Chapter 85
Viewers 13k

🌌Extra 2.3



အမျိုးသားဇာ့ဂ်က သူ့လက်ကို လွှတ်လိုက်ပြီး နောက်ပြန်ဆုတ်သွားသည်။ သူက နေရာမှာပင် ဒူးထောက်ပြီး အမျိုးသမီးဇာ့ဂ် တဖြည်းဖြည်းထွက်ခွာသွားသည့် ပုံစံကို မိုက်မဲစွာ ကြည့်နေသေး၏။


ပိုင်...စုန့်ကျန်းရှူး၏ မောင်းမဆောင်ထဲမှ ဇာတ်ကောင်…


စုန့်ကျန်းရှူး၏ မောင်းမဆောင်ထဲတွင် အထူးခြားဆုံး အမျိုးသမီးဇာ့ဂ်…


သူက စုန့်ကျန်းရှူးကလွဲပြီး မရေမတွက်နိုင်သော အမျိုးသားဇာ့ဂ်များနှင့် ငြိတွယ်နေတတ်သူပင်။  သူက စုန့်ကျန်းရှူးကို အမြဲတစေ လျစ်လျူရှုခဲ့ပြီး ဇာတ်လမ်း၏ အဆုံးတွင်ပင် သူ၏ စစ်မှန်သောရည်ရွယ်ချက်များကို မှန်းဆရန် ခဲယဉ်းခဲ့၏။


ဒါပေမယ့် မတတ်နိုင်တဲ့အရာက လိုချင်တပ်မက်မှုကို အမြဲနှိုးဆွပေးလိမ့်မယ်ဆိုတဲ့ စကားအတိုင်းပါပဲ… ပိုင်ရဲ့ ကိုယ်ရည်ကိုယ်သွေးက တကယ်ကိုပဲ စုန့်ကျန်းရှူးက  သူ့ကို တွန်းလှန်နိုင်စွမ်းမရှိခဲ့ဘဲ ပိုင်ကိုရဖို့ အရမ်းကြိုးစားခဲ့တယ်လို့ ဆိုနိုင်တယ်...


ပိုင်က သူ့ထက် အနည်းငယ်ပိုနိမ့်သော လုမော့ကို ဆွဲဆောင်မှုရှိရှိ ချဉ်းကပ်ကာ စိတ်ဝင်တစား ကြည့်နေသည်။

“မင်းက...တကယ်ကို အံ့ဩစရာကောင်းတဲ့ အမျိုးသားဇာ့ဂ်ပဲ...”


တိုးတိုးပြောနေစဉ် ပိုင်၏ ပျော့ပျောင်းသောအသွင်အပြင်က လုမော့၏ ရင်ခွင်ထဲတွင် တွယ်ကပ်နေသည်။ 

“မင်းလို ထူးချွန်တဲ့ အမျိုးသားဇာ့ဂ်တစ်ယောက်ကို မတွေ့ဖူးတာကြာပြီ...ငါ မင်းကို တော်တော် သဘောကျတယ်..."


ညလေညင်းက ခြံဝင်းအတွင်းသို့ ဖြတ်ဝင်သွားကာ တိတ်ဆိတ်မှုက လေထုကို ပြည့်လျှံစေသည်။


ပိုင်က လုမော့၏ ပွေ့ဖက်မှုကိုမှီ၍ သူ့အပြုံးက အနည်းငယ် တင်းမာနေသည်။


ဘာတွေဖြစ်နေတာလဲ...


သူ ယခင်က ဤကဲ့သို့ အမျိုးသားဇာ့ဂ်မျိုးနှင့် ကြုံဖူး၏။ သူတို့က အပေါ်ယံ တင်းမာနေပုံရသော်လည်း နီးကပ်လာသည်နှင့်တပြိုင်နက် သူတို့၏ နှလုံးခုန်သံက ပို၍ပို၍ အပြောင်းအလဲမြန်ပြီး စိတ်လှုပ်ရှားနေသည်ကို ခံစားရနိုင်သည်။


ငါ မယုံနိုင်သလိုပဲ…


သူ လုမော့၏ နှလုံးခုန်သံကို ပိုဂရုတစိုက် နားထောင်နေသော်လည်း ၎င်းက ပုံမှန်အတိုင်း ငြိမ်သက်နေပြီး တုန်ခါမှုမရှိဘဲ ဆိတ်ငြိမ်နေခဲ့၏။


ဒီလို အမျိုးသားဇာ့ဂ်မျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး...


