> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး >Ch47
ပါတီပွဲအပြီးတွင် မိန်းမပျိုလေးများသည် နေအိမ်သို့ပြန်လာခဲ့ကြပြီး မြင်ခဲ့ကြားခဲ့သမျှကို ဝေမျှကြတော့သည်။
လူနာကတော့ ထပ်ပြီးအလုပ်ရှုပ်နေပြန်သည်။ ရိုယာ ယခင်က စစ်ဆေးခဲ့သော သတ္တုတူးဖော်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ရန် လိုအပ်နေသည်။
သူတို့သည် မိုင်းတစ်ခုအတွက်ပဲ စာချုပ်ချုပ်တာမဟုတ်ဘဲ အင်ပါယာတစ်ခွင်ကိုဖြတ်ကာ ပြန့်ကျဲနေသော မိုင်းဆယ်ခုနီးပါးကိုပါချုပ်ဆိုမည်ဖြစ်သောကြောင့် စာချုပ်များသည် များပြားပြီး ရှုပ်ထွေးနေတော့သည်။
ကံကောင်းထောက်မစွာဖြင့် အချို့သောမိုင်းများသည် အလွန်နက်နဲစွာ မတူးဘဲ ကျောက်မျက်ရတနာများ ထွက်လာသည်ကို တွေ့ရှိခဲ့ရသည်။ ဒီလိုမှမဟုတ်ပါက တစ်ခုတူးဖော်ဖို့ကိုတောင် ဆယ်စုနှစ်တစ်ခုကျော်ကြာသွားနိုင်တာကြောင့် သူတို့အနေဖြင့် ဒီလိုအကျိုးတူလုပ်ငန်းကို လုံးဝစဉ်းစားမှာမဟုတ်ပေ။
"လေဒီလူနာ ကျွန်တော်တို့ တင်ဆီက စာ ရထားတယ်"
"အာ ကျေးဇူးပါ"
လူနာသည် ရိုယာကမ်းပေးလာသောစာထဲရှိ အကြောင်းအရာကို အမြန်စစ်ဆေးခဲ့လိုက်သည်။ တင်သည် သူမအစောပိုင်းက တောင်းဆိုခဲ့သည့် တောင်းဆိုမှုများကို ဝမ်းမြောက်စွာ လက်ခံကြောင်း ဖော်ပြထားခဲ့သည်။
လူနာ၏နူးညံ့သိမ်မွေ့သောအပြုံးကိုမြင်ရသောကြောင့် ရိုယာက ခေါင်းလေးစောင်းကာ စာရှိအကြောင်းအရာကိုမေးလိုက်သည်။
"အိုး၊ ကျွန်မက တင်ကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခိုင်းထားတာလေ"
"သူ့ သူငယ်ချင်းတွေလား"
"ဟုတ်တယ်။သူနဲ့အတူ မိုင်းတွင်းကနေ အငြိမ်းစားယူခဲ့ရတဲ့ သူငယ်ချင်းတွေလေ။ကျွန်မတို့ သူတို့ကိုကျောက်တူးဖော်ရေးလုပ်ငန်းအတွက် အလုပ်ခန့်ရင်ရော ဘယ်လိုလဲလို့ စဉ်းစားနေတာ။အဲ့ဒါကြောင့် စာရင်းပေးဖို့တောင်းလိုက်တာ"
"…!"
