတ်ဘဲ 'ထိရှလွယ်ကာလ'ဟူသည့်ပြသနာရှိသော နဂါးကလန်မှဖြစ်သည်။ 


'ထိရှလွယ်ကာလ'အတွင်း နဂါးများဘာမှမလုပ်နိုင်ဘဲ နဂါးကလန်တွင်းသာ နေရသည်။ သူတို့၏ ခန္ဓာအနှံ့ပြန့်နေသော ယားယံမှုကို အံတုရသည်။ 'ထိရှလွယ်ကာလ' မှာ ငါးနှစ်တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိကာ အချိန်ကာလကို မှန်းမရပေ။ နဂါးအနည်းစုသာ 'ထိရှလွယ်ကာလ' 

ဘယ်ချိန်ရောက်မည်ကို ကြိုမှန်းနိုင်ကြသည်။


ဤတစ်ကြိမ်တွင် လောင်းပေါ်ပေါ်အနေနှင့် သူ၏'ထိရှလွယ်ကာလ' ဖြစ်လာမှုကြောင့် ချက်ချင်းနဂါးကလန်ကို လျှင်မြန်စွာပြန်ရသည်။ အံတုရန်မှာလည်း မလွယ်သကဲ့သို့'ထိရှလွယ်ကာလ'ကိုကျော်ဖြတ်ကာ ဖြတ်ကျော်ခွင့်ရခဲ့ချိန်တွင် ဤကြီးမားသည့်အဖြစ်မျိုး ဖြစ်လာရန် မမျှော်လင့်ခဲ့ပေ။ 


သုံးထောင်စားတော်ဆက်နှင့် အချိန်လဟိုတယ်မှာ ဘယ်သူကဘယ်သူ့ကို တုပသည်ကိုဆုံးဖြတ်ရန် တကယ်ကြီး ပြိုင်ပွဲကျင်းပနေသည်။ 


သတင်းတွေကိုမြင်ပြီး လောင်းပေါ်ပေါ်ငိုလုနီးနီးပင်။ ဒီလိုတွေဖြစ်လာတဲ့အခါ ဒီတစ်ခုလုံးက သူ့အမှားတွေပင်။ 


နဂါးတစ်ကောင်အနေနှင့် လောင်းပေါ်ပေါ်တွင် ချက်ပြုတ်ခြင်းအပေါ် ပြင်းပြစိတ်ရှိသည်။ သူ့စွမ်းအင်အားလုံးကို ချက်ပြုတ်ခြင်းအနုပညာတွင် မြုပ်နှံကာ သုံးထောင်သောလောကတွင် အကြီးဆုံးဖြစ်သည့် အချိန်လဟိုတယ်တွင် အကြီးအကဲစားဖိုမှူးချုပ် အောင်မြင်စွာ ဖြစ်လာလေသည်။ 


သူ၏အချက်အပြုတ်စွမ်းရည်များကို မရေတွက်နိုင်သည့် လူများစွာအသိအမှတ်ပြုကြသော်ငြား မလုံလောက်ဟု လောင်းပေါ်ပေါ်ခံစားရသည်။ ဤတစ်ကြိမ်တွင် သုံးထောင်စားတော်ဆက်၏ဟင်းပွဲများ ပို၍အရသာရှိလာသည့်အကြောင်း သတင်းကြားကာ အွန်လိုင်းပေါ်တွင်တင်ထားသည့်ပုံများမှာလည်းအလွန်ကောင်းပုံပေါ်သည်။ ထို့ကြောင့် လောင်းပေါ်ပေါ် သုံးထောင်စားတော်ဆက်သို့ သွားတော့သည်။ 


ပိုင်ရှန်းကျစ်၏ဟင်းပွဲကို တစ်ကြိမ်မြည်းစမ်းပြီးသည်နှင့် လောင်းပေါ်ပေါ် မှင်သက်သွားရသည်။ ဤအရာမျိုး အရင်ကမစားခဲ့ဖူးသကဲ့သို့ ထူးခြားအရသာရှိသည့် ဤအရာမျိုးဖန်တီးရန် သာမန်ညောင်ညဟင်းရွက်များနှင့် ထူးခြားသောသစ်သီးရိုင်းများကို အမျိုးမျိုးသောပါဝင်ပစ္စည်းများနှင့် ရောစပ်နိုင်ကြောင်း သူ မတွေးမိဖူးပေ။ 


