Chapter 84
Viewers 13k

🌌 Extra 2.2



လုမော့ဘက်တွင်…


လုမော့က သူ့စကားကို အမြဲအတည်ပြောတတ်သူဖြစ်သည်။


အမျိုးသမီးဇာ့ဂ်ကို ရှာမယ်လို့ပြောရင် ငါ အမျိုးသမီးဇာ့ဂ်ကို ရှာလိမ့်မယ်...


လင်းက ဘယ်သူလဲ.... ငါနဲ့ မသိဘူး...


ဒါနဲ့ နေ့လည် လေးနာရီခွဲမှာ ငါ အ၀တ်အစားတွေ သပ်သပ်ရပ်ရပ် ၀တ်ထားတယ်...စကားမစပ် အသစ်ရောက်လာတဲ့ အိမ်တော်ထိန်းက တကယ့်ကို အံ့မခန်းပဲ...


သူ မျှော်လင့်ထားသလို အကောင်းမွန်ဆုံး သားရေဖိနပ်ကို ၀တ်ထားလျှင်ပင် လမ်းလျှောက်နေရင်း အသံတစ်သံမှ ထွက်မလာချေ။ 

သူတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုက တရားလွန်ရိုးရှင်းလိုက်တာ...


သူက အင်္ကျီလက်များကို စိတ်ရှည်ရှည်ဖြင့် ဆန့်ထုတ်ပြီး မှန်ထဲရှိ အနက်ရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးနှင့် အမျိုးသားကို  ကြည့်လိုက်၏။ မသိလိုက်မသိဘာသာ လက်ဆန့်ထုတ်၍ မှန်ကို လက်ဖြင့်ထောက်လိုက်၏။


"ဟေး ဘေဘီ...မင်း ငါ့ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံပြီး ပျော်ရွှင်စရာကောင်းတဲ့ ညတစ်ညကို အတူတူဖြတ်သန်းချင်လား..."


မှန်ထဲမှ အမျိုးသားဇာ့ဂ်က ချောမောသော မျက်နှာနှင့် အေးစက်ပြေပြစ်သော စိတ်ထားရှိသည်။ 

ဒီလို ပရောပရီစကားတွေ ပြောနေရင်တောင်မှ လူတွေက ငါ့ရဲ့ ကျက်သရေကို ခံစားစေမိမှာ...


အရမ်းကောင်းတယ်....


( T/N - သူ့ဘာသာ မှန်ကြည့်စကားပြောနေပြီး၊ သူ့ရုပ်ကို ချောတယ်ပြောနေတာပါ😆 )


တစ်စုံတစ်ဦးကို ချဉ်းကပ်ရာတွင် ပြဿနာမရှိဟု ထင်ရသည်။


သူ့နောက်မှ အိမ်တော်ထိန်းက ဘေးကို မကြည့်ဘဲ ရပ်လိုက်ပြီး လုမော့က သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူက လက်ကိုင်တုတ်ကို အချိန်မီ ကမ်းပေးလိုက်သည်။


"သွားကြရအောင်...ဒီညက အံ့သြစရာကောင်းတဲ့ညဖြစ်လိမ့်မယ်..."


လုမော့က ဂုဏ်ယူဝင့်ကြွားသော ငန်းတစ်ကောင်ကဲ့သို့ လှပစွာနှင့် ကျောပြင်ကိုဆန့်တန်းကာ အခန်းထဲမှ ထွက်သွားသည်။


---------------


စင်စစ်တွင်မူ လုမော့၏ လက်ရှိအခြေအနေကြောင့် သူ အလွယ်တကူ အပြင်မထွက်နိုင်ချေ။ 


သူ၏ဗီဒီယိုများက ဇာ့ဂ်မျိုးနွယ်၏ ကြယ်ကွန်ယက်တွင်ပျံ့နှံ့နေပြီး အချို့ဗီဒီယိုများက စက္ကန့်အနည်းငယ်မျှပင် ကြာမြင့်သော်လည်း ၎င်းတို့က ထပ်ခါထပ်ခါ ကြည့်ခြင်းခံကြရသည်။


လုမော့က အများသူငှာ အမြင်တွင် ပေါ်လာတိုင်း ကြီးမားသော ရုန်းရင်းဆန်ခတ် ဖြစ်စေသည်ဟု ဆိုခြင်းက ချဲ့ကားခြင်း မဟုတ်ချေ။