ရိုယာ၏ မျက်လုံးများက အံ့သြသင့်စွာ ပြူးကျယ်သွားခဲ့သည်။
"စာချုပ်အတွက် အလုပ်သမားတွေကို တကယ်ကြီး ကိုယ်တိုင်ကိုယ်ကျ ရွေးမလို့လား"
ဒီတိုင်း ဟိုဘက်ကိုလွှဲထားလိုက်မယ်နေတာ။ ဘာလို့ ဒီလိုမျိုး ထပ်ထည့်ရတာပါလိမ့်။
လူနာက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"ဟုတ်တယ်။သူတို့က တင် မိတ်ဆက်ပေးတာဆိုရင် သူတွေရဲ့ အရည်အချင်းတွေကလည်း အရမ်းကောင်းလောက်တယ်"
ထို့အပြင် သူတို့သည် မည်သူမှခိုးယူခြင်းမပြုနိုင်ရန် သေချာစွာစောင့်ကြည့်ကြလိမ့်မည်ဖြစ်သည်။
သူတို့အား ရွေးချယ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သူတို့၏ ယုံကြည်စိတ်ချရမှုဖြစ်သော်လည်း ရိုယာကမူ လူနာသည် အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်များ ပံ့ပိုးပေးလိုသည်ဟု အထင်လွဲသွားခဲ့ပြီး နက်ရှိုင်းစွာ ထိမိသွားတော့သည်။
"ဘာပဲဖြစ်ဖြစ် အဲ့တာကပြေလည်သွားပြီဆိုတော့ ကျွန်မတို့ ဒီစာရင်းထဲက လူတွေဆီကို စာပို့သင့်တယ်။ နာမည်များစွာရှိတော့နည်းနည်း ခက်ခဲနိုင်တယ်ရယ်။ ကူညီပေးမလား"
"ဒါပေါ့! မဟုတ်ဘူး ကျွန်တော် အားလုံးကို ချရေးလိုက်မယ်"
"မဟုတ်ဘူး၊ အလုပ်ခွဲလုပ်ကြမယ်လေ။ရှင့်ဘာသာရှင် အားလုံး ဘယ်လိုလုဪ်ရေးနိုင်မှာလဲ"
"မဟုတ်ဘူး၊ ကျွန်တော်တစ်ယောက်တည်းလုပ်သင့်တယ်လို့ ထင်တယ်"
သူ ဘာကို ဆိုလိုတာလဲ..
သူမ တွေးတောနေစဉ်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
"သခင်မလေး ဧည့်သည်ရောက်နေပါတယ်။ လေဒီရို့စ်မယ်ရီ ပါ"
လူနာက ရိုယာအား အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်ပေမယ့် သူက ပခုံးတွန့်ပြလာခဲ့သည်။
"တကယ်တော့ ကျွန်တော် လာတုန်းက လေဒီရို့စ်မယ်ရီရဲ့ ရထားက အိမ်နားရောက်လာလာတာကို မြင်ခဲ့တာ"
တခြားသူဖြစ်ရင်တော့ ကိစ္စမရှိပေမယ့် ဧည့်သည်က ရို့စ်မယ်ရီဆိုပါက စကားဝိုင်းက ရှည်ကြာနိုင်လောက်သည်။ သူမသည် ရှုပ်ထွေးများပြားလှသော အမွေဆက်ခံမှုသင်တန်းများကြောင့် အားလပ်ရက်ရောက်လာချိန်တိုင်း အပြည့်အဝ ပျော်မွေ့တော့သည်။
ဒါပေါ့ လူနာကလည်း အားလပ်ရက်များကို သူမနှင့်အတူ ဖြတ်သန်းရသည်ကို နှစ်သက်သောကြောင့် လုံးဝစိတ်မရှိပေ။
မည်သို့ပင်ဖြစ်စေ ရိုယာသည် ထိုကိစ္စအားလုံးကို တစ်ယောက်တည်းကိုင်တွယ်ရတော့မည်ဖြစ်သည်။
"ဒါဆို ရှင်နဲ့ပဲ ထားခဲ့လိုက်မယ်နော်"
"ဟုတ်ကဲ့ စိတ်မပူပါနဲ့။ကျွန်တော် အလုပ်စာချုပ်ကိုလည်း ပါဝင်ဖို့ရေးဆွဲသွားမှာပါ"
ရိုယာသည် ယုံကြည်စိတ်ချရသော ထင်မြင်ချက်ကို ချန်ထားခဲ့ပြီးနောက် ထွက်သွားခဲ့သည်။မကြာမီပင် ရို့စ်မယ်ရီသည် လူနာ၏အခန်းထဲသို့ ရောက်လာခဲ့သည်။ သူမ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေခဲ့သည်။
"လေဒီလူနာ! သတင်းကောင်း ပါလာတယ်"
ရို့စ်မယ်ရီ၏လက်ထဲတွင် တောက်ပြောင်သောစာတစ်စောင်ရှိနေသည်။
"အဲဒါဘာလဲ"
"ဒါက လာမယ့်အရွယ်ရောက် ပါတီကို ဖိတ်တဲ့ ဖိတ်စာလေ!"
