Chapter 83
Viewers 5k

🌌Extra 2.1

 (နေ့စဉ်ဘဝ)



ကျန်းစုကွမ်းက ပေါ့ပေါ့ပါးပါးနေတတ်သော်လည်း စစ်တပ်အတွင်း ရှားရှားပါးပါး သိမ်မွေ့သော အကျင့်စရိုက်ရှိသူဖြစ်သည်။


စိတ်ဓာတ်ခိုင်မာပြီး ပြတ်သားသော ကိုယ်ရည်ကိုယ်သွေးရှိသူများက မကြာခဏ စရိုက်တူလေ့ရှိ၏။ သူတို့က ခံနိုင်ရည်ရှိပြီး နာကျင်မှုကို ကျင့်သားရသောကြောင့် အခြားသူများကိုလည်း သန်မာလာရန် သဘာဝအတိုင်း မျှော်လင့်ကြသည်။


ကျန်းစုကွမ်း၏အကျင့်စရိုက်တွင် အဖိုးတန် အရည်အသွေးတစ်ခုရှိ၏။ သူကိုယ်တိုင် သန်မာနေသော်လည်း အခြားသူများကို ပျော့ညံ့ခွင့်ပြုထားပေသည်။


ထိုစရိုက်မျိုးမှာ သူ့၏ ထူးခြားသော ပြုစုစောင့်ရှောက်မှု စွမ်းရည်မှတစ်ဆင့် ဆင်းသက်လာကြောင်း ထင်ရှား၏။


သူနှင့် ဆန့်ကျင်ဘက်ဖြစ်လုနီးပါး ပင်ကိုယ်စရိုက်ရှိသော သူ့အထက်အရာရှိလင်းက ကျန်းစုကွမ်း၏ ဤရှုထောင့်ကို ကျေနပ်နေသည်။ သူကိုင်တွယ်ရန် အဆင်မပြေသော အရာတစ်ခုကို ကြုံတွေ့ရတိုင်း ကျန်းစုကွမ်းထံသို့ တိုက်ရိုက် လွှဲပြောင်းပေးခဲ့သည်။


ယနေ့တွင်မူ ကျန်းစုကွမ်းက သူ၏ဗိုလ်မှူး အတွေးထဲနစ်မြှုပ်နေပုံပေါ်သည်ကို ပြင်းပြင်းထန်ထန် သတိပြုမိခဲ့သည်။


တစ်နေကုန် ရုံးတွင်းစီးပွားရေးလုပ်နေသော်လည်း ကျန်းစုကွမ်းက အခြားကိစ္စများအတွက် အာရုံစူးစိုက်မှု အနည်းငယ် ရှိသေး၏။ ဥပမာအားဖြင့် ကုတင်ပေါ်တွင် အိပ်နေသောရိဒ်က အံ့သြဖွယ်ရာတစ်ခုကို အိပ်မက်မက်နေသကဲ့သို့ နီမြန်းသောမျက်နှာနှင့် အပြုံးဖြင့် အိပ်ပျော်သွားခဲ့သည်။

“ဆရာသ...သခင်...လု...”


ဟင်း…အရင်လို ပါပဲလား…

ကျန်းစုကွမ်းက ရိဒ်၏ အသွင်အပြင်ကို ကျင့်သားရနေပြီဖြစ်သည်။


ထိုအချိန်တွင် လင်းက အတွေးထဲတွင် ရှင်းရှင်းလင်းလင်း နစ်မြှုပ်သွားခဲ့သည်။


သူ့စားပွဲနောက်တွင်ထိုင်ကာ စာရွက်ကို ကိုင်ထားရင်း လက်တစ်ဖက်ဖြင့် မေးထောက်ကာ အကြောင်းအရာများကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။


ထိုမျက်လုံးများတွင် ရောင်ပြန်ဟပ်နေသော နေရောင်၏ ရွှေရောင်အဆင်းက တောက်ပနေသည်။


လင်းကို ပထမဆုံးတွေ့ဖူးချိန်တွင် သူ၏တည်ငြိမ်သော အမူအရာကြောင့် မည်သူမဆို ကြောက်လန့်သွားနိုင်၏။ သို့သော်လည်း အချိန်အတော်ကြာ လက်ထောက်အရာရှိဖြစ်ခဲ့သော ကျန်းစုကွမ်းက သူ့ကို မည်သူမဆိုထက် ပိုနားလည်သည်။