ထိုအချိန်က သုံးထောင်စားတော်ဆက်တွင် ဝန်ထမ်းခေါ်နေချိန်ဖြစ်သည်။ ပိုင်ရှန်းကျစ်၏ ဟင်းချက်စွမ်းရည်ကို ခိုးယူရန်နှင့် သူ့အပိုင်အဖြစ်ဟန်ဆောင်ရန် လောင်းပေါ်ပေါ်မတွေးမိပါချေ။ ပိုင်ရှန်းကျစ်၏ ဟင်းချက်စွမ်းရည်ကို ကိုယ်တိုင်တွေ့ကြုံရန်နှင့် သူ့စိတ်၏အတားအဆီးများကို ကျိုးပျက်စေခဲ့သော ချက်ပြတ်ခြင်းကို တွေ့ကြုံရန်သာ ဝန်ထမ်းအဖြစ်လျောက်ခဲ့ခြင်းဖြစ်သည်။ 


အဟုတ်ပင်...နောက်ပိုင်းတွင် သူပိုင်ရှန်းကျစ်ထံမှ သင်ယူရန်များစွာ ရှိသေးကြောင်းတွေ့ရှိကာ ဟင်းလေးပွဲ၏ ချက်ပြတ်ပုံအဆင့်ဆင့်အား ဘောပင်ဖြင့် ချမှတ်ထားလိုက်သည်။ အဆင့်တစ်ခုချင်းစီ၏ ပါဝင်ပစ္စည်းအပေါ်သက်ရောက်မှုကို ပြန်သွား၍လေ့လာရန်ရည်ရွယ်ခဲ့သော်လည်း နဂါးကလန်သို့အမြန်ပြန်စေရန် တွန်းအားပေးသော 'ထိရှလွယ်ကာလ'ရုတ်တရက် ရောက်လာမည်ဟု မထင်ခဲ့ပေ။ 


မထွက်ခွာပင် သားရဲဆိုင်ခွဲမှမန်နေဂျာသည် သူ့ကိုတွေ့ကာ သူတို့ဆိုင်ခွဲ၏ စားဖိုမှုးများကို သင်ကြားစေချင်သည်ဟု ပြောလာသည်။ လောင်းပေါ်ပေါ်မှာ ထိုအတွက်အချိန်မရှိပေ။ ထို့ကြောင့် သူအရင်ကအကျဥ်းချုပ်မှတ်ထားသော မှတ်စုများကိုမန်နေဂျာဆီ လက်လွှဲလိုက်ရသည်။ မတော်တဆ သုံးထောင်စားတော်ဆက်ထံသူသွားခဲ့သော ခရီးအတွင်းရေးသားခဲ့သော မတော်တဆပါသွားမိကာ ဤရယ်ဖွယ်အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။ 


လောင်းပေါ်ပေါ် ပိုင်ရှန်းကျစ်ကို တောင်းပန်သောအကြည့်တို့ဖြင့်ကြည့်ကာ ဦးညွတ်ကာပြောသည်။ 


"Mr.ပိုင် တောင်းပန်ပါတယ်...ကိစ္စတွေဒီလိုဖြစ်ကုန်လို့...ဒါတွေဖြတ်ကျော်ရတာ ကျွန်တော့်အမှားတွေပါ...တောင်းပန်ပါတယ်... " 


လောင်းပေါ်ပေါ်ပေါ်လာချိန်ကတည်းက ငုံးငှက်ကဲ့သိုနာခံမှုရှိနေသော မန်နေဂျာမှ ဦးညွတ်ကာပြောလေသည်။ 


"တောင်းပန်ပါတယ် Mr.ပိုင် အကုန်ကျွန်တော့်အမှားတွေပါ...ကျွန်တော်သာ ဟင်းပွဲတွေကိုတစ်ဖက်သတ်ရှေ့တန်းမတင်ခဲ့ရင် ဒါတွေဖြစ်လာမှာ မဟုတ်ပါဘူး...ခင်ဗျားခံစားခဲ့ရတဲ့ စိတ်ထိခိုက်နဲ့ဆုံးရှူံးမှုနစ်နာကြေးအနေနဲ့ အချိန်လဟိုတယ်က ကျွန်တော်တို့ဟိုတယ်အခွန်ရဲ့ ဆယ်ဆပြန်လျော်ပေးဖို့ဆန္ဒရှိပါတယ်...တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဆိုင်ခွဲအားလုံးကနေ ဟင်းပွဲလေးပွဲကို အမြဲတမ်းဖယ်ပေးပြီး နေရာတိုင်းမှာ တောင်းပန်စာတင်ပါ့မယ်။ ခင်ဗျားကိုဖြစ်စေတဲ့ နစ်နာမှုကိုအစားထိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ်..." 