ပိုင်၏ မျက်ခုံးများ လှုပ်ယမ်းသွားသော်လည်း ကနဦး အံ့အားသင့်မှု လွန်သွားပြီးနောက် သူ့အတွင်း၌ စိတ်ဝင်စားမှု တိုးလာခဲ့သည်။


သူက သူ့နှုတ်ခမ်းများကို သပ်လိုက်ပြီး လက်ကို မြှောက်လိုက်ကာ လုမော့လည်ပင်းကို ချိတ်လိုက်ပြီး ခေါင်းကို နှိမ့်ခိုင်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူက လုမော့အနားတိုးလိုက်သည်နှင့် သူတို့နှုတ်ခမ်းများ ဆံချည်တစ်မျှင်စာသာ ဝေးတော့သည့် အချိန်တွင် အသက်ရှုသံများ ရောနှောကာ မွှေးကြိုင်သောရနံ့ကို ရှူရှိုက်မိလိုက်သည်။

"မင်းမှာ အိမ်သူဘုရင်မရှိလား..."


ပိုင်က လူများကို ချောက်နက်ထဲသို့ ဆွဲငင်နိုင်သော နတ်ဆိုးနှင့်တူသော မျက်လုံးများကို မှိတ်ထားသည်။


"ဒါဆို သူ့ကို မသိစေနဲ့..."


သူတို့တွင် အိမ်သူဘုရင်မရှိပါက ဤသွေးဆောင်မှုကို အမျိုးသားဇာ့ဂ်က မခုခံနိုင်ပေ။ ပိုင်က အမျိုးသားဇာ့ဂ်၏ သဘောသဘာဝကို ကောင်းစွာနားလည်ပြီး အမျိုးသားဇာ့ဂ်က သူ့နှလုံးသားအတွင်း နောက်ဆုံးမျဉ်းကို ဖြတ်ကျော်လာ တိတ်တဆိတ်စောင့်ဆိုင်း နေပြီးနောက်...


သူ့ကို နမ်းမည်ဖြစ်သည်


သို့သော် သူ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ပြီးနောက် အမျိုးသားဇာ့ဂ်ထံမှ အနမ်းအစား အမျိုးသားဇာ့ဂ်၏ ကြွက်သားများ ပိုတောင့်တင်းလာသည်ဟု ခံစားမိသည်။


ပိုတောင် မယုံနိုင်စရာပဲ...


ပိုင်၏ မျက်နှာက သိသိသာသာပျက်ယွင်းသွား၏။ 

ဒီအမျိုးသားဇာ့ဂ်က ဘာလို့ ထမလာသေးတာလဲ...


ပိုင်က ကိုးရို့ကားယား မေးလိုက်၏။

“ဘာလို့ ငါ့ကို ငြင်းတာလဲ…” 


“ဟုတ်တယ်” 

လုမော့က စက်တစ်ခုသဖွယ် ထပ်ခါထပ်ခါ ပြောလိုက်၏။

 â€œá€˜á€Źá€œá€­á€Żá€ˇá€œá€˛â€Śâ€ 


“.....”


“....”


သူက ပိုင်ကို မျက်မှောင်ကြုတ်ပြီး အနီးကပ် စစ်ဆေးကြည့်လိုက်ရာ ပိုင်က လင်းလောက် ရုပ်မလှကြောင်း သိလိုက်ရ၏။ လင်းတွင် ရှားရှားပါးပါး ငွေရောင်ဆံနွယ်များရှိ၏။


ထို့အပြင် လင်းက သူ့ကို ဤသို့ တစ်ခါမှ မကြည့်ချေ။ လင်းက နာခံမှုရှိပြီး လှပပြီး သူ့မျက်လုံးများက အမြဲတမ်း နက်နဲသောအရာတစ်ခုဖြင့် လင်းလက်နေသည်။ ထိုအရာက လုမော့ သူ့အပေါ် စိတ်နစ်မြုပ်သွားစေသည့် အရာတစ်ခုဖြစ်သည်။


စနစ်က သူ့မျက်နှာသူပြန်ရိုက်ပြီး မေးလိုက်၏။

[ငါ ဘာပြောလဲ...]


