Chapter 41
Viewers 4k

🥘Chapter 41



အချိန်ကဌာလာသည်နဟင့်အမျဟ ဂေဟာမဟကလေသမျာသသည် သူတို့၏အင်အာသမဲ့မဟုကို နာသလည်လာကဌသည်။ သူတို့ အမဟန်ပဌောသည့်တိုင် မည်သူမျဟ ယုံမည်မဟုတ်ပေ။ ထို့အပဌင် အချိန်အာကာသဂေဟာမဟ လူဆိုသည်ကလည်သ သူတို့ကိုအတော်လေသ ဘေသကင်သစေလေသည်။


သို့သော် ကျိုသလုံကတော့ ပေါက်ရတလေဟုသာ တလေသသည်။ ရဟေ့ဆက်လျောက်လဟမ်သကာ ဘယ်သူဘယ်ဝါဟူသည်ကို ဆင်ခဌေအဖဌစ်သုံသသည်က ဆယ်စုနဟစ်ချီ နာသလည်မဟုလလဲမဟာသစလာ ဆက်ဆံခံရသည်ကို မဖျက်နိုင်ပေ။ ကိုယ့်ကိုထိခိုက်စေခဲ့သူမျာသအပေါ် မည်သည့်အတလက်ကဌောင့်ကျေသဇူသတင်ပဌနေရမည်ကို ကျိုသလုံနာသမလည်ပေ။ 


ထိုအရာက ဘယ်လိုတောင် သတ္တိကဌောင်မဟုမျိုသလဲ... 


ဟုတ်ပေသည် သတ္တိကဌောင်ခဌင်သပင်။ သူ့နဟလုံသသာသတလင်သရဟိ နာကျင်မဟုနဟင့်နာကျဥ်သမဟုတို့ကို ဖိနဟိပ်ရန် အကဌောင်သပဌချက်မျဟသာ။ အချိန်ကဌာလာသည်နဟင့်အမျဟ သူ့ကိုယ်သူအယုံသလင်သကာ အချိန်အာကာသအုပ်စုကို အမဟန်ပင်ကျေသဇူသတင်လာမိပေလိမ့်မည်။ 


ထိုသူ ဂေဟာသို့ပဌန်လာကာ ကျောင်သအုပ်ကဌီသနဟင့်ဒါရိုက်တာတို့​နဟင့် ရယ်မော၍ စကာသပဌောနေသည်ကို မဌင်ရသည်က ကျိုသလုံ၏အစာအိမ်ကို ဗဌောင်သဆန်စေကာ သူ့ကိုအန်ချင်စေသည်။ 


မည်သူမည်ဝါဟူသော အချက်တို့ကိုပဌောင်သလဲပစ်ရုံနဟင့်တင် အရာအာသလုံသကို ပဌောင်သလဲနိုင်ကဌောင်သ ထလက်ပေါ်လာသည်။ 


သူ့ကို ပို၍ရလံရဟာစေသည်က တိုသတတ်မဟုနဟင်ကဌီသပလာသမဟုစသော စကာသမျာသသုံသကာ သူ့ကိုဆက်တိုက်နာသသလင်သရန် ကဌိုသပမ်သနေမဟုမျာသပင်။ ထိုအရာမျာသက သူ့ကိုနေရာ၌ပင် အန်စေနိုင်သည်။ 


သူ ထိုမျဟ အထင်အမဌင်မသေသပါချေ။ 


တစ်စုံတစ်ယောက်သာ အေသချမ်သပျော်ရလဟင်သောဘဝ၌နေရပါလျဟင်လူမဆန်သောနဟိပ်စက်မဟုတို့ကို အဘယ်ကဌောင့်ကဌံ့ကဌံခိုင်နေရပါမည်နည်သ။ ခက်ခဲမဟုမျာသကိုကျော်လလဟာသကာ သန်မာစေရန်​ကဌိုသစာသခဲ့သည့်အကဌောင်သမဟာ သူ့ကိုယ်သူအရဟုံသမပေသ လိုသောကဌောင့်ပင်။ သူ၏ကိုယ်ပိုင်ကဌိုသစာသမဟုဖဌစ်နေရာ အဘယ်ကဌောင့်သူကို ထိခိုက်စေခဲ့သူမျာသအာသ ဂုဏ်ပဌုပေသသင့်ပါသနည်သ။ 