ကောင်းပြီ... 


ပိုင်ရှန်းကျစ် အတော်လေး အရှက်ရသွားသည်ဟု ခံစားရသည်။ ယခုအမှန်တရား ပေါ်လာကာ တစ်ဖက်မှသဘောထားကလည်း ရိုးသားသော်လည်း သူအလွန်မခံစားလိုက်ရသည်ကို သဘောပေါက်သွားသည်။ နောက်ဆုံးတွင် သူ့စားသောက်ဆိုင်တွင် ဧည့်ခံရန် အကျယ်အဝန်းအကန့်အသန့်နှင့် ဆိုင်လေးပင်ဖြစ်သည်။ စီးပွားရေးအရဆုံးရှုံးမှုများသည် မပြောပလောက်ချေ။ ဆယ်လအလျော်ပေးမည်ဆိုသည်က အလွန်ချဲ့ကားရာကျသည်။ 


"ဒီလျော်ကြေး မလိုပါဘူး...အမှန်တရားကိုကြေငြာဖို့ လုံလောက်ပါတယ်..." 


ထိုကားအကျိုးအမြတ်ဖြစ်သည်ကြောင့် ဘယ်လိုစီးပွားရေးသမားမှ ငြင်းလိမ့်မည်ဟု မတွေးထားသော်လည်း ပိုင်ရှန်းကျစ် ငြင်းလိုက်သည်..." 


သို့သော်လည်း သူ့ရှေ့မှမန်နေဂျာသည် သာမန်လူမဟုတ်ပေ။ ထိုသူသည် ခေါင်းမာကာ မယိမ်းယိုင်ပေ။ ပြိုင်ပွဲရလဒ်များထွက်လာသော်လည်း သူ၏ ရလဒ်ပေါ်တွင် အရှုံးမပေးလိုသော ပြတ်သားသည့် ဆုံးဖြတ်ချက်ကိုပြသကာ ရုတ်သိမ်းချင်နေဆဲပင်။ သူခိုင်မာစွာ အတည်ပြုလိုက်သည်။ 


"မရဘူး...အလျော်ပေးဖို့ လိုကိုလိုတယ်..."


ပိုင်ရှန်းကျစ် တစ်ခါတပ်၍ ငြင်းရန်​ကြိုးစားလိုက်သည်။ 


"တကယ်ပါ...မလိုပါဘူး..." 


မန်နေဂျာ ခုခံကာ


"ကျွန်တော် ခင်ဗျားအကောင့်ထဲ ငွေလွှဲလိုက်ပါ့မယ်..." 


ပိုင်ရှန်းကျစ်: "..." 


ဒီလူ ဘာဖြစ်နေတာလဲ...ပိုက်ဆံကို ငြင်းလို့မရဘူးလား... 


q_q တစ်ယောက်ယောက် ငါ့ကိုကယ်ပါ... 


ဖုန်းယဲ့ ပိုင်ရှန်းကျစ်ကိုကြည့်ကာ ပြောသည်။ 


"အချိန်လဟိုတယ်မီနူးထဲက ဟင်းလေးပွဲကို ဖယ်စရာမလိုပါဘူး...အဲ့အစား အရောင်းမြှင့်လို့ရတယ်...ဒါပေမယ့် ရောင်းရငွေတစ်ဝက်ကို သူ့ရဲ့ချက်ပြုတ်ကျွမ်းကျင်မှုအနေနဲ့ Mr.ပိုင်ကို ပေးရမယ်..." 


မန်နေဂျာ မျက်လုံးများ တောက်ပသွားသည်။ 


"သဘောတူတယ်...ဒါပေမယ့် ငါးပုံသုံးပုံပေးရမယ်...Mr.ပိုင်ကို ရောင်းရငွေရဲ့ ငါးပုံသုံးပုံပေးမယ်..." 


