Chapter 23
Viewers 2k

🥘CHAPTER-(23) 




လန်ယွဲ့တစ်ယောက် မနက်စောစောနိုးလာပြီးနောက် ဖုန်းကိုင်လျက် အဆက်မပြတ် ဆွဲကြည့်နေသည်။ 


အချိန်လဟိုတယ်နှင့်သုံးထောင်စားတော်ဆက်၏ ပြိုင်ပွဲမှာ ဤမနက်ခင်းဆယ်နာရီတိတိတွင် တရားဝင်စတင်မည်ဖြစ်သည်။ အချိန်လဟိုတယ်၏ သစ္စာရှိပရိတ်သတ် လန်ယွဲ့အနေနှင့် ဤတိုက်ရိုက်ထုတ်လွှင့်မှုကိုစောင့်နေခြင်းဖြစ်သည်။ 


လန့်ယွဲ့အမြင်အရ ဤပြိုင်ပွဲတွင် စိတ်လှုပ်ရှားစရာမရှိပေ။ သုံးထောင်စားတော်ဆက်ကို အချိန်လဟိုတယ်အနိုင်ရမည်ဆိုသည်ကိုဦးနှောက်ပါသူတိုင်းသိသည်။ 


ထို့ပြင် အချိန်လဟိုတယ်၏ တရားဝင်သတိပေးချက်အရ orcဆိုင်ခွဲမှစာဖိုမှုးကိုယ်တိုင် ဤပြိုင်ပွဲတွင် လာရောက်ယှဥ်ပြိုင်မည်ဟု ဖော်ပြထားသည်။ ဤသတင်းမှာ လန်ယွဲ့ကို စိတ်လှုပ်ရှားစေသည်မှာ အိပ်၍မရနိုင်သည်အထိပင်။ ထိုသူကား စားဖိုမှုးကြီးဖြစ်သောကြောင့် အချိန်လဟိုတယ်၏ အခြားသောသစ္စာရှိပရိတ်သတ်များမှာလည်း သူမကဲ့သို့စိတ်လှုပ်ရှားနေမည်ဟု ခန့်မှန်းမိသည်။ 


စားဖိုမှုးကြီးဖန်တီးခဲ့သည့် အရေမတွက်နိုင်သည့် အရသာရှိဟင်းလျာများမှာ အချိန်လဟိုတယ်ပရိတ်သတ်များ၏ နှလုံးသားထဲတွင် အလွန်လေးစားကြည်ညိုမိသည်ဖြစ်၏။ 


ပုံမှန်အားဖြင့်ဆိုလျှင် သူတို့ကဲ့သို့သာမန်လူများမှာ စားဖိုမှူးကြီးကိုဘယ်သောအခါမှ တွေ့ခွင့်ရှိမည်မဟုတ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် စာဖိုမှုးကိုတွေ့ရရုံသာမက အချိန်လဟိုတယ်၏ ချက်ပြုတ်ပုံအဆင့်ဆင့်ကိုပင် မျက်မြင်ကြုံရတော့ပေမည်။ 


အချိန်လဟိုတယ်၏ ပရိတ်သတ်များအနေနှင့် ဘယ်လိုများ စိတ်မလှုပ်ရှားဘဲနေမလဲ... 


 á€œá€”်ယွဲအတစ်ယ္ဏက် ဂနာမငြိမ်စွာ အချိန်လဟိုတယ်ဖန်ဂရု၌ အော်ဟစ်ခဲ့သည်။ အခြားသောပရိသတ်များနှင့် အော်ဟစ်ပြီးနောက် ဆယ်နာရီထိုးသည်ထိ စိတ်လှုပ်ရှားစွာ စောင့်တော့သည်။ 


"အားလုံးပဲ မင်္ဂလာပါ...ကျွန်တော်ကတော့ အချိန်လဟိုတယ်ရဲ့ orcဆိုင်ခွဲက မန်နေဂျာပါ...အခု မနက်ဆယ်နာရီလည်း ထိုးပါတော့မယ်...သုံးထောင်စားတော်ဆက်ရဲ့ပိုင်ရှင်နဲ့ အချိန်လဟိုတယ်ရဲ့စာဖိုမှူးကြီးတို့ နှစ်ယောက်လုံးလည်း အဆင်သင့်ဖြစ်နေပါပြီ။ ဒီပြိုင်ပွဲကတော့ ဟင်းပွဲလေးပွဲဖြစ်တဲ့ အစာသွပ်ဂေါ်ဖီထုပ်၊ အသားကြွပ်ကြော်၊ ဝက်သားနှပ်နဲ့ ကြက်အံစာအစပ်ကြော်တို့အပေါ် ယှဥ်ပြိုင်သွားမှာပါ... အချိန်ကန့်သတ်ချက်မရှိသလို ဒိုင်ဆယ်ယောက်က အကဲဖြတ်အနေနဲ့ ရှိမှာဖြစ်ပါတယ်..." 