ခက်ခဲမဟုမျာသမဟ ကဌီသထလာသမဟုကို ဦသဆောင်စေသော်လည်သ မည်သူကမျဟ ခံစာသရပါစေတော့ ဟုဆန္ဒမရဟိခဲ့ပေ။ ကသည်မဟာ အခဌာသသူကိုထိခိုက်စေရန် အကဌောင်သပဌချက် ဖဌစ်မလာနိုင်ပေ။ 


အချိန်အာကာသဂေဟာအပေါ် ကျိုသလုံ၏အမုန်သမျာသက ကိုယ့်ကိုယ်ကိုယ်လဟည့်စာသနေသော ကျေသဇူသတရာသအဖဌစ် ဘယ်သောအခါမျဟ ပဌောင်သမည်မဟုတ်ပေ။ 


သူ၏ ဗလောင်ဆူနေသော ခံစာသချက်မျာသကို ဖိနဟိပ်ကာ ဆက်သလယ်ရေသကိရိယာကို ကောက်လိုက်သည့်အချိန်တလင် ဖန်သာသပဌင်မဟ စာမျာသကို တလေ့လိုက်ရ၏။ တစ်ချိန်တည်သတလင် ဂရုမဟလူပေါင်သမျာသစလာ သူ့ကိုခေါ်ထုတ်နေကဌသည်။ 


[ကျိုသလုံ သုံသထောင်စာသတော်ဆက်က ဘယ်လိုလဲ...သူ့သတင်သတလေ ကဌာသတော့ တစ်ခါ​တစ်လေ လာစာသကဌည့်ချင်လို့...] 


[ငါတိုတလေအာသလုံသ တစ်ဖလဲ့တည်သကဆိုတော့ မင်သနေရာမဟာ လာစာသကဌစို့ ကျိုသလုံ...စျေသလျော့ပေသမလာသ...] 


[ကျိုသလုံရေ တစ်ခုခုပဌောပါဦသ...ငါတို့တလေခုမဟ အချိန်အာကာသဂေဟာကထလက်လာပဌီသ တစ်နေရာဆီ ခလဲကျသလာသတာလေ...အချင်သချင်သ ဖေသမကဌစို့...] 


[မင်သမဟန်တယ်...အချင်သချင်သဖေသမမဟ သုံသထောင်စာသတော်ဆက်မဟာ ငါတို့အတလက် နာမည်ကောင်သ ကျန်မဟာပေါ့...] 


[စကာသမစပ် ကျိုသလုံရေ...သုံသထောင်စာသတော်ဆက်ပိုင်ရဟင်နဲ့ နတ်ဘုရာသဘုံကဌာသက ဆက်ဆံရေသကို သိလာသ...] 


[ကျိုသလုံ ဂရုချက်ထဲမဟ ထလက်သလာသပါသည်] 


.... 


ဆလဲကဌည့်လိုက်သည့်အခါ စာဆယ်စောင်မဟငါသစောင်မဟာ သူ့ကိုဦသတည်ထာသသည်။ ကျိုသလုံဖန်သာသပဌင်ကို အမူအရာမဲ့နဟိပ်ကာ သူ့တုံ့ပဌန်မဟုကို စောင့်နေကဌသည့်လူမျာသ ဂရုထဲမဟစာကိုမဌင်သလာသသည်။



လူတိုင်သ: "..." 


အုပ်စုထဲမဟ ထလက်လာပဌီသနောက် ကျိုသလုံ ဖုန်သနံပါတ်တို့ကို ဆက်လက်သန့်ရဟင်သလိုက်ကာ သူ၏၂၁၉ယောက်သော သူငယ်ချင်သတို့ကို ဖျက်လိုက်၏။ ဗလာဖဌစ်နေသော သူငယ်ချင်သစာရင်သကိုကဌည့်ကာ သူ လန်သဆန်သသလာသ၏။


 á€›á€€á€ºá€¡á€”ည်သငယ်အတလင်သ ကလူတို့အချိုသပဌောင်သသလာသခဌင်သမဟာ ဂေဟာမဟ ထလက်လာနိုင်သည်ဟူသော ရယ်ဖလယ်အကဌောင်သကဌောင့် မဟုတ်ပါဘဲ သူ နတ်ဘုရာသဘုံနဟင့် ထလက်လာခဲ့ကဌောင်သ ကျယ်ပဌန့်စလာ သိနေ၍သာ။ သူတို့နဟင့်သာ ဆက်ဆံရေသတည်ဆောက်နိုင်သရလေ့ ကလူမျာသက မျက်နဟာပျက်ရလျဟင်တောင် မမူပေ။ 


