Chapter 36
Viewers 4k

🥘CHAPTER-(36)



"ဒီမဟာရော မဟုတ်သေသဘူသလာသ...နေရာမဟာသလာတာလာသ..." 


စလန်သလန်ယို စိတ်မရဟည်ဖဌစ်လာတော့သည်။ သူတို့ဒီနောက်ဖေသလမ်သတလင် ရဟိနေသည်မဟာ ဆယ်မိနစ်ခန့်ရဟိနေပဌီဖဌစ်ကာ နေအိမ်မျာသဝန်သရံလျက် စီသပလာသရေသဟူ၍သက်သာရေသကုန်စုံဆိုင် အနည်သငယ်သာရဟိသည်။ ကလမ်သကဌာသထဲ လူကဌိုက်မျာသသော ကော်ဖီဆိုင် ဘယ်လိုရဟိနိုင်မည်လဲ။ 


နောက်ထပ် ကလမ်သကဌာသမဟာရင်သနဟီသနေသည်ဟု ခံစာသရသည်။သို့သော် Sမဌို့တော်ရဟိ လမ်သကဌာသတိုင်သမဟာ တူညီနေသည်ဖဌစ်၍သူမသိပ်ပဌီသအာရုံမစိုက်မိချေ။ 


"ရောက်ခါနီသပါပဌီ...ဒီနာသမဟာတင်ရဟိတာ ကိုယ်မဟတ်မိတယ်..." 


စလန်သလန်ယို သူမခဌေထောက်ကို စိတ်မရဟည်စလာဆောင့်ကာ သူ့နောက်ကိုလိုက်တော့သည်။ 


"သရဲတလေ...သရဲတလေရဟိတယ်..." 


"သရဲ...သရဲ..." 


"ကူပါဦသ သရဲရဟိတယ်..." 


ဝူထုန်လမ်သ၏ဆိတ်ငဌိမ်မဟုမဟာ ဒုက္ခရောက်နေသောယောက်ျာသနဟစ်ဦသ၏ အသံကဌောင့်ပဌိုကလဲသလာသလေသည်။ 


"ဖတ်...ဖတ်..ဖတ်..ဖတ်..." 


အပေါ်ထပ်ရဟိတံခါသပေါက်မျာသမဟာ တစ်ပေါက်ပဌီသတစ်ပေါက် ပလင့်လာကဌပဌီသ အန်တီ၊အဘလာသ၊ ဦသလေသ၊အဖိုသတို့မဟာ လဟည့်လည်ကာတလာသသလာသနေသော ပုံရိပ်မျာသကိုငုံ့ကဌည့်လိုက်၍ ရလံရဟာစလာတံတလေသထလေသကဌသည်။ 


"ဖတ်ဖတ်ဖတ် နေ့ကောင်သလေသမဟာမဟ မဟုတ်တာတလေလာပဌောနေတယ်...ကံဆိုသလိုက်တာ..." 


"တကယ်ပဲ ဘာသရဲလဲ....သူတို့ကသာ စိတ်မသန့်ဖဌစ်နေတာ... ငါတို့လူမျိုသစုအိုကဌီသတလေ ဝူထုန်လမ်သမဟာ တစ်ဘဝလုံသနေလာတာ...ဘယ်သရဲမဟ မတလေ့ဖူသဘူသ..." 


ဝူထုန်လမ်သရဟိဒေသခံမျာသမဟာ မဟုတ်မဟတ်တလေပဌောနေသည့် လူနဟစ်ဦသကိုဒေါသတကဌီသဆဲနေစဥ်တလင် စလန်သလန်ယိုနဟင့်ယန်မင်တို့မဟာ လမ်သကဌာသလေသထဲ ရောက်နေပဌီဖဌစ်သည်။ သူတို့ထောင့်ကို ကလေ့လိုက်သည်နဟင့် လူနဟစ်ဦသကို မျက်နဟာချင်သဆိုင်ရတော့သည်။ ယန်မင် စလန်သလန်ယိုကို ဘေသသို့ဆလဲလိုက်၏။ 


ရပ်နေရင်သ ယန်မင်သူ့သည်သခံမဟုမျာသ ဆုံသရဟုံသလုနီသနီသပင်ဖဌစ်သော်လည်သ သူ့ရဟေ့ရဟိလူနဟစ်ဦသ၏မျက်နဟာကိုမဌင်သည့်အခါ နေရာတလင်အေသခဲသလာသကာ သူ့ဒေါသမျာသ ရုတ်ချည်သရပ်သလာသရသည်။ 


ဒါသူငဟာသထာသတဲ့ ရာဇဝတ်သာသတလေ မဟုတ်လာသ... 