"...ကျေးဇူးပြုပြီး တစ်ချက်ကြည့်ကြည့်ကြပါ...ဒီဒိုင်ဆယ်ယောက်ကို အင်တာနက်ကနေကျပန်း ရွေးထားတာပါ...အားလုံးပဲထင်သာမြင်သာရှိဖို့ အချိန်လဟိုတယ်ရဲ့တရားဝင်အကောင့်မှာ ရွေးချယ်ခြင်းလုပ်ငန်းစဥ်ကို လူသိရှင်ကြားကြေငြာထားပါတယ်...အခြေခံစည်းမျဥ်းတွေကို မိတ်ဆက်ထားပြီးသားမို့ အခုကျွန်တော် ပြိုင်ပွဲစတင်ကြောင်း တရားဝင်ကြေညာအပ်ပါတယ်..." 


မန်နေဂျာစကားပြောပြီးသည်နှင့် ကင်မရာရှေ့၌ချထားသော ငွေစားပွဲနှစ်လုံးနောက်ရှိ ပိုင်ရှန်းကျစ်နှင့်စားဖိုမှုးကြီးတို့လည်း စတင်လှုပ်ရှားကြတော့သည်။ 


ပွဲအစတွင် ပိုင်ရှန်းကျစ်နှင့်စားဖိုမှူးကြီးတို့မှာ ချက်ပြုတ်ပစ္စည်းများ ရှင်းလင်းနေကြသည်။ သုံးထောင်စားတော်ဆက်၏ နေရာအကျယ်အဝန်းမှာ သိသာစွာတိုးလာသည်ကို ကြည့်ရှုသူများ တွေ့လိုက်ရသည်။ အပြင်ဘက်နေရာ၌ မူလကစားပွဲအသေးခြောက်လုံးသာ တည့်ခင်းနိုင်သော်လည်း ရုတ်တရက်အစပေါင်းများစွာ တိုးသွားသည်။ စာူဖိုမှူးနှစ်ယောက်နောက်တွင် တည့်ခင်းထားသည့် ကြော်ငြာဘုတ်လည်းရှိသည်။ ကြည့်ရသလောက်ဆိုလျှင်နေရာမှာ တကယ်ပင် ကျယ်ပြန့်သွားသလိုပင်။ မဟုတ်ပါက ကြေငြာဘုတ်မှာ ဆန့်မည်မဟုတ်ပေ။ 


"အာကာသအစွန်းထပ်ကိရိယာ"နည်းပညာမှာ အလွန်အံသြဖွယ်ကောင်းသောကြောင့် တိုက်ရိုက်ထုတ်လွင့်မှုchatထဲရှိ ကြည့်ရှုသူများ စတင်ဆွေးနွေးလေသည်။ 


ဤအချိန်တွင် ပိုင်ရှန်းကျစ်မှာ ချက်ပြုတ်ခြင်းတစ်ခုတည်းတွင်သာ အာရုံနှစ်ထားလေသည်။ သူ့အတွက် ဤဟင်းလေးပွဲမှာ အလွန်ရင်းနှီးလွန်းပေသည်။ စာသောက်ဆိုင်အများအပြားတွင် သူအလုပ်ဝင်ခဲ့စဥ်အချိန်က ချက်ပြုတ်ခဲ့မှုများကို မဆိုထားနှင့်။ သုံးထောင်စားတော်ဆက်ကို လက်လွဲယူပြီးနောက် ထိုဟင်းများကို အကြိမ်တစ်ထောင်မက ချက်ခဲ့ဖူးသည်။ ဤဟင်းပွဲများကို သူမျက်လုံးမှိတ်လျက်ပင် ချက်ပြုတ်နိုင်သည်။ 


အစတွင်တော့ သူဘီလီလျံချီသောကြည့်ရှုသူများကို ရင်ဆိုင်ရသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားမိသော်လည်း စတင်လိုက်သည်နှင့်တစ်ပြိုက်နက် သူ့အခြေအနေမှာ ပုံမှန်ပြန်ဖြစ်သွားတော့သည်။ သူဘာမှမလုပ်နိုင်သော်လည်း ဟင်းပွဲများနှင့် အလွန်ရင်းနှီးလှသည်။ သူစိတ်လှုပ်ရှားလိုလျှင်တောင် သူမလှုပ်ရှားနိုင်ပေ။ 


ဖျတ်လတ်သောလှုပ်ရှားမှုဖြင့် ပိုင်ရှန်းကျစ်တစ်ယောက် အဆီနှင့်အသားရောနေသော သုံးထပ်သားကို တူညီသောကုဗတုံးပုံ လှီးလိုက်သည်။ အသားကိုပန်ကန်လုံးတွင် ထည့်ကာ ဆီထည့်၍ အိုးကိုအပူပေးလိုက်၏။ စမုံစပါး၊ သစ်ကြံပိုးခေါက်နှင့် လေးညှင်းပွင့်တို့စသည့် အမွှေးအကြိုင်သုံးမျိုးကိုထည့်ကာ မွှေးလာသည်ထိမွှေသည်။ ထို့နောက်သူအသညးနှင့်ဂျင်းပြားကိုရော၍ ဝက်သားတုံးအနားများ အနည်းငယ် ညိုရောင်သန်းလာသည်ထိ ကျွမ်းကျင်စွာမွှေသည်။ သူဝက်သားတုံးကိုကော်ထုတ်ကာ အိုးထဲသို့ဆီထပ်ထည့်၍ မီးသင်းသကြား လုပ်လိုက်သည်။