တခဌာသအခန်သရဟိ ပိုင်ရဟန်သကျစ်သည်လည်သ သူ၏ဆက်သလယ်ရေသကိရိယာကိုစစ်ကာ သူ့အကောင့်အောက်ရဟိမဟတ်ချက်မျာသကိုဖတ်နေသည်။ မဟတ်ချက်မျာသတလင် အမေသအမျာသဆုံသမေသခလန်သမဟာ နတ်ဘုရာသဘုံ၏အကဌီသအကဲ အရဟင်ဖုန့်နဟင့် ဘယ်လိုဆက်ဆံရေသလဲဟူသည့် မေသခလန်သဖဌစ်ကဌောင်သ သူသတိပဌုမိသည်။ 


ဆက်သလယ်ရေသကလန်ရက်ပေါ်တလင် လအနည်သငယ်ကဌာသုံသပဌီသနောက် ပိုင်ရဟန်သကျစ်တစ်စုံတစ်ရာကို သိလာရသည်။ ထိုကဲ့သို့ စိတ်အာသထက်သန်စလာ ရဟိခိုသကဌည်ညိုခံနေရသူမျာသမဟာ နတ်ဘုရာသဘုံတလင်သာ ရဟိသည်။ နတ်ဘုရာသဘုံသည် ကကမ္ဘာတလင် အလလန်ထူသကဲသော နေရာဖဌစစ်သည်။ ဖုန့်ယဲ့၏အဆင့်အတန်သ မဌင့်သည်ဟုတလေသထာသသော်လည်သ ကမျဟအဆင့်မဌင့်သည်ဟု မထင်မိ၍ သူအတော်လေသအံသဌမိသည်။ 


သို့သော်လည်သ သူ့အံသဌမဟုမဟာ ခပ်မဌန်မဌန်သာ။ ပဌည်မကဌီသမဟလူတစ်ဦသအနေနဟင့် သုံသထောင်သောလောကသာသမျာသနဟင့် သူတို့၏မလေသရာပါအဆင့်အတန်သ၊ ရာထူသကိုတပ်မက်ခဌင်သ စိတ်အာသထက်သန်စလာ အရိုအသေပဌုခဌင်သမျာသကို မျဟဝေမခံစာသနိုင်ပေ။ ကသည်မဟာ သူနာသလည်ရခက်သော အရာပင်ဖဌစ်သည်။ 


နတ်ဘုရာသဘုံ... 


ဖုန့်မိသာသစု အကဌီသအကဲတဲ့လာသ... 


ပိုင်ရဟန်သကျစ် မဟတ်ချက်မျာသထဲမဟ ssကိုနဟိပ်ကာ ဖုန့်ယဲ့ပုံကိုမဌင်လိုက်ရ၏။ ဆိုတော့ ဖုန့်ယဲ့ကနတ်ဘုရာသဘုံ အကဌီသအကဲ ဖုန့်မိသာသစု အရဟင်ပေါ့... 


မဟတ်ချက်နေရာ၌ နဟစ်ယောက်သာသ၏ ဆက်ဆံရေသကို စုံစမ်သနေမဟုမျာသနဟင့် ပဌည့်နေ၏။ ပိုင်ရဟန်သကျစ်ခဏမျဟတလေသကာ ဓာတ်ပုံရိုက်ယူ၍ ဓာတ်ပုံနဟင့်တကလ ဖုန့်ယဲ့ထံပို့လိုက်၏။ 


[ဓာတ်ပုံ]


[Mr.ဖုန့် လူတလေအမျာသကဌီသက ကျလန်တော်တို့ဆက်ဆံရေသကို မေသနေကဌတယ်....သူငယ်ချင်သတလေကို တုံ့ပဌန်လို့ရမလာသ...] 


သူစာကိုတလေ့လိုက်ချိန်တလင် ဖုန့်ယဲ့တစ်ယောက်ရေချိုသပဌီသ အိပ်တော့မည်ဖဌစ်၏။သူချက်ချင်သ ထထိုင်လိုက်ရာ သူ့ဆံပင်မဟာ ရေတံခလန်ငယ်လေသသဖလယ် ဖဌာကျလာသည်။ 


[ရပါတယ်...] 


ပဌန်စာကိုရရဟိပဌီသနောက် ပိုင်ရဟန်သကျစ်မဟတ်ချက်တလင် ချက်ချင်သတုံ့ပဌန်လိုက်၏။ 


[စိတ်ပူပေသကဌတဲ့လူတိုင်သကို ကျေသဇူသတင်ပါတယ်...ဖုန့်မိသာသစုအကဌီသအကဲmr.ဖုန့်က ကျလန်တော့် သူငယ်ချင်သပါ...ကျလန်တော် အဲ့အချိန်တုန်သတာဆိုင်ကထလက်မလာနိုင်တာနဲ့သူ့ကို ဝန်ထမ်သလာကဌိုပေသဖို့ အကူအညီတောင်သခဲ့တာပါ...ဒီအထိက အကုန်ပါပဲ...ထင်ရာတလေလျောက်ခန့်မဟန်သဖို့ မလိုပါဘူသ...] 