အရွယ်ရောက်ပါတီသည် ထိုနှစ်တွင် အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ခဲ့သော မြို့စားအနွယ်ဝင်များအတွက် နှစ်ကုန်၌ ကျင်းပသော ပါတီပွဲဖြစ်သည်။
အနှစ်သာရအားဖြင့် ၎င်းသည် လူမှုအသိုင်းအဝိုင်းသို့ဝင်ဖို့ရာအတွက် အကြိုလုပ်ခြင်းဖြစ်ပြီး နှစ်သစ်တွင်ကျင်းပမည့် အင်ပါယာ ပါတီအတွက် အတွေ့ကြုံရစေနိုင်မည့် အခွင့်အရေးဖြစ်သည်။
ရို့စ်မယ်ရီသည် ယခုနှစ်တွင် အသက်နှစ်ဆယ်ရှိပြီဖြစ်သော လူနာထက် နှစ်နှစ်ငယ်သည်။ သူမသည် ယခုတွင်အသက်ဆယ့်ရှစ်နှစ်သာရှိသေးပြီး အရွယ်ရောက်လာတော့မည်ဖြစ်သည်။
'ဒီတော့ သူမက လာကြွားတာပေါ့လေ။ ချစ်စရာပဲ'
လူနာသည် လူမှုရေးအသိုင်းအဝိုင်း၌ ပထမဆုံးပွဲထွက်ခြင်းအတွက် ရို့စ်မယ်ရီ အား ဂုဏ်ပြုလိုက်သည်။
"ဂုဏ်ပြုပါတယ်နော်။ နောက်ဆုံးတော့ နင့် လူမှုရေးအသိုင်းအဝိုင်းမှာ ပွဲဦးထွက်တော့မှာပဲ"
"ဟုတ်တယ်!ပြီးတော့ ငါ နင်နဲ့အတူ တက်ချင်တယ်"
"...ငါလား"
ရုတ်တရက်ကြီးလား။ ငါ့ကိုဘာလို့လဲ
လူနာသည် အံ့သြစွာ မျက်တောင်ခတ်လိုက်သည်။
"နင်ရဲ့ အရွယ်ရောက် ပါတီကို မတက်ခဲ့ရဘူးလို့ ငါကြားခဲ့တယ်။ ဒီတော့ ငါတို့ အခုအတူတူသွားကြမလားလို့"
ဒါပေမယ့် ငါ့လို သက်ကြီးရွယ်အို (?)က အခုမှလတ်လတ်ဆတ်ဆတ်အရွယ်ရောက်ပြီးတဲ့ မြို့စားအနွယ်ဝင်တွေအတွက် ရည်ရွယ်တဲ့ ပါတီပွဲကို ရုတ်တရက် တက်ရောက်တာက ပတ်ဝန်းကျင်ကို ဖျက်စီးသလိုမဖြစ်သွားဘူးလား...
ထို့အပြင်-
"ငါ့မှာ ဖိတ်စာမရှိဘူး"
လူနာတွင် ဖိတ်စာ မရှိနေပေ။ အရွယ်ရောက်ပါတီကို တက်ရောက်ရန် အခွင့်အရေးတစ်ခုသာ ရှိခဲ့သည်။ လူနာ သည် ထိုအခွင့်အရေးကို လွန်ခဲ့သော နှစ်နှစ်ခန့်က လွဲချော်ခဲ့သည်။
"အဲဒါကြောင့် နင့်ကို ငါ့ရဲ့ အစောင့်အကြပ်အဖြစ်နေပေးဖို့ လာတောင်းဆိုတာလေ။ နင်က ငါ့ရဲ့ အစောင့်အကြပ်ဆိုရင် ငါတို့ အတူတူ ဝင်လို့ရပြီ မလား"
"အစောင့်အကြပ်လား။ အဲဒါက…"
ပုံမှန်အားဖြင့် ၎င်းက ချစ်သူများ သို့မဟုတ် အချို့သောဆက်ဆံရေးရှိသူများက လုပ်ပေးကြသောအရာဖြစ်သည်။
လူနာသည် ပြန်ဖြေခါနီးမှ ရုတ်တရက် ပါးစပ်ကို ပိတ်လိုက်သည်။ ရို့စ်မယ်ရီ၏ စကားလုံးများ၏ နောက်ကွယ်က အဓိပ္ပါယ်ကို သူမနားလည်သွားခဲ့သည်။
သူမသည် လူနာက အရွယ်ရောက် ပါတီကို မတက်ရောက်နိုင်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်နေတာဖြစ်သည်။ဒါတွေ အားလုံးက သူမတွင် ငွေအလုံအလောက်မရှိတာကြောင့်ပဲဖြစ်သည်။
