Chapter 282
Viewers 22k

Volume 13 : လူမှုဘာသာရပ်များဌာန


Chapter 282 (ကဗျာဝင်္ကပါ ၀၆)

မုန့်ဟောက်ရန်သည် ထန်မင်းဆက်တွင် ကျော်ကြားသော ကဗျာဆရာဖြစ်သည်။ သူ့ကဗျာတော်တော်များများကို စာပေဖတ်စာအုပ်များထဲမှာ ထည့်သွင်းလေ့ရှိပြီး အကျော်ကြားဆုံးဖြစ်သော 'နွေဦးမိုးသောက်ချိန်'ကို မူလတန်းကျောင်းသားများ အလွတ်ကျက်ရလေ့ရှိသည်။ စာကြည့်တိုက်က ဒီလိုရိုးရှင်းသော 'အပိုမေးခွန်း'ကို စစ်ဆေးမှာမဟုတ်ဘဲ အားလုံးက မုန့်ဟောက်ရန်နောက်ကို ခဏတာ လိုက်ခဲ့ကြပြီး 'အရာရှိဝမ်ဝေသို့ နှုတ်ဆက်စကား'ဟူသော စာမေးပွဲမေးခွန်း မကြာခင် ပေါ်လာသည်။

ကျောင်းသားအများစုသည် ဤကဗျာကို မမှတ်မိတော့ဘဲ ယွဲ့ရှင်းဝမ်က အဖြေကို အမြန်ဖြည့်ပေးသည်။

တိတ်ဆိတ်နေဆဲ— ဘာလို့ မစောင့်နိုင်ရတာလဲ၊ မနက်ခင်းပြီးရင် မနက်ခင်းရောက်လာပြီး၊ တော်ဝင်တရားရုံး— ဗလာနတ္ထိ ငါပြန်လာရတယ်။ မွှေးကြိုင်သင်းပျံ့တဲ့အရွက်ကို ပိုရှာချင်လျက် ငါထွက်သွားကာ ငါခွဲခွာခဲ့ရတဲ့ သူငယ်ချင်းဟောင်းအတွက် ဝမ်းနည်းမိတယ်။ အာဏာဆီ တက်လှမ်းတဲ့သူတွေ ဘယ်သူက လက်ငှားမှာလဲ။ လမ်းမှားရင် ပွေ့ဖက်တဲ့ သူငယ်ချင်းဆိုတာ ကမ္ဘာပေါ်မှာ ရှားပါတယ်။ ငါနောက်ပြန်ဆုတ်မယ်၊ ထိန်းသိမ်းမယ်၊ အသံတိတ်နေမယ်၊ ငါ့ရှေးဟောင်းဥယျာဉ်တံခါးနောက်မှာ ငါ့ကိုယ်ငါ ဖုံးကွယ်ထားမယ်။

လန်ယာရုန်သည် အချက်ပြဘောက်စ်ပေါ်မှ ကဗျာကို ကြည့်ပြီး ပြောလိုက်သည်။ "ဒါက ဝမ်ဝေအတွက် မုန့်ဟောက်ရန်ရေးတဲ့ ကဗျာပဲ!"

ယွဲ့ရှင်းဝမ်က ခေါင်းညိတ်လိုက်သည်။ "အင်း။ မုန့်ဟောက်ရန်က သူ့အသက် 40 မှာ စာမေးပွဲဖြေဖို့ ချန်အန်းကိုသွားခဲ့ပေမယ့် မအောင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ဝမ်ဝေဟာ မြို့တော်မှာရှိတဲ့ အထက်တန်းလွှာတွေရဲ့ ဧည့်သည်ဖြစ်နေပြီ။ မုန့်ဟောက်ရန်က စိတ်ပျက်လက်ပျက်ဖြစ်ပြီး မြို့တော်မှာ မနေချင်တော့ဘဲ သူငယ်ချင်းတွေနဲ့ ခွဲခွာဖို့ တွန့်ဆုတ်နေတာကြောင့် ဝမ်ဝေအတွက် ဒီကဗျာကို ရေးခဲ့တာ။"

ခယ်ရှောင်ပင်းက ခံစားချက်ဖြင့် ပြောသည်။ "ဒါက 'နတ်ဘုရားကြီးတွေရဲ့ သူငယ်ချင်းအသိုင်းအဝိုင်း'မလား။ တကယ်တော့ ကဗျာဆရာ တော်တော်များများက ခွဲခြားလို့မရအောင် ဆက်စပ်နေကြတယ်! အသေအချာ လေ့လာရတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။"

