Chapter 54
Viewers 8k

> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး >Ch 54


"တစ်ညလုံး မီးကုန်ယမ်းကုန် ပျော်ကြရအောင်။ ဒီလိုအခွင့်အရေးမျိုးက အမြဲတမ်းရတာမဟုတ်ဘူး!"

ဒါကိုကြွေးကြော်ခဲ့သော ရို့စ်မယ်ရီသည် ဆယ့်တစ်နာရီမထိုးခင်မှာပင် စတင်ငိုက်နေပြီဖြစ်သည်။

"ရို့စ်မယ်ရီ..နင်အိပ်ချင်နေပြီလား"

"ဟင့်အင်း မဟုတ်ဘူး…"

သူမက စားပွဲပေါ်သို့ ခေါင်းစိုက်ကျတော့မည့်ပုံဖြစ်နေတာကြောင့် လူနာလည်း အစေခံတွေကို ခေါ်ပြီး သူမအခန်းဆီ ပို့ဆောင်ခိုင်းခဲ့လိုက်သည်။

"ငါ တကယ် မအိပ်ချင်နေဘူး…လေဒီနဲ့ ပိုကစားချင်တယ်လို့…"

"ကောင်းပြီ၊ ကောင်းကောင်းအိပ်တော့"

လူနာက ခေါ်ဆောင်သွားခံရသော ရို့စ်မယ်ရီကို လက်ဝှေ့ယမ်းပြလိုက်သည်။ ရို့စ်မယ်ရီသည် ဧည့်သည်ခန်းရှိ ကုတင်ပေါ် လှဲချလိုက်သည်နှင့် ပင်ပန်းနေတာကို မငြင်းနိုင်သလို ချက်ခြင်းပင် အိပ်ပျော်သွားခဲ့သည်။

"သူမက လေ့လာဖို့ မနက်တိုင်းအစောကြီးထရတယ်။ ဒါက အံ့သြစရာမရှိဘူး"

ရိုယာက သူ၏ဝိုင်ကို အပြတ်ရှင်းရင်း ပြောလာခဲ့သည်။

"အမွေဆက်ခံသူ သင်ခန်းစာတွေကြောင့်လား"

"ဟုတ်တယ်။ လေဒီရို့စ်မယ်ရီက ထူးထူးခြားခြား အရည်အချင်းရှိတဲ့သူဖြစ်တဲ့အလျောက် မားကွစ်မြို့စားက သူမကို သူမရဲ့ ကန့်သတ်ချက်တွေအထိ တွန်းပို့နေပုံရတယ်။ သူမကသာ တော်ရုံတန်ရုံဆိုရင် သူလည်း သူမကိုတော်ရုံတန်ရုံ သင်ပေးလိမ့်မယ်"

ရိုယာက ထိုကဲ့သို့ တုံ့ပြန်ခဲ့သော်လည်း လူနာ နှင့် အန်းသန့်စ်တို့သည် အကြည့်ချင်းဆုံမိသွားကြပြီး အန်းသန့်စ်အား တည်ငြိမ်သောမျက်နှာဖြင့် မေးခွန်းမေးလာစေခဲ့သည်။

"မင်း ကိုယ့်ကို အပြစ်တင်နေတာလား"

"ဟုတ်တယ်"

"အမှန်ပဲ"

ရှင်က အမွေဆက်ခံသူဆိုတဲ့ ရှင့်ရာထူးကို စွန့်ပစ်ပြီး ထွက်ပြေးခဲ့တာလေ။

ဒါပေါ့ သူက အမွေဆက်ခံသူဖြစ်ရတာကို မုန်းတီးနေတာမဟုတ်ဘဲ ဖယ်ဆန်လက်ကနေသာ လွတ်အောင်ထွက်ပြေးလာခဲ့တာဖြစ်သည်။ သို့သော်လည်း ရလဒ်အနေဖြင့် ရို့စ်မယ်ရီက ထိုတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။