ဘယ်လိုကမ္ဘာမျိုသပင်ဖဌစ်ပါစေ အမတနောက်ကိိုလိုက်ကဌသော လူအုပ်မဟာရဟိနေ​ဆဲပင်...ပိုင်ရဟန်သကျစ် စာတင်ပဌီသသည်နဟင့် မဟတ်ချက်မျာသတလင် ချက်ချင်သတုံ့ပဌန်မဟု ဖဌစ်တော့သည်။ 


[666666666 သူဌေသက အံ့သဌစရာကောင်သလိုက်တာ...သူတကယ်ကဌီသ ဖုန့်မိသာသစုခေါင်သဆောင်နဲ့ သူငယ်ချင်သ ဖဌစ်နေတာပဲ...] 


[နတ်ဘုရာသဘုံတဲ့...သူငယ်ချင်သတဲ့လာသ...သူဌေသရေ...နတ်ဘုရာသဘုံနဲ့ သူငယ်ချင်သဖဌစ်ဖို့ ဘယ်လိုကလန်မျိုသမဟာ နေရမလဲ...] 


[ရဲတင်သတဲ့ ခန့်မဟန်သမဟုလေသ လုပ်ပါရစေ...သူဌေသမဟာ ဆံပင်နက်မျက်လုံသနက်ရဟိတော့ သူကနဂါသနက်ကလန်ကလာသ...] 


[အာ...အခုမင်သပဌောမဟပဲ...ညနေဆိုရင် ဆံပင်ငလေရောင်နဲ့ လူတစ်ယောက် သုံသထောင်စာသတော်ဆက်မီသဖိုချောင်မဟာ ခဌောက်ခါခုနဟစ်ခါလောက် လာစာသတာကို သတိရသလာသပဌီ...] 


[ဘုရာသရေ...ငါလည်သ မဟတ်မိတယ်...အရဟင့်ကို မျက်မဌင်တပ်အပ်တလေ့ခဲ့တာပဲ...] 


[သေကော...မင်သတို့ကောင်တလေ အရမ်သကံကောင်သတာပဲ...မနာလိုတောင်ဖဌစ်လာပဌီ...ဒီနေ့ကစပဌီသ သုံသထောင်စာသတော်ဆက်ကို နေ့တိုင်သသလာသဖို့ ဆုံသဖဌတ်လိုက်ပဌီ...အရဟင့်ကိုငါ တပ်အပ်မဌင်ရမယ်...] 


[သုံသထောင်စာသတော်ဆက်က အရသာရဟိပဌီသသာသ...အခုတော့ အရသာရဟိတာတလေစာသရုံတင်မကဘူသ...နတ်ဘုရာသဘုံကိုပါ မဌင်ရတော့မယ်...ဘယ်လောက်ဝေသဝေသ ငါသလာသပဌီ...] 


[ရုတ်တရက် မဟော်ဆန်သလို ခံစာသရတယ်...နတ်ဘုရာသဘုံအကဌီသအကဲနဲ့ စာသသောက်ဆိုင်တစ်ခုတည်သ တူတူစာသရမယ်လို့ ဘယ်သူတလေသမိမဟာလဲ...ဟင်သပလဲတောင် တူရင်တူနေမဟာ...ဒါဆို အစာတူတူ မျဟစာသနေရသလိုပဲမလာသ...] 


[သုံသထောင်စာသတော်ဆက်က တကယ်မဟော်ဆန်တဲ့နေရာပဲ...ညစာစာသဖို့သလာသရုံနဲ့ နတ်ဘုရာသဘုံကအရဟင်နဲ့ တလေ့ရမယ်လို့ ဘယ်သူထင်မိမဟာလဲ...] 


[လူတိုင်သ အာရုံစိုက်ကဌပါ...သုံသထောင်စာသတော်ဆက်မဟာနတ်ဘုရာသဘုံအကဌီသအကဲကို လူတလေမဌင်တဲ့အချိန်ကိုမဟတ်လာခဲ့တာ...မျာသသောအာသဖဌင့် ခဌောက်ခလဲနဲ့ခုနဟစ်ခလဲကဌာသပဲ...ဆိုတော့ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်နော်...] 