လျှိုကျောက်ချင်းက ယွဲ့ရှင်းဝမ်ကို သံသယဖြင့် ကြည့်လိုက်သည်။ "ငါတို့က ကျေးလက်မြင်ကွင်းကို လျှောက်ခဲ့ကြပြီး အစမှာ ဝမ်ဝေကို ငါတို့တွေ့ခဲ့ပြီး အဲဒီနောက် ရှဲ့လင်ယွင့်၊ ရှဲ့ထျောင်၊ ထောင်ယွမ်မင်နဲ့ နောက်ဆုံး မုန့်ဟောက်ရန်ကို တွေ့ခဲ့တယ်… မုန့်ဟောက်ရန်က ဒီနေရာမှာ ဝမ်ဝေနဲ့ဆိုင်တဲ့ကဗျာကို မေးခဲ့ပြီး စက်ဝိုင်းထဲလှည့်ပတ်နေသလိုခံစားရတယ်။"

ကျန်းဖျင်စစ်က အေးဆေးတည်ငြိမ်စွာပြောသည်။ "စီနီယာအစ်ကိုပြောတာမှန်တယ်၊ ကျွန်တော်တို့က စက်ဝိုင်းအပြည့်လာနေတာ။" သူက လူတိုင်းရှေ့မှာ မြေပုံကိုဖြန့်ပြီး ယွဲ့ရှင်းဝမ်သည် ချက်ချင်းပဲ ဂရုတစိုက်စစ်ဆေးဖို့ ငုံ့ကြည့်လိုက်သည်။

လမ်းတစ်လျှောက်တွင် သစ်တောများ၊ မြစ်များ၊ တောင်များ၊ လယ်ကွင်းများကို ဖြတ်ကျော်ကာ လတ်ဆတ်ပြီး လှပသော ကျေးလက်မြင်ကွင်းကို ခံစားကြည့်ရှုကြသည်။ ခရီးက နယ်စပ်ခံတပ်ထက် ပိုဝေးပြီး နာရီဝက်ကျော်ကြာသည်။ မုန့်ဟောက်ရန်နှင့်တွေ့ဆုံပြီးနောက်တွင် စူးစမ်းလေ့လာခြင်းက 50% အထိတိုးလာသည်။ 

သူတို့လမ်းလျှောက်သည့်အခါ တောင်တန်းများကြားက လမ်းသည် အကွေ့အကောက်နဲ့ အလွန်သာယာတယ်လို့ ခံစားရသည်။ ယွဲ့ရှင်းဝမ်သည် မေးခွန်းကို ဖြေရှင်းရန် တာဝန်ယူခဲ့သည်။ ကျန်းဖျင်စစ်သည် လမ်းတစ်လျှောက် ထောင့်များနှင့် အကွာအဝေးများကို တွက်ချက်နေသည်။ ကျန်းရှောင်နျန်၏ theodolite နှင့်အတူ သူဆွဲထားသောမြေပုံက အလွန်တိကျသည်။ ယခုမြေပုံကိုကြည့်လိုက်တော့ ကျေးလက်မြင်ကွင်းဆီသို့သွားသောလမ်းသည် အမှန်တကယ်တော့ စက်ဝိုင်းတစ်ခုဖြစ်သည်ကို တွေ့လိုက်ရကာ လူတိုင်းအံ့သြသွားကြသည်။

ဤရလဒ်က လူတိုင်းကို ထိတ်လန့်စွာ အချင်းချင်းကြည့်သွားစေသည်။

လန်ယာရုန်က မထိန်းနိုင်ဘဲ ပြောလိုက်သည်။ "ငါတို့ဒီထက်ပိုသွားရင် ဝမ်ဝေနဲ့ ထပ်တွေ့ရမှာလား။"

ယွဲ့ရှင်းဝမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "သွားကြည့်ရအောင်။"

အားလုံးက မုန့်ဟောက်ရန်၏ခြေလှမ်းအတိုင်း လိုက်လျှောက်ပြီး ရှေ့ကို ဆက်လျှောက်သည်။

လမ်းတစ်လျှောက်မှာ နောက်ထပ်မေးခွန်းနှစ်ခုကို ကြုံတွေ့ခဲ့ရပြီး တစ်ပုဒ်မှာ မုန့်ဟောက်ရန်၏ အပြောင်မြောက်ဆုံး 'အဘိုးအိုး၏ရွာကိုဖြတ်သန်းခြင်း' နှင့် နောက်တစ်ပုဒ်ကတော့ 'ဆောင်းဦးပိုင်းကိုယ်တွေ့မှတ်တမ်းများ' ဖြစ်ကာ ယွဲ့ရှင်းဝမ်သည် မေးခွန်နှစ်ခုလုံး၏ ကွက်လပ်စကားလုံးများကို အောင်မြင်စွာ ဖြည့်ခဲ့သည်။