လုမော့က အခြေအနေကို ကယ်တင်ရန် ကြိုးစားခဲ့၏။ 

[အင်း...လင်း ငါ့ကို အရမ်းချစ်သွားအောင် ဘယ်သူလုပ်တာလဲ...ငါက အဲ့လောက် နှလုံးသားမမဲ့ဘူး... ဟုတ်တယ်မလား...]


စနစ်-"..." 

[ထားလိုက်ပါတော့...]


ပိုင်က စိတ်ပျက်လက်ပျက်နှင့် လုမော့ကို တွန်းထုတ်ပြီး ပြောလိုက်၏။

"မင်း စိတ်မဝင်စားဘူးဆိုမှတော့ သွားကြရအောင်…"


"တကယ်ပါပဲ…" 

ပိုင်က စောဒက တက်လိုက်၏။

"နောက်ဆုံးတော့ ငါ အမျိုးသားဇာ့ဂ်ကောင်းကောင်းလေး တွေ့ပြီဟာကို အလုယူခံလိုက်ရတယ်..."


လုမော့ မျက်ခုံးပင့်လိုက်သည်။ 

"ငါ မဟုတ်..."


"ဟင်..." 

ပိုင်က မျက်ခုံးပင့်ပြီး တင်ပါးပေါ် လက်တင်ကာ အံကြိတ်၍ ခြိမ်းခြောက်လိုက်၏။

"ဒါဆို မင်း ဘာပြောချင်လဲဆိုတာကတော့ မင်းငါ့ကို လုံးဝစိတ်မဝင်စားဘူးပေါ့ ဟုတ်လား..."


သူ့အမူအရာက ကြီးစွာသော အရှက်တရားကို ခံစားနေရပုံပင်။ လုမော့ ခေါင်းညိတ်ရဲပါက သူ လုမော့ကို သေသည်အထိ တိုက်ခိုက်လိမ့်မည်။


လုမော့က အရေးကြီးသော အခိုက်အတန့်တွင် ဤအရာကို သဘောပေါက်ခဲ့သည်။ သူက ပိုင်ကို ရိုးရိုးသားသားကြည့်ပြီး ပြောလိုက်၏။

"မဟုတ်ဘူး...ငါ မင်းကို စော်ကားဖို့ မရည်ရွယ်ပါဘူး...မင်းရဲ့ အလှက ဒီကမ္ဘာမှာ ရှားရှားပါးပါးပါပဲ... မင်းရဲ့ ဆွဲဆောင်မှုကို ဘယ်အမျိုးသားဇာ့ဂ်မှ ငြင်းလို့မရပါဘူး...ငါလည်း ဒီလိုပဲ ခံစားရတယ်..."


ပိုင်က လုမော့ကို ကြည့်ကာ ပျင်းရိစွာဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ 

"မင်းမိသားစုက တစ်ယောက်နဲ့တော့ ငါက နှိုင်းယှဉ်လို့မရဘူးမလား....”


လုမော့၏ မျက်နှာက အနည်းငယ်နီသွားသော်လည်း အမှောင်ထဲတွင်ဖြစ်၍ သတိမထားမိနိုင်ပေ။ ပိုင်က အသက်ပြင်းပြင်းရှူပြီး ဆန္ဒမရှိစွာဖြင့် ပြောလိုက်၏။

"နောက်တစ်ခါတွေ့ရင် မင်းအိမ်သူဘုရင်မကို ခေါ်လာပေး...ဘယ်လို အမျိုးသမီးဇာ့ဂ်လဲဆိုတာ တွေ့ချင်တယ်..."


မေ့ထားလိုက်ရအောင်...


လုမော့က အမူအရာမဲ့စွာ ပြောလိုက်၏။

"မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ငါတို့ဆုံဖို့ သင့်တော်မယ် မထင်ဘူး..."


ထိုအချိန်တွင် သူ၏ ဆက်သွယ်ရေးစက် မြည်လာသည်။ လုမော့က ၎င်းကို အလိုလိုစိုက်ကြည့်ကာ ခဏမျှ အေးခဲသွားသည်။


ပိုင်က သူ့ကို စူးစူးစိုက်စိုက်ကြည့်ရင်း သူ့ရှေ့တွင် လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဘာဖြစ်လို့လဲ..."