တစ်ချက်ကြည့်မည်ဆိုပါက အရာအားလုံးက ပုံမှန်အတိုင်းလိုပင်။ သို့သော် အနီးကပ်လေ့လာ ကြည့်သောအခါတွင် လင်းက ထိုစာရွက်ကို ဆယ့်ငါးမိနစ်ပြည့်အောင် ကိုင်ဆောင်ထားကြောင်း ထင်ရှားလာသည်။ 

သူတောင်မှ အဲဒါကို သေသေချာချာ စဉ်းစားနေတာဆိုတော့ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုများ ဖြစ်နိုင်လား...


ကိစ္စမရှိပါဘူး… အဲ့ဒါက သိပ်မကြာသေးခင်က စစ်သားလေ့ကျင့်မှုနဲ့ပတ်သက်တဲ့ အရေးမပါတဲ့ အကျဉ်းချုပ်အစီရင်ခံစာလေးပဲကို…


ကျန်းစုကွမ်းက ခေါင်းငုံ့ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

အခု ဘာဖြစ်သွားရတာလဲ...


ဇာ့ဂ်ဧကရာဇ်နှင့် ဇာ့ဂ်ဘုရင်မတို့ အတူတကွ ထွက်ခွာသွားသောအခါ ဇာ့ဂ်မျိုးနွယ်အတွင်း မငြိမ်မသက်ဖြစ်မှုက ပြင်းအား ၁၀ ဆရှိသော ငလျင်တစ်ခုနှင့်တူလာသည်။ 


ဒီလိုအချိန်မျိုးမှာ လင်းရဲ့ စိတ်အခြေအနေက ပျက်သွားခဲ့ရင် ဘေးအန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်...


သူ့ဗိုလ်မှူးကို နှောင့်ယှက်ရမည်လား သို့မဟုတ် မနှောက်ယှက်ရမည်လား တွန့်ဆုတ်နေချိန်တွင် စူးရှသည့် အသံက ကျန်းစုကွမ်း၏ အတွေးရထားကို အနှောင့်အယှက် ဖြစ်သွားစေ၏။


လင်းအနီးတွင် ထားရှိသည့် ဆက်သွယ်ရေးစက်မှ မက်ဆေ့ခ်ျတစ်ခု ထွက်ပေါ်လာသည်။

[သခင်က ဒီည ပြန်မလာတော့ပါဘူးတဲ့...]


လင်းက ခေါင်းကို မှင်သက်စွာလှည့်လိုက်ပြီး ဆက်သွယ်ရေးစက်ကို တစ်ချက်ကြည့်လိုက်သည်။


ကျန်းစုကွမ်းက သူ့ဗိုလ်မှူးမှာ ကြီးမားသောဝန်ထုပ်ဝန်ပိုးကို ရုတ်သိမ်းလိုက်သလိုမျိုး ယခင်က တင်းမာသောခံစားချက်များ သိသိသာသာ လျော့ပါးသွားသည်ကို သတိပြုမိသည်။


လင်းက ဆက်သွယ်ရေးစက်ကို ကောက်ကိုင်ပြီး မက်ဆေ့ချ်နှင့် ပြန်ဖြေလိုက်သည်။

[ကောင်းပြီ...]


ထို့နောက် သူ မော့ကြည့်ကာ ကျန်းစုကွမ်း၏ သတိထားကြည့်နေသော အကြည့်ကို တွေ့လိုက်ရသည်။ သော့ခတ်ထားသလို မျက်လုံးနှစ်လုံးကို တွေ့လိုက်ရာ လင်း မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။


“...”


“...”


ကျန်းစုကွမ်းက သူ့လက်ထဲမှစာရွက်ကို ဖြည်းညှင်းစွာ ကိုင်၍ မျက်နှာကိုကာလိုက်ပြီး နောက်သို့ တိတ်တဆိတ် လှည့်လိုက်သည်။ သူ၏ လှုပ်ရှားမှုများက ကြာရှည်အသုံးမပြုထားသောစက်ရုပ် သံချေးတက်နေသလိုမျိုး ဖြစ်နေ၏။။


သို့သော် လင်း၏ အကြည့်က စူးရှပုံရပြီး သူ့ကျောရိုးထဲသို့ တည့်တည့်ထိုးဖောက်သွား၍ ကျန်းစုကွမ်းက ချွေးစေးများ ထွက်လာသည်။


မဟုတ်ဘူး ငါ မလိုချင်ဘူးနော်...