တစ်ခုတည်းသောကံကောင်းမှုမှာ ဇာ့ဂ်မျိုးနွယ်အားလုံးက သူက ဇာ့ဂ်မျိုးနွယ်၏ အနှစ်တစ်ထောင်သမိုင်းတွင် တစ်ဦးတည်းသော S အဆင့် အမျိုးသားဇာ့ဂ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းက သူတို့ကို အနည်းငယ် ငြိမ်သက်သွားစေ၏။


[ ဒါကြောင့် လုမော့က ရွေး... ]


[ အဟမ်း... ]

စနစ်က သူ့စိတ်ထဲတွင် ကျယ်လောင်သောလှောင်ပြောင်ရယ်မောသံကို ထုတ်လွှတ်လိုက်သည်။


လုမော့ စိတ်ဆိုးသွားသည်။

"မင်းဘာသိလို့လဲ...မင်းက အသက်မပြည့်သေးတဲ့ စနစ်တစ်ခုပဲ...သတိထားနေ... ကိုယ့်ကိုကိုယ်သုံးသပ်ဖို့ အတွက် အနက်ရောင်အခန်းကျဉ်းလေးထဲမှာ သော့ခတ်ထားလိုက်မယ်..."


စနစ်က ရွဲ့စောင်းပြော၏။

[ငါက ခေါင်းတလားထဲမှာ အိပ်နေရင်တောင် ဆွေးမြေ့နေတဲ့ အသံကြိုးကို အသုံးပြုနေဦးမှာ… လုမော့ မင်းက တကယ့်ကို သူရဲဘောကြောင်တာပဲ...]


လုမော့က အော်ဟစ်ပြောဆိုခဲ့သည်။

"မင်းမှာ ခန္ဓာကိုယ်တောင် မရှိဘူးလေ...မင်းငါ့ကို ဒီလိုမျိုးပြောဖို့ ဘယ်လိုအရည်အချင်းရှိလဲ..."


ထိုအရာက စနစ်၏အာရုံကြောကို ထိသွားပုံရပြီး ဒေါသဖြင့် ခြေဆောင့်လိုက်သလိုပင်။ လုမော့က ခြေထောက်သေးသေးလေးများ၏ အသံကိုပင် ကြားနေရ၏။


[ခဏစောင့်၊ ခဏစောင့်နေ...ငါ ခန္ဓာကိုယ်တစ်ခုကို သေချာပေါက် ပိုင်လိမ့်မယ်...]

ဤစကားကို ခပ်ဖွဖွလေး ပြောလိုက်ပြီးနောက် စနစ်က လုမော့ မည်မျှကဲ့ရဲ့သည်ဖြစ်စေ လုံးဝမတုံ့ပြန်ဘဲ လုမော့ကို လျစ်လျူရှုရန် ဆုံးဖြတ်ထားပုံရသည်။


လုမော့က ပခုံးတွန့်ပြီး ငွေပြာရောင်နောက်ခံ၊ ရွှေချည်နှင့် ပတ္တမြားဖြင့် မြှုပ်ထားသော မျက်နှာဖုံးကိုထုတ်ကာ သူ့မျက်နှာပေါ်တွင် တပ်လိုက်သည်။


မျက်ကပ်မှန်ကိုလည်းထုတ်ပြီး အစိမ်းရောင်မျက်လုံးများကို ဖုံးအုပ်ထား၍ ဆံပင်အနက်ရောင်နှင့် မျက်လုံးအပြာရောင်ရှိသော အဆင့်အတန်းမြင့် အမျိုးသားဇာ့ဂ်တစ်ဦးနှင့်တူနေသည်။


ခန်းမအတွင်းရှိ သံစုံတီးဝိုင်းငယ်လေးက သာယာလှပသော တေးဂီတကို စတင် တီးခတ်နေပြီဖြစ်ပြီး ဂီတသံက တံခါးအက်ကြောင်းများမှ စိမ့်ဝင်သွားကာ လူတို့၏ စိတ်ကို ပြေလျော့စေသည်။


ဇာ့ဂ်လူမျိုးများ၏ အုံကြွမှုများကြားထဲမှ ဤနေရာတွင် အရာအားလုံးက အလွန်အသက်ဝင်ပြီး စည်ကားလာသည်ဆိုသည်မှာ ယုံရခက်၏။