သို့သော် မျက်နှာဖုံးတပ်ထားသည့် ဆံပင်အနက်ရောင်နှင့် အမျိုးသားဇာ့ဂ်က သူ့ကို တစ်ချက်ပင် အကြည့်မပေးဘဲ အလောသုံးဆယ် အမြန်ထွက်သွား၏။ 


ပိုင်က စိတ်ပျက်နေသည့် မျက်နှာဖြင့် ထိုနေရာတွင် ရပ်နေခဲ့၏။


အဲ့လောက်ဖြစ်စရာ လိုလို့လား…


—————


ကားထဲတွင် လုမော့က လက်များကိုပိုက်ထားပြီး နောက်ကိုမှီလိုက်သည်။ သူ့ပုံစံက အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း သူ့လက်မောင်းကို အသာအယာထိနေသော လက်ချောင်းများက သူ့အတွေးများကို သစ္စာဖောက်နေသည်။


ဆက်သွယ်ရေးစက်တွင် လင်း၏ လက်ထောက်ထံမှ မက်ဆေ့ချ်ကို သူ ယခုလေးတင် လက်ခံရရှိခဲ့သည်။

[လေးစားရတဲ့ သခင်လုမော့...မင်းရဲ့ အိမ်သူဘုရင်မကို ကျေးဇူးပြုပြီး ဂရုစိုက်ပါ...သူက estrusကာလကို ရောက်သွားနိုင်ဖွယ်ရှိပါတယ်...]


လုမော့က ၎င်းကိစ္စကို ကောင်းကောင်းသိ၏။


အမျိုးသမီးဇာ့ဂ်များအတွက် estrusအချိန်က အလွန်အရေးကြီးသည်။ ဤကာလအတွင်းတွင် ကိုယ်ဝန်ရနိုင်ခြေက ပုံမှန်ထက် အဆများစွာ ပိုများသည်။


ဒါပေမယ့် တခြားဘာတွေရှိသေးလဲ...


လုမော့က ဟင်းလင်းပြင်ထဲမှ နေရာတစ်ခုကို စိုက်ကြည့်နေ၏။ မူရင်းဇာတ်လမ်းမှ စာရေးဆရာက မကျွမ်းကျင်သည်ဖြစ်ဖြစ်၊ အခြားအကြောင်းကြောင့်ဖြစ်ဖြစ်၊ မောင်းမဆောင် အဖွဲ့ဝင်အားလုံး၏ အမူအကျင့်များက အတူတူဖြစ်ပြီး သူတို့၏ နာမည်များကိုပင် ဖုံးကွယ်ထား၍ မူရင်းဇာတ်လမ်းတွင် မည်သူက မည်သူဆိုသည်ကို ခွဲခြားရန် မဖြစ်နိုင်ပေ။


ထို့ပြင် ဤကမ္ဘာ့စာအုပ်ထဲတွင် “အမျိုးသမီးတစ်ဦးစီ၏ အပြုအမူက ကွဲပြားသည်” ဟု အတိုချုံးဖော်ပြထား၏။


အာ... ဒါက ပြဿနာပဲ...


ဤနေရာတွင် စနစ်၏အရေးပါမှုက ပါဝင်လာသည်။


စနစ် - [စိတ်မပူပါနဲ့...ငါ ဒီကိစ္စမျိုး ကြုံဖူးတယ်...အမှန်တော့ estrusကာလက ဒီလောကအမြင်မှာ ကမ္ဘာတိုင်းနဲ့ အလားတူပဲ...]


လုမော့ စိတ်သက်သာရာရသွားသည်။

"ထပ်ပြောပြပါဦး..." 


စနစ် - [ဟိဟိ...]