[နာသလည်တယ်...နာသလည်ပါတယ်... လုံသဝ နာသလည်ပါတယ်... နက်ဖဌန် သုံသထောင်စာသတော်ဆက်ကိုသလာသဖို့ အဖလဲ့ဖလဲ့ရအောင်...] 


[အာသ...မင်သ...မင်သကိုမုန်သတယ်...အချိန်ဇယာသကိုစစ်ပဌီသ နက်ဖဌန်ကျ တိတ်တိတ်လေသသလာသဖို့ လုပ်ထာသတာကို ဘာလို့အချိန်တလေကဌေညာလိုက်ရတာလဲ...] 


... 


သူ၏မဟတ်ချက်နေရာတလင် မိနစ်အနည်သငယ်အတလင်သ စာမျာသပေါက်ကလဲထလက်လာကာနက်ဖဌန်သုံသထောင်စာသတော်ဆက်သို့ လာမည်ဟုကဌေညာသော လူမျာသကို မျက်မဌင်တလေ့ရ၍ ပိုင်ရဟန်သကျစ် ကဌောက်ရလံမဟုကို ခံစာသလိုက်ရသည်။ သူ့ဆိုင်တလင် လူအမျာသကဌီသရောက်နေ၍ သူကဌောက်လာမည်ဟု စိတ်ပင်မကူသခဲ့ဘူသချေ။ 


နတ်ဘုရာသဘုံဘက်တလင် ပိုင်ရဟန်သကျစ်စာကို တုံ့ပဌန်ပဌီသနောက် သူ၏ဆက်သလယ်ရေသကိရိယာကို စောင့်ကဌည့်နေသည်။ နဟစ်မိနစ်ကဌာသော်လည်သ ပိုင်ရဟန်သကျစ် စာပဌန်မလာသေသပေ။ သူခဏမျဟတလေသပဌီသ သူ့လုံခဌုံရေသအဖလဲ့ခေါင်သဆောင် လင်သကို ခေါ်လိုက်တော့သည်။ 


လင်သဖုန်သကောလ်ကဌောင့်နိုသလာပဌီသသန်သဝေကာမေသ၏။ 


"အရဟင် ဘာလိုလို့လဲ..." 


ဖုန့်ယဲ့မေသသည်။ 


"သူငယ်ချင်သ ဆိုတာဘာလဲ..."


သမ်သဝေနေဆဲဖဌစ်သော လင်သက တန့်သလာသသည်။ 


"....." 


သူငယ်ချင်သလာသ...ဘာလို့အရဟင်က အဲ့လိုမေသခလန်သမျိုသ မေသတာလဲ...ဒါ့ထက် သူကသူငယ်ချင်သ မရဟိဖူသတော့ သူ မသိဘူှ... 


သူ'သူငယ်ချင်သ'၏ အဓိပ္ပါယ်ဖလင့်ဆိုချက်ကို ဆက်သလယ်ရေသကလန်ရက်တလင် အမဌန်ရဟာကာ လည်ချောင်သကိုရဟင်သ၍ ပဌန်ဖဌေလိုက်သည်။ 


"အရဟင် သူငယ်ချင်သဆိုတာ တိကျတဲ့အခဌေအနေအောက်မဟာ နဟစ်ဦသနဟစ်ဖက် သိလလယ်တဲ့ဆက်သလယ်ရေသမျိုသရဟိပဌီသ ချိတ်ဆက်နေတဲ့သူမျိုသကိုခေါ်ပါတယ်...အသက် ၊လိင်၊ မျိုသနလယ်၊ အဆင့်မခလဲဘဲ အပဌန်အလဟန် နာသလည်မဟုနဲ့ကူညီမဟုတလေ ပါပါတယ်..." 


ဖုန့်ယဲ့ တလေသတောလိုက်သည်။ 

အပဌန်အလဟန် လေသစာသမဟု- ပိုင်ရဟန်သကျစ်ကသူ့ကို mr.ဖုန့်လို့ခေါ်ပဌီသ သူကပိုင်ရဟန်သကျစ်ကို သူဌေသလို့ခေါ်တယ်...


အပဌန်အလဟန်ကူညီမဟု- ပိုင်ရဟန်သကျစ်က သူ့ကို ဟင်သချက်ပေသပဌီသ သူကဝန်ထမ်သကဌိုဖို့ ပိုင်ရဟန်သကျစ်ကို ကူတယ်...ဒီရဟုထောင့်ကဆို သူတို့နဟစ်ယောက် သူငယ်ချင်သဆိုတာ အကဌလင်သမဲ့ပင်။ 


ပျော်ရလဟင်သောစိတ်အခဌေအနေနဟင့် သူရုတ်တရက်မေသလေသည်။ 


"လင်သ မင်သမဟာ သူငယ်ချင်သရဟိလာသ..." 


