> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ဘူး > Ch48
"… တဆိတ်လောက်ပါ"
ဘာကြီး။ဘယ်သူ့ ချစ်သူလဲ။
အစေခံက မျက်မှောင်ကြုတ်ပြီး ထပ်မေးလိုက်ပြန်ရာ အန်းသန့်စ်က ပြတင်းပေါက်ကို မှီကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြန်သည်။
"ငါပြောတာက ငါက အိမ်ပိုင်ရှင်ရဲ့ချစ်သူလို့။ ငါပြောတာက မင်းသိမှာပါ။ သူမကို သွားပြီး အကြောင်းကြားလိုက်"
"အိုး… သခင်မလေးက အခု ဒီမှာ မရှိပါဘူး"
"သူမ အပြင်ထွက်သွားတာလား"
"ဟုတ်ပါတယ်။ သခင်မလေးက လွန်ခဲ့တဲ့ တစ်နာရီလောက်က ထွက်သွားတာပါ"
"အိုး..."
သူမ ဒီအချိန်ကြီး အပြင်ထွက်တာလား။
ညနက်လှပြီမဟုတ်သော်လည်း ညနေ ခြောက်နာရီကျော်နေပြီဖြစ်သည်။
"သူမ ဘယ်သွားတာလဲ"
"သခင်မလေးက ပါတီတစ်ခုကိုသွားတာပါ"
"ပါတီလား။ ဘယ်ပါတီလဲ"
"အဲ့ဒါက အင်ပါယာနန်းတော်ထဲက ပါတီပွဲလို့ သခင်မလေးက ပြောပါတယ်။ တစ်ယောက်ယောက်က သခင်မလေးကို လာခေါ်ပြီး သူတို့အတူတူ ထွက်သွားကြတာပါ"
အင်ပါယာနန်းတော်က ပါတီပွဲလား။ ပြီးတော့ သူမမှာ အဖော်ရှိတာလား။
ယခုအချိန်တွင် အင်ပါယာနန်းတော်၌ ကျင်းပမည့် တစ်ခုတည်းသော ပါတီမှာ အရွယ်ရောက်ခြင်းအခမ်းအနားသာဖြစ်သည်။ဒါပေမယ့် လူနာကဘာလို့အဲ့ဒီကိုသွားတာလဲ။
ပဟေဠိဆန်သော ခံစားချက်ဖြင့် အန်းသန့်စ်သည် မျက်ခုံးများပင့်လိုက်မိသည်။
" ရိုယာရော အထဲမှာရှိလား။ သူ့ကိုခေါ်ဖို့ တစ်ယောက်ယောက်ကိုပြောလိုက်"
"ရှေ့နေရိုယာ အကြောင်းပြောနေတာလား"
သူဘာလို့ မေးခွန်းတွေ အများကြီးမေးနေရတာလဲ။ အန်းသန့်စ်သည် စိတ်မရှည်စွာဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။
အစေခံက ခဏမျှ တုံ့ဆိုင်းသွားပြီး ရိုယာကို ခေါ်ဆောင်ရန် အထဲသို့ ဝင်သွားခဲ့သည်။
ခဏလောက်အကြာတွင်...
"သခင်လေး အန်းသန့်စ်!"