လူနာသည် အဲ့ဒီအတွက် စိတ်မကောင်းဖြစ်မိတာတော့မဟြတ်ပေမယ့် အရွယ်ရောက်လာသော ပါတီသည် မြို့စားအနွယ်ဝင်များအတွက် မရှိမဖြစ် အရေးကြီးသော ပွဲတစ်ခုဖြစ်ပေသည်။ လူတစ်ဦးစီတိုင်းကို အရွယ်ရောက်ပြီးသော မြို့စား/အမျိုးမြို့စားများအဖြစ် အသိအမှတ်ပြုသည့် အခမ်းအနားတစ်ခုပင်ဖြစ်သည်။
မြို့စားအနွယ်ဝင်များ၏ အပေါ်ယံ ယဉ်ကျေးမှုတစ်ခုမျှသာ ဖြစ်သော်လည်း တစ်သက်တွင် တစ်ကြိမ်သာ ကြုံရတာဖြစ်သည်။ ထိုအချိန်က ဖယ်ဆန်မှ သူမအား အဝတ်အစားများဝယ်ပေးမည်ဆိုသော ကမ်းလှမ်းချက်ကို ငြင်းခဲ့မိသည့်အတွက် တစ်ခါတစ်ရံတွင် သူမနောင်တရခဲ့ပေသည်။
"လုပ်ပါနော်... ငါ့မှာ နင်ကလွဲပြီး ငါ့အစောင့်အကြပ်လုပ်ဖို့ သင့်တော်တဲ့သူ အခြားဘယ်သူမှ မရှိဘူး"
လူနာက မဖြေလာသဖြင့် ရို့စ်မယ်ရီသည် သူမ၏လက်ကို တင်စတင်းဆုပ်ကိုင်ထားပြီး လှပထူထဲသော မျက်တောင်များကို တဖျပ်ဖျပ်ခတ်ကာ နှုတ်ခမ်းစူလိုက်သည်။
ရို့စ်မယ်ရီ၏ ချစ်စရာကောင်းသည့် သရုပ်ဆောင်မှုအပြည့်ဖြင့်တစ်ကိုယ်တော်ပြဇာတ်အပေါ် ကြွေမကျနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
မဟုတ်ဘူး သူမ ဒူးထောက်ပြီး လိုချင်သမျှတောင်ပေးလိုက်ချင်သေသည်။ လူနာက ရို့စ်မယ်ရီ၏လက်ကို ကိုင်လိုက်သည်။
"ကောင်းပြီ။ ဒါဆို နင်ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ ကျေးဇူးပါနော်"
"နင် ငါ့ကို ကျေးဇူးမတင်သင့်ဘူး။ အခု ငါက လူတွေကို နင်နဲ့အရမ်းရင်းနှီးတယ်လို့ပြောလို့ရပြီ။ အာ! ပြီးတော့..."
ရို့စ်မယ်ရီက တောက်ပသော အပြုံးဖြင့် သူမ၏ အစေခံကို လက်ယပ်ခေါ်လိုက်သည်။ အစေခံက စောင့်ဆိုင်းနေသကဲ့သို့ စာရွက်စာတမ်းအစုံအလင်ကို ချက်ခြင်းပင်လွှဲပေးလာခဲ့သည်။
"ဒါက ဘာလဲ"
စားပွဲပေါ် ဖြန့်ချလိုက်ပြီး ရို့စ်မယ်ရီသည် လူနာအနားသို့ ရွှေ့ကာ ရှင်းပြလိုက်သည်။
"ဒါက ဝတ်စုံစာရင်းတွေလေ။ ဒါတွေက ငါဝယ်လေ့ရှိသောဲ့ ဒီဇိုင်နာဆီက ဒီဇိုင်းအသစ်တွေပဲ။ အရွယ်ရောက်ပါတီပွဲအတွက် ဘာအ၀တ်အစားမှ မဝယ်ရသေးဘူး မးလား။ ဒါကြောင့် ငါ တစ်ခါတည်းယူလာပေးလိုက်တာ"
လူနာက ထိုစာရင်းများကို တစ်ချက်ကြည့်လိုက်ရာ အခြေခံဖွဲ့စည်းပုံများ၊ ဒီဇိုင်းများ၊ ကြိုးများ၊ အလှဆင်မှုများ၊ အရောင်များ၊ ပစ္စည်းများနှင့် အခြားအရာများနှင့်ပတ်သက်သည့် များပြားလှသော အချက်အလက်များက သူမကို လွှမ်းသွားခဲ့သည်။
"ငါတို့ ဒီပါတီပွဲကြီးအတွက် ဂါဝန်ဆင်တူဝတ်ကြရင်ရော။ငါတော့ ဒီ ဒီဇိုင်းကို ကြိုက်တယ် နင်ရော ဘယ်လိုထင်လဲ"
ဒီတော့ ဒါကတကယ့်ပန်းတိုင်ပေါ့..