ပိုင်ရှန်းကျစ်၏ ဘယ်ဘက်တွင် အချိန်လဟိုတယ်၏စာဖိုမှူး ရှိသည်။ သူ့လှုပ်ရှားမှုတွေမှာလည်း မနှေးပါချေ။ အခုချိန်တွင် သူအမွှေးအကြိုင်များကို ဆီပူထိုးနေပြီး သူ့လုပ်ကိုင်ပုံများမှာ အတော်ကျွမ်းကျင်ကာ စတိုင်ကျဟန်ရှိသည်။ သို့သော် သူ့ဘေးမှပိုင်ရှန်းကျစ်နှင့် ယှဥ်လျှင်တော့... 


အမှန်မှာ သူတို့နှစ်ယောက်ဘေးချင်းယှဥ်လျက် ပြိုင်နေကြခြင်းပင်။ ထို့ကြောင့် တိုက်ရုက်ထုတ်လွှင့်ခန်းမှ ကြည့်ရှူသူအချို့မှာ သံသယများမြင့်တတ်လာသည်။ 


["သုံးထောင်စားတော်ဆက်ရဲ့ပိုင်ရှင်က ပိုပြီးကျွမ်းကျင်သလို ခံစားနေရတာ ငါတစ်ယောက်တည်းလား..."] 


["ဟုတ်တယ်...ငါကောပဲ...စားဖိုမှုးရဲ့ရွေ့လျားပုံတစ်ခုတည်းသာဆို အတော်လေး လေ့ကျင့်ရည်ပြည့်တယ်... ဒါပေမယ့် သုံးထောင်စားတော်ဆက်ရဲ့ပိုင်ရှင်နဲ့ယှဥ်လိုက်ရင် တစ်ခုခုလိုနေသလို ထင်ရတယ်..."] 


["ကြည့်ရတာတော့ စားဖိုမှူးကြီးကပိုပြီး အသက်ကြီးနေတော့ သူ့လက်တွေလည်းမငြိမ်တော့ဘူးပေါ့..."] 


တကယ်ပင် အချိန်ဟိုတယ်orcဆိုင်ခွဲမှစားဖိုမှုးမှာ မီးခိုးရောင်နားသယ်များ ရှိသည်မှာ အားအင်ပြည့်ဝကာငယ်ရွယ်သော သုံးထောင်စားတော်ဆက်ပိုင်ရှင်ထက် ပို၍အသက်ကြီးပုံပေါ်စေသည်။ 


["အဲ့လိုပဲဖြစ်မှာပေါ့...လူတစ်ယောက်က အသက်ကြီးလေလေ လက်တွေခြေတွေကလည်း သေချာပေါက် မဖျတ်လတ်တော့ဘူးပေါ့...သူကသုံးထောင်စားတော်ဆက်ပိုင်ရှင်ထက် ပိုဖျတ်လတ်တာ သဘာဝကျတယ်..."] 


["ဟုတ်တယ်..ဒီပြိုင်ပွဲက ဘယ်သူ့အရသာပိုကောင်းလဲပြိုင်တာ အမြန်မဟုတ်ဘူး...နောက်ဆုံးအရသာကသာ အရေးကြီးဆုံးပဲ..."] 


ကြည့်ရှုသူများအနေနှင့် သူတို့ကိုယ်ပိုင်အကြောင်းပြချက်ကောင်းရသွားပြီဖြစ်၍ လုပ်ကိုင်မှူများ၏ အရှိန်နှင့်ကျွမ်းကျင်မှုအကြောင်း ဆွေးနွေးနေသည်က်ိုရပ်ကာ ဖန်သားပြင်ပေါ်မှ လူပုဂ္ဂိုလ်နှစ်ဦးထံသာ အာရုံပြန်ရောက်သွားတော့သည်။ 


ဤအချိန်တွင် ပိုင်ရှန်းကျစ်တစ်ယောက် ဝက်သားနှပ်ကိုမီးအေးအေးနှင့် အိုးထဲတွင်နှပ်ထား၏။ အဖုံးအုပ်ပြီးနောက် ဘေးနားမှ ဝက်သုံးထပ်သားတစ်တွဲကို ချောမွေ့စွာထုတ်ကာားကြီးကိုသုံး၍ အမြောင်းလေးများ လှီးလိုက်၏။ ထို့နောက် ပန်ကန်လုံးထဲသို့ ထည့်လိုက်ကာ ဂျင်းချပ်၊ ငရုပ်ကောင်း၊ စီချွမ်းငရုပ်မှုန့်၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်နှင့်ပြောင်းဖူးဆီ အနည်းငယ် ထည့်လိုက်သည်။ အရာရာကိုဆတူမွှေပြီးနောက် ဘေးတွင် အရသာစိမ်ထားလိုက်သည်။ 