ရှေ့လျှောက်သွားရင်း သူတို့က ဝမ်ဝေကို တကယ်တွေ့လိုက်သည်။

အဖြေဘောက်စ်ကို ဖြည့်ပြီးနောက် ရင်းနှီးသောပတ်ဝန်းကျင်ရှုခင်းများအပြင် ယွဲ့ရှင်းဝမ် ချန်ရစ်ခဲ့သောသဲလွန်စများက 'မင်းတို့ အခုလေးတင် ဒီနေရာကိုရောက်ပြီးပြီ'ဟု သူတို့အား ရှင်းလင်းစွာပြောနေသည်။

ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ကြည့်ပြီး ပြောလိုက်သည်။ "ကျေးလက်မြင်ကွင်းလမ်းက ပြီးပြည့်စုံတဲ့ အလုံပိတ်အဝိုင်းပုံသဏ္ဌာန်ရှိတယ်။ ဝမ်ဝေကနေ ရှဲ့လင်ယွင့်၊ ရှဲ့ထျောင်၊ ထောင်ယွမ်မင်နဲ့ နောက်ဆုံး မုန့်ဟောက်ရန်အထိ NPC ငါးယောက်က စက်ဝိုင်းတစ်ခုလို ရပ်နေတယ်။"

ခယ်ရှောင်ပင်းက ပြောလိုက်သည်။ "ဝင်္ကပါရဲ့ ထွက်ပေါက်က ဒီမှာမရှိရင် ငါတို့မှာ လမ်းတစ်လမ်းပဲ ကျန်တော့တယ်! ငါတို့ လီပိုင်ဆီ ပြန်သွားပြီး ကြိုးကြာဝါမျှော်စင်ဆီ သွားရမယ်ထင်တယ်။"

ယွဲ့ရှင်းဝမ်က ခေါင်းညိတ်ပြပြီး ချင်လုကို ကြည့်လိုက်သည်။ "ကျေးလက်မြင်ကွင်းနဲ့ နယ်စပ်မြင်ကွင်း လမ်းဆုံကနေ နေရာဆက်တိုက်ပြောင်းပြီး ဒီလမ်းအတိုင်း ပြန်သွားကြရအောင်။"

ဝမ်ဝေသည် လမ်းဆုံအနီးတွင်ရှိနေကာ အားလုံးက မြေပုံအတိုင်း ပြန်သွားကြသည်။ ချင်လု၏ ကျောက်ထုလွှာလှုပ်ရှားမှု အကူအညီဖြင့် သူ့စုတ်တံနှင့်အတူ လီပိုင်ရေးခဲ့သော 'သူရဲကောင်းသို့တမ်းချင်း' နံရံဆီသို့ ရောက်ရှိရန် သူတို့တွေ အချိန်သိပ်မယူခဲ့ရပေ။

တံတိုင်းရှေ့မှာ လမ်းနှစ်လမ်းရှိသည်။ ညာဘက်ရှိ 'ရှားချိုးမြို့' မှာ တုဖူနှင့်တွေ့ဆုံသည်။ တုဖူခြေလှမ်းအတိုင်း လိုက်၍ ရှေ့သို့ ဆက်သွားပါက နယ်စပ်မြင်ကွင်းနှင့် ကျေးလက်မြင်ကွင်းဟူ၍ လမ်းနှစ်ခုရှိသည်။ ညာဘက်ရှိ လမ်းများအားလုံးကို သော့ဖွင့်ပြီးပြီဖြစ်ကြောင်း အတည်ပြုနိုင်ပြီဖြစ်သည်။

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အပြန်အလှန်နားလည်မှုဖြင့် ဘယ်ဘက်သို့ လျှောက်သွားကြသည်။

ဘယ်ဘက်ရှိလမ်းသည် မိနစ်အနည်းငယ်မျှသာ လမ်းလျှောက်ရပြီး လူတိုင်းရှေ့တွင် ရင်းနှီးသော အဆောက်အဦးတစ်ခု ပေါ်လာသည်။ ယန်ကျစ်မြစ်ဘေးတွင် အထူးကောင်းမွန်းသော ထပ်ခိုးတစ်ထပ်၊ ငါးထပ်အဆောက်အဦးတစ်ခုရှိကာ အဆောက်အဦးတစ်ခုလုံးသည် ကြိုးကြာဝါတောင်ပံများ ပြန့်ကျဲနေသကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး ထပ်ခိုး၏တံစက်မြိတ်အောက်တွင် ကမ္ဗည်းပြားတစ်ခု တွဲလောင်းပါရှိပြီး ၎င်းပေါ်တွင် "ကြိုးကြာဝါမျှော်စင်" ဟူသော ရွှေရောင်စာလုံးပါရှိသည်။