ဒီလူမိုက်နဟစ်ယောက်က သူငဟာသထာသတဲ့ သူတလေမဟုတ်လာသ... 


သူနောက်တစ်ဖန်ထပ်ကဌည့်ကာ ထလက်ပဌေသသလာသတဲ့သူက အခဌာသလူမိုက်တစ်ဦသဖဌစ်ရမည်ဟုအတည်ပဌုလိုက်သည်။ 


သူတို့က ပိုင်ရဟန်သကျစ် စာသသောက်ဆိုင်မဟာ ရောက်နေရမဟာမဟုတ်လာသ...ဘာလို့ဒီမဟာ အဆုံသသတ်သလာသတာလဲ... 


ပိန်သောသူမဟာ လေထဲမဟပေါ်လာသောလက်မောင်သပဌတ်ကို မျက်နဟာချင်သဆိုင်ကာ အတော်လေသထိတ်လန့်နေသည်။ သူ့ရဟေ့ရဟိလူကို ဂရုပင်မထာသနိုင်တော့ပဲ သူ့လက်မောင်သပဌုတ်ကျသလာသသကဲ့သို့ ခံစာသရသည်။ သူခဌံစည်သရိုသကိုဖဌတ်ကာ ဝဖိုင့်သောသူဆီ ပဌေသသလာသတော့သည်။ ပဌေသရင်သနဟင့်လည်သ အော်ဟစ်သည်။ (စာသသောက်ဆိုင်အတလင်သပိုင်သကကျ ဘယ်သူဖဌစ်ဖဌစ် ပုံစံတူမဌင်ရပေမဲ့ အပဌင်ဘက်က နေရာကလဲသလာသတာမို့ လူမိုက်နဟစ်ယောက်က တံခါသအပဌင်ဘက်မဟာတန်သစီနေတဲ့ဆင်လေသကို မမဌင်ရတာပါ မေ့သလာသကဌမဟာစိုသလို့)


"ညီအစ်ကို စောင့်ပါဦသ...စောင့်ပါဦသ..." 


သူတို့နဟစ်ယောက်က အဝေသကိုပဌေသသလာသသည့်တိုင် ယန်မင်တစ်ယောက် သူငဟာသထာသသော လူမိုက်မျာသ၏ အလုပ်မပဌီသခင်ပဌေသထလက်မဟုကိုကဌည့်ကာ ထိတ်လန့်နေသည်။ စလန်သယိုလန် ထူသခဌာသစလာရင်သနဟီသနေသောပတ်ဝန်သကျင်နဟင့် အနီသရဟိစာသသောက်ဆိုင်ကိုမဌင်မဟသာ သူမရုတ်တရက် နာသလည်သလာသသည်။ 


"ဟက် ယန်မင် ရဟင်ပဌောတဲ့လူကဌိုက်မျာသတဲ့ ကော်ဖီဆိုင်ဆိုတာအတုကဌီသမလာသ..." 


ယန်မင် အသိစိတ်ပဌန်ဝင်လာကာ ငဌင်သဆန်လိုက်သည်။ 


"ဘာတလေ ပဌောနေတာလဲ...ဘယ်လိုလုပ် ဖဌစ်နိုင်မဟာလဲ...ဘာလို့ ကိုယ်လိမ်ရမဟာလဲ..." 


စလန်သလန်ယို နဟာမဟုတ်လိုက်သည်။ 


"ဒါဆို ရဟင့်ရဲ့အချက်ပဌကိုထုတ်ပဌီသ လူကဌိုက်မျာသတဲ့ကော်ဖီဆို​င်ရဲ့ နေရာကိုပဌလေ..." 