စောင့်ဆိုင်းချိန်အတောအတွင်း ပိုင်ရှန်းကျစ် အသားများနုတ်နုတ်စဥ်းကာ ပန်ကန်လုံးသက်သက်တစ်ခုတွင် ထည့်လိုက်၏။ သူဂေါ်ဖီအူတိုင်ကိုခြမ်းကာ ကြွက်နားရွက်မှို၊ ရှတာကီမှိုများနှင့် အမွှေးအကြိုင်အမျိုးမျိုးကို နှံ့စပ်စွာရောသမမွှေကာ အရသာစိမ်ထားလိုက်၏။ 


သူကကြက်ခြေထောက်များကိုယူကာ သန့်စင်လိုက်သည်။ သူ့လက်ထဲရှိဓားနှင့် ကြက်ခြေထောက်များကို ချောမွေ့စွာ အရိုးဖယ်လိုက်၏။ အရိုးတစ်ချောင်းစီတိုင်းသည် လုံးဝဖယ်ထုတ်ပြီးဖြစ်သည်။အခြားကခြေထောက်သုံးချောင်းအတွက် ဒီလုပ်ငန်းကို ဆက်လုပ်နေလိုက်သည်။ အသားကအသား၊ အရိုးကအရိုး သက်သက်ပင်။ 


ထို့ကြောင့် တိုက်ရုက်ထုတ်လွှင့်ခန်းမှ ကြည့်ရှူသူများမှာ နောက်ထပ်မေးခွန်းရှိလာသည်။ 


["အမှန်တိုင်းပြောရရင် သုံးထောင်စားတော်ဆက်ရဲ့ပိုင်ရှင်က အရမ်းထူးခြားသလိုပဲ...သူကိုယ်တိုင်က စားဖိုမှူးကိုယ်တိုင်ထက် စားဖိုမှူးပိုဆန်နေသေးတယ်..."] 


["အထူးသဖြင့် သူကြက်ခြေထောက်တွေ အရိုးဖယ်တုန်းက အရမ်းမြန်...အရမ်းသွက်တာပဲ...ကြက်ခြေထောက်တွေကို အဲ့လောက်မြန်မြန် သန့်သန့်ရှင်းရှင်း အရိုးထုတ်လို့ရတယ်လို့ မတွေးမိဖူးဘူး..."] 


["သူ့လက်ထဲကဓားက ထူးဆန်းပြီးကြီးတယ်...ငါတို့သုံးတာတွေနဲ့ လုံးဝကွာတယ်...အရမ်းအသုံးဝင်ပုံရတယ်..."] 


["စားဖိုမှုးကဓားတွေကိုသုံးလေးခါပြောင်းပြီးသွားပြီ...သုံးထောင်စားတော်ဆက်ရဲ့ပိုင်ရှင်ကတော့ ဓားတစ်ချောင်းတည်းကို သုံးနေတာ...အရမ်းမြန်နေတာများ...လူကြောင့်လား ဓားကြောင့်လား ..."] 


ပိုင်ရှန်းကျစ်လက်ထဲရှိ မီးဖိုချောင်သုံးဓားကို ကြည့်ရှုသူများ စိတ်ဝင်စားမှုမြင့်တက်နေစဥ် သူကတော့ ပါဝင်ပစ္စည်းအားလုံးကို ပြင်ဆင်ပြီးဖြစ်သည်။ 


ဂေါ်ဖီလိပ်များကို အစာသွပ်ပြီးသည်နှင့် ပေါင်းအိုးတွင်း ထည့်လိုက်သည်။ သူတတိယတစ်အိုးကို ထုတ်ကာဆီလောင်း၍ ၇၀%ခန့် အပူပေးလိုက်၏။ တူများကိုအသုံးပြုကာ မုန့်နှစ်ကပ်ထားသော ဝက်သားကို အိုးထဲသို့ဂရုတစိုက် ချလိုက်သည်။ အဖြူရောင်မုန့်နှစ်မှာဆူပွက်လာကာ တဖြည်းဖြည်းဆီထဲတွင် အရောင်ရင့်လာတော့သည်။ ရွှေညိုရောင်သန်းလာသည်ထိ ကြော်ပြီးသည်နှင့် သူခပ်ထုတ်လိုက်သည်။ ဆီအပူချိန်မြင့်လာသည်နှင့် သူအိုးထဲသို့အသားကြွပ်ကို ပြန်ထည့်ကာ ထပ်ကြော်၍ စက္ကန့်တစ်ဒါဇင်မျှ ကြော်လိုက်သည်။ ရွှေအိုရောင် ကြွပ်ရွသောအသားကို အဖြူရောင်ပန်းကန်နှင့် ပြင်ဆင်လိုက်သည်။ 