စည်ကားနေသော အင်ပါယာမြို့တော်တွင် မပြတ်လပ်ဆုံးအရာက ပါတီများဖြစ်သည်။


ဖျော်ဖြေရေးဝါသနာပါပြီး စည်းစိမ်ဥစ္စာကြွယ်ဝသော အဆင့်မြင့်အမျိုးသားဇာ့ဂ်များက ပွဲများကို သဘာဝအတိုင်း နှစ်သက်ကြပြီး အဆက်မပြတ် ကျင်းပကြသည်။ အမျိုးသားဇာ့ဂ်တစ်ဦးက ငါးရက်မနားဘဲ ပွဲနှစ်ဆယ်ကျော်အထက် တက်ရောက်နိုင်သည်ဟု ဆိုကြသည်။


အကယ်၍ သူက ပွဲတစ်ခုအတွင်း ပင်ပန်းနွမ်းနယ်ပြီး ပြိုလဲမသွားပါက သူမည်မျှကြာအောင် ဆက်လက်ကစားရမည်ကို ပြောရန်ခက်ခဲ၏။


ဒါပေမယ့် လုမော့အတွက်...


ကောင်းပြီ…


သူ လုံးဝစိတ်မဝင်စားချေ။


သူ ယခင်က ပွဲများသို့ တက်ရောက်ရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အမှိုက်ဆန်မှုတန်ဖိုးကို မြှင့်တင်ရန်ဖြစ်ပြီး ယခုတွင်မူ ထိုလှုံ့ဆော်မှုပင် မရှိခဲ့ပေ။ အိမ်မှာနေပြီး ဂိမ်းဆော့ရသည်က ပိုကောင်း၏။


သူခေါင်းငုံ့ပြီး လူများ အဆက်မပြတ် ဝင်ထွက်နေသော ခန်းမထဲသို့ ဝင်လိုက်၏။ 


...............................


သို့သော် လုမော့က နောက်ဘာဆက်လုပ်ရမည်ကို အခက်တွေ့ခဲ့၏။


ခန်းမက ယခင်က သူတက်ရောက်ခဲ့သော ပွဲများကဲ့သို့ ခမ်းနားသည်။ ရွှေရောင်မီးအောက်တွင် အမျိုးသမီးဇာ့ဂ်များက အမျိုးသားဇာ့ဂ်များကို  ဖိတ်ခေါ်မည်ဖြစ်ပြီး အမျိုးသားဇာ့ဂ်များ ကျေနပ်ပါက ဖိတ်ကြားချက်ကို လက်ခံပြီး အတူတူ အကကြမ်းပြင်ပေါ်သို့ သွားမည်ဖြစ်သည်။


သို့သော် အင်ပါယာမြို့တော်တွင်ပင် အမျိုးသားဇာ့ဂ်များအရေအတွက်က အမျိုးသမီးဇာ့ဂ်များထက် များစွာနည်းသည်။ အများအားဖြင့် အကတစ်ခု ကပြပြီးနောက် အမျိုးသမီးဇာ့ဂ်များက အမျိုးသားဇာ့ဂ်များနှင့် ခွဲရမည်ဖြစ်ပြီး အခြားအမျိုးသမီးဇာ့ဂ်များကို အမျိုးသားဇာ့ဂ်များနှင့် ကရန် အခွင့်အရေးပေးရမည်ဖြစ်သည်။


အမျိုးသားဇာ့ဂ်က မင်းရဲ့လက်ကို ဆန္ဒအလျောက် ဆုပ်ကိုင်ထားပြီး လွှတ်ဖို့ ငြင်းမနေဘူးဆိုရင် ဒါက ကောင်းတဲ့လက္ခဏာပဲ...