ရိုယာသည် သရဲတစ္ဆေမြင်သွားရသကဲ့သို့ ပြေးထွက်လာခဲ့သည်။ 'အန်းသန့်စ်' ဟူသောအမည်သည် သူနှင့်အတူပြန်လာသော အစေခံကို တုန်လှုပ်သွားစေခဲ့သည်။
သို့သော် အန်းသန့်စ်ကဒါတွေအားလုံး စိတ်မဝင်စားဘဲ လူနာဘယ်မှာလဲဆိုတာကိုသာ ချက်ချင်းမေးလိုက်သည်။
"လေဒီလူနာ ဘယ်သွားတာလဲ။ငါ သူမအင်ပါယာနန်းတော်ကို သွားတယ်လို့ ကြားတယ်"
"အာ…သူမက ရို့စ်မယ်ရီနဲ့အတူ အရွယ်ရောက်ခြင်းအခမ်းအနားကို သွားတာလေ"
"…"
ခဏမျှလတိတ်ဆိတ်သွားခဲ့တော့သည်။ လူနာက ရို့စ်မယ်ရီ၏အိမ်ကြီးကိုဝယ်လိုက်ကြောင်းကြားချိန်တွင် အချို့သောပြဿနာများကို သူကြိုတင်မျှော်လင့်ထားခဲ့သော်လည်း သူတို့အတူတူပါတီပွဲတက်ရန်ကိုတော့ သူဘယ်တုန်းကမှမမျှော်လင့်ထားချေ။
"...သောက်ကျိုးနည်း"
ဒါပဲ သူပြောနိုင်တော့သည်။ လွန်ခဲ့တဲ့ နှစ်နှစ်က အရွယ်ရောက်ခဲ့သည့် သူမက ဘာလို့ အရွယ်ရောက်ခြင်းအခမ်းအနားပါတီပွဲကို သွားရတာလဲ။ပြီးတော့ လူတွေအားလုံးထဲကမှ ရို့စ်မယ်ရီနဲ့လား!
ရိုယာလည်း ကျဉ်းထဲကျပ်ထဲရောက်နေပုံရသည်။သူသည်လည်း ထိုမမျှော်လင့်ထားသော နှစ်ယောက်အတွဲကြောင့် ရက်သတ္တပတ်တော်တော်ကြာ ကြောင်အနေ မူးဝေနေခဲ့ရတာဖြစ်သည်။ သို့သော်လည်း ရှင်းလင်းတာ တစ်ခုတော့ရှိသည်။
"ရို့စ်မယ်ရီက လေဒီလူနာကို တော်တော်လေးကြိုက်နေတဲ့ပုံပဲ"
"ဘယ်လို"
"ကျွန်တော်တော့ သူမက သူမကိုမြင်မြင်ချင်း သဘောကျသွားတယ်လို့ထင်တယ်"
လူနာက ပြုတ်ကျခါနီး ရို့စ်မယ်ရီကို ထိန်းဖမ်းပေးခဲ့သည့်အချိန်ကစပြီး ရို့စ်မယ်ရီ၏ အကြည့်များက ထူးထူးခြားခြားပြောင်းလဲသွားတာဖြစ်သည်။
"မင်း ဘာအဓိပ္ပာယ်မရှိတာတွေလာပြောနေတာလဲ"
အန်းသန့်စ်က ဒေါသထွက်သွားခဲ့သည်။ ရိုယာ နားလည်ပေသည်။ဒါက ဘယ်သူ့အတွက်မဆို အဓိပ္ပါယ်မဲ့သည်ဟုထင်ရသည်။
"ဒါက အဓိပ္ပါယ်မရှိဘူးလို့ ထင်ရပေမယ့် ဒါက အမှန်ပဲ။ သခင်မလေးရို့စ်မယ်ရီက လေဒီလူနာကို အရမ်းကြိုက်လို့ သူတို့နှစ်ယောက် ရင်းနှီးလာခဲ့ကြပြီးတော့ အခုဆိုရင် လေဒီလူနာက သူမအစောင့်အကြပ်အဖြစ်တောင် အရွယ်ရောက်ခြင်းအခမ်းအနားတစ်ခုကို တူတူသွားခဲ့ကြတာလေ"