ရို့စ်မယ်ရီ၏မျက်လုံးများသည် ဖဲကြိုးများနှင့် လက်အိတ်များအပြင် ဂါဝန်များပါတူတူဝတ်ရတော့မည်ဟူသော စိတ်ကူးဖြင့် တောက်ပနေခဲ့သည်။
"ဟင့်အင်း"
ထိုတောက်ပမှုအပေါ် တုန်လှုပ်သွားခြင်းမရှိဘဲ လူနာသည် မဆိုင်းမတွ ငြင်းဆိုခဲ့သည်။သူမသည် နောက်ထပ်တောင်းဆိုမှုများရှိလာမည်ကို စိုးရိမ်သောကြောင့် လိုက်လျောမှုအရိပ်အမြွက်ပင်ပေးခြင်းမရှိခဲ့ပေ။
သို့တိုင် ရို့စ်မယ်ရီသည် အရှုံးမပေးဘဲ နောက်ထပ်ကြိုးစားလာခဲ့သည် ။
"ဒါဆို ငါတို့ဟာကို အခြေခံ ဒီဇိုင်းက အတူတူပဲ ဆိုပေမယ့် အလှဆင်တာနဲ့ ဇာတွေ အားလုံးကို ကွဲပြားအောင် လုပ်ရင်ရောဘယ်လိုလဲဟင်"
"…"
"...နင်လိုချင်ရင် ငါတို့အရောင်ပြောင်းလို့လည်းရတယ်လေ"
အဲဒါတွေ အားလုံးပြောင်းလိုက်ရင် ဆင်တူ ၀တ်စုံများတောင် ရှိတော့မှာမဟုတ်ပေ။ လူနာထံမှ တုံ့ပြန်မှုကို မတွေ့ရသောကြောင့် ရို့စ်မယ်ရီသည် အခြေအနေများကို ဖြည့်ကာဆက်ပြောနေခဲ့သည်။
"အမ်း… လုပ်တဲ့ပစ္စည်းတွေလည်း ပြောင်းလို့ရတယ်"
သူမက လုံးဝကွဲပြားသော နောက်ထပ် ဒီဇိုင်းကိုတောင် အကြံပြုတော့မည်ပုံရသည်။ နောက်ဆုံးတော့ လူနာကပဲ အလျှော့ပေးကာ ရယ်မောလိုက်သည်။
"အားလုံး မတူနေသရွေ့တော့ အဆင်ပြေပါတယ်။ငါက ဒီတိုင်း နင့်ကို စချင်လို့ မတုံ့ပြန်လိုက်တာ"
"တကယ်လား!"
အခြေခံအားဖြင့် ဂါဝန်၏အရာအားလုံးကို ပြောင်းလဲမည်ဖြစ်သော်လည်း ဤခွင့်ပြုချက်သည် ယခုမှ ပြန်လည်အသက်ဝင်လာသော ရို့စ်မယ်ရီအတွက် လုံလောက်ပေသည်။
ထို့နောက် သူမသည် လူနာထံ အမြန်ကပ်ကာ ဒီဇိုင်းရွေးရန် တိုက်တွန်းလိုက်သည်-
"နင် ဒီဇိုင်းရွေးပြီးတာနဲ့ ငါ ဒီဇိုင်နာကို ချက်ချင်း ခေါ်လာပေးမယ်။ တကယ်တော့ ငါ သူ့ကို ကြိုပြောပြီးသား"
"…?"