ဤအချိန်တွင် ဝက်သားနှပ်သင်းရနံ့မှာ ပျံ့လွင့်လာပြီဖြစ်သည်။ သူ၏ကြွယ်ဝသင်းပျံ့သောမွှေးရနဲ့မှာ 'အာကာသအစွန်းထပ်ကိရိယာ'တစ်ခုလုံးကိုဖြတ်ကာ ပျံ့လွင့်နေ၏။ သူတို့၏ အစားအသောက်အရသာခံနိုင်မှုကို ထိန်းသိမ်းရန် ဤမနက်က အနည်းငယ်သာ စားခဲ့ရသည်ဖြစ်၍ ကင်မရာရှေ့မှာထိုင်နေသော ဒိုင်ဆယ်ဦးမှာ ဂဏာမငြိမ်နိုင်ပေ။ ယခုသူတို့အစာအိမ်မှာ အော်မည်နေလေသည်။ ဝက်သားနှပ်၏ မယုံနိုင်ဖွယ်မွှေးပျံ့သော ရနံ့ကိုရလိုက်၍ သူတို့ပါးစပ်မှာ သားရည်ကျလုမတတ်ပင်။


ဒိုင်ထဲမှတစ်ဦးမှာ သားရည်ကျနေကာ ပြိုင်ပွဲဝင်နှစ်ဦး၏ ဦးတည်ရာဘက်ကိုကြည့်ကာ တီတိုးပြောသည်။ 


"အဲ့လောက်မွှေးတဲ့ဟင်း ဘယ်သူချက်တာလဲ သိချင်လိုက်တာ..." 


"အဲ့တာ သုံးထောင်စားတော်ဆက်ပိုင်ရှင်လေ..." 


ဒိုင်လူကြီးဘေးမှ ပြတ်သားသောအသံထွက်လာ၏။ သူ့ဘေးတွင်ထိုင်နေသော ဆံပင်အပြာနှင့် သူကိူကြည့်ရန် လှည့်လာသည်။ 


"ဘာလို့ အဲ့လောက်သေချာနေတာလဲ...?" 


အပြာရောင်ဆံပင်နှင့်လူမှာ နှာမှူတ်ကာ စာဖိုမှူးကို ဝေ့ကြည့်လာသည်။ 


"သုံးထောင်စားတော်ဆက်ပိုင်ရှင်ရဲ့ တည်ငြိမ်မှုနဲ့ယှဥ်ပြီးစားဖိုမှုးရဲ့ ပြာယာခတ်နေတာကို ယှဥ်ကြည့်လိုက်...မျက်လုံးကန်းနေတဲ့သူတောင် ဘယ်သူပိုသာလဲသိတယ်..." 


ဒိုင်လည်းသူ့အကြည့်ကိုလိုက်ကာ အချိန်လဟိုတယ်၏စားဖိုမှူးမှာ ဂေါ်ဖီလိပ်များ ပေါင်းနေဆဲဖြစ်သည်ကို တွေ့လိုက်သည်။ သုံးထောင်စားတော်ဆက်ပိုင်ရှင်၏ လှုပ်ရှားမှုများကိုလည်း သူသတိထားမိပုံရကာ မတော်တဆသူ့လက်ကို ရေနွေးပူလောင်သွားစေသည်။ သူ့လက်ကို အမြန်ရေခဲစိမ်၍ အအေးခံလိုက်ရသည်။


သူ့ဘေးရှိသုံးထောင်စားတော်ဆက်ရဲ့ပိုင်ရှင်က ကြက်ခြေထောက်အသားများကို ယုံကြည်မှုရှိစွာမွှေနေသည်။ မီတာအနည်းငယ်အကွာအဝေးမှပင် သူ့လက်ထဲရှိ အလွန်မြင့်မားလှသော ဆီအပူချိန်ကို ခံစားနေရသည်။ ဆီသည်ကျိးနွံစွာနာခံလျက် တစ်စက်လေးမျှမဖိတ်စင်ချေ။ 


နှစ်ဦးကြားရှိကွာခြားချက်မှာ သိသာလှသည်။ 


"ဟမ့် မြန်တော့ရောဘာအရေးလဲ...အလုပ်ကောင်းကအချိန်လိုတယ်...ချက်ပြုတ်ခြင်းဆိုတာအနုပညာပဲ...အဲ့ဒီမွှေးကြိုင်တဲ့အနံ့က စာဖိုမှူးဆီကလာတာဆိုတာ သေချာတယ်..." 


ဤသို့ပြောလာသူမှာ တစ်ဖက်ကအမျိုးသမီးဒိုင်ပင်။ သူ့မေးစေ့ကိုထီမထင်စွာမော့ထားလျက် ဆံပင်အပြာနှင့်သူကို စိုက်ကြည့်နေသည်။ 


"တချို့လူတွေများ ငယ်ငယ်ရွယ်ရွယ်နဲ့ ကန်းနေကြတာပဲ။ အနံ့ခံနိုင်စွမ်းလည်း ပျက်စီးသွားပြီ..." 


အမျိုးသမီးဒိုင်က သူ့ကို စိုက်ကြည့်လိုက်သည်။ 


"ရှင်တော့လား..." 


"ဟမ့်..." 