သူ့ပြောဆိုချက်အပေါ် ယုံကြည်လက်ခံနိုင်စေရန် ရိုယာက သဘောတူကြောင်း အနားရှိထိတ်လန့်တုန်လှုပ်နေသေးသော အစေခံကို တံတောင်းနဲ့တွတ်လိုက်သည်။အစေခံကလည်း သဘောတူစွာ ခေါင်းညိတ်ပြလာခဲ့သည်။
အန်းသန့်စ်က ရှင်းပြချက်ကို မကျေနပ်သည့်အမူအရာဖြင့် နှုတ်ဆိတ်နေပြီးနောက် သူ၏ဝတ်စုံကို စစ်ဆေးကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ယနေ့တွင် လူနာနှင့်တွေ့ဖို့စဉ်းစားရင်း မြို့တော်ကိုမလာရောက်ခင် သန့်ရှင်းသောအ၀တ်အစားမျာပြောင်းလဲခဲ့ပေသည်။ သူ့ဆံပင်ကလည်း သပ်သပ်ရပ်ရပ် ပြုပြင်ထားပေသည်။
"သူတို့ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ"
"ခဏလောက်တော့ ကြာပြီ"
"ရထားကိုပြန်လှည့်လိုက်"
မြင်းလှည်းမှောင်းသူထိုင်ခုံနှင့်ချိတ်ဆက်ထားသော ပြတင်းပေါက်ငယ်လေးကိုဖွင့်ကာ အန်းသန့်စ်က ထိုသို့ပြောလိုက်သည်။
"ဘယ်မောင်းရမလဲ သခင်လေး"
"အင်ပါယာနန်းတော်ကိုမောင်း"
ရုတ်တရက်ကြီး သူကနန်းတော်သွားမည်ဟု ကြေငြာလာသော်လည်း ရိုယာ၏မျက်နှာက ဖြူဖျော့သွားပြီး ရထားပြတင်းပေါက်ကို လှမ်းဆွဲကိုင်လိုက်သည်။
"သခင်လေး အရွယ်ရောက်ခြင်းအခမ်းအနားကို သွားမှာလို့ ပြောတာတော့ မဟုတ်ဘူးလား"
"သွားမှာလေ...ဘာလို့လဲ"
သေချာတာပေါ့! သခင်လေးသာသွားလိုက်ရင် ဘာဖြစ်မည်ကို ဘယ်သူကမသိရမှာလဲ။ ရိုယာက ခွန်းတုံ့ပြန်ချင်သော်လည်း သတ္တိမရှိနေပေ။ အဲဒီအစား လက်တွေ့ကျသော ပြဿနာကိုသာ သူ ထောက်ပြလိုက်သည်။
"ဒါပေမယ့် ဖိတ်စာမပါဘဲ ဘယ်လိုတက်ရောက်မှာခဲ"
"နံရံကနေ ခုန်ချလိုက်ရုံပဲပေါ့"
"အဲ့လောက်မြင့်တဲ့ နံရံကြီးကို ဘယ်လိုကျော်တက်မှာလဲ"
"ကောင်းပြီ ငါ အဲ့ဒါပိုဖြိုချပစ်လိုက်လို့ရတယ်"
ဘုရားရေ ရူးနေတာပဲ!အဲဒီလိုလုပ်လိုက်ရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ဘယ်သူက ကိုင်တွယ်ရမယ်ထင်လဲ။
ရိုယည၏ မျက်လုံးများက စူးရှလာတော့သည်။
ရိုယာ နောက်ထပ်ကန့်ကွက်ခြင်းမပြုနိုင်ခင်မှာပင် အန်းသန့်စ်က ပြတင်းပေါက်ကို လက်ဖြင့်ရိုက်လိုက်သည်။
"တံခါးစောင့်ကို ပြောင်းလိုက်။ သူကိုယ်တိုင်တောင် မသိတဲ့ သူစိမ်းတစ်ယောက်ကို သခင်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအကြောင်း မဆင်မခြင်ပြောခဲ့တယ်"