 "စုကွမ်း...မင်း အားနေလား..."

လင်း၏ အသံကြောင့် ကျန်းစုကွမ်း တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ 


ရက်စက်ကြမ်းကြုတ်တဲ့ နဂါးကြီးရဲ့ ထွက်သက်ဝင်သက်လိုမျိုး တုန်လှုပ်ချောက်ချားစေတဲ့ ဖိနှိပ်မှုရောင်ဝါက သူ့ပေါ်ကို ဆင်းသက်လာတယ်လေ...


လက်အိတ်ဖြူဝတ်ထားသည့် လက်တစ်ဖက်က သူ့ပုခုံးပေါ် ဖြည်းညှင်းစွာရောက်လာသည်။

"ကောင်းပြီး...အဲဒါဆို ရင်ခုန်စရာကောင်းတဲ့ တိုက်ပွဲတစ်ခုဆိုရင်ရော ဘယ်လိုလဲ..."


“...”


ကျန်းစုကွမ်း၏ မျက်နှာပေါ်တွင် ခေါက်ဆွဲရှည်ကြီးများကဲ့သို့ သွေးမျက်ရည်များစီးကျလာ၏။


လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့အထက်လူကြီးက ထူးထူးခြားခြား ဒေါသထွက်လာခဲ့ပြီး ကျန်းစုကွမ်း ၎င်းကိစ္စ၏ ခေါင်း သို့မဟုတ် အမြီးကို ဆွဲမထုတ်နိုင်ခဲ့ပေ။ သူ့ဗိုလ်မှူးက ပေါက်ကွဲခါနီး ပေါင်းအိုးကြီးသဖွယ် ဖြစ်နေသော်လည်း မပေါက်ထွက်လာစေရန် တားဆီးရန်အတွက် သူ့ကိုယ်သူ အဆက်မပြတ် ပြင်ဆင်ခဲ့၏။


သို့သော်လည်း ကျန်းစုကွမ်းမည်မျှပင် ကြိုးစားအားထုတ်သော်လည်း သူ့ဗိုလ်မှူး၏ စိတ်အနှောင့်အယှက်ဖြစ်စေသော အရာများကို သူ မသိနိုင်ပေ။


လင်းက ပြတ်သားသောအသံဖြင့် အသစ်စက်စက် အာရုံကြောကိရိယာတစ်ခုကို ကျန်းစုကွမ်းရှေ့တွင် ပစ်ချလိုက်၏။

"အွန်လိုင်းပေါ်ကိုသွားပြီး ပုံရိပ်ယောင်တိုက်ပွဲဇုန်မှာ တိုက်ခိုက်လိုက်..."


ကျန်းစုကွမ်းက လင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


လင်းက ပုံရိပ်ယောင်တိုက်ပွဲဇုန်သို့ ဝင်ရောက်ခဲသည်။ တိုက်ပွဲဇုန်တွင် လူတစ်ဦးက သေခြင်းတရားကို ကျင့်သားရပါက လက်တွေ့နှင့် ပုံရိပ်ယောင်ကမ္ဘာအကြား မျဉ်းကြောင်းကို မှုန်ဝါးသွားစေမည်ဟု သူယုံကြည်ခဲ့သည်။ ၎င်းက အမှန်တကယ်သေဆုံးခါနီးအချိန်တွင် သေစေသော အမှားများပြုလုပ်ရန် ဖြစ်နိုင်ချေနည်း၏။


လင်းက ပုံရိပ်ယောင်တိုက်ပွဲဇုန်ထဲ ရောက်သည်နှင့် စိတ်မထိန်းနိုင်ဘဲ လက်တွေ့ကမ္ဘာတွင် သိသာထင်ရှားသည့် အသေအပျောက်များကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် သူက ပုံရိပ်ယောင်ကမ္ဘာထဲတွင်သာ သူ့ဒေါသများကို ဖွင့်ထုတ်နိုင်၏။