ပိုင်ရှန်းကျစ်အနေနှင့် ထိုအရာမှာကောင်းသည့်အကြံဟု ယူဆသည်။ ထိုအရာကား သွေးကလန်မှအစပ်သွေးဟောပေါ့ကဲ့သို့ပင်။ သူ ပြောလိုက်သည်။ 


"ကျွန်တော် သဘောတူပါတယ်... ငါးပုံနှစ်ပုံဆိုရင် ရပါပြီ...အချိန်လဟိုတယ်က အလုပ်သမားကြေးတွေကာမိဖို့ရော ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ရော ငါးပုံသုံးပုံက များလွန်းတယ်..." 


မန်နေဂျာက တစ်ခုခုပြောတော့မည့်အချိန်တွင် ကြားဖြတ်ပြောသူ လောင်းပေါ်ပေါ်ကြောင့် ရပ်သွားရသည်။ 


"ကောင်းပြီလေ...ပြိုင်ပွဲကိုပြန်သွားပြီး ပြင်ဆင်ရဦးမယ်...အဆင်သင့်ဖြစ်တာနဲ့ Mr.ပိုင်ကို လက်မှတ်ထိုးဖို့ ခေါ်လိုက်ပါမယ်..." 


ဒီလိုနှင့် အချိန်လဟိုတယ်၏ သုံးထောင်စားတော်ဆက်အပေါ် အတုခိုးသည်ဟူသော အငြင်းပွားဖွယ်ဖြစ်ရပ်မှာ ငြိမ်းချမ်းသော အဆုံးသတ်သို့ ရောက်လာတော့သည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းမှ အွန်လိုင်းကြည့်ရှုသူများလည်း မှတ်ချက်ပေးကြသည်။


["အရမ်းတောက်လောင်နေတဲ့ စစ်ပွဲမျိုးကို မျှော်လင့်ခဲ့တာမလား...ရလဒ်တွေက အရမ်း...သင့်မြတ်နေမယ်လို့ ဘယ်သူတွေးမိမှာလဲ..."] 


["သင့်မြတ်တယ်ဆိုတာထက် ပိုသွားပြီ...ဒါမိသားစုဒရမ်မာထဲက ပျော်စရာအဆုံးသတ်လေးလိုပဲ..."] 


["...တကယ်တော့ ငါမအံ့သြပါဘူး...တိုက်ရိုက်ထုတ်လွှင်မှုကိုကြည့်ပြီး သုံးထောင်စားတော်ဆက်ပိုင်ရှင်က တကယ့်ဖန်တီးသူဆိုတာ ငါခံစားမိနေတယ်..."] 


["+1 သုံးထောင်စားတော်ဆက်ပိုင်ရှင်က သြဇာတိက္ကမနဲ့ပြည့်စုံတယ်...သူ့ရဲ့ချက်ပြုတ်စွမ်းရည်က ထူးချွန်တယ်ဆိုတာ ဒါကသက်သေပြနေတာပဲ..." 


["မယုံနိုင်လောက်အောင်ပဲ...အချိန်လဟိုတယ်က စားဖိုမှူးချုပ်ကြောင့်ဖြစ်တဲ့ နားလည်မှုလွဲတာလို့ ဘယ်သူထင်မှာလဲ...ပြီးတော့ ဒီဟင်းလေးပွဲက အရသာရှိလိုက်တာ..."] 


["ငါ့မှာပဲ ဒီမေးခွန်းမေးဖို့ ရှိနေတာလား...အချိန်လဟိုတယ်ရဲ့ ဟင်းပွဲတွေက ဒီလောက်အရသာရှိနေရင် သုံးထောင်စားတော်ဆက်ရဲ့ဟင်းပွဲက ဘယ်လောက်တောင်ပိုကောင်းမလဲသိချင်လိုက်တာ(သရေကျjog)..."] 


["အာ...မင်း အရေးကြီးတဲ့အချက်ကို သတိထားမိပြီပေါ့...သုံးထောင်စားတော်ဆက်ကို ငါမနက်ဖြန်သွားကြည့်ပြီး မြည်းဖို့ဆုံးဖြတ်ထားတယ်...သုံးထောင်စားတော်ဆက်ပိုင်ရှင်တိုက်ရိုက်ရိုက်လွှင့်တာကို ကြည့်နေရုံနဲ့တင် သရေကျသွားလို့..."] 