အစေခံက ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ရထားနံရံကိုခေါက်လိုက်သော 'ဘုတ် ဘုတ်'အသံကြောင့် မြင်းလှည်းသမားသည် ရထားကို အလျင်အမြန် လှည့်လိုက်တော့သည်။
သူတို့သည် လိုက်ဖမ်းခံနေရတာမဟုတ်သော်လည်း များမကြာမီမှာပင် ရထားသည် မြန်ဆန်စွာ ပျောက်ကွယ်သွားတော့သည်။
ရိုယာက သူ့နဖူးသူကိုင်ကာ ရေရွတ်လိုက်တော့သည်။
"[ဒါက ငါနဲ့မသက်ဆိုင်ဘူး]2"
* * *
အင်ပါယာနန်းတော်အနီးတွင် အန်းသန့်စ်သည် အင်ပါယာရဲတိုက်ထဲသို့ဝင်ရန် ကြိုးပမ်းနေသည့် ရထားလိုင်းအရှည်ကြီးနှင့် ကြုံတွေ့ခဲ့ရသည်။ လူတိုင်းက အရွယ်ရောက်ခြင်းအခမ်းအနားပါတီကို တက်ဖို့ လာကြတာဖြစ်သည်။ စေ့စေ့စပ်စပ် အထောက်အထားနှင့် ဖိတ်ကြားလွှာများကို စစ်ဆေးမှုများလုပ်နေသောကြောင့် ရှည်လျားသော ရထားစီတန်းလိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မားကွစ်ဗင်းဆန့်၏ ရထားလုံးက တန်းစီသည့်နေရာတွင် မရှိသည်ကို သဘောပေါက်လိုက်ပြီး သူ့အကြည့်များက နန်းတော်နံရံများဆီသို့ ကျရောက်သွားခဲ့သည်။
'အဲ့ဒါက ဖြိုချလို့လွယ်တဲ့ပုံပဲ'
သို့ပေမယ့် တစ်ဖက်၌ အစောင့်များရှိနေပါက အခြေအနေ ဆိုးသွားနိုင်ပေသည်။ သူသည် အစောင့်များကို ကိုင်တွယ်နိုင်သည်ဖြစ်သော်လည်း ထိုသို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်မရှိပေ။
ထို့နောက် အန်းသန့်စ်သည် စာရွက်စာတမ်းအနည်းငယ်နှင့် သေတ္တာတစ်ခုကိုယူပြီး မြင်းလှည်းမောင်းသမားအား ညွှန်ကြားခဲ့လိုက်သည်။
"မစောင့်နဲ့တော့ ဝင်ပေါက်ကို တည့်တည့်သွားပြီး သူတို့ကို မင်းက အန်းတဲရိစ့်မားချက်ဂိုဏ်းကလို့ ပြောလိုက်"
"ဟုတ်ကဲ့ပါ"
ရထားပေါ်၌ ရိုယာသာပါက ဒါကိုဆန့်ကျင်မှာ သေချာသည်။ သို့သော် မားချက်စ်ဂိုဏ်းက အလုပ်သမားများကမူ သူအမိန့်ကို ဘယ်သောအခါမှ မေးခွန်းမထုတ်ပေ။
မြင်းလှည်းသမားက ပြောသည့်အတိုင်းလုပ်ကာ ဝင်ပေါက်ရှေ့သို့ တိုက်ရိုက်ဖြတ်သွားလိုက်သည်။
ဖိတ်ကြားလွှာကို စစ်ဆေးမှုခံယူနေသော မြို့စားအမျိုးသမီးငယ်တစ်ဦးသည် ကြားဖြတ်လာသော အန်းသန့်စ်၏လှည်းကြောင့် ဒေါသထွက်သွားသည်။