ကြိုးကြာဝါမျှော်စင်သည် ဤနေရာတွင် ပေါ်လာပြီး လူတိုင်း လုံးဝ မအံ့သြခဲ့ကြပါ။ ထို့အပြင် အခုပဲ လမ်းဆုံလမ်းခွမှာ 'ကြိုးကြာဝါမျှော်စင်'ဆိုသည့် ဆိုင်းဘုတ်တစ်ခု ပေါ်လာသည်။ နောက်စာမေးပွဲမေးခွန်းများကိုလည်း ကျောင်းသားများက မျှော်လင့်ခဲ့ကြသည်။

'ကြိုးကြာဝါမျှော်စင်မှာ မုန့်ဟောက်ရန်ကို ကွမ်လင်သို့ လိုက်လံပို့ဆောင်ခြင်း' လီပိုင်။

ငါ့သူငယ်ချင်းဟောင်းက အနောက်ဘက်ရှိ ကြိုးကြာဝါမျှော်စင်မှ ထွက်ခွာသွားတယ်။ မိုးမခပင်ပွင့်တဲ့ သုံးလပိုင်းမှာ သူက ယန်ကျိုးကို ဆင်းသွားပြီ။

အဝေးရှိအရိပ်က အထီးကျန်ဆန်စွာ ရွက်လွှင့်ရင်း အဆုံးမဲ့ကောင်းကင်ပြာအစွန်းမှာ ငါမြင်နိုင်တာကတော့ ယန်ကျစ်မြစ်က အဝေးရှိ မိုးကုတ်စက်ဝိုင်းကို စီးဆင်းနေတယ်ဆိုတာပဲ။

ဒီကဗျာကို လူတိုင်း မှတ်မိနိုင်သည်။ လူတိုင်းသည် စကားလုံးတစ်လုံးကို ကြည့်ကာ အဖြေကို အမြန်ဖြည့်ကြသည်။

မုန့်ဟောက်ရန် ပေါ်လာပြီးနောက် သူသည် မြင်းစီးပြီး ဝင်္ကပါ၏ နောက်ထပ် ဧရိယာများကို ဖွင့်ကာ ကဗျာဆရာများ ပိုမိုသိရှိလာရန် လူတိုင်းကို ခရီးတစ်ခုသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု သူတို့ထင်ခဲ့သည်။ သို့သော် သူတို့အဖြေများ ရေးပြီးတာနဲ့ သူတို့ရှေ့က မြင်ကွင်းသည် ရုတ်တရက် တောက်ပလာပြီး အားလုံးက မုန့်ဟောက်ရန်ကို မြင်ရသည့်နေရာကို တကယ်ရောက်လာကြသည်။

ဆန့်ကျင်ဘက်အနေနှင့် အချက်ပြဘောက်စ်ရှိ 'ဝင်္ကပါစူးစမ်းလေ့လာခြင်း'သည် ကြိုးကြာဝါမျှော်စင်၏ ဧရိယာကိုသော့ဖွင့်ထားသောကြောင့် စူးစမ်းလေ့လာခြင်းကို 5% တိုးလာစေသည်။

လျှိုကျောက်ချင်းက ရှုပ်ယှက်ခတ်သွားသည်။ "ဘာဖြစ်သွားတာလဲ။ ငါတို့ မုန့်ဟောက်ရန်ဆီ ပြန်ရောက်လာတာလား၊ အခုလေးတင် ငါတို့ ဒီလမ်းကို သွားပြီးပြီမဟုတ်ဘူးလား။ ရှေ့သွားရင် ဝမ်ဝေကို တွေ့မယ်! ပြီးရင် ကျေးလက်မြင်ကွင်းနဲ့ နယ်စပ်မြင်ကွင်းလမ်းဆုံမလား။"

ချင်လုလည်း အံ့ဩသွားသည်။ "ဒါက ပုံရိပ်ယောင်မဟုတ်ဘူးမလား။ အခုလေးတင် ငါ မုန့်ဟောက်ရန်ကို မြင်လိုက်တုန်းက သူ့နောက်မှာ သစ်ပင်တွေရှိနေတာကို ငါမှတ်မိတယ်။ ငါတို့အရှေ့ကို သွားကြည့်သင့်သလား။"

မူလနေရာသို့ ပြန်သွားခြင်း ရှိ၊မရှိ ဆုံးဖြတ်ရန်အတွက် လူတိုင်းသည် ရှေ့သို့ ဆက်လက်လျှောက်လှမ်းကြပြီး ပတ်ဝန်းကျင်ရှုခင်းများကို ပိုမိုရင်းနှီးလာကြသည်။ ထောင့်ကို လှည့်ကြည့်လိုက်တော့ သူတို့ရှေ့တွင် ဝမ်ဝေက သူတို့ကိုကြည့်ကာ ပြုံးပြနေသည်။

ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ ပြောသည်။ "ဆက်သွားရင် နယ်စပ်မြင်ကွင်းနဲ့ ကျေးလက်မြင်ကွင်းလမ်းဆုံပဲ။ ပြီးရင် တုဖူနဲ့ ငါတို့တွေ့ပြီး လီပိုင်နဲ့ တွေ့မယ်။ ငါတို့ ကြိုးကြာဝါမျှော်စင်ကို သွားတဲ့အခါ မုန့်ဟောက်ရန်ဘက်ကို ငါတို့ကို တယ်လီပို့လိမ့်မယ်။"

ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ပြီး မြေပုံကို သေသေချာချာကြည့်ကာ ‌ဆိုသည်။ "တစ်နည်းပြောရရင် ငါတို့စူးစမ်းလေ့လာထားတဲ့ ဧရိယာရဲ့ 55% ဝင်္ကပါက ပြီးပြည့်စုံတဲ့ အလုံပိတ်စက်ဝိုင်းတစ်ခုပေါ့။ လီပိုင်က စမှတ်ဖြစ်ပြီး လီပိုင် ရေးခဲ့တဲ့ 'သူရဲကောင်းသို့တမ်းချင်း'က နယ်စပ်မြင်ကွင်းနဲ့ ကျေးလက်မြင်ကွင်း လမ်းနှစ်လမ်းခွဲသွားတယ်၊ ညာဘက်က လမ်းဆုံးသွားသလို ဘယ်ဘက် ကြိုးကြာဝါမျှော်စင်က တယ်လီပို့အမှတ်ဖြစ်ပြီး မုန့်ဟောက်ရန်နဲ့တွေ့ဖို့ ငါတို့ကို တယ်လီပို့ခဲ့တယ်၊ ရလဒ်ကတော့ ငါတို့က ကျေးလက်မြင်ကွင်းဆီ ပြန်ရောက်သွားပြီး လမ်းဆုံးနေတုန်းပဲ!"

လျှိုကျောက်ချင်းက မနေနိုင်ဘဲ ညည်းညူလိုက်သည်။ "အဲဒါက လမ်းဆုံးသွားပြီမလား။ ငါတို့ ဘယ်လိုပဲသွားနေပါစေ အလုံပိတ်လမ်းကြောင်းပေါ်မှာ ငါတို့က ခေါက်တုံ့ခေါက်ပြန်သွားနေတာပဲ။"

လူတိုင်းက အဲဒါကို တွေးနေကြပေမယ့် ဝင်္ကပါ၏ ထွက်ပေါက်က ဘယ်မှာလဲဆိုတာ မသိကြဘူး။

ယွဲ့ရှင်းဝမ်သည် အကူအညီအတွက် ကျန်းဖျင်စစ်ကိုကြည့်ရန် ရွေးချယ်စရာမရှိတော့ပေ။ "ဖျင်စစ်၊ မင်းဘယ်လိုထင်လဲ။"

ကျန်းဖျင်စစ်သည် ယခုအချိန်တွင် မြေပုံကို မျက်မှောင်ကြုတ်နေလေသည်။ ရှင်းဝမ်၏ စကားကိုကြားတော့ သူက စက္ကန့်အနည်းငယ်လောက် နှုတ်ဆိတ်နေခဲ့ပြီးမှ ပြောလာသည်။ "အဝိုင်းပတ်လမ်းကြောင်းက ထွက်ပေါက်မရှိဘူး။ ဒီကဗျာဝင်္ကပါက ပြားချပ်ချပ်ဝင်္ကပါမဟုတ်ဘဲ သုံးဖက်မြင်ဝင်္ကပါပဲ။"

ယွဲ့ရှင်းဝမ်၏ မျက်လုံးများ တောက်ပလာသည်။ "သင်္ချာဌာနမှာ ကြုံတွေ့ခဲ့ရတဲ့ သုဒ္ဓကိန်းများဝင်္ကပါလိုပေါ့။ တစ်ထပ်တည်းမှာ ထွက်ပေါက်မရှိဘူးလို့ထင်ရပေမယ့် ဓာတ်လှေကားတက်ပြီး တခြားအထပ်ကို ရောက်သွားနိုင်တာလား။"

ကျန်းဖျင်စစ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ဒါက သုံးဖက်မြင်ဝင်္ကပါလို့ ငါဆုံးဖြတ်ရတဲ့ အကြောင်းရင်းက ကြိုးကြာဝါမျှော်စင်မှာရှိတဲ့ တယ်လီပို့အမှတ်က ကျေးလက်ရှုခင်းလမ်းနဲ့ တူညီတဲ့ နေရာမဟုတ်တာကြောင့်ပဲ။"