သုံးကြိမ်ထက်ပိုပြီး အတူတူကပြပြီးသည်နှင့် အမျိုးသားဇာ့ဂ်က မင်းကို စိတ်ဝင်စားပြီး နောက်ထပ် အဆင့်တက်ရန် ရည်ရွယ်ချက်များ ရှိလာသည်ကို ဆိုလိုခြင်းပင်။ ထိုသို့ဆိုလျှင် အခွင့်အရေးကို ဆုပ်ကိုင်ထားသင့်သည်။


အတိုချုပ်ပြောရလျှင် ဤနေရာက အကြီးစားစုံတွဲများ တွဲပေးသည့်ပွဲဖြစ်သည်။


ပထမတွင် လုမော့က အကကြမ်းပြင်အနား၌ ရပ်ပြီး ကြိုးစားချင်စိတ်ပြင်းပြခဲ့၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူက အမှောင်ထောင့်တစ်ခုသို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်အထိ တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့သည်။


သူ့ကို ဖိတ်ခေါ်သည့် ပထမဆုံးအမျိုးသမီးဇာ့ဂ်မှာ ခွေးကြီးတစ်ကောင်သဖွယ် တောက်ပရွှန်းလဲ့ပြီး ချစ်စဖွယ်ကောင်းသော အကြည့်တစ်ချက်နှင့်ပင် လူများကို အနားမကပ်နိုင်အောင် ဖြစ်စေခဲ့၏။


လုမော့: [ငါ အိမ်မွေးတိရစ္ဆာန်မဟုတ်ဘဲ အမျိုးသမီးဇာ့ဂ်ကိုရှာဖို့ ဒီကို လာခဲ့တာပါ...]


သူ့ကိုဖိတ်ခေါ်သည့် ဒုတိယအမျိုးသမီးဇာ့ဂ်က မရေမတွက်နိုင်သော စိတ်ကူးယဉ်များကို ဖြစ်ပေါ်စေနိုင်သည့် အလွန်ချစ်စရာကောင်းသော ဖယ်ရိုမုန်းကို  ထုတ်လွှတ်လိုက်၏။


လုမော့: [အာ...ငါသိပါတယ်...အဲဒါက မကြာသေးခင်ကထွက်ထားတဲ့ ဖယ်ရိုမုန်းရေမွှေးပဲ... တော်တော်စျေးကြီးတယ်လေ...]


သူ့ကို ဖိတ်ခေါ်သည့် တတိယမြောက် အမျိုးသမီးဇာ့ဂ်က မျက်နှာဖုံးတစ်ဝက်ကို ၀တ်ထားပြီး သူမ၏ မျက်နှာတစ်ဝက်ကို မြင်ရုံနှင့်ပင် သူမတွင် ထူးထူးခြားခြား အလှရှိသည်ဟု ပြောနိုင်၏။


လုမော့ ခဏစဉ်းစားလိုက်သည်။

[...ငါ့ဘဝတစ်ခုလုံးမှာ....အလှတရားနဲ့ပတ်သက်လာရင်တော့ သူက ဒုတိယအဆင့်ပဲ ရှိသင့်တယ်...]


ထိုအရာကို ကြားပြီး စနစ်က ရယ်ချင်လာ၏။ ၎င်းက လှောင်ပြောင်သရော်လိုက်သည်။

[လက်လျှော့လိုက်တော့ လုမော့....အဲဒါကို ဝန်ခံလိုက်ပါ...မင်း လင်းကလွဲပြီး တခြားဘယ်သူကိုမှ မလိုချင်ဘူးဆိုတာ...မင်းက တခြားဘယ်သူ့ကိုမဆို ချို့ယွင်းချက်ရှာမယ်ဆိုတာကြီးပဲ...]


လုမော့က မကျေမနပ်ဖြစ်နေ၏။

"မင်း တော်တော် မာန်တက်နေတာပဲ... ဒီညတော့ သင့်တော်တဲ့ အမျိုးသမီးဇာ့ဂ်ကို ရှာတွေ့မယ်လို့ ငါ ကတိပေးတယ်...]


[စနစ်- ဟား ဟား၊ ဒါဆို သွားရှာကြည့်လေ...]


စနစ်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံရပြီး ပြောလိုက်၏။

[မင်း တစ်ယောက်မှ မတွေ့ဘူးဆို ငါ့မှာ လူကောင်းတစ်ယောက် ရှိတယ်...]


လုမော့ အံ့အားသင့်သွား၏။

"ဘာ..."


 [စနစ်- ကြည့်ပါရစေဦး...]