ထို့နောက် အန်းသန့်စ်က လက်ပိုက်ကာ ပြန်ပြောလိုက်သည်-

"ကောင်းပြီ။ ကိုယ် ဗင်းဆင့်နယ်မြေကို မသွားခဲ့ရင်တောင်မှ ရို့စ်မယ်ရီက အမွေဆက်ခံသူ ဖြစ်လာလိမ့်မှာပဲ။ သူမက ကိုယ့်ထက်တောင်မှ မားကွစ်မြို့စားဆိုတဲ့ဘွဲ့နဲ့ ပိုကိုက်သေးတယ်"

"ဒါပေမယ့် ရှင်က သားအကြီးဆုံးဆိုတော့ ရှင် အမွေဆက်ခံရမှာ မဟုတ်ဘူးလား"

"ကိုယ်က အကြီးဆုံးဆိုတာနဲ့ပဲ အမွေဆက်ခံသူဖြစ်ရမယ်လို့ မဆိုလိုဘူး။အကယ်၍ ပိုကောင်းတဲ့လူရှိရင် သူတို့ ယူလိုက်သင့်တယ်။ အဲဒါကြောင့်ပဲ အဖေက ကိုယ့်ကို မရှာဘဲ ရို့စ်မယ်ရီကို အမွေဆက်ခံသူရာထူးပေးခဲ့တာ ဖြစ်နိုင်တယ်"

လူနာသည် မမျှော်လင့်ထားသော ကျိုးကြောင်းဆီလျော်သည့် တုံ့ပြန်မှုကြောင့် အံ့သြစွာ မျက်တောင်ခတ်လိုက်သည်။သူ့မှာ အပြစ်ရှိစိတ်မရှိခဲ့ပေ။ ရို့စ်မယ်ရီက သူ့ထက် ပိုသင့်လျော်သည်ဟု သူ အမှန်တကယ် ယုံကြည်ခဲ့သည်။

"ဒါဆို မားကွစ်မြို့စားက ရှင့်ကို မိသားစုတာဝန်တွေကို ဂရုစိုက်ဖို့ တောင်းဆိုရင် ရှင်ငြင်းမှာလား"

"ကိုယ် ပြီးပြည့်စုံနေတဲ့ မိသားစုကို မဖျက်စီးစေချင်ဘူး။အဲ့လိုပဲ မိသားစုကိစ္စနဲ့ ချည်နှောင်ခံထားရတာလည်း မဖြစ်ချင်ဘူး"

သူ၏ လက်ရှိကိစ္စများကို စီမံခန့်ခွဲပုံအရ မိသားစုကို မဖျက်စီးစေနိုင်သော်လည်း အဲ့ဒါကို မတွယ်ကပ်ချင်ဘူးဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့သည်။ လူနာသည် သူမစောစောက တွေးခဲ့ဖူးသော အတွေးတစ်ခုကို သတိရမိသွားသည်။

'မူရင်းဇာတ်ကြောင်းနဲ့ ကွဲပြားနေတယ်။ ငါ့ဇာတ်လမ်းရော အန်းသန့်စ်ရဲ့ဇာတ်လမ်းရောက'

မိသားစုအာဏာကိုမှီခိုပြီး မြို့စားကြီး ၏မိသားစုနှင့် ဖယ်ဆန်ကို ပစ်မှတ်ထားသော အန်းသန့်စ် မရှိနေပေ။ထို့အတူ ဖယ်ဆန် နှင့် ဆိုင်ယာကြား ဝင်ရောက်စွက်ဖက်သော လူနာလည်း မရှိခဲ့ချေ။

သို့တိုင် ကောလဟာလများက ဆက်လက်တည်ရှိနေခဲ့ပြီး တကယ့်ဗီလိန်ကို အကြံပြုရရင် ဖယ်ဆန် နှင့် ဆိုင်ယာတို့ကိုသာ ညွှန်ပြရမည်ဖြစ်သည်။ သူတို့နှစ်ဦးသည် မှားယွင်းသော ဇာတ်လမ်းများကို ဖြန့်ကာ အပြစ်မဲ့သောသူများကို ဘောင်ခတ်ထားခဲ့သည်။