ထိုကဲ့သောရဲရင့်မှုကြောင့် ပဟေဠိဖြစ်သွားသော အစောင့်သည် ချဉ်းကပ်လာခဲ့ပြီး မြင်းလှည်းသမားက လျင်မြန်စွာပြောလိုက်သည်။
"ကျွန်တော်တို့က အန်းတဲရိစ့်မားချက်စ်ဂိုဏ်းကပါ"
"အန်းတဲရိစ့်မားချက်စ်ဂိုဏ်းလား"
တစ်ချိန်တည်းမှာပင် အန်းသန့်စ်သည် ရထားပြတင်းပေါက်ကိုဖွင့်ကာ စာရွက်စာတမ်းများကို အစောင့်ထံ လွှဲပြောင်းပေးလိုက်သည်။
"အခုအရွယ်ရောက်တဲ့ အိမ်ရှေ့မင်းသားကို လက်ဆောင်ပေးဖို့ လာခဲ့တာပါ"
'အိမ်ရှေ့မင်းသား'ဟု ပြောလာသဖြင့် အစောင့်သည် စာရွက်စာတမ်းများကို အလျင်အမြန် စစ်ဆေးလိုက်တော့သည်။ စာရွက်စာတမ်းများမှာ အန်းတဲရိစ့်မှ သန့်စင်သောအဆင့်မြင့်ရွှေများကို စစ်ဆေးခြင်းသာဖြစ်သည်။ မင်းသားလေးအား လက်ဆောင်ပေးခြင်းဆိုတာမျိုးတော့ မပါဝင်ခဲ့ပေ။
အန်းသန့်စ်က ဒေါသထွက်စွာပြောလိုက်သည်။
"စာရွက်စာတမ်းနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတယ်လို့ မင်းဆိုလိုတာလား"
"မဟုတ်ပါဘူး ဒါပေမယ့်… ဒီထဲမှာ အိမ်ရှေ့မင်းသားအကြောင်းပြောထားတာမရှိနေလို့ပါ…"
"လက်ဆောင်အတွက် နှုတ်နဲ့ပဲ ဆွေးနွေးခဲ့တာ။ မင်း ငါတို့ကို ဇာချဲ့မနေဘဲနဲ့ ဝင်ခွင့်ပြုလိုက်လို့ရမလား"
ဧည့်သည်များအား ကန့်သတ်ထားသော အရွယ်ရောက်ခြင်းအခမ်းအနားပါတီပွဲနေ့မှာမှ သူ ဘာကြောင့် လာရတာလဲ...
အစောင့်၏တုံ့ဆိုင်းမှုကိုမြင်သောကြောင့် အန်းသန့်စ်က သေတ္တာကိုဖွင့်လိုက်ပြီး အထဲရှိပစ္စည်းကိုဖော်ပြလိုက်သည်။
"ငါ အရှင့်သားအတွက် အရွယ်ေရာက်ပြီးသူတစ်ယောက်အနေနဲ့ သူ့ရဲ့ပထမဆုံးဝိုင်ကို သောက်ဖို့ ရွှေဝိုင်တစ်ခွက် ယူလာခဲ့တယ်။ ဘေးဖယ်ပေး"
ရွှေဖြင့်ပြုလုပ်ထားသော ဝိုင်ဖန်ခွက်တစ်ခွက်ဖြစ်သည်။
အပေါ်ပိုင်းကို ဖန်ဖြင့်ပြုလုပ်ထားပြီး အလယ်ကို ရွှေဖြင့်ပြုလုပ်ထားသည့် လှပသောဖန်ခွက်သည် လူနာအတွက် လက်ဆောင်တစ်ခုဖြစ်သည်။ အိမ်ရှေ့မင်းသားက သူ့အတွက် အရေးမကြီးပေ။
၎င်းက လိမ်ညာခြင်းဖြစ်သော်လည်း တရားဝင်စာရွက်စာတမ်းများနှင့် အဖိုးတန်လက်ဆောင်တစ်ခုကြောင့် အစောင့်သည်
သူတို့ကို ဝင်ခွင့်မပြုဘဲမနေနိုင်ပေ။
"ဘာတွေဖြစ်နေတာလဲ!"