သူ၏မြေပုံတွင် ကြိုးကြာဝါမျှော်စင်နှင့် ကျေးလက်မြင်ကွင်းကြားလမ်းသည် မည်သည့်သင်္ချာနည်းကျ အယ်လဂိုရီသမ်ကိုအသုံးပြုသည်ဖြစ်စေ ချိတ်ဆက်လို့မရဘဲ အချိန်နှင့်အာကာသတစ်လျှောက် တိုက်ရိုက်တယ်လီပြိုခြင်းဖြင့်သာ ဖြတ်သန်းနိုင်သည်။ ထိုသို့သော တယ်လီပို့အမှတ်တစ်ခု ပေါ်လာပြီးဖြစ်သောကြောင့် ဝင်္ကပါအတွင်း၌ အခြားသော တယ်လီပို့ခြင်းအမှတ်များ ရှိနေကြောင်း ဆိုလိုပြီး သက်ဆိုင်ရာနေရာက သူတို့ကြောင့် သော့မဖွင့်ရသေးပေ။

ခယ်ရှောင်ပင်းက စဉ်းစဉ်းစားစား ပြောလိုက်သည်။ "တယ်လီပို့အမှတ်က ဘယ်မှာဖြစ်မလဲ။"

ချင်လုက ရုတ်တရက် ပြောလိုက်သည်။ "နယ်စပ်မြင်ကွင်းမှာ ငါတို့တွေ့ခဲ့တဲ့ ဝမ်ကျစ်ဟွမ်ကို ငါမှတ်မိတယ်။ မြူခိုးတွေကြားထဲ သူလျှောက်သွားပြီး ငါတို့ကို ကာထားတဲ့ အကြည်ရောင်လေထုတံတိုင်းတစ်ခု ရှိပုံရတယ်။"

ခယ်ရှောင်ပင်းက ပြောသည်။ "အကြည်ရောင်လေထုတံတိုင်းက မတူညီတဲ့ နေရာတွေရဲ့ အနားသတ်တွေလို့ နားလည်နိုင်တယ်။ အဲဒီတုန်းက ငါတို့ကြိုးစားခဲ့ပေမယ့် မြူခိုးထဲကို ဝင်လို့မရခဲ့တာကြောင့် အဖြေမှန်မဟုတ်လောက်ဘူးမလား။" သူက ကျန်းဖျင်စစ်ကို ကြည့်ပြီး မေးလိုက်သည်။ "ဖျင်စစ် ဘယ်လိုထင်လဲ။"

ကျန်းဖျင်စစ်က ပြောလိုက်သည်။ "တယ်လီပို့အမှတ်က ကျေးလက်မြင်ကွင်းလမ်းပေါ်မှာ ရှိနေတုန်းပဲလို့ ငါထင်မြင်တယ်။"

ခယ်ရှောင်ပင်းသည် လမ်းတလျှောက် အတွေ့အကြုံကို သေချာစဉ်းစားလိုက်သည်—

ပထမဦးစွာ သူတို့က ဝမ်ဝေနှင့် တွေ့ဆုံခဲ့ပြီး စူးစမ်းလေ့လာခြင်း 5% တိုးစေသည့် 'တောင်တွေပေါ်က ဆောင်းရာသီနေဝင်ဆည်းဆာ' နှင့် 'ပန်းချီ' ကဗျာနှစ်ပုဒ်ကို ဖြေခဲ့သည်။

အခက်အခဲများ တိုးလာပြီးနောက် ရှဲ့လင်ယွင်၏ 'ကန်ပေါ်မှာရေးပြီး ချောက်ကမ်းပါးကနေပြန်လာတယ်' နှင့် ရှဲ့ထျောင်၏ 'တောင်သုံးတောင်မှ မြို့တော်နေဝင်ဆည်းဆာကို ကြည့်ခြင်း' တို့ကိုပေါင်း၍ စူးစမ်းလေ့လာခြင်း 5% တိုးလာသည်။

ထို့နောက်တွင် ထောင်ယွမ်မင်၏ 'ခြံဘေးက ဂန္ဓမာပင်များကို ကောက်ယူပြီး ငါ နန်ရှန်းကို အေးအေးဆေးဆေးမြင်ရတယ်'ဟူသော ကဗျာက စူးစမ်းလေ့လာခြင်းကို မတိုးစေခဲ့ပေ။ ထို့နောက် မုန့်ဟောက်ရန်နှင့်တွေ့ဆုံပြီး မေးခွန်းကိုဖြေဆိုပြီးနောက် စူးစမ်းလေ့လာခြင်းကို 5% တိုးမြင့်ခဲ့သည်။

ထို့ကြောင့် ကဗျာဆရာများစွာသည် စူးစမ်းလေ့လာခြင်း 15% အထိ ပေါင်းထည့်ကာ ယုတ္တိမရှိဘူးဟု ခံစားရလေသည်။

ခယ်ရှောင်ပင်းက သူ့ဆံပင်ကို ကုတ်လိုက်ပြီး မေးလိုက်သည်။ "တစ်ခုခုများ လွဲနေသလား။"

ဒီအချိန်မှာ ယွဲ့ရှင်းဝမ်က ရုတ်တရက် ပြောလိုက်သည်။ "အဲဒါက ထောင်ယွမ်မင်ပဲ!"