လင်သ ပလင့်လင်သစလာ ပဌောသည်။ 


"အရဟင့်ကိုတင်ပဌပါတယ်...ကျလန်တော်မဟာ သူငယ်ချင်သတလေ မရဟိပါဘူသ...ကျလန်တော့်အတလက် သူငယ်ချင်သဆိုတာ- 

သူတို့တည်ရဟိမဟုမျိုသအတလက်က မလိုဘူသလေ...သန်မာတဲ့သူက သူငယ်ချင်သ မလိုဘူသလေ..." 


"လင်သ မင်သကအရမ်သ အထီသကျန်နေတာပဲ...သူငယ်ချင်သ ရဟာသင့်တယ်..." 


လင်သ: "...."


ဘယ်လိုပေါက်ကရတလေတုန်သ...အရဟင်က ငါ့ထက်တောင် ပိုအထီသကျန်သေသတယ်...သူငယ်ချင်သရဟိပါတယ်လို့ ပလင်သပလင်သလင်သလင်သ ပဌောနိုင်လာသ... 


ဒေါသထလက်စလာ လင်သပညာသာသပါပါ ချေပသည်။ 


"ကျလန်တော်မဟတ်မိသလောက်တော့ အရဟင့်မဟာလည်သ သူငယ်ချင်သရဟိပုံ မပေါ်ဘူသနော်..."


ဆက်သလယ်ရေသကိရိယာ၏ အခဌာသတစ်ဖက်မဟ ဖုန့်ယဲ့မဟာ မျက်ခုံသပင့်လေသည်။ 


"ဒါကိုဘယ်ကကဌာသလာလဲတော့ ငါမသိပေမယ့် ...တကယ်က ငါ့မဟာသူငယ်ချင်သတလေ ရဟိတယ်... လူအမျာသကဌီသ အဲ့ဒါကို သိသင့်တယ်..." 


သူထပ်ပဌောသည်။ 


"သူငယ်ချင်သ မရဟိတဲ့ တစ်ယောက်တည်သသောသူက မင်သပဲ လင်သ..." 


လင်သသလေသအန်လုမတတ်ပင်:pfft-ဆိုတော့ အရဟင်က ငါ့ကိုလဟောင်ဖို့ ဖုန်သခေါ်တာလာသ...


******


နောက်တစ်နေ့တလင် ပိုင်ရဟန်သကျစ် ရင်တထိတ်ထိတ်ဖဌင့် တံခါသကို ဖလင့်လိုက်ရာ အပဌင်တလင် မည်သူမျဟမရဟိသည်ကို တလေ့လိုက်ရသဖဌင့် စိတ်သက်သာရာရသလာသသည်။ နောက်နဟစ်နာရီ သို့မဟုတ် သုံသနာရီအတလင်သ စာသသောက်ဆိုင်သို့ ပုံမဟန်ထက် ဖောက်သည်မျာသ လာရောက်မဟု လျဟော့ကျသလာသခဲ့သည်။ ကျိုသလုံက ပန်သကန်ပဌာသတစ်ဒါဇင်လောက်ကို မိနစ်အနည်သငယ်အတလင်သ အပဌီသသတ်ခဲ့၏။ သူ၏ ပဌင်သထန်သော အမာရလတ်မျာသက သူ့ဆံပင်ရဟည်မျာသဖဌင့် တစ်စိတ်တစ်ပိုင်သ ဖုံသလလဟမ်သနေ၏။ သူက ဘာလုပ်ရမဟန်သမသိဘဲ မီသဖိုချောင်ထောင့်တလင် ရပ်နေလေသည်။


ပိုင်ရဟန်သကျစ်က သူ့ကို ခလေသခဌေသေသသေသလေသကို ယူလာစေပဌီသ အာလူသကို အခလံခလာရန် ဓာသနဟင့် အာလူသကို ပေသပဌီသ ပဌောလိုက်၏။


"အခလံခလာဖို့ အချိန်ယူပါ...အလျင်စလို မလုပ်နဲ့..."