အိမ်အပြန်လမ်းတွင် စနစ်က ငေးတိငေးငိုင် အမူအရာဖြင့် နားထောင်နေသော လုမော့အား အသေးစိတ်အချက်အလက်အားလုံးကို လက်တွေ့ကျကျ ရှင်းပြခဲ့သည်။


ယေဘုယျအားဖြင့်ပြောရလျှင် ၎င်းက ABO ကမ္ဘာ သို့မဟုတ် guide ကမ္ဘာဖြစ်ပါစေ၊ ထိုရှုပ်ထွေးသောကမ္ဘာအမြင်တွင် ထိုသူတို့မှာ ယခင်က မည်မျှအားကောင်း၊  ကြောက်မက်ဖွယ်ကောင်းသော ဇာတ်လိုက်ဖြစ်ပါစေ estrusကာလသို့ ရောက်သည်နှင့်ပင်၊ သူတို့က မလွှဲမရှောင်သာ ပျော့ပျောင်းစွာ တွယ်ကပ်လာပြီး ပွေ့ဖက်ခံလိုစိတ်ပင် ဖြစ်လာလိမ့်မည်။


"မင်း ဆိုလိုတာ လင်းလည်း ဒီလိုပဲ ဖြစ်မှာပေါ့..."


နူညံ့ညင်သာစွာ တွယ်ကပ်ငိုယိုပြီး အပွေ့ဖက်ခံချင်နေသည့် လင်းအကြောင်းကို တွေးလိုက်ရုံနှင့် လုမော့ခံစားလိုက်ရသည်မှာ - 


ဝှစ်...

သူ့အမြီးလေးက တောင့်တင်းသွားသည်။


စမ်းကြည့်ဖို့လည်း စိတ်အားထက်သန်နေတယ်...


အား အား အား...


ထိုအရာက အမှန်တကယ်ကို ထူးဆန်းသည်။ လင်း၏ နူးညံ့ပျော့ပြောင်းပြီး တွယ်ကပ်နေသည့် မြင်ကွင်းကို သူ စိတ်ကူးပင် မယဉ်နိုင်သော်လည်း စိတ်လှုပ်ရှားနေပြီး မျှော်လင့်ချက်များ အပြည့်နှင့်ပင်။


စနစ်ကလည်း တစ်ချိန်တည်းတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ပြီး ယခုတွင် အတော်လေး ကျေနပ်အားရဖွယ် ခံစားခဲ့ရသည်။ 

[အဲဒါကြောင့် ငါပြောတာ...ငါမရှိရင် မင်းဘာလုပ်မလဲ...မင်းက တကယ်မိုက်မဲတဲ့ ပိုင်ရှင်ပဲ...]


ငါ ကျန်နေခဲ့လို့ပေါ့… မဟုတ်ရင် လုမော့က ဒီလိုရိုးရှင်းတဲ့ ကိစ္စရပ်တွေကိုတောင် ကိုင်တွယ်နိုင်မှာမဟုတ်ဘူးလေ...


လုမော့က အချိန်မီ တုံ့ပြန်ခဲ့၏။

"တကယ်ကိုပဲ...မင်းက ငါ့ဘဝလမ်းကြောင်းပေါ်က လမ်းပြအလင်းရောင်တစ်ခုလိုပဲလေ... ငါသွားသင့်တဲ့လမ်းကြောင်းကို လင်းလက်တောက်ပစေတယ်...]


စနစ်၏ အသံက တုန်လှုပ်သွားသည်။

[ဒီ...မင်းဒီလိုပြောရင်တောင် မင်းရဲ့ မြှောက်ပင့်မှုကြောင့် ငါ မတုန်လှုပ်ဘူးနော်...မင်းငါ့ကို ဘယ်လိုပြန်ဆပ်ရမလဲ စဉ်းစားသင့်တယ်... အမ် လောလောဆယ် မှတ်တမ်းတစ်ခု ထားလိုက်... ငါ့မှာ ခန္ဓာတစ်ခုရှိတဲ့အခါ မင်း ငါ့ကို ပြန်ဆပ်နိုင်တယ်...]


...............