ကျန်းစုကွမ်းက ကျစ်လစ်သိပ်သည်းသော အာရုံကြောကိရိယာကို စိုက်ကြည့်ကာ မသိစိတ်အရ တံတွေးမျိုချလိုက်သည်။


စိတ်ပိုင်းဆိုင်ရာမျက်နှာပြင်ကို ချိတ်ဆက်လိုက်သောအခါတွင် ရွှေရောင်အလင်းတန်းများ တဖျပ်ဖျပ်ဖျပ်ခတ်ကာ အစစ်နီးပါးမြင်ကွင်းက လျင်မြန်စွာဖြင့်ပေါ်လာ၏။ 


ကျန်းစုကွမ်း မျက်လုံးဖွင့်ကြည့်လိုက်ရာ ကျယ်ပြောလှသည့် လွင်ပြင်တစ်ခုပေါ်တွင် ရပ်နေမိသည်ကို တွေ့လိုက်ရ၏။ အက်ကွဲနေသော အနီရောင်မြေကြီးက သူ့ရှေ့တွင် ပျံ့နှံ့သွားပြီး ပြင်းထန်သောလေပြင်းများက ဝေ့ဝဲနေသော ဖုန်မှုန့်များဖြင့် ပြည့်နေသောကောင်းကင်ကို နှိုးဆော်ကာ ကောင်းကင်တစ်ခုလုံးကို အဝါရောင်တောက်တောက် တောက်ပနေစေသည်။


သေနတ်ပစ်သံတစ်ချက် အနောက်မှ ထွက်ပေါ်လာပြီး ပြင်းထန်သည့် ကျည်ဆန်တစ်တောင့်က သူ့ပါးပြင်ကို ပွတ်တိုက်လိုက်သည့်အတွက် ကျန်းစုကွမ်းက ခေါင်းကို အလျင်အမြန် စောင်းလိုက်ရာ လေထဲတွင် အလင်းတန်းများ ထွက်ပေါ်လာပြီး ပရမ်းပတာလေထုကို ဖြစ်ပေါ်လာစေ၏။


ခပ်လှမ်းလှမ်းမှ ငွေရောင်ဆံပင်နှင့် မျက်လုံးနီနီ အမျိုးသမီးဇာ့ဂ်က ရိုးရှင်းသော ရိုင်ဖယ်သေနတ်တစ်လက်ကို ကိုင်ဆောင်ကာ မြင့်မားသောတောင်ကုန်းတစ်ခုပေါ်တွင် ထိုင်နေသည်။


ဤရိုင်ဖယ်အမျိုးအစားက သေနတ်ပစ်ကျွမ်းကျင်သူများ အသုံးပြုရန် မသင့်လျော်သော်လည်း သူ၏ လက်ထဲတွင်ဆိုလျှင် မယုံနိုင်လောက်အောင် အန္တရာယ်များသည်။ လင်းက ကျန်းစုကွမ်းကို မျက်နှာသေဖြင့် ကြည့်လိုက်ပြီး သေနတ်ကို မောင်းတင်နေသည့်လက်က မရပ်တန့်သွားပေ။ တစ်ခဏအတွင်းမှာပင် အနက်ရောင်သေနတ်ပြောင်းဝက ကျန်းစုကွမ်းကို ထပ်မံ၍ ဦးတည်သွားပြန်သည်။


ကျန်းစုကွမ်း: "..."


ဟင် ငါ့ကို ကယ်ကြပါဦး…


ဗိုလ်မှူးကြည့်ရတာ ရူးသွားပုံပဲ...


-------------------


သုံးနာရီကြာပြီးနောက်...


ကျန်းစုကွမ်း မျက်လုံးများဖွင့်ကာ အာရုံခံကိရိယာကို အလျင်အမြန်ဖယ်ရှားလိုက်ပြီး အော့အန်ရန်အတွက် ကွေးညွှတ်လိုက်၏။

"အော့...အော့..."


သူ၏ လှပသော ရွှေရောင်ဆံပင်များက ချွေးများဖြင့် စိုရွှဲနေပြီး ဖြူဖျော့နေသောပါးပြင်နှင့်အတူ တင်းမာနေကာ နှုတ်ခမ်းများပင် အရောင်ပြယ်သွားခဲ့သည်။


လင်းက သူ့အာရုံခံကိရိယာကို ညင်သာစွာဖယ်ရှားလိုက်ပြီး နောက်ဆုံးတွင် သူ့မျက်နှာပေါ်၌ အပြုံးအရိပ်အယောင်တစ်ခု ပေါ်လာသည်။

 "အင်း...ဘယ်လိုတောင် လိုက်ဖက်ညီတဲ့ တိုက်ပွဲလဲ..."