စနစ်၏ဘက်ခြမ်းမှ စာမျက်နှာများကို လှန်လိုက်သောအသံများ ထွက်လာပြီး ခဏအကြာတွင် ၎င်းက စိတ်လှုပ်ရှားစွာပြောခဲ့သည်။

[တွေ့ပြီလေ...မူရင်းဇာတ်ကွက်မှာ စုန့်ကျန်းရှူးရဲ့ မောင်းမဆောင်မှာ သူ့အလှကြောင့် နာမည်ကြီးတဲ့ အမျိုးသမီးဇာ့ဂ်တစ်ယောက်ရှိတယ်...သူ အခု ဒီမှာပဲ...မင်း သူကို စိတ်ကောက်ပြီး ငြင်းပယ်နေသေးရင် မင်းမှာ ယုတ်ညံ့တဲ့ စေ့ဆော်မှုတွေ ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ...]


ဘာလို့ ရုန်းကန်နေရတာလဲ...


စနစ်က လုမော့၏ ဗီဇအစစ်ကို ကြာရှည်စွာ မြင်တွေ့ခဲ့ရ၏။ 

သူက ငါ့ရှေ့မှာ ဟန်ဆောင်ချင်နေသေးတာ... မိုက်လိုက်တာ...ရူးလိုက်တာနော်...


လုမော့၏ သွေးများက သူ့ခေါင်းဆီသို့ စီးဆင်းသွားသည်။ သူက သူ့လက်ကို ဝှေ့ယမ်းပြီး အေးဆေးတည်ငြိမ်စွာ ပြော၏။

"ငါ ထပ်ပြီး သေသေချာချာပြောမယ်...လင်းနဲ့ ငါ့ရဲ့ဆက်ဆံရေးမှာ ငါက အမြဲတမ်း ထိန်းချုပ်ထားသူတစ်ယောက်ဖြစ်ပြီး အချိန်မရွေး ကိုယ့်ကိုကိုယ် ခွဲထုတ်နိုင်ပါတယ်...လင်းကသာ ငါ့ကို ပြင်းပြင်းထန်ထန် ချစ်တဲ့သူနော်..."


စနစ် : "..."

[ဒင်…ဒေတာလွှဲပြောင်းတာကို လုပ်ဆောင်နေပါတယ်...]


...............


ပွဲကျင်းပသည့်အခါတိုင်း ပြင်ဆင်ထားသည့် မရေမတွက်နိုင်သောအခန်းများ အမြဲရှိသည်။


အမျိုးသားဇာ့ဂ်က အမျိုးသမီးဇာ့ဂ်ကို နှစ်သက်ပါက သူမကို တိုက်ရိုက်ရယူနိုင်ပြီး ဘဝ၏ ကြီးကျယ်သော သဟဇာတဖြစ်မှုကို ရရှိစေ၏။


ယခုအခါတွင် မိခင်ဇာ့ဂ်၏ ပူးပေါင်းကြံစည်မှု ဇာတ်ကွက်ကို ဖော်ထုတ်နိုင်ခဲ့သော်လည်း နှစ်ထောင်ပေါင်းများစွာကြာ စုဆောင်းထားသော အလေ့အထများက နေ့ချင်းညချင်း ပြောင်းလဲ၍ မရနိုင်ပေ။


အချို့သော ဇာ့ဂ်အဖွဲ့ဝင်များက အခန်းတစ်ခန်းသို့ပင် မသွားဘဲ သူတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် လျှို့ဝှက်နေရာတစ်ခုကို ရှာဖွေကြသည်။


ခန်းမမှထွက်ပြီး အကွေ့အကောက်များသော စင်္ကြန်များကိုဖြတ်ကာ တိတ်ဆိတ်ငြိမ်သက်သော မျှော်စင်အဆောက်အအုံများဆီသို့ ရောက်ရှိလာကြသည်။


လှပသော လမင်းနှစ်စင်းက ကောင်းကင်တွင် ချိတ်ဆွဲထားကာ လရောင်က ရှေးကဗျာတွင် ဖော်ပြထားသည့်အတိုင်း ''ခြံဝင်းက ကြည်လင်ပြတ်သားသော ရေငြိမ်သလိုမျိုး" ဖြစ်နေ၏။


ခြံဝင်းအလယ်တွင် အချိန်အရ မပျက်စီးသေးသော မိခင်ဇာ့ဂ်ရုပ်ထုကြီးတစ်ခုရှိသည်။ ပုံရိပ်တစ်ခုက မိခင်ဇာ့ဂ်၏ လက်မောင်းပေါ်တွင် ထိုင်နေပြီး ကြော့ရှင်းပြီး ချစ်စရာကောင်းသည်။