အိမ်တော်ထိန်းက သခင်ဖြစ်သူပြန်လာသည်ကို  ခန်းမထဲတွင် စောင့်နေ၏။ သူ မအိပ်နိုင်သေးပေ။


သို့သော် ဤအချိန်တွင် သူ အခြားတစ်ခုခု လုပ်နိုင်၏။


သူက မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ကာ လွတ်နေသော စာမျက်နှာသို့ လှန်ကာ အမြန်ရေးချလိုက်သည်။



နှစ် XXXX၊ လ XX၊ နေသာသော ရာသီဥတု


သခင်နှစ်ယောက်နှင့် အချိန်ကြာကြာ ထိတွေ့ဆက်ဆံရလေလေ လက်တွေ့တွင် ယခင်က စိတ်ကူးထားသည်နှင့် မတူသည်ကို ပိုနားလည်လာလေပင်။ မစ္စတာလင်းက အမြဲပြုံးနေသော်လည်း မစ္စတာလုက တစ်ခါမျှ မပြုံးတတ်ချေ။ ပထမတစ်ချက်မှာ မစ္စတာလင်းက နူးညံ့သိမ်မွေ့သော စိတ်ထားရှိပြီး မစ္စတာလုက ချဉ်းကပ်ရန် ခက်ခဲသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း လက်တွေ့မှာ ဆန့်ကျင်ဘက်ဖြစ်၏။


မစ္စတာလင်းက သူ့ကိုယ်သူပင် အကွာအဝေးတစ်ခုထားတတ်သည့် အမျိုးသမီးဇာ့ဂ်တစ်ဦး ဖြစ်၏။ မနက်ခင်းတွင် သူ မထွက်သွားမီ မစ္စတာလု၏ တံခါးရှေ့၌ ခဏခန့် ရပ်နေလေ့ရှိ၏။


မစ္စတာလု နိုးလာပြီး မစ္စတာလင်းကို ရှာမတွေ့တော့သည့်အခါ ဒေါသတကြီးနှင့် ပြေးလာပြီး ပထမ၊ ဒုတိယနှင့် တတိယတို့ အားနေပါက သူ့(အိမ်တော်ထိန်း)ကို ပစ္စည်းမျိုးစုံ ဝယ်ခိုင်းလိမ့်မည်။


( ပထမ၊ ဒုတိယ၊ တတိယက လုမော့ခေါ်ထားတဲ့ ညီအစ်ကို ၃ယောက်ပါ မေ့နေမှာစိုးလို့ )


သူ အမှန်တကယ်ကို ထိုအရာအပေါ် မကျေနပ်သော်လည်း မစ္စတာလုက အရင်းအမြစ်တွေကို ကျိုးကြောင်းဆီလျော်စွာ ဖြန့်ဝေခြင်းကို အဘယ့်ကြောင့် မကြိုက်ရသည်အား သိချင်မိ၏။


နောက်ဆုံး ငါဝယ်ထားတဲ့ ပစ္စည်းတွေကို မစ္စတာလုက မလိုချင်ဘဲ အားလုံးကို ငါတို့ ပြန်စွန့်ပစ်လိုက်လိမ့်မယ်… အဲ့အထဲမှာ ပထမ၊ ဒုတိယနဲ့ တတိယတို့ လိုချင်တဲ့ ကိရိယာသေတ္တာတွေရှိတယ်… ငါအမြဲလိုချင်တဲ့ ဈေးကြီးတဲ့ရင်ထိုး နဲ့ အိချိီတို့ ညီအစ်ကိုတွေအတွက် နိုင်ငံသားကပ်လျှောက်တဲ့ စတေကာတစ်ခုရှိတယ်...


ထိုအရာများမှာ မစ္စတာလုကိုယ်တိုင် လိုအပ်သည့်အရာများမဟုတ်သည်မှာ သေချာ၏။ ဤအချက်မှကြည့်လျှင် မစ္စတာလုက အမှန်တကယ် စိတ်ထားကောင်းသူဖြစ်သည်ကို တွေ့မြင်နိုင်သည်။


မစ္စတာလင်း... ဒီနေ့ သူ ငါ့ကို "အိချီ" လို့ ခေါ်နေတုန်းပဲ… သူ ငါ့နာမည်ကို မကြာခင် မှတ်မိလိမ့်မယ်လို့ မျှော်လင့်မိတယ် မဟုတ်ရင် အလုပ်လုပ်ရတာ တော်ဝောာ်လေး ဒုက္ခရောက်လိမ့်မယ်…


ဤအချက်အထိ သူရေးလိုက်ပြီးသောအခါ အဝေးမှ အင်ဂျင်စက်သံက အိမ်တော်ထိန်း၏ အာရုံကို ဖမ်းစားလိုက်လေသည်။ 


လုမော့ ပြန်လာပြီဖြစ်သည်။


သူက မှတ်စုစာအုပ်ကို အမြန်ဖယ်လိုက်ပြီး သူ့တာဝန်များကို တလေးတစားလုပ်ဆောင်ကာ လုမော့၏ အင်္ကျီ၊ လက်ကိုင်တုတ်၊ ဦးထုပ်နှင့် အခြားအရာအားလုံးကို တိတ်တဆိတ် စုစည်းကာ စီလိုက်၏။


အမျိုးသားဇာ့ဂ်က  မေးသည်။

"လင်း ဘယ်မှာလဲ..."