သူမအလှည့်ကိုရောက်ရန် အချိန်အတော်ကြာ စောင့်မျှော်နေခဲ့သော မြို့စားအနွယ်ဝင် မိန်းမပျိုတစ်ဦးက ကြားမှဖြတ်တောက်ခံလိုက်ရခြင်းကြောင့် အတော်ဒေါသထွက်သွားခဲ့သည်။
"နားလည်ပြီ။ ကျွန်တော် သခင်လေးရဲ့အထောက်အထားကို အတည်ပြုလို့ရမလား"
" အန်းသန့်စ်ဗင်းဆင့် အန်းတဲရိစ့်မားချက်ဂိုဏ်းရဲ့အကြီးအကဲ"
ထိုသို့ပြောကာ အန်းသန့်စ်သည် သူ့မိသားစု၏ ရင်ထိုးကို ပြလိုက်သည်။ အစောင့်တွေက ချက်ချင်း အေးစက်တောင့်ခဲသွားကြတော့သည်။
"စစ်ဆေးပြီးပြီဆိုရင် ငါတို့ကို ဝင်ခွင့်ပြုလို့ရမလား"
သူတို့ကို တားဖို့ မည်သူကမှ မကြိုးစားကြပေ။မဟုတ်ဘူး မည်သူမှ မလုပ်ချင်ကြတာဖြစ်သည်။၎င်းက အစောင့်များ၏ အပြစ်မဟုတ်ပေ တစ်စုံတစ်ယောက်အား အပြစ်တင်ရမည်ဆိုပါက ထိုနေ့က အလည်လာရန် ရွေးချယ်ခဲ့သော အန်းသန့်စ်သာဖြစ်သည်။
နန်းတော်ထဲသို့ အောင်မြင်စွာ ဝင်ရောက်ပြီးနောက် အန်းသန့်စ်သည် ရထားပေါ်မှ ဆင်းကာ အတွင်းခန်းထဲသို့ ဝင်ခဲ့လိုက်သည်။
"ကပွဲခန်းမက ဘယ်မှာလဲ"
"တတိယထပ်က ပင်မခန်းမကြီးပါ"
သူ့အသွင်အပြင်က သပ်ရပ်ပြီး ကောင်းမွန်စွာကြီးပြင်းလာသော မင်းမျိုးမင်းနွယ်တစ်ယောက်လို ဖြစ်နေတာကြောင့် နန်းတော်မှအစေခံသည် ပွဲခန်းမတည်နေရာကို ပြောပြဖို့ရာ တွန့်ဆုတ်မနေခဲ့ချေ။
သူ လှေကားထစ်ကို စစ်ဆေးပြီး တက်သွားခါနီးမှာ တစ်စုံတစ်ယောက်က အန်းသန့်စ်ကို ခေါ်လာခဲ့သည်။
"ဟေး!ရှင် အဲ့မှာ ခဏစောင့်အုံး!"
သူလှည့်ကြည့်လိုက်ရာ စောစောလိုင်းအဖြတ်ခံရလို့ စိတ်ဆိုးနေသော အမျိုးသမီးဖြစ်ေနတာကို တွေ့လိုက်ရသည်။ သူမက အလွန်ဒေါသထွက်နေသော အမူအရာဖြင့် အန်းသန့်စ်ထံသို့ ချဉ်းကပ်လာခဲ့သည်။
"ရှင် ဘာလို့ ရှင့်အလှည့်ကိုမစောင့်ဘဲ လိုင်းကိုဖြတ်ရတာလဲ!"
ဒေါသတကြီးဖြစ်နေသော အမျိုးသမီး၏နောက်တွင် အစောင့်တစ်ဦးက တင်းမာသောအမူအရာဖြင့် အခြေအနေကို စောင့်ကြည့်နေပြီး မည်သည့်အခြေအနေတွင်မဆို တိုက်ခိုက်ရန် အသင့်ရှိနေလေသည်။
"ငါ တောင်းပန်ပါတယ်။ ငါ့မှာ အရေးတကြီးကိစ္စရှိနေလို့။အဲ့တာက ငါ့အမှားပဲ"
ဒါက သေချာပေါက် အမှန်အမှားတစ်ခုဖြစ်သည်။သူ့တွင် ဝင်ရန်သာမန်နည်းလမ်းသာရှိပါက ထိုကဲ့သို့လုပ်မှာမဟုတ်ပေ။
သူလိုင်းဖြတ်ပြီးမှ တောင်းပန်လာသည်ကို မမျှော်လင့်ထားသော အမျိုးသမီးက ခဏလောက် တုံ့ဆိုင်းသွားပြီး ဆက်ပြောလာခဲ့သည်။