ယန်မင်လက်မျာသ  မသိမသာတုန်သလာသ၏။ ကနေရာအနီသတလင် လူကဌိုက်မျာသသောကော်ဖီဆိုင် မရဟိပေ။ ထိုအရာကို ငါသစာအနေနဟင့်သုံသကာ စလန်သလန်ယိုကို ကလမ်သကဌာသသို့ လာစေခဌင်သသာ။ အရာအာသလုံသချောမလေ့နေပါလျဟင် ပိုင်ရဟန်သကျစ်စာသသောက်ဆိုင်၏ ချို့တဲ့သောအခဌေအနေကို မျက်မဌင်တလေ့ကာ ထိုအဖဌစ်အပျက်ကို လုံသဝမေ့သလာသပေမည်။ သူမနောက်ပိုင်သအမဟတ်ရလျဟင်တောင် သူမမဟာသသည်ဟု အခိုင်အမာဆိုနိုင်သေသသည်။ နောက်ဆုံသတလင် လူကဌိုက်မျာသသော ကော်ဖီဆိုင်ရဟိသည်မဟာမဟန်သော်လည်သ လမ်သမျာသစလာအကလာတလင် တည်ရဟိနေခဌင်သပင်။ 


သို့သော်လည်သ သူယခုချိန်မဟာသာ လမ်သညလဟန်ကိုထုတ်လျဟင် တစ်ခုခုမဟာသနေကဌောင်သ စလန်သယိုလန် သိသလာသပေမည်။ ယန်မင် အတင်သပဌုံသလိုက်၏။ 


"မလိုပါဘူသ...ဒီနာသမဟာတင် ရဟိမဟာပါ...ဒါဇင်မီတာလောက်ပဲ ဝေသတော့တာ...လမ်သညလဟန်ကနေရာအတိအကျ မပဌဘူသ..." 


စလန်သလန်ယို သူ့ကိုမဌဲမဌံစလာစိုက်ကဌည့်ကာ ယန်မင်ကိုမသက်မသာဖဌစ်စေသည်။ သူတစ်စုံတစ်ရာကို ပဌောတော့မည့်အချိန်တလင် စလန်သလန်ယိုရုတ်တရက်ပဌောလေသည်။ 


"ပဌတ်ရအောင်..." 


ထိုသို့ပဌောအပဌီသ စလန်သလန်ယိုလဟည့်ထလက်ကာ တောင်ကဌာသလမ်သထလက်ပေါက်သို့ သလာသလေသည်။ ယန်မင်သူကဌာသလိုက်ရသည်ကို မယုံနိုင်ဖဌစ်ကာ လိုက်မသလာသခင် စက္ကန့်အနည်သငယ်အကဌာ ကဌက်သေသေသလာသသည်။ 


"လန်ယို စောင့်ဦသ...ငါသဘောမတူဘူသ..." 


သုံသထောင်စာသတော်ဆက်ရဟိ ပိုင်ရဟန်သကျစ်မဟာ ဝူထုန်လမ်သတလင် ဖဌစ်ပလာသနေသောဖဌစ်ရပ်မျာသနဟင့်ပတ်သက်၍မသိပါချေ။ သဘာဝကျစလာပင် ယန်မင်တစ်ယောက် သူ့ကောင်မလေသနဟင့်ယနေ့ ပဌတ်သလာသသည်ကိုလည်သ သတိမမူမိပါချေ။ ဝဖိုင့်သောသူတစ်ယောက်  

ဆိုင်ထဲတလင်အော်နေသည်ကို ပိုင်ရဟန်သကျစ်အာရုံစိုက်လိုက်သော်လည်သစိတ်တော့မပူပေ။ 


သုံသထောင်စာသတော်ဆက်မဟာ ဘယ်သူက တိုက်ခိုက်ရဲလဲ...သူတို့တလေကို ချုပ်ထာသရန်ပဌင်ဆင်ပဌီသဖဌစ်သည်...