အိမ်တော်ထိန်းက ပြန်ဖြေ၏။

“သူ မင်းအခန်းထဲမှာ ရှိပါတယ် သခင်...”


လုမော့နှင့် လင်းတို့က စည်းမျဉ်းများအတိုင်း အမြဲတစေ အတူတူအိပ်ခဲ့ကြသော်လည်း ၎င်းက လုမော့၏ အခန်းဖြစ်နေဆဲဖြစ်ပြီး လင်းက အိမ်သူဘုရင်မဖြစ်ပါစေ ခွင့်ပြုချက်မရှိဘဲ သူနှင့် မအိပ်နိုင်ပေ။


လုမော့၏ လျင်မြန်စွာ ထွက်ခွာသွားသောအသွင်ကို ကြည့်ရင်း နောက်ဆုံးတွင် အိမ်တော်ထိန်းက သူ၏ နေ့စဉ်အလုပ်ကို ပြီးသွားပြီဖြစ်သည်။ သူ့အခန်းထဲပြန်ဝင်ကာ မှတ်စုစာအုပ်ကို ဖွင့်၍ ဆက်ရေးသည်။


မစ္စတာလင်းက မစ္စတာလုကလွဲပြီး တခြားဘယ်သူ့ကိုမှ ဂရုမစိုက်ပုံတဲ့ပုံပဲ… နေ့လည်က မစ္စတာလုပြောသမျှကို ငါသူ့ကိုပြောပြရရင် သူ လက်ခံနိုင်မှာမဟုတ်ဘူး,


ဒါပေမယ့် အမျိုးသမီးဇာ့ဂ်တစ်ယောက်အနေနဲ့ အမျိုးသားဇာ့ဂ်က တခြားမိန်းမကို ရှာချင်ရင် သူ မနာလိုမဖြစ်ဘဲ မနေနိုင်ပါဘူး... ဒါကြောင့် အစိတ်အပိုင်းတစ်ခုကို သူလျှို့ဝှက်ထားခဲ့တယ်...


စာရေးခြင်းကို ခေတ္တရပ်လိုက်ပြီး အိမ်တော်ထိန်းက တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၍ မျက်ခုံးပင့်လိုက်သည်။ ခဏအကြာတွင် သူက ဆက်ရေးသည်။


ဒါပေမဲ့လည်း မစ္စတာလင်း ပြန်ရောက်လာချိန်မှာ သူ့အခြေအနေက တော်တော် ဆိုးရွားနေခဲ့တာ… အမှန်တရားကို သိလာခဲ့လို့လား တခြားကိစ္စတစ်ခုခုကြောင့်လားဆိုတာကိုတော့ ငါ မသိဘူး… တကယ်လို့သာ estrusကာလကြောင့်ဖြစ်မယ်ဆိုရင်… မဟုတ်သေးဘူး အဲဒါတော့မဖြစ်နိုင်ဘူး… သူ့အရှိန်အဝါက တည်ငြိမ်လွန်းနေတယ်… မမျှော်လင့်ထားတဲ့ကိစ္စတစ်ခုခု ဖြစ်လာနိုင်တယ်လို့ ငါ့ပင်ကိုယ်အသိစိတ်က ပြောနေတယ်…


ထို့အပြင် ဤအဆင့်ရှိ အမျိုးသမီးဇာ့ဂ်များက အထူးသဖြင့် မစ္စတာလင်း၏ အဆင့်တွင် ပြင်းထန်သော ရန်လိုမှုများ ရှိ၏။ သူ့ထင်မြင်ချက်များကို အခြေခံပြီး မစ္စတာလင်းက မစ္စတာလုကို အန္တရာယ်ပြုမိမှာကို စိုးရိမ်နေသည်ဆိုပါက သူ့ကို ချဉ်းကပ်မည် မဟုတ်ချေ။