"အဲဒါဆို ကောင်းတာပေါ့"

လူနာ အတွေးထဲပျောက်နေချိန်တွင် ရိုယာသည် ကျေနပ်သောအမူအရာဖြင့် တုံ့ပြန်လာခဲ့သည်။

"ရှင် ဘာကိုဆိုလိုတာလဲ"

ရိုယာက ရှင်းပြလိုက်သည်။

"သခင်လေးအန်းသန့်စ်က မိသားစုကို တာဝန်ယူဖို့ ရည်ရွယ်ချက်မရှိတာ ကံကောင်းတယ်။ကျွန်တော် အဲ့မှာ အချိန်အကြာကြီး အလုပ်လုပ်ချင်သေးတယ်။ သူတို့ပေးတဲ့လစာက တော်တော်ကောင်းတယ်လေ"

အန်းသန့်စ်သည် သူ့နယ်နိမိတ်မျဉ်းကို မရိုမသေစော်ကားလာသော တုံ့ပြန်မှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။

"ငါ မင်းကို အခုချက်ချင်း အလုပ်ပြုတ်သွားအောင် လုပ်လို့ရတယ် မင်းသိလား"

"ဒါဆို ငါ ဘယ်ရွန်ပဲလ် မိသားစုမှာ အလုပ် လျှောက်လိုက်မယ်"

ရိုယာက စကားဝိုင်းကို လူနာဘက်သို့ လှည့်လိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကိုအလုပ်ခန့်ပါနော် လေဒီလူနာ။ကျွန်တော် မင်းတောင်းဆိုသမျှအားလုံးလုပ်ပေးပါ့မယ် အသေးအဖွဲအလုပ်တွေကိုတောင်မှပဲ"

ဒါက အန်းသန့်စ်ကို ပိုလို့တောင် စိတ်အနှောင့်အယှက်ဖြစ်လာစေခဲ့သည်။

"ဒါဆို ငါ လေဒီလူနာကို လက်ထပ်တဲ့အခါကျရင် မင်း ဘယ်ရွန်ပဲလ်စံအိမ်မှာ အလုပ်တစ်ခုရအုံးမယ်ဆိုတာ သေချာရဲ့လား"

" လေဒီလူနာက ဒါကို တားဆီးနိုင်မယ်လို့ ယုံကြည်တယ် "

နှစ်ယောက်လုံးက လူနာ၏ အဖြေကို စောင့်လာကြသည်။ သူမက နှစ်ယောက်စလုံးကို အေးစက်စွာပဲ ငြင်းဆန်ခဲ့လိုက်သည်။

"ရှင်တို့ နှစ်ယောက်လုံး တော်လောက်ပြီ"

လူနာက သူမဝိုင်ကို အပြီးသတ်ပြီး မတ်တပ်ရပ်လိုက်သည်။

"ကျွန်မတို့ အခု အိပ်သင့်ပြီ။ကျွန်မ မနက်အစောကြီးထဲစ ပါတီပွဲအတွက် ပြင်ဆင်ဖို့အလုပ်များနေရတာ အခုတအားပင်ပန်းနေပြီ။ သခင်လေး အန်းသန့်စ်လည်း ဒီနေ့ မြို့တော်ကို တက်လာတဲ့အတွက် သူလည်း ပင်ပန်းနေမှာပဲ။အမ်း ရိုယာကတော့…"

ရိုယာအတွက် သာယာခဲ့သည့် နေ့လေးဖြစ်တာကြောင့် လူနာသည် ခေတ္တရပ်ပြီး ခဏလောက်စဉ်းစားကာ ပြောလိုက်သည်။

"ရှင် အရပ်ရှည်ချင်ရင် စောစောအိပ်သင့်တယ် ဟုတ်တယ်ဟုတ်"

"မဟုတ်ဘူးလေ လေဒီလူနာ! ကျွန်တော်က တော်တော်အရပ်ရှည်နေပြီသားလေ! သခင်လေးအန်းသန့်စ်ကသာ အရမ်းအရှည်လွန်နေတာ။ပြီးတော့ ကျွန်တော့်အသက်အရလည်း ဒါက...!"