တကယ်လား။ ဘယ်လိုတောင် ပြင်ဆင်တတ်တာလဲ။
သူမက တစ်ရက်လေးတောင်မှ မဖြုန်းချင်ဘဲ ဒါကို ဘယ်လောက်အထိ စောင့်မျှော်နေခဲ့သလဲဆိုတာ ထင်ရှားလှသည်။
"လုပ်လိုက်ကြတာပေါ့"
ဒါက မမျှော်လင့်ထားသော အစီအစဉ်တစ်ခုဖြစ်သော်လည်း လူနာသည် မကြာခင်မှာပဲ ပြီးသွားလိမ့်မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ရို့စ်မယ်ရီ၏ အကြံပြုချက်ကို သူမ တိတ်တဆိတ် လက်ခံခဲ့သည်။ သို့သော် ရို့စ်မယ်ရီက သူမကို ညနေအထိ ချောဆွဲထားခဲ့ပြီး ဒီဇိုင်နာနှင့် ၀တ်စုံ၏အသေးစိတ်အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်။
* * *
သိပ်မကြာခင်မှာပဲ စိန်တွင်းကို ရှာဖွေသည့် တူးဖော်ရေးက အမှန်တကယ် စတင်လာခဲ့သည်။ ရှည်လျားသောသမိုင်းများကြောင်းရှိသော ကုမ္ပဏီတစ်ခုဖြစ်သောကြောင့် ပြင်ဆင်မှုများပြုလုပ်ပြီးနောက် ချက်ချင်းဆိုသလိုပင် အလုပ်စတင်ခဲ့သည်။
တင် ကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်မရခဲ့ကြသော အလုပ်သမားများက လူနာထံသို့ ကျေးဇူးတင်လွှာများ ပေးပို့ခဲ့ကြသည်။
ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးနောက် သူတို့ကို အလုပ်ခန့်ထားသောကြောင့် ထိုသို့ပြုလုပ်ရန် မလိုအပ်သော်လည်း ကျေးဇူးတင်လာခြင်းက သူမကို ပျော်ရွှင်စေခဲ့သည်။ ကုသိုလ်ကောင်းမှုတစ်ခုကို လုပ်လိုက်ရသလိုမျိုး ခံစားရသည်။
အချိန်တွေကုန်လာပြီးနောက် အရွယ်ရောက် ပါတီပွဲနေ့သို့ ရောက်လာခဲ့တော့သည်။
"သခင်မလေး ကောင်းကောင်းရွေးထားတာပဲ"
လော်ရာက လှပသောဂါဝန်ကိုဝတ်ထားသည့် လူနာအား ကြည့်ရင်း နွေးထွေးစွာ ပြုံးလိုက်သည်။
လူနာ၏ မျက်လုံးများနှင့် အံဝင်ခွင်ကျဖြစ်အောင် လိုက်ဖက်သော အပြာရောင်ဝတ်စုံသည် ပခုံးတစ်လျှောက် စိန်များ စီချယ်ထားပြီး ရင်ဘတ်တွင် အနုစိတ်သော နှင်းဆီပန်းထိုးများဖြင့် တန်ဆာဆင်ထားသည်။
"ဇာကြောင့် နည်းနည်းတော့အဆင်မပြေဘူး"
ဂါဝန်တွင် အသေးစိတ်ရွေးချယ်ထားသောဇာများကို စကတ်နှင့် တွဲထားပြီး လမ်းလျှောက်သည့်အခါ အနည်းငယ် ထူထဲနေကာ မသက်မသာ ခံစားရသည်။
"ဒါပေမယ့် သခင်မလေး လမ်းလျှောက်လိုက်တိုင်း တလက်လက်တောက်နေတာရော"
"အဲဒါက စိန်စီထားလို့လေ"
"အိုး ဘုရားရေ အဲဒါတွေက စိန်တွေလား။ ဒီကမ္ဘာကြီးကိုတောင်ကျော်ပြီး အဲ့လောက် တောက်ပလာတာ အံ့သြစရာ မရှိတော့ဘူးပဲ"
တခြားကမ္ဘာအထိ တောက်ပနိုင်သော ဂါဝန်၏ ကုန်ကျစရိတ်ကတော့ ကြေကွဲစရာကောင်းလောက်အောင် မြင့်မားပေသည်။ လက်အိတ်များ၊ ဖိနပ်များနှင့် ဆံပင် အဆင်တန်ဆာများနှင့် တွဲလိုက်ပါက တွေးလို့ပင်မရနိုင်တော့ချေ။