လင်းသူ့ဆံပင်ကိုသပ်ကာ သူမကိုလုံးဝလျစ်လျှူရှုကာ ခေါင်းလှည့်လိုက်၍ ပိုင်ရှန်းကျစ်ဟင်းချက်သည်ကိုသာ အာရုံစိုက်နေလိုက်သည်။


ပိုင်ရှန်းကျစ် ကြက်အံစာအစပ်ကြော်ကိုမွှေကြော်ပြီးသည်နှင့် ဝက်သားနှပ်ပွက်လာရန်သာ စောင့်နေလိုက်သည်။ စာဖိုမှူးကတော့ ကြက်အံစာအစပ်ကြော်ကို စကြော်နေသည်။ နာရီဝက်အတွင်း နှစ်ဖက်လုံး၏ဟင်းပွဲများမှာ အဆင်သင့်ဖြစ်ပေ၏။ တိုက်ရိုက်ထုတ်လွှင့်မှုchatထဲရှိ ကြည့်ရှုသူများနှင့် ထိုင်နေသောဒိုင်များပင် မမျှော်လင့်မှုတို့ဖြင့်ပြည့်သွားတော့သည်။ 


ယခုမူကား လင်း၏ဖုန်းမြည်လာလေသည်။ သူ့ဖုန်းကိုဖွင့်လိုက်သည်နှင့် အကြီးအကဲ၏အသံကိုသူ့နားထဲ ကြားလိုက်ရသည်။ 


"လင်း ဘယ်မှာလဲ? ငါစုံစမ်းတာ ပြီးသွားပြီ...​ပြီးတော့ဆရာဝန်က မင်းကိုစောင့်နေတယ်..." 


လင်းမျက်လုံး ကျယ်သွားသည်။ သူတစ်ခု မေ့နေမိသည်။ယနေ့ကား သူ့၏ပုံမှန်ကိုယ်ကာယစစ်ဆေးသည့်နေ့ပင်...ဖုန့်မိသားစု တတိယမျိုးဆက်အကြီးအကဲဖြစ်သော်လည်း ငယ်ရွယ်နေပုံရသည်မှလွဲ၍ သူ့အသက်မှာတော်ရုံအိုမင်းနေသည့် အသက်လေးရာအရွယ်ရှိသူဖြစ်သည်။ နှစ်စဥ် ဤအချိန်တွင် သူနှင့်မိသားစုအကြီးအကဲ ကိုယ်ကာယစစ်ဆေးမှုလုပ်ရန် ဖုန့်မိသားစုက ပြင်ဆင်ထားလေ့ရှိသည်။ ဒီလို အရေးကြီးသည့်နေ့မျိုးကိုမှ သူမေ့မိလေခြင်း... 


ငွေရောင်ဆံပင်နှင့်ဒိုင် နေရာယူချိန်တွင် ကျန်ကိုးယောက်သောဒိုင်များချက်ချင်းပါးစပ်ပိတ်သွားလေသည်။ သူတို့ဘေးနားလွှမ်းနေသောအားကောင်းသည့်အော်ရာကို ခံစားမိကာ စကားမပြောရဲပါချေ။ 


ဆယ်မိနစ်ကြာပြီးနောက် စားဖိုမှူးသည် ​ကြက်အံစာအစပ်ကြော်ကို မွှေကြော်ပြီးနောက် အပူတင်ကာ ဝက်သားနှပ်အတွက် ဆော့အပျစ်ကို ပြင်ဆင်ရန်မီးတင်လိုက်သည်။ တစ်ဖက်ရှိပိုင်ရှန်းကျစ်မှာ ဆော့စ်အပျစ်နှင့် ဝက်သားနှပ်ကိုတည့်ခင်းပြီးဖြစ်သည်။ 


မျက်စိလျင်သော ကြည့်ရှုသူများမှာ ဤနေရာတွင်တစ်ခုခုကို သတိပြုမိသွားသည်။ 


["ဘုရားရေ...စားဖိုမှူးနဲ့သုံးထောင်စားတော်ဆက်ပိုင်ရှင်က ဟင်းပွဲတိုင်းအတွက် တိကျတဲ့နည်းကို သုံးသွားတာတွေ့လား..."] 


["တွေ့ပြီ...မတူညီတဲ့အရှိန်တွေနဲ့ ဟင်းပွဲတွေပြီးသွားပေမယ့် ဟင်းချက်ပုံတွေကအတူတူပဲ...လုံးဝခြားနားချက်မရှိဘူး..."] 


["အတည်ပြုလိုက်ပြီ လုံးဝတုထားတာ...ဟင်းလေးပွဲပြင်ဆင်တဲ့နည်းနဲ့အဆင့်တွေက အတူတူပဲ...သူတို့တွေ ဟင်းချက်နည်းတစ်မျိုးထဲကို ချက်ရင်တောင် လိုက်တုတာမဟုတ်ဘူးလို့ဘယ်သူယုံမှာလဲ..."] 


["အခုတော့ငါတို့စောင့်ပြီး ဘယ်သူ့အရသာပိုကောင်းလဲဆိုတာပဲ ကြည့်ရတော့မယ်...သူတို့ဘယ်လောက်တုတု မူလဟာကိုတော့ အရသာပိုင်းမှာ မရှုံးနိုင်ဘူး...တစ်ယောက်ယောက်ရဲ့အမြန်က သာတယ်ဆိုရင်တောင်ပေါ့..."] 