အန်းသန့်စ်သည် အရပ်အမောင်းနှင့် ပတ်သက်၍ ကျေနပ်အားရသွားပြီး မတ်တပ်ထရပ်ကာ လူနာ၏နောက်သို့ လိုက်သွားခဲ့သည်။

"နောက်ကျမှ အိပ်တာက ကြီးထွားမှုကို နှောင့်နှေးစေတယ်ဆိုတဲ့ ကောလဟာလလည်း ရှိတယ်နော်"

"ဒါပေမယ့် ကျွန်တော်က သခင်လေးထက် ပုနေရင်တောင်မှ ပျမ်းမျှအရပ်ထက် မြင့်နေပြီးသားလေ။ဟေး ကျွန်တော် ပြောတာကို နားထောင်နေရဲ့လား!"

ရိုယာက အော်ဟစ်လာခဲ့သော်လည်စ ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြတော့ချေ။ သူတို့နှစ်ယောက်စလုံး အိပ်တော့မည်ဆိုတာကြောင့် ရိုယာလည်း နောက်ဆုံးတော့ သူ့ထိုင်ခုံကို ချန်ကာထွက်သွားခဲ့ရတော့သည်။

နှစ်ယောက်ပေါင်းပြီး တစ်ယောက်ကို ဝိုင်းတိုက်ခိုက်ကြတာက အရမ်းအဓိပ္ပာယ်မဲ့တာပဲ!

* * *

နောက်တစ်နေ့ နံနက်စောစောတွင် စံအိမ်ကြီးဆီသို့ ဧည့်သည်တစ်ဦး ရောက်လာခဲ့သည်။

မိုးတောင် ကောင်းကောင်းမလင်း‌ေသးဘဲ ဧည့်သည်ရောက်လာသောကြောင့် လူနာသည် ခဏမျှ ဒေါပွသွားပြီး ဘယ်သူလာတာလဲဟု မေးလိုက်သည်။

"အဲ့ဒါက မားကွစ်ဗင်းဆင့်အိမ်တော်ရဲ့အိမ်တော်ထိန်း ဝီလီယမ်ပါ"

"…မားကွစ်ဗင်းဆင့်အိမ်တော်ရဲ့ အိမ်တော်ထိန်းလား"

မနေ့တုန်းက အိမ်မပြန်ခဲ့တဲ့ ရို့စ်မယ်ရီ ကြောင့်များလား။ 

သူမက အသိမပေးဘဲ အပြင်မှာနေခဲ့တာကြောင့် သူရောက်လာရသည်မှာ အဓိပ္ပါယ်ရှိလှသည်။

" ရို့စ်မယ်ရီကို နှိုးပေးလို့ရမလား။ ငါ ပြင်ဆင်ပြီးတာနဲ့ ဆင်းလာခဲ့လိုက်မယ်"

"ဟုတ်ကဲ့ပါ"

မျက်နှာသစ်ပြီးနောက် လူနာသည် ပထမထပ်သို့ ဆင်းလာခဲ့သည်။

မြို့စားအနွယ်ဝင် တစ်ယောက်ဖြစ်တာကြောင့် သူမက အိမ်တော်ထိန်းတစ်ယောက်ကို နှုတ်ဆက်ဖို့ မလိုပေမယ့်လို့ ဘာပဲဖြစ်ဖြစ် ရို့စ်မယ်ရီကို နှုတ်ဆက်ဖို့ ထရမှာပဲလေ။

ကောင်းမွန်စွာဝတ်စားထားသော မားကွစ်မိသားစု၏ အိမ်တော်ထိန်းက လူနာကို ယဉ်ကျေးစွာ နှုတ်ဆက်လာခဲ့သည်။

"စောစောစီးစီး လာတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်။ သခင်မလေးရို့စ်မယ်ရီ ဆင်းလာတာနဲ့ ကျွန်တော်တို့ချက်ချင်း ထွက်သွားမှာပါ"