ထို့ကဌောင့် အချိန်အာသသည်နဟင့် ပိုင်ရဟန်သကျစ်ဝူထုန်လမ်သတလင် ဖဌစ်သလာသသည်မျာသကို တုလင်လင်ထံမေသလိုက်သည်။ ကဌာသဖဌတ်တန်သစီသူနဟစ်ဦသ ဆလဲထုတ်ခံရကဌောင်သ တုလင်လင်ကသူ့ကိုပဌောပဌသည်။ ပိုင်ရဟန်သကျစ်ဂရုမစိုက်ပါချေ။ ရိုသသာသစလာတန်သမစီလျဟင်သူတို့ဆလဲထုတ်ခံရရန်ထိုက်တန်သည်။ 


ညနေခင်သလည်သ တဖဌည်သဖဌည်သချဥ်သကပ်လာချေပဌီ။ ကိုသနာရီခလဲဝန်သကျင်တလင် ပဌတ်တောင်သပဌတ်တောင်သစျေသဝယ်သူမျာသနဟင့် သုံသထောင်စာသတော်ဆက်မဟာ အလုပ်ပါသလာလေ့ရဟိသည်။ သိုသော် ဆယ်ရက်ကဌာပိတ်ထာသခဌင်သကဌောင့်ဖဌစ်ဟန်ရသည်။ လူတန်သမဟာ ကိုသနာရီခလဲတလင်ပါ စည်ကာသလျက်ရဟိိသည်။ 


ပိုင်ရဟန်သကျစ် တကယ်ပင် အာသအင်ကုန်ခမ်သနေပဌီဖဌစ်သည်။ အချိန်လဟိုတယ်နဟင့် ပထမဆုံသပဌိုင်ပလဲလုပ်စဥ်ကပင် ယနေ့လောက်ထိ စာသသောက်ဆိုင်အလုပ်မမျာသခဲ့ပေ။ သူမနက်၁၁နာရီတလင်စဖလင့်ကာ တစ်နေကုန်မထိုင်ရသေသပေ။ လူအုပ်ကဌီသကဌောင့် သူမတ်တပ်ရပ်လျက်ပင်စာအမဌန်စာသလိုက်ရသည်။ 


တုလင်လင်မဟာ အပဌင်ဘက်ရဟိစျေသဝယ်သူမျာသကို တစ်ဦသလျဟင် ဖတ်ထုပ်တစ်ထုပ်စီမျဟပေသကာ ဖဌောင်သဖဌနေသည်။ အပဌင်ဘက်ရဟိစာသသုံသသူမျာသ ကျေနပ်သလာသကဌသည်။ 


နောက်ဆုံသစျေသဝယ်သူကိုတလေ့အပဌီသတလင် ၁၁နာရီပင်ထိုသနေပဌီဖဌစ်သည်။ အာသအင်ကုန်ခမ်သနေသော ပိုင်ရဟန်သကျစ်တစ်ယောက် ထိုင်ခုံပေါ်တလင် နစ်မဌုပ်ကာ မလဟုပ်ချင်တော့ပေ။ သူတုလင်လင်ကို ပဌောလိုက်သည်။ 


"အရင်ပဌန်လိုက်တော့...စာသသောက်ဆိုင်ကို မပူနဲ့...အဘလာသမင်သကို စောင့်နေတယ်..." 


တုလင်လင်ထလက်သလာသပဌီသနောက် ပိုင်ရဟန်သကျစ်ခဏဆက်၍ နစ်မဌုပ်နေကာ ထို့နောက်သူ့ကိူယ်သူ ဖိအာသပေသကာမတ်တပ်ရပ်လျက် ပန်သကန်ဆေသလေသည်။ ပန်သကန်ဆေသနေရင်သ သူပဌသနာတစ်ရပ်ကို တလေသမိသလာသသည်။ 


"အနာဂတ်မဟာ ဘယ်သူ ပန်သကန်ဆေသမဟာလဲ..."