["ဟုတ်တယ် အမှန်တိုင်းပြောရရင် စားဖိုမှူးကစာဖိုမှူးပါပဲ...အစာသွပ်ဂေါ်ဖီထုပ်နဲ့ ကြက်အံစာအစပ်ကြော်က ငါစားဖူးတဲ့ဟာထက်တောင် ပိုအရသာရှိပုံပေါ်တယ်..."] 


["စာူဖိုမှူးပြင်ထားတဲ့ ဟင်းပွဲအရောင်က အရမ်းနှစ်သက်စရာကောင်းတယ်..."] 


ထို့နောက် ကြည့်ရှုသူတစ်ယောက် ရုတ်တရက်မန့်လိုက်သည်။ 


["မင်းတို့ကောင်တွေ တကယ်ကြီးလား...သုံးထောင်စားတော်ဆက်ပိုင်ရှင်ပြင်ထားတဲ့ စားပွဲတွေ အရောင်ကိုလည်းကြည့်ပါဦး...အချိန်လဟိုတယ်စားဖိုမှူးထက် ပိုကောင်းတာအသိသာကြီးပဲ..."]


ဤမှတ်ချက်ကိုမြင်ပြီးနောက် ကြည့်ရှုသူများ၏အကြည့်တို့မှာ ပိုင်ရှန်းကျစ်ရှေ့ရှိ ဟင်းလေးပွဲဆီသို့ အကြည့်ရောက်သွားတော့သည်။ အစာသွပ်ဂေါ်ဖီထုပ်မှာ အရသာပြည့်ဝသောဆော့စ်တွင် စိမ်ထားသည်။ အသားကြွပ်ကြော်မှာ ရွေ​ရောင်သန်းကာ ကြွက်ရွသည်။ ကြက်အံစာအစပ်ကြော်သည် အနီရောင်တောက်တောက်ဖြစ်၍ ဝက်သားနှပ်မှာ ထူထဲပျစ်နှစ်သောဆော့စ်နှင့် လွှားထားကာ တုန်တုန်ဝက်သားနှပ်မှာ ကြည့်ရှုသူများကိုလည်း သူတို့နှလုံးသား တုန်ယင်နေသကဲ့သို့ ခံစားရစေသည်။ 


သူတို့အကြည့်များကို ပြောင်းရန်ရုန်းကန်ကာ စားဖိုမှူးပြင်ထားသောဟင်းလေးပွဲကိုကြည့်လိုက်သည်။ ထို့နောက် အွန်လိုင်းအသိုင်းအဝိုင်းကြီးတစ်ခုလုံး ပြောလာသည်က: "..." 


["ကောင်းပြီ..."] 


["အမ် သုံးထောင်စားတော်ဆက်ပိုင်ရှင်ပြင်ထားတဲ့ ဟင်းပွဲတွေကပိုအရသာရှိပုံရတယ်...] 


["အစစ်လို့မခံစားရဘူး...စားဖိုမှုးလုပ်တဲ့ဟင်းတွေက သူ့ဘာသာဆို ကြည့်ကောင်းပေမယ့် ယှဥ်လိုက်ရင်ကျ...'သက်ပြင်းချ' ရလဒ်မှာ ပြောင်းပြန်တွေ ဖြစ်လာနိုင်လား...?" 


["မဖြစ်နိုင်တာ...သုံးထောင်စားတော်ဆက်က ဟင်းပွဲတွေရဲ့အရောင်က အတော်လေးနှစ်သက်စရာကောင်းတာ ငါမငြင်းဘူး...ဒါပေမယ့်အရသာကျတော့ တစ်ခါတစ်လေကျအမြင်လှရုံနဲ့ မကောင်းတာရှိတယ်...] 


["သက်ပြင်းချသံ ဘာလို့အများကြီး ဆွေးနွေးနေတာလဲ...ဒိုင်တွေမြည်းကြည့်ပြီး ဘာတွေဖြစ်မလဲ စောင့်ကြစို့..."] 


အကြည့်တွေအားလုံးအောက်တွင် ကင်မရာရိုက်ချက်များမှာ ဒိုင်ဆယ်ယောက်ဘက်သို့ ရွေ့သွားသည်။ ဟင်းတစ်ပွဲစီတိုင်းကိုဆယ်ပုံပုံကာ ဒိုင်များရှေ့တွင် ချထားပေး၏။ ပြိုင်ပွဲဝင်တစ်ခုစီကပြင်ဆင်ပေးထားသည့်ဟင်းပွဲများကိုမြည်းစမ်းကာချက်ချင်းသူတို့အနှစ်သက်ဆုံးဟင်းပွဲရှေ့တွင်မဲပေးလိုက်ကြသည်။ နမူနာဟင်းလေးပွဲကိုလည်းအမြန်ခင်ူကျင်းလိုက်သည်။ အချိန်လဟိုတယ်၏ဝန်ထမ်းများသည် မဲပေးမှုရလဒ်များကို ကင်မရာရှေ့တွင်ကြေညာလိုက်သည်။ 