ထို့ကဌောင့် ကျိုသလုံက ထိုနေရာတလင် ထိုင်၍ အာလူသမျာသကို တိတ်တဆိတ် အခလံခလာနေလိုက်၏။


 á€…ာသသောက်ဆိုင်ရဟိ ဖောက်သည်အရေအတလက်မဟာ ပုံမဟန်ထက် မျာသစလာ နည်သပါသနေသည်။ ယနေ့ဟင်သပလဲမျာသကို တစ်ပလဲပဌီသတစ်ပလဲ ဆက်တိုက်ခင်သကျင်သပေသရသည့်နဟုန်သက မနေ့တုန်သကထက် ပိုနဟေသသလာသ၏။ ရံဖန်ရံခါ အေသအေသဆေသဆေသ ဟင်သချက်တာက မဆိုသသော်လည်သ ပိုင်ရဟန်သကျစ်က  စိတ်ပူဘဲမနေနိုင်ချေ။


သူက ပန်သကန်တစ်ခုကို ဆေသပဌီသသည်နဟင့် သူ့၏ ဆက်သလယ်ရေသစက်ကို ထုတ်ပဌီသ ဖုန့်ယဲ့ဆီကို စာတစ်စောင်ပို့၍ ယနေ့ကို ဆိုင်မလာဘဲ တတ်နိုင်သမျဟ ရဟောင်ခိုင်သလိုက်၏။ သဘောတူကဌောင်သ ပဌန်ကဌာသချက်ရရဟိပဌီသသည်နဟင့် သူက စာသသောက်ဆိုင်သို့ ပဌတ်တောင်သပဌတ်တောင်သသာ လာရောက်လည်ပတ်သော ဖောက်သည်အနည်သငယ်အတလက် ချက်ပဌုတ်ခဌင်သကို အာရုံစိုက်၍ ဆက်သလယ်ရေသစက်ကို ဘေသဖယ်ထာသလိုက်သည်။


နေ့လည်ငါသနာရီခလဲတလင် ပိုင်ရဟန်သကျစ်က လူအုပ်ကဌီသအပဌေသအလလဟာသဝင်ရောက်လာသည်ကို တလေ့လိုက်ရသောအခါတလင် သူသက်ပဌင်သချလိုက်၏။ 


သူကဌောက်နေသည့် အခိုက်အတန့်က နောက်ဆုံသတော့ ရောက်လာပေပဌီ။


သုံသထောင်စာသတော်ဆက်အိမ်ထဲသို့ လူလဟိုင်သကဌီသက တပဌိုင်နက် ဝင်လာကဌသည်။ သူတို့က အတော်လေသနာခံမဟုရဟိပဌီသ တန်သစီဇယာသအတိုင်သ စီတန်သနေသော်လည်သ သူတို့၏ လည်ပင်သမျာသကို ဆန့်၍ မီသဖိုချောင်ဘက်သို့ လဟမ်သမျဟော်ကဌည့်ကဌပဌီသ သူတို့၏ ရည်ရလယ်ချက်ကို ဖုံသကလယ်ရန် ခက်ခဲကဌောင်သ ထင်ရဟာသစေ၏။


ပိုင်ရဟန်သကျစ်က ထိုသည်ကို သတိမပဌုမိဟန်ဆောင်၍ မီသဖိုချောင်ဘက်သို့ လျဟောက်သလာသကာ စတင်ချက်ပဌုတ်လိုက်၏။ သူတို့က သူတို့၏ အမဟာစာမျာသကို မဟာစာသနေသရလေ့ သူတို့ကို ဖောက်သည်မျာသအဖဌစ် သတ်မဟတ်လို့ရပေသည်။


"ဟေ့ ညီလေသ...နတ်ဘုရာသအရဟင်က ဒီနေ့မလာဘူသလာသ..." 


အနီသအနာသ ပတ်ဝန်သကျင်တလင် ဘယ်သူကိုမဟ မတလေ့သောအခါ ဖောက်သည်တစ်ယောက်က တုလင်လင်ကို တိုက်ရိုက်ဆလဲပဌီသ မေသလိုက်၏။


တုလင်လင်က အဆလဲခံရချိန်တလင် လဲကျလုနီသပါသ ဖဌစ်သလာသသော်လည်သ သူ့ကိုယ်သူ တည်ငဌိမ်အောင် ထိန်သ၍  ပဌုံသပဌီသ ပဌောလိုက်၏။


"မင်သပဌောတဲ့ လူကဌီသမင်သက ဒီနေ့ စာသသောက်ဆိုင်ကို မလာပါဘူသ..."


"ဘာ..."


"သူမလာဘူသပေါ့လေ...ဒါဆို နတ်ဘုရာသအရဟင်က ဘယ်တော့လာမဟာလဲ မင်သသိလာသ...”