"ရှင် ဘာလို့ ကျွန်မကို အလွတ်သဘောနဲ့မယဉ်မကျေး ပြောနေရတာလဲ"
အလွတ်သဘောပြောဆိုခြင်းနှင့်ပတ်သတ်ပြီး လူနာနှင့် ပထမဆုံးတွေ့ဆုံခဲ့မှု ပြန်အမှတ်ရသွားကာ အန်းသန့်စ်သည် ခပ်ပါးပါးရယ်မောလိုက်သည်။
ထိုအချိန်မတိုက်ခင်က သူသည် ရိုသေသမှုပြုစကားကို ဘယ်တော့မှ အသုံးချနိုင်မည်မဟုတ်ဟု သူထင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဘယ်ရွန်မြို့စားနဲ့တွေ့ပြီး အထင်အမြင်ကောင်းအောင်လုပ်ဖို့ လိုအပ်လာချိန်တွင် သဘာဝအတိုင်းအသုံးချလာနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် လိုအပ်သည့်အခါတိုင်း မဆိုင်းမတွ အသုံးပြုနိုင်ခဲ့သည်။
သို့သော် ယခုအချိန်မဟုတ်ပေ။
"ဒါက ငါ့အကျင့်တစ်ခုမို့လို့ပါ။ အဲဒီအတွက်လည်း တောင်းပန်ပါတယ်"
အချိန်ဖြုန်းသလိုဖြစ်နေသော အရာများအား မြန်မြန်ပြီးစေချင်သည်ဆန္ဒဖြင့် အန်းသန့်စ်သည် တောက်ပစွာ ပြုံးပြလိုက်သည်။
သူ၏ ချောမောသောရုပ်ရည်ကို အသုံးပြုခြင်းသည် အချိန်တိုင်းလိုလိုပင် အခြေအနေများကို လျင်မြန်စွာ ဖြေရှင်းပေးနိုင်သည်။ ဒေါသထုတ်ဖော်ပြပြီး စကားများရန်ဖြစ်တာထက်စာရင် ဒါကပိုရိုးရှင်းပြီး ပိုကောင်းပေသည်။
ငယ်စဉ်ကတည်းက သူ့ရုပ်ရည်ကို အမြဲကောင်းကောင်း အသုံးချခဲ့မည်ဆိုပါက အကျိုးရှိမှာသေချာသည်။ ဒါပေါ့ လူတိုင်းအတွက်တော့ အမြဲတမ်း အလုပ်မဖြစ်နိုင်လောက်ပေ။
"…!"
သေချာတာတစ်ခုကတော့ ထိုမိန်းမပျိုလေးအတွက်အလုပ်ဖြစ်သည်ဆိုတာပင်။သူမ၏ မျက်နှာသည် နီရဲတက်လာပြီး အံ့အားသင့်နေသည်နှာ ထင်ရှားသည်။
သူမ၏အာရုံပျံ့လွင့်နေမှုကို အခွင့်ကောင်းယူကာ အန်းသန့်စ်သည် လှေကားထစ်များကို အမြန်တက်သွားခဲ့လိုက်သည်။ ထိုမိန်းမပျိုက သူမဂုဏ်သိက္ခာကိုပင် ခဏမေ့ထားပြီး သူ့နောက်ကို လှမ်းအော်လိုက်သည်။
"ဟေး ခဏလေး!အနည်းဆုံးတော့ ရှင့်နာမည်ကို ပြောပြသွားသင့်တယ်။ကျွန်မ နာမည်က ဖလော်ရီ ဖလော်ရာ လို့ခေါ်တယ်!"
သူ ကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ သူ့မျက်နှာကို မှတ်မိနေသည်မို့ အဆင်ပြေနိုင်လောက်သည်။
နီမြန်းနေသော ပါးပြင်များဖြင့် ဖလော်ရာသည် လှေကားထစ်ပေါ်သို့တက်ကာ အန်းသန့်စ်နောက်သို့ ဖြည်းညှင်းစွာ လိုက်သွားပြီး ယခုလေးတင်ပျောက်ကွယ်သွားသော သူ့ရုပ်ပုံ၏ လမ်းကြောင်းကို ခြေရာခံလိုက်တော့သည်။
TK Team