လူတိုင်းက ယွဲ့ရှင်းဝမ်ကိုကြည့်ဖို့ ခေါင်းလှည့်လာပေမယ့် ယွဲ့ရှင်းဝမ်၏မျက်လုံးများကို ကျန်းဖျင်စစ်ကိုကြည့်နေပြီး အလေးအနက် ပြောလိုက်သည်။ "ထောင်ယွမ်မင်က ကျေးလက်မြင်ကွင်းကဗျာရဲ့ တည်ထောင်သူအနေနဲ့ စာမေးပွဲမေးခွန်း 'ခြံဘေးက ဂန္ဓမာပင်များကို ကောက်ယူပြီး ငါ နန်ရှန်းကို အေးအေးဆေးဆေးမြင်ရတယ်'က အထက်တန်းကျောင်းသားတွေတောင် ရွတ်ဆိုနိုင်တဲ့ ရိုးရှင်းလွန်းတဲ့ကဗျာပဲ၊ အဲဒီတစ်ပုဒ်ပဲ မေးခွန်းမေးခဲ့တာကြောင့် အဲဒီမှာ လျှို့ဝှက်ဆန်းကြယ်မှုတော့ ရှိကောင်းရှိနိုင်တယ်။"

ကျန်းဖျင်စစ်သည် ဤကဗျာ၏ အနုပညာဖန်တီးမှုကို ဂရုတစိုက်တွေးတောကာ ထိုအချိန်က မြင်ကွင်းကို တွေးတောရင်း စိတ်ထဲတွင် ရုတ်တရက် လင်းလက်တောက်ပလသည်။ "အဲဒီအချိန်တုန်းက ငါတို့တွေ နေရာတိုင်းမှာ ဂန္ဓမာပင်တွေကိုသာ တွေ့ခဲ့ရပြီး သူဖော်ပြခဲ့တဲ့ 'နန်ရှန်း'ကို မတွေ့ခဲ့ရဘူး!"

အားလုံး ဂရုတစိုက်စဉ်းစားကြည့်လျှင် 'ခြံဘေးက ဂန္ဓမာပင်များကို ကောက်ယူပြီး' ဟူသောဖော်ပြချက်နှင့်ကိုက်ညီသော ထိုအချိန်က ဂန္ဓမာပင်များစွာကို အမှန်တကယ်တွေ့မြင်ခဲ့ရပြီး ရှေ့တွင်လမ်းတစ်ခုရှိကာ သူတို့သည် မသိစိတ်မှလမ်းအတိုင်းလိုက်သွားခဲ့သည်။

ဒါပေမယ့် 'ငါ နန်ရှန်းကို အေးအေးဆေးဆေးမြင်ရတယ်' ဆိုတာကရော။

ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။ "ထောင်ယွမ်မင်အနားမှာ သော့မဖွင့်ရသေးတဲ့‌မြူခိုး သေချာပေါက်ရှိနေရမယ်။"

အားလုံးက ထောင်ယွမ်မင်ရှိသည့်နေရာကို အမြန်ပြန်သွားကြသည်။

ထောင်ယွမ်မင်သည် ထိုနေရာတွင် ဂန္ဓမာပင်များကို အေးအေးဆေးဆေး ခူးဆွတ်ကာ ခဏခဏ အနားယူရင်း ချွေးများကို သုတ်ကာ မျက်လုံးများကို ဦးတည်ရာတစ်ဖက်သို့ မှေးစဉ်းထားလိုက်သည်။ ယွဲ့ရှင်းဝမ်သည် သူ့အကြည့်နောက်သို့ လိုက်ကာ အဝေးတွင် လွင့်နေသော မြူခိုးဖြူများကို တွေ့လိုက်ရပြီး မြူခိုးဖြူများ ဖုံးလွှမ်းနေသည့် တောင်တန်းကြီးတစ်ခု ပေါ်လာသည်။

ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အပြန်အလှန်နားလည်မှုဖြင့် တောင်ပေါ်သို့ လျှောက်သွားကြသည်။

အံ့အားသင့်စရာမှာ ဤနေရာတွင် လမ်းမရှိသော်လည်း သူတို့ရှေ့လျှောက်သွားသောအခါ ကွေးကောက်သောလမ်းသည် သူတို့၏ခြေထောက်အောက်တွင် အလိုအလျောက်ပေါ်လာသည်။ ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဒါက လျှို့ဝှက်လမ်းပဲ!"