ကျန်းစုကွမ်းက ခေါင်းငုံ့ကာ တိတ်တိတ်လေး မျက်လုံးလှိမ့်လိုက်၏။


ဟမ့်...ဟမ့်…


သုံးနာရီလုံးလုံး ငါ့ကို မြေကြီးပေါ် ဖိပြီး ပွတ်တိုက်နေခဲ့တယ်လေ...ဒီလို တစ်ဖက်သတ် နှိပ်စက်ညှဉ်းပန်းမှုမျိုးကို တိုက်ပွဲတစ်ခုလို့ယူဆရင် ငါ တော်တော်လေး အားထုတ်နေရမှာ သေချာတယ်...


ကျန်းစုကွမ်းက အသက်ရှုမဝသည့်အတွက် ဆိုဖာပေါ်တွင် လှဲလျောင်းရင်း သူ့ကိုယ်သူ ရေရွတ်လိုက်၏။

"ဘောစ့်ရေ...ငါ မင်းကို သတိပေးဦးမယ်...လက်ထောက်အရာရှိက တစ်ယောက်ပဲ ရှိတာဆိုတော့ မင်းငါ့ကို ဉာဏ်နဲ့သုံးရင် ပိုကောင်းတာပေါ့... ခွေးရူးလိုက်တဲ့ စတိုင်လိုမျိုး ဒီအတိုင်း ဆက်သုံးနေတယ်ဆိုရင် ငါ ငယ်ငယ်ရွယ်ရွယ်နဲ့ သေတော့မယ်..."


စကားအလယ်တွင် ကျန်းစုကွမ်း ရုတ်တရက် ရပ်လိုက်သည်။


မမျှော်လင့်ထားသော လှုံ့ဆော်မှုတစ်ခုက သူ့စိတ်ထဲတွင် လျှပ်စီးလက်သလို လင်းလက်သွားသည်။ သူက မျက်လုံး အနည်းငယ်ပြူးပြီး လင်းကို တအံ့တသြကြည့်ကာ ရေရွတ်လိုက်၏။

"ဖြစ်နိုင်တာက..."


သူ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် လင်းက ကုလားထိုင်ကို နောက်ပြန်မှီကာ မျက်နှာကျက်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။


သူက သပ်သပ်ရပ်ရပ်ဝတ်စားရခြင်းကို ဘယ်သောအခါမှ မကြိုက်ခဲ့ပေ။ ယခုအခါ ယားယံမှုကြောင့် သူ့အင်္ကျီကို ကြယ်သီးများဖြုတ်ပြီး လှပသော ရင်ဘတ်ကို ပေါ်လွင်စေလိုက်၏။


“...”


"ဘယ်လိုမှ မဖြစ်နိုင်ဘူး..."


ကျန်းစုကွမ်း၏ မျက်လုံးများ ပြူးကျယ်လာပြီး ရှေ့ကို မတ်မတ်ထိုင်လိုက်သည်။ 

"ဘော့စ်...ဖြစ်နိုင်ပါ့မလား..."


အခန်းတစ်ခန်းလုံးတွင် နီညိုရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး အခန်းတစ်ခုလုံးကို လင်းထိန်နေလေသည်။ သူတို့နောက်မှ ဆိုဖာပေါ်ရှိ ဇာ့ဂ်ငယ်လေးက ငြိမ်သက်စွာ အိပ်စက်နေခဲ့သည်။ ကျန်းစုကွမ်း၏ မျက်နှာက နေရောင်ခြည်ကြောင့်မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် နီရဲသွားသည်။


လင်း၏ ချွန်ထက်သောမေးစေ့နှင့် ချောမွေ့သောလည်ပင်းကိုကြည့်ရင်း ကျန်းစုကွမ်းက မရယ်နိုင်တော့ပေ။

"ဘော့စ်ရေ...နောက်ဆုံးတော့ မင်းရဲ့ ဇာ့ဂ်ဘဝမှာ ပထမဆုံး estrusကာလအစစ်ကို တွေ့လိုက်ရလို့များလား..."