"ရပါတယ်။ကျွန်မ ရို့စ်မယ်ရီကို နှိုးဖို့ ပြောထားတယ်။ လက်ဖက်ရည် သောက်အုံးမလား"

"သခင်မလေး ကမ်းလှမ်းမှတော့ ကျွန်တော်ဝမ်းသာစွာ လက်ခံပါတယ်"

အိမမတော်ထိန်းသည် ဒေါသထွက်ဖို့ဝေးစွဖြသ်ကာ လူနာ၏ ကြင်နာသော တုံ့ပြန်မှုကြောင့် မသိလိုက်ပါဘဲ နွေးထွေးစွာ ပြုံးပြလိုက်မိသည်။

၎င်းက သုနှစ်တွေကြာအောင်အထိ မပြနိုင်ခဲ့သော အပြုံးတစ်ခုဖြစ်သည်။ ဝမ်းနည်းစရာမှာ မားကွစ်အိမ်တော်တွင် ပြုံးရန်ပင် ခက်ခဲသောအခိုက်အတန့်များရှိခဲ့သည်။

"ကျွန်မ မနေ့က သူမကို ပြန်ပို့သင့်ပေမယ့် အခြေအနေတချို့ကြောင့် မတတ်နိုင်ခဲ့ဘူးရယ်။ ဒါကို ကျေးဇူးပြုပြီး တင်ပြလိုက်ပါ"

ရို့စ်မယ်ရီအပေါ်ထားသော သူမ၏ စိုးရိမ်ကြောင့်ကြမှုကြောင့် အိမ်တော်ထိန်း၏ နှလုံးသားသည် နွေးထွေးသွားခဲ့သည်။

"ကျွန်တော်နားလည်ပါတယ်။စိတ်မပူပါနဲ့"

ရို့စ်မယ်ရီအတွက် ဖုံးဖိပေးဖို့ ရည်ရွယ်ချက် မရှိသော်လည်း သူလုပ်ပါ့မယ်ဟု ဖြေကြားခဲ့လိုက်သည်။

ရို့စ်မယ်ရီ ထပြီး အောက်ဆင်းလာသည်အထိ လူနာ နှင့် အိမ်တော်ထိန်းတို့က ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေခဲ့ကြသည်။စကားဝိုင်းခေါင်းစဉ်သည် ရာသီဥတုအကြောင်းမှ စံအိမ်ကြီးနှင့်ပတ်သက်သော အကြောင်းအရာဆီသို့ ပြောင်းလာခဲ့သည်။

"ရှင် ဒီက အစေခံတွေကို ကောင်းကောင်းသိလား"

"သိပါတယ်။သခင်မလေး ရို့စ်မယ်ရီက စံအိမ်ကို မြတ်နိုးခဲ့ပြီးတော့ နီးလည်းနီးခဲ့တာမို့လို့ ကျွန်တော်တို့မကြာခဏ အဆက်သွယ်ရှိခဲ့ပါတယ်။ တစ်ခါတလေ မားကွစ်အိမ်တော်မှာ ပါတီပွဲကြီးတွေရှိတဲ့အခါကျရင် ကျွန်တော်တို့ အလုပ်သမားတွေကိုတောင် ငှားကြပါတယ်"

မားကွစ်စံအိမ်၏ အိမ်တော်ထိန်း နှင့် ကားလ်တွန်တို့ကြား အသေးအဖွဲဇာတ်လမ်းများနှင့် ဆက်ဆံရေးအကြောင်းများကို အပြန်အလှန်ဖလှယ်ကြရင်း နောက်ဆုံးတွင် ရို့စ်မယ်ရီသည် မှုန်မှိုင်းသော မျက်နှာဖြင့် ဆင်းလာခဲ့သည်။

"ငါ ဒီမှာပဲ နေလို့ရရင်ကောင်းမယ်"

"နင် ထပ်လာလည်လို့ရတယ်လေ"

သူမက သေချာပေါက် နောက်တပတ် လာလည်မှာမို့ ပြောစရာမလိုသော်လည်း လောကွတ်ချော်ကာ ‌ပြောလိုက်သည်။