လုမော့က ခေါင်းငုံ့ကာ ဘယ်ဒူးကို လက်နှစ်ဖက်ဖြင့် ဖက်ထားကာ ညာခြေထောက်ကို သဘာဝအတိုင်း တွဲလောင်းချထားသည်။


ရုပ်တုအောက်တွင် အမျိုးသားဇာ့ဂ်တစ်ဦးက ရပ်နေပြီး ရုပ်တုပေါ်တွင် ထိုင်နေသည့် အမျိုးသမီး ဇာ့ဂ်ကို မက်မောသော အမူအရာဖြင့် မော့ကြည့်ကာ မျက်တောင်မခတ်ဘဲ သူ့အား စိုက်ကြည့်နေသည်။


သူ့လက်ကို ဆန့်ထုတ်ရင်း ညာဖက်ခြေထောက်ကို ထိချင်သလို တုန်နေ၏။ သို့သော် ထိုအချိန်တွင် အမျိုးသမီးဇာ့ဂ်က ရုတ်တရက် ခေါင်းလှည့်ကာ ဝင်ပေါက်ဆီသို့ လှမ်းကြည့် လိုက်သည်။


အရပ်ရှည်ပြီး ဆံပင်အနက်ရောင် အမျိုးသားဇာ့ဂ် ပေါ်လာသည်။ သူက လက်ကိုဆန့်ကာ တွယ်ကျနေသော စပျစ်နွယ်ပင်များကို ဘေးသို့တွန်းထုတ်လိုက်ပြီး အမျိုးသမီးဇာ့ဂ်နှင့် အကြည့်ချင်း ဆုံသွား၏။  


လုမော့က နတ်သမီးနှင့်တူသော အမျိုးသမီးဇာ့ဂ်ကိုတွေ့လိုက်ရသည်။


သူ၏ နက်မှောင်သော အနီရောင်ဆံပင်များက ပင်လယ်ရေမှော်များကဲ့သို့ စီးကျလာပြီး လေပြည်နှင့်အတူ လှုပ်ခတ်သွားကာ ရင်သပ်ရှုမောဖွယ်မျက်နှာကို ဖုံးအုပ်ထားသည်။


သူ့တွင် စိမ်းမြသော မျက်ဝန်းတစ်စုံရှိသည်။ လုမော့၏ မျက်လုံးများက အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သည်ဆိုပါက သူ့မျက်လုံးများက အဆုံးမဲ့ ဆွဲဆောင်မှုအပြည့်ရှိသော နွေဦးကဲ့သို့ပင်။


သူက ပေါ့ပါးသော ၀တ်စုံကို ၀တ်ဆင်ထားသည်။ သူ့အရေပြားက လရောင်အောက်တွင် ဂျုံနှင့်တူသော အသွေးရောင်ရှိသည်။


သူ့အရေပြား၏ လက်မတိုင်း၊ သူ့မျက်လုံးများ၏ တုန်ခါမှုတိုင်းက ပြင်းထန်သော ဆွဲဆောင်မှုတစ်ခု ထွက်ပေါ်လာသည်။


လုမော့ကိုမြင်လိုက်သောအခါတွင် မှုန်မှိုင်းမှိန်မှိန်မှိန်ဖြစ်နေသည့် အမျိုးသမီးဇာ့ဂ်၏ မျက်လုံးများက အငွေ့ပျံသွားပုံရသည်။ သူက ဘေးနားမှ အမျိုးသားဇာ့ဂ်ကို လုံးဝဂရုမစိုက်ဘဲ သူနှင့် မဆိုင်သည့် အမှိုက်တစ်စသဖွယ် သဘောထားကာ ရုပ်တုကြီးပေါ်မှ ဖြည်းဖြည်းချင်းဆင်းလာ၏။


အမျိုးသားဇာ့ဂ်က သူ့ခြေကျင်းဝတ်ကို တုံ့ဆိုင်းစွာဖြင့် ဆုပ်ကိုင်လိုက်၏။

“ပိုင်...”


ပိုင်က ခေါင်းငုံ့ပြီး ချစ်စရာကောင်းသော အပြုံးကို ပြုံးပြလိုက်သည်။

“သွားလိုက်တော့...”



🌌🌌🌌