“...”


အခန်းက တိတ်ဆိတ်ငြိမ်သက်သွား၍ ဆိုဖာပေါ်တွင် အိပ်မောကျနေသော ဇာ့ဂ်လေး၏ ညင်သာသော အသက်ရှူသံများကိုသာ ကြားနေရသည်။


လင်းက သူ့လက်ကိုမြှောက်လိုက်ပြီး သူ့မျက်လုံးများပေါ် လက်ဖမိုးဖြင့် အုပ်လိုက်၏။


ခဏအကြာ နောက်ဆုံးတွင် သူက တိုးညှင်းပြီး မသိနားမလည်သောအသံဖြင့် တုံ့ပြန်ခဲ့သည်။

"အမ်..."


ကျန်းစုကွမ်းက သူ့ကိုယ်သူ မြေပြင်ပေါ်သို့ လှဲချကာ ရယ်မောလုနီးပါးပင်။


ငါ ဘယ်လိုမှ မတွေးခဲ့မိတာ... ငါ ဘယ်လိုမှ မတွေးခဲ့မိဘူးလေ...စိတ်တိုလွယ်တာ၊ ဒေါသထွက်လွယ်တာ၊ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်တာနဲ့ တစ်ချိန်တည်းမှာ စိတ်လှုပ်ရှားတာ ဒါတွေက အရမ်းသိသာနေတာကို…


ဤသည်မှာ အမျိုးသမီးဇာ့ဂ်တိုင်းအတွက် estrusကာလသို့ ဝင်ရောက်ခြင်း၏ လက္ခဏာဖြစ်သည်။


အခြားအမျိုးသမီးဇာ့ဂ်များအတွက် အထူးသဖြင့် အဆင့်နိမ့်သူများက ပိုအဖြစ်များ၏။ estrusကာလ ထဲကိုဝင်သည့် အကြိမ်ရေက အရမ်းများလွန်းရာ သူတို့က ရိုးစင်းစွာ လှောင်ပြောင်ပြီး ပြောကြ၏။

'အင်း ငါတို့ဖြစ်ပြန်ပြီ...ဘယ်လောက်တောင် ဒုက္ခရောက်လဲ..."


သို့သော် လင်းကဲ့သို့ ထိပ်တန်းအမျိုးသမီးဇာ့ဂ်တစ်ယောက်အတွက်မူ ၎င်းက အတော်လေး မရင်းနှီးသေးသည့် အတွေ့အကြုံတစ်ခုဖြစ်ပြီး သူတို့ဘဝတွင် သူတို့၏ စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်သည့်  အကြိမ်အနည်းငယ်ထဲက တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်၏။


မဆန်းတော့ပါဘူး…


လင်းက လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့အိမ်ရှိ အမျိုးသားဇာ့ဂ်ကို ရှောင်နေခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ ၎င်းက လုံးဝ အတိုက်အခံလုပ်ခြင်း မဟုတ်ခဲ့ချေ။ သူက သူ့ကိုယ်ပိုင်အခြေအနေနှင့် ပတ်သက်၍ ရိုးရှင်းစွာ မသိမနားလည်ဘဲ နောက်ဆုံးတွင် လွတ်မြောက်ရန်သာ ရွေးချယ်ခဲ့ခြင်းသာ ဖြစ်သည်။


ကျန်းစုကွမ်း၏ ရယ်မောသံက ကျယ်ဝန်းသော ရုံးခန်းထဲတွင် ပဲ့တင်ထပ်ကာ လျှံကျလုနီးပါးပင်။


လင်းက သူ့လက်ကို အောက်သို့ချကာ ခါးမတ်မတ်အနေအထားဖြင့် ကျန်းစုကွမ်းကို ငေးကြည့်နေမိသည်။


ကျန်းစုကွမ်း၏ရယ်သံများ တဖြည်းဖြည်း လျော့ပါးလာသည်အထိ လေသံက တဖြည်းဖြည်း ခြောက်သွေ့လာကာ နောက်ဆုံး ကိုးရို့ကားယား ချောင်းဆိုးသံအဖြစ်သို့ ပြောင်းလဲသွား၏။


လင်း: "ငါ အကြံတစ်ခုလောက်များ ရနိုင်မလား..."