ရို့စ်မယ်ရီသည် အုံ့မှိုင်းသောအမူအရာဖြင့် ရထားပေါ်သို့တက်သွားခဲ့သည်။ ထို့နောက် ရထားပြတင်းပေါက်မှ သူမမျက်နှာကို ထုတ်လိုက်သည်။

"အများကြီးပျော်ခဲ့ပါတယ်။ ပြန်တွေ့ကြမယ်နော်"

"လမ်းခရီးမှာ ဂရုစိုက်အုံး"

နှုတ်ဆက်စကားမဆုံးခင်မှာပဲ ရထားက ထွက်သွားခဲ့သည်။ ရို့စ်မယ်ရီက ဆက်ပြီး လက်ဝှေ့ယမ်းပြနေတာကြောင့် လူနာလည်း အချိန်အတော်ကြာအောင် ပြန်ဝှေ့ယမ်းပြနေခဲ့လိုက်သည်။

* * *

လူနာသည် အခန်းထဲပြန်ဝင်ကာ ပြန်အိပ်ပျော်သွားပြီးနောက် မကြာမီမှာပင် တံခါးခေါက်သံကြောင့် နိုးလာခဲ့ရသည်။

'မနက်စာမစားတော့ဘဲနဲ့ အိပ်ချင်လိုက်တာ။အခုကရော ဘယ်သူလာပြန်တာလဲ'

အခြားဧည့်သည်များလား။ 

အဲ့ဒါက အနှောက်အယှက်ဖြစ်သော်လည်း တံခါးခေါက်လာမှတော့ သူမပြန်ဖြေရမည်သာ။ လူနာသည် မျက်လုံးပင်မဖွင့်ဘဲ မေးလိုက်သည်။

"ဘယ်သူလဲ"

" ကားလ်တွန် ပါ။ ကျွန်တော် အစီရင်ခံစရာလေးရှိလို့ပါ"

အချိန်ကို စစ်ဆေးကြည့်လိုက်ရာ မနက် ၈ နာရီလောက်သာရှိသေး၍ အစီရင်ခံစာတင်ဖို့ စောလွန်းနေသေးသည်။

ထို့ကြောင့် သူမ သူ့ကို ပြန်လွှတ်လိုက်ချင်သော်လည်း မနေ့ညက အစီရင်ခံစာနှင့်ပတ်သက်ပြီး သူ့ကို အပြစ်တင်ခဲ့သောကြောင့် သူ့ကို ဒီတိုင်းလွှတ်လိုက်လို့ မရနိုင်ပေ။

လူနာသည် သူမ၏ ငိုက်မြည်းနေသော မျက်လုံးများကို ပွတ်သပ်ပြီး သမ်းဝေမှုကို ထိန်းရန် ရုန်းကန်နေကာ အိမ်တော်ထိန်းကို အထဲခေါ်လိုက်သည်။

"ဘာအစီရင်ခံစာလဲ"

"အဲ့ဒါက အပိုပစ္စည်းတွေဝယ်ဖို့ အစီအစဉ်တစ်ခုပါ"

အိမ်တော်ထိန်းက စာရွက်စာတမ်းတစ်ခု ပေးလာခဲ့သည်။သူမ စစ်ဆေးလိုက်ရာ မီးဖိုချောင်ထဲ၌ နို့၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်း နှင့် အသားများ ကုန်နေသဖြင့် ဝယ်ယူရန် လိုအပ်ကြောင်း ရေးထားခြင်းဖြစ်သည်။

ဒီဟာကြောင့် သူက ငါ့ကို အစောကြီးလာနှိုးနေတာလား။

မည်သို့ပင် အသေးအဖွဲဖြစ်ပါစေ အစီရင်ခံစာက အစီရင်ခံစာပင်ဖြစ်သည်။ လူနာက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ တခြားဘာကျန်သေးလဲ"

"ဒါအကုန်ပါပဲ"

"ဒါဆို ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

"ဟုတ်ကဲ့ ကောင်းကောင်းအနားယူပါ"