ဒီလမ်းက အလွန်ရှည်သည်။ ကျန်းဖျင်စစ်သည် လမ်းလျှောက်ရင်း အကွာအဝေးကို တွက်ချက်သည်။ လမ်းဆုံးသို့ရောက်သောအခါ လူတိုင်းရှေ့တွင် လှပသောတောင်ကြီးတစ်ခုပေါ်လာသည်။ ကျန်းဖျင်စစ်က ပြောလိုက်သည်။ "ငါတို့သွားခဲ့တဲ့ အကွာအဝေးက စက်ဝိုင်းရဲ့ အချင်းဝက်အတိအကျပဲ၊ တစ်နည်းပြောရရင် ဒီတောင်က ကျေးလက်မြင်ကွင်းရဲ့ စက်ဝိုင်းဧရိယာရဲ့ အလယ်ဗဟိုမှာ ရှိတယ်။"

ဒီစာကြောင်းက လူတိုင်း၏ စိတ်ခံစားချက်ကို နိုးကြားစေခဲ့သည်— သူတို့တွေ အဖြေမှန်ကို ရှာတွေ့လောက်သည်။

သို့သော် နောက်ထပ်သွားစရာလမ်းမရှိတော့ပေ။

သူတို့တွေ တောင်ပေါ်ကို မတက်နိုင်ကြဘဲ တောင်ခြေရင်းမှာ မြူခိုးဖြူအလွှာများက သူတို့ကို ပိတ်ဆို့နေသည်။ မြူခိုးဖြူများကို သူတို့ထိလိုက်တာနဲ့ 'ဂဏန်းတွဲ့သော့'ကို တွေ့လိုက်ရသလိုပဲ သူ့တို့ရှေ့မှာ အချက်ပြဘောက်စ်တစ်ခု ပေါ်လာပြီး သော့ဖွင့်ရန် ကဗျာရေးဖို့လိုသည်။

口口口口口口口

口口口口口口口

နေရာအလွတ် စာလုံးဆယ့်လေးလုံး၊ အရိပ်အမြွက်မရှိပေ။

ရွှီယိရှန်းက အကူအညီမဲ့စွာ ပခုံးတွန့်လိုက်သည်။ "မေးခွန်းလည်းမရှိဘူး။ ငါတို့ကို ဒီအတိုင်း အဖြေဖြည့်ခိုင်းတာလား။"

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ယခင်စာမေးပွဲမေးခွန်းများတွင် အရိပ်အမြွက်များ ပါရှိကာ မြင်ကွင်းသည် ကဗျာနှင့် သက်ဆိုင်သည်၊ သို့မဟုတ် အရင်စာကြောင်းကို တိုက်ရိုက်ပေးထားပြီး ဖြေဆိုသူများက နောက်စာကြောင်းကို ဖြည့်စွက်ရန် လိုအပ်ပါသည်။ သို့ပေမယ့် ဒီတစ်ခါ မြင်ကွင်းက ထောင်ယွမ်မင်၏ 'ငါ နန်ရှန်းကို အေးအေးဆေးဆေးမြင်ရတယ်'နဲ့ ကိုက်ညီပေမယ့် ၎င်းက စာလုံးခုနစ်လုံးတည်းမဟုတ်ဘူး။ အပေါ်အောက်စာကြောင်းများအတွက် အရိပ်အမြွက်မရှိတာကြောင့် ဘယ်လိုဖြည့်ရမလဲ။

ခယ်ရှောင်ပင်းက ပြောလိုက်သည်။ "ငါတို့ အရင်က စုတ်တံကိရိယာရခဲ့တယ်မလား။ ငါတို့ ကိရိယာကို သုံးကြမလား။"

ယွဲ့ရှင်းဝမ်က ခပ်ရေးရေးပြုံးပြီး ပြောလိုက်သည်။ "မလိုဘူး၊ ငါ အဲဒါကို ဘယ်လိုဖြည့်ရမလဲ သိတယ်၊ ငါစမ်းကြည့်မယ်။"

သူပြောပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အဖြေဘောက်စ်ဘေးရှိ စုတ်တံကို ကောက်ယူပြီး ကဗျာစာကြောင်းကို အမြန်ရေးခဲ့သည်။

—— ဒီမှာလမ်းမရှိဘူး၊ တိမ်တိုက်တိုင်းမှာ ငွေရောင်အနားကွပ်ရှိတယ်။


TK Team