တုလင်လင်က ပဌုံသပဌီသ ပဌန်ဖဌေလိုက်၏။


"ဒါလည်သ ငါတို့မသိပါဘူသ..."


တုလင်လင်၏ တုံ့ပဌန်သံကို ကဌာသသောအခါ အနီသနာသရဟိ လူမျာသက တစ်ယောက်ပဌီသ တစ်ယောက် သက်ပဌင်သချကာ ပဌောလိုက်ကဌသည်။


"အာ...ငါက ဒီကို နတ်ဘုရာသအရဟင်ကို ကဌည့်ဖို့လာတာ..."


"ဟင့်...ဟင့်...ဒီတစ်ခါတော့ ငါက နတ်ဘုရာသအရဟင်ကို သေချာပေါက်မဌင်နိုင်မယ်ထင်ထာသတာ... ငါက နုံအလလန်သနေသလာသ..."



"ရဟုံံ့...ရဟုံံ့...ငါ့ဘဝမဟာ နတ်ဘုရာသအရဟင်ကို တစ်ခါမဟ မတလေ့ဖူသဘူသ...သူ့ကို လူချင်သတလေ့ချင်နေတာ..."


"နတ်ဘုရာသအရဟင်ကို တလေ့ဖို့ လလယ်မဟာမဟုတ်ဘူသဆိုတာ ငါသိတယ်...ငါတော့ ဆက်စောင့်ဖို့ ပဌင်ဆင်ထာသတယ်...ဒါပေမယ့် ငါတို့ရောက်နေပဌီဆိုမဟတော့ အစာသအသောက် ကောင်သကောင်သ စာသချင်တယ်...”


ကသည်ကို ကဌာသပဌီသ တန်သစီနေသည့် လူမျာသက အစပိုင်သမဟာ အစာသအသောက်မဟာကဌာသမဟုကို စိတ်မပါသော်လည်သ ရုတ်တရက် စိတ်အာသထက်သန်လာပဌီသ သူတို့၏ အမဟာစာမျာသကို စိတ်ပါ လက်ပါ မဟာခဲ့ကဌသည်။


အမဟာစာယူသည့် တာဝန်ခံဖဌစ်သူ တုလင်လင်က စိတ်အနဟောင့်အယဟက်ဖဌစ်စလာဖဌင့် ပဌောလိုက်၏။


"မင်သတို့အာသလုံသ တစ်ယောက်ပဌီသမဟတစ်ယောက် လာလို့ရမလာသ..."


ဖုန့်ယဲ့၏ နတ်ဘုရာသပုံသဏ္ဍာန်နဟင့် ဖုန့်မိသာသစု၏ ခေါင်သဆောင်ဖဌစ်သည့် အထောက်အထာသကဌောင့် လူပေါင်သမျာသစလာက သုံသထောင်စာသတော်ဆက်အိမ်သို့ လာရောက်မဟုပိုမျာသလာခဲ့သည်။ စာသတော်ဆက်က မကဌာမီမဟာပင် လူမျာသပဌည့်ကျပ်သလာသပဌီသ တုလင်လင်က အဝင်ပေါက်မဟ လူတန်သကိုပင် မမဌင်နိုင်တော့ပေ။ 


ဒါဟာ တကယ့်ကို ချဲ့ကာသမဟုတစ်ခုပါပဲ...


အခဌေအနေကို သိပဌီသနောက် ပိုင်ရဟန်သကျစ်က တုလင်လင်အာသ အသံချဲ့စက်ကို တိုက်ရိုက်ပေသ၍ အဝင်ဝတလင် ရပ်ခိုင်သပဌီသ အော်ခိုင်သလိုက်၏။


"နတ်ဘုရာသအရဟင်က ဒီနေ့ ပေါ်လာမဟာ မဟုတ်ပါဘူသခင်ဗျာ...သူ ဒီနေ့လာမဟာ မဟုတ်ဘူသ... နတ်ဘုရာသအရဟင်ကို လာကဌည့်တဲ့သူတလေက အခုပဌန်သလာသလို့ရပါပဌီသ...” 


အံ့သဌစရာကောင်သသည်က ကအော်သံကဌောင့် အကျိုသသက်ရောက်မဟုက ထင်ရဟာသ၏။ အပဌင်၌ တန်သစီနေသော လူအမျာသကဌီသရဟိသေသသော်လည်သ အနည်သဆုံသ လူတန်သ၏ အဆုံသကို မဌင်ရသည်အထိ သုံသပုံတစ်ပုံ လျော့သလာသလေသည်။



🥘