... 


အခုကစပြီး သုံးထောင်စားတော်ဆက်အပေါ် သုံးလောက၏အဆိုးမြင်မှုများမှာ လုံးဝပြောင်းလဲသွားကာ ရလဒ်အနေနှင့် ပိုင်ရှန်းကျစ်တစ်ယောက် မီးဖိုချောင်ထဲတွင် အချိန်အတော်ကြာ အလုပ်များနေတော့သည်။ 


အဟုတ်ပင် ပိုင်ရှန်းကျစ်မှာတော့ဤသည်ကိုမသိသေးပါချေ။ နောက်ဆုံးတွင် သုံးထောင်စားတော်ဆက်မှာ တရားဝင်တံခါးဖွင့်ထားခြင်း မရှိသေးပေ။ အရေးကြီးသည့်အဖြစ်အပျက်နှစ်ခုကြား န့်ဖုယဲသာအချိန်မီကြားမဖြတ်လျှင် ကိစ္စမှာဤကဲ့သို့ ပြေလည်ရန်မဖြစ်နိုင်ဟူသည်ကို သိနေ၍ လက်ရှိတွင် ပိုင်ရှန်းကျစ် သူ၏ကျေးဇူးကို ဖုန့်မင်ကိုဖော်ပြနေသည်။ 


"Mr.ဖုန့် ကျေးဇူးတင်ပါတယ်...ဘယ်လို ပြန်ဆပ်ရမလဲတောင် မသိတော့ဘူး...ဆိုတော့ ဒီကဒ်ကို သိမ်းထားပေးပါ...သုံးထောင်စားတော်ဆက်ရဲ့VIPကဒ်အနေနဲ့ပေါ့... " 


ဖုန့်ယဲ့ ကဒ်ပေါ်တွင်အချို့သော စာလုံးများထွင်းထားသည့် အနက်ရောင်ကဒ်ကို ယူလိုက်သည်။ 


"ဒါဘာလဲ..." 


ပိုင်ရှန်းကျစ်၏ စိတ်လှုပ်ရှားနေသောအကြည့်သည် ကဒ်ပေါ်တွင်ဖြတ်ပြေးသွားသည်။ ဤကဒ်မှာလမ်းထဲရှိ အန်တီကြီးထံမှ အဖွဲ့ဝင်ကဒ်ဖြစ်သည်။ 


"ဒါVIPကိုပြောတာလေ...ဒီကဒ်နဲ့ဆို မင်းက ငါတို့သုံးထောင်စားတော်ဆက်မှာ VIPပဲ။ လာလည်တိုင်း မင်းအတွက်အချိန်တိုင်း ဧည့်ခံဖို့ စားပွဲတစ်လုံးစီစဥ်ထားပြီး မင်းလိုအပ်ချပ်တွေကို ဦးစားပေးမှာပါ..." 


ဖုန့်ယဲ့ကဒ်ကိုသိမ့်ကာ ခေါင်းငြိမ့်လျက် သာမန်ကာလျံကာ မေးလိုက်သည်။ 


"ငါ တစ်ယောက်တည်းလား..." 


ပိုင်ရှန်းကျစ် ခေါင်းငြိမ့်ပြသည်။ 


"လောလောဆယ်တော့ မင်းတစ်ယောက်တည်းပဲ..." 


ဖုန့်ယဲ့ ကျေနပ်သွားပုံရကာ ပိုင်ရှန်းကျစ်ထံ လှည့်လာ၏။ 


"ဒါဆိုလည်း အခုစားလို့ရလား..." 


ပိုင်ရှန်းကျစ် ပြုံးသည်။ 


"ဘာသုံးဆောင်ချင်ပါသလဲ..." 


"မှိုသုံးစိတ်အသားလွှာစွပ်ပြုတ်..." 


"အားနာပေမယ့် မှိုသုံးစိတ်မရှိတော့ပါဘူး..." 


ဖုန့်ယဲ့: "...ကောင်းပြီ ဒါဆိုလည်း အသားလွှာစွပ်ပြုတ်ပဲ ပေးပါ..." 


... 


စာရေးသူမှတ်ချက်: ဖုန့်မင်: နောက်ဆုံးတော့ တန်းစီစောင့်စရာမလိုတော့ဘူး...



🥘