အစာသွပ်ဂေါ်ဖီထုပ်: သုံးထောင်စားတော်ဆက်-8မဲ၊ အချိန်လဟိုတယ်-2မဲ 


အသားကြွပ်ကြော်: သုံးထောင်စားတော်ဆက်-၉မဲ၊ အချိန်လဟိုတယ်-၁မဲ 


ဝက်သားနှပ်: သုံးထောင်စားတော်ဆက်-၁၀မဲ၊ အချိန်လဟိုတယ်-၀မဲ 


ကြက်အံစာအစပ်ကြော်: -သုံးထောင်စားတော်ဆက်-၆မဲ၊ အချိန်လဟိုတယ်- ၄မဲ 


သိသာသည့်မဲရလဒ်ကွာဟမှူမှာ တိုက်ရိုက်ထုတ်လွှင့်မှုchatထဲရှိ ကြည့်ရှုသူများကို ရုတ်ရင်းဆန်ခတ်ဖြစ်စေသည်။ 


["ဘုရားရေ...တကယ်ကြီးလား...သုံးထောင်စားတော်ဆက် နိုင်သွားတယ်လား...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."] 


["ငါမယုံဘူး...သုံးထောင်စားတော်ဆက်က ဘယ်လိုလုပ်နိုင်မလဲ...သည်ဒိုင်ဆယ်ယောက်က လာဘ်စားထားတာလား..."] 


["ဟေ့ အပေါ်ကလူရေ...သိက္ခလေးထိန်းစမ်းပါ...ဒိုင်တွေရော ပါဝင်ပစ္စည်းတွေရောက အချိန်လဟိုတယ်ဘက်က စီစဥ်တာလေ...သုံးထောင်စားတော်ဆက်က ဘယ်လိုလာဘ်ထိုးရမှာလဲ...တယ်လီပသီနဲ့လား..."]


["သေစမ်း...ဇာတ်လမ်းလှည့်ကွက်ပဲ... သုံးထောင်စားတော်ဆက်က နိုင်သွားပြီ...ဘယ်သူကဘယ်သူ့ကို တုတာလဲ..."] 


ကြည့်ရှုသူများ ဗြောင်းဆန်နေကြသည်။ အချိန်လဟိုတယ်သာပြိုင်ပွဲကိုနိုင်သွားရင် သုံးထောင်စားတော်ဆက်ကသူတို့ကိုတုသည်ဟုသူတို့သေချာပေါက်ယုံကြည်မိမည်။ ယခုမူကား သုံးထောင်စားတော်ဆက်နိုင်သွားသောကြောင့် ယေဘုယျစည်းမျဥ်းအရ ရှုံးသူဘက်က နိုင်သူကိုတုသည် ဆိုသော်လည်း ရှုံးသွားသည်က အချိန်လဟိုတယ်ဖြစ်နေသည်။ 


ဒီကိစ္စမှာ တုပတယ်ဆိုတာ ရှိနိုင်သေးလား... 


တိုက်ရိုက်ထုတ်လွှင့်မှုchatထဲရှိ ကြည့်ရှုသူများသာ စိတ်ရှူပ်ရသည်မဟုတ်၊ ဒိုင်များနှင့်အချိန်လဟိုတယ်၏ဝန်ထမ်းများလည်း အလွန်ကို့ရိုးကားယားနိုင်သည်ဟု ခံစားရသည်။ 


ရလဒ်တွေ ကြေညာလိုက်ရမှာလား...


အကယ်၍ဤအချိန်လဟိုတယ်ဘက်က တုပသည်ဟုဆိုလျှင် မန်နေဂျာမှာ ဤဟင်းလေးပွဲကို အဓိကဆိုင်ခွဲမှ စားဖိုမှုးပြင်သည်ဟု ယုံကြည်ချက်ရှိနေသည်။ အကယ်၍ သုံးထောင်စားတော်ဆက်မှ တုပသည်ဟုဆိုလျှင်လည်း ရလဒ်များသည် သူတို့အနိုင်ရကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ 


မန်နေဂျာအနေနှင့် မူလကဤပိုင်ပွဲတွင် ယုံကြည်ချက်များ ရှိခဲ့သည်။ သူ့ဟိုတယ်အနေနှင့်ကျော်ကြားသော သုံးထောင်စားတော်ဆက်ကို ရှူံးသည်ဟူသည့်ဖြစ်နိုင်ချေကို မစဥ်စားဘူးချေ။ သူအရှုံးကိုဘယ်လိုရင်ဆိုင်သင့်လဲမတွေးထားသော်လည်းသူ့ဟိုတယ်ကတော့အမှန်ပင်ရှုံးသွားချေသည်။ 


သူ့စိတ်ထဲတွင် မယုံကြည်နိုင်မှုများ ရှိလို့နေသည်။


 á€˜á€šá€şá€œá€­á€Ż ဖြစ်နိုင်ရတာလဲ...


ရလဒ်တွေကြော်ငြာဖို့ တာဝန်ရှိသည့်မန်နေဂျာသည် ကင်မရာရှေ့တွင် ကြက်သေသေကာရပ်နေလျက်  အခြားသောဝန်ထမ်းများမှာ စကားပင်မပြောရဲချေ။ လေထုတစ်ဝန်းလုံး တိတ်ဆိတ်မှုနှင့် ရှက်ရွံ့မှုသို့ ပြောင်းသွားလေသည်။



🥘