ရိုးရိုးသားသားပြောရရင် သူ ထိုကဲ့သို့သော အကြင်လင်မယားကို တစ်ခါမှ မတွေ့ဖူးချေ။ သို့ဖြစ်၍ ယခင်က သူ အလွတ်ကျက်ထားသည့် စည်းမျဉ်းအတော်များများကို အသုံးချ၍ မရတော့ပေ။ စည်းမျဥ်းများအရ အမျိုးသမီးဇာ့ဂ်များက အိမ်တွင် ဒူးထောက်ပြီး အမျိုးသားဇာ့ဂ်များကို အလုပ်အကျွေးပြုရမည်ဖြစ်ပြီး သူတို့ အစေခံများကလည်း အလားတူ လုပ်ဆောင်သင့်သည်။ 


ဒါပေမယ့်...


ထိုလုပ်ရပ်များက မစ္စတာလုအတွက် ကြီးစွာသောဒုက္ခဖြစ်စေသည်မှာ ထင်ရှား၏။


ထိုအရာကို သူတို့ပြုလုပ်လိုက်တိုင်း မစ္စတာလုက ထိတ်လန့်နေပုံပေါ်ပြီး သူ့မျက်ခုံးများက တစ်တောင်လောက် မြင့်တက်လာကာ "အိုး ဘုရားရေ" ဟု ပြောတတ်သည်။ အိမ်တော်ထိန်း နားမလည် နိုင်သော်လည်း လုမော့၏ မကျေနပ်မှုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။ အချိန်ကြာလာသည်နှင့်အမျှ သူတို့က ထိုအပြုအမူကို ပြောင်းလဲရန် မိမိကိုယ်ကို တွန်းအားပေးခဲ့ရသည်။ ဇာ့ဂ်မျိုးနွယ်၏ စည်းမျဉ်းဖြစ်စေ သို့မဟုတ် အခြားအရာဖြစ်စေသခင်က သူတို့ကို ကယ်တင်ခဲ့သည့်အချိန်ကတည်းက သူ့ဆန္ဒက သူတို့လိုက်နာရမည့် စည်းမျဉ်းဖြစ်လာ၏။


အမျိုးသမီးဇာ့ဂ်ဖြစ်ရင်တောင်မှ ဇာ့ဂ်ဘုရင်မရဲ့ စိတ်ဝိညာဉ်ထဲကခေါ်သံကို ငါတို့ တွန်းလှန်ရမယ်ဆိုရင်တောင်မှ သခင်ရဲ့အမိန့်ကို နာခံရမယ်…


အိမ်တော်ထိန်းက စာရေးခြင်းကို ခဏရပ်လိုက်ကာ တစ်ခါတစ်ခါ ပြန်တွေးပြီး တစ်ခါတစ်ရံ စဉ်းစားနေ၏။ သူ့မျက်နှာအမူအရာကို ထုတ်ဖော်မပြတတ်သော်လည်း သိသိသာသာ တည်ငြိမ်နေပုံရသည်။


သေချာသည်မှာ ရေရှည်လေ့ကျင့်မှုမှ ရရှိလာသည့် အမူအကျင့်များကို သူ မေ့နေမည် မဟုတ်ချေ။ သခင့်အခန်းမှ လှုပ်ရှားမှုများကို နားစွင့်ကာ သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ထားပြီး အခန်းတံခါးကို အနည်းငယ်လပ်ထားသည့်အပြင် တစ်ခုခုဖြစ်ပါက သခင့်အနားကို အမြန်ပြေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


............


ထိုအချိန် လုမော့ဘက်တွင်...


သူ တံခါးနားမှာ ရပ်ကာ အလွန်စိတ်လှုပ်ရှားနေ၏။


 á€›á€žá€°á€žá€˝á€„်း ရှူထုတ်…ရှူသွင်းလိုက် ရှူထုတ်လိုက်…


လင်းက ဒီတံခါးနောက်မှာ ရှိပြီး ငါ တံခါးဖွင့်လိုက်တာနဲ့ တစ်ခါမှ မမြင်ဖူးတဲ့ လင်းကို တွေ့လိမ့်မယ်...



🌌🌌🌌