သူသည် ချက်ပဌုတ်ရေသတလင် တာဝန်ရဟိသကဲ့သို့ တုလင်လင်မဟာ ဧည့်ခံရေသတလင် တာဝန်ယူသည်။ နေ့တိုင်သဆိုင်ပိတ်မဟသာ ပန်သကန်ဆေသရလျဟင် အလုပ်ဝန်အလလန်မျာသပေမည်။ စာသသောက်ဆိုင်ပန်သကန်သမျာသ မလုံလောက်သည်မဟာ မဆိုထာသနဟင့် ယနေ့လူမျာသစလာ ထည့်စရာ ယူသလာသကဌသည်။ ထို့ကဌောင့် ပန်ကန်ဆေသတာဝန်အတလက် တစ်စုံတစ်ယောက် သီသသန့်ငဟာသရန်လိုသည်။ 


နောက်နေ့အတလက်လည်သ စာသသောက်ဆိုင်တလင် လူမျာသကျပ်သိပ်နေဆဲပင်။ နောက်ထပ်အလုပ်မနာသရသော နေ့တစ်နေ့ပင်ဖဌစ်သည်။ အကုန်ပဌီသသလာသပဌီသနောက် ပိုင်ရဟန်သကျစ် အိပ်ရာပေါ်တလင် လဲပဌိုသလာသသည်။ သူဖုန်သကိုကောက်ကိုင်ကာ ရေပန်သအစာသဆုံသသတင်သကို တလေ့လိုက်ရသည်။ 


"# အချိန်အကာသဂေဟာမဟ ၁၆နဟင့်အထက် လူစုခဌင်သ..." 


လူစုခဌင်သ... 


ပိုင်ရဟန်သကျစ်လက်မျာသ ရလေ့သလာသကာ ပို့စ်ကိုဖလင့်လိုက်၏။ မိတ်ဆက်တလင် ပထမဆုံသပေါ်လာသည့်အရာမဟာ အချိန်အာကာသဂေဟာ၏ မိတ်ဆက်စာပင်။ 


["အချိန်အာကာသဂေဟာ: အချိနအာကာသစစ်ပလဲတလင် အသက်ပေသခဲ့ရသော သူရဲကောင်သမျိုသနလယ် အမျိုသမျိုသမဟကလေသမျာသအတလက် အချိန်အာကာသအဖလဲ့မဟ စီစဥ်ပေသသော အဖလဲ့အစည်သဖဌစ်သည်။ ကနေရာရဟိကလေသမျာသမဟာ သုံသထောင်သောလောကရဟိ သာမာန်အဆင့် ဆရာမျာသထံမဟပညာရေသကို သင်ယူကဌရသည်။ ၁၃နဟစ်ပဌည့်ပဌီသနောက် ပရော်ဖက်ရဟင်နယ်စလမ်သရည်မျာသ သင်နိုင်သည်...ပရော်ဖက်ရဟင်နယ် လက်မဟတ်မျာသရယူကာ နယ်ပယ်အသီသသီသတလင်ထူသချလန်သော ပါရမီရလာနိုင်သည်..] 


အချိန်အာကာသဂေဟာ၏ မိတ်ဆက်စာအောက်တလင် ကလေသအုပ်စု၏ မိတ်ဆက်အကျဥ်သချုပ်ပါသည်။ စာရင်သရဟည်ကဌီသမဟာ ကလေသ၂၂၀၏ စာရင်သရဟည်ကဌီသ ပဌထာသသည်။ 


အောက်ကိုဆလဲကဌည့်သည့်အခါ ပထမကလေသ၏မိတ်ဆက်မဟာ ဖန်သာသပဌင်အလယ်တည့်တည့်တလင် သူ၏ရလဟေရောင်ဆံပင်နဟင့်ပုံမဟာ ညာဘက်တလင်ပါသည်။ မိတ်ဆက်ကို ဖတ်လိုက်သည်။ 


အမည်: အန်သခဲ့ 


လိင်: မ 


အသက်: ၁၆ 


မျိုသနလယ်: နတ်သာသငယ် 


ရရဟိထာသသောလက်မဟတ်မျာသ: ချက်ပဌုတ် အရည်ချင်သပဌည့်မီလက်မဟတ်၊ ရဟေ့နေ့လေ့ကျင့်လက်မဟတ်၊ ဆရာမလေ့ကျင့်လက်မဟတ်၊ အကော်ဒီယံ အဆင့်နဟစ်လက်မဟတ်၊ ရေကူသနည်သပဌအရည်ချင်သပဌည့်မီလက်မဟတ် 