ဒါတောင် ဒါကတစ်ခါသုံးမျှသာဖြစ်သည်။ မြို့စားအနွယ်ဝင်များသည် ၀တ်စုံကို တစ်ကြိမ်ထက်ပိုပြီး မဝတ်တတ်ကြပေ။ သူတို့အားလုံး ရူးသွပ်နေကြတာပဲဖြစ်ရမည်။
'ငါကတော့ နောင်လည်း ခဏခဏဝတ်မှာပဲ။ မဟုတ်ဘူး နေ့တိုင်းကိုဝတ်ပစ်အုံးမယ်'
မဟုတ်ပါက ညတိုင်း ငိုချင်သလို ခံစားနေပေမည်။ သူမ မျက်ရည်တွေကို ပြန်သိမ်းလိုက်ချိန်မှာပဲ ရို့စ်မယ်ရီ၏ ရထားလုံးက ရောက်လာခဲ့သည်။
ပန်းရောင်ဖျော့ဖျော့ ဒီဇိုင်းဆင်ထားသော ၀တ်စုံကို ၀တ်ဆင်ထားသည့် ရို့စ်မယ်ရီသည် လူနာကိုမြင်ရသောအခါတွင် သူမ၏ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်တော့ပေ။
"ဘယ်လိုတောင် နတ်သမီးလေးနဲ့ အရမ်းတူနေရတာလဲ"
"ပြီးခဲ့တဲ့ အပတ်က တွေ့ခဲ့သေးတယ်လေ ဘာလို့ အရမ်းအံ့သြနေရတာလဲ"
သူတို့သည် ဂါဝန်များပြီးသွားချိန်တွင် အတူတူ စမ်းဝတ်ကြည့်ခဲ့ကြသော်လည်း ရို့စ်မယ်ရီသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ သူမဘာလို့ ဒီလို အပြုအမူလုပ်လာရသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိနေပေ။
"ငါ နင့်တွေ့လိုက်တိုင်း နင်က အရမ်းလှနေတာကြောင့်လေ။ ငါတကယ်ပြောတာ"
ရို့စ်မယ်ရီ လေရှိ၍သာ အသက်ရှူရသလို သူမလှနေ၍သာထိုသို့ဖြစ်ရကြောင့် သိသာထင်ရှားစွာ ပြောလာပြီး ပခုံးတွန့်ပြလိုက်သည်။
ဤအချိန်တွင် အရှုံးပေးသွားရသူမှာ ရို့စ်မယ်ရီ မဟုတ်ဘဲ လူနာကိုယ်တိုင် ဖြစ်သည်။ သူမလုပ်နိုင်သမျှမှာ ပိုလွန်းနေသော ချီးကျူးစကားများကို တစ်ဖက်နားကနားထောင်ပြီး နောက်တစ်ဖက်ကို စီးသွားစေခြင်းသာရှိတော့သည်။
"ဒီနေ့အတွက် နင်က ငါ့ရဲ့ အစောင့်အကြပ်ပဲ။ ဒါကြောင့် တစ်ယောက်ယောက်က နင့်ကို မြှောက်ပင့်လာရင်တောင် ငါ့အနားမှာ ရှိနေရမယ်နော်။နားလည်တယ်ဟုတ်"
"… ဒီလိုမျိုး ရှိလာမှာ မဟုတ်ပေမယ့် ငါမှတ်ထားပါ့မယ်။ ဒါပေမယ့် နင်လည်းငါ့ကို မထားခဲ့သင့်ဘူးနော်။ ငါ့မှာ နင်တစ်ယောက်တည်းရှိတာ"
"ဒါပေါ့! ငါ့မှာလည်း နင်ပဲရှိတာ"
ဒီစကားများက နားထောင်သူတိုင်းကို အလွယ်တကူ အထင်အမြင်လွဲစေနိုင်ပေသည်။ လော်ရာနှင့် ရို့စ်မာရီ၏ အစေခံက ချောင်းဆိုးပြီး ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက် အင်ပါယာနန်းတော်သို့ ထွက်ခွာသွားပြီး မကြာမီမှာပဲ ထူးဆန်းသော ရထားတစ်စင်းက နှင်းဆီစံအိမ်သို့ ရောက်ရှိလာခဲ့သည်။
အစေခံတစ်ယောက်က အဝေးက လာပုံရသော ဖုန်ထူနေသည့် ရထားကို ရပ်ခိုင်းပြီး ဧည့်သည်၏ နာမည်ကို မေးလိုက်သည်။
"ဘယ်သူလဲမသိဘူး"
"ငါက ဒီအိမ်ပိုင်ရှင်ရဲ့ ချစ်သူပဲ"
TK Team