အိမ်တော်ထိန်း ထွက်သွားသည်နှင့် လူနာသည် အိပ်ရာထဲ ပြန်သွားလိုက်သည် ။ သူမ တကယ့်ကို အနှောက်အယှက်ကင်းကင်း အိပ်ချင်နေသည်။

ကံကောင်းထောက်မစွာဖြင့် အခြားမည်သူကမျှ လူနာ၏ တစ်ရေးတစ်မောအိပ်ခြင်းကို မနှောင့်ယှက်ခဲ့ကြပေ။ နာရီအနည်းငယ်ကြာပြီးနောက် လူနာသည် သူမ၏မျက်လုံးများကိုပွတ်သပ်ပြီး နောက်ကျနေသောမနက်စာစားရန်အတွက် ထမင်းစားခန်းသို့သွားရာလမ်းတွင် စာရွက်စာတမ်းတစ်ခုကိုင်ဆောင်ထားသော အိမ်တော်ထိန်းနှင့် ဆုံခဲ့ပြန်သည်။

"အာ ကျွန်တော် သခင်မလေးဆီကို အခုပဲလာတော့မလို့"

"ဘာလို့လဲ"

"ကျွန်တော့်မှာ အစီရင်ခံစာတင်ဖို့ရှိနေလို့ပါ"

ဟမ် ထပ်ပြီးတော့လား

သူမလက်ကို ဆန့်တန်းလိုက်၍ အိမ်တော်ထိန်းက စာရွက်တစ်ရွက်ကို ကမ်းပေးလာခဲ့သည်။

"ဒီနေ့ မနက်က ကျွန်တော် တင်ပြခဲ့တဲ့ ပစ္စည်းတွေကို သွားဝယ်ဖို့အတွက်ပါ"

နှစ်နာရီအတွင်း သွားဝယ်ဖို့ စိတ်ကူးထားရင် ဘာလို့ တစ်ခါထဲ မတင်ပြခဲ့တာလဲ။ ဒါက အချိန်ဖြုန်းရာ နှင့် ဒုက္ခ ပါနှစ်ခုလုံးဖြစ်စေသည်။

ထိုကဲ့သို့ စွမ်းဆောင်ရည် ညံ့ဖျင်းခြင်းနှင့် ရုတ်တရက် ရင်ဆိုင်ရသောကြောင့် လူနာ စိတ်တိုသွားမိသည်။ သူမ ပြောလိုက်၏။

"ဒါကို စောနထဲစ အစီရင်ခံသင့်တယ်လေ။ တစ်ခါတည်း တင်ပြတာက ပိုလွယ်တယ်"

"ချက်ချင်းလက်ငင်း အစီရင်ခံစာတွေက သခင်မလေးအတွက် ပိုရှင်းမယ်လို့ ထင်ခဲ့လို့ပါ"

"ရှင် အစေခံတွေအားလုံးဆီကနေ ဒီလိုအစီရင်ခံစာ တွေရနေတာလား။ ဒီလိုသာဆိုရင် အဲ့ဒါကိုရပ်လိုက်တော့။ ဒီပုံစံနဲ့ဆို ရှင် တစ်နေ့လုံး အစီရင်ခံစာထိုင်တင်နေရလိမ့်မယ်"

ထပ်တလဲလဲ ကြိမ်ဖန်များစွာ ရှင်းပြရခြင်းက ဆူငေါက်ခြင်းကိုသာ ဦးတည်သွားနိုင်သောကြောင့် လူနာ ရပ်လိုက်သည်။ လွန်လွန်ကဲကဲ ဝေဖန်ခဲ့မိခြင်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့သည်။

သူနားလည်သည်လား နားမလည်ဘူးလား ရှင်းရှင်းလင်းလင်း မသိရသော်လည်း သူက ဘာမှတ်ချက်ထပ် ပေးမလာတော့သဖြင့် နှစ်ဦးသား လမ်းခွဲလိုက်ကြသည်။

ထိုသည်က သက်တောင့်သက်သာမဖြစ်ခဲ့သော နေ့တစ်နေ့၏ အစသာဖြစ်တော့သည်။

TK Team