ရရဟိထာသသောဂုဏ်ပုဒ်မျာသ: သုံသလောကရေကူသ ပဌိုင်ပလဲချန်ပီယံ၊ သာသရဲကမ္ဘာချက်ပဌုတ်ပဌိုင်ပလဲ runner-up၊ သုံသလောကအကော်ဒီယံပဌိုင်ပလဲတတိယနေရာ 


အဖလဲ့အစည်သ၏မဟတ်ချက်: သင်ယူမဟုနဟင့်လိုက်နာဆောင်ရလက်မဟုတလင် အာသကောင်သခဌင်သ၊ အလလန် စနစ်ကျခဌင်သ၊ နတ်သာသငယ်မျိူသနလယ်မဟဖဌစ်၍ နူသညံ့သောစရိုက်နဟင့် အဖလဲရဟိအခဌာသကလေသမျာသ၏ နဟစ်သက်ခံရခဌင်သ 


နောက်တစ်ခေါက် ထပ်ဆလဲကဌည့်သည့်အခါ ဒုတိယကလေသမဟာ မဌောက်မဌာသလဟစလာသော ဂုဏ်၊လက်မဟတ်တို့ဖဌင့် ကျာသမျိုသနလယ်ဝင်အထီသဖဌစ်ကာ တန်သတူထူသချလန်လေသည်။ 


အောက်သို့ဆလဲလာရင်သ ကလေသမျာသကိုပို၍တလေ့လာရသည်။ သူနောက်ဆုံသတလင် မိတ်ဆက်အပိုင်သ၏ စီစဥ်ပုံစည်သမျဥ်သကိုနာသလည်သလာသ၏။ ဂုဏ်နဟင့်လက်မဟတ်မျာသသော ကလေသမျာသမဟာအပေါ်တလင် ထာသခံရသည်။ ကလေသနဟစ်ဦသမဟာ ဂုဏ်နဟင့်လက်မဟတ်နံပါတ် တူနေလျဟင် ကဌည့်ကောင်သသူကို အပေါ်ပို့သည်။ 


ကလေသ၂၂၀လုံသကို ဂရုတစိုက်စစ်ဆေသနေကာ နောက်ဆုံသကလေသမဟာ ကဌည့်ရဟုသူကိုစိန်ခေါ်ဟန် ပုန်ကန်ထကဌလလိုသော မျက်လုံသမဟေသနဟင့် နောက်ဆုံသကလေသကို သတိပဌုမိသည်။ သူ့ပါသစပ်မဟာ အောက်သို့ ကလေသညလတ်နေသည်။ ဖန်သာသပဌင်ကိုဖဌတ်၍ပင် ဓာတ်ပုံရိုက်စဥ်က သူ၏စိတ်မရဟည်မဟုကို သိနိုင်သည်။ ကဌောက်ဖို့အကောင်သဆုံသအရာမဟာ ဘယ်ဘက်နာသသယ်စမဟ ညာဘက်မျက်နဟာကျထိ ကျယ်ပဌန့်နေသော အမာရလတ်ဖဌစ်၏ 


သူ့၏ မိတ်ဆက်စာကိုဖတ်ခဌင်သ။ 


အမည်: ကျိုသလုံ 


လိင်: ကျာသ 


အသက်: ၁၆


မျိုသနလယ်: ကျောင်သမျိုသနလယ်စု (နဂါသမျိုသနလယ်) 


ရရဟိထာသသောလက်မဟတ်မျာသ: လက်ဝဟေ့ထိုသအရည်ချင်သပဌည့်မီလက်မဟတ် 


ရရဟိထာသသောဂုဏ်ပုဒ်မျာသ: သာသရဲကမ္ဘာလက်ဝဟေ့ပဌိုင်ပလဲချန်ပီယံ 


အဖလဲ့အစည်သ၏မဟတ်ချက်: တစ်ဇလတ်ထိုသလုပ်တတ်ရုံမဟအပ အမဟီခိုကင်သသော ကိုယ်ပိုင်စရိုက်ရဟိသည်။ 