ကျန်းစုကွမ်းက သူ့လည်ချောင်းကို ရှင်းထုတ်ပြီး ကျကျနန ထထိုင်လိုက်သည်။ 

''ငါပေးနိုင်တဲ့ တစ်ခုတည်းသော အဖြေကတော့...''


သူက လင်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြတ်ပြတ်သားသား ပြောသည် ။

"ကျေးဇူးပြုပြီး ဒီရှားပါးတဲ့အခွင့်အရေးကို ဆုပ်ကိုင်ပြီး မင်းရဲ့ အမျိုးသားအဖော်ကို အမြန်ရှာလိုက်ပါ..."


 "ကောင်းပြီလေ...အဲဒါက တစ်ခုတည်းသော ရွေးချယ်မှုလို့ ထင်ရတယ်..."

လင်း ပခုံးတွန့်ကာ ကူကယ်ရာမဲ့ မတ်တပ်ထရပ်လိုက်သည်။ သူက ကုလားထိုင်ပေါ်ပတ်ထားသော စစ်ဝတ်ဂျာကင်ကို ကောက်ကိုင်လိုက်ပြီး ပခုံးပေါ်တင်ကာ တံခါးအပြင်သို့ တိတ်တဆိတ် ထွက်လာခဲ့သည်။


ကျန်းစုကွမ်းက ခေါင်းကို အကူအညီမဲ့စွာ ခါယမ်းလိုက်ပြီး အောက်သို့ငုံ့ကာ အိပ်ပျော်နေသော ဇာ့ဂ်လေးကို ညင်သာစွာဖက်ထားရန် လက်ဆန့်လိုက်သည်။


အိပ်ပျော်နေသော ဇာ့ဂ်ငယ်လေးက အံ့သြဖွယ်ရာတစ်ခုကို အိပ်မက်မက်နေသကဲ့သို့ ရွှင်မြူးစွာ ပြုံးနေပြီး ကျန်းစုကွမ်း၏ လက်ကို အလိုလိုပွတ်သပ်လိုက်သည်။


ကျန်းစုကွမ်းက သနားစိတ်ဖြင့် ကြည့်လိုက်သည်။


သနားစရာ ရိဒ်လေး… မင်း ငါနဲ့အတူ အချိန်အတော်ကြာအောင် နေရဦးမှာ အသေအချာပဲ…


အခန်းထဲမှ ဇာ့ဂ်လေးကို သယ်သွားနေစဉ် သူ တစ်ခုခုကို ရုတ်တရက် သတိရသွား၏။


အမျိုးသမီးဇာ့ဂ်တိုင်းက estrusကာလသို့ ဝင်ရောက်ပြီးနောက် သိမ်မွေ့သောပြောင်းလဲမှုများကို ကြုံတွေ့ရသည်။


အချို့က စိတ်နေစိတ်ထားအရ ပြင်းထန်သောပြောင်းလဲမှုကို ကြုံတွေ့ရနိုင်သော်လည်း အချို့မှာ ခေတ္တမျှသောအခြေအနေသို့ ဝင်ရောက်နိုင်သော်လည်း ဤသည်မှာ ကြေကွဲစရာဖြစ်သည်။ ဤကာလအတွင်း ဂလင်းများမှ ထုတ်လွှတ်သော ဖယ်ရိုမုန်းများက အဆများစွာ သို့မဟုတ် ဒါဇင်ပေါင်းများစွာ ပိုမိုအားကောင်းလာနိုင်သည်။ အလွန်မွှေးကြိုင်သောရနံ့သည်ပင် ထိုသို့သော အခြေအနေများအတွင်း မနှစ်မြို့ဖွယ်ဖြစ်လာနိုင်သည်။


မည်သို့ပင်ဆိုစေကာမူ အပြုသဘောဆောင်သော ဦးတည်ချက်တစ်ခုသို့ ပြောင်းလဲသွားစေရန် ဆုတောင်းခြင်းက အကောင်းဆုံးဖြစ်သည်။ မဟုတ်ပါက ဇီဇာကြောင်သော အမျိုးသားဇာ့ဂ်များက စိတ်ဝင်စားလာမည်မဟုတ်ချေ။



🌌🌌🌌