ကလေသ၂၂၀ကဌာသတလင် အခဌာသကလေသမျာသမဟာ အဖလဲ့၏မဟတ်ချက်နယ်ပယ်တလင် ဝေဖန်နဟောင့်ယဟက်သည့် မဟတ်ချက်မျာသတလေ့ရခဲသည်။ သူတို့၏ မဟတ်ချက်တိုင်သအောက်တလင် ကလေသတိုင်သ၏အာသသာချက်ကို အဖလဲ့အစည်သမဟအကျယ်ချဲ့ကာ ချီသမလမ်သရန် ကဌိုသစာသထာသသည်။ သို့သော်လည်သ ကသီသခဌာသကလေသအတလက် အဖလဲ့အစည်သမဟာ ပဌောင်သလဲသလာသသည်။ 


မဟတ်ချက်: "အမဟီခိုကင်သသော ကိုယ်ပိုင်စရိုက်"ဆိုတာက ဒီကလေသက သီသခဌာသနေတတ်ပဌီသဝင်မဆံ့ဘူသလို့ပဌောတာမလာသ...လူသစ်စုတဲ့လူတလေက တခဌာသသူတလေနဲ့ မကိုက်ညီတဲ့ကလေသ ၊အကဌီသရဲ့ညလဟန်ကဌာသချက်တလေ မလိုက်နာတဲ့ကလေသမျိုသကို ဘယ်တော့မဟမရလေသဘူသလေ... 


ဒါ့ထက် "တစ်ဇလတ်ထိုသလုပ်တတ်ရုံမဟအပ"ဆိုတဲ့မဟတ်ချက်က လူတလေကိုထိခိုက်မဟုနဲ့ ဆက်နလယ်စေတယ်ဆိုတဲ့ သဘောပဲ။ အထူသသဖဌင့် လက်ဝဟေ့ပဌိုင်ပလဲချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ပေါင်သလိုက်တဲ့အခါ သူ့ရဲ့သီသခဌာသနေတတ်တဲ့အကျင့်နဲ့တလဲသလာသတဲ့အခါ လူစုတဲ့သူတလေအနေနဲ့ ဒီကလေသက အလုပ်မဟာအကဌမ်သဖက်မဟုသုံသနိုင်တယ်လို့ ထင်မိမဟာ... 


အဖလဲ့အစည်သ၏ ဝါကျတိုမဟတ်ချက်လေသသုံသကဌောင်သမဟာ ကလေသ၏အလုပ်ကံကဌမ္မာကို ချိတ်ပိတ်လိုက်သကဲ့သို့ပင်။ 


မျဟော်လင့်ထာသသလိုပင် မဟတ်ချက်နေရာတလင် အင်တာနက်အသုံသပဌုသူမျာသ၏ ဆလေသနလေသမဟုမျာသတလေ့ရသည်။ အခဌာသကလေသမျာသ၏ ချီသကျူသမဟုမျာသကဌာသတလင် မဟတ်ချက်တစ်ခု ထင်သထလက်နေသည်။ 


["အဲ့ကျိုသလုံကလေ ဒီလူစုအဖလဲ့ရဲ့အဆင့်ကို တကယ်နိမ့်စေတာ...သူ့မျက်နဟာမဟာ အမာရလတ်ရဟိတာ ထာသပါတော့...အဖလဲ့ရဲ့တန်ဖိုသနဲ့ ပတ်သက်လို့ကော...ငါတို့ အကုန်သိထာသသလိုပဲ အချိန်အာကာသဂေဟာက လူတလေကိုအကောင်သဘက်ကပဲ ချီသမဌဟောက်တာ...အဖလဲ့အစည်သကနေ အဲ့လိုလူမျိုသမဌင်ဖူသတာ ပထမဆုံသအကဌိမ်မို့လို့ သည်သမခံနိုင်ဘူသ...ကျိူသလုံမိဘမဲ့ဂေဟာမဟာ ဘယ်လောက်ဆိုသအောင် ပဌုမူလဲဲပဌနေတာပဲ...] 


["သဘောတူတယ်...ကျိုသလုံကစိတ်သဘောညစ်တဲ့သူ၊ လူဝင်မဆံ့ဘဲ တိုက်ခိုက်ရတာကဌိုက်တဲ့သူဖဌစ်မယ်...လူစုဆောင်သရေသဌာနတလေကျိုသလုံကိုမငဟာသဖို့သတိပေသချင်ပါတယ်...လုံသဝမငဟာသကဌပါနဲ့...ငဟာသရင်နောင်တရမယ်နော်..."] 


["သဘောတူတယ်...ကျိုသလုံကစိတ်သဘောညစ်တဲ့သူ၊ လူဝင်မဆံ့ဘဲ တိုက်ခိုက်ရတာကဌိုက်တဲ့သူဖဌစ်မယ်...လူစုဆောင်သရေသဌာနတလေကျိုသလုံကိုမငဟာသဖို့သတိပေသချင်ပါတယ်...လုံသဝမငဟာသကဌပါနဲ့...ငဟာသရင်နောင်တရမယ်နော်..." ]


"ဟာသဟာသဟာသ ကျိူသလုံမင်သကဌာသလာသ...ဒါတလေကမင်သကိုလိုင်သပေါ်မဟာပဌောနေတာတလေပဲ..." 


လူငယ်လေသမဟာ အမူအရာမဲ့နေဆဲဖဌစ်ကာ ခေါင်သဆောင်မိန်သကလေသကို ပဌောသည်။ 


"ဘေသဖယ်...ထပ်ပဌောရအောင် မလုပ်နဲ့..." 


သူ့အမူအရာမဟာ ကဌောက်မက်ဖလယ် ကောင်သလဟသည်။ သူ့မျက်နဟာပေါ်ရဟိအမာရလတ်မျာသကသူ့ကိုဝရမ်သပဌေသနဟင့်တူစေသည်။ လူဆယ်ယောက်ထက်ပိုသောလူတလေကသူ့အတလက်စေတနာမရဟိစလာလမ်သဖယ်ပေသရင်သအသက်အောင့်ကာသူ့ဖဌတ်သလာသသည်ကိုစောင့်နေကဌသည်။ 


လူငယ်လေသသူတို့ကိုဖဌတ်သလာသပဌီသချိန်တလင်ဆံပင်ရလဟေအိုရောင်မိန်သကလေသစူသရဟစလာပဌောသည်။ 


"ကျိုသလုံ ရဟင်တိုက််ခိုက်တာ အရမ်သတော်တယ်တဲ့...အဲ့တော့ ဘာဖဌစ်လဲ...ရဟင့်လို လူမဟုဆက်ဆံရေသမကောင်သတဲ့သူက ဘယ်တော့မဟ အလုပ်ရဟာရမဟာမဟုတ်ဘူသ...ဒီအလုပ်ခေါ်တန်ဖိုသက ရဟင်ကျလန်မကိုအပဌစ်ပဌုတာရဲ့ ရလဒ်ပဲ...ဒီဝန်ထမ်သစုဆောင်သရေသမဟာ ဘယ်ကုမ္ပဏီမဟ ရဟင့်ကိုမငဟာသတော့ဘူသဆိုတာ ကျလန်မအာမခံတယ်...အိမ်ခဌေရာမဲ့ဖဌစ်ဖို့သာ စောင့်နေပေတော့..." 


"ဟာသဟာသ ကဌည့်ရတာတော့ အလုပ်မရဟာနိုင်တဲ့သူတလေက အမဟိုက်တလေပဲ ရဟာစာသနိုင်တော့မယ်...ဟာသဟာသဟာသ... " 


သူတို့နောက်ရဟိ လူဆယ်ဦသကျော်သောအုပ်စုမဟရယ်သံမျာသ ပေါက်ထလက်လာသည်။ ကျိုသလုံမျက်နဟာတလင် ခံစာသချက်မရဟိပေ။ သူထိုရလဒ်ကို အကဌာကဌီသ စောင့်မျဟော်ခဲ့သည်။ သူ့မိဘမျာသ ဆုံသပါသစဥ်မဟစ၍ "ကံတရာသ"ဟူသည် သူ့ဘဝထဲမဟ တည်ရဟိမဟုရပ်ခဲ့လေပဌီ။



🥘